14th AUG 2024 - Evening Daily News by Radio NUG

 


၂၀၂၄ သြဂုတ်လ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူလူထုက စစ်ကိုတောင့်တနေရခြင်းမှာစစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ဖြစ်တယ်လို့ဆို

📌 ၂။ ကမ္ဘာကြီးအံသြရလောက်အောင် ပညာကိုအသုံးချပြီး တော်လှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၃။ NUGပညာရေးဝန်ကြီးဌာနအနေနဲ့နိူင်ငံတကာတက္ကသိုလ်များနဲ့ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတရားဝင်ဆောင်ရွက်လျက်ရှိ

📌 ၄။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ လူငယ်နှင့် နိုင်ငံရေးတည်ဆောက်ရေး အခန်းကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး ပအိုဝ်းခေါင်းဆောင်များကို တိုက်တွန်း 

📌 ၅။ တကျော့ပြန် ၁၀၂၇ နှင့်  လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်

📌 ၆။ အမျိုးသမီးရဲဘော်တွေ လစဉ်ဓမ္မတာကို ကျန်းမာရေးပြဿနာတွေ ကင်းဝေးပြီးဖြတ်ကျော်နိုင်ဖို့အတွက် Tampon ဝယ်ပေးပါ ဆိုတဲ့ Campaignမျှော်မှန်းပမာဏရဲ့ ၇၅% ကို ရောက်ရှိလာ


၂၀၂၄ ခုနှစ် သြဂုတ်လ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နွားထိုးကြီးမြို့နယ်ထဲက Non CDM တွေ စစ်ကောင်စီအောက်ကနေနုတ်ထွက်ဖို့ Natogyi PDF သတိပေး 

🚩 ၂။ နွားထိုးကြီးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးပြီး ဦးအရှင်ဖမ်းမိ 

🚩 ၃။ ပေါက်ခေါင်းမြို့နယ်မှာ စစ်သားသစ်စုဆောင်းနေတဲ့ ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး  

🚩 ၄။ တကောင်းမြို့သိမ်းတိုက်ပွဲမှာ စစ်သား ၆၄ ဦးသေဆုံးပြီး ၂၀ ဦး အရှင်ဖမ်းမိ 

🚩 ၅။ စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ အထိအခိုက်မရှိစေရန် မုံရွာ - ကျောက္ကာ - အရာတော် လမ်းပိုင်းအား  ဩဂုတ်လ  ၁၄ ရက်ကစပြီး သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံ

🚩 ၆။ စစ်တပ်က ဆေးကုမပေးဘဲ စွန့်ပစ်ထားခဲ့တာလို့ ခလရ ၁၁၄ တပ်က ရဲဘော်တဦးထွက်ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်သူလူထုက စစ်ကိုတောင့်တနေရခြင်းမှာစစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ဖြစ်တယ်လို့ဆို


သြဂုတ်လ၁၄ရက်


ပြည်သူလူထုက စစ်ကိုတောင့်တနေရခြင်းမှာစစ်အာဏာရှင်စနစ်ကိုမကြိုက်လို့ဖြစ်တယ်လို့ သြဂုတ်လ၁၄ရက်မှာ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ရဲ့ပြည်သူများသို့ အောင်စကားမှကောက်နုတ်ချက်ကို နိူင်ငံခြားရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


"ပြည်တွင်းမှာ နည်းပေါင်းစုံနဲ့ စစ်ရေးလည်းခံရတယ်၊ စီးပွားရေးအခက်ခဲတွေလည်းခံရတယ်၊ ဒီကြားထဲကမှ ပြောရရင်တော့ စစ်ကိုတောင့်တနေရတယ်၊ စစ်ကိုတောင့်တနေရတယ်ဆိုတာ ဘယ်သူမှတော့ ပျော်လို့မဟုတ်ဘူး၊ ဒီစနစ်ကြီးကိုမကြိုက်လို့ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်တွင်ပြည်သူ့ခုခံတွန်းလှန်စစ်ကိုစတင်ကြေညာခဲ့ပြီးလက်ရှိအချိန်တွင်တော်လှန်ရေးအင်အားစုများကမြို့သိမ်းတိုက်ပွဲများဆင်နွှဲလျက်ရှိပါတယ်။


========================


📌📌 ၂။ ကမ္ဘာကြီးအံသြရလောက်အောင် ပညာကိုအသုံးချပြီး တော်လှန်နေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


သြဂုတ်လ၁၄ရက်


သြဂုတ်လ၁၄ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၏  ပညာရေးဝန်ကြီးဌာန မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်  ပြည်သူ့ဆက်ဆံ‌ရေးယူနစ်တို့က  ပူးပေါင်းကျင်းပသော  "ညီညွတ်သောတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆီသို့"  သတင်းစာရှင်းလင်းပွဲတွင်ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလို ပြောကြားခဲ့ပါတယ်။


"တဖက်ကနေရန်သူအံ့သြရလောက်အောင် ကမ္ဘာကြီးအံသြရလောက်အောင်တော်လှန်ရေးကိုပညာသင်ရင်းတော်လှန်၊တော်လှန်ရင်းပညာသင်၊ ပညာကိုအသုံးချပြီးတော်လှန်နေတဲ့တော်လှန်ရေးဖြစ်ပါတယ်။တကယ်တော့ဖက်ဆစ် စစ်တပ်ရဲ့ရက်စက်မှုကြောင့်အသက်ပေးခဲ့ရတဲ့ကျောင်းသားတွေ၊အသက်ပေးခဲ့ရတဲ့ ဆရာတွေထောင်ကျော်နေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


နယ်မြေစိုးမိုးမှုနှင့်အတူ မြေပြင်ပညာသင်ကြားရေးကိုပါ အွန်လိုင်းပညာသင်ကြားရေးနှင့်အတူကြိုးစားအကောင်အထည်ဖော်ခဲ့တယ်လို့ဝန်ကြီးကဆိုပါတယ်။


"ပညာသင်ကြားရေးကို တဖက်ရန်သူကအမျိုးမျိုးကိုဖျက်ပါတယ်။ဒါနဲ့ပတ်သက်လို့ကျနော်တို့မှာစိန်ခေါ်ချက်တွေရှိပါတယ်။ကျောင်းတွေကိုဗုံးကြဲတယ်။ဖျက်ဆီးတယ်။မူလတန်းကျောင်းတွေကိုရဟတ်ယာဥ်နဲ့ပစ်ပြီးဖျက်ဆီးတာတွေကသမိုင်းတင်ထားပြီးဖြစ်ပါတယ်"လို့ပြည်ထောင်စုဝန်ကြီးဒေါက်တာဇော်ဝေစိုးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၃။ NUGပညာရေးဝန်ကြီးဌာနအနေနဲ့နိူင်ငံတကာတက္ကသိုလ်များနဲ့ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတရားဝင်ဆောင်ရွက်လျက်ရှိ


သြဂုတ်လ၁၄ရက်


NUGပညာရေးဝန်ကြီးဌာနအနေနဲ့နိူင်ငံတကာတက္ကသိုလ်များနဲ့ပညာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများတရားဝင်ဆောင်ရွက်လျက်ရှိတယ်လို့ ဒုဝန်ကြီး ဒေါက်တာစိုင်းခိုင်မျိုးထွန်းကပြောပါတယ်။


သြဂုတ်လ၁၄ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏  ပညာရေးဝန်ကြီးဌာန မဟာဗျူဟာမြောက်ဆက်သွယ်ရေးနှင့်  ပြည်သူ့ဆက်ဆံ‌ရေးယူနစ် တို့က  ပူးပေါင်းကျင်းပသော  "ညီညွတ်သောတော်လှန်ရေးမှသည် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးဆီသို့"  သတင်းစာရှင်းလင်းပွဲတွင်ပြောပါတယ်။


"စိုးမိုးနယ်မြေတွေမှာလည်းမြေပြင်တက္ကသိုလ်တွေဖွင့်လှစ်လာနိူင်ပြီဆိုတာအသိပေးလိုပါတယ်။ဒါ့အပြင် နိူင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေကိုလည်းဆောင်ရွက်နိူင်ခဲ့ပါတယ်။အမေရိကန်နိူင်ငံကအရီဇိုးနားယူနီဗာစတီနဲ့နားလည်မှုစာချွန်လွှာ ရေးထိုးပြီးပညာရေးဆိုင်ရာပူးပေါင်းဆောင်ရွက်မှုကိုဆောင်ရွက်လျက်ရှိပါတယ်။နောက်တခါဝပ်စတန်ယူနီဗာစတီနဲ့လည်းပူးပေါင်းဆောင်ရွက်မှုရှိတဲ့အပြင် သြစတြေးလျ၊ဥရောပစတဲ့နိူင်ငံတွေက တက္ကသိုလ်အချို့နဲ့လည်းပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


ပညာရေးဝန်ကြီးဌာနအနေနဲ့သက်မွေးပညာကဏ္ဍကိုလည်းအထူးအလေးပေးဆောင်ရွက်နေပြီး ပေါ်ပေါက်လာမယ့်အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုအတွက်အလုပ်လုပ်လိုတဲ့နိူင်ငံသားတိုင်းအတွက်သက်မွေးပညာရပ်တွေကိုဖန်တီးပေးနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ လူငယ်နှင့် နိုင်ငံရေးတည်ဆောက်ရေး အခန်းကဏ္ဍ တိုးမြှင့်ဖော်ဆောင်ရေး ပအိုဝ်းခေါင်းဆောင်များကို တိုက်တွန်း 


သြဂုတ်လ၁၄ရက်


စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ လူငယ်နှင့် နိုင်ငံရေးတည်ဆောက်ရေး အခန်းကဏ္ဍ တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် ပအိုဝ်းခေါင်းဆောင်များကို ပအိုဝ်းလူငယ်အစည်းအရုံးက တိုက်တွန်းပြောဆိုလိုက်ပါတယ်။ 


သြဂုတ်လ ၁၂ ရက်နေ့ကကျရောက်တဲ့ ၂၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့မှာ ပအိုဝ်းလူငယ်အစည်းအရုံးက ထုတ်ပြန်ချက်တစောင်ထုတ်ပြန်ပြီး အခုလို တိုက်တွန်းတောင်းဆိုလိုက်တာဖြစ်ပါတယ်။


၂၅ နှစ်ပြည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အခမ်းအနားကို ပအိုဝ်းလူငယ်အစည်းအရုံးကဦးဆောင်ပြီး ရှမ်းပြည်နယ် တောင်ပိုင်းက လူငယ်များ၊ ကရင်နီပြည်ကလူငယ်များပါဝင်တဲ့ လူ ၅၅ ဦးနဲ့ ကျင်းပတာဖြစ်ပါတယ်


အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ကို ဂုဏ်ပြုခြင်းနဲ့အတူ လူငယ်များကြား ရင်းနှီးယုံကြည်မှုတည်ဆောက်ရေး၊ စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေးနဲ့ လူငယ်နှင့် နိုင်ငံရေးတည်ဆောက်ရေး အခန်းကဏ္ဍ တိုးမြှင့်ဖော်ထုတ်နိုင်ရေး စတာတွေအတွက် ရည်ရွယ်ပြီး တိုက်တွန်းနှိုးဆော်လိုက်တာလို့ သိရပါတယ်။ 


စစ်အာဏာရှင်စနစ်ဆိုးကြောင့် ပအိုဝ်းလူမျိုးတွေအပါအဝင် တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ စစ်ရေးပဋိပက္ခတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို ပုံစံအမျိုးမျိုးနဲ့ခံစားနေရတယ်လို့ ဆိုပါတယ်။


ဒီနေရာမှာ ပအိုဝ်းလူမျိုးတွေနဲ့ ပအိုဝ်းလူငယ်တွေဟာ စစ်အာဏာရှင်တွေ အာဏာတည်မြဲရေးအတွက် အသုံးချခံ ဖြစ်နေတဲ့အပြင် အသက်ပေါင်းများစွာ စတေးခံနေရတယ်လို့လည်း ထောက်ပြထားပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တွေဖန်တီးနေတဲ့ လူမျိုးရေးပဋိပက္ခ ဘာသာရေးပဋိပက္ခအသွင်ဆောင်တဲ့ လုပ်ရပ်တွေကို သတိထားစဉ်ခြင်ပြီး တိုင်းရင်းသားလူမျိုးစုကြား စည်းလုံးညီညွတ်မှုကို သဟဇာတဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ဖို့၊ စစ်ဘေးရှောင်အရေးနဲ့ပတ်သက်ပြီး အရေးပေါ်နဲ့ ရေရှည်ကူညီကယ်ဆယ်ရေး၊ လုံခြုံရေးဆိုင်ရာလုပ်ငန်းတွေမှာ ပူးပေါင်း ချိတ်ဆက်ဆောင်ရွက်ရေး စတဲ့အချက်တွေပါဝင်တဲ့ အချက် ချက် တိုးမြင့်ဆောင်ရွက်ဖို့ ပအိုဝ်းအမျိုးသားတွေအခြေခံတဲ့ အဖွဲ့အစည်းတွေနဲ့ ခေါင်းဆောင်တွေကို ပအိုဝ်းလူငယ်အစည်းအရုံးက တိုက်တွန်းတောင်းဆိုထားပါတယ်။ 

ဒါ့အပြင် စစ်အာဏာရှင်စနစ် ဆန့်ကျင်တိုက်ဖျက်ရေးနဲ့ လူထုတော်လှန်ရေးမှာ ဦးဆောင်ပါဝင်နေတဲ့ ပအိုဝ်းလူငယ်တွေ အပါအဝင် တိုင်းရင်းသားလူငယ်များကိုလည်း ဦးညွတ်ဂုဏ်ပြုကြောင်း ပအိုဝ်းလူငယ်အစည်းအရုံး ဗဟိုကော်မတီက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ တကျော့ပြန် ၁၀၂၇ နှင့်  လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်


သြဂုတ်လ၁၄ရက်


၂၀၂၄ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့၌ ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ ကျောက်မဲမြို့နယ်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် တိုက်ပွဲများ တကျော့ပြန် စတင်ခဲ့ပြီး ကျောက်မဲမြို့အပြင် နောင်ချို၊ မိုးမိတ်၊ သီပေါနှင့် မန္တလေးတိုင်းအတွင်းရှိ မိုးကုတ်မြို့များတွင်ပါ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ခဲ့တယ်လို့ သြဂုတ်လအတွင်း လူ့အခွင့်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


 ဇွန်လ (၂၅)ရက်နေ့၊ မနက်ပိုင်းမှ စတင်ကာ တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး ကျောက်မဲမြို့နေရာအနှံ့မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုများကြောင့် နေ့စဉ်နီးပါး သေဆုံးမှုများ ရှိနေခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ ဖြစ်စဉ်များအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှန်ကန်တိကျသော သတင်းရင်းမြစ်များ မှတဆင့် မှတ်တမ်း ကောက်ယူထားနိူင်ခဲ့တယ်လို့ဆိုပါတယ်။


ကောက်ယူရရှိသောစာရင်းများအရ ဇူလိုင်လအတွင်းကျောက်မဲ၊လားရှိုး၊မိုးမိတ်၊နောင်ချို၊သီပေါ၊သိန္နီမြို့နယ်များတွင်အကြမ်းဖက်စစစ်ကောင်စီကြောင့်အရပ်သားပြည်သူ၉၀သေဆုံးကာ၈၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


ထို့အပြင်ဇူလိုင်လအတွင်းစကစရဲ့လေကြောင်းတိုက်ခိုက်မှုကြိမ်ရေ၂၂၀ကြိမ်အထိမြင့်တက်သွားခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ အမျိုးသမီးရဲဘော်တွေ လစဉ်ဓမ္မတာကို ကျန်းမာရေးပြဿနာတွေ ကင်းဝေးပြီးဖြတ်ကျော်နိုင်ဖို့အတွက် Tampon ဝယ်ပေးပါ ဆိုတဲ့ Campaignမျှော်မှန်းပမာဏရဲ့ ၇၅% ကို ရောက်ရှိလာ


သြဂုတ်လ၁၄ရက်


အမျိုးသမီးရဲဘော်တွေ လစဉ်ဓမ္မတာကို ကျန်းမာရေးပြဿနာတွေ ကင်းဝေးပြီးဖြတ်ကျော်နိုင်ဖို့အတွက် Tampon ဝယ်ပေးပါ ဆိုတဲ့ Campaignမျှော်မှန်းပမာဏရဲ့ ၇၅% ကို ရောက်ရှိလာတယ်လို့ သြဂုတ်လအတွင်းမှာရတနာပုံတက္ကသိုလ်ကျောင်းသားသမဂ္ဂကဖော်ပြပါတယ်။


 "တိုင်းပြည်တာဝန်ကို ထမ်းဆောင်ဖို့အတွက်  တောထဲက အမျိုးသမီးရဲဘော်တွေ လစဉ်ဓမ္မတာကို ကျန်းမာရေးပြဿနာတွေ ကင်းဝေးပြီး သက်တောင့်သက်သာ ဖြတ်ကျော်နိုင်ဖို့အတွက် Tampon ဝယ်ပေးပါ ဆိုတဲ့ Campaign လေးကို ပြုလုပ်ခဲ့တာ ကမ်ပိန်းကာလရဲ့တဝက်ကို ရောက်ရှိလာပါပြီ။ ပြည်သူလူထုရဲ့ စိတ်အားထက်သန်စွာ ပါဝင်ပေးမှုကြောင့် ယခုအချိန်မှာဆိုရင် Campaign မျှော်မှန်းပမာဏရဲ့ ၇၅% ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အားတက်သရော ပါဝင်ပေးကြတဲ့ ပြည်သူတွေနဲ့ ရဲဘော်ရဲဘက်တွေ အားလုံးကို အထူး ကျေးဇူးတင်ရှိပါတယ်"လို့ဆိုပါတယ်။


 ဒီ Campaign ကနေ ဝယ်ယူဖြစ်ခဲ့တဲ့ Tampon များကို စစ်ကိုင်းတိုင်းဒေသကြီးက ရဲဘော်တွေဆီကို အဓိကထောက်ပံ့ပေးသွားမှာ ဖြစ်ကာ Campaign ကို ဩဂုတ်လ ၃၁ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပြီး ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ Tampon ခုစာ - ,၀၀၀ ကျပ်၊Tampon ဘူးစာ - ၁၀,၀၀၀ ကျပ်၊Tampon ဖာစာ - ၁၀၀,၀၀၀ ကျပ် ဖြင့် ပါဝင်နိုင်တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နွားထိုးကြီးမြို့နယ်ထဲက Non CDM တွေ စစ်ကောင်စီအောက်ကနေနုတ်ထွက်ဖို့ Natogyi PDF သတိပေး 


ဩဂုတ်လ၁၄ရက်


မန္တလေးတိုင်း နွားထိုးကြီးမြို့နယ်အတွင်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ Non CDM ဝန်ထမ်း တွေ ရာထူးကနေ နုတ်ထွက်ဖို့မြင်းခြံခရိုင် အမှတ် တပ်ရင်း Natogyi PDF က နောက်ဆုံးအကြိမ်အနေနဲ့ သတိပေး လိုက်ပါတယ်။

နွားထိုးကြီးမြို့နယ်အတွင်းက ဌာနဆိုင်ရာအသီးသီးမှာ တာဝန်ထမ်းဆောင်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ ဝန်ထမ်းထမ်းတွေအားလုံး နုတ်ထွက်ကြဖို့ မြင်းခြံခရိုင် အမှတ် တပ်ရင်းက ဒေသခံပြည်သူ လူထုကိုယ်စား သတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။

Non CDM ဝန်ထမ်းတွေအနေနဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေဦးမယ်ဆိုရင် ဥပဒေနဲ့အညီ ထိရောက်တဲ့အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း အသိပေးထားပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် စစ်ဒေသ မြင်းခြံခရိုင် အမှတ် တပ်ရင်း Natogyi PDF ပါဝင်တဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့ဟာ အခု ဩဂုတ်လ ၁ဝ ရက်နေ့ကပဲ မြို့သိမ်းတိုက်ပွဲတရပ်အနေနဲ့ စစ်တပ် တပ်စွဲထားတဲ့ အေးကျောင်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံး ၊ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ မြို့အရှေ့ဘက်ဂိတ်တို့ကို တိုက်ခိုက်ခဲ့ပေမယ့် စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်လာတဲ့အတွက် မြို့ကိုမထိန်းနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရပါတယ်။


========================


🚩🚩 ၂။ နွားထိုးကြီးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးပြီး ဦးအရှင်ဖမ်းမိ 


ဩဂုတ်လ၁၄ရက်


မန္တလေးတိုင်း နွားထိုးကြီးမြို့သိမ်းတိုက်ပွဲမှာ စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးပြီး ဦးအရှင်ဖမ်းကာ လက်နက်မျိုးစုံ ၂၇ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြင်းခြံခရိုင် အမှတ် တပ်ရင်း Natogyi People Defense Force က ထုတ်ပြန်ပါတယ်။ 

နွားထိုးကြီးမြို့ပေါ်က စစ်တပ် တပ်စွဲထားတဲ့ အေးကျောင်း၊ ဆောက်လုပ်ရေးရုံး၊ တရားရုံး ၊ထွေအုပ်ရုံး၊ ရဲစခန်းနဲ့ မြို့အရှေ့ ဘက် ဂိတ်တို့ကို ဩဂုတ်လ ၁၀ ရက်နေ့ မနက် နာရီခွဲအချိန်ကစပြီး စစ်ကြောင်း ကြောင်းခွဲကာ တပြိုင်တည်း တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုအတွင်းမှာ စစ်တပ်ဘက်က ၃၀ ကျော်သေဆုံးပြီး ဦး အရှင်ဖမ်းဆီးရခဲ့တဲ့အပြင် လက်နက်မျိုးစုံ ၂၇ လက် သိမ်းဆည်းနိုင်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

အဆိုပါတိုက်ပွဲတွေမှာ ပြည်သူ့တော်လှန်ရေးတပ်တွေထဲပါဝင်တဲ့ မြင်းခြံခရိုင် အမှတ် တပ်ရင်းက တပ်ခွဲမှူး ကိုသွန်းထက် ကျဆုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ 

စစ်စခန်းတွေကို သိမ်းဆည်းရရှိပြီးချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ အကြိမ်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက် လာတဲ့အတွက် မြို့ကိုမထိန်းနိုင်တော့ဘဲ ပြန်လည်ဆုတ်ခွာလာခဲ့ရတယ်လို့လည်း မြင်းခြံခရိုင် အမှတ် တပ်ရင်းက ပြောပါတယ်။  

နွားထိုးကြီးမြို့သိမ်းတိုက်ပွဲမှာ မြင်းခြံခရိုင် အမှတ် တပ်ရင်း Natogyi People Defense Force နဲ့အတူ  မြင်းခြံခရိုင် အမှတ် တပ်ရင်း-NRDF နွားထိုးကြီးမြိုနယ် -ပကဖ၊ တံတားဦးမြိုနယ်-ပကဖ၊ မြင်းခြံခရိုင် ဒရုန်းအဖွဲ့-MDDS တို့   ပူးပေါင်းတိုက်ပွဲဝင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၃။ ပေါက်ခေါင်းမြို့နယ်မှာ စစ်သားသစ်စုဆောင်းနေတဲ့ ဗောဓိကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး သေဆုံး  


ဩဂုတ်လ၁၄ရက်


ပဲခူးတိုင်း ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်ထဲက လူငယ်တွေကို စစ်သားသစ်အဖြစ်စုဆောင်းနေတဲ့  ဗောဓိကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး မောင်ဝင်း ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ပေါက်ခေါင်းမြို့နယ် ဗောဓိကုန်းရွာမှာနေတဲ့ အုပ်ချုပ်ရေးမှူး မောင်ဝင်း ကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ က ၎င်းရဲ့နေအိမ်ထိသွားပြီး ရှင်းလင်းခဲ့တာလို့ သိရပါတယ်။ 

ဩဂုတ်လ ၁၃ ရက် မွန်းလွဲ နာရီခွဲခန့်အချိန်မှာ ရှင်းလင်းခံလိုက်ရတဲ့ အုပ်ချုပ်ရေးမှူး မောင်ဝင်း ကို သေနတ်နဲ့ ချက် ပစ်ခတ်ရာမှာ နဖူးနဲ့ရင်ဘတ်ကို ထိမှန်ပြီး သေဆုံးသွားတာလို့ အသိပေးထားပါတယ်။ 

သေဆုံးသူ အုပ်ချုပ်ရေးမှူး မောင်ဝင်း ဟာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ပေါင်းပြီး ဗောဓိကုန်းကျေးရွာအုပ်စု ထဲက လူငယ်တွေကို စစ်မှုထမ်းစေဖို့ စစ်သားသစ်အဖြစ် အတင်းအဓ္မလိုက်လံစုဆောင်းပေးတာ စစ်မှုထမ်းမယ်သူတွေ အတွက်ဆိုပြီး ဒေသခံပြည်သူတွေဆီကနေ ငွေကျပ်  တသောင်းကနေ ၅သောင်းကျပ်အထိ ကောက်ခံတာတွေ ပြုလုပ်ခဲ့ တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီအုပ်ချုပ်ရေးမှူးကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်းကလည်း အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး အုပ်ချုပ်ရေးမှူး ဆက်မလုပ်ဖို့ သတိပေးထားပေမယ့် နောက်မဆုတ်ဘဲ ကျေးရွာအုပ်စုအတွင်းက ပြည်သူတွေအပေါ်ပိုမိုဆိုးရွားစွာ အာဏာပြလာတဲ့အတွက် အရေးယူရတာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တကောင်းမြို့သိမ်းတိုက်ပွဲမှာ စစ်သား ၆၄ ဦးသေဆုံးပြီး ၂၀ ဦး အရှင်ဖမ်းမိ 


ဩဂုတ်လ၁၄ရက်

 

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက တကောင်းမြို့သိမ်းတိုက်ပွဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၄ ဦး သေဆုံးပြီး ၂၀ ဦး အရှင်ဖမ်းမိကာ သေနတ်မျိုးစုံ ၈၃ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ပါတယ်။

တကောင်းမြို့ကို အမှတ်    စစ်ဒေသ၊ မန္တလေးတိုင်းတာဝန်ခံရုံးရဲ့ ကွပ်ကဲမှုနဲ့အတူ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ်  ၅၁၁  တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း-၄၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲနဲ့ သပိတ်ကျင်း မြို့နယ် ပကဖ တို့က ဩဂုတ်လ ၁၁ ရက် မနက်ပိုင်းမှာ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပြည်သူကာကွယ်ရေးအဖွဲ့တွေရဲ့ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဩဂုတ်လ ၁၂ ရက်နေ့ ညနေပိုင်းမှာပဲ တကောင်းမြို့ကို သိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

တကောင်းမြို့ပေါ်က ဒုတိယဗိုလ်မှူးကြီး ရဲခေါင်နဲ့ ဗိုလ်မှူး မိုးသွင် ဦးစီးတဲ့ တတက -၁၃၊ ဗိုလ်မှူး မိုးဝင်း ဦးစီးတဲ့ စခတ-၂၊ ရဲအုပ် အောင်ကိုဝင်း ဦးစီးတဲ့ ရဲတပ်ဖွဲ့၊ ဒုမြို့နယ်မှူး ဇော်လင်းနိုင် အခြေပြုနေထိုင်တဲ့ ထွေအုပ်ရုံး၊ ဆေးရုံနဲ့ ရဲစခန်းတို့ကို ဩဂုတ်လ ၁၁ ရက်နေ့မှာ ရရှိခဲ့ပြီး လေးမျက်နှာဘုရားမှာတပ်စွဲနေတဲ့စစ်ကောင်စီတပ်ကို ဩဂုတ်လ ၁၂ ရက်နေ့မှာ အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့တာလို့ ပြောပါတယ်။ 

ထိတွေ့တိုက်ပွဲတွေမှာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စစ်သုံးပန်းအဖြစ် ဖမ်းဆီးရမိတဲ့အပြင် လက်နက်မျိုးစုံ ၈၃ လက်၊ ကျည်မျိုးစုံ ၁၄၀၀၀ ကျော် ဗုံးသီးမျိုးစုံ ၁၃၀ ခန့် သိမ်းဆည်းရရှိခဲ့ပြီး တော်လှန်ရေးရဲဘော် ဦး မြင့်မြတ်စွာ ကျဆုံး ခဲ့ တယ်လို့ အမှတ် စစ်ဒေသက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ အထိအခိုက်မရှိစေရန် မုံရွာ - ကျောက္ကာ - အရာတော် လမ်းပိုင်းအား  ဩဂုတ်လ  ၁၄ ရက်ကစပြီး သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံ


ဩဂုတ်လ၁၄ရက်


စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ အထိအခိုက်မရှိစေရန် မုံရွာ - ကျောက္ကာ - အရာတော် လမ်းပိုင်းအား  ဩဂုတ်လ  ၁၄ ရက်ကစပြီး သွားလာခြင်းမပြုကြရန်  မုံရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးဆိုပါတယ်။


စစ်ရေးတင်းမာနေသဖြင့် ပြည်သူများ အထိအခိုက်မရှိစေရန် မုံရွာ - ကျောက္ကာ - အရာတော် လမ်းပိုင်းအား ယနေ့ ဩဂုတ်လ  ၁၄ ရက်၊ ၂၀၂၄ ခုနှစ် ကစပြီး ပြည်သူများ၊ ပြည်သူပိုင်ယာဥ်များ၊ ကားများ သွားလာခြင်းမပြုကြရန် မေတ္တာရပ်ခံ အသိပေးအပ်ပါတယ်လို့ဖော်ပြပါတယ်။


အသုံးပြုလို့ရသည့်အချိန်၊ နေ့ရက် အား ပြန်လည်ကြေညာသွားမယ်လို့ဆိုပါတယ်။


========================


🚩🚩 ၆။ စစ်တပ်က ဆေးကုမပေးဘဲ စွန့်ပစ်ထားခဲ့တာလို့ ခလရ ၁၁၄ တပ်က ရဲဘော်တဦးထွက်ဆို


လာရှိုးမြို့သိမ်းတိုက်ပွဲမှာ ရှော့တိုက်ဒုံးထိမှန်ပြီး ဒဏ်ရာရခဲ့တာကို စစ်တပ်က ဆေးကုမပေးဘဲ စွန့်ပစ်ထားခဲ့တာလို့ ခလရ ၁၁၄ တပ်က ရဲဘော်တဦးက ကိုးကန့်တပ် MNDAA ထံမှာ အခုလို ထွက်ဆိုထားပါတယ်။ 


((((((အသံဖိုင်)))))))


ကိုးကန့်တပ် MNDAA ဟာ လားရှိုးမြို့သိမ်းတိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်းတွေနဲ့ စစ်တပ်မိသားစုဝင် ၂ဝဝဝ ကျော် ကို ပြန်လွှတ်ပေးခဲ့ပြီး ဒဏ်ရာရစစ်သားတွေကိုသာမက စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ဒဏ်ရာရထားတဲ့ ဒေသခံပြည်သူတွေကို ဆေးကုသပေးလျက်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment