12th AUG 2024 - Morning Daily News by Radio NUG


📌 (ချင်း တိုင်းရင်းသား - Matupi ) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ သြဂုတ်လ ( ၁၂ ) ရက်နေ့ ရပြည်တွင်းသတင်းများ


📌📌 . ထန်တလန်မြို့ရှိ စစ်ကောင်စီ တပ်ကုန်း ကို Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်ရရှိဟုဆို

 

The Matupi Times ဩဂုတ်လ ၂၀၂၄

ချင်းပြည်နယ် ထန်တလန်မြို့က စစ်ကောင်စီတပ်ဖွဲ့ရဲ့ ၂၆၉ တပ်ကုန်း စခန်းကို ဒီကနေ့ သြဂုတ်လ ရက်နေ့ မနက်ပိုင်းမှာ (၉း၀၀)နာရီဝန်းကျင်၌ Chinland Council ပူးပေါင်းတပ်ဖွဲ့က သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်းသိရပါတယ္။

သိမ်းပိုက်မှုနဲ့ပတ်သက်ပြီး (CNF/A)ပြောခွင့်ရ ဆလိုင်းထက်နီက၂၆၉ အထိုင်တပ်ကုန်းတော့ ရပြီ မြို့ထဲ စခန်းငယ်တချို့ကျန်သေးတယ် ရှင်းလင်းရေး ဆက်လက်လုပ်နေတယ်လို့ Chin World Media ကိုအတည်ပြုပြောဆိုပါတယ်။

ဟားခါးမြို့နှင့် ထန်တလန်မြို့ကြားရှိ စကစ၏ ထန်တလန်မြို့ရံ ရှေ့တန်းအမာခံစခန်းဖြစ်သည့် Auto တောင် စခန်းသုံးခုအား Chinland Council ပူးပေါင်းတပ်ဖွဲ့မှပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ မနက်ပိုင်းတွင် အပြီးသိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်(၁၅)ဦးသေဆုံးခဲ့ပြီး စစ်သုံ့ပန်း()ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့သည့်အပြင် လက်နက်ခဲယမ်းများကိုလည်းသိမ်းဆည်းရရှိခဲ့ပါတယ္။

 

========================

 

📌📌 . ချင်းအမျိုးသားတပ််ဦး (CNF )နဲ့ PDF တွေတိုက်ပွဲဖော်ဆောင်မှုကြောင့် ချင်းပြည်နယ်ကမြို့၊ရွာအချို့ပျက်စီးခဲ့ရကြောင်း မင်းအောင်လှိုင်စွပ်စွဲပြောဆို

 

The Matupi Times ဩဂုတ် ၂၀၂၄

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှုိင်ဟာ နိုင်ငံတော် လုံခြုံရေးဆိုင်ရာ အခြေအနေတွေနဲ့ ပတ်သက်လို့ ဒီနေ့ ညနေပိုင်းက နိုင်ငံပိုင် ရုပ်မြင်သံကြား အစီအစဉ်မှာ မိန့်ခွန်းပြောကြားခဲ့ရာ ချင်းအမျိုးသားတပ််ဦး (CNF )နဲ့ PDF တွေပူးပေါင်းပြီး တိုက်ပွဲဖော်ဆောင်မှု ကြောင့် ချင်းပြည်နယ်ကမြို့၊ရွာ အချို့ပျက်စီးခဲ့ရကြောင်း ထည့်သွင်း ပြောဆိုသွားပါတယ္။

မိန့်ခွန်းမှာ " CNF အဖွဲ့ဟာဆိုရင်လည်း (PDF)အမည်ခံ အကြမ်းဖက်အဖွဲ့ တွေနဲ့ပူးပေါင်းပြီးတော့ ချင်းပြည်နယ်အတွင်းမှာ တိုက်ကွက်များဖော်ဆောင်လာတဲ့အတွက် ချင်းပြည်နယ်အတွင်းမှာရှိတဲ့ တည်ငြိမ်းအေးချမ်းစွာ လုပ်ကိုင်စားသောက်နေကြတဲ့ တိုင်းရင်းသားပြည်သူတွေရဲ့လူမှုစီးပွားဘဝများထိခိုက်နစ်နာပျက်စီးခဲ့ရပြီး ဖလမ်း၊မတူပီ၊ လိုင်လင်းပီ၊ မင်းတပ်၊ ထန်တလန် စတဲ့မြို့ရွာများ ထိခိုက်ပျက်စီးခဲ့ရတာလည်း တွေ့မြင်ရပါတယ်။"ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် မိန့်ခွန်းပြောကြားရာမှာ နယ်မြေတွေ လက်လွှတ် ဆုံးရှုံးမှုတွေရှိကြောင်း၊ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အဖွဲ့တွေ ငွေကြေး၊ လက်နက်နဲ့ နည်းပညာအကူအညီတွေ ရအောင် ပြည်ပနိုင်ငံတချို့က ဆောင်ရွက်ပေးနေကြောင်း ပြောကြားခဲ့သလို လက်ရှိ နိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ စစ်ပွဲတွေနဲ့ မတည်ငြိမ်မှုတွေနဲ့ ပတ်သက်လို့ စစ်တပ်ကလွဲလို့ EAO တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကြောင့်ဆိုပြီး ပြစ်တင် ပြောကြားခဲ့ပါတယ်။

 

========================

 

📌📌 . ကျောက်မဲမြို့ သိမ်းနိုင်ခဲ့တဲ့ TNLA နဲ့ ပူးပေါင်းတပ်တွေကို လူထုကကြိုဆို

 

The Matupi Times ဩဂုတ် ၂၀၂၄

ယမန်နေ့ သြဂုတ် ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့ကိုသိမ်းပိုက်ပြီးနောက် မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တဲ့ ကို တအာင်းတပ်(PSLF/TNLA)နဲ့ပူးပေါင်းတပ်တွေကို လူထုတွေက ကြိုဆိုခဲ့ကြတယ်လို့သိရပါတယ်။

ကျောက်မဲမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေက လကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ဩဂုတ် ရက် ၁၀ နာရီဝန်းကျင်မှာ အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါဟာ ၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်းအတွင်း TNLA သိမ်းပိုက်နိုင်တဲ့လေးမြို့မြောက်ဖြစ်ပြီး ကျောက်မဲ၊ နောင်ချို၊ မိုးမိတ်နဲ့ မိုးကုတ်တို့ကို သိမ်းပိုက်ထားပါတယ္။

 

========================

 

📌📌 . မတူပီမြို့နယ္၊ ဝေတူးကျေးရွာက စစ်ရှောင်ပြည်သူတချို့ နေရပ်ပြန်လာ

 

The Matupi Times ဩဂုတ်လ ၂၀၂၄

မတူပီမြို့နယ်တွင် စစ်ကောင်စီကင်းစင်ပြီးနောက် တောတောင်များထဲတွင်စစ်ဘေးတိမ်း ရှောင်ခဲ့ကြသည့် ဝေတူးစစ်ရှောင်ပြည်သူတချို့ဟာ စစ်ရှောင်ရာမှနေရပ်သို့ပြန်လည်လာရောက်နေထိုင်ကြပြီလို့သိရပါတယ္။ ရွာထဲကိုပြန်လည်အခြေချနေထိုင်သူများမှာ သက်ကြီးရွယ်အိုတွေသာ ဖြစ်ကြောင်းသိရသည်။

မတူပီမြို့သိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သည် ဝေတူးကျေးရွာဘက်သို့ဦးတည်ထွက်ပြေးလာခဲ့ကြရာ ကျေးရွာနေပြည်များသည် ဘေးလွတ်ရာတောတောင်များနှင့် မီဇိုရမ်အခြားကျေးရွာများ သို့စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး မီဇိုးရမ်ပြည်နယ်ဘက်သို့စစ်ဘေးရှောင်သူများလည်းရှိကြောင်းသိရသည်။

 

========================

 

📌📌 . မတူပီမြို့တွင်း ပြည်သူများ မကြာခင်ဝင်ခွင့်ပြုတော့မည်ဖြစ်ကြောင်း မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထုတ်ပြန်

 

The Matupi Times ဩဂုတ်လ ၁၀ ၂၀၂၄

မတူပီမြို့အတွင်း ပြည်သူများအနေဖြင့်ပြန်လည်ဝင်ရောက်နေထိုင်နိုင်ရေးအတွက် လိုအပ်ချက်လုပ်ငန်းများဆောင်ရွက်ပြီးသည်ဖြစ်၍ ပြည်သူလူထုများ မကြာမီပြန်လည်ဝင်ရောက်နေထိုင်နိုင်တော့မည်ဖြစ်ကြောင်း မတူပီမြို့နယ္ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဩဂုတ်လ ရက်နေ့မှာ သတင်းထုတ်ပြန်ပါတယ္။

မတူပီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မတူပီမြို့နယ်တွင်လိုအပ်လျက်ရှိသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာလုပ်ငန်များ မတူပီမြို့တွင်းသန့်ရှင်းရေးလုပ်ငန်းများနှင့် ရေရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးပြီဖြစ်တာကြောင့် မကြာခင်မြို့တွင်းဝင်ရောက်ခွင့်ပြုသွားတော့မယ်လို့ဆိုပါတယ္။

"မြို့တွင်းအတွက်ရေပေးဝေနိုင်ဖို့တော့ ဆောင်ရွက်ပြီးပြီ လျှပ်စစ်မီးပြန်ရနိုင်ဖို့လည်းအခုကြိုးစားပြီးဆောင်ရွက်နေပါတယ္။ မြို့ထဲက ထွေအုပ်ရုံး မီးသတ်ရုံး အရင်ကစစ်ကောင်စီတပ်ဖွဲ့တွေတပ်စွဲထား ဘွေရားလမ်း ဘက်ရှိ သစ်တောရုံး(ပတ်ဝန်းကျင်)မှာ စစ်သားတွေကမိုင်းတွေအကုန် ထောင်ထားကြတယ္။ အဲ့ဒီမိုင်းတွေကိုလည်း ကာကွယ်ရေးတပ်ဖွဲ့တွေက အကုန်ရှင်းလင်းထားပြီးပါပြီ။ ကျွန်တော်တို့အနေနဲ့ နယ်မြေရှင်းလင်းရေးမလုပ်ရသေးတဲ့တချို့နေရာတွေကိုတော့ သတိပေးဆိုင်းဘုတ်တွေကပ်ပြီး ယာယီသွားလာခွင့်ပိတ်ပင်ထားသေးတယ္။ မကြာခင်ပြည်သူတွေကိုမြို့ထဲ ပြန်ဝင်ခွင့်ပြုတော့မှာပါ။ " လို့ မတူပီမြို့နယ္(ပအဖ)ပြန်ကြားရေးတာဝန်ခံက Matupi Times ကိုပြောပါတယ္။

ဒါ့ကြောင့် မတူပီမြို့နယ္ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မတူပီမြို့ပြန်လည်တည်ဆောက်ရေးရှေ့လုပ်ငန်းစဉ္များ ဆက်လက်ဖော်ဆောင်သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးကြဖို့လည်း ထုတ်ပြန်ချက်မှာ အသိပေးတောင်းဆိုထားပါတယ္။

မတူပီမြို့တွင် စစ်ကောင်စီအာဏာသိမ်းယူပြီးနောက် လျှပ်စစ်မီးလုံးဝပြတ်တောက်သွားခဲ့တာပါ။ အဆိုပါလျှပ်စစ်မီးပြတ်တောက်မှုကြောင့် မြို့ပေါ်နေပြည်သူများအနေဖြင့် ထင်းများကိုသားအဓိကထားအသုံးပြုခဲ့ကြရပါတယ်။ မတူပီမြု့နယ်ပြည်သူ့အုပ်ချုပ်ရေးအနေဖြင့် လည်း မကြာခင်လျှပ်စစ်မီးပြန်လည်ရရှိနိုင်ရန်အတွက် ကြိုးစားဆောင်ရွက်နေတယ်လို့သိရပါတယ်။

 

========================

 

📌📌 . Thai Fight ပြိုင်ပွဲမှာ အာဂျင်တီးနားဖိုက်တာကို အနိုင်ယူလိုက်တဲ့ ဘရော်နီကာ

 

The Matupi Times ဩဂုတ်လ ၂၀၂၄

ဒီကနေ့ ဩဂုတ် ရက် ယနေ့ညနေပိုင်းက ထိုင်းနိုင်ငံ၊ နခုံဆီသာမရက်မြို့မှာ ပြုလုပ်သွားတဲ့ Thai Fight ပြိုင်ပွဲမှာ အာဂျင်တီးနားဖိုက်တာ ဖလော်ရန်စီယာကို လက်ဝှေ့မယ် ဘရော်နီကာက အနိုင်ရရှိသွားပါတယ်။

Thai Fight ပြိုင်ပွဲတွေမှာ ချန်ပီယံနှစ်ကြိမ်ဖြစ်ထားတဲ့ ဘရော်နီကာကတော့ ဖေဖော်ရီလကထိုးသတ်ခဲ့တဲ့ပွဲစဉ်မှာ အမှတ်နဲ့ရှုံးနိမ့်ထားပြီးကတည်းက ခြောက်လနီးပါးကြား အနားယူခဲ့ပြီးနောက် လက်ဝှေ့ကြိုးဝိုင်းထဲသို့ တစ်ကျော့ပြန်လည်ဝင်ရောက်လာခဲ့တာပါ။

ဒီကနေ့ ပွဲမှာတော့ ဘရော်နီကာက အာဂျင်တီးနားသူကို ထိချက်အသာစီးရယူနိုင်တဲ့ အမှတ်နဲ့အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ကယန်းတိုင်းရင်းသူ ဘရော်နီကာဟာ မြန်မာ့ရိုးရာလက်ဝှေ့မှာ ပထမဆုံး အမျိုးသမီး ရွှေခါးပတ်ဆုရှင်ဖြစ်သလို မွေထိုင်းပွဲ အများစုမှာ အနိုင်ရယူထားတဲ့ လက်ရှိကမ္ဘာ့ချန်ပီယံ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment