12th AUG 2024 - Morning Daily News by Radio NUG

၂၀၂၄ သြဂုတ်လ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်သည် မြန်မာ့တပ်မတော်၏ ရန်သူ အစစ်အမှန်ဟု ဒေါက်တာတေဇာဆန်းဆို

📌 ၂။ (၇၄)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အတွက် KNU ဗဟိုမှ ဂုဏ်ပြုစကားဆို

📌 ၃။ PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများ အပ်နှင်းသည့် အခမ်းအနားကျင်းပ

📌 ၄။ ဆားလင်းကြီးမြို့နယ်အတွင်းတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု၊ မိတ်ဆက်ခြင်းနှင့် နိုင်ငံရေးစစ်ရေးအခြေအနေများ တင်ပြခြင်း အစီအစဉ်ပြုလုပ်

📌 ၅။ လားရှိုးမြို့ရှိ နေရပ်ပြန်လာသူများအား ဆန်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ MNDAA မှ ထောက်ပံ့

📌 ၆။ ၁၇ရက်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ထုတ်ပြန်၊လေကြောင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှု ပြုလုပ်


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၂ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရခိုင်ရှိ မြို့ မြို့အား ပြန်လည်တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ ဘေးလွတ်ရာသို့ ရှောင်ရှားကြဖို့ ရခိုင်စစ်ကောင်စီ ဝါဒဖြန့်စာထုတ် 

🚩 ၂။ တအာင်းပြည် နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၁၈)ကြိမ် တိုက်ခိုက်

🚩 ၃။ နွားထိုးကြီးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ()ခုကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သား (၃၀)ကျော် သေဆုံး

🚩 ၄။ ရေစကြိုမြို့နယ်မှာစစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂၅ ဦး သေဆုံး

🚩 ၅။ ခလရ ၂၅၈ မှ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ အိမ်စီးကား စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ

🚩 ၆။ ရေဆားလယ်ကျေးရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦး သေဆုံးကာ လက်နက်ခဲ့ယမ်းများ သိမ်းဆည်းရရှိ

🚩 ၇။ မအူဂိတ် စကစတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ()ဦး ဒါဏ်ရာရခဲ့ပြီး()ဦး သေဆုံး

🚩 ၈။ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ တင်ဆောင်လာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရ ၁၈ ဦး သေဆုံး

🚩 ၉။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး ကျေးရွာ ရဲစခန်းအား Droneဖြင့် ဗုံးသီး ၁၄ လုံး ကျဲချတိုက်ခိုက်ခဲ့

🚩 ၁၀။ တောင်သာ-ကျောက်ပန်းတောင်း လမ်းပေါ်က စစ်ကောင်စီ စခန်းငယ် တခုကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အာဏာသိမ်း မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်သည် မြန်မာ့တပ်မတော်၏ ရန်သူ အစစ်အမှန်ဟု ဒေါက်တာတေဇာဆန်းဆို


ဩဂုတ်လ ၁၁ရက်။ 

RadioNUG

အာဏာသိမ်း မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်သည် မြန်မာ့တပ်မတော်၏ ရန်သူ အစစ်အမှန်ဟု ဒေါက်တာတေဇာဆန်းက လူမှုကွန်ရက်စာမျက်နှာမှာ ဩဂုတ်လ ၁၁ရက်နေ့မှာ ရေးသားထားပါတယ်။


အာဏာသိမ်း မင်းအောင်လှိုင်နဲ့ အာဏာရှင်စနစ်သည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ပြည်ခိုင်ဖြိုးပါတီ၊ တစညပါတီ အပါအဝင် နိုင်ငံရေးပါတီများ၊ နိုင်ငံ့ဝန်ထမ်းများ၊ အမျိုး ဘာသာ သာသနာ အသီးသီးနှင့် မြန်မာပြည်ရဲ့ ဘုံရန်သူ အစစ်အမှန် ဖြစ်တယ်လို့ ရေးသားထားပါတယ်။


မင်းအောင်လှိုင် အာဏာရူး၊ သမ္မတရူးလို့ မြန်မာ့တပ်မတော်နဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာဟာ အခုလို မြောင်းထဲထိ၊ အဝိစိထိ ထိုးဆင်းသွားတာ၊ မြန်မာပြည် အခုလို ဒုက္ခမျိုးစုံ သောက်သောက်လဲ ရောက်သွားတာလို့ ဆိုထားပါတယ်။


မင်းအောင်လှိုင် အာဏာသိမ်းလို့ တိုင်းပြည် ဒီဘဝ ဒီအခြေအနေ ရောက်သွားတာကြောင့် ပြည်သူတွေအားလုံး အားလုံး ဘုံရန်သူကို တိုက်ခိုက်ကြပါစို့၊ ဘုံပန်းတိုင်ကို ရှေးရှုကြပါစို့ဟု တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ (၇၄)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အတွက် KNU ဗဟိုမှ ဂုဏ်ပြုစကားဆို


သြဂုတ်လ ၁၁ရက်။ 

RadioNUG

သြဂုတ်လ၊ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့အတွက် KNU ဗဟိုမှ ဂုဏ်ပြုစကားဆိုထားပါတယ်။


သြဂုတ်လ၊ ၁၂ ရက်နေ့သည် (၇၄)နှစ်မြောက် ကရင်အမျိုးသားအာဇာနည်နေ့ ဖြစ်ပြီး မိမိလူမျိုးနှင့် မြန်မာပြည်ရှိ လူမျိုးစုများ အားလုံးအတွက် လွတ်လပ်မှုနှင့် လုံခြုံမှုအတွက် မိမိအသက်ကို စွန့်ခဲ့ကြသော ရဲရင့်သော အာဇာနည်ဝိညာဉ်များကို ကျွန်ုပ်တို့ လေးစားဂုဏ်ပြုပါကြောင်း


အာဇာနည်တို့၏ ရဲစွမ်းသတ္တိနဲ့ အနစ်နာခံမှုကို မည်သောအခါမျှ မေ့မည်မဟုတ်ဘဲ အာဇာနည်နေ့တွင် တိုင်းပြည်နှင့် လူမျိုးအတွက် အသက်စွန့်သွားသည့် အာဇာနည်တို့၏ ရဲစွမ်းသတ္တိကို အမှတ်ရကြပြီး ၎င်းတို့ တိုက်ပွဲဝင်ခဲ့သည့် တန်ဖိုးများကို စောင့်ထိန်းရန်၊ အာဇာနည်တို့မှ ချပေးခဲ့သော စိတ်ဓာတ်သည် တရားမျှတမှုရှိပြီး ပို၍တိုးတက်ကောင်းမွန်သော ဖက်ဒရယ် ကော်သူးလေ တည်ဆောက်ရန် ကျွန်ုပ်တို့အားလုံးအတွက် ခွန်အားဖြစ်ပါစေကြောင်း ဆိုထားပါတယ်။


ဩဂုတ်လ(၁၂)ရက်နေ့သည် ၁၉၅၀ ခုနှစ်တွင် ကော့ကရိတ်မြို့နယ်၊ ထို့ကော်ကူးရွာ၌ တိုင်းပြည်နှင့်လူမျိုးအတွက် ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)ဥက္ကဌ ကော်ခိုစောဘဦးကြီး၊ ဗိုလ်ချုပ် စိုင်းကေနှင့် အပေါင်းအပါတို့ အသက်ပေး စွန့်လွှတ်ခဲ့တဲ့နေ့ကို ကရင်အာဇာနည်နေ့လို့ သတ်မှတ်ခြင်းဖြစ်ပါတယ်။


========================


📌📌 ၃။ PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များ၌ ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအား လုပ်ငန်းတာဝန်ခွဲဝေပြီး တာဝန်နှင့် ရာထူးများ အပ်နှင်းသည့် အခမ်းအနားကျင်းပ


သြဂုတ်လ ၁၁ရက်။ 

RadioNUG

သြဂုတ်လ (၁၁)ရက်နေ့တွင် PSLF/TNLA ထိန်းချုပ်ထားသည့် မြို့နယ်များဖြစ်သော နမ့်ဆန်မြို့နယ်၊ မန်တုံမြို့နယ်၊ နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ နမ္မတူမြို့နယ်၊ မိုင်းငေါ့မြို့နယ်၊ မိုင်းလုံမြို့နယ်၊ ကျောက်မဲမြို့နယ်၊ နောင်ချိုမြို့နယ်၊ မိုးကုတ်မြို့နယ်၊ မိုးမိတ်မြို့နယ်နှင့် သီပေါမြို့နယ် စုစုပေါင်း မြို့နယ်(၁၂)ခုတွင် တအာင်းတပ်မတော် PSLF/TNLA မှ ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများအားလုံးအား လုပ်ငန်းတာဝန်လွဲပြောင်းခြင်း၊ တာဝန်ခံအပ်ခြင်းနှင့် ရာထူး အပ်နှင်းခြင်း အခမ်းအနားကို တအာင်းပြည်၊ ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


တအာင်းပြည်အတွင်း တရားစီရင်ရေးစနစ် အားကောင်းစေရန်၊ တရား ဉပဒေစိုးမိုးရေးရှိစေရန်နှင့် တရားမျှတရေး ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး  တအာင်းပြည် ဗဟိုတရားသူကြီး ()ဦး၊ ခရိုင်တရားသူကြီး ()ဦး၊ မြို့နယ်တရားသူကြီး ()ဦးနှင့် ဥပဒေရှေ့နေ()ဦး အသီးသီးတို့ထံ PSLF/TNLA ဗဟိုအလုပ်အမှုဆောင်ကော်မတီမှ အမိန့်စာ ထုတ်ပြန်ပြီး အလုပ်ခန့်အပ်လွှာ အပ်နှင်းခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုအပြင် သက်ဆိုင်ရာ ဗဟိုတရားရုံး၊ ခရိုင်တရားရုံး၊ မြို့နယ်တရားရုံးနှင့် ဥပဒေရုံးတို့၏ လုပ်ငန်းတာဝန်များကိုလည်း အသိအမှတ်ပြုခဲ့ပြီး ၄င်းတို့အား လုပ်ငန်းနှင့် တာဝန်ရာထူးများ ခန့်အပ်ခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနားကို ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဉီး PSLF/TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှူး ဗိုလ်မှူးချုပ် တားဂူ;ဂျား၊ ဗဟိုအထွေထွေအုပ်ချုပ်ရေးဌာနမှ ဒု-ဌာနမှူး ဒု-ဗိုလ်မှူးကြီး တားအိုက်ကျော်၊ တအာင်းပြည် ဗဟိုတရားသူကြီးများ၊ ခရိုင်တရားသူကြီးများ၊ မြို့နယ်တရားသူကြီးများနှင့် ဥပဒေရှေ့နေများ စုစုပေါင်း (၂၉)ဦး တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ဆားလင်းကြီးမြို့နယ်အတွင်းတွင် ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှု၊ မိတ်ဆက်ခြင်းနှင့် နိုင်ငံရေးစစ်ရေးအခြေအနေများ တင်ပြခြင်း အစီအစဉ်ပြုလုပ်


ဩဂုတ်လ ၁၁ရက်။ 

RadioNUG

ဩဂုတ်လ ၁၀ရက်နေ့တွင် ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး(BLDF)မှ ဆားလင်းကြီးမြို့နယ်အတွင်းတွင် ပြည်သူလူထုအား ကျန်းမာရေးကူညီ စောင့်ရှောက်မှုများ လုပ်ဆောင်ခြင်း၊ တပ်ဦးနှင့်မိတ်ဆက်ခြင်း၊ လက်ရှိနိုင်ငံရေးစစ်ရေးအခြေနေများအား တင်ပြခြင်း အစီအစဥ်များကို ပြုလုပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ပါတယ်။


" စစ်ကောင်စီကိုတိုက်ဖို့ပူးပေါင်း၊ လူထုဘဝကိုမြှင့်တင်ကြ" ဟူသော စကားအတိုင်း ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး( BLDF )အနေဖြင့် စစ်ကောင်စီကို လက်နက်ကိုင်စွဲ တိုက်ပွဲဝင်နေသလို ကျန်တဖက်မှာလည်း ပြည်သူလူထုကို ကာကွယ်စောင့်ရှောက်တဲ့ လုပ်ငန်းဆောင်တာတွေကို စဥ်ဆက်မပြတ် ပြုလုပ်လျက်ရှိပါတယ်။


========================


📌📌 ၅။ လားရှိုးမြို့ရှိ နေရပ်ပြန်လာသူများအား ဆန်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ MNDAA မှ ထောက်ပံ့


ဩဂုတ်လ ၁၁ရက်။ 

RadioNUG

လားရှိုးမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများ အသက်မွေးဝမ်းကြောင်းလုပ်ငန်းများ အမြန်ဆုံး ပြန်လည်စတင်နိုင်စေရန်နှင့် ပြည်တွင်းမှ ပြန်လည်ရောက်ရှိလာသူများနှင့် စစ်အတွင်း ကျန်ရစ်သူများ၏ အခြေခံ အသက်အိုးအိမ်စည်းစိမ်ကို ထိထိရောက်ရောက် ကာကွယ်နိုင်စေရန် MNTJP ဗဟိုကော်မတီ၏ ညွှန်ကြားချက်အရ ဆန်နှင့် အခြားထောက်ပံ့ရေးပစ္စည်းများ ထောက်ပံ့ပေးနေကြောင်း MNDAA မှ သတင်းထုတ်ပြန်ပါတယ်။


လားရှိုးမြို့အဝင်ပေါက် အများအပြားတွင် ဆန်များ ဝေငှနိုင်စေရန်နှင့် နေရပ်ပြန်သူများကို အချိန်မီအကူအညီပေးနိုင်ရန် တာဝန်ကျစခန်းများ တည်ထောင်ထားပြီး မြို့ပြဧရိယာအတွင်း ပစ္စည်းများထောက်ပံ့ပေးသည့် နေရာ အများအပြားလည်း ရှိကာ မြို့နေပြည်သူများ ဆန်နှင့် အခြားပစ္စည်းများ လက်ခံရရှိရန် ထောက်ပံ့ရေးနေရာများသို့ သွားရောက်နိုင်တယ်လို့ ဖော်ပြထားပါတယ်။


အချို့သော ဝန်ထမ်းများက ဆက်စပ်ပစ္စည်းများ ထောက်ပံ့ပေးရန်အတွက် ရပ်ရွာနှင့် ကျေးရွာများသို့ သွားရောက်ကြတယ်လို့ သိရပါတယ်။


လားရှိုးမြို့က တဖြည်းဖြည်း အသက်ပြန်ဝင်လာပြီး ဈေးကလည်း ပြန်စည်ကားလာကြပြီး အထူးဒေသ()ရဲစခန်း၏ လုံခြုံရေးအဖွဲ့သည် မြို့တွင်း၌ နေ့စဉ် ကင်းလှည့်မှုများ ပြုလုပ်ပေးမည်ဖြစ်ကာ အိမ်ဖောက်ထွင်း ခိုးယူသူများ တွေ့ရှိပါက လုံခြုံရေးအဖွဲ့ သို့မဟုတ် နီးစပ်ရာ မဟာမိတ်တပ်မှ အရာရှိများနှင့် စစ်သားများထံ ချက်ခြင်း သတင်းပို့နိုင်ကြောင်း လားရှိုးမြို့ခံ ပြည်သူများအား သတိပေးထားပါတယ်။


========================


📌📌 ၆။ ၁၇ရက်အတွင်း စစ်အုပ်စု၏ လေကြောင်းတိုက်ခိုက်မှုများ ထုတ်ပြန်၊လေကြောင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှု ပြုလုပ်


ဩဂုတ်လ ၁၁ရက်။ 

RadioNUG

အကြမ်းဖက် စစ်အုပ်စုသည် ဇူလိုင်လ ၁၅ ရက်နေ့မှ ၃၁ ရက်နေ့ထိ(၁၇ ရက်အတွင်း) ရှမ်းပြည်မြောက်ပိုင်း၊ ရခိုင်ပြည်၊ ချင်းပြည်၊ ကချင်ပြည်၊ မွန်ပြည်၊ ကရင်နီပြည်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းတို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု စုစုပေါင်း ၁၃၆ ကြိမ် ပြုလုပ်ခဲ့ကြောင်း Blood Money- သွေးစွန်းငွေမှ သတင်းထုတ်ပြန်ပါတယ်။


မန္တလေးတိုင်းနှင့် ရှမ်းပြည်မြောက်ပိုင်းသည် အကြမ်းဖက် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှု အများဆုံးခံခဲ့ရပြီး မန္တလေးတိုင်းအား ၉၄ ကြိမ်နှင့် ရှမ်းပြည် မြောက်ပိုင်းအား ၂၃ ကြိမ် တိုင်အောင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


ထိုလေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် အရွယ်မရောက်သေးသော ကလေးငယ် ဦးအပါအဝင် အရပ်သား ပြည်သူစုစုပေါင်း ၇၃ ဦး သေဆုံးခဲ့ပြီး ၆၇ ဦး ဒဏ်ရာရရှိခဲ့ကာ အယောက် ၄၀၀၀ ထက်မနည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။


ဘာသာရေး အဆောက်အအုံ ခု နှင့် စာသင်ကျောင်း ကျောင်းတို့လည်း ပျက်စီးဆုံးရှုံးခဲ့ပါတယ်။


ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စု လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတဲ့ စစ်ကိုင်းတိုင်းဒေသကြီးထဲက ကျေးရွာတချို့မှာ ပြည်သူလူထုအနေနဲ့ လေကြောင်းရန်ကာကွယ်နိုင်ရန် ဒဂုံတက္ကသိုလ်များသမဂ္ဂမှလေကြောင်းအန္တရာယ် အသိပညာပေးလှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့လည်း ဖော်ပြထားတယ်။


အင်တာနက် ကန့်သတ်ပိတ်ပင်ခံထားရမှုကြောင့် သတင်းစီးဆင်းမှုနှောင့်နှေးပြီး ယခုလို ကျေးရွာတွေ၊ စာသင်ကျောင်းတွေနဲ့ ကျန်းမာရေးဆေးပေးခန်းတွေ ဗုံးကြဲခံရချိန် ပြည်သူများ ထိခိုက်ဆုံးရှုံးမှု များနေရခြင်းဖြစ်ကြောင်း ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရခိုင်ရှိ မြို့ မြို့အား ပြန်လည်တိုက်ခိုက်နေတဲ့အတွက် ပြည်သူတွေ ဘေးလွတ်ရာသို့ ရှောင်ရှားကြဖို့ ရခိုင်စစ်ကောင်စီ ဝါဒဖြန့်စာထုတ် 


သြဂုတ်လ ၁၁ရက်။

Radio NUG

လေယာဉ်နဲ့ အရပ်သားများကိုသာ ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီမှ ရခိုင်က ကျောက်တော်၊ မြောက်ဦးနဲ့ မင်းပြား မြို့နယ်များရှိ အာရက္ခတပ်တော်(AA)အား ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် ပြည်သူတွေ အသက်အန္တရာယ်ရှိနေတဲ့အတွက် ဘေးလွတ်ရာကို ရှောင်ရှားကြဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ဝါဒဖြန့် စာတစ်စောင်ကို သြဂုတ်လ ၁၁ ရက် မွန်းလွဲပိုင်းမှာ ထုတ်ပြန်လာပါတယ်။


ထုတ်ပြန်စာထဲမှာ "ကျောက်တော်၊ မြောက်ဦး၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မြို့ရွာအတွင်းရှိ AA အဖွဲ့အား စစ်ကောင်စီက အချိန်နှင့်တပြေးညီ ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ အသက်အန္တရာယ်ရှိလာနိုင်သဖြင့် မိမိတို့ ဘေးအန္တရာယ်လုံခြုံရေးအတွက် နေအိမ်ရှိ တန်ဖိုးကြီးပစ္စည်းများယူဆောင်၍ ရှောင်ရှား နေထိုင်ကြရန်"လို့ ရေးသားထားပါတယ်။


ဒါ့အပြင် "AA အဖွဲ့အား လက်ခံနေထိုင်ခွင့်ပြုထားခြင်း၊ ထောက်ပံ့ကျွေးမွေးခြင်းနှင့် ရိက္ခာ၊ ငွေကြေး၊ ဆေးဝါး ထောက်ပံ့ပေးထားသူများကိုလည်း တရားဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ်သဖြင့် လက်ခံထောက်ပံ့ခြင်း မပြုကြရန်နှင့် တိုက်ပွဲကာလ အမြန်အဆုံး သတ်စေရေး ပူးပေါင်းပါဝင်ကြရန်"လည်း ဖော်ပြထားပါတယ်။


ဒီထုတ်ပြန်စာဟာ လက်တွေ့ မြေပြင်မှာ ဖြစ်ပျက်နေတာနဲ့ ကင်းကွာနေပြီး အရပ်သားတွေကိုသာ လေယာဉ်တွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


========================


🚩🚩 ၂။ တအာင်းပြည် နောင်ချိုနှင့် သီပေါမြို့နယ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၁၈)ကြိမ် တိုက်ခိုက်


သြဂုတ်လ ၁၁ရက်။ 

RadioNUG


နောင်ချိုမြို့နယ် တောင်ခမ်းနှင့် မက်မန်းတော ကျေးရွာတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကာ တောင်ခမ်းရွာ၌ အမြောက်တပ် (၉၀၂)တပ်နှင့်သော်လည်းကောင်း၊ မက်မန်းတောကျေးရွာတွင် တပ်မ(၉၉) လက်အောက်ခံ ခမရ(၃၀၂)တပ်နှင့်သော်လည်းကောင်း၊ အရှေ့မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ ခမရ (၃၂၅)တပ်နှင့်သော်လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ခံ  ခမရ (၃၀၆)တပ်ရင်းတို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ပါတယ်။


နောင်ချိုမြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ()ကြိမ်နှင့် Y-12 ထောက်ပို့လေယာဉ်ဖြင့် ()ကြိမ် ဗုံး(၂၀)လုံး လာရောက်ကြဲချခဲ့ပြီး သီပေါမြို့  ခလရ (၂၃) တပ်စခန်းနေရာတွင် တိုက်ပွဲဆက်လက်ဖြစ်ပွားလျက်ရှိကာ စစ်ကောင်စီတပ်မှ Y-12 ထောက်ပို့လေယာဉ်ဖြင့် (၁၂)ကြိမ် ဗုံး(၈၅)လုံး ကြဲချသည့်အပြင် Y-12 လေယာဉ်ဖြင့် ()ကြိမ် ထောက်ပို့ပစ္စည်းများ လာရောက်ကြဲချပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ နွားထိုးကြီးမြို့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ()ခုကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သား (၃၀)ကျော် သေဆုံး


ဩဂုတ်လ ၁၁ရက်။ 

RadioNUG

မန္တလေးတိုင်း နွားထိုးကြီးမြို့ သြဂုတ်လ (၁၀)ရက်နေ့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO) တိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်း ()ခုကို အပြီးသတ်သိမ်းပိုက်ရရှိ၊ စစ်ကောင်စီတပ်သား (၃၀)ကျော် သေဆုံးကြောင်း NPDF ထံမှ သိရပါတယ်။


တိုက်ပွဲအတွင်း လက်နက်၂၇ လက်နှင့် စစ်သုံ့ပန်း()ဦး အရှင်ဖမ်းစီးရမိခဲ့ပြီး မြို့ပေါ်က ဌာနဆိုင်ရာရုံးများ အားလုံးကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို မြင်းခြံခရိုင်အမှတ်()တပ်ရင်း Natogyi People Defence Force မြင်းခြံခရိုင်အမှတ်()တပ်ရင်း၊ နွားထိုးကြီးမြို့နယ် ပကဖ၊ တံတားဦးမြို့နယ်ပကဖ၊ မြင်းခြံခရိုင်ဒရုန်းတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ ရေစကြိုမြို့နယ်မှာစစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်ခံရပြီး ၂၅ ဦး သေဆုံး


ဩဂုတ်လ ၁၁ ရက်။

Radio NUG 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီ ကား စီးပါ ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၂၅ ဦး သေဆုံးခဲ့တယ်လို့ Southern YSO PDF က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၀ ရက် နာရီအချိန်တွင် ပခုက္ကူမှ ရေစကြိုကို ထွက်ခွာလာတဲ့ စစ်ကောင်စီ ယာဉ်တန်းကို Southern YSO PDF ရဲ့ "နတ်မိချောင်း စစ်ဆင်ရေး" စစ်ကြောင်းမှ ဦးစီးပြီး မဟာမိတ်တပ်များနဲ့ ကြားဖြတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၅ ဦးခန့် သေဆုံးခဲ့ပြီး ဦး အရှင်ဖမ်းမိခဲ့ကာ G 3 သေနတ် လက်၊ G 3 ကျည် ၃၀၀ နဲ့ ကာဘိုင်ကျည် ၅၀၀ ကို သိမ်းပိုက်ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယခု တိုက်ခိုက်မှုကို Southern YSO PDF, BNRA, မြိုင် ပကဖ, ပြည်သူ့အားမာန် အဖွဲ့, MVP အဖွဲ့နဲ့ အလင်းတန်း ပြောက်ကျား အဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ ခလရ ၂၅၈ မှ စစ်ကောင်စီ တပ်သားများ လိုက်ပါလာတဲ့ အိမ်စီးကား စီးကို မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံရ


ဩဂုတ်လ ၁၁ ရက်။ 

Radio NUG

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၈ နဲ့ တောင်အိုတာတိုင် စစ်ဆေးရေးဂိတ်ကြား လမ်းတနေရာမှာ ခလရ ၂၅၈ မှ စစ်သားများ လိုက်ပါလာတဲ့ ကားနှစ်စီး မိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။


ဩဂုတ်လ ၁၀ ရက်နေ့ နာရီ အချိန်ခန့်မှာ ခလရ (၂၅၈) တပ်ရင်းမှ စစ်ကောင်စီ တပ်သားများကို တင်ဆောင်လာတဲ့ အဆိုပါ အိမ်စီးကားလေး နှစ်စီးကို ပြည်သူ့ကာကွယ်ရေး ရဲဘော်များက အသင့်စောင့်ဆိုင်းပြီး မိုင်းဆွဲတိုက်ခိုက် ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ မိုင်းဆွဲပြီး လက်နက်ငယ်များနဲ့ ပစ်ခတ်တိုက်ခိုက် ခဲ့တာကြောင့် စစ်သားများ တင်ဆောင်လာတဲ့ ကားမှာ လမ်းဘေးကို ထိုးရပ်သွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ ပစ်ခတ်မှုအတွင်း စစ်ကောင်စီတပ်သား ဦး သေဆုံးနိုင်ပြီး ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိခဲ့ဘူးလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ ရေဆားလယ်ကျေးရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူစောထီးနှစ်ဦး သေဆုံးကာ လက်နက်ခဲ့ယမ်းများ သိမ်းဆည်းရရှိ


ဩဂုတ်လ ၁၁ ရက်။ 

Radio NUG

မကွေးတိုင်း၊ ချောက်မြို့နယ်၊ ရေဆားလယ်ကျေးရွာ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်း တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပျူစောထီး ဦး သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့- တယ်လို့ သိရပါတယ်။


ဩဂုတ်လ ၁၀ ရက် မွန်းလွဲ နာရီ ၁၅ မိနစ်ခန့်မှာ ရေဆားလယ် ပျူစခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှု ၄၅ မိနစ်ခန့် ဖြစ်ပွားခဲ့ပြီး ပျူစောထီး ဦး သေဆုံးကာ ကျန်ပျူစောထီးများ စက်လှေဖြင့် ထွက်ပြေးသွားခဲ့ ကြတယ်လို့ ဆိုပါတယ်။


ထို့အပြင် တိုက်ခိုက်မှုအတွင်း ကာဘိုင်သေနတ် လက်၊ ကျည်ဘောက် ဘောက်၊ ကာဘိုင်ကျည် ၁၂၀ တောင့်၊ ကပစ ထုတ် ၁၂ ကျည် ၁၄ တောင့်၊ AK ကျည်ဘောက် ဘောက်၊ 7.62 ကျည် အတောင့် ၄၀ Honda Civic ကား စီး၊ ဆိုင်ကယ် စီးကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မကွေး ခရိုင် (.က.) အထူးတိုက်ခိုက်ရေး တပ်ဖွဲ့၊ ချောက်မြို့နယ် (.က.) Chauk Guerrilla force (C.G.F) အာဠာဝကမြို့ပြပြောက်ကျားတပ်ဖွဲ့၊ Chauk Revolution Army Oak Awe (UG) Bagan Bo Cho Burma Ranger Revolution YRF တပ် ရင်း ၁၂ မင်းသားကြီးတပ်ဖွဲ့၊ Yenathar Youth Force နှင့် Kyaukpadaung special Defense Force မဟာမိတ်ပူးပေါင်း တပ်ဖွဲ့များက ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ မအူဂိတ် စကစတပ်ဖွဲ့မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ပြည်သူ ()ဦး ဒါဏ်ရာရခဲ့ပြီး()ဦး သေဆုံး


ဩဂုတ်လ ၁၁ရက်။ 

RadioNUG

ဩဂုတ်လ၊ ၁၁ရက် မနက် ()နာရီ (၃၀)မိနစ် အချိန်ခန့်တွင် မုံရွာမြို့အဝင် မအူဂိတ် စစ်ဆေးရေးဂိတ်မှ စကစတပ်ဖွဲ့မှ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် မုံရွာ-အမြင့်လမ်းဘေးရှိ လင်းပိုး၊ လင်းပင်ဝကျေးရွာများဘက်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ()ဦး လက်နက်ကြီးစများ ထိမှန်ခဲ့ကာ ပြည်သူ()ဦးမှာ နေရာတင်သေဆုံးခဲ့ရကြောင်း မုံရွာ-အမြင့်လမ်းသတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ပါတယ်။


မုံရွာမြို့တောင်ဘက်နယ် (မုံရွာ-အမြင့်လမ်းနယ်)ရှိ ကျေးရွာများသည် နေ့စဥ်နဲ့အမျှ စစ်ကောင်စီရဲ့ လက်နက်ကြီးဒါဏ်ကို အလူးအလဲခံနေကြရပြီး ထိခိုက်သေဆုံးမှုများ များပြားလျက်ရှိတယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ တင်ဆောင်လာတဲ့ ယာဉ်တန်း တိုက်ခိုက်ခံရ ၁၈ ဦး သေဆုံး


ဩဂုတ်လ ၁၁ ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ မုံရွာမြို့က ထွက်ခွာလာတဲ့ စစ်ကောင်စီ တပ်သားများနဲ့ ပြည်သူ့စစ်မှုထမ်း သင်တန်းဆင်း တပ်သားသစ်များ လိုက်ပါလာတဲ့ ကား စီးပါ ယာဉ်တန်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၁၈ ဦး သေဆုံးခဲ့တယ်လို့ Moe Nyo Revolution Force MNRF က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ရက်နေ့ မနက် ၁၀ နာရီ ၅၅ မိနစ်ခန့်မှာ မြင်းမူမြို့အဝင် တိုးဂိတ်အနီးတွင် မှန်လုံကား စီး၊ အန်စာတုံးကား စီး၊ သံပြားကာ ကား စီးပါ ၎င်းစစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေး ရဲဘော်များက လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း တပ်သားသစ်များ တင်ဆောင်လာတဲ့ မှန်လုံကား စီး လမ်းဘေး ထိုးကျသွားခဲ့ပြီး ၁၈ ဦး ပွဲချင်းပြီး သေဆုံးခဲ့ကာ ဒဏ်ရာရသူများလည်း အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်ဘက်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ် ခဲ့ပေမယ့် တော်လှန်ရေး ရဲဘော်များ မစိုးရိမ်ဒဏ်ရာ အနည်းငယ် ရရှိခဲ့ပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယခု တိုက်ခိုက်မှုကို Dog Killers People's Defence Force, Myinmu (DK-PDF MMU), Moe Nyo Revolution force MNRF ဆောင်ရွက်ခဲ့ခြင်းတာ ဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၉။ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီး ကျေးရွာ ရဲစခန်းအား Droneဖြင့် ဗုံးသီး ၁၄ လုံး ကျဲချတိုက်ခိုက်ခဲ့


ဩဂုတ်လ ၁၁ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာ ရဲစခန်းကို Drone အကြီး စီးဖြင့် ဗုံးသီး ၁၄ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Youth Guerrilla CounterRevolution-NZ (TGYR)က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၀ ရက်နေ့၊ ညနေ နာရီ ခွဲခန့်မှာ ငါန်းမြာကြီးကျေးရွာ ရဲစခန်းအား အင်အားဖြည့်တင်းရန် ရောက်လာတဲ့ စစ်ကောင်စီ တပ်သား ၅၀ ခန့်ကို ရဲစခန်း အနောက်ဘက်ရှိ ဘုရားဝင်းအတွင်း မူးယစ်သောက်စား နေစဉ်မှာ 2Kg ဗုံးသီး ၁၄ လုံးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရရှိ သူများလည်း ရှိခဲ့ကာ ဘန်ကာများလည်း ပျက်စီးသွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဗုံးချတိုက်ခိုက်ခံရပြီး နာရီ ဝန်းကျင်အထိ စစ်ကောင်စီဘက်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကျေးရွာနေ ပြည်သူများကိုလည်း ညဘက်အပြင်ထွက်ရင် ပစ်သတ်မယ်လို့ ဆဲဆိုနေခဲ့ကြတယ်လို့ သိရပါတယ်။


ယခု စစ်ဆင်ရေးကို TGYR-Youth Guerrilla Counter Revolution - NZ (ငါန်းဇွန်) Black Eagle Defence Force - MMU မြင်းမူမြို့နယ် .က. Farmers Revolution Force (တပ်ရင်း -) Wings OF KSU 925 ပျောက်ကျားတပ်ဖွဲ့ ငါန်းဇွန်မြို့နယ် .က. အဖွဲ့ တို့က ပူးပေါင်းဆောင်ရွက် ခဲ့ကြပြီး ရဲဘော်များ ဘေးကင်းစွာဖြင့် အောင်မြင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၁၀။ တောင်သာ-ကျောက်ပန်းတောင်း လမ်းပေါ်က စစ်ကောင်စီ စခန်းငယ် တခုကို ဝင်ရောက်စီးနင်း မီးရှို့ ဖျက်ဆီးခဲ့


ဩဂုတ်လ ၁၁ ရက်။ 

Radio NUG

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ ဝဲလောင်ကျေးရွာ အနီး တောင်သာ-ကျောက်ပန်းတောင်း လမ်းပိုင်းပေါ်က စစ်ကောင်စီရဲ့ တပ်စခန်းငယ်တခုကို ဝင်ရောက်စီးနင်းပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး Myingyan District Special Operation (MDSO) အဖွဲ့က ထုတ်ပြန်ထားပါတယ်။


ဩဂုတ်လ ၁၀ ရက်နေ့ နံနက် နာရီ ၃၀ မိနစ် ခန့်မှာ အဆိုပါ စစ်ကောင်စီ တပ်စခန်းငယ်ကို ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ဦး သေဆုံးခဲ့ပြီး ကျန်သူများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။


စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ သွားတာကြောင့် စခန်းအတွင်းက ဘန်ကာများကို မီးရှို့ဖျက်ဆီးခဲ့ပြီး G-2 လက်၊ M1 ကာဘိုင် လက်၊ ပွိုင့် ၂၂ သေနတ် လက်၊ G-3 ကျည် ၃၉၂ တောင့်၊ ကာဘိုင်ကျည် ၈၀ တောင့်၊ အီနာဂါ လုံး၊ ပွိုင့် ၂၂ ကျည် တောင့်၊ ဖုန်း လုံး၊ ဆိုင်ကယ် စီး၊ လက်ပစ်ဗုံး လုံး၊ Icon စက် လုံးတို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ပွဲတွင် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (.က.) မြင်းခြံခရိုင် တပ်ရင်း () နေပြည်တော် တပ်ရင်း (၈၀၁) တောင်သာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (..) တို့က ပူးပေါင်းပါဝင် ခဲ့ကြ တယ်လို့ သိရပါတယ်။


နွားထိုးကြီး၊ မြင်းခြံနဲ့ တောင်သာမြို့နယ်တို့မှာမြင်းခြံခရိုင် အထူးစစ်ဆင်ရေး MDSO” ကာလအတွင်း မြင်းခြံ - နွားထိုးကြီး လမ်းပိုင်းနဲ့ မြင်းခြံ - တောင်သာ လမ်းပိုင်းတို့ကို လက်တလော ဖြတ်သန်းသွားလာခြင်း မပြုကြဖို့ကိုလည်း အထူးမေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့ကပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment