7th JUL 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဇူလိုင်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ သဝဏ်လွှာပေးပို့

📌 ၂။ 7 July အထိမ်းအမှတ်‌နေ့လှုပ်ရှားမှုများကို လုံခြုံရေးတင်းကြပ်နေတဲ့ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့

📌 ၃။ လောင်းလုံးမှာ 7July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်

📌 ၄။ မြစ်မခမြစ်ရေတိုးနေတာကြောင့် ရေကာတာကျိုးမှာကို လက်ပံတန်ဒေသခံတွေ စိုးရိမ်နေ


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က အရပ်သားတွေကိုဖမ်းဆီးပြီး တော်လှန်ရေးအားပေးသူတွေလို့ စွပ်စွဲကာ ဦးထက်မနည်း သတ်ဖြတ်ခဲ့

🚩 ၂။ ဖာပွန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတယ်လို့ FFD တပ် အသိပေး 

🚩 ၃။ မင်းကွန်းနယ်မြေခံရဲစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်မှု စစ်တပ်ဘက်က ဦးသေဆုံး 

🚩 ၄။ မန္တလေး - မြင်းခြံလမ်းပိုင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေ ဓားပြတိုက်နေတာကြောင့် မသွားလာကြဖို့ သတိပေး

🚩 ၅။ မူတြော်ခရိုင်၌ ဇွန်လအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၂၂ ကြိမ်ဖြစ်ပွား၊ စကစဘက်မှ ၆၀ ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရမှ သဝဏ်လွှာပေးပို့


ဇူလိုင်လ   ရက်


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အမျိုးသားညီညွတ်ရေးအစိုးရမှ ယနေ့တွင် ကျရောက်သည့် (၆၂) နှစ်မြောက် ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံနေ့အတွက်‌ ပေးပို့သည့် သဝဏ်လွှာတွင် -  ခေတ်အဆက်ဆက် စစ်အာဏာရှင်တော်လှန်ရေးအတွက် အသက်၊ သွေး၊ ချွေး စတေး ပေးဆပ်ခဲ့ကြသည့် ကျောင်းသားလူငယ်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် အလေးအမြတ်ပြု ဦးညွှတ် အပ်ပါသည်။


၁၉၆၂ ခုနှစ်၊ မတ်လ () ရက်နေ့မှစ၍ အကြမ်းဖက်စစ်ခေါင်းဆောင် အာဏာရှင်နေဝင်း ဦးဆောင် သော စစ်အုပ်စုက လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရအား လက်နက်အားကိုးဖြင့် ဖြုတ်ချခြင်း၊ တက္ကသိုလ်အက်ဥပဒေကို ဖျက်သိမ်း၍ ကျောင်းသားများကို ဖိနှိပ်ချုပ်ချယ်ခြင်း၊ ရန်ကုန်တက္ကသိုလ်နယ်မြေ အတွင်း သန္ဓေတည်ခဲ့သည့် ကျောင်းသားသမဂ္ဂ အဆောက်အဦးအား ဗုံးခွဲ ဖြိုချ ဖျက်ဆီးခြင်းများကို ရက်ရက်စက်စက် ကျူးလွန် လုပ်ဆောင်ခဲ့ကြပါသည်။ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊ တရားမျှတခြင်းနှင့် ဓမ္မတရားတို့အတွက် အစဉ်အမြဲအသင့်ရှိကာ အနိုင်ကျင့် ဖိနှိပ်မှုများကို ရဲရဲဝံ့ဝံ့ တော်လှန်ခဲ့ကြသည့် ကျောင်းသားလူငယ်များ၏ အခန်းကဏ္ဍအား မှေးမှိန်စေရန် ခေတ်အဆက်ဆက် စစ်အာဏာရှင်များက လုပ်ဆောင်ခဲ့ကြသော်လည်းသမဂ္ဂအဆောက်အဦးကိုသာ ဖြိုလို့ရမယ်။ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကိုတော့ ဘယ်သူမှ ဖြိုလို့မရပါဘူးဟူသည့် သခင်ကိုယ်တော်မှိုင်းပြောကြားခဲ့သော စကားအတိုင်း  ကျောင်းသားလူငယ်တို့၏ သမဂ္ဂစိတ်ဓါတ်သည် ယနေ့တိုင် သမိုင်းတွင်ရှင်သန်ဆဲ ဖြစ်ပါသည်။


ယခု ၂၀၂၁ ခုနှစ် ပြည်သူ့နွေဦးတော်လှန်ရေးတွင်လည်း မင်းအောင်လှိုင်ဦးဆောင်သော အကြမ်း ဖက်စစ်အုပ်စုသည် လူထုရွေးကောက်တင်မြှောက်ထားသော အစိုးရထံမှ အတင်းအဓမ္မ အာဏာလုယူရန်ကြိုးစားကာ ကျောင်းသား/သူများ၊ ရဟန်းရှင်လူများနှင့် တိုင်းရင်းသားလူမျိုးများ အားလုံးကို လက်နက်အားကိုးဖြင့် ခြိမ်းခြောက် ဖမ်းဆီး သတ်ဖြတ်ကာ အသက်အိုးအိမ် စည်းစိမ်များကိုလည်း မီးရှို့ ဖျက်ဆီးနေသည့် သမိုင်းတလျှောက် အရက်စက်ဆုံးသော ဖက်ဆစ်သရုပ်ကို ဖော်ညွှန်းနေသည့်ကာလတွင်လည်း ကျောင်းသားလူငယ်ထုသည် သမဂ္ဂစိတ်ဓါတ်ဖြင့် အချိန်မဆိုင်းပဲ ပြည်သူလူထုနှင့်အတူ ရှေ့တန်းမှ ရုန်းကုန်တော်လှန်ခဲ့ကြပေသည်။ ထိုကဲ့သို့ မျိုးဆက်သစ် ကျောင်းသား လူငယ်များ၏ စုစည်းညီညွတ်မှု၊ တီထွင်ဆန်းသစ်နိုင်မှုတို့အပြင် တိုင်းရင်းသား မဟာမိတ် တော်လှန်ရေး အင်အားစုတို့နှင့် ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်နိုင်မှုတို့ကြောင့် ရက်စက်ကြမ်းကြုတ်သည့် ဖက်ဆစ်ဝါဒ ပြန်လည်အသက်သွင်း နေသော စစ်အုပ်စုယန္တရား တဖြည်းဖြည်း ယိုယွင်း ပျက်စီးလာနေပြီ ဖြစ်ပါသည်။


အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်လည်း ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ် တိုက်ဖျက် ရေးတွင် ကျဆုံးသွားခဲ့ကြသော ကျောင်းသားလူငယ်များ၏ စွန့်လွှတ် အနစ်နာခံမှုများကို အောက်မေ့ သတိရလျက် လက်ရှိဆင်နွှဲနေသည့် ပြည်သူ့နွေဦးတော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပြီးမြောက်စေရန် နိုင်ငံတဝန်းရှိ မဟာမိတ် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များနှင့် ယခင်ကထက် ပိုမို ရင်းနှီး ပွင့်လင်းစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အောင်ပွဲဆွတ်ခူးနိုင်ရန် ဆက်လက်၍ အစွမ်းကုန် ကြိုးပမ်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း သန္နိဋ္ဌာန်ပြုရင်း သဝဏ်လွှာအား ပေးပို့အပ်ပါသည်ဟု ရေးသားဖေါ်ပြထားပါသည်။


========================


📌📌 ၂။ 7 July အထိမ်းအမှတ်‌နေ့လှုပ်ရှားမှုများကို လုံခြုံရေးတင်းကြပ်နေတဲ့ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့


ဇူလိုင် ၇ရက်။


ရန်ကုန်တက္ကသိုလ် ကျောင်းသားများကို ပစ်သတ်ခဲ့တဲ့ July 7 အရေးအခင်းကို မမေ့‌စေရေး  7.7.62 Don't Forget လှုပ်ရှားမှုကို ဒီကနေ့ ဇူလိုင်လ၇ရက်နေ့မှာ ရန်ကုန်မြို့လူစည်ကားရာနေရာများမှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


စစ်အာကာရှင် နေဝင်းက ၁၉၆၂ ခုနှစ် ဇူလိုင်လ ရက်နေ့မှညက ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ကျောင်းသားများစွာကို ရန်ကုန်တက္ကသိုလ်ထဲမှာပစ်သတ်ခဲ့ပြီး သမဂ္ဂအဆောက်အအုံကို ဒိုင်းန မိုက်နဲ့ ရက်စက်စွာ ဖျက်ဆီးခဲ့ကြပါတယ်။


အဲ့ဒီလို အာဏာရှင်တွေရဲ့ ရက်စက်မှုနဲ့သမိုင်းတို့ကို မမေ့ကြဖို့ ရန်ကုန်မြို့မှာ လုံခြုံရေးတင်းကြပ်နေတဲ့ နေရာတွေမှာ  AJAY ရဲဘော်တွေကလှုပ်ရှားမှုပြုလုပ်ခဲ့ကြတာပါ။စစ်အာဏာရှင်တို့ရဲ့ ဆိုးဝါးရက်စက်မှုက  မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ ကြာမြင့်နေသည်ကို သတိပြုမိဖို့လိုအပ်ပြီး ထိုစနစ်ဆိုးကို  အခွင့်ခါကြုံခိုက် အမိအရ အမြစ်ဖြတ်ရေး တတ်နိုင်တဲ့ဘက်က အားစိုက်ပါဝင်ကြပါဖို့ AJAY ရဲဘော်တွေက တိုက်တွန်းထားပါတယ်။


တစ်ဆက်တည်းမှာပဲ  7 July အထိမ်းအမှတ်အနေနဲ့ အကြမ်းဖက် စစ်အာဏာရှင်စစ်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကန်တော်မင်္ဂလာပန်းခြံ (ကန်တော်ကြီး)မှာ  ပြည်သူ့ တော်လှန်ရေးအင်အားစု များက ဆဲဗင်းဂျူလိုင် ၆၂ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့  အထွေထွေ အကြပ်အတည်း ဖြေရှင်းဖို့ ရဟန်းရှင်လူ ပုန်ကုန်စို့ဆိုတဲ့ စာတန်းကို ဒီနေ့မှာ ချိတ်ဆွဲ ခဲ့ကြတယ်လို့ Mayangone Democratic Front က သိရပါတယ်။


ဒီလုပ်ဆောင်မှုကို ပြောက်ကျားသပိတ် အင်အားစုတွေဖြစ်တဲ့ Kyimyidaing Networks KMD 18 Mayangone Democratic Front MDF Owl Community Linn Young Ni Youth Association တို့က ပြုလုပ်ခဲ့ကြတာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၃။ လောင်းလုံးမှာ 7July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား ကျင်းပ ပြုလုပ်


ဇူလိုင် ၇ရက်။


ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းမှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီရဲ့ အဖွဲ့ဝင်အင်အားစုတခုဖြစ်တဲ့ လောင်းလုံးမြို့နယ် အခြေခံပညာကျောင်းသားများသမဂ္ဂ၊ အခြေခံပညာကျောင်းသားများ သပိတ်ကော်မတီ(လောင်းလုံးမြို့နယ်)က ဦးဆောင်ပြီး ဒီနေ့ ဇူလိုင် ရက်မှာ 7 July ကျောင်းသားအရေးတော်ပုံ အထိမ်းအမှတ်အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ 


တော်လှန်ကျောင်းသားလူငယ်တွေက " 7 July စိတ်ဓာတ်ကိုင်ဆွဲကြ၊ စစ်အာဏာရှင်စနစ်ကို အဖြစ်ဖြတ်ချေမှုန်းကြ " ဆိုတဲ့ စာသား‌ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်တပ်ကျရှုံးရေး ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။


၁၉၆၂ ခုနှစ်၊ ဇူလိုင်လ () ရက်နေ့ဟာ အကြမ်း ဖက်စစ်အာဏာရှင်များက ကျောင်းသားလူငယ်များကို လက်နက်အားကိုးနဲ့ ရက်စက်စွာ သတ်ဖြတ်ခဲ့တဲ့ ဝမ်းနည်းဖွယ်ဖြစ်ရပ်သည် မြန်မာနိုင်ငံရဲ့ ကျောင်းသားသမိုင်းမှာ မေ့ပျောက်လို့ မရနိုင်တဲ့ မှတ်တမ်းဝင် ပုံရိပ်ဆိုးတစ်ခုဖြစ်ခဲ့တာကြောင့် ဒီနေ့ပွဲကိုကျင်းပပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၄။ မြစ်မခမြစ်ရေတိုးနေတာကြောင့် ရေကာတာကျိုးမှာကို လက်ပံတန်ဒေသခံတွေ စိုးရိမ်နေ


ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်မှာ မြစ်မခမြစ်ရေတိုးနေတာကြောင့် ရေကာတာ ကျိုးမှာကို ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

လက်ပံတန်းမြို့နယ် မြင်ကဝကျေးရွာအုပ်စု တမာကျေးရွာမှာရှိတဲ့ ရေကာတာဟာ မြစ်မခမြစ်ရေတိုးနေတာကြောင့် စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

မြစ်မခမြစ်ရေဟာ ဇူလိုင်လ ရက် ညနေပိုင်းကစပြီး ရေကာတာကိုကျော်လွန်နေတာကြောင့် အနိမ့်ပိုင်းကျေးရွာတွေ ရေဝင်နိုင်တဲ့အခြေအနေကိုရောက်နေတာလို့ သိရပါတယ်။ 

အရပ်သားအစိုးရလက်ထက်က အစိုးရတာဝန်ရှိသေူတွေဟာ မိုးကာလမရောက်မီ လက်ပံတန်းမြို့နယ်မှာရှိတဲ့ ရေကာတာ တွေကို ပြန်လည်ပြုပြင်တာ၊ ရေဘေးအန္တရာယ်အတွက် ကြိုတင်ပြင်ဆင်တာတွေလုပ်ဆောင်ပေးခဲ့ပေမယ့် ယခုစစ်အစိုးရ လက်တက်မှာတော့ ယခုအချိန်ထိ လာရောက်ကြည့်ရှုတာတောင်မရှိဘူးလို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ PNO ပြည်သူ့စစ်က အရပ်သားတွေကိုဖမ်းဆီးပြီး တော်လှန်ရေးအားပေးသူတွေလို့ စွပ်စွဲကာ ဦးထက်မနည်း သတ်ဖြတ်ခဲ့


ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်မှာ စစ်တပ်နဲ့ ၎င်းတို့လက်အောက်ခံ PNO ပြည်သူ့စစ်က အရပ်သားတွေကိုဖမ်းဆီး ပြီး တော်လှန်ရေးအားပေးသူများဆိုတဲ့ စွပ်စွဲချက်နဲ့ ဒေသခံ ဦးထက်မနည်း သတ်ဖြတ်သွားတယ်လို့ PNLA က ဒီနေ့ ဇူလိုင်လ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။ 

စစ်တပ်လက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့ဟာ မနေ့ ဇူလိုင်လ ရက် မနက် နာရီခန့်အချိန်မှာ ဆီဆိုင်မြို့နယ်ထဲက နားခိုက်ကျေးရွာအတွင်းကို စစ်ကြောင်းထိုးပြီး ပစ်ခတ်ဝင်ရောက်လာတယ်လို့ ဆိုပါတယ်။

ကျေးရွာအတွင်းတာနဲ့တပြိုင်နက် ဒေသခံပြည်သူတွေကို ရိုက်နှက်နှိပ်စက်ကာ နေအိမ် လုံးထက်မနည်းကို မီးရှိဖျက်ဆီးခဲ့ တယ်လို့လည်း သိရပါတယ်။

နားခိုက်ကျေးရွာဟာ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-PNLA စစ်ဦးစီးချုပ်ရဲ့ ဇာတိကျေးရွာဖြစ်ပြီး ဧပြီလ အတွင်းကလည်း စစ်ကောင်စီလက်ပါးစေပြည်သူ့စစ်များက ပထမအကြိမ် မီးဝင်ရှို့ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

မနေ့ ဇူလိုင်လ ရက်နေ့ဖြစ်စဉ်မှာဆိုရင်တွင် PNO ပြည်သူ့စစ်အဖွဲ့ဝင်တွေရဲ့ ရိုက်နှက်မှုကြောင့် နားခိုက်ကျေးရွာက ဦးတောင်းဆိုသူ ခြေထောက်တဖက်နှနဲ့လက်တဖက်ကျိုးသွားတယ်လို့လည်း သိရပါတယ်။

အဲဒီနောက် နားခိုက်ကျေးရွာက အရပ်သားပြည်သူ ၁၀ ဦးထက်မနည်းကို PNO ပြည်သူ့စစ်အဖွဲ့က ဖမ်းဆီးခဲ့ပြီး ဦးထက် မနည်းကို တော်လှန်ရေးကိုအားပေးသူတွေလို့ စွပ်စွဲပြီး ရွာလယ်ခေါင်မှာတင် ပစ်သတ်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အခုလို အရပ်သားပြည်သူတွေကို ဖမ်းဆီးခဲ့တဲ့ဓာတ်ပုံတွေကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်ခေါင်းဆောင် တွေက လူမှုကွန်ယက်မှာတင်ခဲ့တဲ့အတွက် ဓာတ်ပုံပါ ရွာသား ဦးရဲ့ အခြေအနေကိုစုံစမ်းခဲ့ရာမှာ နားခိုက်ဒေသခံ ခွန်တမျို့၊ ခွန်ခင်နဲ့ နာမည်အတည်မပြုနိုင်သေးတဲ့ ဒေသခံတဦး စုစုပေါင်း ၃ဦးကို PNO ပြည်သူ့စစ်က သတ်ပြစ်လိုက်ပြီဆိုတာ အတည်ပြုနိုင်ခဲ့တယ်လို့ ပြောပါတယ်။ 

PNO ပြည်သူ့စစ်တွေရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရသူတွေဟာ နားခိုက်ကျေးရွာက ဒေသခံ ပအိုဝ်းလူမျိုးတွေဖြစ်ပေမယ့် PNO ပြည်သူ့စစ်အဖွဲ့ဟာ ၎င်းတို့အပြစ်ကို ဝန်မခံရဲဘဲ PDF တွေကို ဖမ်းဆီးသတ်ဖြတ်နိုင်ခဲ့တယ်ဆိုပြီး ဝါဒဖြန့်ချိနေတယ်လို့ PNLA က အသိပေးထားပါတယ်။ 

ဒါ့အပြင် စစ်ကောင်စီလက်ပါးစေ ပြည်သူ့စစ်များဟာ နားခိုက်ကျေးရွာအတွင်းက ကားတစီးကို မီးရှို့ဖျက်ဆီးသွားတဲ့အပြင် ကားတစီးနဲ့ ဆိုင်ကယ် ၂၆ စီးကို လုယက်ယူဆောင်သွားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ဖာပွန်ဗျူဟာကုန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေတယ်လို့ FFD တပ် အသိပေး 


ကရင်အမျိုးသားအစည်းအရုံး-KNU ဖာပွန်ခရိုင်အတွင်းမှာရှိတဲ့ စစ်ကောင်စီဗျူဟာကုန်းစခန်းကိုရဖို့ ဆက်လက်တိုက်ခိုက် နေတယ်လို့ Force For Federal Democracy-FFD တပ်ဖွဲ့က ဒီနေ့ ဇူလိုင် ရက်နေ့မှာ အသိပေးထုတ်ပြန်လိုက်ပါတယ်။

ဖာပွန်မြို့သိမ်းတိုက်ပွဲကို ပြီးခဲ့တဲ့ မတ်လလယ်ကစတင်ဆင်နွှဲခဲ့ရာ မြို့နဲ့ စစ်ကောင်စီတပ်ရင်းအချို့ကို သိမ်းပိုက်ထိန်းချုပ် ထားပြီးနောက် လက်ရှိစစ်ရေးအခြေအနေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ နဲ့အတူ တိုက်ပွဲဝင်နေတဲ့ FFD တပ်ဖွဲ့က အသိပေးလိုက်တာဖြစ်ပါတယ်။

ကျွန်မတို့ FFD ဆိုရင် Drone အဖွဲ့ဆိုပြီး တွဲသိကြတဲ့ ပြည်သူတွေများပါတယ်။ သို့ပေမယ့် FFD မှာ မြေပြင်ချေမှုန်းရေး တပ်ဖွဲ့တွေလည်းရှိပြီးတော့ ဖာပွန်မြို့သိမ်းစစ်ဆင်ရေးမှာ ရှေ့ဆုံးကနေ ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်နေတဲ့ မြေပြင်ချေမှုန်းရေး တပ်ဖွဲ့ရဲ့ ပုံရိပ်အချို့ကို ပြည်သူတွေသိအောင် ထုတ်ပြန်လိုက်ရပါတယ်ဆိုပြီး FFD က တိုက်ပွဲဝင်ရဲဘော်တွေရဲ့ မှတ်တမ်း ဓာတ်ပုံနဲ့တကွ ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။ 

FFD တပ်ဖွဲ့အနေနဲ့ ဖာပွန်မြို့သိမ်းယူတဲ့တိုက်ပွဲ တပ်ရင်း-၁၉၊ တပ်ရင်း-၄၃၄၊ တပ်ရင်း-၆၄၂ တိုက်ပွဲတွေမှာ KNLA နဲ့အတူ ပါဝင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ယခုအချိန်အထိလည်း မိုးထဲရေထဲမှာ မရပ်မနားဘဲ ဗျူဟာကုန်းကို တိုက်ခိုက်နေကြဆဲဖြစ်ပါတယ်လို့ FFDက ထုတ်ပြန် ထားပါတယ်။

KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်ဟာ ဖာပွန်မြို့သိမ်းတိုက်ပွဲဆင်နွှဲရာမှာ စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေကို ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ပြီး ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်တာတွေအပြင် စခန်းသိမ်းတိုက်ပွဲဆင်နွှဲတဲ့ ဗျူဟာနနဲ့ပါ စစ်ကောင်စီတပ် တွေကို တိုက်ခိုက်နေတာလို့ သိရပါတယ်။

ဖာပွန်ခရိုင်မှာ ပြီးခဲ့တဲ့ဇွန်လအတွင်းမှာ KNLA ဦးဆောင်တဲ့ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲ  ၁၂၂ ကြိမ် ဖြစ် ခဲ့ပြီး စစ်ကောင်စီဘက်က ၆၀ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့သလို KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ဦး ကျဆုံးပြီး ၃ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ မင်းကွန်းနယ်မြေခံရဲစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်မှု စစ်တပ်ဘက်က ဦးသေဆုံး 


စစ်ကိုင်းမြို့နယ်မှာရှိတဲ့ မင်းကွန်းနယ်မြေခံရဲစခန်းကို တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က  ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားတယ်လို့ ဒေသတော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

မင်းကွန်း နယ်မြေရဲစခန်းကို တော်လှန်ရေးတပ်တွေက မနေ့ ဇူလိုင်လ ရက်နေ့ ညနေ နာရီကျော်အချိန်မှာ တိုက်ခိုက်ခဲ့ တာလို့ ဆိုပါတယ်။ 

မင်းကွန်းနယ်မြေရဲစခန်းကို တိုက်ခိုက်ရာမှာ တိုက်ပွဲဖြစ်ချိန် နာရီခန့်ကြာခဲ့ပြီး စစ်ကောင်စီဘက်က ရဲတဦးနဲ့ ပျူစောထီး တဦး သေဆုံးသွားတာလို့လည်း သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကို ဝက်လက်နယ်က ဗိုလ်ကျားကြီးအဖွဲ့ကဦးဆောင်တာဖြစ်ပြီး ရွှေဘိုခရိုင် အမှတ် ၁၈ တပ်ရင်း တပ်ခွဲ BO-TIGER (ဗိုလ်ကျားကြီး)တပ်ဖွဲ့၊ တောဒေါင်းနီ -ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဘီလူးညီနောင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့စတဲ့ တော်လှန်ရေးအင်အားစုတွေ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ မန္တလေး - မြင်းခြံလမ်းပိုင်းမှာ စစ်တပ်နဲ့ပျူစောထီးတွေ ဓားပြတိုက်နေတာကြောင့် မသွားလာကြဖို့ သတိပေး


မန္တလေးတိုင်းထဲက မန္တလေး - မြင်းခြံလမ်းပိုင်းမှာ စစ်တပ်နဲ့ ပျူစောထီးတွေက ခရီးသွားယာဥ်တွေကို ဓားပြတိုက်နေတဲ့ အတွက် ဒီလမ်းပိုင်းကိုအသုံးမပြုကြဖို့ ဒေသခံတွေက သတိပေးထားပါတယ်။

ခရီးသွားယာဥ်တွေဟာ မန္တလေး - မြင်းခြံလမ်းပိုင်းကတဆင့် ပုဂံ-ညောင်ဦးမြို့ကိုသွားနေကြတဲ့အတွက် ဒေသခံတွေက အခုလို သတိပေးနေတာဖြစ်ပါတယ်။ 

မန္တလေး - မြင်းခြံလမ်းပိုင်းကတဆင့် ပုဂံ-ညောင်ဦးမြို့ကိုသွားမယ်ဆိုရင် ဒီလမ်းပိုင်းဟာ ခရီးနီးပေမယ့် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေနဲ့ ပျူစောထီးတွေက ခရီးသွားယာဥ်တွေကို ဓားပြတိုက်နေတဲ့အတွက် အန္တရာယ်ရှိတယ်လို့ ဆိုပါတယ်။ 

လူရောကားရော အပျောက်ပဲ။ လုံးဝကို မသွားသင့်တော့တာလို့ မြင်းခြံဒေသခံတဦးက လူထုနွေဦးသတင်းဌာန- People Spring ကို ပြောထားပါတယ်။

တံတားဦး - မြင်းခြံလမ်း၊ မြင်းခြံနဲ့နဘူးအိုင်ကြားက ကျောက်ကန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၅၀ခန့်ဟာ ဇူလိုင် ၁ရက်နဲ့၃ ရက်မှာ ကားအစီး ၂၀ ထက်မနည်းကို ဓားပြတိုက်ခဲ့တယ်လို့ မြင်းခြံခရိုင်ပကဖ  တာဝန်ရှိသူက အတည်ပြုထားပါတယ်။

ဖြတ်သန်းသွားလာနေတဲ့ ခရီးသည်တင်ကား၊ စျေးကားများ၊ ၁၂ ဘီးကုန်တင်ယာဥ်များ အစရှိတဲ့ယာဥ်တွေပေါ်က ခရီးသည်၊ ယာဥ်မောင်း၊ ယာဥ်နောက်လိုက်တွေဆီကနေ ဖုန်း၊ရွှေ၊ငွေ၊ အဝတ်အစားနဲ့ပစ္စည်းတွေ လုယူနေကြတာလို့ ဆိုပါတယ်။ 

ကျောက်ကန်ရွာမှာ စစ်တပ်နဲ့ ကျောက်ကန်ရွာက ပျူ ၁၀၀ နီးပါး တပ်စွဲနေပြီး စစ်တပ်က လူငယ်ပိုင်းအရွယ် ဗိုလ်ကြီးတဦး  ဦးဆောင်ကာ ဓားပြတိုက်နေတာလို့ မြင်းခြံခရိုင်ပကဖ တာဝန်ရှိသူက အသိပေးပါတယ်။ 

ထို့အတူ နွားထိုးကြီး - မြင်းခြံလမ်းပိုင်းမှာလည်း စစ်ကောင်စီတပ်က ခရီးသွားယာဥ်တွေကို ခြိမ်းခြောက်ငွေညှစ်နေတဲ့ အတွက် သွားလာဖို့ မသင့်ဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

ဒါကြောင့် ပုဂံ - ညောင်ဦးသွားမယ်ဆိုရင် မိတ္ထီလာ - ကျောက်ပန်းတောင်းလမ်းပိုင်းကပဲ သွားလာသင့်တယ်လို့ ဒေသခံ တွေက အကြံပြုထားပါတယ်။


========================


🚩🚩 ၅။ မူတြော်ခရိုင်၌ ဇွန်လအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၁၂၂ ကြိမ်ဖြစ်ပွား၊ စကစဘက်မှ ၆၀ ဦး သေဆုံး


ဇူလိုင် RadioNUG


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ () ရက်နေ့မှ နေ (၃၀) ရက်နေ့အထိ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲကြီး တိုက်ပွဲ ငယ်ပေါင်း (၁၂၂) ကြိမ်ဖြစ်ပွားခဲ့ကြောင်း KNUဗဟိုက သတင်းထုတ်ပြန်ပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ (၆၀) ဦး သေဆုံးပြီး (၁၉) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရကာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A နှင့် ပူးပေါင်း တပ်ဖွဲ့ တို့ဘက်မှ တိုင်းပြည်နှင့်လူမျိုးအတွက် () ဦး အသက်ပေးလှူခဲ့ရပြီး () ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားစဉ်အတွင်း အာဏာသိမ်းအကြမ်ဖက်စစ်ကောင်စီတပ် ဘက်မှ ပြည်သူလူထုများနေထိုင်ရာ ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်ရာ လုပ်ငန်းခွင်များအတွင်းသို့ လေကြောင်းမှ ဗုံး အလုံးရေစုစုပေါင်း (၅၈၈) လုံးခန့် ကျချခဲ့ပြီး ဒရုန်းကိုအသုံးပြုပြီး ဗုံး () လုံးကျဲချခဲ့သည့် အတွက် ပြည်သူလူထုပိုင်နေအိမ် () လုံး၊ ဘုန်းကြီးကျောင်း () ကျောင်းနှင့် စာသင်ကျောင်း () ကျောင်း ထိခိုက် ပျက်စီး ခဲ့ရကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်ခါးရှဲလ်တို့မှပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment