18th SEP 2024 - Morning Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများသို့ အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေး ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကော်မရှင် ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်

📌 ၂။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများဆက်တိုက် ထောက်ပံ့ပေးလျက်ရှိတယ်လို့ လူသားစာနာဝန်ကြီးဌာနအသိပေး

📌 ၃။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း နိုင်ငံတကာအစိုးရများကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအား ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦမှာ တင်ပြပြောဆိုမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းပြော

📌 ၄။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တော်လှန် LGBTIQ+ community တို့ တွေ့ဆုံဆွေးနွေး

📌 ၅။ ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း(၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ်ဆောင်ရွက်နေသည့် Philemon Yang နှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး

📌 ၆။ တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲခံရသူများနှင့် လူ့အသိုက်အဝန်းများအတွက် အမေရိကန်ပြည်ထောင်စုက အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်မယ်လို့ အမေရိကန်သံရုံးရန်ကုန်ထုတ်ပြန်

📌 ၇။ အာဏာသိမ်း ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ ရေးသား ဖြန့်ဝေမှုကြောင့် ဖမ်းဆီးခံရသူ ,၇၀၀ နီးပါးရှိ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းအား ဗုံးကြဲ တိုက်ခိုက်မှုအပေါ် ကရင်နီနှင့် မြန်မာ အရပ်ဘက်နဲ့ တော်လှန်ရေးအဖွဲ့ ၃၀၀ ကျော် ပြင်းထန်စွာ ရှုံ့ချ

🚩 ၂။ မြတောင်-ကက္ကုလမ်းဆုံ ဗိုလ်မှူး စန်းယု ဦးစီး တတက-၁၃ အင်အား (၅၈)ဦးပါ စစ်ကြောင်းမှ လက်နက်(၂၁)လက် သိမ်းဆည်းရရှိ

🚩 ၃။ အရပ်သားတွေကို ပေါ်တာဆွဲဖို့ထွက်လာတဲ့ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေစခန်းက ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စခန်းမှူးနဲ့ ရဲသတင်းပေး သေဆုံး

🚩 ၄။ ထန်တလန်မြို့ စစ်ကောင်စီတပ်ရဲ့Lai Villa တပ်စခန်းကို သိမ်းပိုက်

🚩 ၅။ မြိတ်မြို့မှ လေယာဉ်ဆီပေပါများ တင်ဆောင်လာတဲ့ စက်လှေ နှစ်စီးနဲ့ မောင်းမကန် ရဲစခန်း အနီးက စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်

🚩 ၆။ မိတ္တီလာတွင် ရဲကင်းတွင် ဗုံးပေါက်ကွဲပြီး ရဲ ဦး ခြေထောက်ပြတ် 

🚩 ၇။ တောင်သာ၊ ခြုံကြီးရွာ စီးနင်းမှု တော်လှန်ရေး ရဲဘော် ဦးအပါအဝင် အမျိုးသမီး ဦးသေဆုံး

🚩 ၈။ အင်းတော်တွင် စစ်ကောင်စီတပ်က ဓားစာခံ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ တိုင်ဖွန်းမုန်တိုင်း ရာဂီအရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း ရေဘေးသင့်ဒေသများသို့ အရေးပေါ်တုံ့ပြန်ရေး အစည်းအဝေး ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကော်မရှင် ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်


စက်တင်ဘာလ ၁၇ ရက်။

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေး ကော်မရှင်သည် မြန်မာနိုင်ငံအတွင်း တိုင်ဖွန်းမုန်တိုင်းရာဂီ သက်ရောက်ခဲ့တဲ့ဒေသများသို့ အရေးပေါ်တုံ့ပြန်ရေးအတွက် အစည်းအဝေးကို စက်တင်ဘာ ၁၆ ရက် ညနေ နာရီမှာ ကျင်းပခဲ့ပြီး ယာယီသမ္မတ ဒူဝါလရှီးလနှင့် ကော်မရှင် ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့တက်ရောက်ခဲ့ပါတယ်။


အစည်းအဝေးမှာ လူသားချင်းစာနာကူညီရေးနှင့် ဘေးအန္တရာယ်တုံ့ပြန်ရေးကော်မရှင် ဥက္ကဋ္ဌ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလ၊ ကော်မရှင် ဒုဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့၏ ဆွေးနွေးမှုဖြင့် စတင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ဆက်လက်ပြီး လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ ရာဂီတိုင်ဖွန်းမုန်တိုင်းဒဏ် သက်ရောက်မှုကိုခံစားနေကြရတဲ့ ရေဘေးသင့်ပြည်သူများအတွက် EOCC ရဲ့ အရေးပေါ်တုံ့ပြန်ရေး ဆောင်ရွက်ထားရှိမှု အစီအစဉ်နဲ့ပတ်သက်သည့် လက်ရှိ ဆောင်ရွက်ထားရှိတဲ့ အခြေအနေများ၊ မုန်တိုင်းဒဏ်ကြောင့် မိုးကြီးရေလျှံမှုများ ကြုံတွေနေရတဲ့ အခြေအနေများ၊ မြေပြင်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက်နေမှုများ၊ ပြည်သူသို့ ကြိုတင်၊ သတိပေးချက်များ အချိန်နဲ့တပြေးညီထုတ်ပြန်ပေးနေမှုများကို တင်ပြဆွေးနွေးခဲ့ပါတယ်။


အဲဒီနောက် တက်ရောက်လာကြတဲ့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုဝန်ကြီးများကလည်း သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြံပြု ဆွေးနွေးမှုများပြုလုပ်ခဲ့ကြပါသည်။


အစည်းအဝေးတွင် အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီ (EOCC)အတွင်းရှိ လုပ်ငန်းအဖွဲ့များအနေနဲ့ သက်ဆိုင်ရာ ကဏ္ဍအလိုက်တာဝန်ယူ ဆောင်ရွက်ကြရန်၊ သဘာဝဘေးဒဏ် ခံစားခဲ့ရသော တိုင်းရင်းသားဒေသများမှ ကိုယ်စားလှယ်များနဲ့ ပူးတွဲကြေညာချက်များ ထုတ်ပြန်သွားနိုင်ရေး၊ EOCC လုပ်ငန်းအဖွဲ့ဝင်များ ဆက်လက်ညှိနှိုင်း ဆွေးနွေးကာ သက်ဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်ပြီး အကူအညီရရှိနိုင်ရေး ဆောင်ရွက်ရန်၊ အရေးပေါ်ကာလအတွင်း မြေပြင်ရှိ ပအဖ၊ ပကဖများအနေဖြင့်လည်း ရေဘေးသင့် ပြည်သူများအတွက် လမ်းပမ်းဆက်သွယ်မှု မပြတ်တောက်စေရေး အချိန်နဲ့ တပြေးညီ ချိတ်ဆက် ညွှန်ကြားပေးရေးရန် အစရှိတဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများဆက်တိုက် ထောက်ပံ့ပေးလျက်ရှိတယ်လို့ လူသားစာနာဝန်ကြီးဌာနအသိပေး


စက်တင်ဘာလ ၁၇ရက်။

Radio NUG

ရေဘေးသင့် ပြည်သူများအတွက် အရေးပေါ်စားနပ်ရိက္ခာ အကူအညီများဆက်တိုက် ထောက်ပံ့ပေးလျက်ရှိတယ်လို့ စက်တင်ဘာ၁၇ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနကတရားဝင်ထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနအနေနှင့် ရာဂီတိုင်ဖွန်းမုန်တိုင်း အရှိန်ကြောင့် မြန်မာနိုင်ငံတစ်ဝှမ်း လတ်တလော ရင်ဆိုင်ကြုံတွေ့နေရသည့် ရေကြီးရေလျှံဒေသများရှိ ဒေသခံပြည်သူများကို ကူညီကယ်ဆယ်ရေး၊ ရွေ့ပြောင်းရေးနှင့် အရေးပေါ်စားနပ်ရိက္ခာပံ့ပိုးခြင်း လုပ်ငန်းများကို မြေပြင်ရှိ မြို့နယ်တာဝန်ခံများမှတဆင့် ချိတ်ဆက်ဆောင်ရွက်လျက် ရှိတယ်လို့ဆိုပါတယ်။


ပဲခူးတိုင်း၊ စစ်တောင်းမြစ်ဝှမ်းဒေသရှိ စိုးမိုးနယ်မြေများတွင် လတ်တလော ရေကြီးရေလျှံမှုကြောင့် ရေဘေးသင့်ပြည်သူများကို အကူအညီများ အချိန်မီရရှိနိုင်ရန် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် လူသားစာနာတာဝန်ခံများက ရေဘေးသင့်ဒေသရှိ ကိုယ်ဝန်ဆောင်၊ အမျိုးသမီးများ၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများကို ဘေးလွတ်ရာနေရာများသို့ ရွှေ့ပြောင်းထောက်ပံ့ကူညီမှုများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်ရမှာ ဖြစ်တယ်လို့ဆိုပါတယ်။


ဝန်ကြီးဌာနအနေနှင့် တိုင်းရင်းသားဒေသများရှိ ရေကြီးရေလျှံမှုဘေးအန္တရာယ် ကျရောက်မှုနှင့်စပ်လျဉ်း၍ ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်း၊ ရေဘေးသင့်ပြည်သူများစာရင်း ကောက်ယူခြင်း၊ လိုအပ်ချက်များကို ဆန်းစစ်ခြင်းနှင့် အရေးပေါ်ထောက်ပံ့မှု ပေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပြီး ထိုသို့ ပြည်သူမှပြည်သူသို့ ထောက်ပံ့နိုင်ရေးအတွက် ပြည်တွင်း၊ ပြည်ပမှ လှူဒါန်းပေးကြသည့် စေတနာရှင်၊ အလှူရှင်များကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း နိုင်ငံတကာအစိုးရများကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအား ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦမှာ တင်ပြပြောဆိုမယ်လို့ ပြည်ထောင်စုဝန်ကြီးဦးအောင်မျိုးမင်းပြော


စက်တင်ဘာလ ၁၇ရက်။

Radio NUG

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကာလအတွင်း နိုင်ငံတကာအစိုးရများကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေအား ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦမှာ တင်ပြပြောဆိုမယ်လို့ 


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက စက်တင်ဘာ ၁၇ရက်မှာ ပြောဆိုလိုက်ပါတယ်။


"တနိုင်ငံလုံးနီးပါး လူဖန်တီးတဲ့ဘေး၊ သဘာ၀ဘေး၊ ရေဘေးဒဏ်တွေ ဆိုးဆိုးဝါးဝါးခံစားနေရတဲ့ ကာလအတွင်း ကိုယ်တိုင်လည်း ကျန်းမာရေးအခြေအနေတခုကို ကျော်ဖြတ်နေရတဲ့အတွက် စိတ်ရှိတိုင်းမပါနိုင်ခဲ့ပါဘူး။ ပြည်သူတွေရဲ့ဒုက္ခတွေရင်ဆိုင်ကြုံတွေ့နေရတဲ့ပုံတွေ၊ အသံတွေ၊ ဗွီဒီယိုတွေမြင်ရကြားရတိုင်း စာနာခံစားမိရပါတယ်။ လုပ်နိုင်တဲ့အတိုင်းအတာအရ နိုင်ငံတကာကို တင်ပြတောင်းဆိုမှုတွေကိုတော့ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပါတယ်။ လာမယ့် ၁၉ ရက်နေ့ ကြာသပတေးနေ့မှာတော့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အစည်းအဝေးကာလအတွင်း နိုင်ငံတကာအစိုးရများကို မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေကို ဂျီနီဗာမြို့ ကုလသမဂ္ဂအဆောက်အဦးမှာ တင်ပြပြောဆိုပါမယ်"လို့ဝန်ကြီးကပြောပါတယ်။


လက်ရှိမှာမြန်မာနိုင်ငံဟာ ရေဘေးဒဏ်အပြင် စကစတပ်များရဲ့လေကြောင်းတိုက်ခိုက်မှုဒဏ်ကိုပါခံစားရလျက်ရှိပါတယ်။


========================


📌📌 ၄။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် တော်လှန် LGBTIQ+ community တို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ ၁၇ရက်။

Radio NUG

စက်တင်ဘာလ ၁၃ ရက်နေ့မှာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဌာနမှ တာဝန်ရှိသူများနှင့် တော်လှန် LGBTIQ+ community မှ မိုးကုတ်စစ်ဦးစီးချုပ်၊ ထောက်ပို့အဖွဲ့ဝင်များ Activist များနှင့် တခြားသော တာဝန်ရှိသူများမှ Gender equality နှင့်ပတ်သက်သည်များ တော်လှန်ရေးအတွင်း ပါဝင်တိုက်ပွဲဝင်နေကြသော PDF ရဲမေများ LGBT ရဲဘော်များနှင့် gender အခြေပြု ခွဲခြား ဆက်ဆံခံရခြင်း ကိစ္စများ၊ မူဝါဒလမ်းညွှန်ချက်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တိုင်ပင်ဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


ထို့နောက် တက်ရောက်လာသော LGBTIQ+ community မှ မေးခွန်းများ တင်ပြမှုများ တော်လှန်ရေးအောင်မြင်သည့်အထိ ဆက်လက် ပူးပေါင်းလက်တွဲဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များအား တိုင်ပင်ဆွေးနွေး၍ အစည်းအဝေးအား အောင်မြင်စွာကျင်းပနိုင်ခဲ့ပါတယ်။


========================


📌📌 ၅။ ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း(၇၉) ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ်ဆောင်ရွက်နေသည့် Philemon Yang နှင့်တွေ့ဆုံ၍ မြန်မာအရေးဆွေးနွေး


စက်တင်ဘာလ ၁၇ရက်

Radio NUG

ကုလသမဂ္ဂဆိုင်ရာမြန်မာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ(၇၉)ကြိမ်မြောက်ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိအဖြစ်ဆောင်ရွက်နေသည့် Philemon Yang နှင့် စက်တင်ဘာ ၁၆ ရက်နေ့က တွေ့ဆုံခဲ့တယ်လို့သတင်းရရှိပါတယ်။


ထိုသို့တွေ့ဆုံခဲ့ရာတွင် မြန်မာနိုင်ငံအတွင်း လက်တလောဖြစ်ပွားနေသည့်အခြေအနေများ၊ မြန်မာ့အရေးနှင့်စပ်လျဥ်းသည့် နိုင်ငံတကာငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးဖြစ်စဥ်များကို ဆွေးနွေးခဲ့ကြပါတယ်။ 


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ သဘာပတိဖြစ်သူ Philemon Yang ဟာ ကင်မရွန်းနိုင်ငံ ဝန်ကြီးချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲခံရသူများနှင့် လူ့အသိုက်အဝန်းများအတွက် အမေရိကန်ပြည်ထောင်စုက အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်မယ်လို့ အမေရိကန်သံရုံးရန်ကုန်ထုတ်ပြန်


စက်တင်ဘာလ ၁၇ရက်။

Radio NUG

တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲခံရသူများနှင့် လူ့အသိုက်အဝန်းများအတွက် အမေရိကန်ပြည်ထောင်စုက အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID)မှတဆင့် ဆက်လက်ပေးအပ်မယ်လို့ အမေရိကန်သံရုံးရန်ကုန်က စက်တင်ဘာလ ၁၇ရက်မှာ ထုတ်ပြန်ပါတယ်။


တိုင်ဖွန်းယာဂီကြောင့် ပြင်းထန်သော ရေကြီးမှုနှင့် ထိခိုက်ပျက်စီးမှုများ၏ နောက်ဆက်တွဲအဖြစ် နိုင်ငံတဝန်းတွင် ယင်း၏အကျိုး သက်ရောက်မှုခံရသူများနှင့် ထိခိုက်လွယ်လူ့အသိုက်အဝန်းများအတွက် အမေရိကန်ပြည်ထောင်စုက အရေးပေါ် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို အမေရိကန်နိုင်ငံတကာ ဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် ဆက်လက်ပေးအပ်နိုင်ရန် အမေရိကန်ပြည်ထောင်စုက ဆောင်ရွက်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


နိုင်ငံတကာအသိုက်အဝန်းမှ ပံ့ပိုးကူညီသည့် လူသားချင်းစာနာမှုအကူအညီများအပါအဝင် သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအထောက်အကူပြုပစ္စည်းများနှင့် အခြား အရေးပါသည့်ကယ်ဆယ်ရေး ပစ္စည်းများကို အကူအညီအလိုအပ်ဆုံးဖြစ်သည့် အသိုက်အဝန်းများဆီသို့ ပေးပို့ရာတွင် ချောမွေ့မှုရှိစေရန် သက်ဆိုင်ရာတာဝန်ရှိသူများကို မိမိတို့တောင်းဆိုတယ်လို့ဖော်ပြပါတယ်။


ရှေ့လာမည့် ရက်များအတွင်း တိုင်ဖွန်းယာဂီ၏ အကျိုးသက်ရောက်မှုဒဏ်ခံရသူများကို အမေရိကန်ပြည်ထောင်စုက ဆက်လက်အကူအညီပေးအပ်သွားမယ်လို့ အတည်ပြုဆိုပါတယ်။


========================


📌📌 ၇။ အာဏာသိမ်း ကာလအတွင်း လူမှုကွန်ယက်ပေါ်မှာ ရေးသား ဖြန့်ဝေမှုကြောင့် ဖမ်းဆီးခံရသူ ,၇၀၀ နီးပါးရှိ


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

စစ်အာဏာသိမ်း သုံးနှစ်ကျော် ကာလအတွင်း စစ်ကောင်စီကို ဆန့်ကျင်ဝေဖန်မှု တော်လှန်ရေး အဖွဲ့အစည်းတွေ၊ လူထုလှုပ်ရှားမှုတွေကို ထောက်ခံရေးသား ဖြန့်ဝေမှုတွေကြောင့် ဖမ်းဆီးခံရသူ ,၆၉၁ ဦးထိ ရှိခဲ့ဖြစ်ကြောင်း Data For Myanmar က ထုတ်ပြန်ထားပါတယ်။


၂၀၂၂ ဖေဖော်ဝါရီ လကနေ ၂၀၂၄ ဇူလိုင်လကုန်အထိ ကောက်ယူထားတဲ့ အချက်အလက်များကို အခြေခံပြီး Data For Myanmar မှ ပြုစုထားတဲ့ အစီရင်ခံစာ အမှတ်()ကို စက်တင်ဘာ ၁၆ရက်မှာ ထုတ်ပြန်ခဲ့တာပါ။ 


Data For Myanmar ရဲ့ အဆိုအရ ၂၀၂၂ ခုနှစ်အတွင်းမှာ ဖမ်းဆီးခံရသူ ၈၇၄ ဦးထိ ရှိခဲ့ပြီး၊ ၂၀၂၃ ခုနှစ်မှာ ၆၁၅ ဦးနဲ့ ၂၀၂၄ ခုနှစ် ဇူလိုင်လကုန်ထိ ဖမ်းဆီးခံရသူ ၂၀၂ ဦး ရှိခဲ့ကာ အများစုက Facebook ပေါ်မှာ ပြောဆိုရေးသားမှုတွေကြောင့် ဖြစ်တယ်လို့ သိရပါတယ်။


ဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသမီး ၆၁၃ ဦးနဲ့ အမျိုးသား ,၀၇၈ ထိ ပါဝင်နေပြီး နာမည်ကြီး အနုပညာရှင်တွေ၊ သရုပ်ဆောင်တွေ၊ သတင်းသမားတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။


၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်နေ့မှာ စစ်ကောင်စီက လူမှုကွန်ယက်ပေါ်တွင် ရေးသားဖြန့်ဝေနေမှုများကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) ရာဇသတ်ကြီး ပုဒ်မ ၁၂၄(က) ၅၀၅(က) ဆက်သွယ်ရေး ပုဒ်မ ၃၃(က)စတဲ့ ဥပဒေတွေနဲ့ အရေးယူမယ်လို့ ကြေညာခဲ့ပြီး PDF Game တွေကိုလဲ မဆော့ဖို့ တားမြစ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဖယ်ခုံမြို့နယ်ရှိ စစ်ရှောင်စခန်းအား ဗုံးကြဲ တိုက်ခိုက်မှုအပေါ် ကရင်နီနှင့် မြန်မာ အရပ်ဘက်နဲ့ တော်လှန်ရေးအဖွဲ့ ၃၀၀ ကျော် ပြင်းထန်စွာ ရှုံ့ချ


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

ရှမ်းပြည်နယ်တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်အတွင်းရှိ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်မှုအပေါ် ကရင်နီ အရပ်ဘက် အဖွဲ့အစည်း၊ မြန်မာအရပ်ဘက် အဖွဲ့အစည်းနဲ့ တော်လှန်ရေး အင်အားစု ၃၁၆ ဖွဲ့က ပြင်းထန်စွာ ရှုံ့ချကြောင်း ပူးတွဲထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ရက်နေ့ နာရီ ဝန်းကျင်မှာ အဆိုပါ ဘန်ကောက် စစ်ရှောင်စခန်းကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ရှောင်ကလေးငယ်များ အပါအဝင် အရပ်သား ဦး ထက်မနည်း သေဆုံးကာ ၂၀ ကျော် ပြင်းထန်စွာ ဒဏ်ရာရခဲ့တာလည်း ဖြစ်ပါတယ်။


အခုလို စစ်ရှောင်စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းဟာ နိုင်ငံတကာ စစ်ဘက်ကျင့်ဝတ်ဆိုင်ရာ ဥပဒေကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာ ဖြစ်တဲ့အပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ စစ်ရာဇဝတ်မှု ဖြစ်တာကြောင့် အပြင်းထန်ဆုံး ကန့်ကွက်ရှုံချတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။


စစ်တပ်အာဏာ သိမ်းပြီးနောက်ပိုင်း ခုခံတွန်းလှန်စစ် အားကောင်းခဲ့တဲ့ ကရင်နီဒေသကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှု ၃၀၃ ကြိမ်ထိ ကျူးလွန်ခဲ့ပြီး အရပ်သား ပြည်သူ ထိခိုက် သေဆုံးမှု ၅၁၅ ဦးထိ ရှိခဲ့ပါတယ်။


ထို့အပြင် အရပ်ဘက် ပစ်မှတ်များဖြစ်ကြတဲ့ ဘုရားကျောင်း ၅၂ ကျောင်း၊ စာသင်ကျောင်း ၂၅ ကျောင်းနဲ့ ဆေးရုံ ၁၆ ခုတို့လည်း လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် ကရင်နီပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ သိန်းဝန်းကျင်ခန့် ရှိနေပါတယ်။


========================


🚩🚩 ၂။ မြတောင်-ကက္ကုလမ်းဆုံ ဗိုလ်မှူး စန်းယု ဦးစီး တတက-၁၃ အင်အား (၅၈)ဦးပါ စစ်ကြောင်းမှ လက်နက်(၂၁)လက် သိမ်းဆည်းရရှိ


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

စက်တင်ဘာလ(၁၇)ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်းကြား၌ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်၊ မြတောင်-ကက္ကလမ်းဆုံမှ ဆုတ်ခွာလာသော ဗိုလ်မှူး စန်းယု ဦးစီး တတက-၁၃ အင်အား (၅၈) ဦးအား ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း အမှတ် () စစ်ဒေသမှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ (၂၀)ဦး သေဆုံးပြီး ()ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ PDF ရဲဘော် ()ဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။


ရန်သူ့ထံမှ ငါးကြင်းမြီး (MA-15) ()လက်၊ ၆၀ မမ ပြောင်းတို (MA-9) ()လက်၊ MA-1 ()လက်၊ MA-3 ()လက်၊ MA-11 ()လက်၊ G-3 () လက်၊ ကျည်မျိုးစုံ (၂၁၂၆) တောင့်၊ အီနာဂါ () လုံး၊ လက်ပစ်ဗုံး () လုံး၊ ၄၀ မမ ဗုံးသီး () လုံး၊ ၆၀ မမ ဗုံးသီး () လုံး၊ RPG () လုံး၊ ကျည်အိမ်မျိုးစုံ (၇၁)ခု သိမ်းဆည်းရရှိတယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ) မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ ပူးပေါင်းအဖွဲ့တို့မှ တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ အရပ်သားတွေကို ပေါ်တာဆွဲဖို့ထွက်လာတဲ့ အုတ်ဖိုမြို့နယ် အေးမြသာယာနယ်မြေစခန်းက ရဲတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ စခန်းမှူးနဲ့ ရဲသတင်းပေး သေဆုံး


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

ပဲခူးတိုင်း အုတ်ဖိုမြို့နယ်မှာ အရပ်သားတွေကို ပေါ်တာဆွဲဖို့ထွက်လာတဲ့ အေးမြသာယာနယ်မြေရဲစခန်းမှူး ရဲအုပ်ဇော်ဝင်း ဦးဆောင်တဲ့အဖွဲ့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စခန်းမှူးနဲ့ ရဲသတင်းပေးတို့ သေဆုံးသွားတယ်လို့ မြေအောက်ပြောက်ကျားတပ်ဖွဲ့- အုတ်ဖိုက ပြောပါတယ်။ 

အေးမြသာယာနယ်မြေရဲစခန်းမှူး ဦးဆောင်တဲ့ ရဲတပ်ဖွဲ့ကို စက်တင်ဘာ ၁၆ ရက် ညနေ ၃နာရီခွဲအချိန်က ရဲစခန်းအနီးမှာပဲ ပစ်ခတ်တိုက်ခိုက်တာလို့ သိရပါတယ်။

မြို့ခံပြည်သူတွေကို ပေါ်တာဆွဲဖမ်းဆီးဖို့ အေးမြသာယာရဲစခန်းကနေ အရပ်ဝတ်တွေနဲ့ ခြေလျင်ထွက်လာတဲ့ အင်အား ၅ဦးပါ အဖွဲ့ကို အထက်တန်းကျောင်းရှေ့ လမ်းပေါ်မှာ တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုမှာ စခန်းမှူး ရဲအုပ်ဇော်ဝင်းနဲ့ ရဲသတင်းပေး ကိုသက်တို့ နေရာတင် သေဆုံးသွားပြီး ၎င်းတို့ထံကနေ လက်ပစ်ဗုံး တလုံးနဲ့ အခြားပစ္စည်းများအပါအဝင် ငွေသား ကျပ် တသိန်း၈သောင်းကျော်နဲ့ ပေါ်တာစွဲရမယ့် အမည်ရေးထားတဲ့ စာရင်း စာရွက်တခု သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

တိုက်ခိုက်ပြီးတဲ့နောက် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာလာချိန် ၁၀ နာရီခန့်မှာ အေးမြသာယာမြို့ပြင်မှာ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲ ၁၅ မိနစ်ခန့်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်တပ်က ပြည်သူပိုင်နေအိမ် လုံးကို မီးရှိဖျက်ဆီးသွားတယ်လို့လည်း မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက ထုတ်ပြန်ထားပါတယ်။

ပြည်သူလူထုနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့ရဲ့ထောက်တိုင်တွေကို ဆက်လက် တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့နဲ့ စစ်တပ်ထောက်တိုင်တွေအနီး သွားလာနေထိုင်တာတွေမလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ မြေအောက်ပြောက်ကျားတပ်ဖွဲ့-အုတ်ဖိုက အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ထန်တလန်မြို့ စစ်ကောင်စီတပ်ရဲ့Lai Villa တပ်စခန်းကို သိမ်းပိုက်


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

စက်တင်ဘာလ ၁၇ ရက် ညနေပိုင်းမှာ ချင်းပြည်နယ်၊ ထန်တလန်မြို့ပေါ်က စစ်ကောင်စီတပ်စွဲထားတဲ့ Lai Villa တပ်စခန်း ( ယခင်ကတည်းခိုခန်း)ကို ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဦးဆောင်တဲ့ Chinland Council ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း Chinland Council ရဲ့သတင်းရင်းမြစ်တွေရဲ့ သတင်းထုတ်ပြန်ချက်များအရ သိရပါတယ်။


စက်တင်ဘာလ ၁၆ ရက်နေ့တွင် မွန်းလွဲ နာရီ ၃၀ မိနစ်ခန့်အချိန်တွင် လိုင်ဗီလာဟိုတယ်တွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သား ဦးနှင့် မွန်းလွဲ နာရီ ၃၀ မိနစ်ခန့်တွင် ဦးသည် သေနတ် လက်နှင့်ခဲယမ်းများ ယူဆောင်လာပြီး ချင်းလဲန်းကောင်စီထံ အလင်းဝင်ရောက်ခဲ့ပြီးနောက်နေ့မှာ သိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်ပါတယ်။


အဆိုပါ စစ်ကောင်စီ တပ်သား ဦးသည် G-3 အမျိုးအစား သေနတ် လက် ကျည်ဘောက်များနှင့် ကျည်ဆံ အမြောက်အများ ယူဆောင်လာကာ အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


========================


🚩🚩 ၅။ မြိတ်မြို့မှ လေယာဉ်ဆီပေပါများ တင်ဆောင်လာတဲ့ စက်လှေ နှစ်စီးနဲ့ မောင်းမကန် ရဲစခန်း အနီးက စစ်ကောင်စီ တပ်ဖွဲ့ကို ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

မြိတ်မြို့ကနေ လေယာဉ်ဆီ ပေပါများ တင်ဆောင်လာပြီး ထားဝယ်မြစ်အတွင်း ရောက်ရှိလာတဲ့ ငါးဖမ်း စက်လှေ နှစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း လောင်းလုံ ပကဖ က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၁၅ ရက်နေ့ မနက် နာရီခန့်မှာ အဆိုပါ စက်လှေ နှစ်စီးကို လောင်းလုံး ပကဖ ရဲဘော်များက ကြားဖြတ်ပစ်ခတ် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


စက်လှေပေါ်မှာ ဆီပေပါများ တင်ဆောင်လာပြီး စစ်ကောင်စီ တပ်သား ဦး လိုက်ပါလာကာ ထိခိုက်မှု အသေးစိတ်ကိုတော့ စုံစမ်းနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။


ထို့အပြင် စက်တင်ဘာလ ၁၂ ရက် နေ့လည် နာရီခန့်ကလည်း မောင်းမကန် ကျေးရွာ၊ ရဲစခန်း အနီးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ကို ၄၀ မမ ဗုံးသီးများဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုကို စုံစမ်းနေဆဲဖြစ်ပြီး စစ်ဆင်ရေး ဆောင်ရွက်ခဲ့တဲ့ လောင်းလုံ ပကဖ ဇုန် ()ရွှေသောင်ယံ တပ်စုမှ ရဲဘော်တဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ မိတ္တီလာတွင် ရဲကင်းတွင် ဗုံးပေါက်ကွဲပြီး ရဲ ဦး ခြေထောက်ပြတ် 


စက်တင်ဘာလ ၁၇ရက်။

Radio NUG

စက်တင်ဘာလ ၁၇ ရက်နေ့ နံနက် နာရီအချိန် မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်၊ နန်းတော်ကုန်းရပ်ကွက်၊ သံလမ်းအနီးရှိ ရဲကင်းတွင် ဗုံးပေါက်ကွဲခြင်းကြောင့် ရဲ ဦး ခြေထောက်ပြတ်ပြီး အမျိုးသား ဦးနဲ့ အမျိုးသမီး ဦး ထိခိုက်ဒဏ်ရာရရှိကာ ဆိုင်ကယ်အများအပြား ပျက်စီးကြောင်း သိရပါတယ်။


ဗုံးပေါက်ကွဲပြီးနောက် စစ်တပ်က မိတ္တီလာမြို့ကို ပိတ်ဆို့ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ပြီး ဂိတ်ချ စစ်ဆေးမှုများကိုလည်း လုပ်ဆောင်လျက်ရှိပါတယ်။


========================


🚩🚩 ၇။ တောင်သာ၊ ခြုံကြီးရွာ စီးနင်းမှု တော်လှန်ရေး ရဲဘော် ဦးအပါအဝင် အမျိုးသမီး ဦးသေဆုံး


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

စက်တင်ဘာလ ၁၆ ရက်နေ့ နံနက်အစောပိုင်းတွင် မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ခြုံကြီးရွာကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက အရပ်ဝတ်များနှင့် PDFအယောင်ဆောင်ကာ ဝင်ရောက် စီးနင်းမှုကြောင့် တော်လှန်ရေး ရဲဘော် ဦးအပါအဝင် အမျိုးသမီး ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။


ခြုံကြီးရွာကိုမဝင်ရောက်မီ အင်အား သုံးဆယ်ခန့်ပါတဲ့ စစ်ကောင်စီတပ် ရှေ့ပြေးစစ်ကြောင်းက မနက်ခြောက်နာရီခန့်မှာ ရွာနဲ့ မိုင်ဝက်ခန့် အကွာမှာရှိတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ ကင်းစခန်းကို ဝင်စီးခဲ့တာလို့ သိရပါတယ်။


ကာကွယ်ရေးအဖွဲ့ဝင်တွေ ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် နောက်ချန် အင်အားတွေပါ ပေါင်းလာတဲ့ အင်အား ရှစ်ဆယ်ခန့်ရှိတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးအဖွဲ့တွေအကြား ထိတွေ့တိုက်ပွဲများ ဆက်လက် ဖြစ်ပွားခဲ့ကြောင်း၊ နာရီအကြာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု များပြားခဲ့ကြောင်း သိရပါတယ်။


ခြုံကြီး အနောက်ရွာတိုက်ပွဲအတွင်း နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် Mi-35 Jet Fighter စီးတို့ဖြင့် ခြုံကြီး အရှေ့ရွာကို ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကျေးရွာနေပြည်သူ ကိုယ်ဝန်ဆောင် အမျိုးသမီး ဦး ဗုံးစထိမှန် သေဆုံးခဲ့ပြီး အသက် ၉၀ အရွယ် အဖွားအို ဦး သွေးလန့်၍ သေဆုံးခဲ့ကြောင်း သိရပါတယ်။


အိမ်ခြေ နှစ်ထောင်ကျော်ရှိတဲ့ ခြုံကြီးရွာဟာ အရှေ့ရွာ၊ အနောက်ရွာ ပိုင်းခြားသတ်မှတ်ထားပြီး လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် ရွာခံတစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။


အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ခြုံကြီး အနောက်ရွာရှိ ပြည်သူပိုင် နေအိမ် လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေ နာရီခန့်တွင် ကျေးရွာအတွင်းမှ ပြန်လည် ဆုတ်ခွာသွားပြီး ၎င်းတို့ သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်းများကို ဘုရားကုန်းပေါ်တွင် ပစ်ထားခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၈။ အင်းတော်တွင် စစ်ကောင်စီတပ်က ဓားစာခံ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြား


စက်တင်ဘာလ ၁၇ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်က ဓားစာခံ ဖမ်းဆီးထားတဲ့ ပြည်သူ ၁၀၀၀ ကျော်ကို မြို့နယ်သံဃာ မဟာနာယကအဖွဲ့က ပြန်လွှတ်ပေးရန် စစ်တပ်ကို ပန်ကြားထားကြောင်း သိရပါတယ်။


အမှတ် စစ်ဒေသကွပ်ကဲမှုဖြင့် သြဂုတ်လ ၁၆ ရက်နေ့မှစတင်၍  PDF ပကဖများက အင်းတော်မြို့သိမ်းတိုက်ပွဲကို စတင်ခဲ့ရာ သြဂုတ်လ ၂၄  ရက်နေ့တွင် အင်းတော်မြို့မရဲစခန်းနှင့် ထွေအုပ်ရုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး၊ အင်းတော် ရဲစခန်းနှင့်ထွေအုပ်ရုံးမှ ဆုတ်ခွာသွားသော စစ်ကောင်စီ တပ်ဖွဲ့ဝင်များက အင်းတော်မြို့ရှိ ဂျပန်လှိုဏ်ဂူတွင် တပ်မ  ၇၇၏ ရှေ့တန်းဌာနချုပ်အဖြစ် ခံစစ်စည်း ပြင်ဆင်ထားသည့်အပြင် အင်းတော် မြို့မဘုန်းကြီးကျောင်းတွင် ပြည်သူ ၁၀၀၀ ကျော်ကို လူသားဒိုင်းအဖြစ် အသုံးချရန်ရည်ရွယ်ကာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။


စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးထားသော ပြည်သူ ၁၀၀၀ ကျော်ကို လွှတ်ပေးရန် အင်းတော်မြို့နယ်၊ သံဃနာယကအဖွဲ့က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ရက်နေ့ ရက်စွဲဖြင့် စစ်ကောင်စီတပ်သို့ မေတ္တာရပ်ခံစာ ထုတ်ပြန်ပေးပို့ခဲ့သော်လည်း စက်တင်ဘာ ၁၇ ရက်နေ့အထိ ပြည်သူများကို စစ်တပ်က ပြန်လွှတ်ပေးခြင်းမရှိဘဲ လူသားဒိုင်းအဖြစ် ဖမ်းဆီး အသုံးပြုနေဆဲ ဖြစ်ကြောင်း သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးအဖွဲ့များက အင်းတော် မြို့မ ဘုန်းကြီးကျောင်းဝင်းအတွင်းရှိ ပြည်သူများကို ဘေးကင်းလုံခြုံရာသို့ အမြန်ဆုံးထွက်ခွာနိုင်ရန် အသိပေးထားပြီး ထွက်ခွာလာသော ပြည်သူများ၏ အသက်အန္တရာယ် ဘေးကင်းလုံခြုံရေးအတွက် ကာကွယ်သွားမည် ဖြစ်ကြောင်း စာထုတ်ပြန်ထားပါတယ်။


အင်းတော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က နေအိမ်များကို မီးရှို့မှု၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများကြောင့် အောင်မေတ္တာရပ်ကွက်သစ်တွင် နေအိမ် ၁၁ လုံး၊ အောင်ဇေယျရပ်ကွက်တွင် နေအိမ် လုံး၊ အောင်ချမ်းသာရပ်ကွက်တွင် နေအိမ် ၁၉ လုံး၊ အောင်မေတ္တာရပ်ကွက်တွင် နေအိမ် လုံး၊ အောင်မင်္ဂလာရပ်ကွက်တွင် နေအိမ် လုံး၊ ယာဥ်နားတန်းရပ်ကွက်တွင် နေအိမ်  ၄၂ လုံး၊ ဝင်ဒါမီယာရပ်ကွက်တွင် နေအိမ် ၁၃ လုံး၊ ကြာအင်းရွာတွင် နေအိမ် လုံး စုစုပေါင်း ပြည်သူ့နေအိမ် ၉၈ လုံး မီးလောင်ပျက်စီးသွားခဲ့ပြီး ပလီကျောင်းဆောင်၊ အင်းတော် မြို့မစျေးတို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်၊ ကိုခန့်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment