28th SEP 2024 - Morning Daily News by Radio NUG

 

၂၀၂၄ စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ဝါဒ အတွေးအခေါ်၊ စစ်အာဏာရှင် အတွေးအခေါ်ကို ထောက်ကန်ပေးထားတဲ့ နာမ်ပိုင်းဆိုင်ရာ‌တော်လှန်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြော

📌 ၂။ အဓိကစီးပွားဖက် AVIC မှတဆင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော စစ်ရာဇ၀တ်မှုများနှင့် ဆက်စပ်နေသည့် Airbus ကို Justice For Myanmar နှင့် Info Birmanie မှ တောင်းဆို

📌 ၃။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေးအတွက် ဗဟုသုတမျှဝေခြင်းသင်တန်းကို မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား/သင်တန်းသူ (၂၀၀) ဦး တက်ရောက်ခဲ့

📌 ၄။ ကနီမြို့နယ် ပါဟဲရွာကို ချောင်းရေတိုက်စား၍ ရေကာတာအပါအဝင်၊ အခြားပျက်ဆီးဆုံးရှုံးမှုများရှိ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် စစ်ဒေသတွင် ပြဇာတ်နှင့် လူထုဟောပြောပွဲ ပြုလုပ်

🚩 ၂။ မတ္တရာမြို့နယ် တိုက်နယ် ၃၊ ဇိုဂမ်နယ်မြေနှင့် ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကာက်ယူမည့်သူများကို ပြတ်သားစွာ အရေးယူမည်ဟု ထုတ်ပြန်

🚩 ၃။ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား

🚩 ၄။ ခြေဆေးရွာအနီး PDF တပ်စခန်းကို စကစတပ်မှ ဝင်ရောက်တိုက်ခိုက်၊ စကစတပ်သား ၁၈ဦး သေဆုံး

🚩 ၅။ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား သုံးဦးကို သတ်ဖြတ်ခဲ့

🚩 ၆။  ပေါက်မြို့နယ်၊ ဘုရားတောင် ဘုန်းကြီးကျောင်းနှင့် နဂါးပွတ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှု သံဃာတော် ပါးပျံလွန်တော်မူ

🚩 ၇။ ကန့်ဘလူမြို့နယ် ရေရှင်ကြီးရွာအား စစ်ကောင်စီတပ်မှ Drone ဗုံးသီးချ၊ ပြည်သူရှစ်ဦးထိခိုက်ပြီး တစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်ဝါဒ အတွေးအခေါ်၊ စစ်အာဏာရှင် အတွေးအခေါ်ကို ထောက်ကန်ပေးထားတဲ့ နာမ်ပိုင်းဆိုင်ရာ‌တော်လှန်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယာယီသမ္မတပြော


စက်တင်ဘာလ၂၇ရက်။

Radio NUG

စစ်ဝါဒ အတွေးအခေါ်၊ စစ်အာဏာရှင် အတွေးအခေါ်ကို ထောက်ကန်ပေးထားတဲ့ နာမ်ပိုင်းဆိုင်ရာ‌တော်လှန်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးစီးကျင်းပသည့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် [၃၆] နှစ်ပြည့် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့၏ ယာယီသမ္မတ ဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။


"၂၀၂၁ စစ်အာဏာသိမ်းမှုဟာ လက်နက်ကိုင်ထားရင် လုပ်ချင်တာ လုပ်လို့ ရတဲ့ဆိုတဲ့ အာဏာရှင်စရိုက်ကို အပီအပြင် ပြသလိုက်တာဖြစ်တယ်လို့ ယူဆပါတယ်။ လူထုရဲ့ ဆန္ဒသဘောထားကို လက်နက်နဲ့ ချေဖျက်လို့ရတယ်လို့ မြန်မာစစ်တပ်ခေါင်းဆောင်တွေက ယူဆနေတာတွေ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့ နိုင်ငံကို အကြီးကျယ်ဆုံး ဒုက္ခပေးနေတဲ့ စစ်အာဏာရှင်အတွေးအခေါ်ဖြစ်တယ်လို့ ပြောနိုင် ပါတယ်။ ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေးမှာ ရုပ်ပိုင်းဆိုင်ရာ တော်လှန်ရေးတွေနဲ့တင် ရပ်တန့်နေလို့ မရဘူးလို့ ပြောချင်ပါတယ်။ စစ်ဝါဒ အတွေးအခေါ်၊ စစ်အာဏာရှင် အတွေးအခေါ်ကို ထောက်ကန်ပေးထားတဲ့ နာမ်ပိုင်းဆိုင်ရာ‌တော်လှန်ရေးတွေကိုလည်း ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ဖို့ လိုပါတယ်"လို့ယာယီသမ္မတကပြောပါတယ်။


ဒါ့အပြင် ရှစ်လေးလုံးလုထုတော်လှန်ရေးမှာ ဒီမိုကရေစီကြွေးကြော်သံဟာ အမြင့်မားဆုံး ဟိန်းထွက်ခဲ့သလို၊ နွေဦးတော်လှန်ရေးမှာလည်း အာဏာရှင်စနစ်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ကြွေးကြော်သံဟာ အထက် ဘဝဂ်အထိ ကျယ်လောင် မြည်ဟိန်းခဲ့တာ ဖြစ်တယ်လို့ ယာယီသမ္မတကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ အဓိကစီးပွားဖက် AVIC မှတဆင့် မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေသော စစ်ရာဇ၀တ်မှုများနှင့် ဆက်စပ်နေသည့် Airbus ကို Justice For Myanmar နှင့် Info Birmanie မှ တောင်းဆို


စက်တင်ဘာလ ၂၇ရက်။ 

Radio NUG 


Airbus နှင့် AVIC တို့အကြား သုတေသနနှင့် ပူးပေါင်းဆောင်ရွက်မှုကြောင့် မြန်မာစစ်အုပ်စုထံ ရောင်းချခဲ့သည့် စစ်လေယာဉ်များအား ဒီဇိုင်းရေးဆွဲခြင်းနှင့် ထုတ်လုပ်ခြင်းအတွက်အပါအဝင် တရုတ်စစ်ဘက်ဆိုင်ရာ စက်မှုလုပ်ငန်းများထံ Airbus နည်းပညာကျွမ်းကျင်မှုများ တိုက်ရိုက်စီးဆင်းဖြန့်ဝေသွားနိုင်သည့်အပေါ် အထူးစိုးရိမ်ပူပန်မှုများကို ဖြစ်စေခဲ့ကြောင်း Justice For Myanmar မှ သတင်းထုတ်ပြန်ပါတယ်။


Justice For Myanmar နှင့် Info Birmanie တို့၏ Airbus အားတောင်းဆိုမှုများမှာ -

၁။ Airbus အနေဖြင့် AVIC နှင့် ၎င်း၏ ကုမ္ပဏီခွဲများအပေါ်  ဩဇာလွှမ်းမိုးနိုင်စွမ်းကို အသုံးပြု၍ 

မြန်မာစစ်အုပ်စုထံ စစ်လေယာဉ်၊ စစ်လက်နက်နှင့် ဆက်စပ်ပစ္စည်း လွှဲပြောင်းပေးပို့နေမှုများနှင့် စီစဉ်ထားမှု အားလုံးကို ရပ်ဆိုင်းရန်၊  မြန်မာ့လေတပ် လေယာဉ်အုပ်ရှိ လေယာဉ်များအတွက် လက်ရှိလုပ်ဆောင်ပေးနေသော သို့မဟုတ် ကတိပြုထားသော ပြုပြင်ထိန်းသိမ်းရေး၊ လေ့ကျင့်သင်ကြားရေးနှင့် နည်းပညာပံ့ပိုးမှုမှန်သမျှ ရပ်တန့်ရန် လုပ်ဆောင်ရမည်။


၂။ လက်ရှိမဟာမိတ်ဖြစ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများမှတဆင့် AVIC သည် Airbus နည်းပညာနှင့် ထုတ်ကုန်များကို နည်းလမ်းမျိုးစုံဖြင့် ရရှိနေပြီး၊ ယင်းသို့ရရှိနေမှုသည် AVIC စစ်ဘက်ဆိုင်ရာထုတ်လုပ်ရေး လုပ်ငန်းများအတွက် အကျိုးအမြတ်ရရှိနေကြောင်း သက်သေပြနိုင်ဖွယ်ရှိသည်။ ထိုသို့ အန္တရာယ်ရှိမှုကို သိရှိထားသည့်အတွက် Airbus အနေဖြင့် AVIC နှင့် ၎င်း၏ ကုမ္ပဏီခွဲများဖြင့် လက်ရှိလုပ်ဆောင်နေသော မိတ်ဖက်ဆောင်ရွက်မှုများနှင့် နောင်တွင်ဆောင်ရွက်မည့် မိတ်ဖက်ဆောင်ရွက်မှုမှန်သမျှတွင် တင်ကြိုစိစစ်မှုများ တိုးမြှင့်လုပ်ဆောင်သင့်ပြီး၊ ယင်းတင်ကြိုစိစစ်မှုများကို အများပြည်သူသို့ ထုတ်ပြန်ရမည်။


၃။ AVIC သည် မြန်မာစစ်အုပ်စုနှင့် စီးပွားရေးလုပ်ငန်းအားလုံးကို အဆုံးသတ်ရန် ငြင်းဆိုပါက AviChina မှ ရင်းနှီးမြှုပ်နှံမှုများကို ရုတ်သိမ်း၍ ဆက်ဆံရေးကို အဆုံးသတ်ရမည်ဟု တောင်းဆိုထားပါတယ်။


========================


📌📌 ၃။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေးအတွက် ဗဟုသုတမျှဝေခြင်းသင်တန်းကို မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား/သင်တန်းသူ (၂၀၀) ဦး တက်ရောက်ခဲ့


စက်တင်ဘာလ၂၇ရက်။

Radio NUG

လေကြောင်း၊ လက်နက်ကြီး၊ မိုင်း ဘေးအန္တရာယ် လျော့ချ ကာကွယ်နိုင်ရေးအတွက် ဗဟုသုတမျှဝေခြင်းသင်တန်းကို မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား/သင်တန်းသူ (၂၀၀) ဦး တက်ရောက်ခဲ့တယ်လို့

ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ ကလေးမြို့က စက်တင်ဘာ၂၇ရက်မှာ အသိပေးဖော်ပြပါတယ်။


 အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာန အောက်ရှိ သက်မွေးပညာကော်မတီ(ကလေးခရိုင်) ဖက်ဒရယ်ပညာရေးဘုတ်အဖွဲ့ (ကလေးမြို့) နှင့် Mobile Medical Team MMT (West Division) တို့ ပူးပေါင်း၍ ကြားကာလ မြေပြင်ပြည်သူ့ပညာရေးကျောင်းတစ်ခုတွင် ကျင်းပခဲ့ရာ သင်တန်းသား/သူ (၂၀၀) ဦး တက်ရောက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကနီမြို့နယ် ပါဟဲရွာကို ချောင်းရေတိုက်စား၍ ရေကာတာအပါအဝင်၊ အခြားပျက်ဆီးဆုံးရှုံးမှုများရှိ


စက်တင်ဘာလ ၂၇ရက်။

Radio NUG 


ကနီမြို့နယ်အတွင်း မိုးအဆက်မပျက်ရွာသွန်းပြီး မဟူတောင်ကျချောင်းရေကနေတစ်ဆင့် ပါဟဲချောင်းအတွင်း ဝင်ရောက်ကာ စက်တင်ဘာ၂၅ရက်နေ့ ညပိုင်း ၁၀နာရီအချိန်ခန့်က ပါဟဲရွာ ကုန်းမြေကိုတိုက်စားခဲ့တာကြောင့် ဒေသခံရွာသားများ ယာယီရေကာတာအရေးပေါ်ပြုပြင်နေကြရတယ်လို့ ဒေသခံ သတင်းအရင်းမြစ်ကသိရှိရပါတယ်။


ကနီမြို့နယ်တွင် မိုးအဆက်မပျက်ရွာနေတာ ၃ရက်၊ ၄ရက် ရှိနေပြီး စက်တင်ဘာလ၊ ၂၅ရက်နေ့ ညကတော့ ချောင်းရေကြီးပြီး ချောင်းတစ်လျှောက် ပါဟဲ ရွာမြေကို တိုက်စားလာတယ်လို့သိရှိရပါတယ်။ 


ချောင်းရေတွေ ရွာထဲအထိတက်လာပြီး  ရွာထဲကဝက် ၊နွား ၊လှည်းတွေ ထွန်စက်တွေ၊ ပဲမျိုး၊ မြေပဲမျိုး၊ စပါးမျိုးတွေ ရေစိုကုန်ပြီး အချို့ချောင်းရေထဲ မျောပါသွားသည့် ပျက်ဆီးဆုံးရှုံးမှုတွေ ရှိတယ်လို့ သိရပါတယ်။


လူအသေအပျောက် မရှိ‌သော်လည်း လူနေအိမ် ၅လုံးခန့် အရေးပေါ် ရွှေ့ပြောင်းရမယ့် အနေအထားရှိတယ်လို့ သေခံသတင်း အရင်းမြစ်ကနေ သိရှိရပါတယ်  


ကျေးရွာလူထု အင်အားနဲ့ ကိုယ်ထူကိုယ်ထ တည်ဆောက်ခဲ့တဲ့ ရေကာတာကြီးပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရှိရပါတယ်။


ရေကာတာပြန်ရိုက်ရမယ် "ရေကာတာ မရှိရင် နောက်ထပ်မိုးများပြီး ယခုလိုချောင်းရေကျလာပါက ရွာတောင်ပျောက်မည့် သဘောရှိလို့ ဒေသခံတစ်ဦးကပြောပါတယ်။


ကနီမြို့နယ်၊  ပါဟဲကျေးရွာသည် အိမ်ခြေ ၁၉၀ ကျော်ရှိပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် စစ်ဒေသတွင် ပြဇာတ်နှင့် လူထုဟောပြောပွဲ ပြုလုပ်


စက်တင်ဘာလ ၂၇ရက်။ 

Radio NUG 


ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA အမှတ် စစ်ဒေသ တစ်နေရာတွင် "စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဟောပြောပွဲနှင့် တော်လှန်ဖျော်ဖြေ တင်ဆက်မှု အခမ်းအနား" ကို စက်တင်ဘာ ၂၆ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLAမှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားတွင် ဒေသခံ ကျေးရွာကာကွယ်ရေးအဖွဲ့နှင့် ပညာရေးအဖွဲ့တို့မှ တာဝန်ရှိသူများက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်တဦးကစစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးနှင့် စစ်သုံးစစ်တိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် ပြည်သူလူထုကို ဟောပြောခဲ့တယ်လို့ သိရပါတယ်။


ဟောပြောပွဲပြီးနောက် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲဘော်များနှင့် ဒေသခံကာကွယ်ရေးအဖွဲ့ ရဲဘော်များမှ တော်လှန်ရေးတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့နောက် အခမ်းအနား၏ အထူးအစီအစဉ်အဖြစ် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ၈၀၃ တပ်ရင်း ရဲဘော်များက စီစဉ်သည့် "ဒါဟာ ဒဏ္ဍာရီ မဟုတ်ပါ" ပြဇာတ်ဖြင့် ပြည်သူလူထုကို ဖျော်ဖြေတင်ဆက်ခဲ့ပြီး အခမ်းအနားတွင် ပြည်သူများက အလှူငွေများ ထည့်ဝင်လှူဒါန်းကြကာ ရရှိသော အလှူငွေအားလုံးကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ကျေးရွာပညာရေးအဖွဲ့ထံသို့ ပြန်လည်လှူဒါန်းခဲ့ကြာင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၂။ မတ္တရာမြို့နယ် တိုက်နယ် ၃၊ ဇိုဂမ်နယ်မြေနှင့် ထားဝယ်မြို့နယ်အတွင်း သန်းခေါင်စာရင်းကာက်ယူမည့်သူများကို ပြတ်သားစွာ အရေးယူမည်ဟု ထုတ်ပြန်


စက်တင်ဘာလ ၂၇ရက်။

Radio NUG


မတ္တရာမြို့နယ် တိုက်နယ်-3အတွင်း သန်းခေါင်စာရင်းကောက်ယူရန် ကူညီပါဝင်သော မည်သူ့ကိုမဆို ပြတ်သားစွာအရေးယူမည် ဖြစ်ကြောင်း မိုးကြိုးစစ်ကြောင်း တိုက်နယ်-3ပကဖမှ ထုတ်ပြန်ထားပါတယ်။


အကြမ်းဖက်စစ်တပ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အောက်တိုဘာ ()ရက်နေ့မှစ၍ အိမ်ထောင်စုစာရင်း သန်းခေါင်စာရင်းများ ကောက်ခံမည်ဟု ထုတ်ပြန်ထားသည်ကို သိရှိရပြီး အဆိုပါကောက်ခံမှုကို လူအားစိတ်အားဖြင့် ပါဝင်အားပေး ကူညီသူ မှန်သမျှအား မိုးကြိုးစစ်ကြောင်းမှ ပြင်းထန်စွာအရေးယူမည်ဖြစ်ကြောင်း အသိပေးထားပြီး စစ်ကောင်စီအဓွန့်ရှည်စေရန် ပြုမူသော မည်သည့်အပြုအမူကိုမျှ ခွင့်မပြုပါဟု ဖော်ပြထားပါတယ်။


အလားတူ အများပြည်သူ အကျိုးအတွက်မဟုတ်ဘဲ မိမိတို့အာဏာ သက်ဆိုးရှည်ရေးအတွက် အဓမ္မကြိုးပမ်းခြင်းသာ ဖြစ်သည့်အတွက် Zogam အတွင်း အိမ်ထောင်စု စာရင်းကောက်ယူခြင်းကို အားပေး၊ ကူညီသည့် မည်သူ့ကိုမဆို ပြတ်သားစွာ အရေးယူမည်ဖြစ်ကြောင်း ZFU/PDF Zolandမှ ထုတ်ပြန်ထားပါတယ်။


ထို့အပြင် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (Dawei Defense Team-DDT)မှလည်း ပြည်သူ့ဆန္ဒမပါဘဲ   စစ်ကောင်စီတပ်မှ ဦးစီးကျင်းပနေသည့် အတုအယောင် ရွေးကောက်ပွဲကို နည်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်သွားမည် ဖြစ်သည့်အတွက် ၎င်းအတုအယောင်ရွေးကောက်ပွဲ ဖြစ်မြောက်ရေးကို  စစ်ကောင်စီတပ်အလိုကျ သန်းခေါင်စာရင်း လိုက်လံကောက်ယူပေးမည့် ထောင်တိုင်များကိုလည်း တပ်ဖွဲ့မှ  ပြည်သူ့ဆန္ဒအတိုင်း အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေး ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာအနီး တိုက်ပွဲဖြစ်ပွား


စက်တင်ဘာလ ၂၇ရက်။ 

Radio NUG 


စက်တင်ဘာလ ၂၄ရက်နေ့တွင် အမတ(၃၀၆)မှ ဘန်းလမွတ်ရွာဘက်သို့ ထိုးတက်လာသော အင်အား (၇၄)ယောက်ပါ စစ်ကောင်စီစစ်ကြောင်းကို ကတဲလိပ် ဆီအုန်းကုန်းအရောက် နံနက်(:၄၅)အချိန်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်ခွေး()ဦးသေ၊ ()ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် အမတ(၃၀၆)မှ လက်နက်ကြီး (၈၁)သီး သုံးလုံး ဘန်းလမွတ်ရွာထဲသို့ ပစ်ခတ်ခဲ့ကြောင်း တောဗုံးကြီးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဇုံ-)မှ သတင်းထုတ်ပြန်ပါတယ်။


အလားတူ ဘန်းလမွတ်ကျေးရွာ၊ လယ်ဦးရေတံခွန်အနီးတွင် (:၄၅)အချိန်၌ တောဗုံးကြီးတပ်ဖွဲ့မှ ရဲဘော်များနှင့် စစ်ကောင်စီတပ်သားများ ထိတွေ့တိုက်ပွဲ (၁၅)မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


စစ်ကောင်စီဘက်မှ အများအပြားထိခိုက်ဒဏ်ရာရရှိပြီး တောဗုံးကြီးတပ်ဖွဲ့မှ့ ရဲဘော်()ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဝါချက်စတာသေနတ်အမျိုးအစား()လက်၊ (၄၀)မမ ပစ်သေနတ် ()လက်၊ (၄၀)မမကျည်()လုံး၊ ကာဗိုင်ကျည်(၂၀၀)နှင့် ဆက်သွယ်ရေး iconစက်()လုံး၊ ရဲဘော်ဖုန်း()လုံး ဆုံးရှုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ ခြေဆေးရွာအနီး PDF တပ်စခန်းကို စကစတပ်မှ ဝင်ရောက်တိုက်ခိုက်၊ စကစတပ်သား ၁၈ဦး သေဆုံး


စက်တင်ဘာလ ၂၇ရက်။ 

Radio NUG 

စက်တင်ဘာလ ၂၇ရက် မနက် ၅နာရီခန့်မှ စ၍ မြင်းခြံမြို့နယ်အတွင်း ခြေဆေးကျေးရွာအနီးရှိ Myingyan Black Tiger (MBT)တပ်ဖွဲ့၏ စစ်ကြောင်း - အခြေချရာ တပ်စခန်းများအား အင်အား ၁၂၀ ဝန်းကျင်ခန့်ပါ စကစတပ်များမှ စစ်ကြောင်းထိုး၍ ဝင်ရောက်တိုက်ခိုက်ရန် ကြိုးပမ်းခဲ့ကြောင်း Myingyan Black Tiger (MBT)မှ သတင်းထုတ်ပြန်ပါတယ်။


ခံစစ်အခိုင်အမာ တည်ဆောက်ထားပြီး ရဲ့ရင်ပြတ်သား၍ အမိန့်နာခံမှုအပြည့်ရှိသော MBTတပ်ဖွဲ့မှ ရဲဘော်များ၏ တန်ပြန်ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ရန်သူတပ်များမှာ နောက်သို့ ဆုတ်ခွာထွတ်ပြေးခဲ့တယ်လို့ ဖော်ပြထားတယ်။


ထိုအပြင် နံနက် ()နာရီအချိန်၌ မဟာမိတ်တပ်များဖြစ်သော မြင်းခြံခရိုင် အမှတ် (၁၊၂၊၃၊၇၊၈) တပ်ရင်းများ၊ မြင်းခြံခရိုင်ပကဖ၊ စွန်ရဲပြောက်ကျားတပ်ဖွဲ့၊ ရဲခေါင်ပြောက်ကျားတပ်ဖွဲ့၊ အမှတ်၈၁၅တပ်ရင်း (PLA) တပ်ဖွဲ့များမှ တပ်ကူများ လာရောက်ပူးပေါင်း အင်အားဖြည့်တင်းပေးခဲ့ရာ အရှိန်မြင့် တန်ပြန်ထိုးစစ်ဆင်ခဲ့ပြီး စကစတပ်သားများအား ခြေဆေးချောင်းအတွင်း ဝိုင်းဝန်းပိတ်ဆို့ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။


စကစဘက်မှ Drone ()စင်းနှင့်အတူ လေယာဥ် ()စီးဖြင့် အကြိမ်ပေါင်းများစွာ လာရောက်ပစ်ခတ်မှုတို့ကြောင့် အနည်းငယ် ပြန်လည်ဆုတ်ခွာပေးခဲ့ရပါတယ်။


စစ်ပွဲသည် နံနက် ()နာရီမှ နေလယ် (၁၁)နာရီကျော်အထိ ဖြစ်ပွားခဲ့ပြီး ရန်သူ့ဘက်မှ ၁၈ ဦး သေဆုံးခဲ့ကာ  ဖိုးဝှီး (4 Wheel) ကားပေါ်တွင် သယ်ဆောင်သွားတယ်လို့ သိရပါတယ်။


ရန်သူဘက်မှ ထိခိုက်အသေဆုံး များစွာဖြင့် ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး Myingyan Black Tiger (MBT)တပ်ဖွဲ့မှနယ်မြေအား ပြန်လည်ရှင်းလင်းရေး လုပ်ဆောင်နိုင်ခဲ့ကာ MBTတပ်ဖွဲ့အား အင်အားဖြည့်ပူးပေါင်း ကူညီပေးပါသော မဟာမိတ်တပ်ဖွဲ့များအား MBTတပ်ဖွဲ့မှ အထူးပင်ကျေးဇူးတင် အသိမှတ်ပြုပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ စစ်ကောင်စီတပ်က မောင်းမကန်ရွာသား သုံးဦးကို သတ်ဖြတ်ခဲ့


စက်တင်ဘာလ ၂၇ရက်။

Radio NUG 


စစ်ကောင်စီတပ်က တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာခံ အမျိုးသားသုံးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း Democracy Movement Strike Committee မှ သတင်းထုတ်ပြန်ပါတယ်။


အသက်သုံးဆယ်ကျော်အရွယ်ရှိ အမျိုးသားနှစ်ဦးနှင့် အသက်နှစ်ဆယ်ဝန်းကျင် အမျိုးသားတစ်ဦး သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို စက်တင်ဘာလ ၂၇ ရက်၊ နံနက်ပိုင်းက ရွာအနီး ဥယျာဥ်ခြံတခုထဲတွင် တွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


သူတို့သုံးဦးစလုံးကို စက်တင်ဘာလ ၁၂ ရက်၊ ညနေပိုင်းတွင် စစ်ကောင်စီတပ်က နေအိမ်တွေမှာ ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ပြီး ဘယ်ရက်တွင် သတ်ဖြတ်ခံခဲ့ရလဲဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ သိရပါတယ်။


သတ်ဖြတ်ခံခဲ့ရသူ သုံးဦးစလုံးဟာ သာမန်အရပ်သားတွေသာဖြစ်ပြီး အခုလို ဖမ်းဆီးသတ်ဖြတ်မှုဟာ စစ်ကောင်စီတပ်က အရပ်သားတွေအပေါ် စစ်ရာဇဝတ်မှု ထပ်မံကျူးလွန်ခြင်းဖြစ်ကြာင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၆။  ပေါက်မြို့နယ်၊ ဘုရားတောင် ဘုန်းကြီးကျောင်းနှင့် နဂါးပွတ်ရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲမှု သံဃာတော် ပါးပျံလွန်တော်မူ


စက်တင်ဘာလ ၂၇ရက်။

Radio NUG 


စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ နာရီ ၁၂ မိနစ်အချိန်တွင် ပေါက်မြို့နယ်၊ နဂါးပွတ်ကျေးရွာ အရှေ့ဘက် လယ်ကွင်းပြင်ထဲသို့ အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာဖြင့် ဗုံးသီး လုံးကြဲ ချတိုက်ခိုက်ခဲ့ပြီး လူထိခိုက်မှုမရှိကြောင်း၊ အလားတူ ဘုရားတောင်ဘုန်းကြီးကျောင်းကို ဗုံးသီး လုံး ကျဲချပြီး စက်လက်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးပြီး သံဃာတော် ပါး ပျံလွန်တော်မူခဲ့ကြောင်း သိရပါတယ်။


ရွာထဲက မိန်းလမ်းပေါ်မှာလည်း ကျပြီး နေအိမ်တွေ ပျက်စီးတာရှိကာ ရွာထဲကိုလည်း စက်လက်ပစ်သွားတာကြောင့် ရွာသူရွာသားတွေ တိမ်းရှောင်နေရတယ်လို့ သိရပါတယ်။


အလားတူ မကွေးတိုင်း၊ ပေါက်မြို့နယ် ကပစ ၂၄ မှ ၁၂၂ မမ လက်နက်ကြီးဖြင့် ဟောင်ဝှစ်ဇာ လုံးနှင့် ပေါက်မြို့ ပေါ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်တပ်က ၁၂၀ မမ လက်နက်ကြီးဖြင့် တစ်လုံး ရမ်းသမ်းပစ်ခတ်မှုရှိခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်မှ လေကြောင်း၊ လက်နက်ကြီးဖြင့် တိုက်ခိုက်နေမှုကြောင့် ဒေသနေပြည်သူများမှာ ကျေးရွာအတွင်း နေထိုင်ရဲခြင်းမရှိဘဲ ရှောင်တိမ်းနေကြရကြောင်း သိရပါတယ်။


========================


🚩🚩 ၇။ ကန့်ဘလူမြို့နယ် ရေရှင်ကြီးရွာအား စစ်ကောင်စီတပ်မှ Drone ဗုံးသီးချ၊ ပြည်သူရှစ်ဦးထိခိုက်ပြီး တစ်ဦးသေဆုံး


စက်တင်ဘာလ၂၇ရက်။

Radio NUG

စက်တင်ဘာလ ၂၇ ရက်နေ့ ညနေ နာရီ ၃၀ မိနစ်ခန့်တွင် စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ရေရှင်ကြီးရွာအား  စံပါယ်နံ့သာစစ်ကောင်စီအထိုင်စခန်းမှ Droneဖြင့် ဗုံးသီး  လုံးချတိုက်ခိုက်ခဲ့သဖြင့် အပြစ်မဲ့ပြည်သူ ဦးထိခိုက်ခဲ့ရာ ၎င်းတို့ထဲမှ ခရီးသွားပြည်သူအမျိုးသားတစ်ဦး ပွဲချင်းပြီး သေဆုံးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အတည်ပြုဆိုထားပါတယ်။


ရေရှင်ကြီးရွာသည် စံပါယ်နံ့သာရွာနှင့် ငှက်ပျောတိုင်းရွာကြား ရွှေဘို-မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတွင် တည်ရှိသည့် ကျေးရွာတစ်ရွာဖြစ်ကာ စစ်ကောင်စီအထိုင်စခန်းများဖြင့် နီးကပ်သည့် ကျေးရွာဖြစ်၍  အေးရာအေးကြောင်းနေထိုင်ကြသည့် ရွာငယ်လေးဖြစ်ပြီး စစ်ဘေးရှောင်ရသည်မှာလည်း နည်းပါးသည့် ရွာဖြစ်တယ်လို့သိရပါတယ်။


"ရွာထဲ ဗုံးသီးချတာ စုစုပေါင်း လုံးဗျ၊ ပထမအလုံးက နေ့လယ် နာရီခွဲလောက်၊ ဒုတိယအလုံးက နာရီခွဲနဲ့ နောက်ဆုံးအလုံးက  နာရီထိုးခါနီးမှာချတာ။ ရွာထဲလဲ ဘာမှရှိဘူးဗျ၊ဘာကြောင့်ဗုံးသီးချလဲ မသိဘူး။ ရွာထဲမှာ ပြည်သူတွေပဲရှိတာကို ရွာထဲတည့်တည့်ချတာ အကုန်ထိတာ ယောက်၊ အဲ့ထဲက ခရီးသွားပြည်သူ အမျိုးသားတစ်ယောက်တော့ ဒုတိယဗုံးသီးချတဲ့အချိန် နေရာတင် ပွဲချင်းပြီး ဆုံးသွားတယ်"လို့ ဒေသခံတစ်ဦးကဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment