27th SEP 2024 - Morning Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးမှာ ဖြစ်ဖြစ် မူတွေကောင်းဖို့ လိုသလို လူတွေကလည်း ကောင်းဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့်နှင့်စပ်လျဥ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကော်မတီ () ရပ် တွေ့ဆုံဆွေးနွေး

📌 ၃။ အမေရိကန်အစိုးရဆီက ဒေါ်လာသန်းနဲ့ချီ ရရှိတယ်ဆိုတဲ့ စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း NUG နိုင်ငံခြားရေး ဒုဝန်ကြီးရှင်းလင်း

📌 ၄။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးစကားဝိုင်းသို့ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး

📌 ၅။ အကြမ်းဖက်စစ်အုပ်စုရဲ့ ကမ်းလှမ်းကြောင်းဖိတ်ခေါ်စာကို ဗိုလ်ချုပ်ဂွမ်မော် သရော်စာရေး

📌 ၆။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများတွေ့ဆုံ၍ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များမှ ရရှိလာသော လှူဒါန်းငွေများထဲမှ ဂျပန်ယန်း () သိန်းကျော်အား ဝန်ကြီးဌာနသို့ လှူဒါန်း


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သုံးရက်အတွင်း ရခိုင်မှာ အရပ်သား (၁၈) ဦးထိ အစုအပြုံလိုက် သေဆုံး

🚩 ၂။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) IHL သင်တန်းအား ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းတွင် ကျင်းပ

🚩 ၃။ မိုးကုတ် ပကဖက စစ်ဘေးရှောင် ပြည်သူများကို ဆေး၀ါးကုသမှုပေး

🚩 ၄။ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဝိ စိုက်ပျိုးခြင်းကို ပသုံးလုံး အရေးယူ ဖျက်ဆီး

🚩 ၅။ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီ တပ်သားတဦးကို MBT တပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး 

🚩 ၆။ () လအတွင်း စစ်ကောင်စီတပ်သား (၃၈၀) ကျော်အလင်းဝင်ပြီး စစ်ကောင်စီတပ်စခန်း (၁၈၅) ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးမှာ ဖြစ်ဖြစ် မူတွေကောင်းဖို့ လိုသလို လူတွေကလည်း ကောင်းဖို့ အင်မတန် အရေးကြီးတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးမှာ ဖြစ်ဖြစ် မူတွေ ကောင်းဖို့ လိုသလို လူတွေကလည်း ကောင်းဖို့ အင်မတန် အရေးကြီးတယ်လို့ စက်တင်ဘာလ (၂၆) ရက်ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (၃၆/၂၀၂၄) မှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြောကြားပါတယ်။

"နိုင်ငံရေးမှာ ဖြစ်ဖြစ်၊ အုပ်ချုပ်ရေးမှာ ဖြစ်ဖြစ် မူတွေကောင်းဖို့ လိုသလို လူတွေကလည်း ကောင်းဖို့ အင်မတန် အရေးကြီးပါကြောင်း။ ကောင်းမွန်တဲ့မူတွေ ချမှတ်ပြီး အဲဒီမူတွေနဲ့ လူတွေကို ကောင်းမွန်စွာ ကြပ်မတ်ထိန်းကျောင်းဖို့ဆိုတာ အစိုးရရဲ့ အရေးကြီးတာဝန်ဖြစ်တာကြောင့် ကျွန်တော်တို့ ဖိဖိစီးစီး လုပ်ဆောင်ကြရမှာ ဖြစ်ပါကြောင်း။ တော်လှန်ရေးကာလအတွင်းမှာ အုပ်ချုပ်ရေးလုပ်ငန်းတွေ အတိုင်းအတာတစ်ခုထိ တည်တည်ငြိမ်ငြိမ် လည်ပတ်နိုင်မယ်ဆိုရင် ဒါဟာ တော်လှန်ရေးအတွက်လည်း အလွန်အင်အား ဖြစ်စေမှာ ဖြစ်ပါကြောင်း။ ဒါကြောင့် ကြပ်ကြပ်မတ်မတ် ကိုင်တွယ်ဖြေရှင်းစီမံရမယ့် မြို့နယ်တွေကို အဓိက တာဝန်ရှိတဲ့ ဝန်ကြီးဌာနအနေနဲ့ ဦးဆောင်ပြီး ပူးပေါင်းကြပ်မတ်စေချင်ပါကြောင်း" ဝန်ကြီးချုပ်က ပြောပါတယ်။

ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်များမှ (၃၅/၂၀၂၄) တွင်ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဉ်များကို ချပြရှင်းလင်းပြီး တက်ရောက်လာသော တာဝန်ရှိသူများမှ အကျယ်တဝင့် ဆွေးနွေးခဲ့ကြပါတယ်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ဦးဆောင်ကာ ပြည်ထောင်စု ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၂။ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့်နှင့်စပ်လျဥ်း၍ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကော်မတီ () ရပ် တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ (၂၅) ရက် ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ယူခွင့်အပေါ်  စိန်ခေါ်မှုများနှင့် ကန့်သတ်ခံရမှုများ ဖြစ်ပေါ်လျက်ရှိခြင်းကြောင့် အကူအညီပေးအပ်နိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ကော်မတီ () ရပ်ဖြစ်သည့် ပညာရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးကော်မတီနှင့် အလုပ်သမားရေးရာကော်မတီတို့ဟာ  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲတွင် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းကျောင်းများတွင် မြန်မာကလေးသူငယ်များ၏ ပညာသင်ကြားခွင့်အပေါ် ကန့်သတ်တားဆီးမှုများ ဖြစ်ပေါ်နေမှုအခြေအနေများ၊ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာသင်ခွင့်ရရှိရေးအတွက် လွှတ်တော်ကဏ္ဍအနေဖြင့် ယခင်က ထိုင်းလွှတ်တော်ကိုယ်စားလှယ်များ၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်ဆောင်ရွက်သင့်သည်များ၊ NUG ပညာရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် ပူးပေါင်းဆောင်ရွက်သွားသင့်သည်များ၊ ရွှေ့ပြောင်းကျောင်းများ အမြန် ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် မြေပြင်အချက်အလက်များ ကောက်ယူခြင်းနှင့် အခြေအနေများအားဖော်ပြခြင်းကို ကော်မတီ () ရပ်အကြား ပူးပေါင်းဆောင်ရွက်သွားရန်တို့ကို ဆွေးနွေးခဲ့ကြပါတယ်။

ထို့ပြင် ထိုင်းနိုင်ငံသို့ ရွှေ့ပြောင်းလာရသူများအတွက် အထောက်အထားများ၊ အလုပ်လုပ်ကိုင်ခွင့်နှင့် ရွှေ့ပြောင်းလာရသူများ၏ သားသမီး၊ လူငယ်များ ပညာသင်ကြားခွင့် ဆုံးရှုံးမှုများ မရှိစေရေးအတွက် ထိုင်းနိုင်ငံရှိ ရွှေ့ပြောင်းလာသူများအရေး ကူညီဆောင်ရွက်နေကြသော အရပ်ဘက် အဖွဲ့အစည်းများ၊ ထိုင်းနိုင်ငံအစိုးရနှင့် လွှတ်တော်များမှ တာဝန်ရှိသူများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းဆောင်ရွက်နိုင်ရေးနည်းလမ်းများ ရှာဖွေ၍ သံတမန်နည်းလမ်းအရ အဖြေရှာသွားကြရန်လည်း သဘောတူညီခဲ့ပါတယ်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ကော်မတီ () ရပ်မှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ အမေရိကန်အစိုးရဆီက ဒေါ်လာသန်းနဲ့ချီ ရရှိတယ်ဆိုတဲ့ စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း NUG နိုင်ငံခြားရေး ဒုဝန်ကြီးရှင်းလင်း


အမေရိကန်အစိုးရဆီက ဒေါ်လာသန်းနဲ့ချီ ရရှိတယ်ဆိုတဲ့ စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း NUG နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးက စက်တင်ဘာလ (၂၆) ရက်မှာ Radio NUG ကို အခုလို အတည်ပြုပြောပါတယ်။


(ဦးမိုးဇော်ဦး )


စက်တင်ဘာလ (၂၅) ရက် ညပိုင်းက ထုတ်တဲ့ မြန်မာလူထုရဲ့ မိတ်ဆွေစစ် တရုတ်နိုင်ငံဆိုတဲ့ ထုတ်ပြန်ချက်မှာ ကိုးကန့်တပ် (MNDAA) နဲ့ တအာင်းတပ် (TNLA) တို့ဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ စစ်ရေးမဟာမိတ်ဖွဲ့ပြီး NUG ဟာ အမေရိကန်ကနေ နှစ်စဥ် ကန်ဒေါ်လာ သန်း (၂၀၀) ခန့်ရနေတယ်လို့ စစ်ကောင်စီက စွပ်စွဲခဲ့တာပါ။

အမေရိကန်က မြန်မာပြည်တွင်း မငြိမ်သက်အောင်လုပ်နေပြီး အဲဒီလို ငွေကုန်ခံဆောင်ရွက်တာက မြန်မာမှာ အမေရိကန်အကျိုးစီးပွား ရှိတာကြောင့် မဟုတ်ဘဲ ပြိုင်ဘက်ဖြစ်တဲ့ တရုတ်နိုင်ငံကို ထိုးနှက်နိုင်ရန်သာ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ အိန္ဒိယသမုဒ္ဒရာထွက်ပေါက် အိမ်နီးချင်းနိုင်ငံဖြစ်ပြီး မြန်မာနိုင်ငံအတွင်း တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံထားသော စီးပွားရေးလုပ်ငန်း များစွာရှိကြောင်း၊ တရုတ်နိုင်ငံအား ထိန်းချုပ်ရန် အတွက် မြန်မာနိုင်ငံအား ပစ်မှတ်ထားနေခြင်းဖြစ်ကြောင်း အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ချက်ပြောဆိုချက်တွင် ဖော်ပြထားပါတယ်။

ထုတ်ပြန်စာထဲမှာ မြန်မာနိုင်ငံကို အလုံးစုံပျက်သုဉ်းစေလိုသည်မှာ NUG အုပ်စုနှင့် ၎င်းတို့ကို ထောက်ပံ့ပေးနေသော အမေရိကန်ဦးဆောင်သည့် အနောက်အုပ်စုသာဖြစ်ပြီး တရုတ်က မြန်မာကို အိမ်နီးချင်းကောင်းပီသစွာ အမြဲရပ်တည်ပေးတယ်လို့ဆိုပြီး ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ကို ဖိအားပေးပြီး နယ်စပ်ဂိတ်တွေကို ပိတ်ဆို့ခြင်းအပါအဝင် အရေးယူမှုတွေ တိုးမြှင့်ဆောင်ရွက်ပေးခဲ့တာဟာ မြန်မာမှာ တည်ငြိမ်အောင်လုပ်ဖို့ ဆောင်ရွက်ခဲ့တာလို့လည်း ဖော်ပြထားပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရှိ တရုတ်သံရုံးက သံအမတ်က သတင်းထုတ်ပြန်ရာတွင် မြန်မာအရေးကို တည်ငြိမ်အေးချမ်းမှုကို လိုလားပြီး တည်ငြိမ်မှုရရှိအောင် ဆောင်ရွက်လိုတယ်လို့ ထုတ်ပြန်ထားပါတယ်။

အမှန်တကယ် တရုတ်နိုင်ငံနဲ့ ပတ်သက်တဲ့ ဆန့်ကျင်ရေးတွေ၊ ဆန္ဒပြပွဲတွေကို နောက်ကွယ်က ဦးစီးကြိုးကိုင်ပြီး တရုတ်နိုင်ငံ မုန်းတီးရေးကို စနစ်တကျလုပ်နေတာက အကြမ်းဖက် စစ်ကောင်စီသာ ဖြစ်ကြောင်းကိုလည်း NUG နိုင်ငံခြားရေးဒုဝန်ကြီးက ထပ်လောင်းပြောကြားထားပါတယ်။


========================


📌📌 ၄။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးစကားဝိုင်းသို့ လူ့အခွင့်အရေးဆိုင်ရာဒုတိယဝန်ကြီး တက်ရောက်ဆွေးနွေး


စက်တင်ဘာလ (၂၅) ရက်နေ့က အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့တရားမျှတမှုနှင့် တာဝန်ယူမှုတာဝန်ခံမှုကိစ္စ တိုးမြှင့်လုပ်ဆောင်ရေးစကားဝိုင်းသို့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး တက်ရောက်ဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အဆိုပါဆွေးနွေးပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ ဂမ်ဘီယာ တရားရေးဝန်ကြီး၊ အမေရိကန် Global Criminal Justice ကမ္ဘာလုံးဆိုင်ရာသံအမတ်ကြီးနှင့် IIMM အကြီးအကဲတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးက အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်မှ ကင်းလွတ်နေသည့် သံသရာမှ လွတ်မြောက်ရေးအတွက် နိုင်ငံတကာ တရားစီရင်ရေးယန္တရားစနစ်အောက်မှ ပိုမိုဆန်းသစ်သည့် နည်းလမ်းသစ်တွေ ရှာကြံဖို့လိုကြောင်း၊ အရင်းအမြစ်တွေကို ဒီထက်ပိုပြီး ထိထိမိမိရှာဖွေကာ အသုံးပြုတဲ့နေရာမှာ ထိရောက်မှုပုံစံနဲ့ တိုင်းတာဖို့လိုပါကြောင်းဆွေးနွေးပြောကြားခဲ့ပါတယ်။

ဒါ့အပြင် အသွင်ကူးပြောင်းခြင်းဆိုင်ရာ တရားမျှတမှုကို ပြည်တွင်းမှာ လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေလုပ်ဆောင်ဖို့ လိုအပ်ကြောင်း၊ နစ်နာသူဗဟိုပြု လုပ်ငန်းစဉ် ပုံစံမျိုးဖြင့် ပြည်တွင်း/ ပြည်ပမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၏ ပါဝင်မှုအခန်းကဏ္ဍကလည်း အရေးကြီးပါကြောင်း ဆွေးနွေးပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုရဲ့ ကမ်းလှမ်းကြောင်းဖိတ်ခေါ်စာကို ဗိုလ်ချုပ်ဂွမ်မော် သရော်စာရေး


ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဗိုလ်ချုပ်ဂွမ်မော်က အကြမ်းဖက်စစ်အုပ်စုရဲ့ ကမ်းလှမ်းကြောင်း ဖိတ်ခေါ်စာနှင့်ပတ်သက်၍ စက်တင်ဘာ (၂၆) ရက် ညပိုင်းက ဆိုရှယ်မီဒီယာမှာ သရော်စာ ရေးသားလိုက်ပါတယ်။

"ဘာကြောင့် အာဏာလွှဲပြောင်းရယူလိုက်ရတယ်ဆိုတာကို ထုချေလွှာတင်ပြနဲ့ သန်းခေါင်စာရင်းကောက်မည်ဆိုသော ကြေငြာချက်ဖြစ်နေ။ခေါ်ပုံခေါ်နည်း နည်းနည်းများ လိုနေသလားလို့ပါ" လို့ ၎င်းက ရေးသားထားပါတယ်။

ဗိုလ်ချုပ်ဂွမ်မော်ရဲ့အဆိုပါဖော်ပြရေးသားချက်ကို စကစအား ဆန့်ကျင်သည့် တော်လှန်လူထုကလည်း စစ်အုပ်စုကို သရော်သည့်မှတ်ချက်များရေးသားခဲ့ကြပါတယ်။

စက်တင်ဘာလ (၂၆) ရက်မှာ အကြမ်းဖက်စကစ၏ သတင်းထုတ်ပြန်ရေးအဖွဲ့က တိုင်းရင်းသားတော်လှန်ရေးအင်အားစုများ နဲ့ PDF များကို လက်နက်ကိုင်လမ်းစဥ်စွန့်လွှတ်ကာ ပါတီနိုင်ငံရေးလမ်းကြောင်းအပါအဝင် ရွေးကောက်ပွဲလမ်းကြောင်းနဲ့ နိုင်ငံရေးပြဿနာကို ရှင်းလင်းဖို့ ဖိတ်ခေါ်ထားတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနနှင့် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများတွေ့ဆုံ၍ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များမှ ရရှိလာသော လှူဒါန်းငွေများထဲမှ ဂျပန်ယန်း () သိန်းကျော်အား ဝန်ကြီးဌာနသို့ လှူဒါန်း


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန နှင့် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများတွေ့ဆုံ၍ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များမှ ရရှိလာသော လှူဒါန်းငွေများထဲမှ ဂျပန်ယန်း (၆၇၅,၅၁၇) အား ဝန်ကြီးဌာနသို့ လှူဒါန်းခဲ့တယ်လို့ စက်တင်ဘာလ (၂၆) ရက်မှာ  ဝန်ကြီးဌာနက အသိပေးပါတယ်။

ဇွန်လ (၁၉) ရက်နေ့တွင် ကျရောက်ခဲ့သော နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအဖြစ် ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများမှ အမှတ်တရ မွေးနေ့ပွဲအား စုပေါင်းပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မွေးနေ့ပွဲ၏ ရန်ပုံငွေရှာဖွေခြင်း အစီအစဉ်များမှ ရရှိလာသော လှူဒါန်းငွေများထဲမှ ဂျပန်ယန်း (၆၇၅,၅၁၇) အား အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနသို့ လှူဒါန်းခြင်း အစီအစဉ်အား (၂၀၂၄) ခုနှစ်၊ စက်တင်ဘာလ (၁၁) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။

အခမ်းအနားသို့ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး၊ ဂျပန်နိုင်ငံရေးရာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ် စောဘလှသိန်း နှင့် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန ရုံးအဖွဲ့ဝင်များ၊ ဂျပန်ရောက် မြန်မာတော်လှန်ရေး အင်အားစုများမှ တက်ရောက်ခဲ့ကြပါတယ်။

လက်ခံရရှိသော လှူဒါန်းငွေများအား ရေဘေးသင့်ပြည်သူများအား ကူညီထောက်ပံ့ရေးနှင့် စစ်ရှောင်ပြည်သူများအတွက် ကူညီထောက်ပံ့ရေးတို့ကို ဆက်လက်လုပ်ဆောင်နေပြီလို့ သိရပါတယ်။ 


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ စစ်ကောင်စီရဲ့ ဗုံးကြဲမှုကြောင့် သုံးရက်အတွင်း ရခိုင်မှာ အရပ်သား (၁၈) ဦးထိ အစုအပြုံလိုက် သေဆုံး


ရခိုင်ပြည်နယ်၊ တောင်ကုတ်၊ မြေပုံနှင့် သံတွဲမြို့တို့တွင် စစ်ကောင်စီရဲ့ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်မှုကြောင့် သုံးရက်အတွင်း အမျိုးသမီးနဲ့ ကလေးငယ်များ အပါအဝင် အရပ်သား (၁၈) ဦးထိ အစုလိုက်အပြုံလိုက် သေဆုံးခဲ့ တယ်လို့ Western News က ဖော်ပြထားပါတယ်။

စက်တင်ဘာလ (၂၆) ရက်နေ့ မနက် () နာရီခန့်က သံတွဲမြိုပေါ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့ရာ အရပ်သား (၁၄) ဦး သေဆုံးပြီး (၂၅) ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။

ထို့အပြင် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့ ကိုလည်း စက်တင်ဘာလ (၂၅) ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် အပါအဝင် () ဦး သေဆုံးပြီး () ဦးထက်မနည်း ဒဏ်ရာရရှိ ခဲ့ကာ ဒဏ်ရာရရှိသူ တချို့မှာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိတယ်လို့ ဆိုပါတယ်။

အလားတူ စက်တင်ဘာလ (၂၄) ရက်နေ့ () နာရီကလည်း တောင်ကုတ်မြို့နယ်၊ ရွာမကျေးရွာကို ဗုံး () လုံးထက်မနည်း ကြဲချခဲ့ရာ အသက် (၃၀) အရွယ် အမျိုးသား () ဦး သေဆုံးပြီး () ဦးထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) IHL သင်တန်းအား ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းတွင် ကျင်းပ


Geneva Call မှ အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ (International Humanitarian Law) IHL သင်တန်းအား ABSDF ဗဟိုဌာနချုပ် ဒေါင်းတမန်စခန်းတွင် ကျင်းပခဲ့တယ်လို့ ABSDF က စက်တင်ဘာလ (၂၆) ရက်မှာ တရားဝင်ထုတ်ပြန်ပါတယ်။

ယခုသင်တန်းတွင် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ၏ အခြေခံသဘောတရားများ၊ အသုံးချမှုနှင့် ကန့်သတ်ချက်များ၊ အကောင်ထည်ဖော်မှု လုပ်ငန်းစဉ်များနှင့် လက်နက်ကိုင် ပဋိပက္ခအတွင်း လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများအကြောင်းကို ကျယ်ကျယ်ပြန့်ပြန် သင်ယူခဲ့ရတယ်လို့ သိရပါတယ်။

IHL သင်တန်းမှ စစ်မြေပြင်၌ စစ်သားတိုင်း လိုက်နာ‌စောင့်ထိန်းရမည့် ကျင့်ဝတ် စည်းကမ်းများ ဆောင်ရန်ရှောင်ရန်များနှင့် စစ်သုံ့ပန်းများအပေါ် မည်သို့ပြုမူဆက်ဆံရမည် စစ်သုံ့ပန်းများအား ၎င်းတို့‌ကျုးလွန်ခဲ့သည့် ပစ်မှုအမျိုးစားအပေါ် မူတည်ပြီး မည်သို့အရေးယူ ဆောင်ရွက်သင့်ကြောင်းနှင့် အရပ်သားပြည်သူတွေများ အရပ်ဘက် အရာဝတ္ထုများကို ဘယ်လိုမျိုး ထိန်းသမ်းကာကွယ် စောင့်ရှောက်ရမယ် ဆိုတာတွေပါ သင်ယူရပါတယ်လို့ သင်တန်းတွင် ပါဝင်တက်ရောက်ခဲ့သူ ရဲဘော်တစ်ဦးက ဆိုပါတယ်။


========================


🚩🚩 ၃။ မိုးကုတ် ပကဖက စစ်ဘေးရှောင် ပြည်သူများကို ဆေး၀ါးကုသမှုပေး


မန္တလေးတိုင်း‌‌၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ် ပကဖမှ  ဆေးဝါးကုသရာမှာ ခက်ခဲနေတဲ့ ကျေးရွာတွေကို ကွင်းဆင်းကာ လိုက်လံကုသပေးလျက်ရှိကြောင်း ပကဖ အသံမှာ ဖော်ပြထားပါတယ်။

မိုးကုတ်မြို့နဲ့ အနီးတစ်ဝိုက် ရွာတွေက တိုက်ပွဲရှောင်ပြည်သူတွေဆီ နေ့စဉ်တိုင်းသွားရောက်ကာ ဖျားနာသူတွေ၊  ကလေးသူငယ်တွေနဲ့  သက်ကြီးရွယ်အိုတွေကို ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေ ပေးလျက်ရှိကြောင်း၊ အများစုမှာ ဖျားနာသူတွေနဲ့ ငှက်ဖျားဖြစ်နေသူတွေဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့် ဆေးရုံဆေးခန်းကိုသွားမပြနိုင်သူ အများအပြားရှိကြောင်း နဲ့ လိုအပ်နေတဲ့ ဆေးဝါးတွေလည်း ရှိနေကြောင်း မြေပြင်ဆေးကုသမှုပေးနေတဲ့ ပကဖ အဖွဲ့ထံကနေ သိရပါတယ်။

လက်ရှိမှာတော့ မိုးကုတ်ပကဖအနေနဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲနေတဲ့နေရာတွေနဲ့ ဆေးဝါးတွေ အလွယ်တကူမရရှိနိုင်တဲ့ နေရာဒေသတွေဆီကို  ဦးစားပေးကုသလျက်ရှိပါတယ်။


========================


🚩🚩 ၄။ အရာတော်မြို့နယ်အတွင်း စီးပွားဖြစ် ဝိ စိုက်ပျိုးခြင်းကို ပသုံးလုံး အရေးယူ ဖျက်ဆီး


အရာတော် မြို့နယ်တွင်း စီးပွားဖြစ် ဝိ စိုက်ပျိုးခြင်းကို ပအဖ၊ ပကဖနဲ့ ပလဖ တို့က စက်တင်ဘာလ (၂၅) ရက်နေ့မှာ ကွင်းဆင်းပညာပေးခြင်း၊ အရေးယူခြင်း၊ မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း ပကဖ အသံမှာ ဖော်ပြထားပါတယ်။

ယင်းကဲ့သို့ စည်းရုံးပညာပေး၊ အရေးယူမှု လုပ်ဆောင်စဉ် ကာလ အတွင်း ဝိ အပင်ပေါင်း (၁၀၀၀) ခန့် အထိ စိုက်ပျိုးရန် ပြင်ဆင်နေသူများကိုလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံတွင်းမှာရှိတဲ့ အာဏာရှင်စနစ် နဲ့ အတူ မူးယစ်ဆေးဝါးတွေကိုလည်း အမြစ်ပြတ် သုတ်သင် ရှင်းလင်းရမယ်လို့ မုံရွာခရိုင် ပကဖ ဒုတာဝန်ခံ (စစ်ရေး) က မှတ်ချက်ပြုထားပါတယ်။


========================


🚩🚩 ၅။ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီ တပ်သားတဦးကို MBT တပ်ဖွဲ့ ဝင်ရောက်ဖမ်းဆီး 


စစ်ကိုင်းတိုင်း၊ ရေစကြိုမြို့၊ အမှတ် () သုခဝတီရပ်ကွက်ရှိ ကပ်ကျော် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့မှ ကင်းစောင့်နေရင်း ဖုန်းသုံးနေတဲ့ စစ်ကောင်စီ တပ်သား တစ်ဦးကို ဝင်ရောက်ဖမ်းဆီးခဲ့တယ် လို့ Myingayn Black Tiger (MBT) တပ်ဖွဲ့က ဆိုပါတယ်။

စက်တင်ဘာလ (၂၅) ရက် () နာရီခွဲခန့်တွင်  Myingayn Black Tiger (MBT) တပ်ဖွဲ့မှ ရဲဘော်များ ကင်းပတ် စစ်ဆေးမှု ပြုလုပ်ခဲ့ရာ စစ်ကောင်စီ တပ်စွဲထားတဲ့ နေရာအနီးမှာ ကင်းစောင့်ရင်း ဖုန်းသုံးနေတဲ့ စကစ တပ်သားတစ်ဦးကို ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါတယ်။

အဆိုပါ စစ်ကောင်စီ တပ်သားကို လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ စစ်ဆေးမှုများ ပြုလုပ်နေကာ ၎င်းကျူးလွန်ခဲ့တဲ့ ပစ်မှုအလျောက် အရေးယူသွားမယ်လို့ ဆိုပါတယ်။

ထို့အပြင်  Myingayn Black Tiger (MBT) မြင်းခြံခရိုင် အမှတ် () တပ်ရင်းအနေဖြင့် စစ်အာဏာရှင် စနစ်ကို ပိုမိုထိရောက်စွာ တိုက်ခိုက်နိုင်ရန် MBT တပ်ဖွဲ့က ခေါ်ယူထားတဲ့ “End Point ကမ်ပိန်းအား မိဘပြည်သူများ အနေဖြင့် ပူးပေါင်းပါဝင် ကူညီပေးကြဖို့ကိုလည်း မေတ္တာရပ်ခံ ထားပါတယ်။


========================


🚩🚩 ၆။ () လအတွင်း စစ်ကောင်စီတပ်သား (၃၈၀) ကျော်အလင်းဝင်ပြီး စစ်ကောင်စီတပ်စခန်း (၁၈၅) ခုကို တော်လှန်ရေးတပ်များ သိမ်းပိုက်ခဲ့


မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ စစ်ကောင်စီတပ်စခန်း (၁၈၅) ခုကို တော်လှန်ရေးတပ်များက () လအတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း Burma Fascism and Nationalism Watch (BFNW) ဗမာဖက်ဆစ်နှင့် အမျိုးသားရေးဝါဒီလှုပ်ရှားမှု စောင့်ကြည့်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

(၂၀၂၄) ခုနှစ် မေလမှ ဩဂုတ်လအတွင်း သိမ်းပိုက်နိုင်ခဲ့သည့် တိုင်းနှင့် ပြည်နယ်အလိုက် စစ်ကောင်စီတပ်စခန်းများမှာ ချင်းပြည်နယ်တွင် (၂၀) ခု၊ ရခိုင်ပြည်နယ်တွင် (၂၄) ခု၊ ကချင်ပြည်နယ်တွင် (၅၀) ခု၊ မကွေးတိုင်းတွင် () ခု၊ မန္တလေးတိုင်းတွင် (၅၈) ခု၊ တနင်္သာရီတိုင်းတွင် () ခု၊ စစ်ကိုင်းတိုင်းတွင် () ခု၊ ပဲခူးတိုင်းတွင် () ခု၊ ကရင်ပြည်နယ်တွင် () ခု၊ ရှမ်းပြည်နယ်တွင် () ခု၊ မွန်ပြည်နယ်တွင် () ခုနှင့် ကရင်နီတွင် () ခု တို့ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါဒေသများတွင် တိုက်ပွဲပေါင်း (၁၂၅၉) ကြိမ်ဖြစ်ပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု (၇၃၄) ကြိမ် ရှိခဲ့ကာ အရာရှိနှင့် တပ်သား (၃၈၇) ဦး အလင်းဝင်လာခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားမှုများအတွင်း တော်လှန်ရေးအင်အားစုများဘက်မှ (၂၅၅) ဦး ကျဆုံး၊ (၁၄၀) ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်မှ (၂၆၅၈) ဦး သေဆုံးခဲ့ပြီး (၇၄၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ခိုက်မှုများကြား ဒေသခံအရပ်သား (၁၄၄၉) ဦး သေဆုံးပြီး (၁၅၃၃) ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဘက်မှ လက်နက်ကြီးပစ်ခတ်မှုနှင့် မီးရှို့ဖျက်ဆီးမှု (၅၂၀၅) ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အရပ်သားဖမ်းဆီးခံရသူ (၃၁၃၃) ဦးရှိပြီး စစ်ကောင်စီတပ်သားများ ဖမ်းဆီးခံရသူ (၁၀၂၅) ဦး ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေး နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment