10th AUG 2024 - Evening Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၁၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းတိုက်ပွဲဝင်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း

📌 ၂။ လားရှိုး ရမခကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော်ကို MNDAA ထပ်လွှတ် 

📌 ၃။ လားရှိုးမှာ သေလုမြောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို MNDAA ကယ်တင်


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ 

🚩 ၂။ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၇၆ မြို့ ထိရှိလာ

🚩 ၃။ သပိတ်ကျင်းနယ် စစ်တပ်ကင်းစင်နယ်မြေဖြစ်ဖို့ စစ်သင်တန်းကျောင်း ခုနဲ့ လက်ရုံးတပ်တခု သာကျန် 

🚩 ၄။ ရွှေဘိုနယ် မူးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး သေနတ် လက်ရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းတိုက်ပွဲဝင်ဖို့ KIO ဥက္ကဋ္ဌ တိုက်တွန်း


ဩဂုတ်လ၁၀ရက်


စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပူးပေါင်းတိုက်ပွဲဝင်ကြဖို့နဲ့  ကျဆုံးသွားတဲ့ တော်လှန်ရေးရဲဘော်တွေကို လေးစားတန်ဖိုးထားပြီး ၎င်းတို့ရဲ့ မပြီးဆုံးသေးတဲ့ တော်လှန်ရေးတာဝန်တွေကို ဝိုင်းဝန်း ထမ်းဆောင်ကြဖို့ ကချင်လွတ်လပ်ရေးအဖွဲ့-KIO ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဒီနေ့ ဩဂုတ် ၁၀ရက်မှာ ကျရောက်တဲ့ ကချင်အာဇာနည်နေ့မှာ KIO ဥက္ကဋ္ဌက ကချင်ဘာသာနဲ့ မိန့်ခွန်းပြောခဲ့တာကို KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူက ပြန်လည်ရှင်းပြပေးခဲ့တာဖြစ်ပါတယ်။

ကချင်ပြည်နယ်ဘက်မှာ တိုက်ပွဲဝင်နေတဲ့အချိန် ကျနော်တို့ကို ကူညီပံ့ပိုးသွားကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ အားလုံး ကိုလည်း အထူးပဲ ကျေးဇူးတင်ရှိကြောင်းနဲ့ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးအတွက် လက်နက်ကိုင် အဖွဲ့အစည်းတွေ အားလုံး ပူးပေါင်းလုပ်ဆောင်ရမယ်လို့ တိုက်တွန်းထားပါတယ်။ 

ဒါ့အပြင် တော်လှန်ရေးကာလအတွင်း ကျဆုံးသွားတဲ့ ရဲဘော်တွေကို တန်ဖိုးထားဖို့နဲ့ ၎င်းတို့ရဲ့ မိသားစုတွေကို ကူညီစောင့်ရှောက်ဖို့လည်း KIO ဥက္ကဋ္ဌက မှာကြားခဲ့တယ်လို့ သိရပါတယ်။

ဒီနှစ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပေမယ့် စစ်ရေးတာဝန်မပြီးဆုံးသေးတဲ့အ တွက် စစ်ကောင်စီရဲ့ လေကြောင်းရန်ကို သတိထားကြဖို့လည်း KIO ဥက္ကဋ္ဌက သတိပေးခဲ့ပါတယ်။

ဒါ့အပြင် ကချင်တိုင်းရင်းသားအချင်းချင်းကြား သွေးထွက်သံယို မဖြစ်စေရေး စည်းရုံးကြဖို့နဲ့ စစ်ကောင်စီလက်အောက်ခံ မလုပ်ဖို့ BGF နဲ့ပြည်သူ့စစ်များကို စည်းရုံးကြဖို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်းထားပါတယ်။

KIO ဟာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူလူထုဘက်ကရပ်တည်ပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ပွဲဝင် နေတဲ့ တော်လှန်ရေးတပ်တခုဖြစ်ပြီး ၂၀၂၃ နှစ်ကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်စခန်းတွေကိုသိမ်းပိုက်နိုင်ဖို့ စစ်ဆင်ရေး အရှိန်ကို တဆင့်ပြီး တဆင့်ဆင်နွှဲခဲ့ရာ ကချင်ပြည်နယ်အပါအဝင် ကချင်နဲ့ရှမ်းမြောက်အစပ်မှာရှိတဲ့ စစ်တပ်စခန်းများစွာကို သိမ်းပိုက်ရရှိထားသလို စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းအတွင်းက စစ်ဆင်ရေးတွေမှာလည်း PDF တွေ အခြားတော်လှန်ရေး တပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေတဲ့ အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပါတယ်။

ဩဂုတ်လ ၁၀ ရက်တွင် ကျရောက်တဲ့ ၄၇ ကြိမ်မြောက် ကချင်အာဇာနည်နေ့အခမ်းအနားကို KIO ဌာနချုပ်ရှိရာ လိုင်ဇာမှာ ကျင်းပခဲ့တာဖြစ်ပါတယ်။

၁၉၇၅ ခုနှစ် သြဂုတ်လ ၁၀ ရက်က ထိုင်း-မြန်မာနယ်စပ်မှာ လုပ်ကြံခံခဲ့ရတဲ့ KIO/KIA အဖွဲ့ကို စတင်ထူထောင်သူ ဗိုလ်ချုပ် ဇော်ဆိုင်း ကျဆုံးခဲ့တဲ့နေ့ကို ကချင်အာဇာနည်နေ့အဖြစ် သတ်မှတ်ထားတာလို့ သိရပါတယ်။


========================


📌📌 ၂။ လားရှိုး ရမခကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော်ကို MNDAA ထပ်လွှတ် 


ဩဂုတ်လ၁၀ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ မှာအခြေစိုက်တဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၃၈ ဦးကို MNDAA နဲ့ PDF ပူးပေါင်းတပ်တွေက တတိယအကြိမ်မြောက် ထပ်မံလွှတ်ပေးလိုက်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီက သိရပါတယ်။

လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကနေ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၃၈ ဦးကို MNDAA နဲ့ PDF ပူးပေါင်းတပ်က ဩဂုတ်လ ရက်မှာ တတိယအကြိမ်မြောက်အဖြစ် ထပ်မံလွှတ်ပေးလိုက်တာဖြစ်ပြီး စစ်သုံ့ပန်း မိသားစုဝင်တွေကို SSPP တပ်ဖွဲ့က လာရောက်ခေါ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

စစ်သုံ့ပန်း မိသားစုဝင်တွေကို ဩဂုတ်လ ရက်နေ့စပြီး ပြန်လွှတ်ပေးခဲ့တာ ပထမအကြိမ်မှာ ၃၆၀ ဦး၊ ဩဂုတ်လ ရက် မှာ ဒုတိယအကြိမ်အဖြစ် ၄၄၅ ဦးနဲ့ ဩဂုတ်လ ရက်မှာ တတိယအကြိမ်အဖြစ် ၃၃၈ ဦး ထပ်မံလွှတ်ပေးခဲ့တာကြောင့် လွှတ်ပေးလိုက်တဲ့ စစ်သုံ့ပန်းမိသားစုဝင် ၁၁ဝဝ ကျော်ရှိသွားပြီဖြစ်ပါတယ်။

နေဝန်းနီတပ်လို့ ထင်ရှားခဲ့တဲ့ စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA တပ်ဖွဲ့က အခုလ သြဂုတ် ရက် မွန်းတည့် ၁၂ နာရီ ကျော်အချိန်မှာ အပြည့်အဝသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်တွေကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီလို့ MNDAA က ကြေညာထားပြီးဖြစ်ပါတယ်။


========================


📌📌 ၃။ လားရှိုးမှာ သေလုမြောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို MNDAA ကယ်တင်


ဩဂုတ်လ၁၀ရက်


ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်မှာ သေလုမြောပါးဖြစ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို ရှာဖွေတွေ့ရှိခဲ့ပြီး ဆေးကုသပေးထားတယ်လို့ ကိုးကန့်တပ် MNDAA က ထုတ်ပြန်ပါတယ်။ 

လားရှိုးမြို့မှာရှိတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို မဟာမိတ်တပ်တွေက စစ်ဆေးနေချိန် သြဂုတ် ရက်မှာ ရှာဖွေ တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။ 

ဘန်ကာတခုအောက်မှာပုန်းခိုနေတဲ့ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ချိန်မှာ ၎င်းတို့ဟာ အစားရေစာ ပြတ်တောက်မှု၊ အအေးမိခြင်းနဲ့ အနာပိုးဝင်ခြင်း စတဲ့ဝေဒနာတွေခံစားနေရပြီး သေလုမြောပါးဖြစ်နေတဲ့အနေအထားနဲ့ တွေ့ရှိခဲ့တာကို ရုပ်သံမှတ်တမ်းနဲ့တကွ အသိပေးထားပါတယ်။

ဒါကြောင့် ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို MNDAA တပ်ဖွဲ့က ကျန်းမာရေးဆိုင်ရာ စစ်ဆေးမှုတွေပြုလုပ်နိုင်ဖို့နဲ့ ဆေးကုသမှု ပေးနိုင်ဖို့ နောက်တန်းဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ပြောပါတယ်။ 

နိုင်ငံတကာဥပဒေများအရ စစ်ပွဲအတွင်း ဒဏ်ရာရထားတဲ့စစ်သည်တွေ စစ်သုံ့ပန်းတွေနဲ့အရပ်သားတွေကို လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ကုသမှုနဲ့အကာအကွယ်ပေးဖို့ ၂ဖက်စလုံးမှာ တာဝန်ရှိပြီး အခြေခံလူ့ဂုဏ်သိက္ခာနဲ့ အခွင့်အရေးများကို အကာအကွယ်ပေးဖို့လည်း  ၂ဖက်စလုံးမှာ တာဝန်ရှိတယ်လို့ MNDAA က ထောက်ပြထားပါတယ်။ 

MNDAA အနေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေကို လက်ကိုင်ထားပြီး တိုက်ပွဲအတွင်း အရပ်သားတွေနဲ့ စစ်သုံ့ပန်းတွေအတွက် သက်ဆိုင်တဲ့ ဦးစားပေးဆက်ဆံမှု မူဝါဒများချမှတ်ကာ စစ်သုံ့ပန်းများကို အကာ အကွယ်ပေးနေ တယ်လို့လည်း အသိပေးထားပါတယ်။

ဒါပေမဲ့ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ အာဏာသိမ်းစစ်တပ်ဟာ တိုက်ပွဲအတွင်း ဒဏ်ရာရခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကို အကာအကွယ်မပေးတဲ့အပြင် စစ်နယ်မြေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့နေရာတွေ ကို လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ကြိမ်ဖန်များစွာပြုလုပ်ခဲ့တာကြောင့် အရပ်သားပြည်သူများစွာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ 


ဩဂုတ်လ၁၀ရက်


မန္တလေးတိုင်းထဲက နွားထိုးကြီးမြို့ ပေါ်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်နေတယ်လို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

မနေ့ သြဂုတ်လ ရက် ညပိုင်းကစပြီး နွားထိုးကြီးမြို့မရဲစခန်းနဲ့ထွေအုပ်ရုံးအပါအယင် မြို့အရှေ့ဘက်မှာရှိတဲ့ ဓာတ်ငွေ့ပိုက်လိုင်းစောင့် စစ်ကောင်စီတပ်ကို ဒေသတွင်း PDF များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲစတင်ခဲ့တာ လို့ ဆိုပါတယ်။

ဒီနေ့ ဩဂုတ်လ ၁ဝ ရက် မနက် ၁ဝ နာရီခန့်အချိန်မှာတော့ စစ်ကောင်စီဘက်က လေယာဉ်တွေနဲ့ ဗုံးလာကြဲတဲ့အပြင် လက်နက်ကြီးတွေနဲ့ပါ ဆက်တိုက်ပစ်ခတ်နေတယ်လို့လည်း ပြောပါတယ်။ 

တိုက်ပွဲကြောင့် နွားထိုးကြီးမြို့ပေါ်က ဒေသခံပြည်သူတွေပိတ်မိနေပြီး လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ထိခိုက်မှုအခြေ အနေကို မသိရသေးဘူးလို့ ဒေသနေပြည်သူတွေကလည်း ဒေသတွင်းသတင်းဌာနတွေကို ပြောထားပါတယ်။   

ဒါကြောင့် နွားထိုးကြီး-မြင်းခြံလမ်းပိုင်းကို ဖြတ်သန်းသွားလာတာမလုပ်ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သတိပေးထား ပါတယ်။ 

စစ်ကောင်စီရဲ့ ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာ နွားထိုးကြီးမြို့ကနေ မြင်းခြံဘက်ထွက်တဲ့ဂိတ် ကျသွားပြီလို့ ရေးသား ဖော်ပြနေသလို တောင်သာမြို့နယ် ဝဲလောင်ဓာတ်အားခွဲရုံမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း PDF တွေ ဝင်ရောက်တိုက်ခိုက်တာကြောင့် တပ်ကြပ်ကြီးတဦးနဲ့ အုပ်ချုပ်ရေးမှူးတဦး သေဆုံးကာ ပြည်သူ့စစ်တပ်ဖွဲ့ဝင် ဦး ဖမ်းဆီး ခံထားရတယ်လို့ ရေးသားဖော်ပြနေကြပါတယ်။

အလားတူ မြင်းခြံမြို့ပေါ်က စစ်ကောင်စီတပ်စခန်းချရာနေရာတွေကို တော်လှန်ရေးတပ်တွေက ဒီနေ့ မနက် နာရီခန့်က စပြီး ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း စစ်ကောင်စီ တယ်လီဂရန်ချန်နယ်တွေမှာ ဖော်ပြနေကြပါတယ်။ 

နွားထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်စခန်း အားလုံးနီးပါးကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်နေတာဖြစ်ပြီး လတ်တလောမှာ နွားထိုးကြီးမြို့ပေါ်က အခြေအနေကို အတိအကျမသိနိုင်သေးဘူးလို့ မြင်းခြံခရိုင် အမှတ် တပ်ရင်းက ဒီနေ့ မွန့်တည့် ၁၂ နာရီ ဝန်ကျင်မှာ ပြောထားပါတယ်။


========================


🚩🚩 ၂။ တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့မြို့ပေါင်း ၇၆ မြို့ ထိရှိလာ


ဩဂုတ်လ၁၀ရက်


တအာင်းတပ် TNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ကျောက်မဲမြို့မှာ နောက်ဆုံးကျန်နေတဲ့ စစ်ဆင်ရေးကွပ်ကွဲမှု ဌာနချုပ် -စကခ အမှတ် ၅၀၁နဲ့ ၅၀၂ ခြေမြန်တပ်ရင်းတွေကို သြဂုတ်လ ရက် ၁၀ နာရီကျော်မှာ အပြီးသတ် သိမ်းပိုက် နိုင်ခဲ့တာကြောင့် ကျောက်မဲမြို့ နဲ့ ကျောက်မဲမြို့နယ်ဟာ စစ်ကောင်စီတပ် ကင်းစင်သွားပြီဖြစ်ပြီး တော်လှန်ရေး တပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၇၆ မြို့အထိရှိလာပြီဖြစ်ပါတယ်။ 

တော်လှန်ရေးတပ်တွေ သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်ပေမယ့် သတင်းမထုတ်ပြန်သေးတဲ့အတွက် အခု စာရင်းမှာမပါ သေးတဲ့ မြို့တွေလည်း ကျန်ရှိနိုင်ပါသေးတယ်။

လက်ရှိမှာ စစ်ကောင်စီတပ်ဟာ ၎င်းတို့ ဆုံးရှုံးထားတဲ့မြို့တွေထဲက နောင်ချိုမြို့နယ်ကို စစ်ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်တိုက်ပြန်ဖြစ်နေသလို တော်လှန်ရေးတပ်တွေကလည်း စစ်ကူလာတဲ့လမ်းကြောင်းတွေကို ဖြတ်တောက် နိုင်ဖို့ ရှမ်းတောင်ကိုဦးတည်တဲ့ စစ်ဆင်ရေးတွေ စလုပ်လာပြီဖြစ်ပါတယ်။ 

ဒါ့အပြင် ရခိုင့်တပ်တော်ကလည်း မောင်တောနဲ့ သံတွဲမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ လက်ကျန်စစ်တပ်စခန်းတွေကို အပြင်းအထန် ထိုးစစ်ဆင်နေသလို ချင်းပြည်နယ်မှာလည်း CNA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ထန်တလန်မြို့ကို သိမ်းပိုက်နိုင်ဖို့ မြို့ထဲမှာ နောက်ဆုံးကျန်နေတဲ့ စစ်ကောင်စီတပ်ကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ သပိတ်ကျင်းနယ် စစ်တပ်ကင်းစင်နယ်မြေဖြစ်ဖို့ စစ်သင်တန်းကျောင်း ခုနဲ့ လက်ရုံးတပ်တခု သာကျန် 


ဩဂုတ်လ၁၀ရက်


မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ် အကြမ်းဖက်စစ်တပ် ကင်းစင်နယ်မြေဖြစ်ဖို့ စစ်သင်တန်းကျောင်း ခုနဲ့ လက်ရုံးတပ် တခုသာကျန်တော့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သပိတ်ကျင်းမြို့နယ်ထဲမှာရှိတဲ့ ခလရ-၁၄၈ တပ်ရင်းနဲ့ စစ်တပ်စခန်း ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့ပြီဖြစ်တာကြောင့် တော်လှန်ရေးသတင်းရင်းမြစ်တွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောတာဖြစ်ပါတယ်။ 

ဩဂုတ်လ ရက်နေ့ ညနေ နာရီခန့်အချိန်မှာပဲ TNLA နဲ့ မိုးကုတ်ဗျူဟာအပါအဝင် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်တွေက အကြမ်းဖက်စစ်တပ်ရဲ့ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်း ဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ သပိတ်ကျင်းမြို့နယ်အတွင်းက ကျေးရွာတွေမှာတပ်စွဲထားတဲ့ စစ်တပ်စခန်း ခုကိုလည်း အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က ထုတ်ပြန်ထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေးဟာ သပိတ်ကျင်းမြို့နယ်မှာရှိတဲ့ ကွင်း ၃၀ ရွာ၊ လက်ပံပြန့်ရွာ၊ ဖိုကုန်း၊ ဝက်သေ နဲ့ ဖက်ရှည်ရွာက တပ်စခန်းတို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

လက်ရှိမျာ သပိတ်ကျင်းမြို့နယ်အတွင်းမှာ ကျန်ရှိနေတဲ့ စစ်ရေးပစ်မှတ်တွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေဆဲဖြစ်ပါတယ်။

သပိတ်ကျင်းမြို့နယ်မှာ ခလရ ၁၄၈ အမှတ် သုတေသနတပ်ရင်း၊ အမှတ် ၂၀  စစ်ဆေးရုံ ကုတင် ၁၀၀ တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း-တတက-၁၃၊ အမှတ် စစ်အခြေခံ လေ့ကျင့်ရေးတပ်-စခတ- တပ်တို့ရှိပြီး တော်လှန်ရေး တပ်တွေ သိမ်းပိုက်လိုက်တဲ့ ခလရ ၁၄၈ ဟာ ဒေသတွင်းမှာ အကြီးဆုံးသော ခြေလျင်တပ်ရင်းလို့ သိရပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုနယ် မူးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးပြီး သေနတ် လက်ရရှိ


ဩဂုတ်လ၁၀ရက်


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ဇီးကုန်းလေးရွာက အကြမ်းဖက်စစ်တပ်ရဲ့ မူးတံတားစစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦးသေဆုံးပြီး သေနတ် လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ရွှေဘိုမြို့နယ် တိုက်နယ် - ပကဖ Golden Future Force-Shwebo အဖွဲ့က ပြောပါတယ်။

ရွှေဘိုနယ် ဇီးကုန်းလေးပျူစောထီးရွာက အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ ကင်းယူထားတဲ့ မူးတံတားဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက မနေ့ ဩဂုတ်လ ရက် မနက် နာရီခန့်အချိန်မှာ အနီးကပ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ခိုက်မှုအတွင်း သေဆုံးသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက G-3 သေနတ်တလက် ကျည် ၁၀၁ တောင့်နဲ့ M-1 ကာဘိုင် တလက် ကျည် ၇၀ တောင့် သိမ်းဆည်းနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။

ဒီစစ်ဆေရေးဂိတ်ကို တော်လှန်ရေးတပ်ဖွဲ့တွေ ပထမအာကိမ်တိုက်ခိုက်ခဲ့စဉ်က လက်နက်ခဲယမ်းတွေမရခဲ့တာကြောင့် ဒုတိယအကြိမ် ထပ်မ့တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် တိုက်နယ်- ပကဖ Golden Future Force-Shwebo နဲ့ Golden Heroes Force-Shwebo တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ -PDO နဲ့ နယ်မြေခံတပ်ဖွဲ့ဖြစ်တဲ့ ဘီလူးညီနောင် ပကဖ အဖွဲ့တို့က ဖြတ်တောက်ရေးကာကင်းအဖြစ် ပူးပေါင်းပါဝင်ပေးခဲ့တာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment