28th SEP 2024 - Evening Daily News by Radio NUG

 


၂၀၂၄ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ ဒီမိုကရေစီအင်အားစုတွေကြား သွေးခွဲဖို့ကြိုးစားတဲ့ အတုအယောင် ကမ်းလှမ်းမှုဖြစ်တယ်လို့ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IEC ထုတ်ပြန်

📌 ၂။ ရခိုင်ပြည်နယ်ထဲက စစ်စခန်းအားလုံးသိမ်းနိုင်ဖို့ ထိုးစစ်အရှိန်မြှင့်မယ်လို့ AA ကြေညာ 

📌 ၃။ အာဏာသိမ်းစစ်အုပ်စုရဲ့  ဖိတ်ခေါ်မှုဟာ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်သာဖြစ်တယ်လို့ TNLA တုန့်ပြန်

📌 ၄။ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်ဟာ ထာဝရအရှက်ရစေမယ့်အပြုအမူလို့ MNDAA ပြော


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ တနင်္သာရီမှာ နှစ်ပေါင်း ၄၀ ကျော်တပ်စွဲခဲ့တဲ့ စစ်တပ်ရှေ့တန်းစခန်းက စစ်သားတွေ စွန့်ခွာထွက်ပြေး  

🚩 ၂။ ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က Drone နဲ့ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ဒေသခံရွာသား ဦး သေဆုံးကာ ဦးဒဏ်ရာရ 

🚩 ၃။ ပေါင်းတည်မှာ အစားထိုးဝင်လာတဲ့ အုပ်ချုပ်ရေးအသစ် ထပ်မံရှင်းလင်းခံရ

🚩 ၄။ ပင်လည်ဘူးတိုက်ပွဲမှာ စစ်ကူရောက်လာတဲ့ ခလရ-၅၀ တပ်ရင်းက ဗိုလ်မှူးခန့်မင်းကို သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ဟာ ဒီမိုကရေစီအင်အားစုတွေကြား သွေးခွဲဖို့ကြိုးစားတဲ့ အတုအယောင် ကမ်းလှမ်းမှုဖြစ်တယ်လို့ ကရင်နီပြည်အုပ်ချုပ်ရေးကောင်စီ-IEC ထုတ်ပြန်


စက်တင်ဘာ(၂၈)ရက်


အကြမ်းဖက် အာဏာသိမ်းစစ်ကောင်စီရဲ့  ဖိတ်ခေါ်ချက်ဟာ ဒီမိုကရေစီအင်အားစုတွေကြား သွေးခွဲဖို့ရည်ရွယ်တဲ့  အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းခြင်းဖြစ်တာကြောင့် လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC က ဒီနေ့ စက်တင်ဘာ ၂၈ နေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

တရားမဝင်အာဏာသိမ်းစစ်တပ်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး လူထုထံကနေ အာဏာသိမ်းယူ ကာ စစ်ဘေးရှောင်စခန်းတွေ စာသင်ကျောင်းတွေ ပြည်သူ့ဆေးရုံနဲ့ ဘာသာရေးအဆောက်အအုံတွေအပါအဝင် ပြည်သူ တွေရဲ့ အိုးအိမ်တွေကို ပစ်မှတ်ထားကာ လက်နက်ကြီးတွေ လေကြောင်းတိုက်ခိုက်တာတွေလုပ်ကာ စစ်ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့တာကြောင့် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေအပါအဝင် အပြစ်မဲ့ပြည်သူ အမြောက်အမြား ထိခိုက်သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်အဖွဲ့ဖြစ်တဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို လူထုပေါင်းစုံက တက်ညီ လက်ညီ ဆန့်ကျင်နေကြတဲ့အတွက် သူတို့ရဲ့အုပ်ချုပ်ရေးယန္တရားဟာ တရားမဝင်တော့တဲ့အပြင် ၂၀၀၈  ဖွဲ့စည်းပုံအခြေခံ ဥပဒေ အာဏာတည်မှုဟာလည်း မြန်မာနိုင်ငံလုံး အတိုင်းအတာအရ သက်ရောက်မှုမရှိတော့ဘူးလို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ - IEC က ထောက်ပြထားပါတယ်။ 

ဒီအခြေအနေမှာ တရားမဝင်အာဏာသိမ်းစစ်တပ်က ပြည်သူလူခုကို အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ သန်းခေါင်စာရင်း ကောက်ယူရန် အားထုတ်လာခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီ အင်အားစုများကြား သွေးခွဲရန် စတဲ့ ရည်ရွယ်ချက်တွေနဲ့ အတုအယောင်ငြိမ်းချမ်းရေးကမ်းလှမ်းလာတာဖြစ်တယ်လို့လည်း  ဆိုပါတယ်။

တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ဖိတ်ခေါ်ချက်ဟာ လက်ရှိ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကို ပိုမိုဖန်တီးမယ့် နိုင်ငံရေးအမြတ်ထုတ်မှုတခုလို့ ကရင်နီ ပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီက ရှုမြင်ထားပါတယ်။ 

ဒါကြောင့် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေး ကောင်စီအနေနဲ့ တရားမဝင်အာဏာသိမ်းစစ်တပ်ရဲ့ ဖိတ်ခေါ်ချက်အပေါ် လက်ခံ ညှိနှိုင်းမှာမဟုတ်ဘဲ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမှာဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့ရဲ့ မတရားလုပ်ဆောင်မှုများကို တားမြစ်သွားမှာဖြစ်ကြောင်းနဲ့ အခြားပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့်လည်း လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြဖို့ တိုက်တွန်းထားပါတယ်။


========================


📌📌 ၂။ ရခိုင်ပြည်နယ်ထဲက စစ်စခန်းအားလုံးသိမ်းနိုင်ဖို့ ထိုးစစ်အရှိန်မြှင့်မယ်လို့ AA ကြေညာ 


စက်တင်ဘာ(၂၈)ရက်

 

မောင်တောမြို့ပြင်မှာရှိတဲ့ စစ်ကောင်စီရဲ့ နခခ စခန်းအပါအဝင် သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ ရခိုင်ပြည်နယ်အတွင်းက စစ်တပ်စခန်းအားလုံး တခုမကျန် သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန် မြှင့်တင်သွားမယ်လို့ ရခိုင့်တပ်တော်- AAက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ 

မောင်တောမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ဖို့ကြိုးစားနေပြီး ကစဉ့်ကလျားထွက်ပြေးကာ တိုက်တာအဆောက်အအုံနဲ့ လူနေအိမ် အချို့မှာ ပုန်းခိုလွတ်မြောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ ၎င်းတို့သင်တန်းပေးထားတဲ့ လက်နက်ကိုင်တွေ၊ ARSA RSO ARA စတဲ့ အကြမ်းဖက်လက်နက်ကိုင်တွေကို လိုက်လံရှင်းလင်းနေတယ်လို့ AA က ဆိုပါတယ်။

လက်ရှိမှာ မောင်တောမြို့ပြင်က အမှတ် နယ်ကြားစောင့်ရဲတပ်ရင်း- နခခ စခန်းတခုသာ သိမ်းပိုက်ဖို့ ကျန်ရှိတော့ပြီး  ဒီစခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ထိုးစစ်အရှိန်ဆက်လက်မြှင့်တင်သွားမယ်ဆိုပြီး AA က စက်တင်ဘာ ၂၇ ရက်ညမှာ တရားဝင်ကြေညာလိုက်တာဖြစ်ပါတယ်။

ဒါ့အပြင် ယခုရက်ပိုင်းအတွင်းဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ပတ်သက်တဲ့အခြေအနေကိုလည်း တပါတည်းထုတ်ပြန်ထားပါတယ်။

အမ်းမြို့နယ် ကျောက်စကွဲကျေးရွာအနီးမှာ စစ်ကောင်စီရဲ့ စကခ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၃၄၆၊ ၃၇၃နဲ့ ၃၇၂ တပ်ရင်းတို့က စုပေါင်းထားတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်းနဲ့ စက်တင်ဘာ ၂၆ ရက်နေ့က နာရီခန့်ကြာတဲ့တိုက်ပွဲ ဖြစ်ခဲ့ ရာမှာ စစ်သားအလောင်း လောင်း၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့ တယ်လို့ ဆိုပါတယ်။ 

စက်တင်ဘာ ၂၇ ရက် မနက် ၁၀ နာရီခန့်မှာလည်း တိုက်ပွဲထပ်ဖြစ်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ  ရှိတာကြောင့် တပ်ဆုတ်သွားတယ်လို့ အသိပေးထားပါတယ်။

ထို့အပြင် ဂွမြို့နယ် ကျောက်ပါးစပ်ရွာ ကျိန္တလီကားလမ်းမအနီးက တောင်ကုန်းမှာလည်း စက်တင်ဘာ ၂၄ ရက်နေ့က ၂နာရီ ကျော်ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

AA က ထိုးစစ်စင်တိုက်ခိုက်မှုတွေအရှိန်မြင့်မယ်လို့ ကြေညာထားတဲ့အတွက် တိုက်ပွဲတွေပိုမိုပြင်းထန်လာနိုင်တာကြောင့် ဂွမြို့နယ်က ဒေသခံတွေဟာ ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်း၊ ရေကြည်၊ ဟင်္သာတ စတဲ့မြို့တွေဘက် တိမ်းရှောင်နေကြ တယ်လို့လည်း သိရပါတယ်။  

ရခိုင်ပြည်နယ်မှာဖြစ်နေတဲ့တိုက်ပွဲတွေမှာ  အရှုံးနဲ့ရင်ဆိုင်နေရတဲ့ စစ်ရှုံးစစ်ကောင်စီဟာ ဒီစက်တင်ဘာလအတွင်းမှာပဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် စစ်သုံပန်းအချို့နဲ့အရပ်သားပြည်သူတွေ သေဆုံးခဲ့ရပါတယ်။  


ရခိုင့်တပ်တော်က ရခိုင်ပြည်နယ်ထဲက ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ မြေပုံ၊ ပုဏ္ဏားကျွန်း ဘူးသီးတောင်၊ ရမ်းဗြဲ နဲ့ သံတွဲ မြို့နယ်တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် မောင်တော၊စစ်တွေ၊အမ်း ၊တောင်ကုတ်၊ဂွ မာန်အောင်စတဲ့ မြို့နယ်တို့ကိုသာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိတော့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


📌📌 ၃။ အာဏာသိမ်းစစ်အုပ်စုရဲ့  ဖိတ်ခေါ်မှုဟာ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်သာဖြစ်တယ်လို့ TNLA တုန့်ပြန်


စက်တင်ဘာ(၂၈)ရက်

 

အရပ်သားတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်တာဟာ စစ်အာဏာရှင်တွေရဲ့ လှည့်ကွက်သာဖြစ်တယ်လို့ တအာင်းတပ်မတော်-PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေ လက်နက်စွန့်ပြီး ပါတီထောင်ကာ စစ်ကောင်စီကလုပ်မယ့် ရွေးကောက်ပွဲမှာဝင်ပြိုင် ဖို့  စက်တင်ဘာ ၂၆ရက်မှာ ဖိတ်ခေါ်ထားတာနဲ့ပတ်သက်လို့ TNLA ဘက်က အခုလို တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်-PDF တွေကို ရွေးကောက်ပွဲဝင်ခိုင်း တာဟာ သူတို့ထံမှာ လက်နက်ချ အညံ့ခံခိုင်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ နိုင်ငံရေးနည်းလမ်းအရ ဆွေးနွေးမှုတွေေလုပ်ချင်တယဆိုရင် ပထမဦးဆုံးအနေနဲ့ အာဏာစွန့်ဖို့လိုသလို အမှားကျူးလွန်ခဲ့တာ ပြစ်မှုကျူးလွန်ခဲ့တာတွေကို ဝန်ခံရင်တောင်မှာ ဆွေးနွေးဖို့ စဉ်းစားနိုင်မယ်လို့ မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့မှာပါဝင်တဲ့ တအာင်းတပ်မတော်-PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက သတင်းဌာနတွေကို ပြောထားပါတယ်။။

စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာ လက်ရှိအချိန်မှာ သူတို့ရင်ဆိုင်နေရတဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ နယ်မြေစွန့်လွှတ်လိုက်ရတာတွေ များလာတာ စတဲ့ ဖိအားကြုံနေရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို စိတ်ဓာတ်မြှင့်တင်နိုင်ဖို့ ဖန်တီးခြင်းသာဖြစ်တယ် လို့ လွေးယေဦးက ဆိုပါတယ်။

စစ်ကောင်စီက အခုလိုဖိတ်ခေါ်လိုက်ပေမယ့် တဖက်မှာ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်လုပ်လာတာ ကို တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေတင်မကဘဲ အရပ်ဘက်အဖွဲ့အစည်းတွေကလည်း ဝေဖန်ပြောဆိုနေကြပါတယ်။ 

TNLA ဟာ ၁၀၂၇ စစ်ဆင်ရေး ပထမပိုင်းမှာ စစ်ကောင်စီတပ်စခန်း ၈၀ ကျော်နဲ့ မြို့ ၇မြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး ဒုတိယပိုင်းမှာလည်း နောက်ထပ် မြို့ မြို့နဲ့ စစ်ကောင်စီတပ်စခန်းများစွာ သိမ်းပိုက်ထားနိုင်တဲ့ တိုင်းရင်သားလက်နက်ကိုင် တပ်ဖွဲ့တခုဖြစ်ပါတယ်။

နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းဖို့ စစ်ကောင်စီကဖိတ်ခေါ်တာနဲ့ပတ်သက်လို့ ကချင်လွတ်လပ်ရေး တပ်မတော်-KIA၊ကရင်အမျိုးသားအစည်းအရုံး KNU တို့လို အင်အားကြီးလက်နက်ကိုင်အဖွဲ့တွေကလည်း ယုံကြည်စရာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။


========================


📌📌 ၄။ လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ စစ်ကောင်စီလုပ်ရပ်ဟာ ထာဝရအရှက်ရစေမယ့်အပြုအမူလို့ MNDAA ပြော


စက်တင်ဘာ(၂၈)ရက်


လားရှိုးမြို့ကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့တဲ့ စစ်ကောင်စီ လုပ်ရပ်ဟာ စစ်တပ်သမိုင်းမှာ ထာဝရအရှက်ရစေမယ့် အပြုအမူလို့ MNDAA ပြောဆိုလိုက်ပါတယ်။

ကိုးကန့်တပ်မတော်-MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက တလနီးပါးအတွင်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်မှု ကြိမ် ပြုလုပ်ခဲ့တာကြောင့် ဒေသခံပြည်သူ ဦးသေဆုံးပြီး ၃၈ ဦး ဒဏ်ရာရခဲ့တာနဲ့ပတ်သက်လို့ MNDAA က တရုတ်ဘာသာနဲ့ ထုတ်ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်။

စက်တင်ဘာ ၂၇ရက်က ဗုံးကြဲတိုက်ခိုက်ခဲ့မှုမှာဆိုရင် အရပ်သား ဦးသေဆုံးပြီး ဦး ဒဏ်ရာရသွားတဲ့အပြင် လားရှိုးမြို့မှာ အကြီးဆုံးဖြစ်တဲ့ မြို့မဈေးကြီးက ဆိုင်ခန်းတွေနဲ့ အဆောက်အအုံ ထက်ဝက်နီးပါး ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

တိုက်ပွဲတွေငြိမ်သက်ပြီး ဒေသနေပြည်သူတွေ နေရပ်ပြန်လာကြကာ အသက်မွေးဝမ်းကြောင်းလုပ်ငန်းတွေ ပြန်လည် စတင် နေတဲ့အချိန်မှာ စစ်တပ်က လေကြောင်းကနေတိုက်ခိုက်ခဲ့တာဖြစ်တာကြောင့် ဒီအခြေအနေဟာ ဒေသပြည်သူတွေအတွက် ကြေကွဲဖွယ်အခြေအနေဖြစ်ခဲ့ရတယ်လို့လည်း MNDAA က ပြောပါတယ်။

ပြည်သူတို့ရဲ့ အသက်အိုးအိမ်တွေကို လုံးဝဂရုမစိုက်ဘဲ ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူတွေဟာ ပြည်သူလူထုရဲ့ ကဲ့ရဲ့ ပစ်တင်ခြင်းကိုထပ်မံခံရကာ သမိုင်းတွင် ထာဝရ အရှက်ရစေမယ့်မဏ္ဍိုင်အဖြစ် ရှုတ်ချခံရမည်" လို့လည်း MNDAA က  စစ်ကောင်စီရဲ့ လုပ်ရပ်ကို ဝေဖန်ပြောဆိုထားပါတယ်။ 

စစ်ကောင်စီရဲ့ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်-ရမခ အပါအဝင် လားရှိုးမြို့ကို ဩဂုတ် ၃ရက်မှာ MNDAAက အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ရာ စစ်တပ် တိုင်းစစ်ဌာနချုပ်တခုကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့က ပထမဆုံး သိမ်းပိုက်နိုင်ခဲ့တဲ့ မှတ်တမ်းတခုဖြစ်ပါတယ်

လားရှိုးမြို့ကိုသိမ်းပိုက်ပြီးတဲ့နောက် MNDAA ဟာ မြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေလုပ်ကိုင်နေပြီး အုပ်ချုပ်ရေး ယန္တယားလည်ပတ်နိုင်ဖို့ ကြိုးစားနေချိန်မှာ စစ်ကောင်စီက ဩဂုတ် ၃၀ ရက်ကစပြီး ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ဆောင်နေ တာ စက်တင်ဘာလထဲမှာတင် ကြိမ်ထက်မနည်းရှိနေပြီဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ တနင်္သာရီမှာ နှစ်ပေါင်း ၄၀ ကျော်တပ်စွဲခဲ့တဲ့ စစ်တပ်ရှေ့တန်းစခန်းက စစ်သားတွေ စွန့်ခွာထွက်ပြေး  


စက်တင်ဘာ(၂၈)ရက်


တနင်္သာရီမြို့နယ်မှာ နှစ်ပေါင်း ၄၀ ကျော်ကြာတပ်စွဲခဲ့တဲ့ အကြမ်းဖက်စစ်တပ် ရှေ့တန်းစခန်းက စစ်သားတွေ စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့အတွက် ဒီစခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း နဲ့ စစ်ကြောင်း တို့က သိမ်းယူထားပြီး ထွက်ပြေးသွားတဲ့စစ်သားတွေကို လိုက်လံရှင်းလင်းနေတယ်လို့ တနင်္သာရီတိုင်းစစ်ဌာနက ပြောပါတယ်။

တနင်္သာရီမြို့နယ် သိန္ဓောရွာမှာအခြေစိုက်တဲ့ သိန္ဓောစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စက်တင်ဘာ ၂၅ ရက်မှာ စခန်း ကနေ စွန့်ခွာထွက်ပြေးသွားကြတာလို့ သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တနင်္သာရီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း နဲ့ စစ်ကြောင်း တို့ရဲ့ ထိုးစစ်နဲ့ ပတ်ဆို့တိုက်ခိုက်မှုဒဏ်ကို မခုခံနိုင်တောတာ ကြောင့် စစ်သားတွေ စခန်းစွန့်ခွာထွက်ပြေးသွားတာလို့လည်း တနင်္သာရီတိုင်းစစ်ဌာနက အသိပေးထားပါတယ်။

တနင်္သာရီမြို့နယ် သိန္ဓောရွာမှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ သိန္ဓောစခန်းကို မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေး ပူးပေါင်း စစ်ကြောင်း နဲ့ စစ်ကြောင်း က အခုနှစ် ဧပြီလကုန်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာမှာ အကြမ်းဖက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်ခဲ့တာကြောင့် လနဲ့ချီပြီး တိုက်ပွဲတွေဖြစ်ခဲ့တယ်လို့ သိရပါတယ်။

ခုလို တိုက်ပွဲပြင်းထန်ခဲ့ပြီး အကြမ်းဖက်စစ်သားတွေ ထိခိုက်ကျဆုံးမှုများကာ စခန်းလက်လွှတ်ရခါနီးအချိန်မှာမြေပြင်စစ်ကူ အင်အားအများအပြား ထပ်မံရောက်ရှိလာတဲ့အတွက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်းဟာ ထိုးစစ်ဆင်တာကို ယာယီရပ်နားခဲ့ပြီး စခန်းကို အဆက်မပြတ်ဝန်းရံပိတ်ဆို့ထားခဲ့တယ်လို့ ပူးပေါင်းစစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အဆက်မပြတ်ဝိုင်းဝန်းပိတ်ဆို့ခံထားရတဲ့ အကြမ်းဖက်စစ်သားတွေဟာ ထပ်ပြီး တောင့်မခံနိုင်တော့တာကြောင့် စက်တင်ဘာ ၂၅ ရက်နေ့မှာ စခန်းစွန့်ခွာထွက်ပြေးသွားတာလို့ဆိုပါတယ်။  

အင်အား ၁၅၀ ခန့်နဲ့ တပ်ဆုတ်သွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ပူးပေါင်းစစ်ကြောင်းထိန်းချုပ်ရာနယ်မြေထဲမှာပဲ ရှိနေသေးတဲ့ အတွက် သကျက်ကျေးရွာအုပ်စုနဲ့ ညောင်ပင်ကွင်းကျေးရွာအုပ်စုတွေဘက်မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်တာကြောင့် မြိတ်ခရိုင်အတွင်း ခရီးသွားလာကြမယ့် ပြည်သူလူထုအနေနဲ့ တနင်္သာရီတိုင်း စစ်ဌာနက ထုတ်ပြန်ထားတဲ့ အသိပေးချက်တွေအတိုင်း အလေးထားပူးပေါင်းပေးကြဖို့ အသိပေးတိုက်တွန်းထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ သိန္ဓောစခန်းမှာ ၁၉၈၀ ပြည်နှစ်ဝန်းကျင်ကတည်းက အခြေစိုက်တပ်စွဲပြီး ထိုင်း-မြန်မာ နယ်စပ်မှာရှိတဲ့ ဝါးနွယ်စခန်း၊ လေကေစခန်းနဲ့ ပွိုင့် ၃၀၀၀ စခန်းတို့ကို အုပ်ချုပ်ထောက်ပံ့မှုပေးနေတဲ့ အဓိကကျတဲ့ ရှေ့တန်း စခန်းဖြစ်တယ်လို့သိရပါတယ်။


========================


🚩🚩 ၂။ ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က Drone နဲ့ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ဒေသခံရွာသား ဦး သေဆုံးကာ ဦးဒဏ်ရာရ 


စက်တင်ဘာ(၂၈)ရက်

 

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ တိုက်ပွဲမရှိဘဲ စစ်ကောင်စီတပ်က Drone နဲ့ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ဒေသခံရွာ သား ဦး သေဆုံးကာ ဦးဒဏ်ရာရသွားတယ်လို့ ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က ပြောပါတယ်။ 

ကန့်ဘလူမြိုနယ် စံပါယ်နံ့သာရွာစစ်တပ်အထိုင်စခန်းက စစ်ကောင်စီတပ်ဖွဲ့ဟာ ဒီနေ့ စက်တင်ဘာ ၂၈ ရက် မနက် ၁၁ နာရီ  မှာ မှန်နီပင်ရွာကို Drone နဲ့ ဗုံးသီးချတိုက်ခိုက်တာကြောင့် အပြစ်မဲ့ ပြည်သူ ဦး သေဆုံးသွား‌တယ်လို့ ဆိုပါတယ်။ 

စံပါယ်နံ့သာစစ်ကောင်စီအထိုင်စခန်းက စစ်ကောင်စီတပ်ဟာ မနေ့ စက်တင်ဘာ ၂၇ ရက် ညနေပိုင်းကလည်း ရေရှင်ကြီးရွာ ကို Drone နဲ့  ဗုံးသီး လုံးချတိုက်ခိုက်ခဲ့တဲ့အတွက် အပြစ်မဲ့ပြည်သူ ဦးထိခိုက်ခဲ့ရာမှာ ၎င်းတို့ထဲက ခရီးသွားပြည်သူ အမျိုးသားတဦး ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ရေရှင်ကြီးရွာဟာ စံပါယ်နံ့သာရွာနဲ့ ငှက်ပျောတိုင်းရွာကြား ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းမှာရှိတဲ့ ကျေးရွာဖြစ်ပြီး စစ်ကောင်စီအထိုင်စခန်းတွေနဲ့ နီးကပ်နေပေမယ့် စစ်ဘေးရှောင်ရတာနည်းတဲ့ ရွာငယ်တရာဖြစ်တယ်လို့ သိရပါတယ်။ 

အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဟာ ရေရှင်ကြီးရွာကို Drone နဲ့ ဗုံးသီးမချမီ နေလယ် နာရီကျော်အချိန်မှာ သီရိမွန်ရွာကို Mi35 လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စံပါယ်နံ့သာအထိုင်စခန်းကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စံပါယ်နံ့သာအနောက်ဘက် မိုင်အနီးမှာလည်း စစ်ကြောင်းနဲ့တိုးတဲ့ အမျိုးသမီးတဦးကို ပစ်သတ်ထားခဲ့ကာ စံပါယ်နံ့သာအထိုင်စခန်းကို ပြန်သွားပြီးနောက် ရေရှင်ကြီးရွာ ကို Drone ဖြင့် ဗုံးသီးချတဲ့အပြင် ကန့်ဘလူမြို့နယ် သီရိမွန်ရွာကို နေ့လယ်  နာရီ ၃၅ မိနစ်မှာ တံတားဦးကတက်လာတဲ့ Mi35 နဲ့ ပထမအကြိမ်လေကြောင်းတိုက်ခိုက်ခဲ့ပြီး ညနေ  နာရီခွဲမှာလည်း ကန့်ဘလူ 6006 က တက်လာတဲ့ Mi35 နဲ့ သီရိမွန်ရွာနဲ့မေတ္တာမွန်ရွာကြားကို ဒုတိယအကြိမ် လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ စစ်ကြောင်းမထိုးတော့ဘဲ တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေက အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားကာ ရွာစဉ်လှည့်ပြီး Drone နဲ့ ဗုံးသီးချတိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေ သတိနဲ့နေကြဖို့ ကျွန်းလှ ကန့်ဘလူ တက်ကြွ လှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က သတိပေးထားပါတယ်။


========================


🚩🚩 ၃။ ပေါင်းတည်မှာ အစားထိုးဝင်လာတဲ့ အုပ်ချုပ်ရေးအသစ် ထပ်မံရှင်းလင်းခံရ


စက်တင်ဘာ(၂၈)ရက်


ပဲခူးတိုင်း ပေါင်းတည်မြို့နယ်မှာ တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သွားတဲ့ ရွာသစ်ကြီးကျေးရွာ အုပ်ချုပ်ရေးမှူး ဉာဏ်ဝင်းနေရာကို အစားထိုးဝင်လာတဲ့ အုပ်ချုပ်ရေးမှူးအသစ် တင်ဦး တော်လှန်ရေးတပ်တွေရဲ့ ပစ်ခတ်မှု ကြောင့် ထပ်မံသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ပေါင်းတည်မြို့နယ် မှတ္တိုင်တိုက်နယ် ရွာသစ်ကြီးအုပ်စု မြွေကြီးတွင်းရွာမှာနေတဲ့ အုပ်စုအုပ်ချုပ်ရေးမှူးအသစ် တင်ဦးကို  သူ့အိမ်မှာပဲ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ် မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ နဲ့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေး တပ်မတော် ၃၆၀၂ PDF တပ်ရင်း တပ်ခွဲ  တို့က စက်တင်ဘာ ၂၆ ရက်  ညနေ နာရီခွဲခန့်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာ လို့ သိရပါတယ်။  

ရွာသစ်ကြီးအုပ်စုရဲ့ ပထမ အုပ်ချုပ်ရေးမှူးဦးဉာဏ်ဝင်းကို ရှင်းလင်းပြီးတဲ့နောက် အကြမ်းဖက်စစ်ကောင်စီ အလိုကျ လုပ်ပေးနေတဲ့ မြွေကြီးတွင်းရွာက အုပ်ချုပ်ရေးမှူး တင်ဦးကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထပ်မံရှင်းလင်းလိုက်တာ  နေရာမှာတင်ပွဲချင်းပြီးသေဆုံးပါတယ်လို့ ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း  စစ်ထောက် လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံက အတည်ပြုပါတယ်။ 

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးသစ် တင်ဦးဟာ အကြမ်းဖက်စစ်ကောင်စီအလိုကျ စစ်မှုထမ်းစုဆောင်းရာမှာ အားတက် သရော လုပ်ဆောင်ပေးခြင်း၊ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရဲ၊ စစ်တပ်နှင့်ပေါင်းပြီး ဆိုင်ကယ်ဖမ်းတာ  ပေါ်တာ ဆွဲရာမှာ လိုက်ပါဆောင်ရွက်ခြင်း၊ ကျေးရွာအုပ်စုအတွင်း မီတာခနဲ့ တောင်သူလယ်သမားချေးငွေတွေကို ထွေအုပ်စာရေးမနဲ့ ပေါင်းပြီး အတင်းအဓ္မကောက်ခံပေးတာ၊ ဆင်းရဲနွမ်းပါးသူတွေကို မဲပေါက်တယ်ဆိုပြီး စစ်မှုထမ်းခိုင်းတာတွေကြောင့် အခုလို အပြစ်ပေးအရေးယူလိုက်ရတာလို့ အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီနဲ့ပေါင်းပြီး စစ်ကောင်စီအလိုကျ လုပ်ဆောင်ပေးနေတဲ့ ပေါင်းတည်မြို့ပေါ်  ရပ်ကွက် ၁၂ ခုက အုပ်ချုပ်ရေးမှူးတွေနဲ့ စစ်ကောင်စီအလိုကျ လုပ်ကိုင်ပေးနေတဲ့ ဌာနအသီးသီးကဝန်ထမ်းတွေကို  ပြတ်ပြတ်သားသား အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်းက ကြေညာထား ပါတယ်။


========================


🚩🚩 ၄။ ပင်လည်ဘူးတိုက်ပွဲမှာ စစ်ကူရောက်လာတဲ့ ခလရ-၅၀ တပ်ရင်းက ဗိုလ်မှူးခန့်မင်းကို သေဆုံး


စက်တင်ဘာ(၂၈)ရက်


စစ်ကိုင်းတိုင်း ပင်လည်ဘူးမြို့တိုက်ပွဲမှာ စစ်ကူရောက်လာတဲ့ ဂန့်ဂေါမြို့ ခလရ-၅၀ တပ်ရင်းက ဗိုလ်မှူးခန့်မင်းကို သေဆုံးသွားတယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဂန့်ဂေါမြို့ ခလရ-၅၀ တပ်ရင်းမှာ စက်တင်ဘာ ၂၂ ရက်က Mi17 ထောက်ပို့ ရဟတ်ယာဉ် စင်း ဆင်းသက်ခဲ့ပြီးနောက် ဗိုလ်မှူးသက်နိုင်အေးနဲ့ ဒုတပ်ရင်းမှူး ရဲရန်ပိုင်နဲ့ ဗိုလ်မှူးခန့်မင်းကို အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၅၀ခန့်ကို ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

ဂန့်ဂေါမြို့ ခလရ-၅၀ တပ်ရင်းက စစ်ကောင်စီတပ်ဖွဲ့ဟာ စက်တင်ဘာ ၂၆ ရက်မှာ ပင်လည်ဘူးမြို့ကိုရောက်လာပြီး နောက် တရက် စက်တင်ဘာ ၂၇  ဗိုလ်မှူး ခန့်မင်းကို ကျည်ထိမှန်သေဆုံးသွားတယ်လို့ သိရပါတယ်။

တိုက်ပွဲမှာ ဆီးခုံကို ကျည်ထိမှန်တဲ့ဒဏ်ရာနဲ့ သေဆုံးသွားတာလို့ သိရပါတယ်။ ကျန်တဲ့ စခတွေလဲ အကျများတယ်လို့ကြားရ ပေမယ့် အခြေနေအသေးစိတ်တော့ မသိရသေးဘူးလို့ ဒေသတွင်းသတင်းရင်းမြစ် ကိုဘကောင်းက ဒေသတွင်း သတင်းဌာန တွေကို ပြောပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူး ခန့်မင်းကိုရဲ့ နာရေးကို ဂန့်ဂေါမြို့ ခလရ-၅၀ တပ်ရင်းမှာ ဒီနေ့ စက်တင်ဘာ ၂၈ ရက်မှာလုပ်မယ်လို့ လည်း သိရပါတယ်။

ဂန့်ဂေါမြို့ ခလရ-၅၀ တပ်ရင်းမှာ တပ်ရင်းမှူး၊ ဒုတပ်ရင်းမှူးတွေမရှိဘဲ ဗျူဟာမှူးဖြစ်သူကသာ တပ်ကို အဓိကအုပ်ချုပ်နေ တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သေဆုံးသွားတဲ့ ဗိုလ်မှူး ခန့်မင်းကိုဟာ ဂန့်ဂေါမြို့က ပျူစောထီးခေါင်းဆောင်တဦးဖြစ်တဲ့ P2 ဖိုးဇော်ရဲ့သမီးနဲ့ အိမ်ထောင်ကျ ထားသူဖြစ်ပြီး သူ့ဇနီးကလည်း ဗိုလ်မှူး ခန့်မင်းကို သေဆုံးသွားပြီဆိုတာ အတည်ပြုထားတယ်လို့ သိရပါတယ်။

ပင်လည်ဘူးမြို့ကို KIA PDF ပူးပေါင်းတပ်တွေ ပြီးခဲ့တဲ့ ဩဂုတ်လကတည်းက ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိမှာ ပင်လည်ဘူးမြို့က စစ်စခန်းအချို့ကို စက်တင်ဘာ ရက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment