18th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ တိုင်ဖွန်းမုန်တိုင်းရာဂီ အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိဒေသခံပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုများလုပ်ဆောင်

📌 ၂။ "ပြည်သူလူထုရဲ့ဆန္ဒမပါဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်လာမှာမဟုတ်သလို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရှိမှာ မဟုတ်ဘူး"လို့ အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌသတိပေးဆို

📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ချင်းတိုင်းရင်းသားအင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့

📌 ၄။ (၁၇)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား ထိုင်းနိူင်ငံ မဲဆောက်မြို့တွင်ကျင်းပ

📌 ၅။ အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများစာရင်းလူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၆။ ကရင်နီပြည် ကံဆန်းထက် ( နတ်ကြီးစခန်း) ကျေးရွာ အိမ်တော်တော်များများရေတိုက်စားမှုကြောင့်ပျက်စီးနေပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်

📌 ၇။ ဝမ်ပေါင်ကုမ္ပဏီတွင် ကြေးနီများထုတ်ယူလျှက်ရှိနေပြီး စကစတပ်ကလုံခြုံရေးယူထား၍အနီးတဝိုက်ကျေးရွာနေပြည်သူများအနေဖြင့် စကစ စစ်ကြောင်းများအား သတိရှိဖို့လိုအပ်

📌 ၈။ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့နှင့်စပ်လျဉ်း၍NUGကဆက်တိုက်သတင်းထုတ်ပြန်သတိပေး

📌 ၉။ မြန်မာနိုင်ငံတဝန်း ရေဘေးသင့်သူ ၆သိန်းကျော်ရှိမယ်လို့ ကုလထုတ်ပြန်


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဆိုင်းတောင်နဲ့ ဗန်းမော် - မိုးမောက်လမ်းပိုင်းမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ

🚩 ၂။ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော စင်း မြစ်ကမ်းဘေးကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်နေတာကြောင့် ကနီမြို့နယ်က ဒေသခံတွေ ထွက်ပြေးနေရ 

🚩 ၃။ ကန့်ဘလူမြို့နယ်၊မလည်ရွာတွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စကစဘက်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်

🚩 ၄။ ရေကြီးမှုဒဏ်ကို ဆိုးရွားစွာခံနေရတဲ့ မိုးဗြဲမြို့အနီးကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ

🚩 ၅။ မှော်ဘီ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ တိုင်ဖွန်းမုန်တိုင်းရာဂီ အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိဒေသခံပြည်သူများအတွက် ထောက်ပံ့လှူဒါန်းမှုများလုပ်ဆောင်


စက်တင်ဘာ၁၈ရက်


စက်တင်ဘာ၁၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ၎င်း၏လူမှုကွန်ရက်မှတစ်ဆင့် အခုလိုအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း မှ ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိဒေသခံပြည်သူများအတွက် အရေးပေါ် ကူညီကယ်ဆယ်ရေး၊ အရေးပေါ်ရွေ့ပြောင်းရေးနှင့် အရေးပေါ်စားနပ်ရိက္ခာ ပံ့ပိုးခြင်း လုပ်ငန်းများဆောင်ရွက်နိုင်ရန် မြန်မာကျပ်ငွေ (,၅၇၀,၀၀၀) နှင့် တန်းဘိုးညီမျှသော ဘတ် (၆၆,၀၀၀) တိတိကို ပေးပို့လှူဒါန်းခဲ့တယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၂။ "ပြည်သူလူထုရဲ့ဆန္ဒမပါဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်လာမှာမဟုတ်သလို ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရှိမှာ မဟုတ်ဘူး"လို့ အကြမ်းဖက်စစ်အုပ်စုကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌသတိပေးဆို


စက်တင်ဘာ၁၈ရက်


စက်တင်ဘာလအတွင်း ကျင်းပတဲ့ နိုင်ငံတကာဒီမိုကရေစီနေ့ အထိမ်းအမှတ်နေ့တွင်  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဌဦးအောင်ကြည်ညွန့်က မိန့်ခွန်း‌ ပြောကြားခဲ့ရာ ၎င်းမိန့်ခွန်းမှကောက်နုတ်ချက်ကို CRPHက အခုလိုဖော်ပြထားပါတယ်။


"ပြည်သူလူထုရဲ့ဆန္ဒမပါဘဲ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်လာမှာမဟုတ်သလို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေလည်း ပြစ်ဒဏ်က ကင်းလွတ်ခွင့်ရှိမှာ မဟုတ်ဘူးဆိုတာ အကြမ်းဖက်စစ်အုပ်စုကို ထပ်လောင်း သတိပေးချင်ပါတယ်။"လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။


လက်ရှိမှာစစ်အုပ်စုဟာ ရေဘေးကိုကူညီကယ်ဆယ်မှုမပြုလုပ်သည့်အပြင် ရွေးကောက်ပွဲအတွင် လူဦးရေစာရင်းကောက်ယူဖို့သာပြင်ဆင်လျက်ရှိပါတယ်။


========================


📌📌 ၃။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် ချင်းတိုင်းရင်းသားအင်အားစုများ တွေ့ဆုံဆွေးနွေးခဲ့


စက်တင်ဘာ၁၈ရက်


သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ချင်းတိုင်းရင်းသားအင်အားစုများတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာလအတွင်းUN credentials ကိစ္စအပါအဝင် တော်လှန်ရေးမှာ ပူးပေါင်းဆောင်ရွက်မှုကိစ္စတွေ နှစ်ဖက်အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


ICNCC Chair Person / ZFU Vice Chairman, NUCC member Dr.Kenton သည်သံအမတ်ကြီး သွားရောက်တွေ့ဆုံခဲ့ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ လှိုက်လှဲစွာ ကြိုဆိုတွေ့ဆုံခဲ့ပြီး လက်ရှိမြန်မာ့နိုင်ငံ့အရေး  ချင်းပြည်အရေးများကို အကျယ်တဝံ့ ဆွေးနွေးတင်ပြခဲ့ပါတယ်။


ထို့အပြင် စက်တင်ဘာ၂၁ရက်နေ့သံအမတ်ကြီးကိုထောက်ခံအားပေးသည့် အမေရိကန်နယူးယောက်မြို့စုရုံးဆန္ဒထုတ်ဖော်ပွဲတွင်လည်း Dr.Kenton ကိုယ်တိုင်လည်း ပါဝင်ထောက်ခံတောင်းဆိုသွားမှာဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ (၁၇)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနား ထိုင်းနိူင်ငံ မဲဆောက်မြို့တွင်ကျင်းပ


စက်တင်ဘာ၁၈ရက်


(၁၇)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားထိုင်းနိူင်ငံ မဲဆောက်မြို့တွင်ကျင်းပခဲ့တယ်လို့ စက်တင်ဘာ၁၈ရက်မှာ  ဆရာတော်မင်းသုညက ဆိုရှယ်မီဒီယာမှာအသိပေးဖော်ပြထားပါတယ်။


"(၁၇)နှစ်မြောက် ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည်အခမ်းအနားအရေးတော်ပုံမုချအောင်ရမည်"လို့ဖော်ပြထားပါတယ်။


အဆိုပါအခမ်းအနားသို့ ရွှေဝါရောင်တော်လှန်ရေးတွင်ပါဝင်သူများအပါအဝင်ဆရာတော်စံဃာတော်များပါဝင်ခဲ့ပြီး ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဦးနေဘုန်လတ်လည်းတက်ရောက်ကာပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ အကြမ်းဖက် စစ်အုပ်စု၏ လူ့အခွင့်အရေးချိုးဖောက်မှုများစာရင်းလူ့အခွင့်ရေးဝန်ကြီးဌာနထုတ်ပြန်


စက်တင်ဘာ၁၈ရက်


အကြမ်းဖက် စစ်အုပ်စုရဲ့ ဩဂုတ်လအတွင်း လူ့အခွင့်အရေးချိုးဖောက်ကျူးလွန်မှု စုစုပေါင်း (၆၀၂) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ မှတ်တမ်းတင်ထားရှိတယ်လို့ စက်တင်ဘာ၁၈ရက် NUGလူ့အခွင့်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


စကစကတရားလက်လွတ် သတ်ဖြတ်မှုဩဂုတ်လအတွင်း အများဆုံး ဖြစ်ခဲ့ကာ သြဂုတ်လအတွင်း ရခိုင်ပြည်နယ်သည် လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၀၂ မှုထိရှိခဲ့ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ် အများဆုံးဖြစ်ပွားခဲ့ပါတယ်။ 


ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သည် ၂၂ ကြိမ်စီ အထိ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံး ဖြစ်ပွားခဲ့ကြောင်းလည်း တွေ့ရှိရတယ်လို့ဖော်ပြပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့်  ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ထုတ်ပြန်ပါတယ်။ 


========================


📌📌 ၆။ ကရင်နီပြည် ကံဆန်းထက် ( နတ်ကြီးစခန်း) ကျေးရွာ အိမ်တော်တော်များများရေတိုက်စားမှုကြောင့်ပျက်စီးနေပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်


စက်တင်ဘာ၁၈ရက်


ကရင်နီပြည် ကံဆန်းထက် ( နတ်ကြီးစခန်း) ကျေးရွာ အိမ်တော်တော်များများရေတိုက်စားမှုကြောင့်ပျက်စီးနေပြီး အရေးပေါ် စားနပ်ရိက္ခာလိုအပ်လျက်ရှိတယ်လို့ စက်တင်ဘာ၁၈ရက်မှာ ကယန်းစာပေနှင့်ယဥ်ကျေးမှုက အသိပေးဖော်ပြပါတယ်။


"ကံဆန်းထက် ( နတ်ကြီးစခန်း) ကျေးရွာ အိမ်တော်တော်များများပျက်စီးနေပါတယ်။ လက်ရှိ အရေးပေါ် စားနပ်ရိက္ခာလိုအပ်နေတယ်"လို့ဆိုပါတယ်။


ထို့အပြင် လုံးဝ ပျက်စီးသွားတဲ့ အိမ်များအတွက် ယာယီတဲအတွက် မိုးကာနှင့် ရေထဲ ပစ္စည်းများအကုန်ပါသွားသဖြင့် ခက်ခဲသူများလည်းရှိနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဝမ်ပေါင်ကုမ္ပဏီတွင် ကြေးနီများထုတ်ယူလျှက်ရှိနေပြီး စကစတပ်ကလုံခြုံရေးယူထား၍အနီးတဝိုက်ကျေးရွာနေပြည်သူများအနေဖြင့် စကစ စစ်ကြောင်းများအား သတိရှိဖို့လိုအပ်


စက်တင်ဘာ၁၈ရက်


စက်တင်ဘာ၁၈ရက် အညာပစ်တိုင်းထောင်လေးများအဖွဲ့က အခုလိုအသိပေးဆိုထားပါတယ်။


"၂၀၂၁ အာဏာသိမ်းပြီးနောက် ဝမ်ပေါင်ဝန်ထမ်းများစွာCDM လုပ်ခဲ့ကြပြီး စက်ရုံလည်ပတ်မှု ရပ်နားခဲ့သော်လည်း၂၀၂၃/၂၀၂၄ ခုနှစ်တွင် ကြေးနီများသယ်ယူလျှက်ရှိပါတယ်။

စကစ များမှ လုံခြုံရေးယူပေးကာကုန်းလမ်း ရေလမ်းများဖြင့် ကြေးနီများသယ်ယူလျှက်ရှိနေပါတယ်"လို့ဆိုပါတယ်။


အဆိုပါဝမ်ပေါင်ကုမ္ပဏီ လုံခြုံရေးစစ်ကြောင်းများမှကျေးရွာများအား တပ်စွဲခြင်း နှင့် စစ်ကြောင်းထိုး မွှေနှောက်မှုများလည်း ပြုလုပ်လျှက်ရှိတဲ့အတွက်ဝမ်ပေါင်ကုမ္ပဏီ နှင့်အနီးတဝိုက်ကျေးရွာနေပြည်သူများအနေဖြင့် စကစ စစ်ကြောင်းများအား သတိရှိစွာနေထိုင်ဖို့ လိုအပ်တယ်လို့ဆိုပါတယ်။


ယခုအချိန်တွင် ချင်းတွင်းမြစ်ကြောင်းအတိုင်းကြေးနီထုတ်ရန် စီစဥ်နေပြီး ချင်းတွင်းအထက်ဖက်မှ စကစ စစ်ရေယဥ် ၉စီးလည်း ကနီမြို့နားရောက်ရှိနေပါတယ်။


========================


📌📌 ၈။ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတွင် ဖြစ်ပေါ်လျှက်ရှိသည့် အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့နှင့်စပ်လျဉ်း၍NUGကဆက်တိုက်သတင်းထုတ်ပြန်သတိပေး


စက်တင်ဘာ၁၈ရက်


အပူပိုင်းမုန်တိုင်းနှင့် လေဖိအားနည်းရပ်ဝန်းတို့နှင့်စပ်လျဉ်း၍ စက်တင်ဘာ၁၈ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်စာနာ‌ ထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာဝန်ကြီးဌာန အနေနဲ့ဝအခုလို အသိပေးဖော်ပြပါတယ်။


နိုင်ငံတကာမိုးလေဝသဌာနများ၏ ခန့်မှန်းချက်များကို ဆန်းစစ်လေ့လာမှုအရ ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းနှင့်တောင်ပိုင်းတို့တွင် အပူပိုင်းမုန်တိုင်းနှင့်လေဖိအားနည်းရပ်ဝန်းများ ဆက်လက်တည်ရှိ နေပြီး ယနေ့ နံနက် (၁၀း၀၀)နာရီအချိန်ခန့်မှန်းချက်များအရ တောင်တရုတ်ပင်လယ်အတွင်း လာမည့် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ထပ်မံဖြစ်ပေါ်လာနိုင်တယ်လို့ဖော်ပြပါတယ်။


ဖိလစ်ပိုင်ပင်လယ်တွင်း ဖြစ်ပေါ်နေသည့် အပူပိုင်းမုန်တိုင်း Pulasan သည် စက်တင်ဘာလ (၁၈)ရက်နေ့၊ ညနေပိုင်းတွင် ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်း၏ အနောက်တောင်ပိုင်းကို ဖြတ်ကျော်၍ အင်အားလျော့ နည်းသွားမည်ဟု ခန့်မှန်းထားပါတယ်။


သို့ရာတွင် အဆိုပါမုန်တိုင်းသည် အပူပိုင်းမုန်တိုင်းအဆင့်တွင်ဆက်လက်တည်ရှိနေပြီး တောင်တရုတ်ပင်လယ်ကို ဖြတ်ကျော်၍ စက်တင်ဘာ (၁၉)ရက်နေ့ညပိုင်းတွင် တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Zhejiang ပြည်နယ်တွင် ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော် ဝင်ရောက်နိုင်ပြီး ကုန်းတွင်းမုန်တိုင်းအဖြစ် ဆက်လက်တည်ရှိကာစက်တင်ဘာလ (၂၁)ရက်နေ့တွင် Anhui  ပြည်နယ်တောင်ဘက်ပိုင်းတွင် အားပျော့ပျက်ပျယ်သွားမည်ဟု ခန့်မှန်းရရှိတယ်လို့ဖော်ပြပါတယ်။


ထို့အတူ တောင်တရုတ်ပင်လယ် အထက်ပိုင်းတွင်ဖြစ်ပေါ်လျက်ရှိသည့် လေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ အပူပိုင်းမုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိနိုင်ပြီး စက်တင်ဘာလ (၁၉)ရက်နေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံအလယ်ပိုင်းကို ဖြတ်ကျော်ဝင်ရောက်နိုင်ကာ အဆိုပါ အပူပိုင်းမုန်တိုင်း သည် ဗီယက်နမ်နိုင်ငံအတွင်း မြောက်ဘက်သို့ဆက်လက်ရွေ့လျားပြီး လာအိုနိုင်ငံတောင်ပိုင်းကို ဖြတ်သန်း၍ ထိုင်းနိုင်ငံအရှေ့ခြမ်းတွင် အားပျော့ ပျက်ပြယ်သွားနိုင်ကြောင်း ခန့်မှန်းထားပါတယ်။


အဆိုပါ အပူပိုင်းမုန်တိုင်းများ၏ သက်ရောက်မှုများကြောင့် မြန်မာနိုင်ငံအရှေ့ပိုင်း၊ ရှမ်းပြည်နယ်နှင့် အရှေ့တောင်ပိုင်း ဒေသများဖြစ်သည့် ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ မြေနိမ့် ဒေသများတွင် ရေလွှမ်းမိုးခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပွားနိုင်တယ်လို့သတိပေးထားပါတယ်။


========================


📌📌 ၉။ မြန်မာနိုင်ငံတဝန်း ရေဘေးသင့်သူ ၆သိန်းကျော်ရှိမယ်လို့ ကုလထုတ်ပြန်


စက်တင်ဘာ၁၈ရက်


စစ်ကောင်စီရဲ့ ဖုန်းနဲ့အင်တနက်လိုင်းတွေဖြတ်တောက်ထားတာကြောင့် သတင်းအချက်အလက်တွေ အတည်ပြုနိုင်ဖို့ အခက်အခဲတွေရှိနေပေမယ့် မြန်မာနိုင်ငံတဝန်း ရေဘေးသင့်သူ ခန့်မှန်းခြေ သိန်း ၃သောင်း တထောင်ခန့်ရှိနိုင်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး-OCHA မြန်မာက စက်တင်ဘာ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။

တိုင်ဖွန်းယာဂီရဲ့ နောက်ဆက်တွဲ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြန်မာနိုင်ငံအနှံ့ ရေကြီးရေလျှံတာတွေနဲ့ ပျက်စီးဆုံးရှုံး မှု များဖြစ်ပေါ်ခဲ့ကာ ရာနဲ့ချီတဲ့ သေဆုံးသူတွေရှိခဲ့ပြီး ပျောက်ဆုံးနေသူတွေလည်း အများအပြားရှိတယ်လို့ ရန်ကုန်အခြေစိုက် OCHA ရုံးက ဆိုပါတယ်။

ရေကြီးမှုကြောင့် နေပြည်တော်၊ ပဲခူး၊ ကရင်နီ၊ ကရင်၊ မကွေး၊ မန္တလေး၊ မွန်၊ ရှမ်းအရှေ့နဲ့ရှမ်းတောင်အပါအဝင် တိုင်းနဲ့ ပြည်နယ် ခုက ၅၉ မြို့နယ် ထိခိုက်ခဲ့တယ်လို့ အသိပေးထားပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုး NUG ကလည်း မန္တလေးတိုင်း၊ ရှမ်းပြည်နယ်၊ ကရင်နီပြည်နဲ့ ပဲခူးတိုင်းတို့က ဒေသခံပြည်သူ  ထောင်နဲ့ချီ သေဆုံး၊ ပျောက်ဆုံးနေဆဲဖြစ်ပြီး ရေလွှမ်းမိုးမှုဘေးကြောင့် လူဦးရေ သိန်းခန့် ထိခိုက်နိုင်တယ်လို့ ခန့်မှန်းထား ပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ဝါဒဖြန့်သတင်းစာတွေကတော့ တိုင်းနဲ့ပြည်နယ် ခုက မြို့နယ် ၆၉ မြို့နယ်မှာ ရေကြီးမှုတွေ ကြောင့် သေဆုံးသူ ၂၂၆ ဦးထိရှိလာပြီး ၇၇ ဦး ပျောက်ဆုံးနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

လက်ရှိအချိန်အထိ နေရာအများစုမှာ ရေလွှမ်းနေဆဲဖြစ်ပြီး ဘေးလွတ်ရာရွှေ့ပြောင်းတာနဲ့ အရေးပေါ်အကူအညီပေးတာ တွေ ဆက်လက်လုပ်ဆောင်နေရာမှာ အခက်အခဲတွေရှိနေပေမယ့် လူသားချင်းစာနာမှုဆိုင်ရာ မိတ်ဖက်အဖွဲ့တွေက ထိခိုက်မှု တွေနဲ့ပတ်သက်လို့ သတင်းပေးပို့တာတွေ စတင်လုပ်ဆောင်နေပြီဖြစ်တာကြောင့် အခြေအနေပေးတာနဲ့ တုံ့ပြန်ရေးလုပ်ငန်း တွေ စတင်နိုင်ဖို့ စီစဉ်နေတယ်လို့ ဖော်ပြထားပါတယ်။

ထို့အတူ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန်သံရုံးကလည်း နိုင်ငံတဝန်းရေကြီးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေရဲ့ နောက်ဆက်တွဲ အကျိုး သက်ရောက်မှုခံရသူတွေနဲ့ ထိခိုက်လွယ်လူ့အသိုက်အဝန်းတွေအတွက် အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ တွေကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ-USAID ကတဆင့် ဆက်လက်ပေးအပ်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဆိုင်းတောင်နဲ့ ဗန်းမော် - မိုးမောက်လမ်းပိုင်းမှာ KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေ


စက်တင်ဘာ၁၈ရက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသမှာ စက်တင်ဘာ ၁၇ ရက်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ပြည်သူလူထုနေထိုင်ရာအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ဆက်တိုက်ပြုလုပ်နေဆဲလို့ ကချင်လွတ်လပ်ရေးတပ်မတော်-KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ဆိုင်းတောင်ဒေသမှာရှိတဲ့ စစ်ကောင်စီတပ်ကို KIA က စက်တင်ဘာ ရက်ကစပြီးတိုက်ခိုက်ခဲ့ရာ ဆိုင်းတောင် ရဲစခန်းကို သိမ်းပိုက်ခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်ကစလို့ စစ်ကောင်စီက ပြည်သူပိုင်အိမ်တွေကို မီးရှို့ဖျက်ဆီးနေတာလို့ ဆိုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်တာတွေအပါအဝင် ဖားကန့်မြို့မှာရှိတဲ့ တပ်မကုန်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် ဒေသနေပြည်သူအချို့ ထိခိုက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

ထို့အပြင် မိုးမော်-ဗန်းမော်လမ်းပိုင်းမှာလည်း KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့ပြီး တိုက်ပွဲဖြစ်နေရာတွေ ကို စစ်ကောင်စီဘက်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ KIA က အသိပေးထားပါတယ်။ 

လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့လည်း ဆိုပါတယ်။

စစ်ကောင်စီဟာ ဗန်းမော်- မိုးမောက်ဘက်ကို စစ်အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်လာတဲ့အတွက် KIA နဲ့ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေတာကြောင့် တိုက်ပွဲတွေပြင်းထန်နေတာလည်းဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဟာ ရေလမ်းကတဆင့် ဗန်းမော်မြို့ကို စစ်အင်အားနဲ့ လက်နက်ခဲယမ်းဖြည့်တင်းနိုင်ဖို့ ကြိုးစားနေရာ စက်တင်ဘာ ၁၇ ရက်က ရွှေကူမြို့အနီးမှာ KIA ရဲ့ တိုက်ခိုက်မှုကြောင့် ရေယာဉ် ၅စင်းအနက် ၂စင်းထိခိုက်ပျက်စီးသွားတယ် လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။


========================


🚩🚩 ၂။ ချင်းတွင်းမြစ်အတိုင်း စုန်ဆင်းလာတဲ့ စစ်သင်္ဘော စင်း မြစ်ကမ်းဘေးကျေးရွာတွေကို ရမ်းသမ်းပစ်ခတ်နေတာကြောင့် ကနီမြို့နယ်က ဒေသခံတွေ ထွက်ပြေးနေရ 


စက်တင်ဘာ၁၈ရက်


ချင်းတွင်းမြစ်အထက်ပိုင်းကနေ စုန်ဆင်းလာတဲ့ စစ်သင်္ဘော စင်းက မြစ်ကမ်းဘေးကျေးရွာတွေကို  ရမ်းသမ်းပစ်ခတ်နေ တဲ့အတွက် ကနီမြို့နယ်က ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါတယ်။ 

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် တောင်ဖြူရွာနဲ့ ပန်းဆက်ရွာ ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ စစ်သင်္ဘော စင်းဟာ စက်တင်ဘာ ၁၈ ရက် မနက် နာရီအချိန်ကစပြီး မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတာလို့ ဆိုပါတယ်။ 

အဲဒီစစ်သင်္ဘော စင်းဟာ မင်းကင်းမြို့နယ်ကနေ ကနီမြို့နယ်အတွင်း ဝင်ရောက်လာတဲ့အတွက် မြစ်ကမ်းဘေးကျေးရွာ တွေက ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရပြီလို့ သိရပါတယ်။ 

ဒီစစ်သင်္ဘောတွေထဲက ရှေ့ဆုံးသင်္ဘောနဲ့နောက်ဆုံးသင်္ဘောမှာ လက်နက်တွေတပ်ဆင်ထားပြီး မြစ်ကမ်းဘေးကျေးရွာတွေ ကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်နေတာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေက ဒေသခံတွေအနေနဲ့ မြစ်ကမ်းနဲ့ မိုင်ခန့်အကွာမှာ ယာယီရှောင်တိမ်းနေကြရဖို့နဲ့ မြစ်ကြောင်းအတွင်း စက်လှေတွေနဲ့ သွားလာတာတွေမလုပ်ဖို့ ကနီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲက သတိပေးထားပါတယ်။  

အဲဒီ စစ်သင်္ဘော စင်းဟာ ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့ကနေ စုန်ဆင်းလာပြီး မုံရွာဆိပ်ကမ်းအထိသွားမယ့် စစ်သင်္ဘောတွေဖြစ်တာကြောင့် ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာတွေက ဒေသခံတွေအနေနဲ့ လုံခြုံရေးဂရုစိုက်ဖို့ ပြည်သူ့ ကာကွယ်ရေးနဲ့ ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေက သတိပေးနေတာပဲဖြစ်ပါတယ်။


========================


🚩🚩 ၃။ ကန့်ဘလူမြို့နယ်၊မလည်ရွာတွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စကစဘက်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်


စက်တင်ဘာ၁၈ရက်


ကန့်ဘလူမြို့နယ်၊မလည်ရွာတွင်တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေပြီး စကစဘက်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


စက်တင်ဘာ၁၈ရက် ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်ကအတည်ပြုဆိုထားပါတယ်။


"စက်တင်ဘာ၁၈ရက်ကန့်ဘလူမြို့နယ်၊မလည်ရွာတိုက်ပွဲ တံတားဦးတက် ဒုတိယJFဖြင့် မနက်၁၁နာရီ၃၁အချိန်ဗုံးသီး ၂လုံး၊၁၁နာရီ၃၂နဲ့၃၆အချိန်ဗုံးသီး၂လုံးစုစုပေါင်း၄ကြဲချခဲ့တယ်"လို့ဆိုပါတယ်။


ထို့နောက်၁၁နာရီ၃၇အချိန်စက်လက်ဖြင့် စကစဘက်ကနှစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။


လတ်တလောထိခိုက်ပျက်စီးမှုအခေအနေကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ရေကြီးမှုဒဏ်ကို ဆိုးရွားစွာခံနေရတဲ့ မိုးဗြဲမြို့အနီးကို စစ်တပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်နေ


စက်တင်ဘာ၁၈ရက်


ဒေသတွင်းရေကြီးမှုဒဏ်ကို ဆိုးရွားစွာခံနေရတဲ့ မိုးဗြဲမြို့အနီးဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်လို့ မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-MB PDF က အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဟာ မနေ့ စက်တင်ဘာ ၁၇ ရက်က မိုးဗြဲမြို့အနီးတဝိုက် စစ်ရေးလှုပ်ရှားမှုများရှိခဲ့ပြီး အကြောင်းမဲ့ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးဗြဲမြို့အဝင်လမ်းမှာ ကားလမ်းရေကျော်နေပြီး တိုက်ပွဲတွေမရှိဘဲ အကြောင်းမဲ့ ပစ်ခတ်နေတာကြောင့် ပြည်သူလူထုအနေ နဲ့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့နေရာတွေ မသွားကြဖို့ မိုးဗြဲPDFက အသိပေးထားပါတယ်။

ဒေသတွင်းမှာ ရေကြီးမှုပိုမိုဆိုးရွားလာတဲ့အတွက် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်-MB PDF က ရေဘေးသင့်ပြည်သူတွေကို တတ်နိုင်သမျှကူညီဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

ရေကြီးရေလျှံမှုနဲ့မြေပြိုမှုတွေကြောင့် ဖယ်ခုံ၊လွိုင်ကော်၊ဒီးမော့ဆို၊ဖရူဆိုနဲ့ရှားတောမြို့နယ်တို့က လူဦးရေ ၃သောင်းခန့်  အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ-IEC က ကြေညာထားပါတယ်။


========================


🚩🚩 ၅။ မှော်ဘီ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် 


စက်တင်ဘာ၁၈ရက်


ရန်ကုန်တိုင်း မှော်ဘီမြို့နယ်က ရန်ကုန်-ပြည်ကားလမ်းဘေးမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်းကို ၄၀ မမ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Urban Special Operation (U.S.O) ထုတ်ပြန်ထားပါတယ်။ 

မြို့ပြအထူးစစ် ဆင်ရေးအဖြစ် မှော်ဘီမြို့နယ်မှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဗိုလ်သင်တန်းကျောင်းကို မနေ့ စက်တင်ဘာ ၁၇ ရက် နာရီ ၄၀ မိနစ်အချိန်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ကင်းဂိတ်နဲ့ ကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ထိခိုက်ပျက်စီးမှုတွေရှိနိုင်တယ်လို့ Urban Special Operation (U.S.O) က အသိပေးထားပါတယ်။

USO ဟာ အရင်က မြို့ပြအထူးတပ်ဖွဲ့ -USF အနေနဲ့ လှုပ်ရှားခဲ့တာဖြစ်ပေမယ့် အခုနှစ် ဖေဖော်ဝါရီကစပြီး မြို့ ပြအထူး စစ်ဆင်ရေး-USO လို့အမည်ပြောင်းပြီး စစ်အာဏာရှင်တွေကို တော်လှန်တိုက်ခိုက်နေတာပဲဖြစ်ပါတယ်။

မှော်ဘီ ဗိုလ်သင်တန်းကျောင်းကိုတိုက်ခိုက်တဲ့ မစ်ရှင်ဟာ ဒုတိယအကြိမ်မြောက် ပြန်လည်စတင်တဲ့မစ်ရှင်ဖြစ်တာကြောင့်  မိဘပြည်သူများအနေနဲ့ အဲဒီကျောင်းအနီး သွားလာမယ်ဆိုရင် အထူးသတိပြုသွားလာကြဖို့ Urban Special Operation -U.S.O က မေတ္တာရပ်ခံထားပါတယ်။ 

Urban Special Operation U.S.O အနေနဲ့ ပြည်သူလူထုအပေါ် မတရားမှုတွေပြုလုပ်ဖို့ ကြံဆောင်နေတဲ့ အကြမ်းဖက် စစ်အုပ်စုရဲ့ စီးပွားရေးပိုင်ဆိုင်မှုတွေအပြင် ၎င်းတို့နဲ့ပတ်သက်ဆက်နွယ်သူတွေနဲ့ ပတ်သက်ဆက်နွယ်တာတွေကို စစ်ရေး ပစ်မှတ်အဖြစ်သတ်မှတ်ထားပြီး မဟာမိတ်တပ်တွေနဲ့အတူ စစ်ဆင်ရေးတွေ ဆက်လက်ဖော်ဆောင်သွားမယ်လို့ အသိပေး ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment