၂၀၂၄ သြဂုတ်လ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ နွေဦးတော်လှန်ရေးကြီးတွင် ကိုယ်ကျိုး စီးပွားနှင့် အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ နိုင်ရာတာဝန်များကို တက်ကြွ စွာ ပါဝင်ထမ်းဆောင်နေကြသော လူငယ်များအားလုံးကို ဂုဏ်ပြုဦးညွှတ်အပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
📌 ၂။ (၇၄) နှစ်မြောက် ကရင်အာဇာနည်နေ့သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့
📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့အနာဂါတ်ဟာ ပါဝင်နေတဲ့ တပ်မှူးတပ်သားတွေရဲ့ အသိတရားရှိမှု၊ မရှိမှု အပေါ်မှာ မူတည်နေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးသတိပေးဆို
📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကျင်းပမည်
၂၀၂၄ ခုနှစ် သြဂုတ်လ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်း တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း(၉)ခုထိ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့မန္တလေးPDFအသိပေး
🚩 ၂။ တောင်သာမြို့ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်နဲ့ဗုံးကြဲ
🚩 ၃။ မြင်းခြံခရိုင်အတွင်းရှိ Myingyan Black Tiger (MBT)၏ စစ်ကြောင်း (၁) နယ်မြေအတွင်း သတင်းရယူရန် အရပ်ဝတ်ဖြင့်ဝင်ရောက်လာသော စကစတပ်၏ ရဲတပ်သားတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးအားဖမ်းဆီးရမိပြီး တဦးမှာခုခံထွက်ပြေး၍အသေဖမ်းဆီးရမိ
🚩 ၄။ စစ်တပ်ရဲ့မတရားမှုကို ဆန့်ကျင်လိုတဲ့ လူငယ်တွေအနေနဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့-၁ Page Messengerမှတဆင့်ဆက်သွယ်ချိတ်ဆက်နိုင်
🚩 ၅။ ဝက်ကျ-ဂေါက်ကွင်းလမ်းပိုင်း ည၇နာရီကနေမနက်၅နာရီအထိ ဖြတ်သန်းသွားလာခြင်းလုံးဝခွင့်မပြုကြောင်းမြိုင်ပကဖကလမ်းပိုင်းဆိုင်ရာအသိပေး
🚩 ၆။ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတချို့မှာ ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရန် ဒဂုံတက္ကသိုလ်များသမဂ္ဂမှ လေကြောင်းအန္တရာယ် အသိပညာပေး လှုပ်ရှား
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ နွေဦးတော်လှန်ရေးကြီးတွင် ကိုယ်ကျိုး စီးပွားနှင့် အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ နိုင်ရာတာဝန်များကို တက်ကြွ စွာ ပါဝင်ထမ်းဆောင်နေကြသော လူငယ်များအားလုံးကို ဂုဏ်ပြုဦးညွှတ်အပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား
သြဂုတ်လ၁၂
နွေဦးတော်လှန်ရေးကြီးတွင် ကိုယ်ကျိုး စီးပွားနှင့် အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ နိုင်ရာတာဝန်များကို တက်ကြွ စွာ ပါဝင်ထမ်းဆောင်နေကြသော လူငယ်များအားလုံးကို ဂုဏ်ပြုဦးညွှတ်အပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ဩဂုတ်လ (၁၂) ရက်မှာကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အခမ်းအနားသို့ ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာမှာ ဆိုထားပါတယ်။
အရပ်သားအစိုးရ၏ဦးဆောင်မှုဖြင့် ဒီမိုကရေစီခရီးကို အရှိန်မြှင့်တင်မောင်းနှင်ရန် ကြိုးပမ်းနေသည့်မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စု၏ အဓမ္မအာဏာလုယူရန် ကြိုးပမ်းမှုကြောင့် မျိုးဆက်သစ် လူငယ်လူရွယ်(Generation-Z)များအပါအဝင် တစ်နိုင်ငံလုံးရှိပြည်သူများ၏ အနာဂတ် ဘဝရည်မှန်းချက်များ ပျက်သုန်းသွားခဲ့ရသည်။ လွတ်လပ်မှု၊ ရဲရင့်မှု၊ တီထွင်ဆန်းသစ်ကြံဆမှုတို့ ပြည့်ဝသော လူငယ်များ၏အခန်းကဏ္ဍသည် နိုင်ငံတစ်နိုင်ငံအောင်မြင်တိုးတက်မှုအတွက် အလွန် အရေးပါသော အခန်းကဏ္ဍတွင်ရှိတယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
ထိုကဲ့သို့သော ဘဝရည်မှန်းချက်များနှင့် အခွင့်အရေး များကို စစ်အာဏာရှင်လူတစ်စု၏ စနစ်တကျ ချိုးဖျက်တားဆီးခြင်းခံရသဖြင့် မြန်မာနိုင်ငံနေရာ ဒေသအနှံအပြားမှ လူငယ်လူရွယ်များစွာတို့သည် ပြည်သူ့နွေဦးတော်လှန်ရေးတွင် ဆုံးဖြတ်ချက် ခိုင်မာရဲရင့်စွာ ပါဝင်ဆင်နွှဲခဲ့ကြရာ ထိုလူငယ်များ၏ ပြင်းပြသောစိတ်ဓာတ်နှင့် စွမ်းဆောင်ရည်တို့ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ကြရပြီးဖြစ်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။
မြန်မာနိုင်ငံ၏ အနာဂတ်သည် ထိုကဲ့သို့ရဲရင့်သော လူငယ်များ၏ လက်ထဲတွင်ရှိနေပြီး ယနေ့ဆင်နွှဲနေကြသော နွေဦးတော်လှန်ရေးကြီးတွင် ကိုယ်ကျိုး စီးပွားနှင့် အသက်ကို ပဓာနမထားဘဲ ဘက်ပေါင်းစုံ ကဏ္ဍပေါင်းစုံမှ နိုင်ရာတာဝန်များကို တက်ကြွ စွာ ပါဝင်ထမ်းဆောင်နေကြသော လူငယ်များအားလုံးကို ဂုဏ်ပြုဦးညွှတ်အပ်တယ်လို့ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုထားပါတယ်။
========================
📌📌 ၂။ (၇၄) နှစ်မြောက် ကရင်အာဇာနည်နေ့သဝဏ်လွှာကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကပေးပို့
ဩဂုတ်လ ၁၂ ရက်
သြဂုတ်လ၁၂ရက်မှာကျရောက်တဲ့ (၇၄) နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။
ကရင်အမျိုးသားများအတွက် ကိုယ်ပိုင်လွတ်လပ်ခွင့်၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ခွင့်နှင့် တန်းတူညီမျှမှုရရှိရေးတို့အတွက် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရင်း ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီးနှင့်အတူ ကရင်တိုင်းရင်းသား ရဲဘော်များ ကျဆုံးခဲ့ သည့် ၁၉၅၀ ပြည့်နှစ်၊ ဩဂုတ်လ (၁၂) ရက်နေ့ကို ကရင်အာဇာနည်နေ့အဖြစ် သတ်မှတ်ကျင်းပ လာခဲ့ကြသည်မှာ ယနေ့အချိန်တွင် (၇၄) နှစ် ပြည့်မြောက်ခဲ့ပြီ ဖြစ်တယ်လို့ဖော်ပြပါတယ်။
ယနေ့ကျရောက်သည့် (၇၄) နှစ်မြောက် ကရင်အာဇာနည်နေ့ အချိန်အခါသမယတွင် ကရင်အမျိုးသားခေါင်းဆောင်ကြီးများ၊ ကရင်တိုင်းရင်းသားများအနေဖြင့် ကရင်တစ်မျိုးသားလုံး၏ နိုင်ငံရေးရည်မှန်းချက်အား အမြန်ဆုံး အကောင်အထည်ဖော်ဆောင်ရွက်နိုင်ပါစေကြောင်းနှင့် ညီနောင်တိုင်းရင်းသားအင်အားစုများနှင့် တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးက စစ်အာဏာရှင် စနစ်ဆိုးလက်အောက်မှ အမြန်ဆုံးလွတ်မြောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက် သွားနိုင်ရေး ကြိုးပမ်းနေသည့် လက်ရှိ နွေဦးတော်လှန်ရေးကြီးတွင်လည်း အားအင်အပြည့်ဖြင့် ဆက်လက်ပါဝင်နိုင်ပါစေကြောင်း လေးလေးနက်နက် ဆန္ဒပြုအပ်ပါတယ်လို့ဆိုပါတယ်။
ပြည်တွင်း၊ ပြည်ပရှိ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ ပံ့ပိုးပါဝင်နေမှုနှင့်အတူ သွေးချင်း ညီနောင်တိုင်းရင်းသား အင်အားစုအသီးသီးက နှစ်ပေါင်း (၇၀) ကျော်ကြာ သက်ဆိုးရှည်ကြာခဲ့ သော စစ်အာဏာရှင်စနစ်ဆိုးကို တွဲလက်ညီညီ ပူးပေါင်းတော်လှန်နေခြင်းကြောင့် ယနေ့အချိန်တွင် အောင်မြင်မှုများစွာ ရရှိနေပြီဖြစ်ပြီး ပြည်သူအားလုံး၏ စုစည်းခိုင်မာမှုအင်အားသည် ယုံကြည် ချက် ပန်းတိုင်ဆီသို့ အရောက်လှမ်းနိုင်ရန် တွန်းအားတစ်ခုပင်ဖြစ်ကာ တည်ဆောက်ခဲ့ပြီးသော စုဖွဲ့မှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ကို တိုးမြှင့်ခြင်းအားဖြင့် မိမိတို့အားလုံး မျှော်လင့်နေသည့် အကြမ်းဖက်စစ်အာဏာရှင်စနစ်ကင်းစင်ပြီး အေးချမ်းတည်ငြိမ်သော အနာဂတ်နိုင်ငံတော်သစ်ကို အချိန်တိုတိုအတွင်း တည်ဆောက်သွားနိုင်မည်ကို အခိုင်အမာယုံကြည်တယ်လို့ဖော်ပြပါတယ်။
မိမိတို့၏ ပန်းတိုင်အား ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်သည့် ယခုအချိန်တွင် တော်လှန်ရေး အင်အားစုများအချင်းချင်းအကြား အပြန်အလှန်အသိအမှတ်ပြုမှု၊ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊ စည်းလုံးညီညွတ်မှုတို့နှင့်အတူ ဆက်လက်လျှောက်လှမ်းသွားကြရမည်ဖြစ်ပြီး မိမိတို့အနေ ဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မျှော်လင့်ကြိုးပမ်းနေကြသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်သွားနိုင်ရေးအတွက် တော်လှန်ရေးအင်အားစုများအားလုံးနှင့်အတူ ဆက်လက်လက်တွဲကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကာ ကရင်အာဇာနည်ခေါင်းဆောင်ကြီးများ ၏ တာဝန်ယူဆောင်ရွက်မှုများ၊ အမြော်အမြင်ကြီးမားမှုများ၊ အသက်ခန္ဓာရင်းနှီးပေးဆပ်မှု၊ စွန့်လွှတ် အနစ်နာခံမှုတို့အား လေးမြတ်စွာ ဦးညွှတ်လျက် ဤ (၇၄)နှစ်မြောက် ကရင်အာဇာနည်နေ့ သဝဏ်လွှာ အား ဂုဏ်ယူစွာ ထုတ်ပြန်အပ်တယ်လို့ဖော်ပြပါရှိပါတယ်။
========================
📌📌 ၃။ အကြမ်းဖက်စစ်တပ်ရဲ့အနာဂါတ်ဟာ ပါဝင်နေတဲ့ တပ်မှူးတပ်သားတွေရဲ့ အသိတရားရှိမှု၊ မရှိမှု အပေါ်မှာ မူတည်နေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးသတိပေးဆို
သြဂုတ်လ၁၂ရက်
အကြမ်းဖက်စစ်တပ်ရဲ့အနာဂါတ်ဟာ ပါဝင်နေတဲ့ တပ်မှူးတပ်သားတွေရဲ့ အသိတရားရှိမှု၊ မရှိမှု အပေါ်မှာ မူတည်နေတယ်လို့ NUGကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကသတိပေးဆိုပါတယ်။
ပြည်သူများသို့ အောင်စကား အစီအစဥ် ကောက်နှုတ်ချက်ကိုသြဂုတ်လ၁၂ရက်ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။
"ဒီစကစစစ်တပ်ရဲ့ အနာဂတ်ဆိုတာကတော့ ဒီစစ်တပ်ထဲမှာ ပါဝင်နေတဲ့ တပ်မှူးတပ်သားတွေရဲ့ အသိတရားရှိမှု၊ မရှိမှု ဒီအပေါ်မှာပဲ မူတည်လိမ့်မယ်"လို့ဝန်ကြီးကဆိုပါတယ်။
စစ်အုပ်စုရဲ့အကြမ်းဖက်ခေါင်းဆောင်များဟာ ယနေ့အချိန်အထိအသိတရားခေါင်းထဲမဝင်သေးဘူးလို့ ကာကွယ်ရေးဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။
လက်ရှိမှာတော်လှန်ရေးအက်အားစုကအပြီးအပိုင်သိမ်းပိုက်ထားသောမြို့၇၅မြို့ရှိကြောင်းသိရပါတယ်။
========================
📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကျင်းပမည်
သြဂုတ်လ၁၂ရက်
သြဂုတ်လ၁၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန နှင့် မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့် ပြည်သူ့ဆက်ဆံရေးယူနစ် တို့မှ ကြီးမှူးကျင်းပသော သတင်းစာရှင်းလင်းပွဲတရပ်ကို ကျင်းပသွားမယ်လို့သိရပါတယ်။
ရှင်းလင်းပွဲတွင် ပညာရေးဝန်ကြီးဌာန၏ အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ သက်မွေးပညာကဏ္ဍနှင့် ဆရာအတတ်ပညာကဏ္ဍတို့အတွက် တော်လှန်ရေးကာလအတွင်းဆောင်ရွက်နေမှုများ၊ ရှေ့ဆက်ဆောင်ရွက်သွားမည့် ဖက်ဒရယ်ဒီမိုကရေစီပညာရေး အကောင်အထည်ဖော်ဆောင်ရွက်ချက်များအား သတင်းမီဒီယာများမှတဆင့် အများပြည်သူသို့တင်ပြမှာဖြစ်တယ်လို့သိရပါတယ်။
သတင်းစာရှင်းလင်းပွဲကို Zoom Online Platformမှတဆင့်ကျင်းပမည်ဖြစ်ပြီး သတင်းဌာနများမှ တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်း တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း(၉)ခုထိ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့မန္တလေးPDFအသိပေး
ဩဂုတ်လ (၁၂)ရက်
သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်း တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ခဲ့ပြီးနောက် သပိတ်ကျင်းမြို့နယ်အတွင်း တပ်စခန်း(၉)ခုထိ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)PDFက သြဂုတ်လ၁၂ရက်မှာ တရားဝင်အသိပေးဆိုပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ်လ (၁၁)ရက်နေ့တွင် သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်း တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သောကြောင့် သပိတ်ကျင်းမြို့နယ်အတွင်း၌ တပ်စခန်း(၉)ခုထိ သိမ်းပိုက်ရရှိထားပြီးဖြစ်တယ်လို့ဖော်ပြပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိတယ်လို့အသိပေးဆိုပါတယ်။
========================
🚩🚩 ၂။ တောင်သာမြို့ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုမှ လေယာဉ်နဲ့ဗုံးကြဲ
သြဂုတ်လ၁၂ရက်
သြဂုတ်လ၁၂ရက်မှာ လူထုလှုပ်ရှားမှု့ကော်မတီ တောင်သာက အခုလို အတည်ပြုဖော်ပြပါတယ်။
"ယမန်နေ့ည ၁၁း၃၄မိနစ်ခန့်ကတောင်သာမြို့ လှည်းကူးမအုပ်စု ၊ ပြဿဒ်ကြီးကျေးရွာ ကမ်းပါးယံဘုန်းတော်ကြီးကျောင်းကို အကြမ်းဖက်စစ်အုပ်စုမှ လေယဉ်နဲ့ဗုံးကြဲခဲ့ပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်မှာ ဘာသာရေးကို အလေးမထားပဲ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းမှာ လူစိတ်ပျောက်နေသော ဘီလူးတပ်ကဲ့သို့ဖြစ်နေပါတယ်"လို့ဆိုပါတယ်။
လေကြောင်းတိုက်ခိုက်ခံရပြီးကျောင်းထိုင်ဆရာတော်နှင့်အတူ ကျောင်းသား၊သံဃာများ ထိခိုက်မှုတစ်စုံတစ်ရာမရှိသော်လည်း ကျောင်းဆောင် ၃ ဆောင်ပျက်ဆီးခဲ့ရတယ်လို့ဆိုပါတယ်။
========================
🚩🚩 ၃။ မြင်းခြံခရိုင်အတွင်းရှိ Myingyan Black Tiger (MBT)၏ စစ်ကြောင်း (၁) နယ်မြေအတွင်း သတင်းရယူရန် အရပ်ဝတ်ဖြင့်ဝင်ရောက်လာသော စကစတပ်၏ ရဲတပ်သားတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးအားဖမ်းဆီးရမိပြီး တဦးမှာခုခံထွက်ပြေး၍အသေဖမ်းဆီးရမိ
သြဂုတ်လ၁၂
"မန္တလေးတိုင်းဒေသကြီး၊မြင်းခြံခရိုင်အတွင်းရှိ မိမိတို့ Myingyan Black Tiger (MBT)၏ စစ်ကြောင်း (၁) နယ်မြေအတွင်း သတင်းရယူရန်အတွက် အရပ်ဝတ်ဖြင့်ဝင်ရောက်လာသော စကစတပ်၏ ရဲတပ်သားတစ်ဦးနှင့် ပြည်သူ့စစ်တစ်ဦးအား မိမိတို့ MBT တပ်ဖွဲ့နှင့်မဟာမိတ်များမှ ဖမ်းဆီးနိုင်ခဲ့တယ်"လို့ Myingyan Black Tiger (MBT)ကသြဂုတ်လ၁၂ရက်မှာ အတည်ပြုဆိုပါတယ်။
ဖမ်းဆီးနေစဥ် ပျူစောထီးမှာ ခုခံထွက်ပြေးသဖြင့် မဖြစ်မနေ ပစ်ခတ်ရှင်းလင်းခဲ့ရပြီး ကျန်ရဲတပ်သားတစ်ဦးအား စစ်ဆေးမှုများပြုလုပ်နေပြီး စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားလျှက်ရှိတယ်လို့ဖော်ပြပါတယ်။
၎င်းရဲတပ်သားထံမှ 7.62 (G3)ကျည် ၁၄၇တောင့်၊ ဖုန်းတစ်လုံးနှင့် ဆိုင်ကယ်တစ်စီး သိမ်းဆည်းရရှိခဲ့ပြီး၎င်းဖမ်းဆီးမှုအားMyingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနှင့်အတူ Popa Guerilla Force (PGF)တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။
========================
🚩🚩 ၄။ စစ်တပ်ရဲ့မတရားမှုကို ဆန့်ကျင်လိုတဲ့ လူငယ်တွေအနေနဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့-၁ Page Messengerမှတဆင့်ဆက်သွယ်ချိတ်ဆက်နိုင်
သြဂုတ်လ၁၂ရက်
စစ်တပ်ရဲ့မတရားမှုကို ဆန့်ကျင်လိုတဲ့ လူငယ်တွေအတွက် သြဂုတ်လ၁၂ရက်မှာ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့-၁က အခုလိုအသိပေးဆိုပါတယ်။
ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-၁ အပတ်စဥ် ( ၂/၂၀၂၄) စစ်သင်တန်းအားဖွင့်လှစ်၍ လေ့ကျင့်သင်ကြားလျက်ရှိပြီးစစ်တပ်ရဲ့မတရားမှုကို ဆန့်ကျင်လိုတဲ့ လူငယ်တွေအနေနဲ့ ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့-၁ Page Messengerမှတဆင့်ဆက်သွယ်ချိတ်ဆက်၍ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းရာတွင် ပါဝင်နိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်လို့ဖော်ပြပါတယ်။
ဆက်သွယ်ချိတ်ဆက်မည့် ညီကိုရဲဘော်ရဲဘက်များအနေနဲ့ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးတပ်ဖွဲ့-၁ Pageတစ်ခုထဲကိုသာဆက်သွယ်ချိတ်ဆက်၍ လျှောက်လွှာတင်မှုပြုလုပ်နိုင်ပြီးရန်ကုန်တိုင်းမည်သည့်မြို့နယ်နေသူမဆို လျှောက်ထားခွင့်ရမှာဖြစ်တယ်လို့ဆိုပါတယ်။
========================
🚩🚩 ၅။ ဝက်ကျ-ဂေါက်ကွင်းလမ်းပိုင်း ည၇နာရီကနေမနက်၅နာရီအထိ ဖြတ်သန်းသွားလာခြင်းလုံးဝခွင့်မပြုကြောင်းမြိုင်ပကဖကလမ်းပိုင်းဆိုင်ရာအသိပေး
သြဂုတ်လ၁၂
ပြည်သူများအနေဖြင့် ဝက်ကျ-ဂေါက်ကွင်းလမ်းပိုင်း ည7:00pmကနေမနက်5:00Amအထိ ဖြတ်သန်းသွားလာခြင်းလုံးဝခွင့်မပြုကြောင်း မေတ္တာရပ်ခံ အပ်တယ်လို့ သြဂုတ်လ၁၁ရက်မှာ မြိုင်ပကဖကအသိပေးကြေညာပါတယ်။
အဆိုပါ အချိန်များအတွင်းသွားလာ၍ ထိခိုက်ပျက်စီးမှုမရှိစေရန်ရည်ရွယ်၍ ဇာမဏီ ပြောက်ကျားတပ်ဖွဲ့ မြိုင်မြို့နယ်အရှေ့ပိုင်းဇုန်တိုက်နယ်(၃)က ထုတ်ပြန်ခြင်းဖြစ်ပါတယ်။
========================
🚩🚩 ၆။ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတချို့မှာ ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရန် ဒဂုံတက္ကသိုလ်များသမဂ္ဂမှ လေကြောင်းအန္တရာယ် အသိပညာပေး လှုပ်ရှား
သြဂုတ်လ၁၂ရက်
အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတချို့မှာ ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရန် ဒဂုံတက္ကသိုလ်များသမဂ္ဂမှ လေကြောင်းအန္တရာယ် အသိပညာပေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတယ်လို့ သြဂုတ်လအတွင်းမှာ BloodMoneyCampaignMMကအသိပေးဖော်ပြပါတယ်။
အင်တာနက်ကန့်သတ်ပိတ်ပင်ခံထားရမှုကြောင့် သတင်းစီးဆင်းမှုနှောင့်နှေးပြီး ယခုလို ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးဆေးပေးခန်းတွေ ဗုံးကြဲခံရချိန်မှာ ပြည်သူများ ထိခိုက်ဆုံးရှုံးမှု များနေရခြင်းဖြစ်တယ်လို့ဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment