19th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၁၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရေဘေးသင့်ပြည်သူ ငါးသိန်းအတွက် WFP ကတစ်လစာအရေးပေါ်စားနပ်ရိက္ခာများ ယခုတစ်ပါတ် အတွင်းဖြန့် ဝေမည်

📌 ၂။ စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များ ပြည်သူ့ကာကွယ်ရေးတပ်မတော်_တောင်ပိုင်းစစ်ဒေသထုတ်ပြန်

📌 ၃။ မိုးကုတ်မြို့နယ်က စစ်ဘေးရှောင်ရွာတွေကို မန္တလေး PDF ဆန်အိတ် ၅ဝဝ နဲ့ ကျပ်သိန်း ၁၅ဝ လှူဒါန်း

📌 ၄။ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ တပ်ဖွဲ့ဝင်တွေကကူညီ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၁၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကန့်ဘလူမြို့နယ် မလည်ရွာတိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းနဲ့ ၁၁ ကြိမ် ဗုံးသီးချ ပစ်ခတ်တိုက်ခိုက်

🚩 ၂။ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ Dark Shadow ရဲဘော် ဦး ဖမ်းဆီးခံရ 

🚩 ၃။ တနင်္သာရီမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတွေအပါအဝင် ၄ဦးဒဏ်ရာရ

🚩 ၄။ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ထပ်မံဗုံးကြဲတာကြောင့် နေအိမ်များ ထိခိုက်ပျက်စီး

🚩 ၅။ ပုသိမ်မှာ ရဲတပ်ကြပ်ကြီးက ရဲအရာရှိ ဦးကို ဓားနဲ့ထိုးတာကြောင့် ဒုရဲမှူးတဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရေဘေးသင့်ပြည်သူ ငါးသိန်းအတွက် WFP ကတစ်လစာအရေးပေါ်စားနပ်ရိက္ခာများ ယခုတစ်ပါတ် အတွင်းဖြန့် ဝေမည်


စက်တင်ဘာလ ၁၉ရက်


ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ရေဘေးသင့်မြန်မာပြည်သူတွေအတွက် အရေးပေါ်စားနပ်ရိက္ခာတွေကိုအခုတစ် ပါတ်အတွင်းဖြန့်ဝေပေးသွားမယ်လို့ စက်တင်ဘာလ၁၈ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။ 

ပြီးခဲ့တဲ့ စက်တင် ဘာလ (၁၁)ရက်နေ့ကဝင်ရောက်ခဲ့တဲ့ စူပါတိုင်ဖွန်မုန်တိုင်း ရာဂီကြောင့် ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ နေ ပြည်တော်၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တို့မှာ မိုးကြီးပြီး ရေကြီးရေလျှံတာ  တွေ၊ မြေပြိုတာတွေကြောင့် လူပေါင်းရာနဲ့ချီသေဆုံးခဲ့သလို လူပေါင်းခြောက်သိန်းသုံးသောင်းလောက်ရေဘေး သင့်ခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

လက်ရှိဖြစ်ပေါာနေတဲ့ရေဘေးဟာ မြန်မာ့ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးရေဘေးဖြစ်တယ်လို့ WFP ရဲ့မြန်မာ နိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Ms. Sheela Matthew ကသုံးနှုန်းခဲ့ပြီး လက်ရှိရေဘေးမတိုင်ခင်ကထဲက မြန်မာ ပြည်သူ ၁၃သန်းကျော်ဟာ စားနပ်ရိက္ခာမလုံလောက်မှုနဲ့ကြုံတွေ့နေရတာဖြစ်တယ်လို့လည်းထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။ 

အခုတစ်ပါတ်အတွင်းမှာဖြန့်ဝေသွားမယ့်အရေးပေါာစားနပ်ရိက္ခာတွေမှာ ဆန်၊ အားဖြည့်ဘီစကစ်နဲ့ အခြားအဟာရ အထောက်အပံ့တွေကို တိုက်ရိုက်ထောက်ပံ့သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် WFP အနေနဲ့ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ အသက်မွေးလုပ်ငန်းတွေနဲ့ စားနပ်ရိက္ခာလက်လှမ်းမှီရရှိရေးတို့နဲ့ပတ်သက်ပြီး ရေဘေးရဲ့အကျိုးသက်ရောက်မှုအ ခြေအနေတွေကိုလေ့လာလျှက်နေတယ်လို့လည်းထုတ်ပြန်ချက်မှာပါရှိပါတယ်။ 

ဒါ့အပြင် တိုင်ဖွန်းရာဂီမတိုင်ခင် ပြီးခဲ့တဲ့ ဇူလိုင်လနဲ့ ဩဂုတ်လမတိုင်ခင် လယ်ဧကသောင်းနဲ့ချီရေလွှမ်းမိုးခံခဲ့ရသော ရေဘေးအတွင်း ရေဘေးသင့်ပြည်သူ နှစ်သိန်းနီးပါးအား အရေးပေါ်စားနပ်ရိက္ခာအထောက်အပံ့တွေပေးခဲ့တယ်လို့ လည်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များ ပြည်သူ့ကာကွယ်ရေးတပ်မတော်_တောင်ပိုင်းစစ်ဒေသထုတ်ပြန်


စက်တင်ဘာလ ၁၉ ရက် 


စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုများဖြစ်ပွားပြီးနောက် သတိပြုလိုက်နာရမည့် ဘေးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်ရန်အချက်များ ပြည်သူ့ကာကွယ်ရေတပ်မတော် - တောင်ပိုင်းစစ်ဒေသက စက်တင်ဘာ၁၉ရက်မှထုတ်ပြန်ခဲ့ပါတယ်။


စစ်ပွဲများဖြစ်ပေါ်နေသည့် ဒေသများတွင် ရေကြီးရေလျှံမှုဖြစ်ပွားပြီးနောက် ကူညီကယ်ဆယ်ရေးအဖွဲ့အစည်းများက ဘေးကင်းလုံခြုံကြောင်း ကြေငြာပြီးမှသာလျှင် နေရပ်သို့ပြန်ရန် အရေးကြီးတယ်လို့ဆိုပါတယ်။


ရေကြီးရေလျှံမှုကြောင့် တောင်ပြိုခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်ကာ မြေမြှုပ်မိုင်းနှင့် ပေါက်ကွဲစေတတ်သော အန္တရာယ်ရှိပစ္စည်းများ နေရာရွေ့သွားပြီး ပေါက်ကွဲစေနိုင်သဖြင့် ရေအောက်သို့ သေချာရှင်းလင်းစွာ မမြင်ရပါက မလိုအပ်ဘဲ လမ်းလျှောက်ခြင်းမပြုရန်၊ လေးလံသော ပစ္စည်းများကို မြေကြီးပေါ်သို့ချသည့်အခါ မြေပြင်ကို ဘေးကင်းကြောင်း သေချာစစ်ဆေးပြီးမှ ချထားရန်၊မိမိ မသွားရောက်ဖူးသောနယ်မြေများကို နယ်မြေကျွမ်းကျင်သူမပါဘဲ သွားခြင်းမှ ရှောင်ကျဉ်ရန်၊အမျိုးအမည်မသိသော သံသယဖြစ်ဖွယ်ပစ္စည်းများကို တွေ့ရှိခဲ့ပါက ကိုင်တွယ်ကြည့်ရှုခြင်းမှ ရှောင်ကျဉ်ရန်နှင့်စစ်ဘက်ဆိုင်ရာပစ္စည်းများ တွေ့ရှိခဲ့ပါက တာဝန်ရှိသူများကို ချက်ချင်းအကြောင်းကြားဖို့ဖော်ပြထားပါတယ်။


========================


📌📌 ၃။ မိုးကုတ်မြို့နယ်က စစ်ဘေးရှောင်ရွာတွေကို မန္တလေး PDF ဆန်အိတ် ၅ဝဝ နဲ့ ကျပ်သိန်း ၁၅ဝ လှူဒါန်း


စက်တင်ဘာလ ၁၉ ရက် 


မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းက စစ်ဘေးရှောင်ကျေးရွာတွေကို ဆန်အိတ်ပိုင်း ၅၀၀ နဲ့ ကျပ်သိန်း ၁၅၀ မတည် လှူဒါန်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး က ဒီနေ့ စက်တင်ဘာ ၁၉ ရက်မှာ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး အနေနဲ့၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ဘေးရှောင်ခဲ့ရတဲ့ မိုးကုတ်မြို့နယ်က ကျေးရွာတွေကို လှူဒါန်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့နယ်အတွင်းက အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်း၊ ဖြူရောင်၊ ကျောက်တလုံးနဲ့ လွယ်မွန်းကျေးရွာတို့က ဒေသခံပြည်သူတွေကို အိမ်ထောင်စုတစု ဆန်တအိတ်နဲ့ ငွေကျပ် ၅သောင်းနှုန်း ပေးအပ်လှူဒါန်းခဲ့တယ်လို့ မန္တလေး PDF က အသိပေးပါတယ်။

အမှန်တကယ်လိုအပ်နေတဲ့နေရာကို ၎င်းတို့ကိုယ်စား ဆန်အိတ်တွေသွားရောက်လှူဒါန်းပေးတဲ့ မိုးကုတ်မြို့အခြေစိုက် ပရဟိတအသင်းအဖွဲ့တွေကိုလည်း အထူးကျေးဇူးတင် ဂုဏ်ပြုကြောင်း မန္တလေး PDFက ထပ်မံအသိပေးထားပါတယ်။

ပတ္တမြားမြေလို့တင်စားခံရတဲ့ မိုးကုတ်မြို့ကို မန္တလေး PDF နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက အခုနှစ် ဇူလိုင်လ ၂၄ ရက်မှာ အပြီးသတ်သိမ်းယူခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၄။ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ တပ်ဖွဲ့ဝင်တွေကကူညီ


စက်တင်ဘာ၁၉ရက်


စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေက ရေဘေးဒဏ်ခံ ပြည်သူတွေကို ပကဖ တပ်ဖွဲ့ဝင်တွေကကူညီခဲ့ကြောင်းကို စက်တင်ဘာ၁၉ရက်မှာ ပကဖအသံက အတည်ပြုဖော်ပြပါတယ်။

မြန်မာနိုင်ငံအလယ်ပိုင်း ထိုးဖောက်ရေးမှာ အရေးပါတဲ့ စစ်တောင်းမြစ်ဝှမ်း စစ်ဆင်ရေး နယ်မြေ က ဒေသခံတွေဟာ ရေဘေးဒဏ်ကို ခံနေရပါတယ်။ ပကဖ တပ်ဖွဲ့ဝင်တွေဟာ စစ်ဆင်ရေး တာဝန်ထမ်းဆောင်ရသလို မူလ ရည်ရွယ်ချက်မှာကို လူထု ကူညီရေး ဆိုတဲ့ အချက်ပါဝင်တဲ့ အတိုင်း လူထု ရဲ့ အရေးပေါ်လိုအပ်ချက်ဖြစ်တဲ့ ရေဘေးကူညီ ကယ်ဆယ်ရေးတွေမှာလဲ ပါဝင်လျက်ရှိပါတယ်လို့ဆိုပါတယ်။

 စစ်ဆင်ရေး နယ်မြေအတွင်း ရေဘေးသင့် ပြည်သူတွေကို ပဲခူးတိုင်း ပကဖ ရဲဘော်တွေ နဲ့ လူစာနာ တာဝန်ခံက သွားရောက်ကူညီခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ကန့်ဘလူမြို့နယ် မလည်ရွာတိုက်ပွဲမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းနဲ့ ၁၁ ကြိမ် ဗုံးသီးချ ပစ်ခတ်တိုက်ခိုက်


စက်တင်ဘာလ ၁၉ ရက် 


ကန့်ဘလူမြို့နယ် မလည်ရွာတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာသွားကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ တရက်တည်းမှာ ဂျက်ဖိုက်တာ စင်းနဲ့ ၁၁ ကြိမ် လေကြောင်းပစ်ကူတိုက်ခိုက်ခဲ့တယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။ 

မလည်ရွာမှာရှိတဲ့ စစ်ကောင်စီအထိုင်စခန်းကို ကန့်ဘလူခရိုင် PDF တပ်ရင်းတပ်ဖွဲ့တွေနဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေက စက်တင်ဘာ ၁၇ နဲ့ ၁၈ ရက်နေ့တို့မှာ ၂ရက်ဆက်တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က အထိနာသွားကြောင့် စက်တင်ဘာ ၁၈ ရက်နေ့ တရက်တည်းမှာပဲ စစ်ကောင်စီက ဂျက်ဖိုက်တာ စင်းနဲ့ ကြိမ်လာရောက်ပြီး ၁၁ ကြိမ် လေကြောင်းပစ်ကူ ပေး တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်ကအထိနာပြီး ပျူစောထီးတွေ စစ်မတိုက်ဘဲ ထွက်ပြေးတဲ့အ တွက် တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာက မနက် ၁၁ နာရီ ၁၆ မိနစ်မှာ တကြိမ်၊ ၁၁ နာရီ ၁၇ မိနစ်မှာတကြိမ် ဗုံးသီး လုံးချပြီး ၁၁ နာရီ ၁၈ မိနစ်မှာ စက်လက်နဲ့ တကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

အဲဒီနောက် တံတားဦးကနေ ဒုတိယအကြိမ်တက်လာတဲ့ ဂျက်ဖိုက်တာက မနက် ၁၁ နာရီခွဲအချိန်မှာ ဗုံးသီး၂ လုံး၊ ၁၁ နာရီ ၃၁ မိနစ်နဲ့ ၃၅ မိနစ်မှာ ဗုံးသီးတလုံးစီ ထပ်မံကြဲချပြီး ၁၁ နာရီ ၃၆ မိနစ်မှာ စက်လက်နဲ့ ၂ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဘက်က လေကြောင်းပစ်ကူပေးနေပေမယ့် မလည်ရွာတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေတဲ့အတွက် နေလည် နာရီ ၂၄ မိနစ်မှာ တံတားဦးကနေ တတိယအကြိမ်တက်လာတဲ့ ဂျက်ဖိုက်တာက ဗုံးသီးချပြီး စတုတ္ထအကြိမ် တက်လာတဲ့ ဂျက်ဖိုက်တာက နေ့လည် နာရီ ၃၇ မိနစ်မှာ ဗုံးသီး၂ လုံး၊ နာရီ ၃၈ မိနစ်နဲ့ ၄၂ မိနစ်မှာ ဗုံးသီးတလုံးစီ ထပ်မံကြဲချတိုက်ခိုက်ခဲ့တယ်လို့ မှတ်တမ်းနဲ့တကွ ထပ်မ့အသိပေးထားပါတယ်။

အခုလို လေကြောင်းပစ်ကူပေးနေပေမယ့် တိုက်ပွဲဟာ ဆက်တိုက်ပြင်းထန်နေတာကြောင့် စစ်ကောင်စီဘက်က ဂျက်ဖိုက် တာအပြင် Y12 ဗုံးကြဲ လေယာဥ်တစီးကပါ ဧရာဝတီမြစ်ကြောင်းတလျောက်ပျံသန်း စောင့်ကြည့်နေခဲ့တယ်လို့ သိရပါတယ်။ 

ဒီလို လေကြောင်းပစ်ကူပေးပြီး ကင်းထောက်ပေးနေကြားက တော်လှန်ရေးအင်အားစုတွေဘက်က တပ်ရင်းတပ်ဖွဲ့တွေဟာ ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် မိတ္ထီလာလေတပ်ကနေ ပဥ္စမအကြိမ်တက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ညနေ နာရီခွဲမှာ ဗုံးသီးတလုံးချတိုက်ခိုက်ခဲ့သေးတယ်လို့ ကျွန်းလှ-ကန့်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောပါတယ်။

အဲဒီနောက် ညနေ နာရီ ၅၂ မိနစ်မှာ တံတားဦးကနေ ဆဌမအကြိမ်မြောက်တက်လာတဲ့ ဂျက်ဖိုက်တာက တိုက်ပွဲဖြစ်တာ မရှိဘဲ ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာရှိတဲ့ ရေကြည်ဦးရွာဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ သတင်းရထားပေမယ့် အတိအကျမသိရသေးဘူးလို့ အသိပေးထားပါတယ်။  

မလည်ရွာတိုက်ပွဲမှာ အထိနာနေတဲ့ စစ်ကောင်စီဘက်က လေကြောင်းကနေ ဗုံးကြဲပြီး ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် မလည်ရွာဘုန်းကြီးကျောင်းဆောင်နဲ့ ပြည်သူပိုင်နေအိမ် အချို့လဲ မီးလောင်ပျက်စီးသွားတယ်လို့ သိရပါတယ်။

မလည်ရွာတိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်တာကြောင့် ခရီးသွားပြည်သူတွေလုံခြုံရေးအတွက် ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းကို စက်တင်ဘာ ၁၇ ရက်နေ့မနက်ကတည်းက ယာယီပိတ်ထားပြီး အန္တရာယ်ကင်းစွာသွားလာနိုင်တဲ့ အချိန်မှ ပြန်လည်ဖြတ်သန်းခွင့်ပေးမယ်လို့ တော်လှန်ရေးအင်အားစုတွေက အသိပေးထားပါတယ်။


========================


🚩🚩 ၂။ မှော်ဘီလေတပ်ကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ပြင်ဆင်နေတဲ့ Dark Shadow ရဲဘော် ဦး ဖမ်းဆီးခံရ 


စက်တင်ဘာလ ၁၉ ရက် 


ရန်ကုန်တိုင်း မှော်ဘီမြို့နယ်မှာရှိတဲ့ လေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ Dark Shadow ရဲဘော် ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ အဲဒီအဖွဲ့က အသိပေးထုတ်ပြန်ထားပါတယ်။  

ပြည်သူလူထုနေအိမ်တွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲတိုက်ခိုက်နေတဲ့ မှော်ဘီလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ဖို့ပြင်ဆင်နေတဲ့ စက်တင်ဘာ ၁၅ ရက်နေ့ ညပိုင်းမှာ Dark Shadow အဖွဲ့က တော်လှန်ရေးတပ်သား ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးသွားတာလို့ သိရပါတယ်။

အခုလို တော်လှန်ရေးရဲဘော် ဦး ဖမ်းဆီးခံလိုက်ရတဲ့အတွက် စစ်ဆင်ရေးမလုပ်နိုင်တော့ဘဲ စစ်ဆင်ရေးမှာပါတဲ့ အခြား အရိပ်တပ်သားတွေ လုံခြုံဘေးကင်းစွာနဲ့ ရန်ကုန်ကနေ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီစစ်ဆင်ရေးမှာမပါတဲ့ အခြားသော အရိပ်တပ်သားတွေကတော့ တာဝန်ကျရာနေရာတွေမှာဆက်လက် တာဝန်ထမ်းဆောင် နေတယ်လို့လည်း သိရပါတယ်။ 

မှော်ဘီလေတပ်ကို တိုက်ခိုက်မယ့်စစ်ဆင်ရေး မအောင်မြင်ခဲ့ပေမယ့်လည်း တော်လှန်ရေးပြီးဆုံးတဲ့အထိ စစ်ကောင်စီကို ရရာနေရာကနေ အမြစ်ဖြတ်သည်အထိ ဆက်လက်တော်လှန်သွားမယ်လို့ Dark Shadow အဖွဲ့က ကတိပြုထားပါတယ်။


========================


🚩🚩 ၃။ တနင်္သာရီမှာ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတွေအပါအဝင် ၄ဦးဒဏ်ရာရ


စက်တင်ဘာလ ၁၉ ရက် 


ကရင်အမျိုးသားအစည်းအရုံး-KNU မြိတ်ထားဝယ်ခရိုင် တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်လာပြီး ကျေးရွာအတွင်း ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် အမျိုးသမီးတွေအပါအဝင် ဦး ဒဏ်ရာရခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

တနင်္သာရီမြို့နယ် သကျက်ကျေးရွာအုပ်စုအတွင်းကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်က စက်တင်ဘာ ၁၁ ရက်နေ့မှာ ကျွဲထိန်းကုန်းကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီး ဦးနဲ့ အသက် ၂၁ နှစ်အရွယ် အမျိုးသားတဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

ထို့အတူ စက်တင်ဘာ ၁၂ ရက်ကလည်း စစ်ကောင်စီတပ်က ကွင်းသစ်ကျေးရွာအတွင်းကို ဒရုန်းနဲ့ ဗုံးသီး၂လုံး ထပ်မံကြဲချ တိုက်ခိုက်ခဲ့တာကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

စစ်ကောင်စီတပ်ဟာ လက်ရှိအချိန်မှာ ဒေသတွင်းမှာရှိတဲ့ ကျေးရွာများအတွင်း ဝင်ရောက်လှုပ်ရှားနေပြီး ပြည်သူလူထုကို ကိုပစ်မှတ်ထားကာ လက်နက်ကြီးနဲ့ပစ်ခတ်တာ လေကြောင်းကနေ တိုက်ခိုက်တာတွေ ပြုလုပ်နေတဲ့အတွက်  ဒေသခံ ပြည်သူတွေ ထိတ်လန့်နေပြီး အသက်ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတဲ့အတွက် အခြေခံစားနပ်ရိက္ခာ ဆေးဝါးနဲ့  အမိုးအကာတွေ လိုအပ်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။ 

အာဏာသိမ်းထားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေဟာ အရပ်သားပြည်သူတွေ အဓိကအသုံးပြုနေ တဲ့တနင်္သာရီသကျက်လမ်းပိုင်းက ဘောဒိကာတံတားကနေ သွားလာခွင့်ပိတ်ထားတဲ့အတွက် ရိက္ခာဝယ်ယူဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ နောင်ချိုမြို့ကို အကြမ်းဖက်စစ်ကောင်စီက လေယာဉ်နဲ့ထပ်မံဗုံးကြဲတာကြောင့် နေအိမ်များ ထိခိုက်ပျက်စီး


စက်တင်ဘာလ ၁၉ ရက် 


ရှမ်းပြည်နယ်မြောက်ပိုင်းမှာရှိပြီး တအာင်းတပ်မတော်-TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီ က ဒီနေ့ မနက် နာရီခန့်အချိန်မှာ လေယာဉ်နဲ့  ထပ်မံဗုံးကြဲတိုက်ခိုက်တာကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ Y12 လေယာဉ်ဟာ ဒီနေ့ စက်တင်ဘာ ၁၉ ရက် မနက် နာရီခန့်အချိန်မှာ နောင်ချိုမြို့ပေါ်ပျံဝဲပြီး ဗုံးကြဲချသွားတာလို့ ဆိုပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီရဲ့ ဗုံးကြဲချမှုကြောင့် ဘူတာရပ်ကွက်၊ အကွက် နယ်မြေ တို့မှာပေါက်ကွဲမှုတွေဖြစ်ခဲ့ပြီး  လူထိခိုက်မှုမရှိပေမယ့် အိမ်တွေထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ 

မနက်အစောပိုင်း အိပ်မောကျချိန်မှာ ပေါက်ကွဲသံ ကြိမ်ထက်မနည်းကြားရတာကြောင့် လူထုအနေနဲ့ စိုးရိမ်ထိတ်လန့်ခဲ့ ပြီး ဗုံးဒဏ်ခံနိုင်မယ့် အဆောက်အအုံနဲ့ ဗုံးခိုကျင်းရှိတဲ့နေရာကို ချက်ခြင်းပြောင်းရွှေ့ခဲ့ရတယ်လို့ ဒေသနေပြည်သူတွေက ပြောပါတယ်။ 

နောင်ချိုမြို့နယ်ထဲက တောင်ခမ်းဒေသမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမြောက်တပ်စခန်းတွေထဲကအချို့ကို တအာင်းတပ်မတော်-TNLA က သိမ်းပိုက်ထားပြီး လက်ကျန်စခန်းတွေကို ဆက်လက်တိုက်ခိုက်နေရာမှာ အထိနာနေတဲ့ စစ်တပ်က အရပ်သားပြည်သူတွေရှိရာနေရာတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသေခံတွေ ဝေဖန် ပြောဆိုနေတာတွေလည်းရှိပါတယ်။   

အကြမ်းဖက်စစ်ကောင်စီဟာ ၎င်းတို့ဆုံးရှုံးထားတဲ့နယ်မြေတွေကို ပြန်လည်သိမ်းပိုက်နိုင်ရေးဆိုတဲ့စီမံချက်နဲ့ ရန်နိုင်မင်း စစ်ဆင်ရေးကို အကောင်အထည်ဖော်နေပြီး ရှမ်းပြည်မြောက်ပိုင်းနဲ့ ကရင်နီပြည်ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု တွေ အခုလဆန်းပိုင်းကစပြီး ဆက်တိုက်လုပ်ဆောင်လာတာကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေပါတယ်။


========================


🚩🚩 ၅။ ပုသိမ်မှာ ရဲတပ်ကြပ်ကြီးက ရဲအရာရှိ ဦးကို ဓားနဲ့ထိုးတာကြောင့် ဒုရဲမှူးတဦးသေဆုံး


စက်တင်ဘာလ ၁၉ ရက် 


ဧရာဝတီတိုင်း ပုသိမ်မြို့ ရဲသတင်းတပ်ဖွဲ့ရုံးမှာ ဌာနဆိုင်ရာသတင်းတွေပေါက်ကြားနေတာနဲ့ပတ်သက်လို့ ဖမ်းဆီးစစ်ဆေးခံ နေရတဲ့ ရဲတပ်ကြပ်ကြီးမင်းမင်းက စစ်ဆေးရေးအရာရှိ ဒုရဲမှူးကြီးအောင်နေလင်းအပါအဝင် ရဲအရာရှိ ဦးကို ဓားနဲ့ထိုးခဲ့ရာ ဒုရဲမှူး အောင်ကိုမင်း သေဆုံးပြီး ကျန်ရဲအရာရှိ ဦး ဒဏ်ရာရသွားတယ်လို့ ပုသိမ်အခြေစိုက်တော်လှန်ရေး သတင်းရင်းမြစ် တွေက ပြောပါတယ်။

ပုသိမ်မြို့ အမှတ် ရပ်ကွက်မှာရှိတဲ့ ရဲသတင်းတပ်ဖွဲ့ခွဲရုံးမှာ နေပြည်တော်ကဆင်းလာတဲ့ ဒုရဲမှူးကြီးအောင်နေလင်း၊ ဒုရဲမှူး ဇော်မင်း၊ ဒုရဲမှူး အောင်ကိုမင်းတို့ကို ဖမ်းဆီးစစ်ဆေးခံနေရတဲ့ ပုသိမ်မြို့ ရဲသတင်းတပ်ဖွဲ့ဝင် တပ်ကြပ်ကြီးမင်းမင်းက မနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ဓားနဲ့ထိုးသွားတာ်လို့ သိရပါတယ်။ 

ဒုရဲမှူးအောင်ကိုမင်းဟာ လည်ပင်းကို ဓားနဲ့အထိုးခံရတာကြောင့် သေဆုံးခဲ့ပြီး ဒုရဲမှူးကြီး‌ အောင်နေလင်းက ဗိုက်ပွင့်ထွက် ဒဏ်ရာ ဒုရဲမှူးဇော်မင်းက ဗိုက်ရှပ်ထိ ထိုးသွင်းဒဏ်ရာနဲ့ ပေါင်မှာ ထိုးသွင်းဒဏ်ရာရသွားတဲ့အတွက် ပုသိမ်ဆေးရုံကြီးမှာ ဆေးကုသမှုခံနေရတယ်လို့ ဆိုပါတယ်။ 

တပ်ကြပ်ကြီးမင်းမင်းဟာ ဒုရဲမှူးကြီး သန်းဇော်ထွန်းကိုပါ ဓားနဲ့ထိုးဖို့ကြိုးစားခဲ့ပေမယ့် ဒုရဲမှူးကြီး သန်းဇော်ထွန်းကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့လည်း သိရပါတယ်။ 

အခုလို ရဲအရာရှိ ဦးကို ဓားနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးမင်းမင်းဟာ အခင်းဖြစ်မနက်ပိုင်းက ထွက်ပြေးလွတ်မြောက်ခဲ့ပေ မယ့် ညနေပိုင်းမှာ ဖမ်းဆီးခံလိုက်ရတဲ့အတွက် ဓားထိုးမှုဖြစ်စဉ်အပါအဝင် ဌာနဆိုင်ရာသတင်းတွေပေါက်ကြားမှုအတွက် စစ်ဆေးရေးအဖွဲ့ဥက္ကဋ္ဌ ဒုရဲမှူးကြီး အောင်နေမျိုးက ဆက်လက်စစ်ဆေးနေတယ်လို့လည်း ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

စစ်ဆေးရေးအရာရှိတွေကို ဓားနဲ့ထိုးခဲ့တဲ့ ရဲတပ်ကြပ်ကြီးမင်းမင်းဟာ ပုသိမ်မှာတာဝန်ကျနေတာ ၁၈ နှစ်ခန့်ရှိနေပြီဖြစ်ကာ လောင်းကစား၊ မူးယစ်ဆေး၊ သစ်မှောင်ခို၊ ဆီမှောင်ခိုလုပ်ငန်းရှင်တွေဆီကနေ ငွေညှစ်နေသူဖြစ်ကာ အာဏာသိမ်းပြီး နောက်ပိုင်း တော်လှန်ရေးအင်အားစုဝင်တွေလည်း သူ့ကြောင့်ဖမ်းဆီးခံရတာတွေရှိခဲ့တယ်လို့ ပုသိမ်အခြေစိုက် တော်လှန်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပုသိမ်မြို့က ရဲတပ်ဖွဲ့ဝင်တွေကို ရခိုင်ပြည်နယ်နဲ့စစ်ကိုင်းတိုင်းအတွင်းက ရှေ့တန်းစစ်မြေပြင်တွေကို စေလွှတ်မယ်ဆိုတဲ့ သတင်းပေါက်ကြားမှုနဲ့ ရခိုင်ပြည်နယ်အတွင်းကို စက်သုံးဆီတွေခိုးသွင်းနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေကြောင့် ရဲတပ်ကြပ်ကြီး မင်းမင်းနဲ့ ရဲသတင်းတပ်ဖွဲ့ဝင် တပ်ကြပ်ဇော်ကြီးတို့ကို ဖမ်းဆီးစစ်ဆေးဖို့ လုပ်ဆောင်နေချိန်မှာ ရဲတပ်ကြပ် ဇော်ကြီး ထွက်ပြေးလွတ်မြောက်သွားတာကြောင့် ရဲတပ် ကြပ်ကြီး မင်းမင်း ကို နေပြည်တော်ကဆင်းလာတဲ့ ရဲအရာရှိတွေ က ဖမ်းဆီးစစ်ဆေးနေတာပဲဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment