30th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၂။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်း ဖိတ်ခေါ်ခြင်းကို ထောက်ခံကြောင်း ကြံ့ဖွတ်အပါအဝင် နိုင်ငံရေးပါတီ (၂၆)ပါတီ ပူးတွဲထုတ်ပြန်

📌 ၄။ စက်တင်ဘာ ၂၆ ရက်နေ့အထိ ရေဘေးသင့် လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း UN OCHA ထုတ်ပြန်

📌 ၅။ CDM ကျောင်းဆရာမ နေအိမ်အား အကြမ်းဖက် ဝင်ရောက် လုယက်ဖျက်ဆီးပြီး ပိုက်ဆံနဲ့ ပစ္စည်းများ ယူဆောင်သွား

📌 ၆။ တရုတ်အစိုးရ၏ စစ်ကောင်စီကို  ထောက်ပံ့နေခြင်း ချက်ချင်းရပ်ရန်နှင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို လေးစားရန် ကမ်ပိန်း ပြုလုပ်ခဲ့


၂၀၂၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ချီဗွေမြို့ကို KIA KPDF ပူးပေါင်း အဖွဲ့များ သိမ်းပိုက်

🚩 ၂။ မြင်းမူနယ်က ကင်းပတ်နေတဲ့ စစ်သားတွေ ၃ရက်ဆက်တိုက် မိုင်းဆွဲခံရ

🚩 ၃။ တွင်းမကျေးရွာမှ ပြည်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦး သေဆုံး

🚩 ၄။ တော်လှန်ရေး အဖွဲ့ဟန်ဆောင်ပြီး အရပ်သားတွေဆီက ခြိမ်းခြောက်ငွေညှစ်သူ တဦးကို ကန့်ဘလူခရိုင် အမှတ် တပ်ရင်း ဖမ်းဆီးစစ်ဆေး

🚩 ၅။ ကောလင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ကလေး ဦး ဒဏ်ရာရ

🚩 ၆။ ချင်းညီနောင် အဖွဲ့ဝင် CDF မတူပီ တပ်မဟာ () ကို AA မှ လက်နက်ခဲယမ်းတချို့ ကူညီထောက်ပံ့ပေးခဲ့

🚩 ၇။ AA တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့

🚩 ၈။ ရန်ကုန်က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ပစ်သတ်ခဲ့တဲ့ Anonymous Force အဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


စက်တင်ဘာ  ၂၉ 

RadioNUG 


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး(/၂၀၂၄)ကို စက်တင်ဘာလ ၂၉ရက် မနက်(၁၀:၀၀) နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန်မှ အဖွင့်အမှာစကား‌ပြောကြားခဲ့တယ်။


ထို့နောက်  မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့် ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့  အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို  (၁၁:၃၀) နာရီအချိန်တွင် ရပ်နားခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ်နှင့် မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေး


စက်တင်ဘာ ၂၉ 

Radio NUG 


စက်တင်ဘာလ ၂၈ ရက်နေ့က မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) အထွေထွေအတွင်းရေးမှူးချုပ် Mr. Martin Choungon IPU နယူးယောက်ရုံး အကြီးအကဲဖြစ်သူ Ms. Patricia Torsney တို့နှင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသည့် အခြေအနေများအပေါ်  ပူးပေါင်းဆောင်ရွက်သွားနိုင်ရေးအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPHမှ သတင်းထုတ်ပြန်ပါတယ်။


မြန်မာအမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၂၀၂၁ ခုနှစ်၊ အကြမ်းဖက်စစ်တပ်က အရပ်သားအစိုးရထံမှ အာဏာလုယူခဲ့ပြီးနောက် ပြည်သူလူထုက ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားသည့် မြန်မာကိုယ်စားလှယ်များနှင့်အတူ ရပ်တည်ပြီး ပံ့ပိုးကူညီခဲ့မှုများ၊ ပူးပေါင်းဆောင်ရွက်ခဲ့မှုများ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား မြန်မာပြည်သူတို့၏ တရားဝင်ကိုယ်စားပြုသူအဖြစ် အသိအမှတ်ပြုခဲ့ပြီး ညီလာခံအစည်းအဝေးများသို့ တက်ရောက်ခွင့်ပြုခဲ့ခြင်းများ၊ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်အပေါ် အကြမ်းဖက်စစ်တပ်က ကျူးလွန်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ကမ္ဘာတစ်ဝှမ်းက သိရှိအောင် ကြိုးပမ်းခဲ့မှုများအပေါ် ကျေးဇူးတင်စကား ပြောကြားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

 

ထို့ပြင် အကြမ်းဖက်စစ်တပ်က နိုင်ငံတစ်ဝှမ်းတွင် ဆက်လက်ကျူးလွန်လုပ်ဆောင်နေသည့် လေကြောင်းတိုက်ခိုက်မှုများနှင့် အကြမ်းဖက်လုပ်ရပ်များ၊ စစ်မှုထမ်းဥပဒေအရ လူငယ်များအား အတင်းအကြပ်ဖမ်းဆီး၍ စစ်မှုထမ်းခိုင်းစေနေမှုများ၊ လူငယ်များအနေဖြင့် အိမ်နီးချင်းနိုင်ငံများသို့ ထွက်ပြေးပုန်းရှောင်နေရမှုများ၊ ရေကြီးမှုနှင့် ရေကြီးမှုကြောင့် ပြည်သူများစွာ အကူအညီလိုအပ်နေမှုများ၊ အကြမ်းဖက်စစ်ကောင်စီက ပြင်ဆင်လျက်ရှိသည့် အတုအယောင်ရွေးကောက်ပွဲကိစ္စနှင့် မြန်မာ့အရေးအား လက်တွေ့ကျကျ ဖြေရှင်းကူညီရာတွင် နိုင်ငံတကာလွှတ်တော်အသိုက်အဝန်းအနေဖြင့် ဆက်လက်ပူးပေါင်းပါဝင်ပေးစေလိုသည့် ကဏ္ဍများကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

 

နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU)အနေဖြင့် အကြမ်းဖက်စစ်တပ်က တရားမဝင်အာဏာသိမ်းပြီးနောက် မြန်မာပြည်သူများ၊  ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အတူ ရပ်တည်သည့်အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအား IPU တရားဝင်မိတ်ဖက်ဆွေးနွေးသူအဖြစ် သတ်မှတ်ခဲ့ပြီး ညီလာခံအစည်းအဝေးများသို့ ပီပြင်သော လွှတ်တော်တစ်ရပ်မပေါ်ပေါက်မချင်း လေ့လာသူအဖြစ် တက်ရောက်နိုင်ရေး ဖိတ်ကြားသွားရန် ဆုံးဖြတ်ထားပါတယ်။

 

ထို့အတူ မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့အနေဖြင့်လည်း ၂၀၂၃ ခုနှစ်၊ မတ်လတွင် ကျင်းပခဲ့သည့် (၁၄၆) ကြိမ်မြောက်၊ နိုင်ငံတကာပါလီမန်များညီလာခံအစည်းအဝေးမှစ၍ လူကိုယ်တိုင်သွားရောက် တက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်း ဖိတ်ခေါ်ခြင်းကို ထောက်ခံကြောင်း ကြံ့ဖွတ်အပါအဝင် နိုင်ငံရေးပါတီ (၂၆)ပါတီ ပူးတွဲထုတ်ပြန်


စက်တင်ဘာ ၂၉

Radio NUG 


စက်တင်ဘာလ ၂၉ရက် နေ့တွင် စစ်ကောင်စီရဲ့ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်း ဖိတ်ခေါ်ခြင်းကို ထောက်ခံကြောင်း ကြံ့ဖွတ်အပါအဝင် နိုင်ငံရေးပါတီ (၂၆)ပါတီ ပူးတွဲထုတ်ပြန် ကြေညာခဲ့ပါတယ်။


စစ်ကောင်စီ ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် ()ရပ်ပါ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်အာဏာလွှဲအပ်ရေးကို ဦးတည် ဆောင်ရွက်နေသော်လည်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းမပြုဘဲ လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်သည့်နည်းလမ်းကို ရွေးချယ် အသုံးပြုခဲ့ကြသည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းများကြောင့် နိုင်ငံတော်၏ လူသား အရင်းအမြစ်များ၊ အခြေခံအဆောက်အဦများ၊ အပြစ်မဲ့ပြည်သူများ၏ အသက် အိုးအိမ်စည်းစိမ် ဆုံရှုံးမှုများ ဖြစ်ပေါ်ခဲ့ရသည့်အပြင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို များစွာအဟန့်အတား ဖြစ်စေခဲ့ကာ ဤကဲ့သို့ ဖြစ်ပျက်တွေ့ကြုံခံစားနေရမှုများကို ပြည်သူလူထုတစ်ရပ်လုံးက လိုလားကြခြင်းလည်း မရှိကြပါလို့ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌ဆိုထားပါတယ်။


ရေဘေးဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်များနဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် မဲစာရင်းမှန်ကန်မှုကို အထောက်အကူပြုစေမည့် လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းစဉ်တို့ အဆင်ပြေ အေးချမ်းစွာ ဆောင်ရွက်နိုင်ရန်လည်း လိုအပ်တယ်လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် ရေဘေးပြန်လည်ထူထောင်ရေး ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ယူရေးတို့အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ အကြမ်းဖက်အဖွဲ့များအား လက်နက်ကိုင် အကြမ်းဖက် တိုက်ခိုက်သည့် လမ်းစဉ်ကို စွန့်လွှတ်ကာ နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းနိုင်ရေးအတွက် ကမ်းလှမ်းဖိတ်ခေါ်ထားခြင်းကို အပြည့်အဝ ထောက်ခံတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၄။ စက်တင်ဘာ ၂၆ ရက်နေ့အထိ ရေဘေးသင့် လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေကြောင်း UN OCHA ထုတ်ပြန်


စက်တင်ဘာ ၂၉ 

Radio NUG 


မုန်တိုင်း ယာဂိ အကြွင်းအကျန်များနှင့် မုတ်သုံမိုး သည်းထန်စွာရွာသွန်းပြီးနောက်  မြန်မာနိုင်ငံရှိ  မြို့နယ်ပေါင်း ၃၃၀ အနက် ၇၀ ခန့်တွင် ရေကြီးရေလျှံခြင်းများဖြစ်ပေါ်ခဲ့ပြီး  စက်တင်ဘာ ၂၆ ရက်နေ့အထိ ရေဘေးသင့် လူဦးရေ သန်းခန့် ရှိကြောင်း UN OCHAက သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ နေရာအနှံ့ ရေကြီးရေလျှံခြင်းကြောင့် နိုင်ငံ၏ အနောက်မြောက်ပိုင်း၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်တို့တွင် ထိခိုက်ပျက်စီးမှု အများဆုံး  ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဆိုးရွာစွာ ရေလွှမ်းမိုးခဲ့ခြင်းကြောင့် လူဦးရေ ၃၆၀ ကျော် ရေနစ်သေဆုံးခဲ့ပြီး ၁၀၀ ဦးထက်မနည်း ပျောက်ဆုံးနေဆဲဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။


ရေလွှမ်းမိုးမှုကြောင့် နေရာအနှံ့ ပျက်စီးဆုံးရှုံးမှုများရှိခဲ့ပြီး ကောက်ပဲသီးနှံ အများအပြား၊ လယ်မြေများနှင့် မွေးမြူရေး တိရစ္ဆာန်များ ရေနစ်မြုပ်ကာ ရေဘေးသင့် ပြည်သူများ၏ အသက်မွေးဝမ်းကျောင်း လုပ်ငန်းများတွင် ကြီးမားသော ဆုံးရှုံးမှုများ ရှိခဲ့ပါတယ်။


စက်တင်ဘာလ ရက်နေ့မှ စတင်ခဲ့သည့် ရေဘေးသင့်အပြီး ၁၈ ရက်အကြာတွင် လူသားချင်းစာနာမှုဆိုင်ရာ တုံ့ပြန်မှုကို အလျင်အမြန်ရှေ့တိုး‌လုပ်ဆောင်လျက်ရှိပြီး စားနပ်ရိက္ခာ၊ သောက်ရေ၊ အမိုးအကာနှင့် ပတ်ဝန်းကျင်သန့်ရှင်းရေးများအပါအဝင် အရေးပေါ် အကူအညီများကို ရေဘေးသင့်သူတချို့ထံ ပေးဝေထားပြီးဖြစ်သလို အကူအညီများဆက်လက် ရောက်ရှိစေရန်လည်း ကြိုးပမ်းလျက်ရှိတယ်လို့ ဖော်ပြထားပါတယ်။


လိုအပ်မှုနှင့် အကူအညီပေးနိုင်မှုအကြား ကွာဟချက်များ အများအပြား ကျန်ရှိနေသေးပြီး မြင့်တက်လာသော လိုအပ်ချက်များနှင့် လက်ရှိ ရှိနေသော အရင်းအမြစ်များ မမျှတတော့ဘဲ ကနဦး ပြန်လည်ထူထောင်ရေးနှင့် အသက်မွေးဝမ်းကျောင်း အထောက်အပံ့များ အပါအဝင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေး အရေးကြီးလျက်ရှိကြောင်း၊ အကူအညီပေးရေး အဖွဲ့အစည်းများ ထောက်ပံ့ရေးပစ္စည်းများ၊ ထပ်တိုးရန်ပုံငွေများနှင့် ပိုမိုကျယ်ပြန့်သော အတိုင်းအတာဖြင့် အကူအညီဖြန့်ဝေနိုင်ရန် ဝင်ရောက်သွားလာကူညီခွင့်များ ထပ်မံ လိုအပ်လျက် ရှိနေကြာင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ CDM ကျောင်းဆရာမ နေအိမ်အား အကြမ်းဖက် ဝင်ရောက် လုယက်ဖျက်ဆီးပြီး ပိုက်ဆံနဲ့ ပစ္စည်းများ ယူဆောင်သွား


စက်တင်ဘာ ၂၉ 

RadioNUG 


စက်တင်ဘာ ၂၈ ရက် နာရီခန့်တွင် ဂန့်ဂေါမြို့နယ် မြောက်ပိုင်း မောက်ကျေးရွာအတွင်းမှ လူ ၃၀ ကျော်ခန့်ဟာ CDM ကျောင်းဆရာမ နေအိမ် (လင်း ကွန်ပျူတာဆိုင်) အား ခဲများဖြစ် ပစ်ပေါက်ကာ ဆိုင်အတွင်းသို့ ဖျက်ဆီးဝင်ရောက်၍ ဆိုင်အတွင်းမှ ဖုန်းအသစ် ဆယ်လုံးခန့် Bluetooth Box အသစ် ၂၀ ခန့် နှင့် စျေးရောင်းရငွေများကို ခိုးယူသွားပြီး နာရီခန့်တွင် ပြန်သွားကြကြောင်း ယောဒေသရဲ့ ပုံရိပ်အချို့မှာ ဖော်ပြထားပါတယ်။


ပြတင်းပေါက်မှန်များအား ရိုက်ခွဲခဲ့သလို Wifi စက်ကိုလည်း ခိုးယူသွားခဲ့ကာ Wifi စက်၏ ဆက်စပ်ပစ္စည်းများကိုပါ ဖျက်ဆီးသွားကြောင်း သိရပါတယ်။


ခြံဝင်း သံပန်းတခါးကို ဖျက်ဆီးဝင်ရောက်ခဲ့ပြီး အိမ်ရှေ့မျက်နှာစာ တံခါးများအား လောင်စာဆီများ လောင်းချကာ အိမ်ကိုပါ မီးရှို့ရန်ကြံစည်ခဲ့ကြကာ အိမ်ရှင်များ၏ အသက်ကိုလည်း ရန်ရှာခဲ့ကြကြောင်း သိရပါတယ်။


အခင်းဖြစ်ပွားစဥ်အချိန်က ကျေးရွာအုပ်ချူပ်ရေး အဖွဲ့ဝင်များကို ဖုန်းဖြင့် ခေါ်ဆိုခဲ့သော်လည်း လာရောက်ဖြေရှင်းပေးခြင်း မရှိခဲ့သလို အခင်းဖြစ်ပွားပြီးချိန် အုပ်ချူပ်ရေးမှူး အိမ်သို့ သွားရောက်ခေါ်ဆောင်ခဲ့သော်လည်း လိုက်မလာဘဲ မနက်မိုးလင်းမှ ရှင်းပေးမယ်ဟု ပြောဆိုခဲ့ကြောင်းသိရပါတယ်။


အခင်းမဖြစ်ပွားမီ မိနစ်ပိုင်းအလိုခန့်တွင် မောက်ကျေးရွာအတွင်း မီးလိုင်းဖြတ်တောက်ပြီး မကြာခင်မှာ လူ ၃၀ ခန့်က အုပ်စုလိုက် ဝင်ရောက်ကာ အိမ်ကို ဦးစွာ ခဲများဖြင့် ပစ်ပေါက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ တရုတ်အစိုးရ၏ စစ်ကောင်စီကို  ထောက်ပံ့နေခြင်း ချက်ချင်းရပ်ရန်နှင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို လေးစားရန် ကမ်ပိန်း ပြုလုပ်ခဲ့


စက်တင်ဘာ ၂၉

RadioNUG 


တရုတ်အစိုးရ၏ မြန်မာနိုင်ငံအပေါ် လွှမ်းမိုးခြယ်လှယ်နေခြင်းကို ကန့်ကွက်သည့်အနေနှင့် ပြည်သူ့သပိတ်အင်အားစုက တရုတ်အစိုးရ၏  အကြမ်းဖက် စစ်ကောင်စီကို  ထောက်ပံ့နေခြင်း ချက်ချင်းရပ်ရန်နှင့် မြန်မာပြည်သူများ၏ လူ့အခွင့်အရေးကို လေးစားရန်တောင်းဆိုသည့် ကမ်ပိန်းပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


ထို့အတူ တခြားသောနိုင်ငံကြီးအချို့လည်း မြန်မာ၏သယံဇာတများ ရယူလိုမှုများအတွက် အကြမ်းဖက်စစ်ကောင်စီကို ထောက်ပံနေမှုများကိုလည်း ရပ်တန့်ရန်နှင့် မကြာမီ ပြုလုပ်တော့မည့် Credential Committee meeting တွင် အကြမ်းဖက် စစ်ကောင်စီ၏ ကိုယ်စားလှယ် ခန့်အပ်ခံရရန်အတွက် အဆိုပါအဖွဲ့ဝင်နိုင်ငံများကို လွှမ်းမိုးခြယ်လှယ်ခြင်း မပြုလုပ်ရန် တရုတ်အစိုးရကို တောင်းဆိုကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

 ========================

========================


🚩🚩 ၁။ ချီဗွေမြို့ကို KIA KPDF ပူးပေါင်း အဖွဲ့များ သိမ်းပိုက်


စက်တင်ဘာ ၂၉ 

RadioNUG 


စက်တင်ဘာလ ၂၉ ရက်နေ့ နံနက် နာရီမှ စတင်ပြီး ချီဗွေမြို့ရှိ အကြမ်းဖက် စစ်တပ် တပ်စွဲထားသော ပြည်သူ့စစ်စခန်း ချီဗွေမြို့မရဲစခန်း၊ မိုင် စုပေါင်းဂိတ်စခန်းနှင့် ဗျူဟာ တပ်စခန်းကုန်းတို့ကို KIA KPDF ပူးပေါင်း တပ်ဖွဲ့များက ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ညနေပိုင်းတွင် ချီဗွေမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။


စစ်တပ် ကင်းစင်နယ်မြေ တစ်ခုဖြစ်လာသည့် ချီဗွေမြို့ရှိ စစ်စခန်းအားလုံးကို တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်ကောင်စီ တပ်သားအများအပြားကိုလည်း ဖမ်းဆီးနိုင်ခဲ့ကာ လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှုများ အခြေအနေများကို ဆက်လက် ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။


ပြည်သူ့စစ်ခေါင်းဆောင်၊ စစ်ကောင်စီ အကြီးအကဲတွေ ပန်ဝါဘက်ကို ထွက်ပြေးသွားတယ်လို့လည်း ဒေသသတင်း တွေအရ သိရပါတယ်။


========================


🚩🚩 ၂။ မြင်းမူနယ်က ကင်းပတ်နေတဲ့ စစ်သားတွေ ၃ရက်ဆက်တိုက် မိုင်းဆွဲခံရ


စက်တင်ဘာ ၂၉ 

RadioNUG 


စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်အတွင်း ကင်းပတ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းနဲ့ ၃ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း  People’s knight Defense Force Myinmu အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၉ရက်နေ့ မနက် ၉နာရီ ၁၀မိနစ်ခန့်က မြင်းမူ အထက ကနေ ဝမ်းပြည့်ဘက်ကို အိမ်စီးကားနဲ့ ကင်းလှည့်ဖို့ထွက်လာပြီး တိုင်းရင်းသား စားသောက်ဆိုင်ဘေး ကင်းပုန်းဝပ်နေစဉ် ရှေ့ထွက်မိုင်း လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။


တိုက်ပွဲအတွင်းမှာ စစ်အုပ်စုဘက်က တစ်ဦးဒဏ်ရာအပြင်းအထန်ရရှိသွားခဲ့ပြီး အထိနာသွားတဲ့ စစ်အုပ်စုက လက်နက်ကြီးငယ်တွေနဲ့ ကောင်တာပြန်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေထိခိုက်မှုမရှိခဲ့ဘူးလို့သိရပါတယ်။


စက်တင်ဘာ ၂၈ရက်နေ့ ညနေ ၁၀နာရီ ၂၅မိနစ်အချိန်ကလည်း ဝမ်းပြည့်ရွာအနောက်ဘက် ရေဦး ဆီဆိုင်မှာ အထိုင်ချနေထိုင်တဲ့ စစ်ကောင်စီ တပ်သားများ ကင်းလှည့်ရန် ထွက်လာစဉ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စကစတွေရဲ့ ထိခိုက်သေဆုံးမှုကို စုံစမ်းနေတုန်းလို့ ဖော်ပြထားပါတယ်။


စက်တင်ဘာ ၂၇ရက်နေ့မနက် ၈နာရီ ၂၀မိနစ်အချိန်က မြင်းမူမြို့ အထက မှ အိမ်စီးကား စီးနဲ့ ထွက်လာတဲ့ စစ်ကောင်စီ တပ်သားများကို ဝမ်းပြည့်ကျေးရွာအရှေ့ဘက်ရှိ ညောင်သုံးပင်မှာ ရှေ့ထွက်မိုင်း လုံးဖြင့် မိုင်းဆွဲတိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ဦး ပြင်းထန် ဒဏ်ရာရရှိပြီး အိမ်စီးကား စီး မှန်ကွဲ ပျက်စီးခဲ့ပါသေးတယ်။


အဆိုပါတိုက်ခိုက်မှုတွေကို People's knight Defense Force Myinmu (PKDF-MMU) အဖွဲ့က ပြုလုပ်ခဲ့တာဖြစ်‌ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ တွင်းမကျေးရွာမှ ပြည်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရပြီး ဦး သေဆုံး


စက်တင်ဘာ ၂၉ 

Radio NUG


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ တွင်းမကျေးရွာမှ ပခုက္ကူဘက်ကို ပြန်လည်ဆုတ်ခွာလာတဲ့ စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်ခံရပြီး ဦး သေဆုံးခဲ့တယ်လို့ ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို ကမ္မ-ပခုက္ကူလမ်းပိုင်း၊ ကမ္မအရှေ့ဘက် ညောင်ဂျစ်ပင်အရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှု ၁၀ မိနစ်ခန့် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။


ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး နေရာမှာပဲ ပွဲချင်းပြီး သေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာ ရရှိသူများကို ထပ်မံစုံစမ်းနေဆဲ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို ဧရာဒေါင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့၊ BLY ပြည်သူ့ကာကွယ်ရေး ပကဖ၊ မြိုင် ပကဖ၊ ကမ္မ တပ်ပေါင်းစုတို့က ပူးပေါင်း ဆောင်ရွက်ခဲ့ပြီး တော်လှန်ရေး ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ တော်လှန်ရေး အဖွဲ့ဟန်ဆောင်ပြီး အရပ်သားတွေဆီက ခြိမ်းခြောက်ငွေညှစ်သူ တဦးကို ကန့်ဘလူခရိုင် အမှတ် တပ်ရင်း ဖမ်းဆီးစစ်ဆေး


စက်တင်ဘာ ၂၉

Radio NUG


စစ်ကိုင်းတိုင်း၊ ကန့်ဘလူ မြို့နယ်မှာ တော်လှန်ရေးအဖွဲ့အဖြစ် အယောင်ဆောင်ပြီး အရပ်သား ပြည်သူတွေထံက ခြိမ်းခြောက်ငွေညှစ်နေသူ တဦးကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ ကန့်ဘလူခရိုင်၊ တပ်ရင်း ထံက သိရပါတယ်။


တော်လှန်ရေး အဖွဲ့အဖြစ် အယောင်ဆောင် ငွေညှစ်နေသူဟာ ဇီးကုန်းမြို့၊ နဂါးပေါ်ရပ်ကွက်နေ သန်းထိုက်ဦး () ငတီး ဆိုသူဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်နေ့မှာ ကန့်ဘလူခရိုင်၊ အမှတ် တပ်ရင်း၊ စစ်ထောက်လှမ်းရေးဌာနက ဖမ်းဆီးထိန်းသိမ်းခဲ့တာလို့ ဆိုပါတယ်။


လက်ရှိမှာ အယောင်ဆောင် ခြိမ်းခြောက် ငွေညှစ်ခဲ့တဲ့ သန်းထိုက်ဦး () ငတီးကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပြီး လုံခြုံရေးဆိုင်ရာ အခြေအနေတွေကြောင့် ငွေညှစ်ခံရသူတွေရဲ့ အချက်အလက်တွေကို လျှို့ဝှက်ထားရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ လတွေတုန်းက မြင်းခြံ၊ မုံရွာနဲ့ မြို့နယ် တော်တော်များမှာ တော်လှန်ရေး အဖွဲ့တွေရဲ့ ပုံရိပ်ကိုအသုံးချပြီး လုပ်ငန်းရှင်တွေဆီက ဆက်ကြေးငွေ သဘောမျိုး ငွေကောက်ခံတဲ့ ဖြစ်စဥ်တွေ ရှိခဲ့ပါတယ်။


အဆိုပါ အယောင်ဆောင် ငွေတောင်းခံမှုတွေကို ပြည်သူတွေအနေနဲ့ သတိထားကြဖို့နဲ့ လိမ်လည်သူတွေကိုလည်း ထိရောက်စွာ အရေးယူသွားမယ်လို့ အမျိုးသား ညီညွတ်‌ရေး အစိုးရ NUG က အသိပေးထားပါတယ်.


========================


🚩🚩 ၅။ ကောလင်းတွင် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၁၄ ကြိမ်ထိ ပြုလုပ်ခဲ့ပြီး ကလေး ဦး ဒဏ်ရာရ


စက်တင်ဘာ ၂၉ 

Radio NUG


စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်၊ တဂေါင်းအိုင် ကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ၁၄ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အသက် နှစ်အရွယ်ရှိ ကလေးငယ်တဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့  ကောလင်းခရိုင် တပ်ရင်း က ထုတ်ပြန်ထားပါတယ်။


စက်တင်ဘာလ ၂၈ ရက်၊ နေ့လည် ၁၂ နာရီကနေ နာရီခွဲ အချိန်အတွင်း တဂေါင်းအိုင် ကျေးရွာကို Mi-35 ဖြင့် ကြိမ်၊ Mi-2 ဖြင့် ကြိမ် စုစုပေါင်း ၁၄ ကြိမ်ထိ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာပါ။


တိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူပိုင် နေအိမ် လုံးခန့် ပျက်စီးခဲ့ကာ အသက် နှစ်အရွယ် မခိုင်သဇင်ဝင်း ခြေထောက် ထိမှန်ခဲ့ပြီး ဖြတ်ပစ်ရနိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။


အဆိုပါ ကျေးရွာမှာ တိုက်ပွဲဖြစ်ပွားခြင်းလဲ မရှိသလို PDF များလည်းမရှိဘဲ အရပ်သားများ နေထိုင်တဲ့ ကျေးရွာတခုဖြစ်ကာ အရပ်သား ပြည်သူများကို အကြောင်းမဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


အလားတူ ယမန်နေ့ မွန်းလွဲပိုင်းတွင်လည်း အကြမ်းဖက် စစ်တပ်က ကောလင်းမြို့ အနောက် ခြမ်းရှိ ဥက္ကံရွာနှင့် မူတိမ်ရွာအနီးတို့ကိုလည်း Mi-35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ကြိမ် လာရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်တပ်ကလေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် ကျေးရွာ နေပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရှိရသည်။


========================


🚩🚩 ၆။ ချင်းညီနောင် အဖွဲ့ဝင် CDF မတူပီ တပ်မဟာ () ကို AA မှ လက်နက်ခဲယမ်းတချို့ ကူညီထောက်ပံ့ပေးခဲ့


စက်တင်ဘာ ၂၉

Radio NUG


ချင်းပြည်နယ်၊ မတူပီမြို့နယ် အခြေစိုက် ချင်းညီနောင် (Chin Brotherhood) အဖွဲ့ဝင်၊ ချင်းပြည်ကာကွယ်ရေး တပ်ဖွဲ့ - မတူပီ၊ တပ်မဟာ () ကို မဟာမိတ်ဖြစ်တဲ့ အာရက္ခတပ်တော် (AA) က လက်နက်ခဲယမ်း အချို့ ကူညီ ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


စက်တင်ဘာလ ၂၇ ရက်နေ့က မတူပီမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ လက်နက်ခဲယမ်း ကူညီထောက်ပံ့ ပေးအပ်ပွဲ အခမ်းအနားကို CDF မတူပီ တပ်မဟာ () မှ တပ်မမှူး၊ တပ်ဖွဲ့ဝင်တွေ၊ အာရက္ခ တပ်တော် AA မှ တပ်မမှူးတွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


ရခိုင်တပ်တော် နဲ့ မတူပီ (တပ်မဟာ - ) တို့ကြား အားကောင်းလာတဲ့ မဟာမိတ် ဆက်ဆံရေးကို ပိုမိုခိုင်မာစေဖို့ အပါအဝင် စစ်ရေး ပူးပေါင်းမှုတွေကို ယခုထက် ပိုမိုအားကောင်းလာစေရေး၊ အတူတကွ နေထိုင်လာကြတဲ့ အိမ်နီးချင်း လူမျိုးစုတွေကြားမှာ ချစ်ခင်ရင်းနှီးမှု ပိုမိုတိုးတက်လာစေဖို့ ရည်ရွယ်တယ်လို့ မတူပီ (တပ်မဟာ - ) က ထုတ်ပြန်ထားပါတယ်။


ထို့ပြင် ချင်းပြည်နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ ကင်းစင်ရေး တိုက်ပွဲမှာ အိမ်နီးချင်း မဟာမိတ် ပီသစွာနဲ့ ပူးပေါင်း တိုက်ပွဲဝင်ပေးခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေ ထောက်ပံ့ပေးအပ်ခဲ့မှုအပေါ် ချင်းပြည် ကာကွယ်ရေး တပ်ဖွဲ့ - မတူပီ၊ တပ်မဟာ () အနေနဲ့ အာရက္ခတပ်တော် (AA) ကို လေးနက်စွာ အထူး ကျေးဇူးတင်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ AA တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ် ပြန်ပို့


စက်တင်ဘာ ၂၉

Radio NUG 


အာရက္ခတပ်တော် AA တိုက်ခိုက်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို စက်တင်ဘာလ ၂၉ရက်တွင်  ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ပြန်ပို့လိုက်ပြီဖြစ်ကြောင်း ဒေသသတင်းများအရ သိရပါတယ်။


အလားတူ မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦး အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်တယ်လို့လည်း သိရပါတယ်။


ဘင်္ဂလားဒေ့ရှ်၊ Cox's Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin က "မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဘင်္ဂလားဒေ့ရှ်ထဲ ပြေးလာတဲ့ မြန်မာနယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၁၅ ဦးနဲ့ စစ်သား ဦး စုစုပေါင်း ၁၂၃ ဦးကိုလည်း မြန်မာနိုင်ငံဘက်ကို ပြန်ပို့မှာဖြစ်ပါတယ်" ဟု အတည်ပြု ပြောဆိုထားပါတယ်။


========================


🚩🚩 ၈။ ရန်ကုန်က အုပ်ချုပ်ရေးအဖွဲ့ဝင်တွေကို ပစ်သတ်ခဲ့တဲ့ Anonymous Force အဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း စစ်ကောင်စီပြော


စက်တင်ဘာ ၂၉

Radio NUG


ရန်ကုန်တိုင်းအတွင်းက စစ်ကောင်စီရဲ့ အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ပစ်သတ်ခဲ့တဲ့ Anonymous Force အဖွဲ့ဝင် ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက စက်တင်ဘာ ၂၈ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးခံရသူတွေဟာ ကိုခင်မောင်ဌေး () ကျန်ကျောင်း၊ ကိုရဲရင့်အောင် () ကိုရဲ () တင်ထွန်း၊ ကိုထက်ကြီး () ကျော်ကြီး၊ ကျော်စွာအောင် () ကျော်စွာ၊ တင်ဝင်း () ဝင်းချို၊  ကိုအောင်မင်းခန့် () ကျော်ကျော်နန္ဒ၊  မယုနန္ဒာစိုး၊ ကိုအာကာဖြိုး () အောင်မင်းခန့်၊ ကိုလျှန်းထက်အောင်၊ ကိုနေလင်း၊ ကိုတင်လှနဲ့ ကိုမြင့်ကျော်တို့ ဖြစ်ကြပါတယ်။


၎င်းတို့ကို စက်တင်ဘာ ၂၀ ရက်နေ့က ဒဂုံမြို့သစ်တောင်ပိုင်း၊ အမှတ်- ၁၀၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူးတို့ကို သေနတ်နဲ့ ပစ်သတ်ရာမှာ ပါဝင်ခဲ့သူတွေလို့ စစ်ကောင်စီက စွပ်စွဲထားပါတယ်။


ထို့အပြင် ၂၀၂၃ မေလ ၁၃ ရက်နေ့က လှိုင်သာယာမြို့နယ် အမှတ် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်သူကို သတ်ဖြတ်ခဲ့တဲ့အပြင် ပြီးခဲ့တဲ့ ဇွန်လမှာလည်း ကမာရွတ်မြို့မ ရဲစခန်းကို ပစ်ခတ်ဖောက်ခွဲခဲ့တယ်ဆိုပြီးတော့ စွပ်စွဲထားပါသေးတယ်။


စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး Anonymous Force အဖွဲ့ဘက်မှ တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆိုထားတာတော့ မရှိသေးပါဘူး။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment