20th SEP 2024 - Evening Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၂၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ သဘာဝဘေးဒဏ်ကို ၄င်းတို့အကျိုးစီးပွားအတွက် မဖြစ်မနေအသုံးချမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတိပေးပြောကြား

📌 ၂။ ရေဘေးသင့်ပြည်သူတွေကို တိုင်းရင်းသားအဖွဲ့အစည်းတွေ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီပေးဖို့ နိုင်ငံတကာကို NUG လူ့အခွင့်အရေးဝန်ကြီး တိုက်တွန်း

📌 ၃။ မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (၂၀၂၄) မှမွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန် ဘုံသဘောတူညီချက်ထုတ်ပြန်

📌 ၄။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကိုကြားကာလ မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့

📌 ၅။ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယင်းမာပင်မြို့နယ် မီးဘေးသင့် အိမ်ထောင်စု ၅၄စု အတွက်ဒန်အိုး၊ဒန်ခွက်၊မီးဖိုချောင်သုံးပစ္စည်းများနှင့်စားသောက်ကုန်များ လှူဒါန်း


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၀ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဖားကန့်က စစ်တပ်တပ်စွဲရာ မှော်ရှန်စေတီကုန်းကို KIA သိမ်းပိုက်

🚩 ၂။ ကချင်ပြည်နယ်မှာ KIA နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော စင်း ပျက်စီး 

🚩 ၃။ မုံရွာကနေ ချောင်းဦးကိုလာတဲ့ စစ်ကူယာဉ်နဲ့ မိုင်းရှင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး   

🚩 ၄။ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ဦးကို မီးရှို့သတ်ဖြတ်ပြီး အိမ် ၄၀ ကျော်မီးရှို့ ဖျက်ဆီး 

🚩 ၅။ ကြို့ပင်ကောက်မြို့က အလယ်ကုန်းရဲစခန်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်မှု ဦးသေဆုံး

🚩 ၆။ ချောင်းဦးနယ် ကံဇီးပျူစောထီးရွာက စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သားနဲ့ပျူစောထီး ၁၀ ဦးခန့်သေဆုံး 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ သဘာဝဘေးဒဏ်ကို ၄င်းတို့အကျိုးစီးပွားအတွက် မဖြစ်မနေအသုံးချမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတိပေးပြောကြား


စက်တင်ဘာ၂၀ရက်


စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ သဘာဝဘေးဒဏ်ကို ၄င်းတို့အကျိုးစီးပွားအတွက် မဖြစ်မနေအသုံးချမယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းသတိပေးပြောကြားလိုက်ပါတယ်။


စက်တင်ဘာ၂၀ရက်"ပြည်သူများ လက်ရှိရင်ဆိုင်နေရသည့် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၏ ပြည်သူလူထုထံသို့ ပန်ကြားချက်"မှာ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"အကြမ်းဖက်စစ်အုပ်စုကတော့တနိုင်ငံလုံးပြည်သူတွေရေဘေးကြုံတွေ့နေချိန်မှာတောင် နောင်ချို၊လားရှိုးနဲ့မြဝတီစတဲ့မြို့နယ်တွေမှာ လေယာဥ်ဗုံးကြဲမှုတွေလုပ်ဆောင်တာတွေ့ရလို့အလွန်ပဲ အံ့သြစိတ်ပျက်မိပါတယ်။ဗုံးကြဒတဲ့အခါမှာလည်း စာသင်ကျောင်းတွေ၊ဓမ္မာရုံတွေ၊လူနေရပ်ကွက်တွေပါမကျန်ဗုံးကြဲနေတာဖြစ်ပါတယ်။တိုင်းပြည်ဝမ်းနည်းပူဆွေးသောကရောက်နေချိန် အလစ်အငိုက်ချောင်းနေတဲ့အကြမ်းဖက်သမားတို့ရဲ့ နိုင်ငံရေးအမြတ်ထုတ်နိုင်မှုကိုလည်းကျနော်တို့ အားလုံး သတိဝိရီယထားဖို့အရေးကြီးလှပါတယ်။၂၀၀၈ ခြေဥလို့ခေါ်တဲ့စစ်အာဏာရှင်ရဲ့အခြေခံဥပဒေဟာ အခုကာလ လိုပဲနာဂစ်ကြောင့်တနိုင်ငံလုံးဝမ်းနည်းနေချိန်ပြဌာန်းလိုက်တဲ့နာဂစ်ဥပဒေ ဖြစ်ပါတယ်။အခုအချိန်ကာလဟာ ပြည်သူလူထုက ဘဝပေါင်းများစွာပေးဆပ်လို့ စစ်အုပ်ကို အောင်ပွဲတွေအလီလီရနေချိန်လည်းဖြစ်ပါတယ်။စစ်ရှုံးနေတဲ့စစ်အုပ်စုဟာ ဒီလိုသဘာဝဘေးဒဏ်ကို ၄င်းတို့အကျိုးစီးပွားအတွက် မဖြစ်မနေအသုံးချပါလိမ့်မယ်"လို့ပြောပါတယ်။


ဒါ့အပြင် စစ်အုပ်စုဟာ ရေကြီးလို့စိတ်ပျက်အားငယ်နေတဲ့ပြည်သူများတော်လှန်ရေးအပေါ်စိတ်ပျက်အောင်သွေးခွဲ သပ်သျိူနည်းကိုလုပ်ဆောင်မည်ဖြစ်ကြောင်း၊ထို့အပြင် ရေဘေးတွင် တော်လှန်ရေးဘက်တော်သားများကိုပုံဖျက်တိုက်ခိုက်သည့်နည်းလမ်းကိုအသုံးပြုကြောင်း၊နိုင်ငံတကာမှအထောက်အပံ့များကိုလည်းစစ်အုပ်စုကပေးသယောင်ဖန်တီးလာနိူင်တယ်လို့ဝန်ကြီးချုပ်ကပြောပါတယ်။


========================


📌📌 ၂။ ရေဘေးသင့်ပြည်သူတွေကို တိုင်းရင်းသားအဖွဲ့အစည်းတွေ မြေပြင်အဖွဲ့တွေနဲ့ ချိတ်ဆက်ကူညီပေးဖို့ နိုင်ငံတကာကို NUG လူ့အခွင့်အရေးဝန်ကြီး တိုက်တွန်း


စက်တင်ဘာ၂၀ရက်

 

ရေဘေးကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာပြည်သူတွေကို လူသားချင်းစာနာမှုဆိုင်ရာအကူအညီပေးရာမှာ တိုင်းရင်းသားအဖွဲ့ အစည်းများ၊ မြေပြင်မှာ အမှန်တကယ်လုပ်နေတဲ့ အဖွဲ့အစည်းများနဲ့ ချိတ်ဆက်လုပ်ဆောင်ဖို့ နိုင်ငံတကာသံတမန်တွေနဲ့ ကုလသမဂ္ဂအေဂျင်စီအရာရှိများကို NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက တိုက်တွန်းပြောဆိုလိုက်ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ ကုလသမဂ္ဂအစည်းအဝေးခန်းမမှာ မနေ့ စက်တင်ဘာ ၁၉ရက် မနက်ပိုင်းကပြုလုပ်တဲ့ သံတမန်ရေးရာရှင်းလင်းပွဲမှာ အမျိုးသားညီညွတ်ရေး NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအခြေအနေနဲ့ သဘာဝဘေးဒဏ်ခံစားနေရမှုအခြေအနေတွေကို ရှင်းလင်းပြောကြားခဲ့ပါတယ်။ 

စစ်တပ်ဟာ ခေတ်အဆက်ဆက် လူသားချင်းစာနာမှုအကူအညီပေးတာတွေကိုပိတ်ဆို့ပြီး အမြတ်ထုတ်၊အလွဲသုံးစားလုပ်ခဲ့ တဲ့ အခြေအနေတွေနဲ့လည်း နှိုင်းယှဥ်တင်ပြခဲ့တယ်လို့ သိရပါတယ်။ 

အခုလက်ရှိမှာလည်း လူသားချင်းစာနာမှုအကူအညီတွေကို ၎င်းတို့စိုးမိုးမှုမရှိတဲ့နယ်မြေတွေဆီမရောက်စေဖို့ တားဆီး ပိတ်ပင်တာတွေ၊ ကူညီသူတွေရဲ့ ဘဏ်ငွေလွှဲစနစ်တွေကို အနှောင့်အယှက်ပြုတာတွေ ရေဘေးကြောင့်တိမ်းရှောင်လာရတဲ့ ပြည်သူတွေကို အိမ်ထောင်စုစာရင်းကောက်ဖို့ အတင်းအကြပ်ပြန်ခိုင်းတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးက အသိပေးပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စစ်တပ်က အရပ်သားပြည်သူတွေအပေါ် လေကြောင်းကနေ တိုက်ခိုက်နေတာကြောင့် နေရပ်စွန်ခွာ ထွက်ပြေး နေရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအပြင် တိုင်ဖွန်း ယာဂီကြောင့် နေအိမ်ဆုံးရူံးခဲ့ရတဲ့ပြည်သူတွေရဲ့အခြေအနေတွေနဲ့ ပတ်သက်လို့ မြေပြင်သတင်းတွေကို ကိုးကားတင်ပြခဲ့တယ်လို့လည်း ဝန်ကြီးက အသိပေးထားပါတယ်။

NUG အနေနဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့လက်တွဲကာ ရေဘေးသင့်ပြည်သူတွေကို ကူညီကယ်ဆယ်ရေးနဲ့ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းတွေကို အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေတယ်လို့လည်း ပြောထားပါတယ်။

လက်ရှိမြန်မာနိုင်ငံအခြေအနေဟာ နိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့ အထူးလိုအပ်နေတာဖြစ်တဲ့အတွက် နယ်စပ် ဖြတ်ကျော်အစီအစဥ်ကတဆင့် လူသားချင်း စာနာထောက်ထားမှုအကူအညီတွေပေးအပ်စေလိုကြောင်းလည်း ဝန်ကြီးက အစည်းအဝေးမှာ တိုက်တွန်းပြောဆိုခဲ့ပါတယ်။

ယာဂီမုန်တိုင်းကြောင့် သေဆုံးပျောက်ဆုံးသူ တထောင်ခန့်ရှိပြီး ရေဘေးသင့်ပြည်သူ သိန်းကျော်ရှိတယ်လို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ KNU KNPP CNF တို့က ပူးတွဲထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (၂၀၂၄) မှမွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန် ဘုံသဘောတူညီချက်ထုတ်ပြန်


စက်တင်ဘာလ ၂၀ရက်


မွန်လူငယ်နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲ (၂၀၂၄) မှမွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန် ဘုံသဘောတူညီချက်ကို ထုတ်ပြန်လိုက်တယ်လို့ စက်တင်ဘာ၂၀ရက်မှာ မွန်ပြည်တော်လှန်ရေးတပ် (MSRF)ကဖော်ပြပါတယ်။


 တော်လှန်ရေးတွင် ပါဝင်လျက်ရှိသောမွန်လူငယ်များသည် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ၂၀၂၄ ခုနစ်၊ စက်တင်ဘာလတွင် လွတ်မြောက်နယ်မြေတစ်နေရာ၌ ကျင်းပခဲ့ရာ နိုင်ငံရေးအစုအဖွဲ့များ၊ ကျောင်းသားများသမဂ္ဂ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် လက်နက်ကိုင်အင်အားစုများ စသည့် အစုအဖွဲ့ (၁၁) ခုမှ လူငယ်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


အဆိုပါတွေ့ဆုံဆွေးနွေးပွဲအတွင်း မွန်ပြည်၏ နိုင်ငံရေး၊ စစ်ရေးနှင့် လူသားချင်းစာနာမှု အခြေအနေများကို ဆွေးနွေးခဲ့ကြပြီး အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် တော်လှန်ရေး အစုအဖွဲ့အသီးသီးအကြား ချိတ်ဆက်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း မြှင့်တင်လာစေရေး အလေးပေး ဆွေးနွေးခဲ့ကြပါတယ်။


အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေး စသည့် တူညီသော ဘုံရည်မှန်းချက်များကို အောင်မြင်ပြည့်မြောက်နိုင်စေရန် အစုအဖွဲ့အသီးသီးမှ မွန်လူငယ်များအနေဖြင့် မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်းအားလုံး ပါဝင်ပြီး မွန်ပြည်နှင့် မွန်ပြည်၏ ပြည်သူလူထုကို ကိုယ်စားပြုနိုင်မည့် မွန်ပြည်အစိုးရတရပ် အမြန်ဆုံး ဖွဲ့စည်းဖော်ဆောင်ရန်၊ မွန်ပြည်အတွင်းမှ လက်နက်ကိုင်တော်လှန်ရေး အင်အားစုများအနေဖြင့် တပ်ပေါင်းစုအသွင် ဟန်ချက်ညီညီ ပိုမိုပူးပေါင်းဆောင်ရွက်သွားရန်၊စစ်အာဏာရှင်စနစ် အသက်ဆက်နိုင်စေရေး ကျင်းပပြုလုပ်မည့် အတုအယောင် ရွေးကောက်ပွဲအား ပြည်သူလူထုအပါအဝင် အစုအဖွဲ့များအားလုံးက ဆန့်ကျင် တော်လှန် တိုက်ဖျက်သွားရန်စတဲ့အချက်များသဘောတူထုတ်ပြန်ခဲ့ပါတယ်။


ပူးပေါင်းထုတ်ပြန်သည့် အင်အားစုများမှာမွန်ပြည်ဖက်ဒရယ်ကောင်စီ - လူငယ်ကိုယ်စားလှယ် (MSFC)၊ရာမညဖက်ဒရယ်အင်အားစုသစ် (NRFF) မော်လမြိုင်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (Mawlamyine University Students’ Union) မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊မွန်ပြည်ကာကွယ်ရေးတပ် (MSDF)၊ရေးပြောက်ကျားတပ် (YGF) မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း (Hurfom)၊အမည်မဖော်လိုသည့်အစုအဖွဲ့ () ဖွဲ့တို့ပါဝင်ပါတယ်။


========================


📌📌 ၄။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကိုကြားကာလ မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့


စက်တင်ဘာ၂၀


စက်တင်ဘာ၂၀ရက် ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့-ကလေးမြို့က အခုလိုအသိပေးဆိုပါတယ်။


လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေး အတွက် ဇာတ်တိုက်လေ့ကျင့်ခြင်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ သက်မွေးပညာကော်မတီ(ကလေးခရိုင်) ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (ကလေးမြို့) နှင့် Mobile Medical Team MMT (West Division) တို့ ပူးပေါင်း၍ ကြားကာလ မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေး အတွက် ဗဟုသုတမျှဝေခြင်းသင်တန်းကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ သက်မွေးပညာကော်မတီ(ကလေးခရိုင်) ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (ကလေးမြို့) နှင့် Mobile Medical Team MMT (West Division) တို့ ပူးပေါင်း၍ ကြားကာလ မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား/သူ (၉၀) ဦး တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၅။ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ယင်းမာပင်မြို့နယ် မီးဘေးသင့် အိမ်ထောင်စု ၅၄စု အတွက်ဒန်အိုး၊ဒန်ခွက်၊မီးဖိုချောင်သုံးပစ္စည်းများနှင့်စားသောက်ကုန်များ လှူဒါန်း


စက်တင်ဘာ၂၀ရက်


အညာပစ်တိုင်းထောင်လေးများအဖွဲ့မှယင်းမာပင်မြို့နယ် မီးဘေးသင့် အိမ်ထောင်စု ၅၄စု အတွက်ဒန်အိုး၊ဒန်ခွက်၊မီးဖိုချောင်သုံးပစ္စည်းများနှင့်စားသောက်ကုန်များ လှူဒါန်းခဲ့ပါတယ်လို့ စက်တင်ဘာ၂၀ရက် အညာပစ်တိုင်းထောင်လေးများအဖွဲ့မှအသိပေးဖော်ပြပါတယ်။


ယင်းမာပင်မြို့နယ်မှာပျူရွာမှ စကစ များ၏ မီးရှို့ခြင်းခံလိုက်ရသောကျေးရွာဖြစ်ပြီး အိမ်ခြေ ၅၄ အိမ်မီးလောင်ဆုံးရှုံးခဲ့ပါတယ်။


အိမ်ထောင်စု ၅၄စုအတွက်တန်ဖိုးအားဖြင့် ကျပ်သိန်း၄၀ ကျော်ကုန်ကျခဲ့ပြီးမြို့နယ်၅မြို့နယ်အတွင်း မီးရှို့ခံကျေးရွာ၅၀မှ အိမ်ခြေ ၂၆၄၂အိမ်အား ဒန်အိုး၊ဒန်ခွက်၊မီးဖိုချောင်သုံပစ္စည်းများနှင့် စားသောက်ကုန်များ ထောက်ပံ့ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ဖားကန့်က စစ်တပ်တပ်စွဲရာ မှော်ရှန်စေတီကုန်းကို KIA သိမ်းပိုက်


စက်တင်ဘာ၂၀ရက်


ကချင်ပြည်နယ် ဖားကန့်မြို့မှာရှိတဲ့ စစ်ကောင်စီရဲ့ မှော်ရှန်စေတီကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပူးပေါင်း တပ်က စက်တင်ဘာ ၁၉ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

အဲဒီတပ်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာထွက်ပြေးသွားတာကြောင့် KIA နဲ့ ပူးပေါင်းတပ်တွေက မနေ့မနက် နာရီခန့်မှာ ရှင်းလင်းသိမ်းပိုက်ပြီး တပ်စွဲနိုင်ခဲ့တာလို့ သတင်းရင်းမြစ်က အသိပေးပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ မှော်ရှန်စေတီကုန်းကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက မွန်းလွဲပိုင်းမှာ ဖားကန့်မြို့နယ်ကို လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေတပ်စွဲထားတဲ့ ဆိုင်တောင်ဒေသမှာလည်း စစ်ကောင်စီနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေ ကြား အပြန်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့လည်း ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

မနေ့နေ့လည် နာရီခွဲခန့်အချိန်မှာ ဆိုင်းတောင်ကျေးရွာတဝိုက်ကို အကြမ်းဖက်စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတာလည်းရှိတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထို့အတူ ဖားကန့်မြို့မှာရှိတဲ့ တပ်မကုန်းကနေပစ်ခတ်တဲ့ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အရပ်သားအချို့ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က လက်လွတ်ဆုံးရှုံးခဲ့ရတဲ့နေရာတွေကို ပြန်လည်တိုက်ခိုက်မယ်လို့ ပြောဆို ပြီးချိန်ကစပြီး မြန်မာနိုင်ငံဒေသအသီးသီးမှာ နေ့စဉ်ရက်ဆက် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာ တာကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုတွေ နေ့စဉ်လိုဖြစ်လာတယ်လို့ စစ်ရေးလေ့လာစောင့်ကြည့်နေသူတွေက ပြောဆိုနေကြပါတယ်။


========================


🚩🚩 ၂။ ကချင်ပြည်နယ်မှာ KIA နဲ့ PDF တွေရဲ့ တိုက်ခိုက်မှုကြောင့် စစ်သင်္ဘော စင်း ပျက်စီး 


စက်တင်ဘာ၂၀ရက်


ကချင်ပြည်နယ်အတွင်းကို စစ်အင်အားနဲ့ လက်နက်ရိက္ခာဖြည့်တင်းဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ စစ်သင်္ဘာတွေကို KIA နဲ့ PDF တပ်တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘော စင်း ပျက်စီးသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

စစ်ရေယာဉ်အုပ်ကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ရက်ပိုင်း က တိုက်ခိုက်ဖျက်ဆီးခဲ့တာကြောင့် မီးလောင်နေတဲ့ ရေယာဉ်အတွေရဲ့ မှတ်တမ်းရုပ်သံတွေလည်း ဒီနေ့ စက်တင်ဘာ ၂ဝ မှာ လူမှုကွန်ရက်မှာ ပျံ့နှံနေပါတယ်။

စက်တင်ဘာ ၁၇ ရက်က ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို ဆန်တက်လာတဲ့ စစ်သင်္ဘော စင်းကို KIA နဲ့ PDF ပူးပေါင်းတပ် တွေ တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော စင်းနစ်မြုပ်ပြီး စင်း မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ပြောပါတယ်။ 

ရွှေကူကနေ ဗန်းမော်ကိုတက်လာတဲ့ စစ်သင်္ဘော စင်းကို စက်တင်ဘာ ၁၇ ရက်မနက်ပိုင်းက တိုက်ခိုက်ခဲ့ရာ ဒုတိယ မြစ်ကျဉ်းအထက်နားမှာ ၂စင်း လက်နက်ကြီးထိမှန် နစ်မြုပ်ခဲ့ပြီး စစ်သင်္ဘော စင်းကလည်းလက်နက်ကြီးကျည်ထိတာ ကြောင့် မြလယ်ရွာအနီးမှာ မီးလောင်ပျက်စီးသွားခဲ့တာကြောင့် စစ်သင်္ဘော စင်းအနက် တစင်းသာ ဗန်းမော်ကိုရောက် တယ်လို့ သိရပါတယ်။ 

အလားတူ ထီးချိုင့်မြို့နယ် မြတောင်မှာလည်း စစ်သင်္ဘော စင်းကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာကြောင့် ဧရာ၀တီမြစ်ကြောင်း အတိုင်းတက်လာတဲ့ စစ်ရေယာဉ်အုပ်က အနည်းဆုံး ရေယာဉ် စင်း ပျက်စီးခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ ဖလက်သံခွန်သင်္ဘောအားလုံးကို ပစ်ခတ်ဖျက်ဆီးနိုင်ခဲ့တာကြောင့် လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေအားလုံး နစ်မြုပ်သွားကာ ရေထဲခုန်ချပြီး ထွက်ပြေးသွားတဲ့စစ်သားတွေရှိသလို မီးလောင် သေဆုံးနေတဲ့ စစ်သားအလောင်းတွေနဲ့ စစ်သားအချို့ကို အရှင်ဖမ်းမိထားတာလည်းရှိတယ်လို့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

စစ်သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့အတွက် စစ်ကောင်စီလေတပ်က မြစ်ကြောင်းတလျောက် လေကြောင်းတိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အပြင် စက်တင်ဘာလ ၁၈ ရက်နေ့ ညနေပိုင်းကလည်း ဗန်းမော်မြို့နယ် မြလယ်ကျေးရွာကို တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ မုံရွာကနေ ချောင်းဦးကိုလာတဲ့ စစ်ကူယာဉ်နဲ့ မိုင်းရှင်းစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး   


စက်တင်ဘာ၂၀ရက်


စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ချောင်းဦးဘက်ကို စစ်ကူထွက်လာတဲ့ အကြမ်းဖက်စစ်ကားနဲ့ မိုင်းရှင်းစစ်ကြောင်းကို  မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁၀ ဦးသေဆုံးသွားတယ်လို့ မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော် တပ်ရင်း --Chindwin Attack Force က ဒီနေ့ စက်တင်ဘာ ၂ဝ မှာ ထုတ်ပြန်ပါတယ်။

မုံရွာကနေ ချောင်းဦးမြို့ဘက် စစ်ကူထွက်လာသော အကြမ်းဖက်စစ်ကားနဲ့ မအူစစ်ဆေးရေးဂိတ်ကနေ မိုင်းရှင်းဖို့ ထွက်လာ တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို မနေ့ စက်တင်ဘာ ၁၉ ရက် မနက် ၁၁ နာရီခွဲခန့်အချိန်မှာ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး အကြမ်းဖက်စစ်သား ၁၀ ဦး ပွဲချင်းပြီးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

အခုလို မိုင်းဆွဲတိုက်ခိုက်ခံလိုက်ရတာကြောင့် အထိနာသွားတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပါတဲ့ စစ်ကူယာဉ်ဟာ မအူစစ်ဆေးရေးဂိတ်ကို မဝင်တော့ဘဲ ချောင်းဦးမြို့ထဲ မောင်းပြေးသွားတယ်လို့လည်း အသိပေးထားပါတယ်။ 

ဒီတိုက်ခိုက်မှုမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘဲ စစ်ဆင်ရေးကို အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တယ် လို့ သိရပါတယ်။ 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ပြည်သူ့ကာကွယ်‌‌ရေးတပ်မတော် တပ်ရင်း --Chindwin Attack Force မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း အထူးကွန်မန်ဒိုတပ်ဖွဲ့-Monywa The Boys မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော်တပ်ရင်း တပ်ခွဲ- 5/ Commando Force Democratic Guerrilla Force (D.G.F) ဘာမထီပြောက်ကျား တပ်ဖွဲ့ နဲ့ ယင်းမာပင်ခရိုင်တပ်ရင်း idols Colum တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပုလောမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်က အရပ်သား ဦးကို မီးရှို့သတ်ဖြတ်ပြီး အိမ် ၄၀ ကျော်မီးရှို့ ဖျက်ဆီး 


စက်တင်ဘာ၂၀ရက်


တနင်္သာရီတိုင်း ပုလောမြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ကအရပ်သား ပြည်သူ ဦးကို မီးရှို့သတ်ဖြတ်သွားတဲ့အပြင် အိမ် အလုံး ၄၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြိတ်ခရိုင် အမှတ် တပ်ရင်းက စက်တင်ဘာ ၂ဝ မှာ ထုတ်ပြန်ပါတယ်။ 

အကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ရက်နေ့ကတည်းက ပုလောမြို့နယ်အတွင်းက ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာရှိတယ်လို့ သိရပါတယ်။  

ပုလောမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီတပ် ခလရ ၂၈၅ တပ်ရင်းက အင်အား ၁၂၀ ကျော်ဟာ စက်တင်ဘာလ ရက်နေ့က လိပ်ဥသောင်ကျေးရွာကို ရောက်လာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင် အမှတ် တပ်ရင်း နဲ့ မဟာမိတ်တပ်တွေက တိုက်ခိုက်ခဲ့ရာကနေ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၁ ရက်နေ့က လယ်ဖက်ရွာနဲ့ ကျောက်သင်္ဘောရွာကိုဝင်ပြီး ဒေသခံ ပြည်သူ ၄၅ ဦးခန့်ကို ဖမ်းဆီးသွားတဲ့အတွက် စက်တင်ဘာ ၁၄ ရက်နေ့မှာ စစ်တပ်စစ်ကြောင်းကို ဖော့ရွာအနီးမှာ တော်လှန် ရေးတပ်တွေက ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။  

အဲဒီနောက် စစ်တပ်စစ်ကြောင်းဟာ စက်တင်ဘာ ၁၅ ရက်နေ့မှာ မိုင်က ပြည်သူပိုင်နေအိမ် လုံးကို အကြောင်းမဲ့ မီးရှို့ ဖျက်ဆီးပြီး ဒေသခံပြည်သူ ၁၀ ဦးကို လူသားဒိုင်းကာအဖြစ် ထပ်မံဖမ်းဆီးသွားခဲ့ပြီး စက်တင်ဘာ ၁၆ ရက်နေ့မှာ မီးလောင် အော်ကျေးရွာနဲ့ ရှပ်ပုံစံပြကျေးရွာကို ဝင်လာတဲ့အတွက် မြိတ်ခရိုင်အမှတ် တပ်ရင်းက လိုက်လံတိုက်ခိုက်ခဲ့တယ်လို့ အသိပေးထာပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့မှာလည်း ပုလောမြို့နယ်ထဲက ရှမ်ပုံကျေးရွာအုပ်စုအတွင်းကိုဝင်လာတဲ့အတွက် ပြည်သူ့ကာကွယ် ရေးတပ်မတော်-ပုလော၊ မြိတ်ခရိုင်အမှတ် တပ်ရင်းနဲ့ တော်လှန်ရေး မဟာမိတ်တပ်တွေ ခုခံတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်မှုတွေ တနေကုန်ဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား အများအပြား ထိခိုက်သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးလည်း မစိုးရိမ်ရတဲ့ ဒဏ်ရာရသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီအကြမ်းဖက်စစ်ကြောင်းဟာ ပြင်းငယ်ကျေးရွာ စာသင်ကျောင်းမှာ တပ်စွဲခဲ့ပြီး ပြင်းငယ်ရွာနဲ့ ရှပ်ပုံစံပြကျေးရွာတို့က အရပ်သားပြည်သူတွေကိုဖမ်းဆီးကာ လူသားဒိုင်းပြုလုပ်ခြင်း၊ နေအိမ်များဖျက်ဆီးခြင်း၊ နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်များကို ခိုးယူခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ထို့ပြင် စက်တင်ဘာ ၁၈ ရက်နေ့ ညပိုင်းမှာ စစ်ကောင်စီတပ်ဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်တွေမရှိတဲ့ မီးလောင်အော်ရွာကို ဝင်ရောက်သွားခဲ့ပြီး နေအိမ် ၃၁ လုံး ရှပ်ပုံစံပြကျေးရွာက နေအိမ် လုံးကို မီးရှို့ဖျက်ဆီးသွားခဲ့ကြတယ်လို့ ထပ်မံ အသိပေး ထားပါတယ်။ 


အကြမ်းဖက်စစ်တပ် ဝင်သွားတဲ့ ရှပ်ပုံစံပြကျေးရွာကို တော်လှန်ရေးတပ်တွေ စက်တင်ဘာ ၁၉ ရက်မနက်ပိုင်းက နယ်မြေ ရှင်းလင်းရာမှာ အကြမ်းဖက်စစ်သားတွေ မီးရှို့သတ်ဖြတ်ခဲ့တဲ့ စိတ်ကျန်းမာရေးအားနည်းသူ ရွာသားတဦးရဲ့ အလောင်းကို တွေ့ရသလို မီးလောင်အော်ရွာမှာလည်း စစ်တပ်က မီးရှို့သတ်ဖြတ်ခဲ့တဲ့ အဖွားအိုတဦးရဲ့အလောင်းကို တွေ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထို့ပြင် ရှပ်ပုံစံပြကျေးရွာနဲ့ မီးလောင်အော်ကျေးရွာတို့မှ အရပ်သားပြည်သူ ၄၀ ဦးထက်မနည်းကို ခလရ၂၈၅ တပ်ထဲ ဖမ်းဆီးခေါ်ဆောင်သွားတဲ့အတွက် ပုလောမြို့နယ်အတွင်းမှာ တိုက်ပွဲများပိုမိုပြင်းထန်လာနိုင်ရာ ပြည်သူလူထုအနေနဲ့ စစ်ရေးသတိ အမြဲရှိဖို့နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ မဟာမိတ်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေကို လေးစား လိုက်နာကြဖို့ မြိတ်ခရိုင် အမှတ် တပ်ရင်းက တိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


🚩🚩 ၅။ ကြို့ပင်ကောက်မြို့က အလယ်ကုန်းရဲစခန်းအနီးမှာ ကင်းပုန်းဝပ်နေတဲ့ စစ်အုပ်စုကိုတိုက်ခိုက်မှု ဦးသေဆုံး


စက်တင်ဘာ၂၀ရက်


ပဲခူးတိုင်း သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းအနီးက တံတားထိပ်မှာ ကင်းပုန်းဝပ်နေတဲ့ ရဲနဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့ရာမှာ စစ်အုပစုဘက်က ဦး သေဆုံးသွားတယ်လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ Black Dragon GBK-PDF က ပြောပါတယ်။

အလယ်ကုန်းရဲစခန်းအနီးက တံတားထိပ်မှာ အင်အား ၂၀ ခန့်ရှိတဲ့ ရဲနဲ့ပျူစောထီအဖွဲ့ကို စက်တင်ဘာ ၁၃ ရက်နေ့ နာရီခန့်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ Black Dragon GBK-PDF က သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါ တယ်။

ဒီတိုက်ခိုက်မှုမှာ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် မိနစ်၂၀ ခန့် တိုက်ပွဲဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ ပစ်ခတ် တဲ့ လက်နက်ကြီးထိမှန်တာကြောင့် ရဲ ၂ဦးနဲ့ ပျူစောထီး ဦး စုစုပေါင်း ဦးသေဆုံးသွားတယ်လို့ အသိပေးထားပါတယ်။

အလားတူ ကုန်းရွာက စစ်တပ်သတင်းပေး သန့်ဇင်အောင် တော်လှန်ရေးတပ်တွေရဲ့သတင်းကိုစုံစမ်းဖို့ ပဲခူးရိုးမအစပ်မှာရှိတဲ့ အေးရွာလေးရွာထိပ်ကို ရောက်ရှိနေကြောင်း သိရတဲ့အတွက် Black Dragon GBK-PDF အဖွဲ့က စက်တင်ဘာ ၁၄ ရက်နေ့ ညနေ နာရီခန့်မှာ သွားရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ 

တော်လှန်ရေးတပ်တွေရဲ့ ဖမ်းဆီးခြင်းကိုခံထားရတဲ့ စစ်တပ်သတင်းပေး သန့်ဇင်အောင်ကို စစ်ဆေးမေးမြန်းပြီး ချုပ်နှောင် ထားပေမယ့် စက်တင်ဘာ ၁၅ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ထွက်ပြေးသွားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရာကနေ သေဆုံးသွားတယ်လို့လည်း ဆက်လက်အသိပေးထားပါတယ်။ 

စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်တွေကို ပြင်းပြင်းထန်ထန်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ၎င်းတို့ အနီး သွားလာနေထိုင်တာတွေ လုံးဝမပြုလုပ်ကြဖို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ Black Dragon GBK-PDF က သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ ချောင်းဦးနယ် ကံဇီးပျူစောထီးရွာက စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သားနဲ့ပျူစောထီး ၁၀ ဦးခန့်သေဆုံး 


စက်တင်ဘာ၂၀ရက်


စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ကံဇီးပျူစောထီးကျေးရွာမှာရှိတဲ့ စစ်စခန်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်သိမ်းပိုက် ရာမှာ စစ်သားနဲ့ ပျူစောထီး ၁၀ ဦးဝန်းကျင်သေဆုံးပြီး ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံ ထားရတယ်လို့ စစ်တပ်ထောက်ခံသူတွေရဲ့ ထုတ်ဖော်ပြောဆိုနေပါတယ်။ 

မနေ့ စက်တင်ဘာ ၁၉ ရက် မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ကံဇီးပျူစောထီးကျေးရွာကို ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲပိုင်းမှာ စစ်တပ်စခန်းအခြေပြုထားတဲ့ တရွာလုံးကို သိမ်းပိုက်ခဲ့တာကြောင့် စစ်သား ရဲနဲ့ပျူစောထီးတွေ သေဆုံးပြီး ကျေးရွာကိုလည်း မီးရှို့ရှင်းလင်းလိုက်တယ်လို့ ဆိုပါတယ်။ 

စစ်တပ်ဘက်တော်သား ပေါက်ကိုယ်တော်က ကံဇီးကတော့ တရွာလုံးကို မီးတွေရှို့သွားတယ်။ ညနေပိုင်းမှာ လူ ၆၀ ဦး လောက် ဖမ်းဆီးခံလိုက်ရတယ်။ အဲဒီအထဲမှာ ၁၀ ဦးက ပြည်သူ့စစ်တွေ။ အဖမ်းခံရတဲ့အထဲမှာ ရဲတွေလည်းပါတယ်။ ရဲတွေလည်းသေတယ်။ စစ်သားတွေလည်း သေတယ်။ ပြည်သူ့စစ်တွေလည်းသေတယ်။ သေတဲ့ထဲမှာ နမခတိုင်းက အကောင်ကြီးကြီးရဲ့ မိသားစုပါရင် ဘယ်လောက်ကောင်းမလဲလို့ ကိုယ်ချင်းစာတတ်အောင်လို့ဆိုပြီး စစ်တပ်ထောက်ခံတဲ့ တယ်လီဂရမ်ချန်နယ်တွေကနေတဆင့် ထုတ်ဖော်ပြောဆိုထားပါတယ်။  

ကံဇီးပျူစောထီးရွာစစ်စခန်းကို သိမ်းပိုက်ရခဲ့တယ်ဆိုတာ ဒေသခံတော်လှန်ရေးသတင်းရင်းမြစ်တွေက အတည်ပြုပေမယ့် လက်ရှိအခြေအနေဟာ စစ်ရေးတင်းမာနေချိန်ဖြစ်တာကြောင့် အသေးစိတ်ကိုတော့ လတ်တလောမှာမထုတ်ပြန်နိုင်သေး ပါဘူး။ 

ချောင်းဦးမြို့နယ်မှာ ကင်းမွန်တော်၊ ကံဇီး၊ ကံကြီးကုန်း စတဲ့ရွာတွေဟာ ပျူစောထီးအားကောင်းတဲ့ရွာတွေဖြစ်ပြီး  အင်အား အကြီးဆုံးဖြစ်တဲ့ ကံကြီးကုန်းပျူစောထီးစစ်စခန်းကို တော်လှန်ရေးတပ်တွေက ဩဂုတ်လ ၂၉ ရက်နေ့မှာ တိုက်ခိုက်သိမ်း ပိုက်ထားပြီးဖြစ်တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment