12th SEP 2024 - Evening Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် 

📌 ၂။ ပညာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲသက်တမ်းကုန်နေသောအွန်လိုင်းကျောင်း၆ ကျောင်းရှိ

📌 ၃။ ခက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် ဒေသ ခုကို ပံ့ပိုးကူညီမယ်လို့ ICRC ထုတ်ပြန်

📌 ၄။ ဝမ်းတွင်းမြို့နယ် မြင်းကျကန်အနီးက ကင်းတားမြောင်းဘောင် ကျိုးကျသွားတဲ့အတွက် မြင်းကျကန် တစ်ရွာလုံးရေကြီးနစ်မြုပ်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖားကန့်မြို့နယ်က ဆိုင်းတောင်ရဲစခန်းကို KIA သိမ်းပိုက် 

🚩 ၂။ ခင်ဦးနယ်က မဒေါင်းလှရွာ ပျူစောထီးစခန်းနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံး

🚩 ၃။ လားရှိုးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့လည်ပတ်နေတဲ့ အမှတ် ပြည်သူ့ဆေးရုံကြီးမှာ ကလေး ၄၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီလို့ MNDAA ပြော

🚩 ၄။ ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကျင်းပ

🚩 ၅။ တောင်ပိုင်းတိုင်း SOF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်တွေက ရန်ကုန်မြို့သိမ်းတိုက်ပွဲအထိ ပြင်ဆင်နေချိန်ဖြစ်တယ်လို့ဆို


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံဖွင့်ပွဲကို သံအမတ်ကြီး ဦးကျော်မိုးထွန်း တက်ရောက် 


စက်တင်ဘာ၁၂ရက်

 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံကို စက်တင်ဘာ ၁ဝ ရက် က စတင်ဖွင့်လှစ်လိုက်ပြီဖြစ်ရာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့အဖွဲ့ တက်ရောက်နေတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးအဖွဲ့က ထုတ်ပြန်ပါတယ်။ 

နယူးယောက်မြို့မှာရှိတဲ့ ကုသမဂ္ဂဌာနချုပ် ကုလသမဂ္ဂအထွေထွညီလာခံမှာ ၇၈ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွ ညီလာခံ ပိတ်ပွဲအခမ်းအနားနဲ့ ၇၉  ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ (79th Session of the United Nations General Assembly – 79th UNGA) ပထမအကြိမ် မျက်နှာစုံညီအစည်းအဝေးနဲ့ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့တာဖြစ်ပြီး ဒီအစည်းအဝေးတွေကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့ကြတာလို့ သိရပါတယ်။ 

၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံ ပိတ်ပွဲအခမ်းအနားကျင်းပရာမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Mr. António Guterres က ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံရဲ့ သဘာပတိ H.E. Mr. Dennis Francis   တာဝန် ထမ်းဆောင်စဉ်ကာလအတွင်းငြိမ်းချမ်းရေး၊ သာယာဝပြောရေး၊ တိုးတက်ရေးနှင့် ရေရှည်တည်တံခိုင်မြဲရေးမျှော်မှန်းချက်အောက်ကနေ စွမ်းဆောင်ခဲ့မှုကို အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။

H.E. Mr. Dennis Francis ကလည်း ဒီရာထူးနေရာကနေ တာဝန်ယူဆောင်ရွက်ခဲ့တဲ့ တနှစ်တာကာလအတွင်း စိုက်ထူနိုင်ခဲ့ တဲ့ မှတ်ကျောက်ပန်းတိုင်များနဲ့ ထမ်းဆောင်ခွင့်ရတဲ့အချိန်အတွင်း အဖက်ဖက်က ပံ့ပိုးကူညီခဲ့ကြသူတွေကို ဂုဏ်ပြုကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်။

အဲဒီနောက် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွညီလာခံအတွက် သဘာပတိအဖြစ် တာဝန်ထမ်းဆောင်ဖို့ ရွေးချယ်ခံ ထားရတဲ့ President-elect ဖြစ်သူ ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း H.E. Mr. Philemon Yang က ကုလသမဂ္ဂ ကျင့်ထုံး နဲ့အညီ ကျမ်းသစ္စာကျိန်ဆိုကာ H.E. Mr. Dennis Francis ထံကနေ Gavel လွှဲပြောင်းလက်ခံခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒါ့ပြင် သံအမတ်ကြီးဦးကျော်မိုးထွန်းရဲ့နေရာအပါအဝင် နိုင်ငံကိုယ်စားပြုခွင့် ကိုယ်စားလှယ်နေရာတွေကို အဆုံးဖြတ်ပေး မယ့် အဖွဲ့ဝင် နိုင်ငံပါရှိမယ့် Credentials Committee ကို အင်တီဂွာနှင့်ဘာဘူဒါ၊ ကာဘိုဗာဒီ၊ တရုတ်၊ ဒိုမီနီကာ၊ လာအို၊ လိုင်ဘီးရီးယား၊ မိုနာကို၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ ပညာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲသက်တမ်းကုန်နေသောအွန်လိုင်းကျောင်း၆ ကျောင်းရှိ


စက်တင်ဘာ၁၂ရက်


ပညာရေးဝန်ကြီးဌာန၏ လေ့လာဆန်းစစ်အကဲဖြတ်ခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲသက်တမ်းကုန်နေသောအွန်လိုင်းကျောင်း၆ ကျောင်းရှိတယ်လို့ စက်တင်ဘာလ ၁၂ ရက်မှာ ပညာရေးဝန်ကြီးဌာနက တရားဝင်အသိပေးထုတ်ပြန်ပါတယ်။


လက်ရှိမှာပညာရေးဝန်ကြီးဌာန၏ အသိအမှတ်ပြုလက်မှတ်ရရှိထားသော ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးအွန်လိုင်းကျောင်းများ စုစည်းထုတ်ပြန်ကြေညာလျက်ရှိပါတယ်။


သက်တမ်းကုန်နေသော အွန်လိုင်းကျောင်း၆ ကျောင်းတွင် မြန်မာ့ရတနာဖက်ဒရယ်ကျောင်း၊နေပြည်တော်NFE ကျောင်းတို့ပါဝင်ပြီး ဆက်လက်လည်ပတ်ခြင်းမရှိ၍ရပ်ဆိုင်းထားသော အွန်လိုင်းကျောင်း၃ ကျောင်းရှိခဲ့ပါတယ်။


========================


📌📌 ၃။ ခက်ခဲတဲ့စိန်ခေါ်မှုတွေရှိနေပေမယ့် မြန်မာနိုင်ငံအလယ်ပိုင်းအပါအဝင် ဒေသ ခုကို ပံ့ပိုးကူညီမယ်လို့ ICRC ထုတ်ပြန်


စက်တင်ဘာ၁၂ရက်


ခက်ခဲတဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ ICRC အနေနဲ့ ဘေးအန္တရာယ်ဖြစ်ဖို့ အလွယ်ကူဆုံးဒေသတွေဖြစ်တဲ့ ရှမ်း၊ ကချင်၊ ရခိုင်၊ မြန်မာနိုင်ငံအလယ်ပိုင်း၊ ချင်း၊ ကယားနဲ့ ကရင်ပြည်နယ်တို့က ပဋိပက္ခဒဏ်ခံနေရတဲ့ ဒေသခံပြည်သူတွေထံ သွားရောက်ပံ့ပိုးကူညီနိုင်ဖို့ သန္နိဋ္ဌန်ချထားတယ်လို့ ICRC က စက်တင်ဘာ ၁၀ ရက်နေ့က ထုတ်ပြန်ထားပါတယ်။ 

မြန်မာပြည်သူတွေကို ထောက်ပံ့ကူညီဖို့ဆိုတဲ့ ICRC ရဲ့သန္နိဋ္ဌန်က မဆုတ်မနစ် ဆက်လက်တည်ရှိနေမှာပါ။ ပဋိပက္ခနဲ့ အခြား  အကြမ်းဖက်မှုအခြေအနေတွေကြောင့် အကြောက်တရားတွေနဲ့ နေထိုင်ကြရပါတယ်။ အသက်မွေးဝမ်းကျောင်းမှုလုပ်ငန်း တွေကို ဆက်မလုပ်နိုင်တာကြောင့် မရေမတွက်နိုင်အောင်များပြားတဲ့လူထုအတွက် ဆက်လက် အသက်ရှင်ရပ်တည်နိုင်ဖို့ နည်းလမ်းတွေ မရှိတော့ပါဘူးလို့ ICRC ဥက္ကဋ္ဌ Mirjana Spoljaric က ပြောပါတယ်။ 

ICRC ဥက္ကဋ္ဌ Mirjana Spoljaric နဲ့အဖွဲ့ဟာ စက်တင်ဘာ ရက်ကနေ ရက်နေ့အထိ မြန်မာနိုင်ငံကိုလာရောက်ခဲ့ပြီး နေပြည်တော်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်နိုင်ဖို့နဲ့ ပဋိပက္ခဒဏ်ခံနေရတဲ့ဒေသတွေကို ပိုမိုသွားရောက်ခွင့်ရရှိရေး မင်းအောင်လှိုင်ကို ICRC ဥက္ကဋ္ဌ က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ICRC ဥက္ကဋ္ဌဟာ ကြားနေအခန်းကဏ္ဍနဲ့ အကူအညီလိုအပ်မှု အများဆုံးရှိနေနေတဲ့လူထုထံ သွားရောက်နိုင်ရေး ရည်မှန်းချက်ကို အထူးအလေးပေးပြောကြားခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ကျွန်မတို့အနေနဲ့ ပဋိပက္ခမှာပါဝင်တဲ့ အဖွဲ့အစည်းတွေအားလုံးနဲ့ နှစ်ဦးနှစ်ဖက်အကြား အတွင်းရေးကိစ္စအဖြစ်သတ်မှတ်ထား ရှိတဲ့ ဆွေးနွေးပြောဆိုမှုတွေကို ဆောင်ရွက်ရာမှာ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာ ထောက်ထားမှုဥပဒေကို လေးစား လိုက်နာကြဖို့နဲ့ အရပ်သားပြည်သူတွေနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေသူတွေ ဘေးကင်း လုံခြုံစေဖို့အတွက် သူတို့မှာရှိတဲ့တာဝန်ဝတ္တရားကို အသိပေးပြောဆိုမှုတွေပြုလုပ်ပါတယ်လို့လည်း ICRC ဥက္ကဋ္ဌ က  ပြောထားပါတယ်။ 

မြန်မာနိုင်ငံမှာ လူဦးရေ သန်းနဲ့ချီပြီး အငတ်ဘေး ရင်ဆိုင်နေကြရပေမယ့် ICRC အနေနဲ့ လူဦးရေဘယ်လောက်စာကို ကူညီပံ့ပိုးပေးမယ် အချိန်ကာလ ဘယ်လောက်အတွင်း အမြန်ဆုံး ပံ့ပိုးပေးမယ်ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိပေမယ့် အခုနှစ် ပထမ လအတွင်း လူပေါင်း ၂သောင်းတထောင်ကျော်ကို စားနပ်ရိက္ခာအထောက်အပံ့များ၊ လူပေါင်း ၂သောင်းကို အိမ်သုံးပစ္စည်းများနဲ့ လူပေါင်း ၂သောင်း ၅ထောင်ကျော်ကို လောင်စာတောင့်များ ပံ့ပိုးနိုင်ခဲ့တယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် လူပေါင်း ၈သောင်း ၃ထောင်ကျော်ကို ရေ၊ မိလ္လာ၊ အမိုးအကာနဲ့ အရေးပေါ်သန့်ရှင်းရေးစနစ်တွေ ပိုမိုရရှိလာစေဖို့ ဆောင်ရွက်ပေးခဲ့သလို နိုင်ငံတဝန်းက ဆေးရုံ ၁၅ ရုံနဲ့ ကျန်းမာရေးဆိုင်ရာ အဆောက်အအုံ ၄၄ ခုမှာ ကိုယ်ဝန်ဆောင်မိခင် စောင့်ရှောက်မှုဆိုင်ရာ ကုသဆွေးနွေးမှု ၄ထောင်နဲ့ ရောဂါကုသမှုဆိုင်ရာ ကုသဆွေးနွေးမှုပေါင်း ၄သောင်း၆ထောင် နီးပါးအတွက် ထောက်ပံ့ပေးအပ်ခဲ့တဲ့အပြင် ပေါက်ကွဲမှုအန္တရာယ်တွေကြောင့် ထိခိုက်ခံရသူ ၈၅၃ ဦး အပါအဝင် မသန်စွမ်းသူ ၂ရာကျော်ကိုလည်း ကိုယ်ကာယပြန်လည်သန်စွမ်းရေးအစီအစဉ်အားဖြင့် ထောက်ပံ့ကူညီခဲ့တယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် လူပေါင်း ၇၀ ကျော်က မိသားစုတွေနဲ့ ၎င်းတို့ချစ်ခင်ရသူတွေ ဘယ်နေရာကိုရောက်နေတယ်ဆိုတာ သိနိုင်စေဖို့နဲ့ အကျဉ်းထောင်ကနေ လွတ်မြောက်လာသူ ၂ထောင်ကျော်ကို မိသားစုများထံ ဘေးကင်းလုံခြုံစွာပြန်နိုင်အောင် ထောက်ပံ့ ကူညီခဲ့ခဲ့တယ်လို့ ICRC က ထုတ်ပြန်ပြောဆိုထားပါတယ်။


========================


📌📌 ၄။ ဝမ်းတွင်းမြို့နယ် မြင်းကျကန်အနီးက ကင်းတားမြောင်းဘောင် ကျိုးကျသွားတဲ့အတွက် မြင်းကျကန် တစ်ရွာလုံးရေကြီးနစ်မြုပ်


စက်တင်ဘာ၁၂ရက်


ဝမ်းတွင်းမြို့နယ် မြင်းကျကန်အနီးက ကင်းတားမြောင်းဘောင် ကျိုးကျသွားတဲ့အတွက် မြင်းကျကန် တစ်ရွာလုံးရေကြီးနစ်မြုပ်လျက်ရှိတယ်လို့ စက်တင်ဘာ၁၂ရက်မနက်ပိုင်းမှာ ဒေသသတင်းအရင်းအမြစ်များကအတည်ပြုဖော်ပြပါတယ်။


မိတ္ထီလာကန်မှာ ရေများ အလွန်အမင်းတိုးလာသဖြင့် ရေထိန်းတခါးမှ ရေများတိုးလွှတ်လိုက်၍ဝမ်းတွင်းဆည်ဘက်ကပြည်သူများသတိရှိကြဖို့လည်းလိုအပ်တယ်လို့သိရပါတယ်။


လက်ရှိမှာ စမုံဆည်ဘက်မှ အထိန်းအကွပ်မဲ့စွာဖွင့်ချလိုက်သောရေများကြောင့် ရိုးစုံရွာမှာရေနစ်မြုပ်လျက်ရှိပါတယ်။

 

အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ဖားကန့်မြို့နယ်က ဆိုင်းတောင်ရဲစခန်းကို KIA သိမ်းပိုက် 


စက်တင်ဘာ၁၂ရက်


ကချင်ပြည်နယ် ဖားကန့်မြို့ ဆိုင်းတောင်ရဲစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ ပူးပေါင်းတပ်တွေ ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ပြီလို့ ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆိုင်းတောင်ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေက မနေ့ စက်တင်ဘာ ၁၁ ရက် ၁၀ နာရီကျော်မှာစတင်  တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ၁၀ နာရီ ၄၅ မိနစ်ခန့်မှာ အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။

ဆိုင်းတောင်ရဲစခန်းကို KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းပိုက်နိုင်ပြီဆိုတဲ့သတင်း ကြားရကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

ဆိုင်းတောင်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ကို KIAနဲ့KPDF ပူးပေါင်းတပ်တွေက စက်တင်ဘာ ရက်ကတည်းက စတင် တိုက်ခိုက်ခဲ့ပြီး ရက်မြောက်နေ့မနက်မှာ ရဲစခန်းကို သိမ်းယူနိုင်ခဲ့တာလို့ သိရပါတယ်။

KIA အနေနဲ့ ဖားကန့်မြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအများစုကို တိုက်ခိုက်သိမ်းပိုက်ထားပြီး မြို့တွင်းမှာ ကျန်ရှိနေတဲ့ စစ်ကောင်စီတပ်တွေကို ဆက်လက်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

KIA စစ်ရေးသတင်းတွေကိုဖော်ပြနေတဲ့ 7Stars News ကတော့ စက်တင်ဘာ ၁၁ ရက် ညကတည်းက ဆိုင်းတောင်ရဲစခန်း ကို အပြီးသတ်သိမ်းနိုင်ခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က သေဆုံးမှုများရှိခဲ့ပြီး အရှင်ဖမ်းမိသူနဲ့ ထွက်ပြေးသူများရှိတယ်လို့ ဒီနေ့ စက်တင်ဘာ ၁၂ ရက် မနက်ပိုင်းမှာ ဖော်ပြထားပါတယ်။

ဆိုင်းတောင်ရဲစခန်းကို အပြီးသတ်တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ဘူဒိုဇာနဲ့ ရှင်းလင်းထားလိုက်ပြီလို့လည်း အသိပေးထားပြီး ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို လိုက်လံ ရှာဖွေရှင်းလင်းနေတဲ့အပြင် ယူမာ ဘက်ခြမ်းမှာလည်း ပစ်ခတ်တိုက်ခိုက်မှုများရှိနေတယ်လို့ ရေးသားထားပါတယ်။


ဒါ့အပြင် ကချင်ပြည်နယ် ချီဖွေမြိုနယ် ပန်ဝါဒေသမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်-KIAနဲ့ စစ်ကောင်စီ လက်အောက်ခံတပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ ခင်ဦးနယ်က မဒေါင်းလှရွာ ပျူစောထီးစခန်းနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က အရာရှိအပါအဝင် ၃၀ ကျော် သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံး


စက်တင်ဘာ၁၂ရက်


စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် မဒေါင်းလှရွာမှာရှိတဲ့ ပျူစောထီးစခန်းနဲ့ စစ်ကူစစ်ကြောင်းကို တိုက်ခိုက်မှုတွေမှာ အကြမ်းဖက် စစ်တပ်ဘက်က အရာရှိတဦးအပါအဝင် ၃၀ ကျော်သေဆုံးပြီး PDF ရဲဘော် ၁၁ ဦး ကျဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

မဒေါင်းလှရွာက ပျူစောထီးစခန်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ဩဂုတ်လ ၁၈ ရက်နဲ့၁၉ ရက်နေ့တွေမှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဩဂုတ်လ ၃၁ ရက်နေ့မှာ စစ်ကူလာတဲ့ ခြေလျင်စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

ဒီတိုက်ခိုက်မှုတွေမှာ အကြမ်းဖက်စစ်တပ်ဘက်က အရာရှိအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးခဲ့ပြီး တော်လှန်ရေးရဲဘော် ဦး ကျဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ကန့်ဘလူမြို့နယ်က ဝါသဝ လက်အောက်ခံ ပျူစောထီးတွေနဲ့ ကန့်ဘလူ သကြားစက်က အကြမ်းဖက်စစ်သားတွေပါတဲ့ အင်အား ၁၇၀ ဝန်းကျင်ရှိ အကြမ်းစစ်ကြောင်းဟာ ဩဂုတ်လ ၃၁ ရက်နေ့ကတည်းက ခင်ဦးနဲ့ကန့်ဘလူမြို့နယ်အစပ်မှာရှိ တဲ့ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်ခိုက်မှုအပါအဝင် ခြေလျင်စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်လာ တာကြောင့် ကျေးရွာပေါင်း ၂၀ ဝန်းကျင်က ဒေသခံပြည်သူ တသောင်းကျော်ဟာ လယ်ယာလုပ်ငန်းတွေမလုပ်နိုင်တော့ဘဲ ထွက်ပြေးတိမ်းရှောင်နေရတာ တလခန့် ရှိနေပြီလို့လည်း ဆိုပါတယ်။

ဒီအကြမ်းဖက်စစ်ကြောင်းဟာ ဩဂုတ်လ ၃၁ ရက်ကနေ စက်တင်ဘာလ ၁၁ ရက်နေ့ထိ ငကြိုင်း၊အင်ကြင်းပင်၊ ပေါက်တော၊ စောကြီး၊ သနပ်စိန်၊ တဲကြီး၊ ဖန်းခါးကုန်း၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ စည်ပုတ္တရာ စတဲ့ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၄၀၀ ကျော် မီးလောင်ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထား ပါတယ်။

စက်တင်ဘာလ ၁၀ ရက်နေ့ကလည်း ဂျပို့၊ ပေါက်သင့်တုံ၊ စည်ပုတ္တရာ စတဲ့ကျေးရွာတွေကို ဝင်ရောက်စီးနင်းကာ မီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် မဒေါင်းကြီးနဲ့ရွှေကာကျေးရွာအနီးမှာ အကြမ်းဖက် စစ်တပ်စစ်ကြောင်းကို ထောက်လှမ်းနေတဲ့ LDF ရဲဘော် ဦးကိုလည်း ကျေးရွာထိပ်မှာပဲ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ပစ်သတ်ထားခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်ကြောင်းဟာ မဒေါင်းကြီးနဲ့ရွှေကာကျေးရွာ ပတ်ဝန်းကျင်းကို စစ်ကြောင်းထိုးလာနိုင်တဲ့အတွက် မီးရှို့ ခံထားရတဲ့ကျေးရွာ ၁၃ ရွာအပြင် သရက်ကန်၊ ပြေကုန်း၊ ပင်တင်း စသည့် ကျေးရွာတွေက ဒေသခံပြည်သူတွေလည်း   ထပ်မံတိမ်း‌ရှောင်နေရပြီလို့ ထပ်မံသိရှိရပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေ နေ့စဉ်တိုးလာနေတာကြောင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို၊ကိုယ်ဝန်ဆောင်မိခင်တွေဟာ နေစရာ စားစရာ အဓိကလိုအပ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်သမျှ ဝန်းရံထောက်ပံ့ပေးကြဖို့  ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩 ၃။ လားရှိုးမှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့လည်ပတ်နေတဲ့ အမှတ် ပြည်သူ့ဆေးရုံကြီးမှာ ကလေး ၄၀၀ ကျော်ကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ခဲ့ပြီလို့ MNDAA ပြော


စက်တင်ဘာ၁၂ရက်


ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး ကိုးကန့်တပ် MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့မှာ CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ လည်ပတ်နေသည့် အမှတ် ပြည်သူ့ဆေးရုံကြီးမှာ ကလေးငယ် ၄၀၀ ကျော်ကို ကာကွယ်ဆေးထိုးနှံပေးနိုင်ခဲ့တယ်လို့ MNDAA က ဒီနေ့ စက်တင်ဘာ ၁၂ မှာ ထုတ်ပြန်ပါတယ်။ 

ပြည်ထောင်စုမြန်မာနိုင်ငံ အထူးဒေသ- မှာရှိတဲ့ အမှတ် ပြည်သူ့ဆေးရုံကြီးအနေနဲ့ စက်တင်ဘာ ၁၁ ရက်နေ့ကို မွေးကင်းစကလေးများအား လစဉ် ကာကွယ်ဆေးထိုးနှံပေးတဲ့နေ့အဖြစ်သတ်မှတ်ထားတယ်လို့ ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံပေးသည့်နေ့မှာ သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ စည်းရုံးမှုနဲ့အတူ ဆေးရုံမှာ ကလေးတွေကို ကာကွယ်ဆေးထိုးနိုင်ဖို့ မနက်အစောပိုင်းကတည်းက လူတွေနဲ့ပြည့်နေခဲ့တယ်လို့ သိရပါတယ်။ 

အထူးဒေသမှာရှိတဲ့ကလေးတွေကို အခုနှစ် မေလ ၁၁ ရက်နေ့ကစပြီး အမှတ် ပြည်သူ့ဆေးရုံကြီးမှာ မွေးကင်းစနဲ့ အသက် နှစ်အောက် ကလေးငယ်တွေကို လစဉ် ၁၁ ရက်နေ့တိုင်း မနက် နာရီကနေ မွန်းလွဲ နာရီအထိ BCG ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး၊ pentavalent ကာကွယ်ဆေးနဲ့ ဝက်သက်ကာကွယ်ဆေးတွေ အခမဲ့  ထိုးပေးနေတာလို့ ထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။ 

ကလေးငယ်များ ကာကွယ်ဆေးထိုးချိန်ကို အထူးဒေသအုပ်ချုပ်မှုကော်မတီက အလေးထားပြီး ဌာနဆိုင်ရာ အသီးသီးရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့အတူ အဆင့် ဆင့်ခွဲပြီး ဆောင်ရွက်နေတာ ယခုအချိန်အထိ အောင်မြင်စွာအကောင်အထည် ဖော်နိုင်ခဲ့တာကြောင့် အမှတ် ပြည်သူ့ဆေးရုံကြီးရဲ့ ကာကွယ်ဆေးထိုးခြင်းလုပ်ငန်းဟာ တိုးတက်လာနေတယ်လို့လည်း သိရပါတယ်။

MNDAA ရဲ့စည်းရုံးမှု လမ်းညွှန်မှုအောက်မှာ ကာကွယ်ဆေးထိုးဖို့ စောင့်ဆိုင်းနေသည့်အဖွဲ့ဟာ စနစ်တကျအဆင့်မြင့်လာပြီး ကာကွယ်ဆေးထိုးတဲ့လုပ်ငန်းစဉ်တခုလုံးဟာလည်း စနစ်တကျရှိခဲ့တယ်လို့ MNDAA က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကျင်းပ


 စက်တင်ဘာလ ၁၂ ရက်


၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ () ရက်နေ့တွင် ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း တည်ထောင်ခြင်း () နှစ်ပြည့်အခမ်းအနားကို ကျင်းပခဲ့တယ်လို့အတည်ပြုထုတ်ပြန်ပါတယ်။


အခမ်းအနားတွင် ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း စတင်တည်ထောင်ချိန်မှစ၍ ယနေ့အချိန်အထိ ဖြတ်သန်းမှုသမိုင်းကြောင်းများကို ပြန်လည်ဖော်ထုတ်ခြင်း၊ တပ်ရင်းဖြတ်သန်းမှု သမိုင်းတလျှောက်တွင် ဆုံးရှုံးခဲ့ရသည့် ရဲဘော်များကို လွမ်းဆွတ်အောက်မေ့ ဂုဏ်ပြုအလေးပြုခြင်းနှင့် တက်ရောက်လာကြသည့် မဟာမိတ်အဖွဲ့အစည်းများနှင့် အတူတကွ ညီညွတ်စွာ လက်တွဲဆောင်ရွက်နိုင်ရေးအတွက် တိုင်ပင်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


ရွှေဘိုခရိုင်အမှတ် (၁၂) တပ်ရင်း စတင်တည်ထောင်ချိန်တွင် Deparinga PDF အမည်ဖြင့် စတင်တည်ထောင်ခဲ့ပြီး နောက်တွင် ဒီပဲယင်းမြို့နယ်တပ်ရင်း () ဟု ပြည်သူများက ခေါ်တွင်ခဲ့ကြကာ ထို့နောက် အမှတ် () စစ်ဒေသ၏ ကွပ်ကဲမှုအောက်တွင် ရွှေဘိုခရိုင် အမှတ် (၁၂) တပ်ရင်းဟု တရားဝင် ပြောင်းလဲအသုံးပြုခဲ့ပါတယ်။


========================


🚩🚩 ၅။ တောင်ပိုင်းတိုင်း SOF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်တွေက ရန်ကုန်မြို့သိမ်းတိုက်ပွဲအထိ ပြင်ဆင်နေချိန်ဖြစ်တယ်လို့ဆို


စက်တင်ဘာ၁၂ရက်


တောင်ပိုင်းတိုင်း SOF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်တွေက ရန်ကုန်မြို့သိမ်းတိုက်ပွဲအထိ ပြင်ဆင်နေချိန်ဖြစ်တယ်လို့ စက်တင်ဘာလအတွင်း စစ်ရေးသုံးသပ်ချက်များကိုရေးသားဖော်ပြနေတဲ့ PDFInsightက သုံးသပ်ထားပါတယ်။


ဒီနေ့အချိန်ဟာ ရှမ်းမန်းစစ်ဆင်ရေးက မေမြို့ အထက်နားမှာတည်ရှိတဲ့ တောင်ခန်းအမြောက်စခန်းတွေထဲက တနေရာပဲတိုက်ဖို့ကျန်တော့တဲ့အချိန်၊ မန်းလေးကို အရှေ့ဘက်၊ မြောက်ဖက် နဲ့ အနောက်ဖက်တွေကနေ ဂဏန်းလက်မလို တဖြေးဖြေးညှပ်ဖို့ ချဥ်းကပ်လာချိန်၊ ရခိုင်မှာ သံတွဲ ကိုသိမ်းပိုက်ပြီး မောင်ရွှေလေး ရေတပ်ဌာနချုပ်တခုလုံး အပြီးသတ်သိမ်းပိုက်နိုင်ချိန်ဖြစ်တယ်။ ဒါကြောင့် ဂွမြို့နယ်ဘက်မှာ တိုက်ပွဲတွေ စတင်ပြင်းထန်လာချိန်ဖြစ်တယ်။ ကချင်ပြည်နယ်မှာ ဖားကန့်မြို့နယ်တခုလုံးသိမ်းပိုက်ရဖို့ စခန်းတခုနှစ်ခုလောက်ပဲကျန်တော့တဲ့အချိန်နဲ့ စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်က မြို့တွေအားလုံးလောက် သိမ်းပိုက်ရရှိထားချိန်လဲ ဖြစ်နေပါတယ်။ မြေပြန့်က မြင်းခြံ၊ တောင်သာ၊ ဆားလင်းကြီး၊ တောင်တွင်းကြီးစတဲ့နေရာတွေမှာ မြို့သိမ်းတိုက်ပွဲတွေ အားစမ်းခဲ့ပြီး နောက်တကြိမ်ပိုကြီးတဲ့ စစ်ဆင်ရေးတွေပြင်ဆင်နေချိန်၊ ပဲခူးရိုးမ အရှေ့ခြမ်း၊ အနောက်ခြမ်းတွေမှာ တိုက်ပွဲတွေခပ်စိတ်စိတ် ဖော်လာတဲ့အချိန်လဲဖြစ်တယ်။ တောင်ပိုင်းတိုင်း SOF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားတပ်တွေက ရန်ကုန်မြို့သိမ်းတိုက်ပွဲအထိ ပြင်ဆင်နေချိန်ဖြစ်တယ်။ ပြောရရင်တောင်ပိုင်း၊ မြောက်ပိုင်း တပြည်လုံးမဟာဗျူဟာ ထိုးစစ်ကာလကို အပီအပြင်ဆင်နွှဲဖို့ လုပ်ဆောင်နေကြချိန်ဖြစ်ပါတယ်လို့ဖော်ပြပါတယ်။

လက်ရှိမှာစကစဟာလေကြောင်းကနေ ဗုံးကြဲတာတွေကို သူရဲပေါကြောင်စွာပြုလုပ်နေတာဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်နှင့်မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment