5th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင် နေတယ် လို့ ယာယီသမ္မတ ပြောကြား

📌 ၂။ မြန်မာ့အရေးကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၃။ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှတရားဥပဒေစိုးမိုးရေးစီမံချက်တစ်ရပ် ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟုထုတ်ပြန်

📌 ၄။ မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသော ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများ နှင့် အခြားသော (EOD) (ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်ဖြင့် ပေးချေ ဝယ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာ

📌 ၅။ စစ်ကောင်စီနဲ့ တရုတ်ရဲ့ ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်မှုကြောင့် ရှမ်းမြောက်ရှိ လူထုတွေအနေနဲ့ ကုန်ပစ္စည်းချင်း ဖလှယ်ပြီး ရောင်းဝယ်အသုံးပြုကြဖို့ TNLA တိုက်တွန်း

📌 ၆။ ၁၀၅ မိုင် ကျေးရွာအုပ်စုရှိ မြန်မာစာသင်ကျောင်းသို့ အထောက်အပံ့ပစ္စည်းများ MNDAA လှူဒါန်း

📌 ၇။ ရန်ကုန်မြို့ပေါ်မှာ ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်

📌 ၈။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ ဆက်လက်တည်ရှိနေရေး ထောက်ခံပွဲကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ကျင်းပမယ်

📌 ၉။ အင်းစိန်ထောင်ဆေးရုံတွင် နိုင်ငံရေး အကျဉ်းသား () ဦး မုဒိမ်းပြုကျင့်ခံခဲ့ရ

📌 ၁၀။ ဩဂုတ်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက အမျိုးသမီး (၇၀) ဦး သေဆုံးခဲ့ပြီး (၅၉) ဦး ဒဏ်ရာရ


၂၀၂၄ ခုနှစ် စက်တင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ⁨Drone ဖြင့် ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် ကမ္မစက်ရုံ ရဲကင်းစခန်း ဆုတ်ခွာ

🚩 ၂။ ဆောထိနှင့် ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ ပြည်သူ (၁၅) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား () ဦး ဒဏ်ရာရ

🚩 ၃။ မြင်းခြံမြို့နယ်တွင် ကားလမ်းပေါ်မှာ ပိုက်ဆံကောက်နေတဲ့ ပျူစောထီး အဖွဲ့တိုက်ခိုက်ခံရပြီး () ဦး သေဆုံး

🚩 ၄။ အရာတော်တွင် စစ်ကောင်စီက အသုံးပြုတဲ့ AheadX တရုတ်ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်းတစ်စင်း သိမ်းဆည်းရရှိ

🚩 ၅။ တန့်ဆည်မြို့နယ်နှင့် ဟားခါးမြို့နယ်တွင် ဒု တပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး လက်နက်များနှင့်တကွ အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင် နေတယ် လို့ ယာယီသမ္မတ ပြောကြား


စက်တင်ဘာ () ရက်နေ့က ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၅ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလက အခုလို ပြောကြားခဲ့ပါတယ်။

"အခု စစ်ကောင်စီ အားထုတ်နေတဲ့ လုပ်ရပ်တွေကို ကြည့်ရင်၊ အကြမ်းဖက် စစ်ခေါင်းဆောင်တွေဟာ သူ့တို့ချည်းသက်သက် ငရဲကို မသွားဘဲ၊ ပြည်သူလူထုကိုပါ ငရဲအထိ ခေါ်ဆောင်ဖို့အတွက် လုပ်ဆောင်နေတာတွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေဟာ စေတနာဖြင့် ငရဲပို့လိုက်သည်ဆိုတဲ့ အနက်သဘောလို ဖြစ်နေတာတွေ့ရပါတယ်။ အထွေထွေ ဆင်းရဲကြပ်တည်းမှုနဲ့ ကြုံနေရတဲ့ ပြည်သူလူထုကို စစ်ကောင်စီဟာ ဒုက္ခတွေ ထပ်တိုးပေးဖို့ ဘယ်သောအခါမှ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး။ ယနေ့ ကြုံတွေ့နေရတဲ့ အထွေထွေအကြပ် အတည်းများဟာ စစ်အာဏာရှင်ကို ထောက်တိုင်ပြုနေတဲ့ တပ်မတော်သားများ နှင့် ၄င်းမိသားစု ဝင်များလည်း ထပ်တူခံစားနေကြတာဖြစ်ပါတယ်။ တိုင်းပြည်ရဲ့ အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ဟာ စစ်အာဏာရှင်စနစ်ကို အမြန်ဆုံး အဆုံးသတ် ဖယ်ရှားနိုင်ဖို့လိုပါတယ်။လို့ ယာယီသမ္မတက ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ မြန်မာ့အရေးကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၂၅/၂၀၂၄) တွင် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မြန်မာ့အရေးကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ  ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့ ပြောကြားလိုက်ပါတယ်။

"အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေးကို ဝိုင်းဝန်းကူညီဖြေရှင်းပေးကြတဲ့အခါမှာ အရေးအကြီးဆုံးက ကျွန်တော်တို့ ပြည်သူများရဲ့ ဆန္ဒကို လေးစားလိုက်နာပြီး ပြည်သူလူထုကို ကိုယ်စားပြုတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းညှိနှိုင်းအဖြေရှာပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်" လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှတရားဥပဒေစိုးမိုးရေးစီမံချက်တစ်ရပ် ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဟုထုတ်ပြန် 


တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့် ရှိစေရန် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍တရားဥပဒေစိုးမိုးရေးစီမံချက်တစ်ရပ် ချမှတ်ကာ အကောင်အထည်ဖော်သွားမှာဖြစ်တယ်လို့ ကရင်နီပြည် ပြည်သူလူထုအားလုံးကို အသိပေးကြောင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)မှ သတင်းထုတ်ပြန်ပါတယ်။

ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပြီး အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် သတိပေးထားပါတယ်။

ယခုအချိန်သည် ပြည်သူလူထုများအကြား လူမှုစီးပွားရေး အခက်အခဲများစွာရှိနေပြီး ဘဝရပ်တည် ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် ကာလဖြစ်တာကြောင့် ပြည်သူလူထုကို ပိုမိုအကြပ်အတည်း ဖြစ်စေသည့်အပြင် တော်လှန်‌ရေးကို ပိုမိုအားနည်းစေသည့် ကြီးလေးသော ရာဇဝတ်မှုများနှင့် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုများ ထူပြောလာနေပြီး ပကတိအခြေအနေတွင် ဖြစ်ပျက်နေသည့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းများက ပြည်သူများအပေါ် သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးသက်ရောက်မှုများ ဖြစ်သည်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနှင့် တော်လှန်ရေး အားကောင်းစေရေးတို့ကို ရှေးရှုလျက်တရားဥပဒေစိုးမိုးရေးစီမံချက်ကို ချမှတ် ရခြင်းဖြစ်တယ်လို့ ဆိုထားပါတယ်။

သို့ဖြစ်ရာ ပြည်သူလူထုနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူ အားလုံးတို့သည် စီမံချက်တွင် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး စီမံချက်ပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များဖြစ်စေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ကာ လိုအပ်ပါက ရာဇဝတ်မှုနှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးများကို ဖော်ဆောင်မှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

အထူးတားမြစ်စီမံဆောင်ရွက်မည့် အကြောင်းအရာများတွင်

အထူးတားမြစ်သွားမည့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများဖြစ်တဲ့  မက်သမ်ဖတမင်း (Methamphetamine) နှင့် ကဖိန်း (Caffeine) တို့ကို ပေါင်းစပ် အခြေခံထားသော  ယာဘ (Ya Ba) ဆေးပြားများ၊ အိုက်(စ်) (Ice) ဘိန်းဖြူတို့ ပါဝင်ကြောင်း၊

အထူးတားမြစ်သွားမည့် တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့်မညီသော လုပ်ငန်းများဖြစ်တဲ့ လိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊ ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊ အထူးတားမြစ်ထားသည့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊ အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊ အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များ၊ တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်းများ ပါဝင်ကြောင်း?

အထူးတားမြစ်သည့် တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင် လက်နက်များ ကိုင်ဆောင်မှု နှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှုများဖြစ်တဲ့ မောင်းပြန် (အော်တို)နှင့် ဆီမီး (အော်တို) သေနတ်များ၊ စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး) ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေသည့် လက်နက်များ၊ မှောင်ခိုနည်းဖြင့် ရောင်း၊ ဝယ်၊ စုဆောင်းထားသည့် ကျည်မျိုးစုံများ၊ တပ်ဖွဲ့၏ ခွင့်ပြုချက်မရဘဲ လက်နက်များ ကိုင်ဆောင်ခြင်းများ ပါဝင်ကြောင်း၊ 

(မှတ်ချက်။ ရပ်ရွာလူထုအတွင်း ကိုင်ဆောင်ထားသည့် ပစ္စတိုများ၊ တစ်ထောင့်ထိုး လက်နက်များ၊ ရိုးရာတူမီးသေနတ်များ၊ လေသေနတ်များ၊ လက်လုပ် လေသေနတ်များနှင့် စပ်လျဉ်း၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) သက်ဆိုင်ရာ မြို့နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ/ကော်မတီတို့အကြား ညှိနှိုင်း၍ လက်နက် ခဲယမ်း စာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ ဖြင့် ကိုင်ဆောင်စေခြင်းတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမည်။)

မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများဖြစ်တဲ့ မြေပြင်လောင်းကစားရုံများ၊ အွန်လိုင်းဂိမ်းများ (Online Game) ဖြစ်ကြသည့် Slot Game ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့အပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြု၍ စီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများ ပါဝင်ကြောင်း ဖော်ပြထားပါတယ်။

တရားဥပဒေစိုးမိုးရေးစီမံချက်နှင့် ပတ်သက်၍ ဤအသိပေးကြေညာချက် ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ () ရက် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်အထိ ပြည်သူများအကြား အသိပညာပေးမှုများ ဆောင်ရွက်မည် ဖြစ်ပြီး အသိပညာပေးကာလ ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်မှစ၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) တို့က စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ  တရားဥပဒေ စိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့  (Special Force)” တို့ကို ဖွဲ့စည်းကာ ၎င်းတို့ကို ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည် ဖြစ်ကြောင်း အသိပေး ကြေညာထားပါတယ်။


========================


📌📌 ၄။ မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသော ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများ နှင့် အခြားသော (EOD) (ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်ဖြင့် ပေးချေ ဝယ်ယူနိုင်ပြီ ဖြစ်ပါကြောင်း အသိပေးကြေညာ


အာဏာရှင်နိဂုံး (EOD) မှ လက်ရှိရောင်းချလျက်ရှိသည့် အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင် မတရားသိမ်းပိုက်ထားသော ခြောက်မိုင်ခွဲ၊ ပြည်လမ်း၊ ရန်ကုန်မြို့ရှိ Inya View အဆောက်အအုံနှင့်ခြံ၏ရှယ်ယာများ နှင့် အခြားသော (EOD) (ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများ အားလုံးကို သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်ဖြင့် ပေးချေ ဝယ်ယူနိုင်ပြီဖြစ်ပါကြောင်း အမျိုးသားညီညွတ်‌ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန အသိပေးကြေညာပါတယ်။

နွေဦးတော်လှန်ရေးကို ဘဏ္ဍာရေးစစ်မျက်နှာမှ ပါဝင်ထောက်ပံ့ကူညီလိုသော တော်လှန်ပြည်သူများအတွက် နွေဦးတော်လှန်ရေးအစိုးရ အထူးငွေတိုက်စာချုပ်များကို ၂၀၂၁၊ ဒီဇင်ဘာလဆန်းမှ စတင်၍ အမျိုးသားညီညွတ်‌ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာနမှ စတင်ထုတ်ဝေရောင်းချခဲ့ပြီး စာချုပ်သက်တမ်း () နှစ် အတွင်း လုံးဝအတိုးမဲ့ (အတိုးနှုန်း သုည ရာခိုင်နှုန်း) ဖြင့် ထုတ်ဝေရောင်းချခဲ့သော နွေဦးတော်လှန်ရေးအစိုးရ ငွေတိုက်စာချုပ်များကို ပြည်သူများမှ အမေရိကန်ဒေါ်လာ ၄၄ (လေးဆယ့်လေး) သန်းကျော် တန်ဖိုးအထိ တော်လှန်ရေးအောင်စိတ်ဖြင့် လှိုက်လှဲစွာ ဝယ်ယူအားပေးခဲ့ကြကာ ရောင်းချလျက်ရှိသော အစိုးရငွေတိုက်စာချုပ်များကို ယနေ့အချိန်အထိ ပြည်သူများမှ ဆက်လက်၍ ဝယ်ယူအားပေးလျက်ရှိကြတယ်လို့ ဖော်ပြထားပါတယ်။

သက်တမ်းစေ့ရောက်ပြီး ဖြစ်သော ငွေတိုက်စာချုပ်များကို 

-(က) ငွေတိုက်စာချုပ်ကို မိမိတို့လက်ဝယ်တွင် ဆက်လက်သိမ်းဆည်းထားခြင်းဖြင့် စာချုပ်ကိုသက်တမ်း () နှစ် တိုးခြင်း

-() ငွေတိုက်စာချုပ်တန်ဖိုးငွေကို ပြန်လည်ရွေးနုတ်လိုသူများ ဖြည့်သွင်းရမည့် ပုံစံ() ဖြည့်သွင်း၍ တန်ဖိုးငွေကို ပြန်လည်ထုတ်ယူခြင်း

-() ငွေတိုက်စာချုပ်တန်ဖိုးငွေကို အာဏာရှင်နိဂုံး (EOD) ရင်းနှီးမြှုပ်နှံမှုအဖြစ် ပြောင်းလဲဝယ်ယူခြင်း

စသည့် နည်းလမ်းသုံးမျိုးအနက်မှ တစ်မျိုးမျိုးကို ရွေးချယ်ဆောင်ရွက်နိုင်ကြောင်း အသိပေးကြေညာခဲ့ပြီးဖြစ်တယ်လို့ ဆိုထားပါတယ်။

သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်များကို ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလဆန်းမှ စတင်၍ ပြန်လည် ထုတ်ပေးလျက်ရှိရာ ယခုအချိန်အထိ အမေရိကန်ဒေါ်လာ . (နှစ်ဒသမနှစ်) သန်းကျော်ကို ထုတ်ပေးပြီးဖြစ်ပြီး သက်တမ်းစေ့ရောက်ပြီး ပြန်လည်ထုတ်ယူခြင်း မပြုဘဲ ဆက်လက်၍ အလိုအလျောက် သက်တမ်းတိုး ထားရှိသည့် ငွေတိုက်စာချုပ်များ၏ ပမာဏမှာ ၉၅% (ကိုးဆယ့်ငါး ရာခိုင်နှုန်း) ကျော် ရှိသောကြောင့် တော်လှန်ပြည်သူအများ၏ တော်လှန်ရေးပန်းတိုင်အထိ ဆက်လက်ထောက်ပံ့ကူညီရန် သန္နိဋ္ဌာန်နှင့် အောင်စိတ်တို့ကို အထူး ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါတယ်လို့ဖော်ပြထားပါတယ်။

သက်တမ်းစေ့ရောက်ပြီး ငွေတိုက်စာချုပ်တန်ဖိုးငွေဖြင့် အာဏာရှင်နိဂုံး (EOD) မြေကွက်၊ တိုက်ခန်း နှင့် ကွန်ဒို ရင်းနှီးမြှုပ်နှံမှုများကို တော်လှန်ပြည်သူအများမှ အာဏာရှင်နိဂုံး (EOD) ကိုယ်စားလှယ်များကို ဆက်သွယ်၍ ဝယ်ယူအားပေးနေကြပြီး ဖြစ်ကာ ပြည်သူ့ နွေဦးတော်လှန်ရေးကြီးကို အဆုံးသတ်အောင်ပွဲဖြင့် တော်လှန်ရေးအောင်လံကို လွှင့်တင်နိုင်သည်အထိ မဆုတ်မနစ်သော ဆန္ဒ၊ ဝီရိယ၊ ပညာနှင့် အာဏာရှင်တော်လှန်ရေး စိတ်ဓာတ်တို့ဖြင့် ဆက်လက်အားဖြည့် တိုက်ပွဲဝင်သွားကြပါရန် တော်လှန်ပြည်သူများအပေါင်းအား လေးစားစွာ မေတ္တာရပ်ခံတိုက်တွန်းကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီနဲ့ တရုတ်ရဲ့ ကုန်ပစ္စည်းတင်သွင်းခွင့် ပိတ်ပင်မှုကြောင့် ရှမ်းမြောက်ရှိ လူထုတွေအနေနဲ့ ကုန်ပစ္စည်းချင်း ဖလှယ်ပြီး ရောင်းဝယ်အသုံးပြုကြဖို့ TNLA တိုက်တွန်း


စစ်ကောင်စီနဲ့ တရုတ်ရဲ့ ကုန်ပစ္စည်း တင်သွင်းခွင့် ပိတ်ပင်မှုကြောင့် ရှမ်းမြောက်ရှိ လူထုတွေအနေနဲ့ ကုန်ပစ္စည်းချင်း ရောင်းဝယ်ဖလှယ်ပြီး အသုံးပြုကြဖို့ တအာင်းတပ်မတော်- TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက တိုက်တွန်းထားကြောင်း ရွှေဖီမြေသတင်းဌာနမှာ ဖော်ပြထားပါတယ်။

လက်ရှိ အခြေအနေအရ ကျော်လွှားနိုင်ဖို့ နည်းလမ်းကတော့ ကျမတို့ရဲ့ ဒေသတွင်း ထုတ်ကုန်ကိုပဲ ဦးစားပေး ဆောင်ရွက်ရမယ်။ ဒေသတွင်းရှိတဲ့ တစ်မြို့နဲ့တစ်မြို့ အချင်းချင်း ဖလှယ်ပြီးမှ ရောင်းဝယ်တာမျိုးပေါ့နော်။ နမ့်ဆန်မှာ စားဖို့ ဆန်တွေလိုတယ်ဆိုရင် မိုးမိတ်လိုမျိုး ဆန် ထွက်တယ်ဆိုရင် မိုးမိတ်နဲ့ နမ့်ဆန်က အရောင်းအဝယ် လုပ်တာမျိုးပေါ့နော်လို့ လွေးယေဦးက ဆိုပါတယ်။

TNLA ပါဝင်တဲ့ ညီနောင် ဖွဲ့ဟာ ပြီးခဲ့တဲ့ ဇွန်လ (၂၅) ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း စတင်ပြီးနောက်ပိုင်း စစ်တပ်ဘက်က ရှမ်းမြောက်ရှိ ညီနောင် ဖွဲ့ထိန်းချုပ်ထားတဲ့ မြို့တွေမှာ ကုန်ပစ္စည်း မရောက်အောင် သယ်ယူခွင့် တင်းကြပ်ထားတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ ၁၀၅ မိုင် ကျေးရွာအုပ်စုရှိ မြန်မာစာသင်ကျောင်းသို့ အထောက်အပံ့ပစ္စည်းများ MNDAA လှူဒါန်း


မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းမှုနှင့် ကုန်ဈေးနှုန်းများ မြင့်တက်လာမှုကြောင့် အထူးဒေသ ကွတ်ခိုင်ခရိုင် မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီသည် (၁၀၅) မိုင် ကျေးရွာ အုပ်စုရှိ ဆရာများ၏ လစာသည် တစ်လစာ၏ နေထိုင်စရိတ်အတွက် မလုံလောက်တော့ကြောင့် မူဆယ်မြို့နယ် မဟာမိတ်တပ်ဖွဲ့ရုံးသို့ အကြောင်းကြားပြီး အကူအညီတောင်းခဲ့ကာ (၁၀၅) မိုင် ကျေးရွာအုပ်စုရှိ မြန်မာစာသင်ကျောင်းသို့ အထောက်အပံ့ပစ္စည်းများ ဖြန့်ဝေလှူဒါန်းခဲ့ကြောင်း MNDAA က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာလ ရက်နေ့တွင် မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီသည် ၁၀၅ မိုင်ကျေးရွာအုပ်စုရှိ စာသင်ကျောင်းသို့ သွားရောက်၍ ကျောင်းရှိ ဆရာ၊ဆရာမများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ပြီး ဆန် () အိတ်နှင့် ဟင်းချက်ဆီများ ပေးအပ်လှူဒါန်းခဲ့သည့်အပြင် နောင်တွင် အခက်အခဲတစ်စုံတစ်ရာ ကြုံတွေ့ပါက မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီအဖွဲ့ထံ အကူအညီတောင်းခံနိုင်ပြီး မြို့နယ်အုပ်ချုပ်မှုကော်မတီမှ တတ်နိုင်သမျှ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနေ့တွင် မူဆယ်မြို့နယ်အုပ်ချုပ်မှုကော်မတီအဖွဲ့၏ လုပ်ငန်းအဖွဲ့မှ ဆန် (၂၃) အိတ်နှင့် ဟင်းချက်ဆီ (၂၃) ပုံး တို့ကို (၁၀၅) မိုင်ကျေးရွာအုပ်စုရှိ မြန်မာစာသင်ကျောင်းမှ ဆရာများအား ဖြန့်ဝေပေးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၇။ ရန်ကုန်မြို့ပေါ်မှာ ကလောင်နီလှုပ်ရှားမှုထပ်မံပြုလုပ်


စစ်ကောင်စီက လုံခြုံရေးတင်းကြပ်၍ ဧည့်စာရင်းစစ်ဆေးမှုများ၊ လူငယ်များကို ပေါ်တာဆွဲမှုများ အင်တိုက်အားတိုက်ပြုလုပ်နေသော ရန်ကုန်မြို့ပေါ်တွင်  စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု- AJAY နှင့် လူငယ်သပိတ်ကော်မတီတို့ ပူးပေါင်း၍ စက်တင်ဘာ () ရက်မှာကလောင်နီလှုပ်ရှားမှု ထပ်မံပြုလုပ်ခဲ့တယ်လို့  စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု - AJAY က အသိပေးဆိုထားပါတယ်။

"တပ်ကိုဖျက်တာ မင်းအောင်လှိုင်" "မင်းအောင်လှိုင်သေမှအေးမှာ"စတဲ့ စာသားများအပါအ၀င် စစ်အာဏာရှင်ဆန့်ကျင်ရေးစာသားများကို ရန်ကုန်မြို့ပေါ်မြို့နယ် () ခု ရှိ မလွှကုန်းဘူတာ၊ ငမိုးရိပ်ဘူတာ နဲ့ ဝေဇယန္တာလမ်းမကြီး စသည့်နေရာများတွင် ရေးသားလှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်း ဖြစ်တယ်လို့သိရပါတယ်။

ယခုတစ်ခေါက် ကလောင်နီလှုပ်ရှားမှုသည် () ကြိမ်မြောက် လှုပ်ရှားခဲ့မှုဖြစ်ပြီး ရန်ကုန်တက္ကသိုလ် အပါအ၀င် ရန်ကုန်မြို့ပေါ်ရှိ နေရာအနှံ့အပြားတွင် လှုပ်ရှားမှုများပြုလုပ်နိုင်ခဲ့ပါတယ်။


========================


📌📌 ၈။ (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ ဆက်လက်တည်ရှိနေရေး ထောက်ခံပွဲကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ကျင်းပမယ်


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း၏ နေရာ ဆက်လက်တည်ရှိနေရေး ထောက်ခံပွဲကို ကိုရီးယားနိုင်ငံ ဘူဖျောင်းမြို့မှာ ကျင်းပမယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ကော်မတီ (ကိုရီးယား) က အသိပေးဆိုပါတယ်။

(၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မိမိတို့၏ ပြည်သူ့သူရဲကောင်း ဦးကျော်မိုးထွန်း၏နေရာ ဆက်လက်တည်ရှိနေရေး၊ ထိုမှတဆင့် နိုင်ငံ့ကိုယ်စားလှယ်အဆင့်အတန်း ရရှိရေးတို့အတွက် ပြည်သူလူထုက တညီတညွတ်တည်း တခဲနက် တောင်းဆိုသွားရန်၊ ကိုရီးယားနေ မြန်မာနိုင်ငံသားများရဲ့ အသံကို တခဲနက် ထုတ်ဖော်ဖို့ စက်တင်ဘာ (၁၅) ရက်နေ့ ဘူဖျောင်းမြို့မှာ စုဝေးကြပါစို့ လို့ ဆိုထားပါတယ်။

ကမ်ပိန်းတွင် အတူတကွ ပူးပေါင်းကျင်းပရန် တော်လှန်ရေးအဖွဲ့အစည်းများအား ဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ၉။ အင်းစိန်ထောင်ဆေးရုံတွင် နိုင်ငံရေး အကျဉ်းသား () ဦး မုဒိမ်းပြုကျင့်ခံခဲ့ရ


အင်းစိန်ထောင် အတွင်းရှိ ထောင်ဆေးရုံတွင် တီဘီရောဂါ သမားများကိုထားတဲ့ အခန်းမှာ ဆေးကုသမှု ခံယူနေရတဲ့ အသက် (၂၅) နှစ်အရွယ် နိုင်ငံရေးအကျဉ်းသား တဦးကို အကျဉ်းသား အခန်းလူကြီးမှ မုဒိမ်းပြုကျင့် ခဲ့တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ထုတ်ပြန်ထားပါတယ်။

ဩဂုတ်လ (၂၀) ရက် မနက် () နာရီဝန်းကျင်မှာ ပုဒ်မ (၃၇၆) (မုဒိန်းမှုဖြင့်) ထောင်ဒဏ် (၁၀) နှစ် ကျခံနေရတဲ့ ဇင်မျိုးကို () မျိုးကြီး (အဘ) ဦးမျိုးမင်းဆွေ ဆိုသူက အဆိုပါ ဆေးကုသမှု ခံယူနေရတဲ့ နိုင်ငံရေး အကျဉ်းသား တဦးကို အလိုမတူဘဲ ခြိမ်းခြောက်ထိုးကြိတ် အဓမ္မပြုကျင့်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ ဖြစ်စဉ်ကို အဆောင်မှူးဖြစ်သူ အောင်ကျော်ဆင့်က ကျူးလွန်ခဲ့သူအား ထိရောက်တဲ့ အပစ်ပေး အရေးယူမှု မရှိခဲ့တဲ့အပြင် မုဒိမ်းမှု ဖြစ်ပွားခဲ့ခြင်းကို ဖုံးကွယ်ထားပေးခဲ့ပြီး  သတင်းပေါက်ကြားပါက နှစ်ဦးစလုံး တိုက်ပိတ်အရေးယူခံရမယ်လို့ ခြိမ်းခြောက်ပြောဆို နှုတ်ပိတ်ခဲ့တယ်လို့ သိရပါတယ်။

ထိုကဲ့သို့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး၊ အကျဉ်းသား အခွင့်အရေးများကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြတဲ့ အကျဉ်းဦးစီး ဝန်ထမ်းများ၊ အကျဉ်းဦးစီး ဝန်ထမ်းရဲ့ လက်ကိုင်ထုတ်များကို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုများ လုပ်ဆောင်နိုင်အောင် ကြိုးပမ်းသွားမယ်လို့ PPNM က အသိပေး ထုတ်ပြန်ထား ပါတယ်။


========================


📌📌 ၁၀။ ဩဂုတ်လအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းက အမျိုးသမီး (၇၀) ဦး သေဆုံးခဲ့ပြီး (၅၉) ဦး ဒဏ်ရာရ


မြန်မာနိုင်ငံတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဩဂုတ်လအတွင်း နိုင်ငံတစ်ဝှမ်းက အမျိုးသမီး (၇၀) ဦး သေဆုံးခဲ့ပြီး (၅၉) ဦး ဒဏ်ရာ ရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ- BWU က သတင်းထုတ်ပြန်ထားပါတယ်။

သေဆုံးသူတွေထဲ လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၃၀) ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် (၂၆) ဦး၊ ပစ်သတ်ခံရသူ () ဦး၊ သတ်ဖြတ်ခံရသူ () ဦး၊ တိုက်ပွဲကြား ကျည်ထိမှန်သူ () ဦးနဲ့ မြေမြှုပ်မိုင်းကြောင့် () ဦး စုစုပေါင်း အမျိုးသမီး (၇၀) ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် လက်နက်ကြီး ပစ်ခတ်မှုကြောင့် (၂၇) ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် (၁၅) ဦး၊ မြေမြှုပ်မိုင်းကြောင့် (၁၁) ဦး၊ ဗုံးပေါက်ကွဲမှုကြောင့် () ဦး၊ ပစ်ခတ်ခံရမှုကြောင့် () ဦးနဲ့ အဓမ္မပြုကျင့်ခံရမှုကြောင့် () ဦး စုစုပေါင်း (၅၉) ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်းက သေဆုံးသူ အမျိုးသမီး အများဆုံးဖြစ်ပြီး ရှမ်းပြည်နယ်က ဒုတိယအများဆုံးနဲ့ ရခိုင်ပြည်နယ်က တတိယ အများဆုံး ဖြစ်ကာ ချင်း၊ မွန်ပြည်နယ်နဲ့ မန္တလေး၊ ပဲခူး၊ မကွေး၊ တနင်္သာရီတိုင်း စတဲ့ ပြည်နယ်နဲ့ တိုင်းဒေသက အမျိုးသမီးတွေလည်း ပါဝင်ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ ⁨Drone ဖြင့် ရက်ဆက် တိုက်ခိုက်ခံရတာကြောင့် ကမ္မစက်ရုံ ရဲကင်းစခန်း ဆုတ်ခွာ


မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ကမ္မမြို့ရှိ ကမ္မ စက်ရုံ ရဲကင်းစခန်းကို ရက်ဆက်တိုက် Drop Bomb ချပြီး အဆက်မပြတ် ဖိအားပေး တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စိတ်ဓါတ်ပျက်ပြား အထိနာကာ ဆုတ်ခွာသွားခဲ့တယ်လို့ ကမ္မ ဒေသ တော်လှန်‌ရေး တပ်ပေါင်းစုက ထုတ်ပြန်ထားပါတယ်။

ကမ္မ ရဲစခန်းကို ဩဂုတ်လ (၃၁) ရက်နေ့က စတင် တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရက်အကြာ စက်တင်ဘာလ ရက်နေ့ မနက်အစောပိုင်းမှာ ရဲကင်းစခန်း ဆုတ်ခွာသွားခဲ့တာ ဖြစ်ပါတယ်။

အဆိုပါ ဒရုန်းတိုက်ခိုက်မှုများကို ကမ္မတပ်ပေါင်းစု Drone တပ်ဖွဲ့၊ မြိုင်မြို့နယ် ပကဖ Drone အဖွဲ့များ၊ ပေါက်မြို့နယ် ပကဖ Drone အဖွဲ့များ၊ မကွေးတိုင်း Drone Team မဟာမိတ် တော်လှန်ရေး အဖွဲ့များ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့ သိရပါတယ်။

ကမ္မတပ်ပေါင်းစု အနေဖြင့် ပခုက္ကူခရိုင်အတွင်းရှိ စစ်ရေးပစ်မှတ်များဖြစ်တဲ့ စစ်ကောင်စီစခန်းများကို မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့များနဲ့ အတူလက်တွဲပြီး ဆက်လက်တိုက်ခိုက် သွားမှာဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၂။ ဆောထိနှင့် ကျုံဒိုးမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းမှ ပြည်သူ (၁၅) ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးပြီး လက်နက်ကြီး/ငယ်များဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား () ဦး ဒဏ်ရာရ


ဆောထိမြို့နယ်အတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်လာသော အင်အား (၁၀၀) ခန့်ရှိသော အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် ခလရ၅၇၊ ခမရ၃၄၉၊ ခမရ၃၅၀ နှင့် ခမရ၅၈၄ ပူးပေါင်းတပ်သည် နွံအိုင် စက်လမ်း၊ ရွှေလုပ်ကွက်မှာ  အလုပ်လုပ်ကိုင်သော ဒေသခံ (၁၀) ဦးနှင့် ကျောက်တန်းဂွင်မှာ ရာဘာခြံလုပ်ငန်း လုပ်ကိုင်သော ပြည်သူ () ဦးတို့အား စက်တင်ဘာလ () ရက်နေ့ မနက်ပိုင်းတွင် ဖမ်းဆီးခဲ့ပြီး လက်နက်ကြီးကျည်များ ထမ်းခိုင်းကာ လူသားဒိုင်းအဖြစ် အသုံးပြုပြီး မင်းလမ်းသံဆိပ်စခန်းအထိ ခေါ်ဆောင်သွားခဲ့ကာ (၇း၅၂) မိနစ်အချိန်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း ကေအဲန်ယူဗဟိုမှ သတင်းထုတ်ပြန်ပါတယ်။

ထို့အပြင် ၎င်းတပ်များသည် ညနေ () နာရီအချိန်တွင် ကျောက်တန်းရွာမှ ဖြိုးမင်းထက် (၁၆) နှစ်နှင့် ထက်လင်းအောင် (၃၀) နှစ်တို့အား သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အလားတူ ကျုံဒိုး မြို့နယ်အတွင်း စက်တင်ဘာလ () ရက်နေ့ ညနေ (၅း၃၀) မိနစ် အချိန် ဝန်းကျင်၌ စစ်ကောင်စီတပ်၏ တံတားကျိုးတပ်သစ် အမြှောက်ကုန်းမှ (၁၂၂) မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ ရေပူကြီးကျေးရွာအုပ်စု လှိုင်ကွယ်ကျေးရွာအောက်ပိုင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး (၁၁) နှစ်အရွယ် စောပြည့်ဖြိုးအောင်မှာ ထိမှန် ဒဏ်ရာရရှိခဲ့ရကာ (၆၄) နှစ်အရွယ် ဒေါ်တင့် ဘုရားစင် နှင့် နေအိမ် အရှေ့ခြမ်းမှာလည်း လက်နက်ကြီး ထိမှန် ပျက်စီးခဲ့ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၃။ မြင်းခြံမြို့နယ်တွင် ကားလမ်းပေါ်မှာ ပိုက်ဆံကောက်နေတဲ့ ပျူစောထီး အဖွဲ့တိုက်ခိုက်ခံရပြီး () ဦး သေဆုံး


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လယ်သစ်ကျေးရွာ လမ်းပိုင်းပေါ်တွင် အများပြည်သူ ကားများကို ပိုက်ဆံ ကောက်ခံနေတဲ့ ပျူစောထီးအဖွဲ့ကို သွားရောက် တိုက်ခိုက်ခဲ့ရာ () ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းပိုက်ရရှိ ခဲ့တယ်လို့ Freedom Fighter Guerrilla Force (FFGF) က သတင်းထုတ်ပြန် ထားပါတယ်။

စက်တင်ဘာလ () ရက်က လယ်သစ်ကျေးရွာ ပျူစောထီး အထိုင်စခန်းမှ ပျူ () ဦးဟာ ကားလမ်းပေါ်မှာ ပိုက်ဆံကောက်နေတယ်လို့ သတင်းရတာကြောင့် သွားရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ပျူစောထီး () ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် ပါရီ () လက်၊ 7.62 ကျည် (၁၂) တောင့်၊ ကာဘိုင်ကျည် (၃၈) တောင့်တို့ကို သိမ်းဆည်းရရှိခဲ့ကာ ကျန်ပျူစောထီးများ ထိခိုက်မှု များစွာဖြင့် ထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တိုက်ခိုက်မှုကို Freedom Fighter Guerrilla Force (FFGF), Anyar Federal Task Force (AFTF), 8 Stars (MGN), Burmese Independence Army (BIA) တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ 


========================


🚩🚩 ၄။ အရာတော်တွင် စစ်ကောင်စီက အသုံးပြုတဲ့ AheadX တရုတ်ကုမ္ပဏီထုတ် ထောက်လှမ်းရေးဒရုန်းတစ်စင်း သိမ်းဆည်းရရှိ


စက်တင်ဘာလ () ရက်နေ့ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်အတွင်း ပျံသန်းသွားလာ ထောက်လှမ်းနေသော စစ်ကောင်စီက အသုံးပြုတဲ့ AheadX တရုတ်ကုမ္ပဏီထုတ် ထောက်လှမ်းရေး ဒရုန်းတစ်စင်း သိမ်းဆည်းရရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရပါတယ်။

အရာတော်မြို့နယ်တွင် ထောက်လှမ်း ပျံသန်းစဉ် ပျက်ကျသွားခြင်းဖြစ်ပြီး AheadX ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်တွင် စတင်ထူထောင်ထားသော ကုမ္ပဏီဖြစ်ကာ တရုတ်ဘေဂျင်းအခြေစိုက် နည်းပညာ iFLYUAS ကုမ္ပဏီ၏ အခွဲဖြစ်ကြောင်း သိရှိရပါတယ်။


========================


🚩🚩 ၅။ တန့်ဆည်မြို့နယ်နှင့် ဟားခါးမြို့နယ်တွင် ဒု တပ်ကြပ်တစ်ဦးနှင့် ရဲတပ်သားတစ်ဦး လက်နက်များနှင့်တကွ အလင်းဝင်


တန့်ဆည်မြို့နယ်တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ်စခန်းမှ ဒုတပ်ကြပ်တစ်ဦး လက်နက်ယူဆောင်ပြီး အလင်းဝင်လာခဲ့ကြောင်း တန့်ဆည်မြို့နယ် ပကဖမှ သတင်းထုတ်ပြန်ပါတယ်။

MA 1 တစ်လက်၊ ကျည်အိမ် 5.56 ကျည် (26) တောင့်ဖြင့် အလင်းဝင်လာခဲ့ခြင်း ဖြစ်ပြီး အလင်းဝင်လာသော ဒု-တပ်ကြပ်အား တန့်ဆည်မြို့နယ် ပကဖမှ ငွေ ​​သိန်း (၅၀) ကျပ် ဆုချီးမြင့်ခဲ့ပြီး ကောင်းမွန်စွာ စောင့်ရှောက်ထားပါကြောင်း "ပြည်သူ့ဖက် အလင်းဝင်လာသော စကစ၊ပြည်သူ့စစ်များအား နွေးထွေးစွာကြိုဆိုကြောင်း" ဖော်ပြထားပါတယ်။

အလားတူ ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် ရဲတပ်သားတစ်ဦးဟာ စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ဘဲ  ပြည်သူနှင့်အတူ တော်လှန်ရေးတွင် ပါဝင်မည်ဟု ဆိုကာ စက်တင်ဘာလ () ရက်နေ့မှာ လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF-Hakha က သတင်းထုတ်ပြန်ပါတယ်။

လက်နက်နှင့်အတူ အလင်းဝင်လာတဲ့ ရဲတပ်သားကို CDF-Hakha မှ ကြိုဆိုကြောင်း ဆုငွေ ချီးမြှင့်ပြီးနောက် လုံခြုံ‌သောနေရာသို့ ပို့ဆောင်ပေး‌ခဲ့ကြောင်း CDF-Hakha ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment