20th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရေဘေးအတွက် ကူညီလှူဒါန်းမှုတွေကို စနစ်တကျ စီမံပြီး ဦးစားပေး ကဏ္ဍအလိုက် အလေအလွင့်မရှိအောင် စီမံကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား

📌 ၂။ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ ဝင်ထွက်ပြောဆို၊ ကိုယ်စားပြုခွင့်ရနေတာက ပြည်သူလူထုကြောင့်ပဲ ဖြစ်တယ်လို့ ဆို

📌 ၃။ ကုလသမဂ္ဂ အဆောက်အဦမှာ ကုလသမဂ္ဂ သံတမန်များအား လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးအခြေအနေများနှင့် ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေ့နေရသည့် ရေဘေးဆိုင်ရာအခြေအနေများကိုရှင်းလင်းပြောကြား

📌 ၄။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ ဖွဲ့မှ သဘောထား ထုတ်ပြန်ကြေညာချက်

📌 ၅။ CDM ဝန်ထမ်းနှင့် နာမည်တူသူများ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်မရ

📌 ၆။ ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းတစ်ဦးကို ပွတ်ချွန်း (ဆေးလိပ်)အခွံ တွေ့ရှိသည်ဟုဆိုကာ ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့် နင်းပြီး ရိုက်နှက်မှုများ ပြုလုပ်

📌 ၇။ ၂၀၂၅ ခုနှစ် ပထမလတွင် Free Burma Rangersအဖွဲ့မှ မျက်စိ အခမဲ့ကုသခွဲစိတ်ပေးမည်

📌 ၈။ ရန်ကုန်မြို့လယ် လမ်းမထက်တွင် ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ ဟစ်ကြွေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ရန်-မန်း စစ်ဆင်ရေးအဖြစ် မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့

🚩 ၂။ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ၊ စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ဦး ထိခိုက် ဒဏ်ရာရ

🚩 ၃။ သီပေါမြို့နှင့် နောင်ချို့မြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီး

🚩 ၄။ ပျူအင်အားကြီးတဲ့ မဒေါင်းလှပျူရွာကို သိမ်းပိုက်နိုင်ပြီး ပျူစောထီးများ ရွာလုံးကျွတ် ဆုတ်ခွာထွက်ပြေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ရေဘေးအတွက် ကူညီလှူဒါန်းမှုတွေကို စနစ်တကျ စီမံပြီး ဦးစားပေး ကဏ္ဍအလိုက် အလေအလွင့်မရှိအောင် စီမံကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြား


စက်တင်ဘာလ ၁၉ရက်။

Radio NUG

ရေဘေးအတွက် ကူညီလှူဒါန်းမှုတွေကို စနစ်တကျ စီမံပြီး ဦးစားပေး ကဏ္ဍအလိုက် အလေအလွင့်မရှိအောင် စီမံကြဖို့ စက်တင်ဘာ ၁၉ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားပါတယ်။


"ကျွန်တော်တို့ ပြည်သူ့အစိုးရဟာ တော်လှန်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တော်လှန်ဆိုတဲ့ အလုပ် ()ခုကို တပြိုင်ထဲ လုပ်ကိုင်ဆောင်ရွက်ရတာကြောင့် ပိုပြီးတော့ အားစိုက်လုပ်ဆောင်ရတဲ့ အခြေအနေဖြစ်ပါကြောင်း။ အခုဆိုရင် ရေဘေးသင့်ဒေသက ပြည်သူတွေအတွက် ရေကြီးရေလျှံမှုရဲ့ နောက်ဆက်တွဲဖြစ်တဲ့ ပြန်လည်ထူထောင်ရေးတွေ၊ စားနပ် ရိက္ခာထောက်ပံ့မှုတွေ၊ ရေလွှမ်းမိုးခံရတဲ့ စိုက်ခင်းပျက်စီးမှုတွေအတွက် လိုအပ်ချက်တွေ၊ သေဆုံးသွားတဲ့ လူပုဂ္ဂိုလ်၊ ကျွဲ/နွားတွေကတဆင့် ကူးစက်ရောဂါ ပြန့်ပွားမှု ဖြစ်လာတာတွေ၊ ဘေးအန္တရာယ်ကင်းပြီး စိတ်ချရတဲ့ သောက်သုံးရေ ပြန်လည်ရရှိဖို့ လိုအပ်တဲ့ အခြေအနေတွေ စသဖြင့် အများကြီး ဆက်လုပ်ဆောင်ကြရဦးမှာ ဖြစ်ပါကြောင်း။ တော်လှန်ရေးကာလဖြစ်တာကြောင့် ကျွန်တော်တို့အနေနဲ့ အလုံးစုံ ချက်ချင်းစီမံဆောင်ရွက်နိုင်ဖို့ရန် အခက်အခဲရှိမှာ အမှန်ဖြစ်ပါကြောင်း။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ရှိရင်းစွဲ ဘဏ္ဍာရန်ပုံငွေနဲ့ ပြည်သူတွေရဲ့ ထပ်မံထည့်ဝင် ကူညီလှူဒါန်းမှုတွေကို စနစ်တကျ စီမံပြီး ဦးစားပေး ကဏ္ဍအလိုက် အလေအလွင့်မရှိအောင် စီမံကြဖို့လည်း တိုက်တွန်းပြောကြားလိုပါကြောင်း" ဝန်ကြီးချုပ်က ပြောပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ ဝင်ထွက်ပြောဆို၊ ကိုယ်စားပြုခွင့်ရနေတာက ပြည်သူလူထုကြောင့်ပဲ ဖြစ်တယ်လို့ ဆို


စက်တင်ဘာလ ၁၉ရက်။

Radio NUG

နိုင်ငံခြားရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ ဝင်ထွက်ပြောဆို၊ ကိုယ်စားပြုခွင့်ရနေတာက ပြည်သူလူထုကြောင့်ပဲ ဖြစ်တယ်လို့ PVTV နှင့် သီးသန့်တွေ့ဆုံမေးမြန်းချက်မှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ဆိုပါတယ်။


နိုင်ငံခြားရေးနဲ့ပတ်သက်ပြီးတော့ ကျွန်မတို့တွေ အခုချိန်ထိ နိုင်ငံတကာမှာ ဝင်ထွက်ပြောဆို၊ ရသမျှ ချန်နယ်တွေကနေပြီးတော့ ကိုယ်စားပြုခွင့်ရနေတာက ပြည်သူလူထုကြောင့်ပဲလို့ ပြောချင်တယ်။ အဲ့တော့ သံခင်းတမန်ခင်းမှာ diplomacy နည်းနာပေါင်းများစွာတွေ အများကြီး ရှိပါတယ်။ ကျွန်မတို့မှာ.. သူဌေးအစိုးရလည်း မဟုတ်ဘူး၊ သူဌေးနိုင်ငံလည်း မဟုတ်ဘူး..ငွေကြေးကိုသုံးပြီးတော့ သံခင်းတမန်ခင်းကို လုပ်ရအောင်ကလည်း။ နောက် စစ်ရေးအင်အားလည်း ရှိတာမဟုတ်ဘူး။ ဆိုတော့.. ကျွန်မတို့မှာ ဘာရှိလဲဆိုတော့ ကျွန်မတို့ရဲ့ အဓိက strength က နိုင်ငံတကာမှာ လူထုထောက်ခံမှုပဲ။ လို့ ဝန်ကြီးက ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဘက်မလိုက်တက်ကြွတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးလျက်ရှိပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂ အဆောက်အဦမှာ ကုလသမဂ္ဂ သံတမန်များအား လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက လူ့အခွင့်အရေးအခြေအနေများနှင့် ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေ့နေရသည့် ရေဘေးဆိုင်ရာအခြေအနေများကိုရှင်းလင်းပြောကြား


စက်တင်ဘာလ ၁၉ရက်။

Radio NUG

၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက် နံနက်(၁၀)နာရီအချိန်တွင် ကုလသမဂ္ဂ အဆောက်အဦ၌ ကျင်းပပြုလုပ်သည့် သံတမန်ရေးရာ ရှင်းလင်းပွဲသို့ အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး၊ ဦးအောင်မျိုးမင်း တက်ရောက်ပြီး လက်ရှိမြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေများနှင့် ဆိုင်ကလုန်းရာဂီကြောင့် မြန်မာပြည်သူလူထု ကြုံတွေနေရသည့် ရေဘေးဆိုင်ရာအခြေအနေများကို တက်ရောက်လာသော သံတမန်များအား ရှင်းလင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။


ပြည်ထောင်စုဝန်ကြီးက လက်ရှိမြန်မာနိုင်ငံ၏ အခြေအနေများနှင့် စပ်လျဉ်း၍ နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် အထူးလိုအပ်ပါကြောင်း၊ အမျိုးသားညီညွတ်ရေး အစိုးရ အနေဖြင့် တိုင်းရင်းသား အဖွဲ့အစည်းများနှင့် လက်တွဲပြီး ရေဘေးသင့်ပြည်သူများအား ကူညီ ကယ်ဆယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းဆောင်ရွက် လျက်ရှိပါကြောင်း၊ နယ်စပ်ဖြတ်ကျော် အစီအစဥ်မှတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီများ ပေးအပ်စေလိုပါကြောင်း ပြောကြားခဲ့ပါတယ်။


အတိတ်ကာလများတွင် သဘာဝဘေးအန္တရာယ်ကြုံတွေ့ခဲ့တိုင်း နိုင်ငံတကာ၏ လူသားချင်း စာနာမှု အကူအညီများကို အကြမ်းဖက်စစ်အုပ်စုက အမြတ်ထုတ်အလွဲသုံးစား ပြုလုပ်လေ့ ရှိသဖြင့် ၎င်းတို့နှင့်ပူးပေါင်း ဆောင်ရွက်မှုများကို ရှောင်ရှားရန် လိုအပ်ပါကြောင်းလည်း တင်ပြ တောင်းဆိုခဲ့ပါတယ်။


အခမ်းအနားအား Luxembourg သံရုံးက ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး ကုလသမဂ္ဂ သံတမန်များနှင့် ကုလသမဂ္ဂရုံးများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ကုလသမဂ္ဂ အေဂျင်စီများမှ ပုဂ္ဂိုလ်များ တက်ရောက်ခဲ့ကြကာ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် မေးခွန်းများကို အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုင်းရင်းသား ခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြုကောင်စီ ဖွဲ့မှ သဘောထား ထုတ်ပြန်ကြေညာချက်


စက်တင်ဘာလ ၁၉ရက်။ 

Radio NUG

တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများနှင့် ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများမှ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် ကြိုတင်ပြင်ဆင် ညှိနှိုင်းမှုများကို အကြိမ်ကြိမ် ကျင်းပပြုလုပ်ခဲ့ကြပြီး အဆိုပါ ညှိနှိုင်းမှုများမှတဆင့် ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) နှင့် စပ်လျဉ်းပြီး သဘောတူညီချက်များနှင့် ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့ကြောင်း တိုင်းရင်းသားခုခံတော်လှန်ရေး အဖွဲ့အစည်းများ၊ ပြည်နယ်/လူမျိုးကိုယ်စားပြု ကောင်စီများ စုစုပေါင်း ()ဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေး (Bottom-up Federalism) ကို အချုပ်အခြာအာဏာ၏ မူလပိုင်ရှင်များသည် ပြည်နယ်/ဖက်ဒရယ်ယူနစ်များနှင့် ၎င်းပြည်နယ်/ဖက်ဒရယ်ယူနစ်များအတွင်းရှိ  ပြည်သူလူထုများ ဖြစ်ခြင်း၊ ပြည်နယ်/ဖက်ဒရယ်ယူနစ်များသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ကို အခြေခံခြင်း၊


အချုပ်အခြာအာဏာ (Sovereignty) သွေးစည်းညီညွှတ်မှု (Solidarity) လူထုနှင့် အနီးကပ်ဆုံးအာဏာ (Subsidiarity)နှင့် အချိုးကျမှု (Proportionality) အခြေခံမူများအတိုင်း လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်းကို ဆောင်ရွက်မည်ဖြစ်ခြင်း စသည့် အခြေခံမူများနှင့် တည်ဆောက်သွားမယ်လို့ ဖော်ပြထားပါတယ်။


ပြည်နယ်အားကောင်းရေးမှ ပြည်ထောင်စုအားကောင်းရေးကို တော်လှန်ရေးအင်အားစု များအကြား ဆက်လက်ညှိနှိုင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များကိုလည်း ဆွေးနွေး ချမှတ်ခဲ့ပြီး သဘောတူညီချက်နှင့် လုပ်ငန်းစဉ်များကို ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ချင်းအမျိုးသားတပ်ဦး (CNF) ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ပအိုဝ်း အမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) မွန်ပြည်သစ်ပါတီ၊ စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD) မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တအာင်း နိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) (WLB)တို့မှ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု အားကောင်းရေးအတွက် အတူတကွ လက်တွဲအကောင် အထည်ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားပါတယ်။


========================


📌📌 ၅။ CDM ဝန်ထမ်းနှင့် နာမည်တူသူများ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်မရ


စက်တင်ဘာလ ၁၉ရက်။ 

Radio NUG

CDM ဝန်ထမ်းများကို အမည်ပျက် စာရင်းသွင်းပြီး နိုင်ငံကူးလက်မှတ် ထုတ်မပေးရန် အကြမ်းဖက် စစ်ကောင်စီက ပိတ်ပင်ထားရာ CDM ဝန်ထမ်းများနှင့် နာမည်တူသူများပါ နိုင်ငံကူးလက်မှတ် လျှောက်ထားခွင့်မရကြောင်း သိရပါတယ်။


CDM ဝန်ထမ်းများနှင့် နာမည်တူသော နိုင်ငံကူးလက်မှတ် လျှောက်ထားသူများအနေဖြင့် ဝန်ခံချက်နှင့် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လျှောက်ထားရပြီး ရက်ချိန်းပေးသော်လည်း ရက်မချိန်းလိုပါက ငွေပေး၍ လုပ်ဆောင်နိုင်ကာ CDM ဝန်ထမ်းများနှင့် နာမည်တူသော ပတ်စ်ပို့ အမြန်ရရှိရန် အနည်းဆုံး ငွေကျပ် သိန်း ၃၀ ကျော် စျေးပေါက်တယ်လို့ သိရပါတယ်။


စစ်ကောင်စီက နိုင်ငံကူးလက်မှတ် ထုတ်ပေးမှု လုပ်ငန်းစဉ်များကို တင်းကျပ်လျက်ရှိနေပြီး အထူးသဖြင့် CDM ဝန်ထမ်းများ လက်ရှိ တာဝန်ထမ်းဆောင်ဆဲ Non-CDM ဝန်ထမ်းများကို နိုင်ငံကူးလက်မှတ် လျှောက်ထားလာပါက ထုတ်မပေးရန် ပိတ်ပင်ထားပါတယ်။


========================


📌📌 ၆။ ဒိုက်ဦးထောင်တွင် နိုင်ကျဉ်းတစ်ဦးကို ပွတ်ချွန်း (ဆေးလိပ်)အခွံ တွေ့ရှိသည်ဟုဆိုကာ ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့် နင်းပြီး ရိုက်နှက်မှုများ ပြုလုပ်


စက်တင်ဘာလ ၁၉ရက်။ 

Radio NUG

ပဲခူးတိုင်း ဒိုက်ဦးအကျဥ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ ပွတ်ချွန်း အခွံ (ဆေးလိပ် လိပ်ရာတွင် အသုံးပြုသည့် စက္ကူစာရွက်)တွေ့သည်ဟု စွပ်စွဲကာ ထောင်အာဏာပိုင်များက ခန္ဓာကိုယ်အား ရိုက်နှက်ခဲ့ပြီး ဦးခေါင်းနှင့် မျက်နှာကို ဖိနပ်ဖြင့် နင်းကာ ရိုက်နှက်မှုများ ပြုလုပ်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများ ကွန်ရက် (PPNM) မှ သတင်းထုတ်ပြန်ပါတယ်။


ထိုကဲ့သို့ ဥပဒေမဲ့ ရိုက်နှက်ခဲ့သူမှာ အမှတ်() အိပ်ဆောင်၏ အဆောင်မှုး ရဲထွဋ်ဝင်း ( ကိုယ်ပိုင်အမှတ် က-၄၀၉၂ /ထကရမ- )နှင့် ဒုတပ်ကြပ် စောအောင်ကိုလေး တို့ဖြစ်ပြီး ပုဒ်မ ၅၀၅ ဖြင့် ထောင်ဒဏ် သုံးနှစ် မတရားချခံထားရသည့် နိုင်ငံရေးအကျဉ်းသားတစ်ဦးအား ကျူးလွန်ခဲ့ကြတယ်လို့ သိရပါတယ်။


နိုင်ငံရေးအကျဉ်းသားအား ရိုက်နှက်မှုကို အဆောင်မှူး ရဲထွဋ်ဝင်းမှ အဓိက ဦးဆောင်၍ နိုင်ငံရေးအကျဉ်းသား၏ ဦးခေါင်းနှင့် နောက်စေ့များကို စစ်ဖိနပ်ဖြင့် တက်နင်းခြင်း၊မျက်နှာကို စစ်ဖိနပ်ဖြင့် ကန်ကျောက်ခြင်းများအပြင် ရိုက်နှက်မှုကို ပြင်းထန်စွာ ပြုလုပ်ခဲ့သည့်အတွက် နိုင်ငံရေးအကျဉ်းသား၏ ကျောပြင်တွင် ပေါက်ပြဲ ပွန်းရှ ဒဏ်ရာများရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများအား ရိုက်နှက်နှိပ်စက်ခဲ့ကြသည့် အဆောင်() အဆောင်မှူးနှင့် ရိုက်နှက်မှူတွင် ပါဝင်ခဲ့သည့် အကျဉ်းဦးစီးဝန်ထမ်းများအား အကူးအပြောင်းကာလတွင် တရားမျှတမှု ဖော်ဆောင်နိုင်ရေးအတွက် ဖြစ်စဉ်မှတ်တမ်းများနှင့်တကွ စနစ်တကျ သိမ်းဆည်းထားကြောင်း အသိပေးထားပါတယ်။


========================


📌📌 ၇။ ၂၀၂၅ ခုနှစ် ပထမလတွင် Free Burma Rangersအဖွဲ့မှ မျက်စိ အခမဲ့ကုသခွဲစိတ်ပေးမည်


စက်တင်ဘာလ ၁၉ရက်။ 

Radio NUG

လာမည့်နှစ် ၂၀၂၅ ခုနှစ် ပထမလတွင် မျက်စိတိမ်စွဲ၊ မျက်သားတက်နဲ့ အခြား မျက်စိရောဂါများကို Free Burma Rangersအဖွဲ့မှ ဆရာဝန် ကရင်နီပြည်ကို လာပြီး မျက်စိ အခမဲ့ကုသခွဲစိတ်ပေးမည်ဖြစ်ကြောင်း Karenni Free Burma Rangersမှ သတင်းထုတ်ပြန်ပါတယ်။


ကရင်နီပြည်မှာရှိတဲ့ အဆိုပါ ရောဂါဝေဒနာများ ခံစားနေတဲ့ ရဲဘော်၊ ပြည်သူ အားလုံး မြို့နယ်အလိုက် နီးစပ်ရာ Ranger အဖွဲ့တွေထံမှာ စာရင်းကြိုတင် ပေးသွင်းလို့ရကြောင်းနှင့် နေရာနဲ့ အချိန်ကို အနီးကပ်မှ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၈။ ရန်ကုန်မြို့လယ် လမ်းမထက်တွင် ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ ဟစ်ကြွေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှား


စက်တင်ဘာလ ၁၉ရက်။

Radio NUG

စက်တင်ဘာ၁၉ရက်မှာ ရန်ကုန်မြို့လယ် လမ်းမထက်တွင် ရေဘေးမကူတဲ့ စကစ ပြည်သူအားနဲ့ ဆန့်ကျင်ကြ ဟစ်ကြွေးကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


"ရန်ကုန်မြို့လယ် လမ်းမထက်တွင် ရေဘေးကူညီကယ်ဆယ်ရေးများ၌ တာဝန်မဲ့ ပျက်ကွက်နေသည့် စစ်တပ်အား အလိုမရှိကြောင်း၊ စစ်မှုထမ်းဥပဒေဖျက်သိမ်းရေးနဲ့ တစ်ပြည်လုံး အကြပ်အတည်း ဖြေရှင်းရေးအတွက် လူငယ်သပိတ်ကော်မတီ(YSC) ရွှေပြည်သာ သပိတ်ကော်မတီ ( SPTSC)နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု ( AJAY) တို့ ပူးပေါင်းသပိတ်မှောက် ဆန္ဒပြခဲ့ကြပါတယ်" လို့ သိရပါတယ်။


လှုပ်ရှားမှုတွင် မိနစ်ပိုင်းမျှ လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ပြီး လမ်းသွားလမ်းလာပြည်သူများပါ ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ရန်-မန်း စစ်ဆင်ရေးအဖြစ် မန္တလေးနန်းတွင်းအား ရှော့တိုက်ဒုန်းများဖြင့် ပစ်ခတ်ခဲ့


စက်တင်ဘာလ ၁၉ရက်။ 

Radio NUG

ရန်ကုန်နှင့် မန္တလေးမြို့ရှိ မဟာမိတ်အဖွဲ့များပူးပေါင်းလုပ်ဆောင်မည့် ရန်-မန်း စစ်ဆင်ရေးအနေဖြင့် မန္တလေးမြို့ နန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (လပခ)ကို စက်တင်ဘာ ၁၇ရက် ၆နာရီခန့်တွင် ၁၀၇ မမ ရှော့တိုက်ဒုန်း နှစ်လုံးနှင့် ၁၀နာရီခွဲခန့်တွင် ရှော့တိုက်ဒုန်း သုံးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Operation Flame (OF) အဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


ရန်-မန်း စစ်ဆင်ရေးလို့ နာမည်ပေးခြင်းက ရန်ကုန်နဲ့ မန္တလေးမှာရှိတဲ့ မဟာမိတ်များအားလုံးနှင့်အတူ ပူးပေါင်းပြီးတော့ အကြမ်းဖက်စစ်တပ်ကို အရှိန်မြှင့်တိုက်ခိုက် ချေမှုန်းသွားဖို့ ဖြစ်တယ်လို့ သိရပါတယ်။


တိုက်ခိုက်မှုကြောင့် ရန်သူ့စခန်းအတွင်း ထိခိုက်ပေါက်ကွဲမှုများရှိခဲ့ပြီး လူနာတင်ကားအဝင်အထွက်များ ရှိခဲ့ကြောင်းကို မြေပြင်သတင်းများမှ ပြန်လည်သိရှိရပါသည်" လို့ ဖော်ပြထားပါတယ်။


တိုက်ခိုက်မှုအပြီး စစ်ကောင်စီက ပစ်ခတ်မှူများ ပြုလုပ်ခဲ့ပြီး ရပ်ကွက်များအတွင်း စစ်ဆေးမှုများလည်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။


ရန်-မန်းစစ်ဆင်ရေးကို ရန်ကုန်နှင့် မန္တလေးမြို့ရှိ Operation Flame အဖွဲ့တို့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့တွင် စက်တင်ဘာ ရက်ညက မြောက်ဥက္ကလာပရဲစခန်းကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟုလည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ ဆိုင်းတောင်ရွာတွင် တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ၊ စစ်တပ်ရဲ့ လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ဦး ထိခိုက် ဒဏ်ရာရ


စက်တင်ဘာလ ၁၉ရက်။

Radio NUG

စက်တင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ နာရီ ၂၀ မိနစ် နှင့် ၃၀ မိနစ် တို့တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်ရွာရှိ ရပ်ကွက် နှင့် ကျောက်သွေးတောင်ဘက်ကို ဂျက်ဖိုက်တာဖြင့် ကြိမ် လာရောက် ဗုံးကျဲ တိုက်ခိုက်ကာ စစ်တပ် ပစ်ခတ်သော လက်နက်ကြီး ထိမှန်ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသ သတင်းရင်းမြစ်များမှ သိရပါတယ်။


ထို့ပြင် မွန်းလွဲ နာရီ ၁၀ မိနစ်နှင့် ၁၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဆိုင်းတောင်ရွာထဲကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဖားကန့် တပ်မ ကုန်းမှ မွန်းလွဲ နာရီခန့်တွင် ပစ်ခတ်သော လက်နက်ကြီး စပေါ့ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။


ဆိုင်းတောင်ရွာ Lucky Man ဟိုတယ်တွင် ရောက်ရှိနေသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ပိတ်မိနေပြီး ဆိုင်းတောင် အဝင်အထွက် လမ်းကြောင်းတွေကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ပိတ်ဆို့ထားပါတယ်။


========================


🚩🚩 ၃။ သီပေါမြို့နှင့် နောင်ချို့မြို့တို့တွင် စစ်ကောင်စီက လက်နက်ကြီးနှင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်မှုကြောင့် နေအိမ်များ ပျက်စီး


စက်တင်ဘာလ ၁၉ရက်။

Radio NUG

သီပေါမြို့နယ်နှင့် နောင်ချိုမြို့တို့တွင် စစ်ကောင်စီတပ်ဘက်က ပြည်သူလူထုများအားဦးတည်ကာ လေကြောင်းကတဆင့် နေ့စဥ်လာရောက်ဗုံးကြဲနေပြီး လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေကြောင်း တအာင်းတပ်မတော် PSLF/TNLA မှ သတင်းထုတ်ပြန်ပါတယ်။


စက်တင်ဘာလ ၁၉ ရက်နေ့ နေ့လယ် (၁၂:၃၀)အချိန်မှ (၀၁:၅၀)အချိန်ထိ ဂျက်ဖိုက်တာဖြင့် ()ကြိမ် လာရောက်ကာ လူအများအပြား သေကြေပျက်စီးစေနိုင်သည့် ပေါင် (၅၀၀)ဗုံး အပါအဝင် ဗုံး(၁၁)လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး ၎င်းတို့တပ်စခန်းမှတဆင့် လက်နက်ကြီးများဖြင့်ပါ ဆက်တိုက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် သီပေါမြို့နယ် ကွန်ကျုံးကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံပြည်သူလူထုများ၏ နေအိမ်များ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အလားတူ နောင်ချိုမြို့နယ်တွင် စက်တင်ဘာလ ၁၉ ရက်နေ့  နံနက်(:၀၀)ဝန်းကျင်အချိန် စစ်ကောင်စီတပ်က Y-12 လေယာဥ်ဖြင့် ဗုံးအလုံး (၆၀)ကျော် လာရောက်ကြဲချ တိုက်ခိုက်မှုကြောင့် နောင်ချိုမြို့ ဘူတာရုံ၊ ဓမ္မာရုံအနောက်ဘက်၊ ငှက်ပျော်ခြံနှင့် မြို့မဈေးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်နှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ပါတယ်။


စစ်ကောင်စီတပ်သည် တအာင်းတပ်မတော် PSLF/TNLA အုပ်ချုပ်နေသည့် မြို့များ ဖြစ်သည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားပစ်မှတ်များ ဦးတည်ကာ နေ့စဥ်လာရောက် ဗုံးကြဲတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ပျူအင်အားကြီးတဲ့ မဒေါင်းလှပျူရွာကို သိမ်းပိုက်နိုင်ပြီး ပျူစောထီးများ ရွာလုံးကျွတ် ဆုတ်ခွာထွက်ပြေး


စက်တင်ဘာလ ၁၉ရက်။ 

Radio NUG

စက်တင်ဘာလ ၁၇ရက်နေ့ ညနေပိုင်းတွင် စစ်တပ်ပိုင် ဇီးကုန်းသကြားစက်သို့ မဒေါင်းလှကျေးရွာမှ ကျန်ရစ်ခဲ့သော ပျူစောထီးများနှင့် မိသားစုဝင်များပါ တစ်ပါတည်းခေါ်ဆောင်ပြီး ခင်ဦးမြို့နယ်အတွင်းမှ ထွက်ခွာပြေးသွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးမှ သတင်းထုတ်ပြန်ပါတယ်။


ခင်ဦးမြို့နယ် မြောက်ဘက်ခြမ်းရှိ ခင်ဦးမြို့မှ ()မိုင်ခန့်အကွာရှိ သုံးနှစ်ကျော် တပ်စွဲထားသော အိမ်ခြေတစ်ရာကျော်ရှိသည့် မဒေါင်းလှ ပျူစောထီးရွာအား သြဂုတ်လ(၃၁)ရက်နေ့တွင် ရွှေဘိုခရိုင်စစ်ဒေသ၏ ကွပ်ကဲမှူဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ တပ်ရင်းများ၊ ခင်ဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မြို့နယ် ပကဖများနှင့် အခြားခရိုင်နှင့် မြို့နယ်နီးစပ်ရာ မိတ်ဖက်ကာကွယ်ရေးတပ်ဖွဲ့များမှ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတယ်လို့ ဖော်ပြထားပါတယ်။


တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များပြားခဲ့သော မဒေါင်းလှ ပျူစောထီးအဖွဲ့အား စစ်ကောင်စီမှ ဂျက်တိုက်လေယဥ်ဖြင့် ၉စီးနှင့် ထောက်ပို့လေယဥ်တစ်စီးတို့မှ စုစုပေါင်းအကြိမ်ရေ (၂၀)ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် ညပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်များ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။


တိုက်ပွဲအတွင်း နှစ်ဖက်အထိအခိုက်များ ရှိခဲ့ရာ အကြမ်းဖက်စစ်ကောင်စီဘက်မှ အရာရှိ၊ တပ်သားအပါအဝင် (၁၃)ဦး၊ ပျူစောထီးနှင့်ပျူစောမ ပေါင်း ၁၈ဦး သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် ()ဦး ကျဆုံးခဲ့ပါတယ်။


အကျအဆုံးထိခိုက်မှု ပိုများသော စကစတပ်ဟာ မုံရွာ နမခမှ ဒုန်းနှင့် ဒုန်းအဖွဲ့များအား စကစတပ်သားများ အထိုင်ချထားသည့် ကန့်ဘလူ ဇီးကုန်းသကြားစက်သို့ mi17 ရဟတ်ယာဥ်ဖြင့် တိုက်ပွဲနေ့အတွင်း စစ်ကူပို့ဆောင်ခဲ့ပြီးနောက် စက်တင်ဘာလ ()ရက်နေ့တွင် ကန့်ဘလူ ဇီးကုန်းသကြားစက်မှ ဝါသဝ လက်အောက်ခံ ပျူစောထီးအဖွဲ့များနှင့် မုံရွာ နမခမှ ဒုန်းအဖွဲ့များ ပူးပေါင်းအင်အား (၁၇၀)ဝန်းကျင်ဟာ မဒေါင်းလှ ပျူစောထီးရွာသို့ စစ်ကူစစ်ကြောင်းထိုး အလောင်းကောက် ဝင်ရောက်ခဲ့ပြီး စက်တင်ဘာလ () ရက်နေ့မှ စတင်ကာ စက်တင်ဘာလ ( ၁၅) ရက်နေ့ထိ ငကြိုင်း၊ အင်ကြင်းပင်၊ တဲကြီး၊ ဖန်းခါးကုန်း၊ စောကြီး၊ ပေါက်တော၊ ဆီဆုံလေး၊ နှဲတွင်း၊ မဒေါင်းကြီး၊ ရွှေကာ၊ ပေါက်သင့်တုံ၊ ဂျပို့၊ ဆီပုတ္တရာ စတဲ့ ကျေးရွာ (၁၃)ရွာမှ အိမ်ခြေ ၅၀၀ ကျော်အားစစ်ကြောင်းထိုး မီးရှို့ဖျက်စီးခဲ့တယ်လို့ သိရပါတယ်။


ထိုစစ်ကြောင်းသည် စက်တင်ဘာလ ၁၀ရက်နေ့တွင် မဒေါင်းကြီးကျေးရွာမှ G-11 ကျောင်းသားတစ်ဦး အပါအဝင် ပြည်သူ ၃ဦးအား သတ်ဖြတ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စက်တင်ဘာ(၁၈)ရက် မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတွင် ကာကွယ်ရေးတပ်များ ရှင်းလင်းရေးဝင်ရောက်ခဲ့ကြရာ ပြည်သူများထံမှ မတရားခိုးယူထားသော နွားအုပ်၊ သိုးအုပ်များ အပါအဝင် ပစ္စည်းတစ်ချို့ ပြန်လည်ရရှိခဲ့ပြီး အထိုင်ချထားခဲ့သော နေရာများအားရှင်းလင်းရာမှ ရဲဘော်()ဦး မြေမြုပ်နင်းမိုင်းထိမှန်ခဲ့ကာ ဒဏ်ရာရရှိခဲ့ပါတယ်။


စစ်ဘေးတိမ်းရှောင်နေရတဲ့ ပြည်သူများလည်း တဖြည်းဖြည်း ပြန်လည် ဝင်ရောက်နေကြပြီ ဖြစ်ကာ ခင်ဦးမြို့နယ်တွင် စကစ လက်အောက်ခံ ပျူရွာများ ဖြစ်သော ပျဉ်ထောင်ရွာ၊ မကျီးတုံရွာ အပါအဝင် ခင်ဦး မြို့မရဲစခန်း၊ ဆေးရုံ၊ မင်းသိုက်တိုက် စတဲ့ စကစတပ်သား အထိုင်ချစခန်းများ ကျန်ရှိနေသေးကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment