7th JUL 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဇူလိုင်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ကြောင့် CDM သူနာပြုနဲ့ မိခင်ဖြစ်သူ သေဆုံး

📌 ၂။ Loikaw PDF က ဦးစီးတဲ့" သူပုန် "လက်ဖက်ခြောက် ထုတ်ကုန်အမြတ်ငွေတွေဟာ တော်လှန်ရေးအတွက် ဖြစ်ရမယ်လို့ဆို

📌 ၃။ မန္တလေးက သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ပါဝင်လာ

📌 ၄။ သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုဖြစ်နေတာကြောင့် လမ်းဘေး အစားအသောက်ဆိုင်တွေ အပါအဝင် စျေးဆိုင်တွေ ယာယီပိတ်ထားဖို့ စစ်တပ်က ကြေညာ

📌 ၅။ မြန်မာစစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဒီမိုကရေစီအောင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ ဆိုးလ်မြို့အထိ ၂၁ ရက်ကြာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်


၂၀၂၄ ခုနှစ် ဇူလိုင်လ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ လားရှိုးက တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ-၂၉၁ တပ်ရင်းဌာနချုပ်ကို MNDAA သိမ်းပိုက် 

🚩 ၂။ သထုံမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကတက်နက်ကြီးနဲ့ပစ်တာကြောင့် အိမ် ၆လုံးနဲ့ ဆိုင်ကယ်တစီး ပျက်စီး

🚩 ၃။ လက်နက်ချအလင်းဝင်လာတဲ့ စစ်သား ဦးကို ကျပ်သိန်း ၂ဝ ချီးမြင့် 

🚩 ၄။ ရေစကြိုမြို့ပေါ်က စစ်အုပ်စုကို အလစ်အငိုက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်က ပစ်ခတ်ခဲ့တဲ့လက်နက်ကြီးကျည်ကြောင့် CDM သူနာပြုနဲ့ မိခင်ဖြစ်သူ သေဆုံး


ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့တွင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တဲ့အတွက် CDM ပြုလုပ်ထားတဲ့ လားရှိုးခရိုင် ကျန်းမာရေးဦးစီးဌာနက သူနာပြုဆရာမ ဒေါ်နန်းမွေလင်းစံနဲ့ မိခင်ဖြစ်သူတို့ သေဆုံးခဲ့တယ်လို့ NUG ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၉ ရက်နေ့က ကျောက်မဲမြို့တွင်းကို အကြမ်းဖက်စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တလုံးဟာ CDM ပြုလုပ်ထားတဲ့ လားရှိုးခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အသက် ၅၂ နှစ်အရွယ်ရှိ မြို့နယ်သူနာပြု ဆရာမ ဒေါ်နန်းမွေလင်းစံနဲ့ မိခင်ဖြစ်သူ ဒေါ်နန်းခင်ဖုန်း အသက်-၇၃ နှစ်တို့နေထိုင်တဲ့အိမ်ကို ထိမှန်ပေါက်ကွဲခဲ့တာကြောင့် သားအမိ ဦးစလုံး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။


အခုလို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှုမှာပါဝင်နေတဲ့ ဒေါ်နန်းမွေလင်းစံကို CDM အာဇာနည် သူရဲကောင်းတဦး အဖြစ် အသိအမှတ်ပြုပြီး မိသားစုနဲ့ထပ်တူ ကြေကွဲဝမ်းနည်းရကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ထားပါတယ်။


အရပ်သားပြည်သူတွေအပေါ်  ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကိုလည်း  NUG ကျန်းမာရေးဝန်ကြီးဌာနက ပြင်းထန်စွာ ရှုတ်ချလိုက်ပါတယ်။


စစ်ကောင်စီလက်ချက်ကြောင့် ထိခိုက်သေဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းများနဲ့ အပြစ်မဲ့ပြည်သူတွေအတွက် တရားမျှတမှု ရအောင် လုပ်ဆောင်သွားမယ့်အပြင် အကြမ်းဖက်စစ်ကောင်စီနဲ့ ၎င်းတို့ရဲ့လက်ပါးစေ ကြံရာပါတွေကို တရားဥပဒေအတိုင်း ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမယ်လို့လည်း အသိပေးထားပါတယ်။


NUG ကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပေါ်ထွန်းသည်အထိ တိုင်းရင်းသားပြည်သူတရပ်လုံးနဲ့လက်တွဲကာ ဆတက်ထမ်းပိုး ကြိုးပမ်းတိုက်ပွဲ ဝင်သွားမှာဖြစ်ကာ စစ်အာဏာရှင်စနစ် ဖြုတ်ချရေးအတွက် အသက်‌၊ ခန္ဓာနဲ့ ဘဝတွေပုံအပ်ကာ ခေတ်အဆက်ဆက် တိုက်ပွဲဝင်ခဲ့ကြတဲ့ တိုက်ပွဲဝင်နေတဲ့ အာဇာနည်သူရဲကောင်းများကိုတိုင်တည်ပြီး ကတိသစ္စာပြုထားပါတယ်။


========================


📌📌 ၂။ Loikaw PDF က ဦးစီးတဲ့" သူပုန် "လက်ဖက်ခြောက် ထုတ်ကုန်အမြတ်ငွေတွေဟာ တော်လှန်ရေးအတွက် ဖြစ်ရမယ်လို့ဆို


Loikaw PDF က ဦးစီးတဲ့" သူပုန် "လက်ဖက်ခြောက် ထုတ်ကုန်အမြတ်ငွေတွေဟာ တော်လှန်ရေးအတွက် ဖြစ်ရမယ်လို့ ဇူလိုင်၅ရက်မှာ Loikaw PDFက တရားဝင်အသိပေးဖော်ပြပါတယ်။


"တော်လှန်ရေးထုတ်ကုန် " သူပုန် " လက်ဖက်‌ခြောက် မကြာခင် လာမယ်။အငွေ့တထောင်းထောင်း အရသာရှိရေနွေးကြမ်းကို အရသာခံ သောက်ရင်း တော်လှန်ရေးမှာ ပါဝင်နိုင်တော့မယ်ဆိုတာ သိရဲ့လား။အရသာ quality ပိုင်း နဲ့ ထုတ်ပိုးမှု quality ပိုင်းကို အကောင်းဆုံး ကြိုးစားပါ့မယ်။ တော်လှန်ရေးအတွက် ဝယ်တယ်ဆိုတာထက် တကယ် ကြိုက်လို့ ဝယ်သောက်ပါတယ်ဆိုတာကမှ ကျွန်တော်တို့ရဲ့ အိပ်မက်ဖြစ်ပါတယ်။ ထုတ်နိုင်အားနည်းသေးလို့ အခုအစောပိုင်းတော့ ဈေးများကောင်း များနိုင်ပေမယ့် ရောင်းအားကောင်းလာတာနဲ့အမျှ ဈေးကျလာအောင် ကြိုးစားပါ့မယ်"လို့ဆိုပါတယ်။


ထုတ်ကုန်များ အမြတ်ငွေတွေဟာ တော်လှန်ရေးအတွက် ဖြစ်ရမယ်လို့ဆိုကာ လူသန်း ၅၀ ကျော် လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်မယ့် လက်ဖက်ခြောက်ဖြစ်တယ်လို့ဆိုပါတယ်။


ဝယ်ယူလိုသူများအနေနဲ့Rebels: Coffee &Tea လူမှုကွန်ရက်စာမျက်နှာမှာမေးမြန်းဝယ်ယူနိူင်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ မန္တလေးက သံဃာတော်တွေ ပတ္တနိက္ကုဇ္ဇနကံဆောင်သပိတ်မှာ ပါဝင်လာ


မန္တလေးမြို့တော်က သံဃာတော်တွေ စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ရာမှာ ပါဝင်လာတဲ့တဲ့အတွက် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တဲ့မြို့နယ် ၂၂ မြို့နယ်အထိ ရှိလာခဲ့ပြီဖြစ်ပါတယ်။

အကြမ်းဖက်စစ်ကောင်စီကိုမလိုလားတဲ့ မန္တလေးမြို့က သံဃာတော်တွေ ဇူလိုင် ရက်နေ့ မွန်းလွဲပိုင်းမှာ စုဝေးပြီး စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်ခဲ့တာလို့ သံဃသမဂ္ဂ-မန္တလေးက ဆရာတော်တွေက မိန့်ပါတယ်။

စစ်ကောင်စီကို ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်မှောက်တဲ့မြို့နယ်တွေ ဆက်တိုက်တိုးလာတာကြောင့် အုပ်ချုပ်ရေးယန္တယား လည်ပတ်နေတဲ့ မြို့နယ်တွေအပါအဝင် တနိုင်ငံလုံးအတိုင်းအတာအထိ ပါဝင်လာမယ်လို့ သံဃသမဂ္ဂ-မန္တလေး က  မျော်လင့်ထားပါတယ်။ 

ပတ္တနိက္ကုဇ္ဇန သပိတ်မှောက်ကံဆောင်တော်မူကြတဲ့ သံဃာ့အဖွဲ့အစည်းတွေနဲ့ တသားတည်းရှိနေပြီး အပြည့်အဝသဘောတူ တယ်လို့ သံဃသမဂ္ဂ-မန္တလေး က အသိပေးထားပြီးဖြစ်ပါတယ်။

ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်ကို စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်က ဇွန်လ ၂၃ ရက်မှာ စတင်ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီပဲယင်း၊ ဆားလင်းကြီး၊ တန့်ဆည်၊ စစ်ကိုင်း၊ မုံရွာ၊ဝက်လက်၊အရာတော်၊ ဘုတလင်၊ မြင်းမူ၊ ရေဦး၊ ကနီမြို့နယ်တို့ပါဝင်လာခဲ့ကာ မကွေးတိုင်းထဲက မြိုင်၊ ပခုက္ကူ၊ ပေါက်နဲ့ ဆိပ်ဖြူမြို့နယ် တနင်္သာရီတိုင်းက ထားဝယ်နဲ့ သရက်ချောင်းမြို့နယ် မန္တလေးတိုင်း က မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာ၊ မန္တလေး စတဲ့မြို့နယ်တွေက သံဃာတော်တွေ ဆက်တိုက် ပူးပေါင်းဝင်လာတဲ့အတွက် ဇူလိုင် ရက်နေ့အထိဆိုရင် ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ်လုပ်တဲ့ မြို့နယ် ၂၂ ခုရှိလာပြီဖြစ်ပါတယ်။  

ပဲခူးမြို့က ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃမဟာနာယက (ငြိမ်း) ကို စစ်တပ်က ပစ်သတ်ခဲ့တာကို ဆန့်ကျင်တဲ့အနေနဲ့ သံဃာတော်တွေက ပတ္တနိက္ကုဇ္ဇန ကံဆောင်သပိတ် ပြုလုပ်နေကြတာလည်း ဖြစ်ပါတယ်။


========================


📌📌 ၄။ သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုဖြစ်နေတာကြောင့် လမ်းဘေး အစားအသောက်ဆိုင်တွေ အပါအဝင် စျေးဆိုင်တွေ ယာယီပိတ်ထားဖို့ စစ်တပ်က ကြေညာ


ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှုတွေဖြစ်နေတာကြောင့် လမ်းဘေးအစားသောက် ရောင်းချတဲ့ဆိုင်တွေအပါဝင် စျေးဆိုင်တွေအားလုံး ယာယီပိတ်ထားကြဖို့ စစ်တပ်က ကြေညာထားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါကူးစက်မှုကြောင့် လူသေဆုံးမှုရှိခဲ့တဲ့ သာကေတမြို့နယ်အတွင်း အစားအသောက်ရောင်းချတဲ့ လမ်းဘေးဆိုင်တွေနဲ့ စျေးဆိုင်တွေ ဇူလိုင်လ ၁၂ ရက်နေ့အထိ ပိတ်ထားဖို့ စစ်တပ်နဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တွေက လော်စပီကာတွေနဲ့ ဇူလိုင်လ ရက်နေ့ ညနေပိုင်းမှာ လိုက်လံကြေညာခဲ့တယ်လို့ ဒေသခံပြည်သူတွေက ဆိုပါတယ်။ 

လက်သုပ်စုံ တုတ်ထိုးနဲ့ အစားအစာတွေရောင်းချတဲ့ ဆိုင်တွေအားလုံး ပိတ်ခိုင်းထားတာဖြစ်ပြီး ညွှန်ကြားချက်ကို မလိုက်နာ ရင် ဖမ်းဆီးအရေးယူမယ်လို့ ထည့်သွင်းကြေညာသွားတယ်လို့လည်းပြောပါတယ်။ 

ရန်ကုန်တိုင်းထဲက သာကေတမြို့နယ်အပါအဝင် မြို့နယ်အချို့မှာ ဝမ်းပျက်ဝမ်းလျောရောဂါကြောင့် လူသေဆုံးမှုတွေရှိနေ ပေမယ့် စစ်ကောင်စီဘက်က တရားဝင်သတင်းထုတ်ပြန်တာမရှိဘဲ စျေးဆိုင်တွေပိတ်ခိုင်းနည်းနဲ့ ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ 

ဝမ်းပျက်ဝမ်းလျောရောဂါကို အထူးသတိပြုကြဖို့ ရန်ကုန်အခြေစိုက် ပရဟိတအဖွဲတွေနဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်မှု ပေးနေတဲ့ စေတနာ့အဖွဲ့အစည်းတွေက ပြည်သူလူထုကို နှိုးဆော်နေကြတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ မြန်မာစစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဒီမိုကရေစီအောင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မှ ဆိုးလ်မြို့အထိ ၂၁ ရက်ကြာ လမ်းလျှောက်ဆန္ဒထုတ်ဖော်မည်


မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် ကျရှုံးရေးနဲ့ ဒီမိုကရေစီအောင်နိုင်ရေးအတွက် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ကနေ ဆိုးလ်မြို့အထိ  ၂၁ ရက်ကြာ လမ်းလျှောက် ဆန္ဒထုတ်ဖော်မယ်လို့ Myanmar Youth Activists က အသိပေးထုတ်ပြန်ထား ပါတယ်။ 

လမ်းလျှောက်ဆန္ဒထုတ်ဖော်မယ့်အကြောင်းအရာနဲ့ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲကို ဘူဆန်ဘူတာကြီးရှေ့မှာ ဇူလိုင်လ ရက်နေ့ မနက် ၁၁ နာရီမှာဖြစ်ပြီး ဆန္ဒထုတ်ဖော်ပွဲကို ဂင်မဲမြို့သို့ လမ်းလျှောက်ချီတက်ခြင်းနဲ့ စတင်မယ်လို့ သိရပါတယ်။

တောင်ကိုရီးယားရောက် မြန်မာတွေအနေနဲ့ Busan To Seoul လို့အမည်ရတဲ့ လမ်းလျှောက်ချီတက်ဆန္ဒထုတ်ဖော်မှုမှာ ခရီးစဉ်အစအဆုံး မလိုက်နိုင်ဘူးဆိုရင်တောင် အားဖြည့်နိုင်သလောက် လိုက်ပါချီတက်လမ်းလျှောက်ဆန္ဒပြတာ၊ လမ်းလျောက်လာသူတွေရောက်လာမယ့်မြို့တွေက ဆန္ဒပြပွဲပြုလုပ်မယ့်နေရာတွေမှာ ကြိုစောင့်ပြီး အားဖြည့်ပါဝင်တာ၊ လမ်းအတူလျှောက်ပြီး အားဖြည့်ပါဝင်တာမျိုးတွေနဲ့ ပူးပေါင်းဝန်းရံနိုင်တယ်လို့ Myanmar Youth Activists က တိုက်တွန်း ထားပါတယ်။ 

အခုလို လမ်းလျှောက်ချီတက်ဆန္ဒပြပွဲ လုပ်ဆောင်ရတာဟာ ပြည်သူ့အာဏာကို မတရားအကြမ်းဖက်ရယူထားပြီး ပြည်သူ တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်နေတဲ့ စစ်အာဏာရူးများကို အမြစ်ပြတ်ချုပ်ငြိမ်းသွားစေရေး တော်လှန်နေတာကို ကမ္ဘာက သိစေဖို့နဲ့ ပြည်တွင်းမှာရှိနေတဲ့ တော်လှန်ပြည်သူများ၊ ရဲဘော်များနဲ့အတူရှိနေကြောင်း ပြသ တာဖြစ်တဲ့အတွက် တောင်ကိုရီးယားရောက် တော်လှန်ညီအစ်ကိုမောင်နှများအားလုံး တတ်နိုင်တဲ့ဘက်က ဝန်းရံပေးကြဖို့ Myanmar Youth Activists -South Korea က နှိုးဆော်ထားပါတယ်။

ဘူဆန်မြို့ကနေ ဆိုးလ်မြို့တော်အထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်တာနဲ့ပတ်သက်လို့ အချိန်၊ နေရာ၊ နေ့ရက် စတဲ့ အသေးစိတ်အချက်တွေကို ဆက်လက်ထုတ်ပြန်သွားမှာဖြစ်ပြီး သပိတ်စစ်ကြောင်းတလျောက်လှုပ်ရှားမှုတွေကိုလည်း အဆက်မပြတ် ထုတ်လွှင့်ကြေညာသွားမယ်လို့ Myanmar Youth Activists -South Korea က ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ လားရှိုးက တိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခလရ-၂၉၁ တပ်ရင်းဌာနချုပ်ကို MNDAA သိမ်းပိုက် 


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခလရ-၂၉၁ တပ်ရင်းဌာနချုပ်ကို ဒီနေ့ ဇူလိုင် ရက် မနက်အစောပိုင်းမှာ ကိုးကန့်တပ်မတော်-MNDAA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီလို့ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာမှာရှိတဲ့ ခလရ-၂၉၁ တပ်ရင်းဌာနချုပ်ကို ကိုးကန့်တပ်မတော်-MNDAA က ဇူလိုင် ရက်က စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်အတွင်း သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။ 

တိုက်ပွဲစတဲ့နေ့မှာ စစ်တပ်ဘ်ကက ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ နမ့်ပေါင်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အရပ်သားတဦးသေဆုံးခဲ့ပြီး တဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ခလရ-၂၉၁ ဟာ ရမခ (နေ၀န်းနီ ကြက်ဥကြော်) ရဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်ဖြစ်ပါတယ်။ ခလရ-၂၉၁ ရဲ့ နောက်တန်းမှူးလို့ အလွယ်ခေါ်ကြတဲ့ ဌာနချုပ် တပ်ခွဲမှူးနဲ့ နောက်ချန်စစ်သည်အင်အားနဲ့ တပ်မဟာ ၁၆ (ယခင် စကခ ၁၆ သိန္နီ) တို့ ပူးပေါင်း ခံစစ်ဆင်နေပေမယ့် အမိန့်အရလားမသိ ဆုတ်ခွာသွားရပြီဖြစ်ပါတယ်လို့ CDM ဗိုလ်ကြီးဇင်ယော်က ဒီနေ့ ဇူလိုင်လ ရက် မနက်ပိုင်းမှာ အသိပေးပါတယ်။

တိုင်းစစ်ဌာနချုပ် ကျမှာစိုး‌တဲ့အတွက် ဆုတ်ခွာသွားတာမျိုးဖြစ်နိုင်ပြီး စစ်ဌာနချုပ်ကနေ ခံစစ်အသေပုံစံနဲ့ ခုခံတိုက်ခိုက် နိုင်တယ်လို့ ၎င်းက သုံးသပ်ထားပါတယ်။

စစ်ကောင်စီဘက်က လားရှိုးမြို့ကိုဗဟိုပြုပြီး ခံစစ်ပုံစံပြင်ဆင်ထားသလို ကိုးကန့်တပ်မတော်- MNDAA ကလည်း စစ်မျက်နှာ ခုဖွင့်ကာ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ခန့်မှန်းထားပါတယ်။

အခုလို တိုက်ပွဲတွေ တရက်ထက်တရက် ပိုမိုပြင်းထန်လာတဲ့အတွက် မြို့ခံတွေ အထူးသတိပြုနေကြဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

စစ်ကောင်စီဘက်က ဟိုင်ဂင်စာချုပ်အရ သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေးတောင်းဆိုချက်တွေကို လျစ်လျူရှုပြီး စတင်တိုက်ခိုက်လာတဲ့အတွက် တအာင်းတပ်မတော်-TNLA ကိုးကန့်တပ်မတော်- MNDAA တို့ ဦးဆောင်တဲ့ တော်လှန်ရေး အင်အားစုတွေက ရှမ်းပြည်မြောက်ပိုင်းက လားရှိုး၊သီပေါ၊ ကျောက်မဲ၊ နောင်ချိုနဲ့ မန္တလေးတိုင်းထဲက မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်မြို့နယ်တို့မှာရှိတဲ့ စစ်စခန်းတွေကို ဇွန်လ ၂၅ ရက်ကစပြီး ၁၀၂၇ စစ်ဆင်ရေး အပိုင်း- အဖြစ် ထိုးစစ် ဆင်တိုက်ခိုက်နေတာဖြစ်ပါတယ်။


========================


🚩🚩 ၂။ သထုံမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကတက်နက်ကြီးနဲ့ပစ်တာကြောင့် အိမ် ၆လုံးနဲ့ ဆိုင်ကယ်တစီး ပျက်စီး


မွန်ပြည်နယ် သထုံမြို့နယ်အတွင်းက အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် အိမ် လုံး၊ သာသနာ့အဆေအာက်အအုံ တလုံးနဲ့ ဆိုင်ကယ်တစီး ပျက်စီးခဲ့တယ်လို့ KNU- ဗဟိုက ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် ခြေမြန်တပ်ရင်းက ဇူလိုင်လ ရက်နေ့ မွန်းလွဲ နာရီ မိနစ် ၄ဝ ခန့်မှာ လက်နက်ကြီး လုံးပစ်ခတ်ခဲ့ရာ ဝီယော်ကျေးနယ်ထဲက ထုံးဘိုကြီးရွာထဲ လက်နက်ကြီးကျည်တလုံး ကျရောက်ပေါက်ကွဲ ခဲ့ပြီး အိမ် လုံး၊ သီလရှင်ကျောင်းက ဇရပ်တဆောင်နဲ့ ဆိုင်ကယ်တစီး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ဇွန်လ ရက်နေ့ နာရီဝန်းကျင်ခန့်ကလည်း စစ်ကောင်စီရဲ့ အမတ -၃၁၄ တပ်ရင်းက လက်နက်ကြီး လုံး ပစ်ခတ်ခဲ့ရာ ရွှေရောင်ပြကျေးနယ်က ရွှေရောင်ပြရွာအနီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အိမ် လုံး ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အမှတ် ခြေမြန်တပ်ရင်းဟာ သထုံမြို့နယ် ဝင်းပရွာမှာရှိတဲ့ ဒေသအခေါ် ဒညင်းကုန်းမှာ တပ်စွဲထားပြီး အမတ-၃၁၄ တပ်ရင်း စခန်းဟာ သထုံမြို့နယ် ဇီးဝန်းရွာက ဒေသအခေါ် ထီးဖိုးညခီး လက်နက်ကြီးကုန်းမှာ တပ်စွဲထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ လက်နက်ချအလင်းဝင်လာတဲ့ စစ်သား ဦးကို ကျပ်သိန်း ၂ဝ ချီးမြင့် 


ကရင်အမျိုးသားအစည်းအရုံး-KNU ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင်ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်သား ဦးကို ကျပ်သိန်း ၂ဝ ခန့် ချီးမြင့်ပေးအပ်ခဲ့တယ်လို့ KNU ဗဟိုက ဇူလိုင် ရက်မှာ ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ် ခမရ-၅၉၉ တပ်ရင်းကနေ လက်နက်ချအလင်းဝင်လာခဲ့တဲ့ တပ်သား စိုးသီဟ နဲ့ တပ်သား ညီညီနိုင်တို့ကို ဇူလိုင်လ ရက်နေ့မှာ ကြိုဆိုဂုဏ်ပြုတဲ့ အခမ်းအနား ပြုလုပ်ပေးခဲ့ပြီး ၎င်းတို့ကို ကျပ်သိန်း ၂၀ ခန့် ချီးမြင့် ပေးအပ်ခဲ့တာလို့ သိရပါတယ်။ 

ဒီစစ်သား ဦးဟာ ဇွန်လ ၂၅ ရက်နေက တာဝန်ကျတပ်စခန်းကနေစွန့်ခွာပြီး MA-1 လက်၊ ကျည်ဘောက် ခု၊ကျည် ၄၆၅ တောင့်၊ MG-5 မိုင်း လုံး၊ M-14 မိုင်း လုံး၊ ခွေးဗုံး လုံး၊ အီကွင်းမင့်တစုံ၊ MA-5 သေနတ်တိုတလက်နဲ့ ကျည် ၁၀ လုံး ယူဆောင်ကာ လက်နက်ချပူးပေါင်းခဲ့တာလို့ အသိပေးထားပါတယ်။

၎င်းတို့ ဦးဟာ မူတြော်ခရိုင် လူသောမြို့နယ် ဖားဝေါ်လိုးတပ်စခန်းအနီးမှာ တာဝန်ကျနေတဲ့ တပ်သားတွေဖြစ်ပြီး  တပ်စခန်းအတွင်း စားနပ်ရိပ်က္ခာမလုံလောက်မှု၊ ရေရှားပါးမှုနဲ့ နေရာထိုင်ခင်း အဆင်အပြေမှု၊ အထက်အရှာရှိများရဲ့ ဖိနှိပ်မှုတွေ‌ကြောင့် စစ်စခန်းကနေ စွန့်ခွာထွက်ပြေးပြီး လက်နက်ချအလင်းဝင်လာခဲ့တာဖြစ်ပါတယ်။

အလင်းဝင်းလာတဲ့ စစ်သား ဦးကို မူတြော်ခရိုင် တာဝန်ရှိသူတွေက ကောင်းမွန်စွာစောင့်ရှောက်ထားပြီး ၎င်းတို့ဆန္ဒအတိုင်း ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နိုင်ဖို့ အတတ်နိုင်ဆုံး စီစဉ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေစကြိုမြို့ပေါ်က စစ်အုပ်စုကို အလစ်အငိုက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦးသေဆုံး


မကွေးတိုင်း ရေစကြိုမြို့ပေါ် အမှတ် ရပ်ကွက် အထက ကျောင်းရှေ့မှာ သေနတ်ကိုင်ပြီး ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေကို အလစ်အငိုက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ဦး သေဆုံးသွား တယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောပါတယ်။ 

ရေစကြိုမြို့ပေါ်က အမှတ်- အခြေခံပညာအထက်တန်းကျောင်းရှေ့မှာ ကင်းစောင့်နေတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီး ဦးကို မနေ့ ဇူလိုင်လ ရက်နေ့ မနက် ၁၀ နာရီခွဲခန့်အချိန် ပြောက်ကျားနည်းဗျူဟာသုံးပြီး ပစ်ခတ်တိုက်ခိုက် တာလို့ သိရပါတယ်

အခုလို အလစ်အငိုက် တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်သားတဦးနဲ့ ပျူစောထီးတဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးသွား တယ်လို့ MBT တပ်ဖွဲ့က အသိပေးထားပါတယ်။

အဲဒီကျောင်းမှာ အခြားစစ်သားတွေနဲ့ ပျူစောထီးတွေရှိနေပေမယ့် ကျောင်းသား၊ကျောင်းသူတွေရှိနေတဲ့အတွက် ကင်းစောင့် နေတဲ့သူတွေကိုသာ တိုက်ခိုက်ခဲ့တာလို့လည်း သိရပါတယ်။ 

ကင်းစောင့်နေတဲ့စစ်အုပ်စု ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် ရောက်ရှိလာတဲ့ အကြမ်းဖက်စစ်သား၊ ရဲ၊ ပျူစောထီးတွေဟာ အနီးအနားမှာရှိတဲ့ ဒေသနေပြည်သူတွေကို ရိုက်နှက်စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကို Myingyan Black Tiger-MBT နဲ့အတူ YSO TPG မြို့ပြပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပလဖ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့တယ်လို့ Myingyan Black Tiger-MBT က ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment