27th SEP 2024 - Evening Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၂၇ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နွေဦးတော်လှန်ရေးအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ  ကန့်သတ်ချက်တွေရှိနေတဲ့ကြားကရုန်းထခဲ့ကြတာကိုတွေ့ရတယ်လို့ ယာယီသမ္မတပြော

📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာအကြမ်းဖက်စစ်အုပ်စုအပြီးတိုင်ကျဆုံးသည်အထိ  တော်လှန်ရေးအင်အားစုအသီးသီးအပါအဝင် ပြည်သူ လူထုတရပ်လုံးနဲ့ ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်ကြဦးမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူ့အခွင့်အရေးအပြည့်အဝရရှိပြီးတော့ ခွင့်တူညီမျှ ရှိတဲ့ပြည်ထောင်စုဖော်ဆောင်ရေးအတွက်အမြဲ မပြတ်  ဦးတည်ဆောင်ရွက်ခဲ့တယ်လို့ဆို

📌 ၄။ ပါတီဝင် တယောက်ရဲ့ကတိသစ္စာတရားနဲ့ လုပ်ငန်းတာဝန်များကို ရှေ့ဆက်လုပ်ဆောင်နေတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၃၆နှစ်ပြည့်မှာ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်အမှတ်တရပြောကြား

📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမည်

📌 ၆။ စစ်ကောင်စီမှကျင်းပမည့်  အတုအယောင်ရွေးကောက်ပွဲအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFCs Anti-Sham Election Committee)က သဘောထားထုတ်ပြန်ကြေညာ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ဖိတ်ခေါ်ပြီး နာရီပိုင်းအကြာမှာ လားရှိုးမြို့ကို စစ်တပ်က ထပ်မံဗုံးကြဲ 

🚩 ၂။ သီပေါအခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို TNLA သိမ်းပိုက် 

🚩 ၃။ စစ်ကောင်စီဘက်က နိုင်ငံရေးအရဆွေးနွေးဖို့ ဖိတ်ခေါ်တာကို အယုံအကြည်မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေ တုံ့ပြန်

🚩 ၄။ ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ဦးထိရှိလာ

🚩 ၅။ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်

🚩 ၆။ GZP အတွက် ကျည်ကာဦးထုပ်၊ကျည်ကာပြား၊အီကွေ့မန့် တို့ပါဝင်ကူညီအားဖြည့်ပေးကြတဲ့ ပြည်သူတစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိတယ်လို့အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ နွေဦးတော်လှန်ရေးအတွင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ  ကန့်သတ်ချက်တွေရှိနေတဲ့ကြားကရုန်းထခဲ့ကြတာကိုတွေ့ရတယ်လို့ ယာယီသမ္မတပြော


စက်တင်ဘာ၂၇ရက်


စက်တင်ဘာ၂၇ရက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၆)နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ယာယီသမ္မတကအခုလိုပြောကြားခဲ့ပါတယ်။


"အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း နိုင်ငံရေးလောကဒဏ်အမျိုးမျိုးနဲ့မိုးသက်မုန်တိုင်းအများအပြားကိုဖြတ်သန်းခဲ့တဲ့ပါတီတခုဖြစ်ပါတယ်။ဒါကြောင့်လည်းသမိုင်းမှာရင့်ကျက်သောနိုင်ငံရေးအတွေးအခေါ် အကျင့်တွေကိုကောင်းစွာတည်ဆောက်နိုင်ခဲ့တယ်လို့ယုံကြည်ပါတယ်။နွေဦးတော်လှန်ရေးအတွင်းမှာလည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ သူတကာနဲ့မတူတဲ့နိုင်ငံရေးလောကဓံတွေကိုထပ်မံ ဖြတ်သန်းခဲ့ကြရပါတယ်။အခြေအနေအကြောင်း အမျိုးမျိုးကဘယ်လိုပဲ ကန့်သတ်ချက်တွေရှိနေသည်ဖြစ်စေ အဖွဲ့ချုပ်နဲ့ခေါင်းဆောင်တွေ၊ပါတီဝင်တွေဟာ တတ်နိုင်တဲ့ဘက်ကနေရုန်းထခဲ့ကြတာကိုတွေ့ရပါတယ်"လို့ဆိုပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံခေါင်းဆောင်များကိုစစ်တပ်ကဖမ်းဆီးထားခြင်းဟာ လူထုသဘောထားနဲ့ဆန္ဒကို စော်ကားတာဖြစ်တယ်လို့ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာအကြမ်းဖက်စစ်အုပ်စုအပြီးတိုင်ကျဆုံးသည်အထိ  တော်လှန်ရေးအင်အားစုအသီးသီးအပါအဝင် ပြည်သူ လူထုတရပ်လုံးနဲ့ ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်ကြဦးမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စက်တင်ဘာ၂၇ရက်


စက်တင်ဘာ၂၇ရက်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၆)နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုဆိုလိုက်ပါတယ်။


"ပြည်သူတွေရဲ့ယုံကြည်မှုတွေနဲ့အညီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့လည်းအတတ်နိုင်ဆုံး ပိုမိုကြိုးစားရပါဦးမယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီအနေနဲ့ခေတ်အဆက်ဆက် ခိုင်မာတဲ့ယုံကြည်ချက်တွေနဲ့စစ်အာဏာရှင်အဆက်ဆက်ကိုတိုက်ပွဲဝင်ခဲ့တဲ့အတိုင်းအခုနွေဦးတော်လှန်ရေးမှာလည်းအကြမ်းဖက်စစ်အုပ်စုအပြီးတိုင်ကျဆုံးသည်အထိ အသွင်ကူးပြောင်းရေးကာလကိုရောက်ရှိပြီးတရားမျှတမှုကို ရှာဖွေနိုင်တဲ့အထိ တော်လှန်ရေးအင်အားစုအသီးသီးအပါအဝင်ပြည်သူ လူထုတရပ်လုံးနဲ့ဆက်လက်ကြိုးပမ်းတိုက်ပွဲဝင်ကြဦးမယ်ဆိုတာကို အပြည့်အဝယုံကြည်ပါတယ်"လို့ဝန်ကြီးချုပ်ကပြောပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရုံးခန်းများကိုအကြမ်းဖက်စစ်အုပ်စုဟာ ဖျက်ဆီးခဲ့ကြပြီး ပါတီဝင်များကိုလည်း ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းတို့ကျူးလွန်လုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူ့အခွင့်အရေးအပြည့်အဝရရှိပြီးတော့ ခွင့်တူညီမျှ ရှိတဲ့ပြည်ထောင်စုဖော်ဆောင်ရေးအတွက်အမြဲ မပြတ်  ဦးတည်ဆောင်ရွက်ခဲ့တယ်လို့ဆို


စက်တင်ဘာ၂၇ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဟာ လူ့အခွင့်အရေးအပြည့်အဝရရှိပြီးတော့ ခွင့်တူညီမျှ ရှိတဲ့ပြည်ထောင်စုဖော်ဆောင်ရေးအတွက်အမြဲ မပြတ်  ဦးတည်ဆောင်ရွက်ခဲ့တယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဠဦးအောင်ကြည်ညွန့်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၆)နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားမှာ ဆိုပါတယ်။


"တပါတီအာဏာရှင်စနစ်အပါအဝင်ဘယ်လိုအာဏာရှင်စနစ်မျိုးမှ ကျနော်တို့နိုင်ငံမှာပေါ်ထွန်းမလာစေရေး အခြေခံခဲ့တာဖြစ်ပါတယ်။တမျိုးပြောရင်လာခြင်းကောင်းသောပါတီတရပ်ဖြစ်ပါတယ်။ဒါ့အပြင်လူ့အခွင့်အရေးအပြည့်အဝရရှိပြီးတော့ ခွင့်တူညီမျှ ရှိတဲ့ပြည်ထောင်စုဖော်ဆောင်ရေးအတွက်အမြဲ မပြတ်  ဦးတည်ဆောင်ရွက်နေတာဖြစ်တဲ့အတွက်ကြောင့် လားခြင်းကောင်းသောပါတီတရအ်လည်းဖြစ်ပါတယ်။ဒါ့ကြောင့်လည်း တိုင်းရင်းသားပြည်သူအများစုရဲ့ထောက်ခံမှုတွေကို ရွေးကောက်ပွဲတိုင်းမှာ သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်"လို့ဆိုပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း (၃၆)နှစ်မြောက်နေ့ အထိမ်းအမှတ်အခမ်းအနားသို့ ယာယီသမ္မတနဲ့ဝန်ကြီးချုပ်အပါအဝင်အစိုးရအဖွဲ့ဝင်များ၊ဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပါတီဝင် တယောက်ရဲ့ကတိသစ္စာတရားနဲ့ လုပ်ငန်းတာဝန်များကို ရှေ့ဆက်လုပ်ဆောင်နေတယ်လို့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၃၆နှစ်ပြည့်မှာ ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်အမှတ်တရပြောကြား


စက်တင်ဘာ၂၇ရက်


စက်တင်ဘာ၂၇ရက်တွင်  ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုရှယ်မီဒီယာမှတစ်ဆင့် အခုလိုပြောကြားထားပါတယ်။


"(၃၆) နှစ်ပြည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် 

နိုင်ငံရေး လောကဓံကြားမှာ ပြည်သူနဲ့အတူ ဖြတ်သန်းခဲ့ တဲ့ သက္ကရာဇ် များ  ပါတီဝင်တယောက်အနေနဲ့ မိမိတည်းဟူသောအကြောင်းကြောင့် မိမိ ချစ်ခင်မြတ်နိုးယုံကြည်တဲ့ မိခင်ပါတီ ဂုဏ်သိက္ခာ မကျစေရ   ဒါက ပါတီ နဲ့ ခေါင်းဆောင်များအတွက် ကိုယ့် သစ္စာ { ပါတီမွေးနေ့ မှာ ဒီ သစ္စာတရား ကို လက်ဆောင်ပါးလိုက်ပါရစေ} ကိုယ်စားလှယ် အဖြစ်အရွေး ခံ ဖို့ စည်းရုံးရေး ဆင်းတော့ မဲဆန္ဒရှင် ပြည်သူ ကိုပေးခဲ့ တဲ့ ကတိစကားက  မိမိ ကိုရွေးချယ် မဲပေးခဲ့တဲ့ အတွက် မဲပေးရတာ မှားလေခြင်းလို့ မဲဆန္ဒရှင်တွေ နောင်တမရစေရ ဂုဏ်မငယ်စေရ ဘူး ဆိုတဲ့ ကတိစကား  ယနေ့အချိန် အထိ -ဒီသစ္စာ ဒီကတိ နဲ့ ရှေ့ဆက်နေလျက်"လို့ ပြောပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၃၆နှစ်ပြည့်အခမ်းအနားကို စက်တင်ဘာ၂၇ရက်မှာ တရားဝင်အခမ်းအနားဖြင့်ကျင်းပခဲ့ပါတယ်။


========================


📌📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမည်


စက်တင်ဘာ၂၇ရက်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမည်ဖြစ်ကြောင်း စက်တင်ဘာ၂၇ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက တရားဝင်ထုတ်ပြန်ပါတယ်။


၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကြေညာစာတမ်းပါ စစ်မှန်သောဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတစ်ရပ်ဖြစ်ထွန်းစေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ ယခုအခါ အခြားအင်အားစုများသည်လည်း အသွင်ကူးပြောင်းရေး ကာလ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းများ ပြင်ဆင်ထားကြောင်း သိရှိရသကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မျှော်မှန်းရေးဆွဲထားသော အသွင်ကူးပြောင်းရေးကာလ ပြည်ထောင်စုဖွဲ့စည်းပုံအခြေခံဥပဒေ(တတိယမူကြမ်း)ကို မကြာမီအချိန်တွင် ရည်မှန်းချက်တူ မိတ်ဖက်အင်အားစုများ၏ အမြင်သဘောထားများကိုစုစည်း၍ ညှိနှိုင်းပေါင်းစပ် သွားမှာဖြစ်တယ်လို့ဖော်ပြပါရှိပါတယ်။


စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စုတစ်ရပ်ထူထောင်နိုင်ရန် လက်ရှိကြားကာလတွင်       တိုင်းဒေသကြီးများ သို့မဟုတ် ဖက်ဒရယ်ယူနစ်များ၌ နိုင်ငံရေးတန်းတူရည်တူရှိမှု အခြေခံဖြင့် ကိုယ်စားပြုမှုရှိသော ဒေသခံနိုင်ငံရေးအင်အားစုများနှင့် အတူလက်တွဲ၍ ကြားကာလ အစီအမံများကို ရေးဆွဲအကောင်အထည်ဖေါ်နိုင်ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြိုးပမ်းဆောင်ရွက် လျက်ရှိတယ်လို့လည်းဖော်ပြပါတယ်။


========================


📌📌 ၆။ စစ်ကောင်စီမှကျင်းပမည့်  အတုအယောင်ရွေးကောက်ပွဲအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFCs Anti-Sham Election Committee)က သဘောထားထုတ်ပြန်ကြေညာ


စက်တင်ဘာလ ၂၇ရက်


စစ်ကောင်စီမှကျင်းပမည့်  အတုအယောင်ရွေးကောက်ပွဲအပေါ် မွန်ပြည်ဖက်ဒရယ်ကောင်စီအတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီ (MSFCs Anti-Sham Election Committee)က သဘောထားထုတ်ပြန်ချက်ကို စက်တင်ဘာ၂၇ရက်မှာ မွန်ပြည်ဖက်ဒရယ်ကောင်စီအတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မတီက ဖော်ပြပါတယ်။


စစ်ကောင်စီမှကျင်းပမည့်အတုအယောင်ရွေးကောက်ပွဲကိုပြတ်ပြတ်သားသားဆန့်ကျင်တိုက်ဖျက်သွားရန်မွန်ပြည်ဖက်ဒရယ်ကောင်စီမှအတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မီတီ (MSFCs  Anti-Sham Election Committee) တရပ်ကို စက်တင်ဘာ ၁၇ ရက် တွင် အဖွဲ့ဝင် () ဦး ဖြင့်ဖွဲ့စည်းခဲ့ပါတယ်။


ကော်မီတီ၏သဘောထားရပ်တည်ချက်ထုတ်ပြန်ရာတွင်"စစ်ကောင်စီသည် ပြည်သူလူထုတရပ်လုံး၏ ဆန့်ကျင်မှုကိုခံနေရပြီး စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး အစရှိသဖြင့် အဘက်ဘက်တွင် ကျရှုံးလျက်ရှိသည်။ ထိုသို့ကျရှုံးမှုများကို တုံ့ပြန်နိုင်ရန် စစ်ကောင်စီသည် ၎င်း၏ နိုင်ငံရေးထွက်ပေါက်တခုအနေဖြင့် ရွေးကောက်ပွဲအားကျင်းပရန် ပြင်ဆင်လာခဲ့တယ်"လို့ဖော်ပြပါတယ်။


စစ်ကောင်စီပြုလုပ်မည့်ရွေးကောက်ပွဲသည် အတုအယောင်မျှသာဖြစ်ပြီး ၄င်းတို့၏ လူမဆန်သော စစ်ရာဇဝတ်မှုများကို ဖျောက်ဖျက်ကာ နိုင်ငံရေးထွက်ပေါက်တခုအဖြစ် အသုံးချပြီး နိုင်ငံရေးတွင် ဆက်လက်နေရာရရှိရေးအတွက် စစ်ကောင်စီမှ အားထုတ်ခြင်းမျှသာဖြစ်သည်ဟု မိမိတို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ-MSFC အတုအယောင်ရွေးကောက်ပွဲဆန့်ကျင်တိုက်ဖျက်ရေးကော်မီတီမှ ယုံကြည်တယ်လို့ဖော်ပြပါတယ်။


သို့ဖြစ်၍စစ်ကောင်စီမှကျင်းပမည့် အတုအယောင်ရွေးကောက်ပွဲအား မိမိတို့အနေဖြင့် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တိုက်ဖျက်သွားမည်ဖြစ်ပြီး စစ်ကောင်စီ၏ အတုအယောင်ရွေးကောက်ပွဲတွင် ဝင်ရောက်ပါဝင်ယှဥ်ပြိုင်မည့် နိုင်ငံရေးပါတီများအား စစ်ကောင်စီ၏ အပေါင်းအပါများအဖြစ် သတ်မှတ်သွားမယ်လို့ဖော်ပြပါရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်လို့ဖိတ်ခေါ်ပြီး နာရီပိုင်းအကြာမှာ လားရှိုးမြို့ကို စစ်တပ်က ထပ်မံဗုံးကြဲ 


စက်တင်ဘာ၂၇ရက်

 

နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ဖြေရှင်းဖို့ တော်လှန်ရေးအဖွဲ့တွေကို ဖိတ်ခေါ်ပြီး နာရီပိုင်းအကြာမှာပဲ အကြမ်းဖက် စစ်ကောင်စီက လာရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ပေါ်က လူနေရပ်ကွက်နဲ့ မြို့မစျေးကြီးကို အကြမ်းဖက်စစ်ကောင်စီက ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက်အစောပိုင်းမှာ လေယာဉ်တွေနဲ့ ဗုံး ကြိမ်ကြဲချခဲ့တယ်လို့ သိရပါတယ်။ 

လူအများအိပ်မောကျနေတဲ့ မနက် နာရီကျော်အချိန်မှာ ဂျက်လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသားတဦးနဲ့ အမျိုးသမီးတဦး စုစုပေါင်း ဦးသေဆုံးပြီး ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် ဦးထက်မနည်း ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။ 

ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက် နာရီကျော်ကနေ နာရီမထိုးခင်အချိန်အတွင်း အကြမ်းဖက်စစ်ကောင်စီက လားရှိုးမြို့ ရပ်ကွက် နယ်မြေ ကျောက်တောင်လမ်းနဲ့ လားရှိုးမြို့မစျေးကြီးကို လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရတဲ့အပြင် လားရှိုးမြို့မစျေးက စျေးရုံ မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

မနေ့စက်တင်ဘာ ၂၆ ရက်နေ့ နာရီအချိန်မှာ အကြမ်းဖက်စစ်ကောင်စီက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ အဖြေ ရှာဖို့ တိုင်းရင်းသားလက်နက်ကိုင်များနဲ့ PDF များကို ဖိတ်ခေါ်ပါတယ်လို့ကြေညာချက်ထုတ်ပြန်ပြီး နာရီပိုင်းအကြာ ဒီနေ့ စက်တင်ဘာ ၂၇ ရက် မနက် နာရီ ခွဲဝန်းကျင်မှာ ကိုးကန့်တပ်မတော် MNDAA က သိမ်းပိုက်ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩 ၂။ သီပေါအခြေစိုက် စစ်ကောင်စီတပ်ရင်းတခုကို TNLA သိမ်းပိုက် 


စက်တင်ဘာ၂၇ရက်


တအာင်းတပ်မတော်-TNLA က ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ သီပေါမြို့က စစ်ကောင်စီတပ်ရင်း ခုအနက် အမှတ် ၅၀၃ ခြေမြန်တပ်ရင်း ခမရ-၅၀၃ ကို သိမ်းပိုက်ရရှိထားပြီလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

သီပေါမြို့အခြေစိုက် ခမရ-၅၀၃ တပ်ရင်းကို TNLA က စက်တင်ဘာ ၂၆ ရက်မှာ သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပြီး ကျန်နေတဲ့ ခမရ-၅၀၄ နဲ့ ခလရ ၂၃ တို့မှာ တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲလို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေရာကို အကြမ်းဖက်စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်နေရာမှာ ဒီနေ့ စက်တင်ဘာ ၂၇ မနက်ပိုင်းမှာ လည်း စစ်တပ်က Y12 လေယာဉ်တွေအသုံးပြုကာ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ရှေ့တန်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ရွှေင်္ဖမြေသတင်းဌာနက ဖော်ပြထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်လို့ CDM ဗိုလ်ကြီးဇင်ယော်က ခမရ-၅၀၃ နဲ့ ၅ဝ၄ တပ်ရင်းဌာနချုပ်တွေကတော့ ပလုံသွားပါပြီ။ စစ်သဘောအရ အဆုတ်အတက်ရှိနေတာမို့ TNLA ဘက်က မထုတ်ပြန်သေးတာဖြစ်ပါလိမ့်မယ်လို့ စက်တင်ဘာ ၂၆ ညပိုင်း ကတည်းက အသိပေးဖော်ပြထားပါတယ်။ 

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်အချို့ကလည်း သီပေါတိုက်ပွဲအခြေအနေကို ဒီနေ့မနက်ဖော်ပြရာမှာ ခမရ-၅၀၃ နဲ့ ၅၀၄ တပ်တွေ ရန်သူ့လက်ကျသွားပြီဖြစ်ကာ ခလရ-၂၃ သာ ကျန်တော့တယ်လို့ ဆိုပါတယ်။

အဆိုပါစခန်းသိမ်းပိုက်နိုင်မှုနဲ့ လက်ရှိစစ်ရေးအခြေအနေကို TNLA သတင်းပြန်ကြားရေးဌာနဘက်ကတော့ ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်အထိ အသိပေးထုတ်ပြန်တာမရှိသေးပါဘူး။

လက်ရှိမှာ နောင်ချို့မြို့နယ် တောင်ခမ်းကျေးရွာမှာလည်း စစ်ကောင်စီနဲ့ TNLA တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေ တယ်လို့ သိရပါတယ်။

တအာင်းတပ်မတော် TNLA ဟာ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ မြို့ မြို့ကို သိမ်းပိုက်ထားပြီး ဇွန်လ ၂၅ ရက်က စတင်တဲ့ စစ်ဆင်ရေးဒုတိယပိုင်းမှာ နောင်ချို၊ ကျောက်မဲ၊ မိုးကုတ်၊ မိုးမိတ်၊ သီပေါမြို့တွေကို သိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီဘက်က နိုင်ငံရေးအရဆွေးနွေးဖို့ ဖိတ်ခေါ်တာကို အယုံအကြည်မရှိဘူးလို့ တော်လှန်ရေးအင်အားစုတွေ တုံ့ပြန်


စက်တင်ဘာ၂၇ရက်


နိုင်ငံတဝန်းစစ်ရှုံးနေပြီး ပြည်သူလူထုနေထိုင်ရာနေရာတွေကို ဗုံးပတ်ကြဲနေတဲ့ စစ်ကောင်စီရဲ့ နိုင်ငံရေးအရဆွေးနွေးဖို့ ဖိတ်ခေါ်တာကို အယုံအကြည်မရှိဘူးလို့ အင်အားကြီးလက်နက်ကိုင်အဖွဲ့ အချို့နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက တုံ့ပြန် ပြောဆိုလိုက်ပါတယ်။ 

မနေ့ စက်တင်ဘာ ၂၆ ရက်ညပိုင်းမှာ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းလိုတဲ့အကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်- PDF တွေကို ဖိတ်ခေါ်ထားတဲ့ကြေညာချက်နဲ့ပတ်သက်လို့ တုံ့ပြန် ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ-NUG နဲ့တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေဟာ အမေရိကန်ရဲ့ လက်ဝေခံအဖွဲ့တွေဖြစ်ပြီး အမေရိကန်ရဲ့ ထောက်ပံ့မှုတွေ နှစ်စဥ် ဒေါ်လာ သန်း ၂၀၀ ရထားတဲ့ အဖွဲ့တွေဆိုပြီး မဟုတ်မမှန် စွပ်စွဲပြောဆိုပြီး နောက်တနေ့မှာပဲ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ PDF တွေကို ဖိတ်ခေါ်လိုက်တာဟာ မူမမှန်တဲ့ လုပ်ဆောင်ချက်ဖြစ်ပြီး တရုတ်အစိုးရ အကြိုက်တွေ့အောင် ဖိတ်ခေါ်တာမျိုးသာ ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ထားပါတယ်။

ဒီဖိတ်ခေါ်မှုနဲ့ပတ်သက်လို့ ကရင်အမျိုးသားအစည်းအရုံး-KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက စစ်ကောင်စီအနေနဲ့ ဓာတ်ပြားဟောင်းကို ထပ်ခါတလဲလဲဖွင့်နေခြင်းသာဖြစ်ပြီး လက်ရှိအခြေအနေတွေနဲ့ လုံး၀မအပ်စပ်တော့တဲ့ ထုတ်ပြန်ချက် လို့ မှတ်ချက်ပြုပါတယ်။

ထို့အတူ ကချင်လွတ်လပ်ရေးအဖွဲ့-KIO ခေါင်းဆောင်တဦးဖြစ်တဲ့ ကချင်လွတ်လပ်ရေးကောင်စီ-KIC ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဂွန်မော်က စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ ဘာကြောင့် အာဏာလွှဲပြောင်းရယူခဲ့တယ်ဆိုတာကို ထုချေလွှာတင်ပြခြင်းသာ ဖြစ်ပြီး သန်းခေါင်စာရင်းကောက်မယ်လို့ ကြေညာလိုက်တဲ့ ထုတ်ပြန်ချက်သာဖြစ်တယ်လို့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာ မှာ ရေးသားဖော်ပြခဲ့ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့လက်တွဲပြီး မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေဆင်နွှဲနေတဲ့ မန္တလေး PDF ခေါင်းဆောင် တဦးဖြစ်တဲ့ ဒေါက်တာစိုးသူရဇော်ကလည်း ဒီဖိတ်ခေါ်ချက်ဟာ ဆိတ်ခေါင်းချိတ်ပြီး ခွေးသားရောင်းနေတာဘဲလို့ အသိပေး ထားပါတယ်။ 

စစ်ကောင်စီဟာ အခုလိုဖိတ်ခေါ်ပြီး နာရီပိုင်းအကြာမှာပဲ ကိုးကန့်တပ်မတော် -MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့က ပြည်သူလူထုနေထိုင်ရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ဦး သေဆုံးကာ ကိုယ်ဝန်ဆောာင်အပါအဝင် ဦးထက်မနည်း ထိခိုက်ဒဏ်ရာခဲ့ပါတယ်။


========================


🚩🚩 ၄။ ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာလေကြောင်းတိုက်ခိုက်ခံရမှု သေဆုံးသူ ဦးထိရှိလာ


စက်တင်ဘာ၂၇ရက်

 

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် ရှားလွင်ကျေးရွာ လေကြောင်းတိုက်ခိုက်ခံရမှုမှာ သေဆုံးသူ ဦးအထိ ရှိလာပြီး မနေ့ညနေ ပိုင်းမှာ လေကြောင်းကနေ ထပ်မံတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူ ၂ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။ 

ခင်ဦးမြို့နယ်အရှေ့ခြမ်းက ရှားလွင်ရွာကို စစ်ကောင်စီက စက်တင်ဘာ ၂၅ ရက် ၁၀ နာရီခွဲခန့်အချိန်မှာ လေကြောင်း ကနေ ဒုတိယအကြိမ် တိုက်ခိုက်ခဲ့ရာ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့ကာ ဒဏ်ရာရသူများအနက် ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတဦး ထပ်မံသေဆုံးခဲ့၍ သေဆုံးသူ ဦးအထိရှိလာတာ်လို့ ဆိုပါတယ်။ 

ပြင်းထန်ဒဏ်ရာရသူတွေထဲမှာ ခြေလက်အင်္ဂါအစိတ်အပိုင်းတွေ ပြတ်တောက်သူများလည်းရှိနေတယ်လို့ သိရပါတယ်။

အခုလိုအခြေအနေမျိုးနဲ့ ဒေသခံပြည်သူတွေရင်ဆိုင်နေရချိန်မှာ မနေ့ စက်တင်ဘာ၂၆ ရက် နာရီ ၄၅ မိနစ်နဲ့ နာရီခန့် မှာ ရှားလွင်ကျေးရွာအနီးကို လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့အတွက် အရပ်သားပြည်သူ ဦး ဒဏ်ရာရသွားပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို စုံစမ်းနေတယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နေက တိုက်ခိုက်ခံရမှုမှာ ရှားလွင်ကျေးရွာက နေအိမ် ၁၀ လုံးခန့် ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။  

ရှားလွင်ကျေးရွာဟာ သြဂုတ် ၂၁ ရက်ကလည်း လေကြောင်းတိုက်ခိုက်ခံခဲ့ရပြီး လူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို တိရစ္ဆာန် တွေလည်း ထိခိုက်မှုတွေရှိခဲ့ပါသေးတယ်။ 

ရှားလွင်ကျေးရွာဒေသခ့တွေဟာ  အကြမ်းဖက်အစစ်တပ်ရဲ့ မီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေသခံပြည်သူတွေ ကျေးရွာ အတွင်း မနေတာ နှစ်ခန်ရှိနေပြီး ရွာပြင်မှာ တဲထိုးနေထိုင်ရချိန်မှာ ရွာပြင်အထိ ဗုံးလာကြဲတာကြောင့် ဒေသခံပြည်သူတွေ  ထိခိုက်သေဆုံးခဲ့ရတာပဲဖြစ်ပါတယ်။

မြေပြင်မှာ စစ်ရှုံးနေတဲ့ အာဏာသိမ်းအကြမ်းဖက်စစ်တပ်ဟာ စက်တင်ဘာလအတွင်း လေကြောင်းကနေ ဗုံကြဲတိုက်ခိုက် တာတွေ ဆက်တိုက်လုပ်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတိုးလာနေတာတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

ပြည်သူများရေဘေးဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေပိုလုပ်လာတဲ့အတွက် ရန်သူပီသတဲ့  စစ်ကောင်စီရဲ့လုပ်ရပ်ကို သတိပြုကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG) ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက သတိပေးထားသလို ဒေသခံပြည်သူတွေအနေနဲ့ ဗုံးခိုကျင်တွေ ကြိုတင်ပြင်ဆင်ထားကြဖို့ ခင်ဦးမြို့နယ်သတင်းမှန် ပြန်ကြား ရေး အဖွဲ့က တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးကို လက်ပစ်ဗုံးနဲ့ ဖောက်ခွဲတိုက်ခိုက်


စက်တင်ဘာ၂၇ရက်


ရန်ကုန်မြို့ အင်းစိန်မြို့နယ် လျှပ်စစ်မီတာရုံးအတွင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့ဘန်ကာကို မနေ့ စက်တင်ဘာ ၂၆ ရက် နာရီခွဲခန့်မှာ လက်ပစ်ဗုံး လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Freeland Attack Force-FLA က အသိပေး ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ ပေါက်ကွဲမှုဖြစ်စဉ်မှာ လက်ပစ်ဗုံးရဲ့ ပြင်းအားသက်ရောက်မှု နည်းခဲ့တာကိုတွေ့ရ‌ပြီး ပျက်စီးမှု အခြေအနေကို အသေးစိတ်မသိရသေးပေမယ့် ရဲဘော်တွေ ဘေးကင်းစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ FLA က အသိပေးထား ပါတယ်။

မီတာရုံးမှာ ပေါက်ကွဲမှုဖြစ်ခဲ့ရာမှာ စစ်ကောင်စီဘက်က ထိခိုက်မှုမရှိပေမယ့် ပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်သားတွေနဲ့ ရဲတွေ လာရောက်စစ်ဆေးခဲ့တယ်လို့ ဒေသနေပြည်သူတွေက ဆိုပါတယ်။ 

အဆိုပါပေါက်ကွဲမှု ဖြစ်ပြီးနောက် စစ်ကောင်စီဝင်တွေဟာ အင်းစိန်မြို့ ဗဟိုလမ်း၊ လမ်းသစ်လမ်း၊ အောင်ဆန်းဈေး၊ ဘုရင့်နောင်တံတားနဲ့ အောင်ဇေယျတံတားတို့မှာ စစ်ဆေးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ရန်ကုန်မြို့ကို စစ်ကောင်စီအဖွဲ့ လုံး၀အုပ်ချုပ်ခွင့်မရစေရေး အစွမ်းကုန်တွန်းလှန်ခုခံသွားမှာဖြစ်ပြီး မြို့ပြပြည်သူလူထုနဲ့ အတူ လျှို့ဝှက်စွာရှိနေမယ်လို့ Freeland Attack Force-FLA က အသိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။ GZP အတွက် ကျည်ကာဦးထုပ်၊ကျည်ကာပြား၊အီကွေ့မန့် တို့ပါဝင်ကူညီအားဖြည့်ပေးကြတဲ့ ပြည်သူတစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိတယ်လို့အသိပေး


စက်တင်ဘာ၂၇ရက်


GZP အတွက် ကျည်ကာဦးထုပ်၊ကျည်ကာပြား၊အီကွေ့မန့် တို့ပါဝင်ကူညီအားဖြည့်ပေးကြတဲ့ ပြည်သူတစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိတယ်လို့စက်တင်ဘာ၂၇ရက်မှာ Generetion Z Powerကအသိပေးဖော်ပြပါတယ်။

"GZP အတွက် ကျည်ကာဦးထုပ်၊ကျည်ကာပြား၊အီကွေ့မန့် တို့ပါဝင်ကူညီအားဖြည့်ပေးကြတဲ့ ပြည်သူတစ်ဦးစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်ဗျ။   ယခုလက်ရှိမှာ မန်းလေးအနီးတွေမှာ နယ်မြေခံတွေနဲ့ပူးပေါင်းကာ တိုက်ပွဲများဦးဆောင်ကာဖော်ဆောင်လျက်ရှိပါတယ် မန်းလေးမြို့အတွင်းမှာလဲ မြို့ပြပြောက်ကျား လုပ်ငန်းစဥ်များဆောင်ရွက်နေပီ နယ်မြေထိစပ်နေတဲ့ စစ်ကိုင်းအခြမ်းဘက်မှာလဲ မစ်ရှင်ပေါင်းများစွာဖော်ဆောင်နေပါတယ်။ကျနော်တို့ ၂၀၂၁ခုနစ် မတ်လ ၂၇ ရက်မှစ၍ စကစ ထောက်တိုင်များ ၊စကစ ယဥ်တန်းများ၊ နယ်ပြောင်း အရာရှိ ဗိုလ်များ၊ စကစအထိုင်စခန်းများ၊စကစ စစ်ကြောင်းများ ကိုအားကောင်းကောင်းနှင့်ပါဝင်တိုက်ခိုက်လာတာ ယခုဆို မစ်ရှင်ပေါင်း ၁၈၀ ကျော်ခဲ့ပီဖြစ်ပါတယ်"လို့ဆိုပါတယ်။Generetion Z Powerအဖွဲ့မှ ရဲဘော်များ ၂၂ဦးမှာလည်းတိုင်းပြည်အတွက် အသက်ပေးအပ်နှံခဲ့ရကာဖမ်းဆီးခံရတဲ့ ရဲဘော်များလည်းများစွာရှိခဲ့ပါတယ်။ 


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment