07 JUL 2024 - (Ethnic language program-CHO_MΓΌn) by Radio NUG

πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၄ ဇူα€œိုင်α€œ ( ၇ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား 


πŸ“ŒπŸ“Œ ၁။ ဝမ်းα€›ောဂါα€–ြα€…်ပွားα€”ေတဲ့ မင်းတပ်α€™ြို့α€”α€š်α€›ှိ α€€ျေးα€›ွာတွေα€€ို α€€ွင်းဆင်းဆေးα€€ုα€žα€™ှု ဆောင်α€›ွα€€်

 

ဝမ်းပျα€€်၊ ဝမ်းα€œျှောα€–ြα€…်ပွားα€”ေတဲ့ မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š် ၁၀၊ ၁၃ α€˜α€€်α€€ို α€™ြို့α€”α€š်α€€ျα€”်းα€™ာα€›ေးထဖွဲ့α€€ ဆေးα€€ုα€žα€™ှုပေးခဲ့ပါα€α€š်။

 

Cholera α€œို့ခေါ်တဲ့ ဝမ်းပျα€€်၊ ဝမ်းα€œျှောα€›ောဂါ ထစောဆုံးα€–ြα€…်ပြီး α€’ေα€žα€ံတွေ α€‘α€žα€€်ဆုံးα€›ှုံးα€™ှုထထိα€–ြα€…်ပွားခဲ့တဲ့ မင်းတပ်α€™ြို့α€”α€š်၊ တိုα€€်α€”α€š် ၁၃ α€˜α€€်α€™ှာ α€›ောဂါထိα€”်းချုပ်ထားα€”ိုင်ပေα€™α€š့် တိုα€€်α€”α€š် ၁၀ α€˜α€€်α€™ှာတော့ ဆေးα€€ုα€žα€™ှုပေးα€”ေရဆဲα€œို့ α€€ြားα€žိရပါα€α€š်။

 

α€œα€€်α€›ှိ α€™ိုးတွင်းα€€ာα€œα€–ြα€…်α€”ေတာα€€ြောင့် α€œα€™်းပန်းဆက်α€žွα€š်α€›ေးထခက်ထခဲα€›ှိα€žα€œို ဆေးဝါးα€œိုထပ်α€™ှုα€›ှိα€”ေα€α€š်α€œို့α€œα€Š်း မင်းတပ်α€™ြို့α€”α€š် α€€ျα€”်းα€™ာα€›ေးထဖွဲ့α€€ ပြောပါα€α€š်။

 

Chin Health Organization ကတော့ ထခုα€€ာα€œα€™ှာထပြင်α€…ာ α€™α€…ားပါα€”ဲ့။ α€Ÿα€„်းα€€ျα€”် ထမင်းα€€ျα€”် α€™α€…ားပါα€”ဲ့။ ထစာα€€ို α€šα€„်α€œုံထောင် α€žိα€™်းα€†α€Š်းပါ။ α€”ို့တိုα€€်α€€α€œေးတွေα€€ို ထမေα€”ို့တမျိုးα€α€Š်း တိုα€€်ပါ။ α€šα€„်α€œုံထိα€™်α€žာ α€žုံးပါ။ ထိα€™်α€žာα€žွားပြီးတိုင်း၊ ထစာα€™α€…ားခင်၊ မပြင်ခင်၊ မချα€€်ခင် α€œα€€်α€€ို ဆပ်ပြာα€”ဲ့ စင်ထောင် ဆေးပါ။ ဝမ်းα€œျှောတာα€”ဲ့ α€€ျα€”်းα€™ာα€›ေးဝန်ထမ်းဆီ ချα€€်ချင်းပြပါ။ ဓာတ်ဆား ချα€€်ချင်းα€žောα€€်ပါ။ ဓာတ်ဆားα€™α€›ှိရင် ဆားα€”ဲ့ α€žα€€ြားα€€ို α€žုံးပြီး α€–ျော်α€žောα€€်α€œို့ α€›α€α€š်။ ထရေးα€€ြီးဆုံးα€€ α€›ေα€€ို α€€ျိုချα€€်ပြီး α€žောα€€်ပါ။ဆိုပြီး တိုα€€်တွα€”်းထားပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ မတူပီα€…α€…်α€€ောင်α€…ီတပ်စခန်းထားα€œုံးချင်းα€Šီα€”ောင်α€€ ထိα€”်းချုပ်၊ နမခ ထခြေချα€…α€…်α€—ျူα€Ÿာ တွေထဲα€€ ပထမဆုံးα€žိα€™်းတဲ့ α€—ျူα€Ÿာ α€–ြα€…်α€œာ

 

α€…α€…်α€€ောင်α€…ီ ခြေα€œျင်တပ်ရင်း၊ ခြေα€™ြα€”်တပ်ရင်းα€”ဲ့ ထခြေချ α€…α€…်α€—ျူα€Ÿာစခန်းတွေα€›ှိတဲ့ မတူပီα€™ြို့α€€ို ထပြα€Š့်ထဝ ထိα€”်းချုပ်α€œိုα€€်α€”ိုင်ပြီα€œို့ချင်းα€Šီα€”ောင်α€€ ဇွα€”် ၂၉ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

မတူပီα€™ြို့α€€ို ၂၀၂၄ ဇွα€”်α€œ ၉ α€›α€€်ထစောပိုင်းα€™ှာ α€™α€Ÿာα€™ိတ် (ထာα€›α€€္ခရတပ်တော်၊ α€šောထာα€™ီ) တွေα€”ဲ့ထတူချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် တို၊α€€်ခိုα€€်တာပါ။

 

ဇွα€”်α€œ ၁၇ α€›α€€်α€™ှာ α€…α€…်α€€ောင်α€…ီ ခြေα€™ြα€”်တပ်ရင်း ထမှတ် ၃၀၄ α€€ို စတင်α€žိα€™်းပိုα€€်ခဲ့ပါα€α€š်။

 

(ဇွα€”် ၂၉) α€™ှာတော့ α€…α€…်α€€ောင်α€…ီ ခြေα€œျင်တပ်ရင်း ထမှတ် ၁၄၀ α€”ဲ့ α€—ျုα€Ÿာα€€ုα€”်းα€€ ထပ်α€™ံα€žိα€™်းပိုα€€်α€œိုα€€်ပြီα€œို့ချင်းα€Šီα€”ောင်α€€ ဆိုပါα€α€š်။

 

၂၀၂၃ α€’ီဇင်α€˜ာα€”ှောင်းပိုင်းα€™ှာ စတင်α€–ွဲ့α€…α€Š်းα€α€Š်ထောင်တဲ့ချင်းα€Šီα€”ောင်α€™ှာ ချင်းထမျိုးα€žားα€€ောင်α€…ီ (မင်းတပ်) ချင်းထမျိုးα€žားထဖွဲ့ချုပ် (CNO) ဇိုα€™ီးα€–α€€်α€’α€›α€š်α€‘α€…α€Š်းထရုံး (ZFU) ချင်းα€€ာα€€ွα€š်α€›ေးတပ် (α€€α€”်ပက်α€œα€€်) ချင်းα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ် (မတူပီ) တပ်α€™α€Ÿာ (၁) α€”ဲ့ α€™α€›ာα€”α€š်α€™ြေထုပ်ချုပ်α€›ေးα€€ောင်α€…ီ (MTC) စတဲ့ထဖွဲ့ ၆ α€–ွဲ့ ပါဝင်ပါα€α€š်။

 

မတူပီα€…α€…်ဆင်α€›ေးα€€ာα€œ ၁ α€œα€”ီးပါးထတွင်း ချင်းα€œဲα€”်းα€€ောင်α€…ီα€”ဲ့ ချင်းα€Šီα€”ောင်ထဖွဲ့α€”ှα€…်ခုα€€ြား ထိပ်တို၊α€€်ရင်ဆိုင် ပ၊α€…်ခတ်α€™ှုထထိα€›ှိခဲ့ပြီး α€”ှα€…်α€–α€€်α€›ဲα€˜ော်တွေ α€‘α€žα€€်ဆုံးα€›ှုံးခဲ့ပါα€žေးα€α€š်။

 

မတူပီα€™ြို့ α€…α€…်α€€ောင်α€…ီတပ်စခန်းထားα€œုံးချင်းα€Šီα€”ောင်α€€ ထိα€”်းချုပ်α€œိုα€€်α€”ိုင်α€€ြောင်း ထုတ်ပြα€”်α€œာတာα€€ြောင့် α€…α€…်α€€ိုင်းတိုင်း၊ α€™ုံα€›ွာထခြေα€…ိုα€€် ထနောα€€်‌α€™ြောα€€်တိုင်း α€…α€…်α€Œာနချုပ်α€œα€€်ထောα€€် ထခြေချα€…α€…်α€—ျူα€Ÿာတွေထဲကပထမဆုံးα€žိα€™်းတဲ့ ထခြေချα€…α€…်α€—ျူα€Ÿာ α€–ြα€…်α€œာပါα€α€š်။

 

ချင်းပြα€Š်α€”α€š်α€™ှာ α€…α€…်α€€ောင်α€…ီ ထခြေချ α€…α€…်α€—ျူα€Ÿာ (၂) ခု α€›ှိပြီး တစ်ခုα€€ ချင်းပြα€Š် α€™ြို့တော် α€Ÿားခါးα€™ှာ α€›ှိတာα€–ြα€…်ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၃။ မတူပီα€™ြို့α€žိα€™်း α€…α€…်ဆင်α€›ေးထတွင်း α€…α€…်α€€ောင်α€…ီα€…ွပ်α€…ွဲα€–α€™်းဆီးတဲ့ α€œူ ၁၃ ဦး α€œွတ်α€™ြောα€€်α€œာ

 

ချင်းα€Šီα€”ောင်α€”ဲ့ α€™α€Ÿာα€™ိတ်တပ်α€–ွဲ့α€€ α€–ော်ဆောင်‌တဲ့ မတူပီα€™ြို့α€žိα€™်းတို၊α€€်ပွဲထတွင်း α€…ွပ်α€…ွဲα€–α€™်းဆီးခံα€›α€žူ ထကျဉ်းα€žား ၁၃ ဦး α€œွတ်α€™ြောα€€်α€œာα€α€š်α€œို့ ချင်းα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ မတူပီ - တပ်α€™α€Ÿာ ၁ α€€ ဇူα€œိုင် ၄ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

α€œွတ်α€™ြောα€€်α€œာα€žူတွေα€Ÿာ ထမျိုးα€žား ၁၂ ဦးα€”ဲ့ ထမျိုးα€žα€™ီး ၁ ဦးα€–ြα€…်ပြီး ခရစ်α€šာα€”်ဓမ္မဆရာα€”ဲ့ CDM ဝန်ထမ်းတချို့ ပါဝင်ပါα€α€š်။

 

α€€ျα€”်α€›ှိα€”ေα€žေးတဲ့ ထကျဉ်းα€žားတွေα€€ိုα€œα€Š်း ဆက်α€œα€€် α€›ှာα€–ွေα€”ေဆဲα€œို့ ချင်းα€œဲα€”်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ မတူပီ - တပ်α€™α€Ÿာ ၁ α€€ ဆိုပါα€α€š်။

 

မတူပီα€™ြို့α€€ို ၂၀၂၄ ဇွα€”်α€œ ၉ α€›α€€်ထစောပိုင်းα€™ှာ ချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေးထဖြα€…် α€™α€Ÿာα€™ိတ် (ထာα€›α€€္ခရတပ်တော်၊ α€šောα€€ာα€€ွα€š်α€›ေးတပ်၊ α€šောထာα€™ီ) တွေα€”ဲ့ထတူ α€™ြို့α€žိα€™်းတို၊α€€်ပွဲα€–ော်ဆောင်ခဲ့တာပါ။

 

α€…α€…်α€€ောင်α€…ီ ခြေα€œျင်တပ်ရင်း၊ ခြေα€™ြα€”်တပ်ရင်းα€”ဲ့ α€…α€…်α€—ျူα€Ÿာစခန်းတွေα€›ှိတဲ့ မတူပီα€™ြို့α€€ို ထပြα€Š့်ထဝ ထိα€”်းချုပ်α€œိုα€€်α€”ိုင်ပြီα€œို့ချင်းα€Šီα€”ောင်α€€ ဇွα€”်α€œ ၂၉ α€›α€€်α€”ေ့ α€€ြေα€Šာပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ α€œာα€™α€š့် ဇူα€œိုင် ၁၄ α€›α€€်α€”ေ့α€™ှာ Joshua Van ထိုးα€ž၊တ်α€™α€š်

 

α€™ြα€”်α€™ာပြα€Š်α€–ွား၊ ချင်းα€–ိုα€€်တာ Joshua Van α€Ÿာ α€œာα€™α€š့် ဇူα€œိုင် ၁၃ (α€™ြα€”်α€™ာα€…ံတော်ချိα€”် ဇူα€œိုင် ၁၄ α€›α€€် တနင်္ဂနွေα€”ေ့ α€™α€”α€€်) α€€ျင်းα€•α€™α€š့် UFC Fight Night α€™ှာ ထိုးα€ž၊တ်α€žွားα€™α€š်α€œို့ α€žိရပါα€α€š်။

 

α€œူα€™ှုα€€ွα€”်α€›α€€်ပေါ်α€€α€”ေ α€žူ့α€€ို (Joshua Van) α€…ိα€”်ခေါ်α€”ေတဲ့ Charles Johnson α€”ဲ့ ထမေα€›ိα€€α€”်၊ α€€ော်α€œိုα€›ာα€’ိုပြα€Š်α€”α€š် α€’α€”်α€—ာα€™ြို့α€™ှာ α€šှဉ်ပြိုင်α€›α€™ှာပါ။

 

α€‘α€žα€€် ၂၃ α€”ှα€…်ဝန်းα€€ျင်ထရွα€š် Joshua Van α€Ÿာ UFC α€™ှာ ၃ ပွဲထိုး၊ ၃ ပွဲ α€œုံး ထနိုင်α€›α€…ံချိα€”်α€€ို ပိုင်ဆိုင်ထားα€žူ α€–ြα€…်ပါα€α€š်။

 

ပြီးခဲ့တဲ့ UFC Vegas 90 α€”ဲ့ UFC 302 ထပါထဝင် ပွဲထကြိα€™်α€€ြိα€™်ပျα€€်ခဲ့ရတဲ့ Joshua Van ထနေα€”ဲ့ α€’ီပွဲစဉ်α€€ို ထကောင်းဆုံးα€‘α€žုံးချပြီး ထနိုင်α€šူα€žွားα€”ိုင်α€™α€œားဆိုတာ α€…ောင့်α€€ြα€Š့်α€›α€–ို့ ၁၀ α€›α€€်ဝန်းα€€ျင်α€žာ α€œိုပါတော့α€α€š်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment