၂၀၂၄ စက်တင်ဘာလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
📌 ၁။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၏ ONE DAY CHALLENGE လှုပ်ရှားမှုသို့ ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပြန်လည်ပေးပို့ခဲ့
📌 ၂။ အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေးမှာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ဆို
📌 ၃။ လားရှိုးထောင်မှလွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်က ပါတီတာဝန်များကို တာဝန်ပေးအပ်ပါကပြန်လည်ထမ်းဆောင်မည်
📌 ၄။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအားကော့သောင်းမှရနောင်းသို့ထွက်ခွာခွင့်ယနေ့မနက်စစ်ကောင်စီဘက်ကစတင်ပိတ်
📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး (၅၆၄၉) နှင့် သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း (၁၁၃၂) ဦးရှိခဲ့
၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ
🚩 ၁။ အကြမ်းဖက်အာဏာသိမ်းအဖွဲ့ကတရားမဝင်လုပ်မယ့် ရွေးကောက်ပွဲက မျှော်လင့်စရာအကြောင်းဘာမှမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
🚩 ၂။ ကသာမြို့နယ်အထက်ပိုင်းကိုရေလမ်းကြောင်းကနေစကစတပ်ရဲ့သင်္ဘောများဆန်တက်နေပြီး ဂျက်လေယာဥ်တစီးအပေါ်မှလုံခြုံရေးလိုက်ပါ
🚩 ၃။ တပ်ပြောင်း၊တပ်ချိန်းလုပ်ရန် ရေစကြိုမြို့ ၂၅၈ တပ်မှ ဗိုလ်ကြီး၏အိမ်ထောင်မှုပစ္စည်းများ သယ်လာသောကားနှင့်တပ်မိသားစုဝင်နှစ်ဦးကို Southern YSO PDF အဖွဲ့မှ ဖမ်းဆီးရရှိ
🚩 ၄။ ရှမ်း/မန်း စစ်ဆင်ရေးဆိုတာ မန္တလေးသားတွေ မန္တလေးကိုပြန်ဖို့ထက် တိုင်းသူပြည်သားအားလုံးကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ဖြစ်တယ်လို့ ဒေါက်တာတေဇာဆန်းပြော
🚩 ၅။ မင်းအောင်လှိုင်ရဲ့ ဆင်ဖြူရှင် စစ်ဆင်ရေး ပေါ်ထွက်လာရင်လည်း ချေမှုန်းခံရမှာပဲဖြစ်တယ်လို့ဆို
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။
========================
📌📌 ၁။ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၏ ONE DAY CHALLENGE လှုပ်ရှားမှုသို့ ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပြန်လည်ပေးပို့ခဲ့
စက်တင်ဘာ၂ရက်
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)၏ ONE DAY CHALLENGE လှုပ်ရှားမှုမှ၂၇ကြိမ်မြောက် ဒေါ်လာတစ်သိန်းပေးပို့ခဲ့သည့်အပေါ် ယာယီသမ္မတ ဒူဝါလရှီးလက မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား ပြန်လည်ပေးပို့ခဲ့ပါတယ်။
စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကော်မတီ(ကိုရီးယား)သည် ၂၀၂၁ခုနှစ် သြဂုတ်လမှ ၂၀၂၄ခုနှစ် သြဂုတ်လအထိ ရရှိခဲ့သော ONE DAY CHALLENGE လှုပ်ရှားမှု ရန်ပုံငွေများအနက်မှ လစဉ် ဒေါ်လာတစ်သိန်းနှင့်ညီမျှသော ဝမ်ငွေအား အမျိုးသား ညီညွတ်ရေးအစိုးရ NUGထံ ပေးပို့လာခဲ့ရာ ၂၀၂၄ခုနှစ် သြဂုတ်လ ၂၈ရက်နေ့အထိ စုစုပေါင်း ဒေါ်လာ ၂.၇သန်းအားပေးခဲ့ပြီးဖြစ်တယ်လို့သတင်းထုတ်ပြန်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ ယာယီသမ္မတ ဒူဝါလရှီးလကလည်း လစဉ် ONE DAY CHALLENGE ထောက်ပံ့ငွေ ဒေါ်လာတစ်သိန်းအား ကောင်းစွာ လက်ခံရရှိကြောင်း မှတ်တမ်းတင် ဂုဏ်ပြုလွှာများအား သြဂုတ်လ ၂၈ရက်နေ့တွင် ၂၇ကြိမ်မြောက် ပေးပို့ခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရNUGက ONE DAY CHALLENGE မင်ဘာဝင်များ၏ လစဉ် ထည့်ဝင်ငွေအား အခွန်ငွေ အဖြစ် သတ်မှတ်ကာ ၆လ တစ်ခါ အခွန်လက်မှတ်များ ထုတ်ပေးခြင်းနှင့် ၁၂လတစ်ခါ ယာယီသမ္မတကြီး၏ မှတ်တမ်းတင် ဂုဏ်ပြုလွှာကို ချီးမြှင့်ပေးအပ်လျက်ရှိပါတယ်။
========================
📌📌 ၂။ အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေးမှာနိုင်စရာအကြောင်းမရှိတော့ဘူးလို့ဆို
စက်တင်ဘာ၂ရက်
အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေးမှာ နိုင်စရာအကြောင်းမရှိတော့ဘူးလို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကဆိုပါတယ်။
"အကြမ်းဖက်စစ်တပ်က စစ်လက်နက်ပစ္စည်းတွေပိုကောင်းပိုမယ်။ဒါပေမယ့် စိတ်ဓာတ်အရရော၊လူအင်အားအရရော တော်လှန်ရေးအင်အားစုတွေကို သူတို့မယှဥ်နိူင်ဘူး။အရေးကြီးဆုံးအချက်ကတော့ပြည်သူလူထုပဲ။ပြည်သူလူထုကသူတို့နဲ့မပူးပေါင်းဘူး။မပါဝင်ဘူး။အဲဒီတော့ ဒီစစ်ပွဲကမင်းအောင်လှိုင်မကလို့ ဘယ်ကောင်ကြီးပဲ လာဦးဆောင်ဦးဆောင် စစ်တပ်ကနိုင်စရာအကြောင်းကိုမရှိဘူး"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ကရင်နီပြည်၊ကချင်ပြည်နယ်နှင့်ရှမ်းပြည်နယ်တို့မှာ နယ်မြေများလက်လွှတ်ရတဲ့အထိစစ်ရှုံးလျက်ရှိနေပါတယ်။
========================
📌📌 ၃။ လားရှိုးထောင်မှလွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်းက ပါတီတာဝန်များကို တာဝန်ပေးအပ်ပါကပြန်လည်ထမ်းဆောင်မည်
စက်တင်ဘာ၂ရက်
မကြာသေးမီက လာရှိုးထောင်မှလွတ်မြောက်လာသော ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဌ ဦးထွန်းထွန်းဟိန်းက ပါတီတာဝန်များကို ပါတီကတာဝန်ပေးပါက ထမ်းဆောင်မည်ဖြစ်ကြောင်း ပါတီမှတာဝန်ရှိသူများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။
ဦးထွန်းထွန်းဟိန်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်ဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ ကြားကာလ စတုတ္ထအကြိမ်အစည်းအဝေးမကျင်းပမီ ပါတီဝင်များအားတက်ရောက်နှုတ်ဆက်ခဲ့ပြီးပြောကြားခဲ့ခြင်းဖြစ်ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဗဟိုကော်မတီ၏ ကြားကာလ စတုတ္ထအကြိမ်မြောက် အစည်းအဝေးကို ဩဂုတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် Zoom မှတဆင့် ကျင်းပခဲ့ပါတယ်။
========================
📌📌 ၄။ အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအားကော့သောင်းမှရနောင်းသို့ထွက်ခွာခွင့်ယနေ့မနက်စစ်ကောင်စီဘက်ကစတင်ပိတ်
စက်တင်ဘာ၂ရက်
အသက်(၁၈)နှစ်မှ (၃၅)နှစ်အတွင်း အမျိုးသားများအားကော့သောင်းမှရနောင်းသို့ထွက်ခွာခွင့်ယနေ့မနက်စစ်ကောင်စီဘက်ကစတင်ပိတ်လိုက်တယ်လို့
စက်တင်ဘာ၂ရက်မှစတင်ကာ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့သို့သွားရောက်အလုပ်လုပ်ကိုင်ခွင့်မပေးတော့တာလို့ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။
အဆိုပါတရားဝင်သွားလာမှုပိတ်ပင်လိုက်တဲ့အတွက်တရားမဝင်ဝင်ရောက်မှုနဲ့လူငယ်တွေတဟာဘေးအန္တရာယ်တွေပိုမိုကြုံတွေ့လာရတော့မယ်လို့ ထိုင်းနိူင်ငံဘက်အလုပ်သမားအရေးလုပ်ဆောင်သူတဦးကလည်းဆိုရှယ်မီဒီယာမှာသုံးသပ်ဆိုထားပါတယ်။
လက်ရှိမှာလည်းရန်ကုန်လေဆိပ်တွင်လူငယ်များအား ပြည်ပထွက်ခွာခွင့်ပိတ်ပင်ထားပြီးလေဆိပ်တွင်အိမ်ပြန်လှည့်ခိုင်းသည့်ဖြစ်ရပ်များပေါ်ပေါက်ခဲ့ပါတယ်။
========================
📌📌 ၅။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး (၅၆၄၉) နှင့် သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း (၁၁၃၂) ဦးရှိခဲ့
စက်တင်ဘာ၂ရက်
အေအေပီပီမှ လက်လှမ်းမှီသမျှ ကောက်ယူထားသော အချက်အလက်များအရ ၂၀၂၁ အာဏာသိမ်းချိန်မှ ဩဂုတ်လ ၃၁ ၊ ၂၀၂၄ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စုက နိုင်ငံရေးအကြောင်းပြချက်ဖြင့် ဖမ်းဆီးခံခဲ့ရသူ အမျိုးသမီး (၅၆၄၉) နှင့် သတ်ဖြတ်ခံခဲ့ရသူ အမျိုးသမီး စုစုပေါင်း (၁၁၃၂) ဦးကို အမည်နှင့်တကွ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။
အဆိုပါ အရေအတွက်များမှာ ရာခိုင်နှုန်းအားဖြင့် ဖမ်းဆီးခံရမှုတွင် (၂၀.၇) ရာခိုင်နှုန်းနှင့် သေဆုံးမှုတွင် (၂၀) ရာခိုင်နှုန်းရှိတယ်လို့ဖော်ပြပါတယ်။
အကြမ်းဖက်စစ်အုပ်စု၏ တရားလက်လွတ်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခြင်းများကို ဆိုးရွားစွာ ရင်ဆိုင်ကြုံတွေ့ရသော်လည်း နွေဦးတော်လှန်ရေး၌ အမှန်တရားအတွက် အမျိုးသမီးထု၏ ရဲရင့်မှုနှင့် မဆုတ်မနစ်ကြိုးပမ်းမှုများမှာ ချီးကျူးဂုဏ်ပြုဖွယ်ရာ၊ လေးစားဖွယ်ရာ၊ အသိအမှတ်ပြုဖွယ်ရာဖြစ်တယ်လို့AAPPကထုတ်ပြန်ပါတယ်။
အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။
========================
========================
🚩🚩 ၁။ အကြမ်းဖက်အာဏာသိမ်းအဖွဲ့ကတရားမဝင်လုပ်မယ့် ရွေးကောက်ပွဲက မျှော်လင့်စရာအကြောင်းဘာမှမရှိဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြား
စက်တင်ဘာ၂ရက်
အကြမ်းဖက်အာဏာသိမ်းအဖွဲ့ကတရားမဝင်လုပ်မယ့် ရွေးကောက်ပွဲက မျှော်လင့်စရာအကြောင်းဘာမှမရှိဘူးလို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ဧရာဝတီသတင်းဌာနနှင့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။
"အာဏာသိမ်းတဲ့နေ့ကစလို့ပြည်သူတွေအပေါ်မှာလည်းနေ့စဥ်ဖမ်းဆီးအကြမ်းဖက်သတ်ဖြတ်၊
ဗုံးကြဲတယ်။ဒီလိုအကြမ်းဖက်အာဏာသိမ်းအဖွဲ့ကတရားမဝင်လုပ်မယ့် ရွေးကောက်ပွဲက ဘာများမျှော်လင့်လို့ရလဲ။ပြည်သူထောက်ခံတဲ့ခေါင်းဆောင်တွေကလည်းအားလုံးထောင်ထဲထည့်ထားပြီးအကျဥ်းချခံထားရတဲ့အချိန်ပေါ့။ဒီလိုရွေးကောက်ပွဲမျိုးကဘယ်လိုအမျိုးသားပြန်လည်သင့်မြတ်ရေးမှမရနိူင်ဘူးဆိုတာနိူင်ငံတကာကရှင်းရှင်းလင်းလင်းနားလည်စေလိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
အကြမ်းဖက်စကစဟာ လက်ရှိမှာလူဦးရေစာရင်းများကောက်ယူရန်ကြံစည်နေပြီး၂၀၂၅ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ကြေညာထားပါတယ်။
========================
🚩🚩 ၂။ ကသာမြို့နယ်အထက်ပိုင်းကိုရေလမ်းကြောင်းကနေစကစတပ်ရဲ့သင်္ဘောများဆန်တက်နေပြီး ဂျက်လေယာဥ်တစီးအပေါ်မှလုံခြုံရေးလိုက်ပါ
စက်တင်ဘာ၂ရက်
ကသာမြို့နယ်အထက်ပိုင်းကိုရေလမ်းကြောင်းကနေစကစတပ်ရဲ့သင်္ဘောများဆန်တက်နေပြီး ဂျက်လေယာဥ်တစီးအပေါ်မှလုံခြုံရေးလိုက်ပါလျက်ရှိတယ်လို့ စက်တင်ဘာ၂ရက်မှာ ထီးချိုင့်TR Teamက အသိပေးဆိုထားပါတယ်။
"သင်္ဘောများ ကသာနယ် အင်းရွာ ကိုကျော်ပြီး အထက်ကို ဆက်ဆန်နေကြောင်း သိရပါတယ်။ဂျက်ဖိုက်တာတစ်စင်းက လုံခြုံရေးပေးလျှက်ရှိနေပါတယ်"လို့ဆိုပါတယ်။
အဆိုပါထီးချိုင့်တွင်ဆိုက်ကပ် ညအိပ်ခဲ့သော စကစ သင်္ဘော(၅)စီးတွင် ကုန်ပစ္စည်းများလည်းသယ်ဆောင်လာပြီးတိုက်ခိုက်ရေးရေယာဥ်များလည်းပါဝင်ပါတယ်။
၄င်းသင်္ဘော(၅)စီးကို Y12 လေယာဉ် မှ လုံခြုံရေးပေးကာ သင်္ဘောပေါ်မှလည်း ကမ်းနားဝဲရာ ကို ရမ်းသမ်း ပစ်ခတ်မှုတို့ရှိခဲ့ပါတယ်။
========================
🚩🚩 ၃။ တပ်ပြောင်း၊တပ်ချိန်းလုပ်ရန် ရေစကြိုမြို့ ၂၅၈ တပ်မှ ဗိုလ်ကြီး၏အိမ်ထောင်မှုပစ္စည်းများ သယ်လာသောကားနှင့်တပ်မိသားစုဝင်နှစ်ဦးကို Southern YSO PDF အဖွဲ့မှ ဖမ်းဆီးရရှိ
စက်တင်ဘာ၂ရက်
တပ်ပြောင်း၊တပ်ချိန်းလုပ်ရန် ရေစကြိုမြို့ ၂၅၈ တပ်မှ ဗိုလ်ကြီး၏အိမ်ထောင်မှုပစ္စည်းများ သယ်လာသောကားနှင့်တပ်မိသားစုဝင်နှစ်ဦးကို Southern YSO PDF အဖွဲ့မှ ဖမ်းဆီးရရှိခဲ့ကြောင်းကို စက်တင်ဘာ၂ရက်မှာ Southern YSO PDF ရဲ့သတင်းထုတ်ပြန်ချက်အရသိရပါတယ်။
တပ်ပြောင်း၊တပ်ချိန်းလုပ်ရန် ပစ္စည်းများ သယ်လာသော ရေစကြိုမြို့ ၂၅၈ တပ်မှ ဗိုလ်ကြီးဇော်လင်း ၏အိမ်ထောင်ပရိဘောဂ ပစ္စည်းအများအပြားအပြင် ကားဒရိုင်ဘာနှင့် ရှမ်းမြောက်ဒေသမှာကျဆုံးသွားသောစကစတပ်ရဲ့တပ်မိသားစုမှ သားအမိ ၂ယောက်ကို Southern YSO PDF အဖွဲ့မှ ဖမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။
စက်တင်ဘာ၁ရက်နေ့မနက်ပိုင်း ပခုက္ကူ-ရေစကြိုလမ်းပိုင်းတနေရာမှာ Southern YSO PDF အဖွဲ့ကလက်ရဖမ်းဆီးရမိခဲ့တာဖြစ်ပါတယ်။
========================
🚩🚩 ၄။ ရှမ်း/မန်း စစ်ဆင်ရေးဆိုတာ မန္တလေးသားတွေ မန္တလေးကိုပြန်ဖို့ထက် တိုင်းသူပြည်သားအားလုံးကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ဖြစ်တယ်လို့ ဒေါက်တာတေဇာဆန်းပြော
စက်တင်ဘာ၂ရက်
ရှမ်း/မန်း စစ်ဆင်ရေးဆိုတာ မန္တလေးသားတွေ မန္တလေးကိုပြန်ဖို့ထက် တိုင်းသူပြည်သားအားလုံးကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ဖြစ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက PVTV ရဲ့ တွေ့ဆုံမေးမြန်းခန်း" အစီအစဉ်မှာ ပြောဆိုလိုက်ပါတယ်။
"ဒီတော်လှန်ရေးကို ကျွန်တော်တို့က ခံစားချက်နဲ့ လုပ်နေကြတာမဟုတ်ဘူး။ ကျွန်တော်တို့ အဆုံးထိသွားမယ် ပန်းတိုင်အထိချီတက်မယ် ဘာတွေပဲခက်ခဲပါစေ ဖြတ်သန်းမယ်ဆိုတဲ့ ခံယူချက်နဲ့လုပ်ခဲ့ကြလို့ အခုအခြေအနေအထိရောက်လာတာ။ ရှမ်း/မန်း စစ်ဆင်ရေးဆိုတာကလည်း မန္တလေးသားတွေ မန္တလေးကိုပြန်ဖို့ထက် တိုင်းသူပြည်သားအားလုံးကိုယ့်အိမ်ကိုယ် ပြန်နိုင်ဖို့ဖြစ်တယ်။ မန္တလေးသားတွေလည်းမန္တလေးပြန်နိုင်ရမယ်၊ ရန်ကုန်သားတွေလည်း ရန်ကုန်ပြန်နိုင်ရမယ် ပြည်သူအားလုံးလည်း ကိုယ်ပြန်ချင်တဲ့ခရီးကို လွတ်လွတ်လပ်လပ်ပြန်နိုင်ဖို့ အားလုံးရဲ့အိမ်ပြန်လမ်းလည်းဖြစ်တယ်။"လို့ဆိုပါတယ်။
ရှမ်းမန်း နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂) ဟာ လားရှိုး၊ ပြင်ဦးလွင် နဲ့ မန္တလေး မြို့ (၃) မြို့ကို စစ်ဦးတည်ထားပြီး အဲဒီ (၃) မြို့ထဲက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ဟာ စစ်အင်အား အတောင့်အတင်းဆုံး ဖြစ်ပေမယ့်လဲ ကိုးကန့် MNDAA၊ ပူးပေါင်းတပ်တွေက သိမ်းယူလိုက်ပြီး ဖြစ်ပါတယ်။
========================
🚩🚩 ၅။ မင်းအောင်လှိုင်ရဲ့ ဆင်ဖြူရှင် စစ်ဆင်ရေး ပေါ်ထွက်လာရင်လည်း ချေမှုန်းခံရမှာပဲဖြစ်တယ်လို့ဆို
စက်တင်ဘာ၂ရက်
မင်းအောင်လှိုင်ရဲ့ ဆင်ဖြူရှင် စစ်ဆင်ရေး ပေါ်ထွက်လာရင်လည်း ချေမှုန်းခံရမှာပဲဖြစ်တယ်လို့ စက်တင်ဘာ၂ရက်မှာ စစ်ရေးသုံးသပ်ချက်များဖော်ပြတဲ့ PDFInsightက အသိပေးဖော်ပြပါတယ်။
ရှမ်းမြောက် တခုလုံး နီးပါး၊ ကချင်၊ စစ်ကိုင်း အထက်ပိုင်း၊ မန္တလေး အထက်ပိုင်း မြို့နယ်တွေကို PDF၊ ပကဖ နဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေထံကို ဆုံးရှုံးလိုက်ရပြီးတဲ့ အကြမ်းဖက် စစ်တပ်ဟာ ဆင်ဖြူရှင် စစ်ဆင်ရေးလို့ နာမည်ပေးထားတဲ့ ထိုးစစ်တခုကို စတင်ဖို့ စီစဉ်နေတယ်လို့ သတင်းတွေ ပေါ်ထွက်လျက်ရှိပါတယ်။ဆင်ဖြူရှင်စစ်ဆင်ရေး ဟာဆိုရင်လဲ မင်းအောင်လှိုင်ရဲ့ နောက်ဆုံး လောင်းကစားပွဲ ပဲ ဖြစ်မှာပါ။ တနိုင်ငံလုံး စစ်ရေး အခြေအနေ အရ စစ်တပ်ဘက်က ထိုးစစ် ဆင်နွှဲလို့ မရနိုင်တော့တဲ့ အခြေအနေမှာ လက်ကျန် တပ်တွေကို မောင်းထည့်ပြီး စစ်အာဏာရှင်တွေရဲ့ အလိုကျ အသေခံခိုင်းဖို့ လုပ်နေတာ ဖြစ်တယ်။ ဆင်ဖြူရှင် စစ်ဆင်ရေး ပေါ်ထွက်လာရင်လဲ ချေမှုန်းခံရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
အဲဒီ နောက်မှာ စစ်တပ်ဟာ စစ်တိုက်ဖို့ အတွေ့အကြုံရှိ တပ်တွေ လုံးဝကို မရှိတော့ သလောက် ဖြစ်သွားပြီး ခံစစ် ကို ဆင်နွဲနိုင်တော့မှာ မဟုတ်ဘဲ မြို့တွေ၊ နယ်တွေ ကို အလျင်အမြန် လက်လွတ် ဆုံးရှုံးရမှာ ဖြစ်တယ်လို့ PDFInsightကဆိုပါတယ်။
အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။
No comments:
Post a Comment