14th SEP 2024 - Morning Daily News by Radio NUG


၂၀၂၄ စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ ပြည်သူများ တိုက်ရိုက်လှူဒါန်းမှုများကတဆင့် ရေဘေးသင့်ပြည်သူများအတွက် ထုတ်နုတ်သုံးစွဲ ဆောင်ရွက်နေ

📌 ၂။ အရပ်သားအစိုးရလက်ထက် သဘာဝဘေးအတွက် စစ်တပ်ရဟတ်ယာဉ်ကို ငှားသုံးရခိုက်မှာ ရဟတ်ယာဉ်ငှားရမ်းခပေးခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ထုတ်ဖော်ပြောကြား

📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်နှင့် ဖက်ဒရယ်ယူနစ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး

📌 ၄။ ရှမ်းပြည်နယ်ကလောမြို့ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ တစ်ရာထက်မနည်းရှိလာ

📌 ၅။ တိုက်ဖွန်းမုန်တိုင်းယာဂီဝင်ရောက်တိုက်ခတ်တဲ့ ဗီယက်နမ်နိုင်ငံထက် မြန်မာနိုင်ငံကသေဆုံးမှုမြင့်တက်လာ

📌 ၆။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြ

📌 ၇။ စက်တင်ဘာလ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း၃၆ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ PDF, ERO, LDF ကြားမှာ လေတပ်စခန်းတိုက်ခိုက်ရေး တညီတညွတ်တည်း ပေါင်းစည်း တိုက်ခိုက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ဆို

🚩၂။ ကရင်နီပြည် ဆေးတပ်သား ၁၈ ဦး ရေစီးနဲ့မျောပါ ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမယ် 

🚩၃။ တောင်ခမ်းရှိ စစ်ကောင်စီလက်ကျန်စခန်းကို TNLA နဲ့  ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက် 

🚩၄။ မူဆယ်မြို့မှာပြည်သူ့စစ်အချင်းချင်းပစ်ခတ်၍ တိုက်ပွဲဖြစ်

🚩၅။ စစ်တောင်းမြစ်အရှေ့ဘက်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နေပြည်တော် PDF ရဲဘော်၂ဦး ရေစီးနဲ့မျောပါခဲ့ရာ တဦးကို အသက်ရှင်လျှက်ပြန်တွေ့

🚩၆။ ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အပတ်စဉ် ()အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ ပြည်သူများ တိုက်ရိုက်လှူဒါန်းမှုများကတဆင့် ရေဘေးသင့်ပြည်သူများအတွက် ထုတ်နုတ်သုံးစွဲ ဆောင်ရွက်နေ


စက်တင်ဘာလ ၁၃ရက်။

Radio NUG

NUG လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနသို့ ပြည်သူများ တိုက်ရိုက်လှူဒါန်းမှုများကတဆင့် ရေဘေးသင့်ပြည်သူများအတွက် ထုတ်နုတ်သုံးစွဲ ဆောင်ရွက်နေတယ်လို့အသိပေးဖော်ပြပါတယ်။


စက်တင်ဘာ၁၃ရက် ညပိုင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိ ရေဘေးသင့်ပြည်သူများအား ကူညီကယ်ဆယ်ရေး၊ စားနပ်ရိက္ခာထောက်ပံ့ရေး၊ ပြန်လည်နေရာချထားရေး ကိစ္စရပ်များအတွက် ဝန်ကြီးဌာနသို့ တိုက်ရိုက်လှူဒါန်းမှုများ၊ Spring Development Bank(SDB) Humanitarian Support Fund နှင့် NUGPay Disaster Relief Fund တို့မှရရှိသော ရန်ပုံငွေများကို ထုတ်နုတ်သုံးစွဲ ဆောင်ရွက်လျက် ရှိတယ်လို့သတင်းထုတ်ပြန်ပါတယ်။


ထို့ကြောင့် ဝန်ကြီးဌာနကဖော်ပြထားသော QR Codeများမှတဆင့် ထည့်ဝင်လှူဒါန်းခြင်းအားဖြင့် ရေဘေးဒုက္ခရင်ဆိုင်နေရသော ပြည်သူများကို ပါဝင်ကူညီကြပါရန် တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၂။ အရပ်သားအစိုးရလက်ထက် သဘာဝဘေးအတွက် စစ်တပ်ရဟတ်ယာဉ်ကို ငှားသုံးရခိုက်မှာ ရဟတ်ယာဉ်ငှားရမ်းခပေးခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ထုတ်ဖော်ပြောကြား


စက်တင်ဘာလ ၁၃ရက်။

Radio NUG

အရပ်သားအစိုးရလက်ထက် သဘာဝဘေး အတွက် စစ်တပ်ရဟတ်ယာဉ်ကို ငှားသုံးရခိုက်မှာ ရဟတ်ယာဉ်ငှားရမ်းခပေးခဲ့ရတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။


စက်တင်ဘာ၁၃ရက် ဆိုရှယ်မီဒီယာမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်ကပြောကြားထားပါတယ်။


ထိုင်းစစ်တပ်က ရဟတ်ယာဉ်နဲ့ ရေဘေး ကူတာ မြင်ရတော့ ( ၂၀၁၅-၂၀၂၀)ကြား အရပ်သားအစိုးရက သဘာဝဘေးအတွက် စစ်တပ်ရဟတ်ယာဉ်ကို ငှားသုံးရတဲ့ ကာလရဟတ်ယာဉ်ငှားခထက် အရပ်ဘက်သုံးဖို့ ရဟတ်ယာဉ်ဝယ်တာက ပိုပြီး ထိရောက်မှာမို့ - emergency သုံးဖို့ - ( လူကယ်ပြန် အတွက် ရဟတ်ယာဉ်) ဝယ်တာကို လာဘ်စားပါတယ်ဆိုပြီး ( ဒေါ်အောင်ဆန်းစုကြည်နဲ့ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကို)အာဏာသိမ်းပြီးနောက် အမှုဆင် တရားစွဲခဲ့တဲ့ စကစကို ဘယ်လို ဖြုတ်ရမလဲ ဆိုတာပဲ စိတ်ထဲ တမြေ့မြေ့တွေးမိတယ်"လို့ ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားစိုးရလက်ထက်တွင် ပြည်တွင်းငြိမ်းချမ်းရေးကိုငြင်းဆန်ခဲ့တဲ့အုပ်စုလည်းဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်နှင့် ဖက်ဒရယ်ယူနစ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ ၁၃ရက်။

Radio NUG

စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်က စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်နှင့် ဖက်ဒရယ်ယူနစ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံဆွေးနွေးပွဲကို ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ၊ (၁၃)ရက်၊ (၁၃:၀၀)နာရီအချိန်တွင် ဗီဒီယို ကွန်ဖရင့်မှတဆင့် ကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အတွင်းရှိ တာဝန်ရှိ ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၊ ဖက်ဒရယ်ယူနစ်လွှတ်တော်ဘက်မှ လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာကော်မတီများမှ တာဝန်ရှိသူများ၊ လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပါတယ်။


အလားတူ စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံရေးဆွဲရေးကော်မရှင်ဘက်မှလည်း တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး ကော်မရှင်၏ လုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်လင်းဆွေးနွေးခဲ့ပါတယ်။


ကော်မရှင်ဘက်မှ တိုင်းရင်းသားအစုအဖွဲ့ဝင်များ၊ CDMအစုအဖွဲ့များ၊ သပိတ်အစုအဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီအစုအဖွဲ့ဝင်များမှလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ်ဆိုင်ရာ ရှေ့လုပ်ငန်းစဉ်များကို အပြန်အလှန် ဆွေးနွေးအကြံပြုခြင်းများ ပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ရှမ်းပြည်နယ်ကလောမြို့ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ တစ်ရာထက်မနည်းရှိလာ


စက်တင်ဘာလ ၁၃ရက်။

Radio NUG

ရှမ်းပြည်နယ်ကလောမြို့ ရေကြီးရေလျှံမှုကြောင့် သေဆုံးသူနှင့်ပျောက်ဆုံးသူ တစ်ရာထက်မနည်းရှိလာတယ်လို့ သိရပါတယ်။


စက်တင်ဘာ၁၃ရက် ဒေသခံ သတင်းအရင်းအမြစ်များကတဆင့်သိရှိရပါတယ်။


စက်တင်ဘာ၁၁ရက်နေ့ကစလို့ ဆက်သွယ်ရေးစနစ်များပြတ်တောက်ကာ စက်တင်ဘာ၁၂ရက်နေ့မှာတော့ သေဆုံးသူ၆၀နီးပါးရှိခဲ့တယ်လို့ အတည်ပြုနိုင်ခဲ့ကြောင်းသိရပါတယ်။


၄င်းနောက်ရေထဲမျောပါသူနှင့် မြေပြိုမှုကြောင့်ပျောက်ဆုံးသူ ရာနဲ့ချီရှိကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူတချို့က အသိပေးထုတ်ပြန်ထားပါတယ်။


ကူညီကယ်ဆယ်ရေးကို ဒေသခံများကသာ အချင်းချင်းပြန်လည် ဆောင်ရွက်နေရပြီး ရေကြီးမှုနဲ့မြေပြိုမှုတွေ ဆက်လက်ရှိနေတယ်လို့လည်း သိရှိရပါတယ်။


========================


📌📌 ၅။ တိုက်ဖွန်းမုန်တိုင်းယာဂီဝင်ရောက်တိုက်ခတ်တဲ့ ဗီယက်နမ်နိုင်ငံထက် မြန်မာနိုင်ငံကသေဆုံးမှုမြင့်တက်လာ


စက်တင်ဘာလ ၁၃ရက်။

Radio NUG

တိုက်ဖွန်းမုန်တိုင်းယာဂီ ဝင်ရောက်တိုက်ခတ်တဲ့ ဗီယက်နမ်နိုင်ငံထက် မြန်မာနိုင်ငံကသေဆုံးမှု မြင့်တက်လာတယ်လို့သိရှိရပါတယ်။


စက်တင်ဘာ၁၃ရက်နေ့သတင်းများအရ မြန်မာနိူင်ငံအနှံ့ မုန်တိုင်းအရှိန်ကြောင့် မိုးများသည်းထန်စွာရွာမှုမှတဆင့် ရေကြီးရေလျှံမှုများနေရာအနှံ့ ဖြစ်ပွားခဲ့ပါတယ်။


ဗီယက်နမ်နိုင်ငံသို့ တိုက်ဖွန်းမုန်တိုင်းယာဂီဝင်ရောက်တိုက်ခတ်ပြီးနောက် သေဆုံးသူ ၂၂၆ ဦးအထိရှိကြောင်း နိုင်ငံတကာသတင်းများအရသိရပါတယ်။


မြန်မာနိူင်ငံတွင် မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်အတွင်း ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများကြောင့် လူဦးရေ နှစ်ရာကျော်ခန့်သေဆုံးကြောင်းဒေသ သတင်းအရင်းအမြစ်များက ဖော်ပြထားပါတယ်။


အလားတူရှမ်းပြည်နယ် ကလောမြို့နှင့် အခြားသောမြို့နယ်များတွင်လည်း မြစ်၊ချောင်းနှင့် ဆည်တမံများ ရေကြီးရေလျှံမှု၊ မြေပြိုမှုများကြောင့် လူဦးရေရာနှင့်ချီသေဆုံးမှုများ ဖြစ်ပွားနေပြီး ရေထဲမျောပါကာပျောက်ဆုံးသူများလည်းရှိနေတယ်လို့သတင်းရရှိပါတယ်။


ရမည်းသင်းမြို့နယ်၊ သပြေပင်ကျေးရွာ တစ်ရွာလုံး နုန်းမြေကြီးအောက်ထဲ ရောက်သွားတယ်လို့အတည်ပြုသတင်းများအရသိရှိရပါတယ်။


========================


📌📌 ၆။ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြ


စက်တင်ဘာလ ၁၃ရက်။

Radio NUG

သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။


ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကနေ ဦးဆောင်ပြီး ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းစက်တင်ဘာလ ၁၃ ရက်က စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ 


အဲဒီလှုပ်ရှားမှုမှာ ကမ္ဘာ့ကုလသမဂ္ဂ Credential ကော်မတီအစည်းအဝေးကနေ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ 


"ကမ္ဘာ့ကုလသမဂ္ဂ(UN) အဖွဲ့ဝင် နိုင်ငံအသီးသီးက ခေါင်းဆောင်တွေအနေနဲ့ ကျွန်တော်တို့ ပြည်သူတွေရဲ့ လွတ်လပ်လိုမှုကို အမှန်တကယ်လေးစားပြီး မြန်မာပြည်သူတွေ ဖမ်းဆီးနှိပ်စက် သတ်ဖြတ်ခံနေရမှုတွေကနေ အဆုံးသတ်စေချင်တဲ့ ဆန္ဒရှိလိမ့်မယ်လို့ အပြည့်အဝ ယုံကြည်ပါတယ်။ အဲဒါကြောင့် ကမ္ဘာကုလသမဂ္ဂဆိုင်ရာ အစည်းအဝေးတွေမှာ ကျွန်တော်တို့ ပြည်သူတွေရဲ့ စစ်မှန်တဲ့ အသံတွေကို ကိုယ်စားပြုပြောကြား ပေးနိုင်ဖို့ မြန်မာပြည်သူတွေကို ကိုယ်စားပြုတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာနိုင်ငံကိုယ်စားလှယ်အဖြစ် ဆက်လက်ခန့်အပ်နိုင်ရေး ကူညီပေးကြဖို့ တောင်းဆိုလိုပါတယ်"လို့ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)ကဆိုထားပါတယ်။


========================


📌📌 ၇။ စက်တင်ဘာလ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း၃၆ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီး


စက်တင်ဘာလ ၁၃ရက်။

Radio NUG

စက်တင်ဘာလ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စုက အမျိုးသားနှင့်အမျိုးသမီး စုစုပေါင်း၃၆ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့ပါတယ်။


နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့မှ ၁၃ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက အမျိုးသမီး () ဦး၊ အမျိုးသား (၂၈)ဦး စုစုပေါင်း (၃၆)ဦးကို နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ ဖမ်းဆီးခဲ့တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၃၆)ဦးအနက် မန္တလေးတိုင်းမှာ (၁၄)ဦးဖြင့် အများဆုံး ဖမ်းဆီးခံခဲ့ရပါတယ်။


စက်တင်ဘာလ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စုတပ်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်နေ စည်သူလှိုင် ()ကိုလှိုင်အား လူမှုကွန်ရက်ပေါ်၌ နိုင်ငံရေးဖြစ်စဉ်များနှင့် ပတ်သက်၍ မဟုတ်မမှန်သတင်းများ ရေးတင်သည်ဟုစွပ်စွဲကာ ဖမ်းဆီးခဲ့ပါတယ်။


စကစကမတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၇၃၇၁) ဦးရှိပြီး ထိုအထဲမှ (၂၀၈၈၃)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၉၅)ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ PDF, ERO, LDF ကြားမှာ လေတပ်စခန်းတိုက်ခိုက်ရေး တညီတညွတ်တည်း ပေါင်းစည်း တိုက်ခိုက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ဆို


စက်တင်ဘာလ ၁၃ရက်။

Radio NUG

PDF, ERO, LDF ကြားမှာ လေတပ်စခန်းတိုက်ခိုက်ရေး တညီတညွတ်တည်း ပေါင်းစည်း တိုက်ခိုက်ဖို့ အရေးတကြီး လိုအပ်နေတယ်လို့ဆိုပါတယ်။


စက်တင်ဘာ၁၃ရက်မှာ စစ်ရေးသုံးသပ်ချက်များကို ဖော်ပြတဲ့ PDFInsightကဆိုပါတယ်။


"လေတပ်ရန်ဟာ တိုင်းရင်းသား ပြည်သူအားလုံးကို အကြီးမားဆုံး ခြိမ်းခြောက်နေတာဖြစ်လို့ PDF, ERO, LDF ကြားမှာ လေတပ်စခန်းတိုက်ခိုက်ရေး တညီတညွတ်တည်း ပေါင်းစည်း တိုက်ခိုက်ဖို့ အရေးတကြီး လိုအပ်နေပါတယ်။ အဲဒီလိုနည်းနဲ့ လေတပ်စခန်းတွေကို အပြည့်အဝ မသိမ်းပိုက်နိုင်သေးတဲ့ ကာလမှာ ရန်သူ့ လေကြောင်း အသုံးပြုမှုကို အနှောင့်အယှက်ပေးနိုင်မှာဖြစ်ပြီး လူထုကို လေကြောင်း တိုက်ခိုက်မှုကနေ သွယ်ဝိုက် ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


လက်ရှိမှာ မြေပြန့်ဒေသမှာရှိတဲ့ ရန်သူ့လေတပ်စခန်း () ခု ကို Brave Warriors For Myanmar (BWM)အဖွဲ့ရဲ့ စီမံမှုနဲ့ (၁၅)ကြိမ်တိုင်အောင် တိုက်ခိုက်နိုင်ထားပြီးတိုက်ခိုက်ထားတဲ့ လေတပ်စခန်းတွေက 

နေပြည်တော် အေလာ လေတပ် () ကြိမ်၊ ရန်ကုန် မင်္ဂလာဒုံ လေတပ် () ကြိမ်၊ တောင်ငူ လေတပ် () ကြိမ်၊ မှော်ဘီ လေတပ် () ကြိမ်၊ မန္တလေး တံတားဦး လေတပ် () ကြိမ် နဲ့ မကွေး လေတပ် () ကြိမ်တို့ပဲ ဖြစ်ပါတယ်။


========================


🚩🚩၂။ ကရင်နီပြည် ဆေးတပ်သား ၁၈ ဦး ရေစီးနဲ့မျောပါ ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဥ်ကို စုံစမ်းစစ်ဆေးမယ် 


စက်တင်ဘာလ ၁၃ရက်။

Radio NUG

ကရင်နီပြည်မှာ ဆေးတပ်သား ၁၈ ဦး ရေစီးနဲ့မျောပါပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်-KNDF ထုတ်ပြန်ပါတယ်။

ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် ဆေးဌာနကဖွင့်လှစ်တဲ့ ဆေးသင်တန်းက သင်တန်းသားတွေ စက်တင်ဘာလ ၁၁ ရက်နေ့က သင်ခန်းစာမစ်ရှင်လေ့ကျင့်နေစဉ် ချောင်းရေနဲ့မျောပါပြီး အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ ပတ်သက်လို့ KNDF က စက်တင်ဘာ ၁၃ ရက်နေ့မှာ တရားဝင်ထုတ်ပြန်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

ဆေးသင်တန်းက သင်တန်းသားတွေ သင်ခန်းစာမစ်ရှင်လေ့ကျင့်ဖို့ ရေချောင်းတခုကိုဖြတ်ကျော်ရန် ကြိုးစားအားထုတ်ရာက မတော်တဆဖြစ်ပြီး ဆေးသင်တန်းသား ၁၈ ဦး ရေထဲမျောပါကာ ဆုံးရှုးခဲ့ရတယ်လို့ သိရပါတယ်။ 

ဆုံးရှုံးသွားရတဲ့ ဆေးသင်တန်းသားတွေအတွက် မိသားစုနဲ့အတူ တပ်ရင်း၊တပ်ဖွဲ့တွေနဲ့အတူ များစွာ စိတ်မကောင်းဖြစ်ရပါတယ်။ ဖြစ်စဉ်ကိုကျနော်တို့ စုံစမ်းစစ်ဆေးမှုတွေလုပ်ပြီး အများပြည်သူကိုချပြ ထုတ်ပြန်သွားပါ့မယ်လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက လူမှုကွန်ယက်စာမျက်နှာကနေ အသိပေးပြောဆိုထားပါတယ်။

ဒီဆေးသင်တန်းဟာ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်နဲ့ တပ်ပေါင်းစုံရဲ့ လိုအပ်ချက်အရ ကရင်နီပြည်အတွက် လူ့စွမ်းအားအရင်းအမြစ်များ ပိုမိုတိုးတက်ကောင်းမွန်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ သင်တန်းဖွင့်ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

အဲဒီသင်တန်းကနေ ဆေးတပ်သားတွေ တိုးပွားလာစေဖို့ ရည်မှန်းထားခဲ့ပေမယ့် အခုလို မတော်တဆဖြစ်စဉ်ကြောင့် ဆေးသင်တန်းသား ၁၈ ဦး ဆုံးရှုံးခဲ့ရသည့်အပေါ် KNDF အနေနဲ့ သက်ဆိုင်ရာမိသားစုဝင်များ၊ တပ်ရင်း၊ တပ်ဖွဲ့များနဲ့အတူ များစွာ ဝမ်းနည်းကြေကွဲရကြောင်းလည်း ဖော်ပြထားပါတယ်။

ကရင်နီတပ်ပေါင်းစုအနေနဲ့ လိုအပ်နေတဲ့ လူ့အရင်းအမြစ်များနဲ့ တော်လှန်ရေးရည်မှန်းချက်များကို မဆုတ်မနစ် ဆက်လက် ကြိုးပမ်းရင်း တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အမှားအနည်းဆုံးဖြစ်အောင် ဆက်လက်ကြိုးပမ်းသွားမယ်လို့ KNDF က ကတိပြုထားပါတယ်။


========================


🚩🚩၃။ တောင်ခမ်းရှိ စစ်ကောင်စီလက်ကျန်စခန်းကို TNLA နဲ့  ပူးပေါင်းတပ်တွေ အပြီးသတ်တိုက်ခိုက်သိမ်းပိုက် 


စက်တင်ဘာလ ၁၃ရက်။

Radio NUG

ရှမ်းပြည်မြောက်ပိုင်း နောင်ချိုမြို့နယ် တောင်ခမ်းရွာအခြေစိုက် စစ်ကောင်စီတပ်ရဲ့ အမြောက် စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)နဲ့ အမှတ် ၃၅၄ အမြောက်တပ်ရင်းတွေကို TNLA နဲ့ ပူးပေါင်း တပ်တွေက စက်တင်ဘာ ၁၃ ရက်မှ အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တယ်လို့ သိရပါတယ်။ 

စစ်ကောင်စီတပ်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးအမြောက်ပစ်ကူတွေ ပေးခဲ့တဲ့ကြားက သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ အကြမ်းဖက်စစ်သားတွေဟာ ရပ်စောက်မြို့မှ ပြန်လည်စုဖွဲ့ပြီး ခံစစ်ဆင်လျက်ရှိတယ်လို့ သိရပါတယ်။

တောင်ခမ်းတိုက်ခိုက်မှာ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA) ဓနုပြည်သူ့လွတ်မြောက်ရေးတပ်(DPLA )နဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တွေက ပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ မူဆယ်မြို့မှာပြည်သူ့စစ်အချင်းချင်းပစ်ခတ်၍ တိုက်ပွဲဖြစ်


စက်တင်ဘာလ ၁၃ရက်။

Radio NUG

ရှမ်းပြည်နယ်၊ မူဆယ်မြို့မှာပြည်သူ့စစ်အချင်းချင်းပစ်ခတ်၍ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၃ရက် TNLAမှ အရာရှိတဦးက ဆိုရှယ်မီဒီယာမှာအတည်ပြုဆိုထားပါတယ်။


"မြို့သိမ်းတိုက်ပွဲတော့မဟုတ်ဘူး။ နမ့်ဖက်ကာ ပြည်သူ့စစ်နဲ့ မြို့မ()ပြည်သူ့စစ် အချင်းချင်း ဖြစ်ကြတာ။ ပြည်သူတွေကတော့ မြို့သိမ်းတိုက်ပွဲဖြစ်ပြီထင်လို့ ပြေးတဲ့သူကပြေး ထိတ်လန့်တဲ့သူကထိတ်လန့်နဲ့ဖြစ်တယ်"လို့ဆိုပါတယ်။


ရှမ်းပြည်နယ်မြောက်ပိုင်းရှိမြို့နယ်အများစုကို တိုင်းရင်းသားတော်လှန်ရေးအင်အားစုများက ၁၀၂၇ စစ်ဆင်ရေးများဆင်နွှဲကာသိမ်းပိုက်ထားရှိပါတယ်။


========================


🚩🚩၅။ စစ်တောင်းမြစ်အရှေ့ဘက်မှာ ရေဘေးကယ်ဆယ်ရေးလုပ်နေတဲ့ နေပြည်တော် PDF ရဲဘော်၂ဦး ရေစီးနဲ့မျောပါခဲ့ရာ တဦးကို အသက်ရှင်လျှက်ပြန်တွေ့


စက်တင်ဘာလ ၁၃ရက်။

Radio NUG

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်း စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ ရေဘေးကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ရဲဘော်၂ဦး ရေစီးနဲ့မျောပါခဲ့ရာမှာ တဦးကို အသက်ရှင်လျှက်ရှာဖွေတွေ့ရှိခဲ့တယ်လို့ နေပြည်တော်တိုင်း စစ်ဌာန နေပြည်တော် PDF တပ်ဖွဲ့က စက်တင်ဘာ ၁၃ မွန်းလွဲပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

နေပြည်တော် PDF စစ်ကြောင်းဟာ စစ်ရေးလှုပ်ရှားမှုတွေလုပ်ဆောင်နေတဲ့ ရေတာရှည်မြို့နယ် မြစ်အရှေ့ဘက်ခြမ်းက ကျေးရွာတွေမှာ စက်တင်ဘာ ၁၃ ရက်နေ့ မနက်ပိုင်းက ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဆောင်နေချိန်မှာ PDF ရဲဘော်၂ဦး ရေစီးနဲ့ မျောပါသွားတာလို့ ဆိုပါတယ်။

ရေစီးနဲ့မျောပါသွားတဲ့ ရဲဘော် ဦးဟာ နေပြည်တော် PDF စစ်ကြောင်း တပ်ရင်း- ၉၀၁ က ရဲဘော်အီးဂဲလ်နဲ့ ရဲဘော် အငယ်ကောင်တို့ဖြစ်ပြီး ရဲဘော်အငယ်ကောင်းကို အသက်ရှင်လျှက် ပြန်ရှာတွေ့ခဲ့ပေမယ့် ရဲဘော်အီးဂဲလ်ကတော့ ကျဆုံးတာသေချာသွားပြီလို့ နေပြည်တော် PDF က တပ်ရင်းမှူးက အတည်ပြုထားပါတယ်။

လတ်တလောမှာ စစ်တောင်းမြစ်ရေဟာ ဆက်လက်မြင့်တက်နေဆဲဖြစ်ပြီး မြစ်အရှေ့ဘက်ခြမ်းက ကျေးရွာအများစု ရေကြီးနစ်မြုပ်သည့်ဒဏ်ခံစားနေကြရပြီး နေပြည်တော် PDF အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေက ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်ပေးနေတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာလည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်-KNDF က ဖွင့်တဲ့ ဆေးသင်တန်းရဲ့ သင်ခန်းစာမစ်ရှင်ကို လေ့ကျင့်နေစဉ် ရေချောင်းတစ်ခုဖြတ်ကျော်ရန်ကြိုးပမ်းရာကနေ မတော်တဆဖြစ်ပြီး ဆေးသင်တန်းသား ၁၈ ဦး ရေစီးနဲ့ မျောပါ ဆုံးရှုံးခဲ့တဲ့အတွက် စက်တင်ဘာ ၁၃ရက်နေ့ မနက်ပိုင်းမှာ သဂြိုလ်ခဲ့ပြီး တပ်ရင်းတပ်ဖွဲ့အလိုက် ချီတက်အလေးပြုကာ အမိန့်ပြန်တမ်းဖတ်ကြားခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၆။ ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အပတ်စဉ် ()အခြေခံစစ်ပညာ သင်တန်းဆင်းပွဲကျင်းပ


စက်တင်ဘာလ ၁၃ရက်။

Radio NUG

ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အပတ်စဉ် ()အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကျင်းပခဲ့ပါတယ်။


ပုလောမြို့နယ် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) အပတ်စဉ် ()အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲကိုစက်တင်ဘာ၉ရက်နေ့တွင် အကျဉ်းချုပ် လုပ်ဆောင်ပြီးစီးခဲ့တယ်လို့ အတည်ပြုဆိုထားပါတယ်။


ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့သည် ပုလောမြို့ KNDO တပ်မဟာ ()အမှတ်()တပ်ရင်း လက်အောက်ခံ တပ်ဖွဲ့တခုဖြစ်ပြီး ပြီးစီးခဲ့သော အပတ်စဉ် ()အခြေခံစစ်ပညာ သင်တန်းတွင် သင်တန်းသား ဦးရေ (၅၀)ဖြင့် အောင်မြင်စွာ လေ့ကျင့် ပြီးစီးခဲ့ပါတယ်။


သင်တန်းကာလမှာ () ကြာမြင့်ခဲ့ပြီး သင်တန်းအောင်မြင် ပြီးမြောက်သော သင်တန်းသား အားလုံးအတွက်လက်နက်အစုံ တပ်ဆင်ပေးနိုင်ခဲ့ကာသင်တန်းဆင်းပွဲသို့ ပုလောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PPDF)နှင့်  KNDO တပ်ဖွဲ့ ()မှ တာဝန်ရှိသူများ အပါအဝင် ပြည်သူတချို့ ဂုဏ်ပြု ပါဝင်တက်ရောက်ခဲ့ပါတယ်။


ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့မှ သိပ်မကြာခင် ဆက်လက်ပြီး အခြေခံစစ်ပညာသင်တန်း အပတ်စဉ် ()ကိုလည်း ဆက်လက် သင်တန်းပေးရန် စီစဉ်ထားပြီ ဖြစ်ကာအခြေခံ စစ်ပညာ သင်တန်း အပတ်စဉ် ()တွင် တက်ရောက်ကာ ပါဝင်တိုက်ခိုက် နိုင်ပါကြောင်း ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ကိုခန့်တို့ကပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment