9th SEP 2024 - Morning Daily News by Radio NUG

၂၀၂၄ စက်တင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ မန္တလေးမြို့ကို မပျက်မစီးဘဲနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြီးတော့ အကောင်းဆုံး မြို့ကို ရယူထိန်းသိမ်းနိုင်အောင် ကြိုတင်ပြင်ဆင်နေဟု ဒေါက်တာဇော်ဝေစိုး ပြောဆို

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်

📌 ၃။ ဗီဇာရက်လွန် ဖြစ်နေသူများအပေါ် အလျဉ်စလို အရေးယူမှု မလုပ်ဘဲ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ဘူဖျောင်းရဲစခန်းနှင့် NUG ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး

📌 ၄။ ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF)ရဲ့ အပတ်စဥ် ()သင်တန်းဆင်းပွဲ ပြုလုပ်

📌 ၅။ ချောင်းရေတိုက်စား၍ရွေ့ပြောင်းရသော ကျေးရွာနေပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့


၂၀၂၄ ခုနှစ် စက်တင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောက်တန်းစခန်း ရဲဘော်များနှင့် ရဲဘော်အသစ်များကို စစ်ရေးပြသင်တန်းနှင့် နိုင်ငံရေးသင်တန်းများ ပို့ချ

🚩 ၂။ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ကို NUG လက်နက်တပ်ဆင်ပေး

🚩 ၃။ နွားထိုးကြီးနှင့် မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု နေအိမ်များ ပျက်စီး

🚩 ၄။ ကွင်းချောင်း ကျေးရွာအတွင်း တပ်စွဲထားသော ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်စီနင်း၊ ပျူနှင့် စစ်သား ဦး သေဆုံး

🚩 ၅။ ပျူစောထီး ဦးကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းဆီးရမိ

🚩 ၆။ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ မန္တလေးမြို့ကို မပျက်မစီးဘဲနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြီးတော့ အကောင်းဆုံး မြို့ကို ရယူထိန်းသိမ်းနိုင်အောင် ကြိုတင်ပြင်ဆင်နေဟု ဒေါက်တာဇော်ဝေစိုး ပြောဆို


စက်တင်ဘာလ ရက်။

Radio NUG

မန္တလေးမြို့ကို မပျက်မစီးဘဲနဲ့ တတ်နိုင်သမျှ ထိန်းသိမ်းပြီးတော့ အကောင်းဆုံး မြို့ကို ရယူထိန်းသိမ်းနိုင်အောင် ကြိုတင်ပြင်ဆင်နေဟု ပြည်သူမှ ပြည်သူသို့ အစီအစဥ်တွင် ဒေါက်တာဇော်ဝေစိုး ပြောဆိုခဲ့ပါတယ်။


"ပြင်ဆင်ထားတာတွေရှိတယ်။ အခုလည်း ပြင်ဆင်နေတယ်။ အဲဒီတော့ ပြည်သူတွေကလည်း ပါဝင်မှု၊ CDM တွေလည်းပါဝင်မှု တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပေါင်းစပ်မှု ဝန်ကြီးဌာန အသီးသီးအကြားမှာ ပေါင်းစပ်မှုတွေရှိတယ်။ ဒါ့အပြင် NUG မှာ EOCC ကော်မတီဆိုတာရှိတယ်။ အခု လည်း မန္တလေးအတွက် သီးခြား ကြိုတင်ပြင်ဆင်မှုတွေ အစီအစဉ်တကျဆောင်ရွက်ပြီးသွားနေတယ်လို့ ပြောလို့ရပါတယ်" ဟု ဒေါက်တာဇော်ဝေစိုးက ပြောဆိုထားပါတယ်။ 


"မန္တလေးနဲ့ပတ်သက်ပြီး ပြောရင် ကျွန်တော်တို့မှာကအခြေခံကောင်းတွေက ရှိပြီးသား။ CDM တွေကစတယ်။ မန္တလေးဟာ CDM အားကောင်းတဲ့မြို့ဖြစ်တယ်။ မန္တလေးဟာ ထူးခြားတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်တော့ ဒုတိယမြို့တော်ဖြစ်တယ်။ အဲဒီတော့ အဲဒီမှာ ကောင်စစ်ဝန်ရုံးတွေရှိတယ်။ နိုင်ငံတကာ အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိတယ်။ ကျန်းမာရေး၊ ပညာရေးတို့နဲ့ပတ်သက်ရင် မြန်မာနိုင်ငံ အပေါ်ပိုင်းကြီးတစ်ခုလုံးအတွက် လိုအပ်တဲ့စာရင်းဇယားတွေ ပစ္စည်းဆေးဝါးတွေသိုလှောင်မှုရှိတယ်။ အလားတူပဲ ဆက်သွယ်ရေးနဲ့ပတ်သက်ရင်လည်း ရှိတယ်"ဟု ဒေါက်တာဇော်ဝေစိုးက ဆက်လက် ရှင်းပြပါတယ်။ 


လက်ရှိတွင်တော်လှန်ရေးတပ်များ၏ ထိုးစစ်က မန္တလေးမြို့နှင့် တဖြည်းဖြည်း နီးကပ်လာနေပြီ ဖြစ်ပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်း မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်


စက်တင်ဘာလ ၈ရက်။ 

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့်ပဲဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေးကို စက်တင်ဘာလ မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာ အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အတွင်းရေးမှူးအဖွဲ့ဝင်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ တွဲဖက်အတွင်းဝန်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ထို့နောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ အုပ်ချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနှင့်ပတ်သက်၍ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြရာ ဝန်ကြီးဌာန အသီးသီး၏ တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့ပါတယ်။


အဆိုပါတွေ့ဆုံပွဲသို့ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးကို(၁၁:၃၀)နာရီအချိန်တွင် ရပ်နားခဲ့သည်။


========================


📌📌 ၃။ ဗီဇာရက်လွန် ဖြစ်နေသူများအပေါ် အလျဉ်စလို အရေးယူမှု မလုပ်ဘဲ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ဘူဖျောင်းရဲစခန်းနှင့် NUG ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေး


စက်တင်ဘာလ ၈ရက်။ 

Radio NUG

စက်တင်ဘာ ရက်နေ့ မွန်းလွဲ နာရီတွင် ဗီဇာရက်လွန် ဖြစ်နေသူများအပေါ် အလျဉ်စလို အရေးယူမှု မလုပ်ဘဲ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ဘူဖျောင်းရဲစခန်းနှင့် NUG ကိုယ်စားလှယ်တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUG ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးမှ သတင်းထုတ်ပြန်ပါတယ်။


အင်ချွန်းမြို့ ဘူဖျောင်းမြို့နယ် ရဲစခန်းတာဝန်ရှိသူများနှင့် မြန်မာအသိုက်အဝန်း ကိုယ်စားလှယ်များ တွေ့ဆုံ၍ "ဘူဖျောင်းဒေသ မြန်မာရပ်ကွက်အတွင်း အခြေခံစည်းကမ်းများ လိုက်နာရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရာဇဝတ်မှုကြိုတင်ကာကွယ်ရေးနှင့် နှစ်ဦးနှစ်ဘက် ရင်းနှီးသောဆက်ဆံမှု တိုးတက်စေရေးအတွက် တွေ့ဆုံခြင်းနှင့် စုပေါင်းကင်းလှည့်ခြင်း" ဆွေးနွေးပွဲကို ရဲစခန်း အစည်းဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


ဆွေးနွေးပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းနှင့် ရုံးအဖွဲ့ဝင်များ၊ မြန်မာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် မြန်မာလုပ်ငန်းရှင်အချို့ တက်ရောက်ကြတယ်လို့ သိရပါတယ်။


စခန်းမှူး ဂင်ဂီဆုက ဘူဖျောင်းမြို့သည် တရားဝင်သတ်မှတ် မထားသော်လည်း Myanmar Town တစ်ခုသဖွယ် ဖြစ်နေကြောင်း၊ မြန်မာအများ အခြေချ ကျင်လည်ကြသည်ကို ကြိုဆိုပါကြောင်း၊ မြန်မာပြည် အခြေအနေကိုလည်း သိရှိပါကြောင်း၊ မြန်မာမိတ်ဆွေများ စည်းကမ်းတကျနှင့် လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ရေး ကူညီပေးလိုပါကြောင်း မိတ်ဆက်စကားပြောကြားခဲ့ပါတယ်။


ထို့နောက် တက်ရောက်လာသူများ အပြန်အလှန် မိတ်ဆက်ပြီး၊ ကိုရီးယားတွင် အဖြစ်များနေသော ငွေကြေးလိမ်လည်မှု၊ ပြစ်မှုကျူးလွန်ရာတွင် ကြားခံအဖြစ် ခိုင်းစေမှု၊ ရဲအယောင်ဆောင် ခြိမ်းခြောက်မှုတို့က သတိပြုကြရန်နှင့် တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက 112 သို့ ဆက်သွယ်ရန် ရှင်းလင်း တင်ပြခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ဦးရန်နိုင်ထွန်းက ဘူဖျောင်းမြို့တွင် မြန်မာအများ သွားလာနေရာဖြစ်၍ ရဲတပ်ဖွဲ့မှ စစ်ဆေးဆောင်ရွက်မှုများ လုပ်ရာတွင် ဗီဇာရက်လွန် ဖြစ်နေသူများအပေါ် အလျဉ်စလို အရေးယူမှု မလုပ်ဘဲ ညှိနှိုင်းဆောင်ရွက်စေလိုကြောင်း ဆွေးနွေးပြီး တက်ရောက်လာသူများက အကြံပြုဆွေးနွေးကြရာတွင် ရဲကိုယ်စားလှယ်နှင့် မြန်မာကိုယ်စားလှယ်များ ပါဝင်သော ဆက်သွယ်ရေးအဖွဲ့ ထားရှိစေလိုကြောင်း၊ ဗီဇာရက်လွန်သူများအနေနှင့် နစ်နာမှုများကို ရဲသို့ တိုင်ကြားရန် အခက်အခဲရှိနေသဖြင့် ကူညီစေလိုကြောင်း၊ ရဲအယောင်ဆောင်မှု ကိစ္စကို မည်သို့ စစ်ဆေးနိုင်ပါသလဲ စသဖြင့် အကြံပြု မေးမြန်းကြတယ်လို့ သိရပါတယ်။


ကြီးလေးသော နစ်နာမှုရှိသူသည် ဗီဇာရက်လွန်သော်လည်း ရဲတပ်ဖွဲ့၏ အကူအညီကို ရယူနိုင်ပါကြောင်း၊ ရဲအယောင်ဆောင်ကိစ္စအတွက် နီးစပ်ရာ ရဲစခန်းသို့ သွားရောက် မေးမြန်းစစ်ဆေးပြီး အတည်ပြုနိုင်ပါကြောင်း ရဲအဖွဲ့က ပြန်လည်ဖြေကြားခဲ့ပြီး ရဲတပ်ဖွဲ့နှင့် မြန်မာကိုယ်စားလှယ်များ စုပေါင်း၍ ဘူဖျောင်းမြို့နယ် မြန်မာရွာအတွင်း အေးချမ်း လုံခြုံ သန့်ရှင်း စည်းကမ်းရှိရေး နှိုးဆော်သည့် ကင်ပိန်းကို ဆောင်ရွက်ခဲ့ကြကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။ ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force (SSTF)ရဲ့ အပတ်စဥ် ()သင်တန်းဆင်းပွဲ ပြုလုပ်


စက်တင်ဘာလ ၈ရက်။ 

Radio NUG

စက်တင်ဘာ ( )ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဋ္ဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့ Security and Special Task Force ( SSTF) ရဲ့ အပတ်စဥ် ( ) သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေ တစ်နေရာ၌ ပြုလုပ်ခဲ့ကြောင်း SSTF မှ သတင်းထုတ်ပြန်ပါတယ်။


အခမ်းအနားကို ပြည်သူ့ရဲတပ်ဖွဲ့မှ ဒုတိယ ရဲချုပ် ထွန်းထွန်းဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


လာမည့် အပတ်စဥ် ()သင်တန်း တက်ရောက်လိုသူများသည် အကျင့်စာရိတ္တကောင်းမွန်သူ၊ အရက်သေစာ အလွန်အကျွံမသုံးစွဲသူ၊ မူးယစ်ဆေးဝါး (လုံးဝ) မသုံးစွဲသူ၊ အနိမ့်ဆုံး ပညာအရည်အချင်း ()တန်းရှိသူ၊ ကျန်းမာရေးကောင်းမွန်ပြီး ကူးစက်ရောဂါ ဝေဒနာ မခံစားနေရသူ၊ တပ်ဖွဲ့က သတ်မှတ်ပေးသောနေရာများတွင် လေ့ကျင့်၊ သင်ကြား၊ စုဖွဲ့နေထိုင်ပြီး အမိန့်နာခံနိုင်သူ၊ တပ်ဖွဲ့၏ စည်းကမ်းများကို လေးစားလိုက်နာပြီး ပေးအပ်သောတာဝန်ကို ကျေပွန်စွာထမ်းဆောင်နိုင်သူ၊ တော်လှန်ရေးစိတ်ဓာတ်ပြည့်ဝ၍ တော်လှန်ရေးပြီးဆုံးသည်အထိ ယုံကြည်ချက် ခံယူချက်အပြည့်ဖြင့် တာဝန်ထမ်းဆောင်နိုင်သူ၊ အသက် (၁၈)နှစ်မှ (၃၅)နှစ်အတွင်းဖြစ်သူ (ခြွင်းချက် - တက္ကသိုလ်ဘွဲ့ရပြီးသူဖြစ်ပါက အသက်(၄၅)နှစ်အထိ လျှောက်ထားနိုင်သည်) စသည့် စည်းကမ်းချက်များနှင့်အညီ လုံခြုံစိတ်ချစွာ လာရောက်ဆက်သွယ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။


မည်သည့် CDM ဝန်ထမ်းမဆို အသက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ပြီး အကျင့်စာရိတ္တပျက်ယွင်းမှုကြောင့် ထုတ်ပယ်ခံထားရသူမှအပ မည်သည့် ရဲတပ်ဖွဲ့ဝင်ဟောင်းမဆို အသက်ကန့်သတ်ချက်မရှိ လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ ချောင်းရေတိုက်စား၍ရွေ့ပြောင်းရသော ကျေးရွာနေပြည်သူများအား စားနပ်ရိက္ခာများထောက်ပံ့


စက်တင်ဘာလ ၈ရက်။ 

Radio NUG

စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ်ရှိ ရေတိုက်စား၍ ရွှေ့ပြောင်းရသော ကျေးရွာတစ်ရွာမှ အိမ်ထောင်စု ၂၈ စုအတွက် တစ်အိမ်ထောင်လျှင် ဆန်တစ်တင်း၊ ဆီတစ်ပိသာ၊ ဆားနှစ်ပိသာ၊ ငါးပိငါးဆယ်သား၊မြေတောက်ပဲတစ်ပြည်တို့ကို သွားရောက်ထောက်ပံ့ခဲ့ကြကြောင်း ဖောင်းပြင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါထောက်ပံ့မှုကို မြို့နယ်၏ အခွန်ငွေ ခွဲတမ်းရငွေဖြင့် မြို့နယ်နာယက၊ အဖွဲ့ဝင်၊ မြို့နယ်လူသားစာနာတာဝန်ခံနှင့် လူသားစာနာအဖွဲ့ဝင်များက သွားရောက်ထောက်ပံ့ခဲ့ကာ အားပေးစကားများ ပြောကြားခဲ့ပြီးနောက် ရွေ့ပြောင်းပေးရန် ကိစ္စများအား စီစဉ်ပေးခဲ့ကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နောက်တန်းစခန်း ရဲဘော်များနှင့် ရဲဘော်အသစ်များကို စစ်ရေးပြသင်တန်းနှင့် နိုင်ငံရေးသင်တန်းများ ပို့ချ


စက်တင်ဘာလ ၈ရက်။ 

Radio NUG

နေပြည်တော်တပ်ရင်း-၈၀၄ မှ နောက်တန်းစခန်း ရဲဘော်များနှင့် ရဲဘော်အသစ်များကို စစ်ရေးပြသင်တန်းနှင့် နိုင်ငံရေးသင်တန်းများ ပို့ချပေးခဲ့ကြောင်း Battalion 804 - Nay Pyi Taw PDFမှ သတင်းထုတ်ပြန်ပါတယ်။


ရဲဘော်များအနေဖြင့် စစ်ရေးအသိအမြင်၊ ရဲဘော်ကျင့်ဝတ်များနှင့် ပြည်သူလူထုနဲ့ ဆက်ဆံတဲ့အခါမှာ ထားရမယ့် ကျင့်ဝတ်များနှင့် ရဲဘော်အချင်းချင်း အပြန်အလှန် ဆွေးနွေးများကိုလည်း သင်တန်းမှူး-နေသမိုင်းမှ ပြုလုပ်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ ကို NUG လက်နက်တပ်ဆင်ပေး


စက်တင်ဘာလ ၈ရက်။ 

RadioNUG

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က ဗျူဟာ ၄၂ တော်လှန်ရေးတပ်ဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက မောင်းပြန်သေနတ်တွေ တပ်ဆင်ပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၂၈ ဓားမဆိုင်းတပ်မတော်မှ ဗိုလ်စွမ်းက သတင်းဖော်ပြထားပါတယ်။


ပထမအကြိမ် ဗျူဟာ ၄၂ အောက်က တပ်ရင်း ရင်းရဲ့  တပ်ရင်း တစ်ရင်းစီအတွက် သေနတ် ၁၃ လက်စီ ပေးအပ်ခဲ့ပြီး အခု နောက်တစ်ကြိမ် သေနတ်၅၀ကျော် ထပ်မံပေးအပ်တာပဲ ဖြစ်တယ်လို့ သိရပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် စစ်ဒေသ၊ ယင်းမာပင်ခရိုင် ဗျူဟာ ၄၂ မှာ တပ်ရင်း ၁၁၊ တပ်ရင်း ၁၇၊ တပ်ရင်း ၂၈ နဲ့ တပ်ရင်း ၂၉ တို့ ပါဝင်ပါတယ်။


========================


🚩🚩 ၃။ နွားထိုးကြီးနှင့် မြင်းခြံတို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ်ဖြင့် ဗုံးများ ကျဲချမှု နေအိမ်များ ပျက်စီး


စက်တင်ဘာလ ၈ရက်။

Radio NUG

စက်တင်ဘာလ ရက်နေ့ နံနက် နာရီ ၁၀ မိနစ်ခန့်တွင် နွားထိုးကြီးမြို့နယ် ဆူးရစ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပေါင် ၅၀၀ ဗုံးသီး အသုံးပြုပြီး နေရာကို လုံး ကျဲချတိုက်ခိုက်ခဲ့ရာ နေအိမ်များ ပျက်စီးခဲ့ပြီး ရွာသူ၊ ရွာသားများ အသုံးပြုနေသည့် ရေကန်လည်း ပျက်စီးခဲ့ကြောင်း သိရပါတယ်။


ဗုံး ၃လုံး ကြဲချမှုကြောင့် လူထိခိုက်မှု မရှိဘဲ အရင်တစ်ခါ ကျဲချသွားတဲ့ ဗုံးတစ်လုံး မကွဲသေးဘူးလို့ သိရပါတယ်။


အလားတူ နံနက် နာရီ ၂၀ မိနစ်အချိန် မြင်းခြံမြို့နယ်၊ ပျားကျေးရွာအနီး ထန်းတောထဲကို အကြမ်းဖက် စစ်ကောင်စီတပ်က ပေါင် ၅၀၀ ဗုံး လုံးအသုံးပြုပြီး ကျဲတိုက်ခိုက်ခဲ့ရာ ထန်းပင်များ ပြိုလဲပျက်စီးခဲ့ကြောင်း သိရပါတယ်။


ဆူးရစ်ကုန်းကျေးရွာကို ငါးကြိမ်မြောက် ဗုံးကြဲခြင်းဖြစ်ပြီး ပြည်သူတွေ ရွာပြင် ထွက်နေကြတာကြောင့် ထိခိုက်မှုမရှိဘဲ အိမ်တွေသာ ပျက်စီးသွားတယ်လို့ သိရပါတယ်၊


========================


🚩🚩 ၄။ ကွင်းချောင်း ကျေးရွာအတွင်း တပ်စွဲထားသော ပျူနှင့် စစ်ကောင်စီတပ်ဖွဲ့များကို ဝင်ရောက်စီနင်း၊ ပျူနှင့် စစ်သား ဦး သေဆုံး


စက်တင်ဘာလ ၈ရက်။ 

Radio NUG

စက်တင်ဘာလ ၇ရက်နေ့ နံနက် နာရီအချိန်မှ နံနက် :၃ဝ နာရီ အချိန်အတွင်း ကြို့ပင်ကောက်မြို့နယ် ကွင်းချောင်း ကျေးရွာတွင် တပ်စွဲထားတဲ့ စကစ ဒေါက်တိုင် ပျူစောထီးခေါင်းဆောင် (အုပ်ကြီးစိုးမင်းနိုင်)အပါအဝင် ပျူစောထီးအဖွဲ့ဝင် (၁၅) ဦးနှင့် စစ်သား (၂ဝ)ဦးအား ပြည်သူများအပေါ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲခြင်း၊ မတရားဆက်ကြေးကောက်ခံခြင်း၊ အမျိုးသမီးများအပေါ်တွင် လိင်အကြမ်းဖက်မှုများ ပြုလုပ်ခြင်းများကြောင့် ရိုးမညီနောင်PDFတပ်ပေါင်းစုမှ ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့ကြောင်း YOMA GBK PDFက သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲအတွင်း (၆ဝမမ)(၄၀မမ)လက်နက်ကြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ရာ စစ်ခွေး ဦးနှင့် ပျူစောထီး ၃ဦး စုစုပေါင်း ဦး သေဆုံးပြီး စစ်သားနှင့်ပျူစောထီး အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ကာ YOMA (GBK) ပြည်သူကာကွယ်ရေးတပ်ဖွဲ့ ရဲဘော် တစ်ဦး မြင့်မြတ်စွာ ကျဆုံးခဲ့တယ်လို့  သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို ပဲခူးတိုင်း သာယာဝတီခရိုင် PDF တပ်ရင်း ( 3801) တပ်ခွဲ - 1 YOMA (GBK) PDF တပ်ခွဲ - 6 AYEYAR NYI NAUNG စစ်ကြောင်း၊ တပ်ခွဲ  5 ကြို့ပင်ကောက် HERO ပျောက်ကြားတပ်ဖွဲ့၊ သာယာဝတီခရိုင် တပ်ရင်း (3802) တပ်ခွဲ -1 DRAGON BROTHER (GBK) PDF တပ်ခွဲ-4 အုတ်ဖိုမြေအောက်ပျောက်ကြားတပ်ဖွဲ့နှင့် တပ်ခွဲ 6 BLACK DRAGON (GBK) PDF စတဲ့ ရိုးမညီနောင်မဟာမိတ်တပ်ပေါင်းစုမှ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၅။ ပျူစောထီး ဦးကို ရေးဘီလူးအဖွဲ့က အရှင် ဖမ်းဆီးရမိ


စက်တင်ဘာလ ၈ရက်။ 

Radio NUG

စက်တင်ဘာလ ရက်နေ့ ညနေ နာရီ ၄၅ မိနစ်ခန့်တွင် ရေးမြို့နယ်၊ အာရုတောင်ကျေးရွာမှ အကြမ်းဖက် စစ်တပ်လက်အောက်ခံ ပျူစောထီး ဦးကို အရှင်ဖမ်းဆီးရမိခဲ့ကြောင်း ရေးဘီလူးမှ သတင်းထုတ်ပြန်ပါတယ်။


"အာရုတောင်ကျေးရွာမှာ ပျူစောထီးအသွင်ပြောင်း လင်းဦး ဆိုတာရှိတယ်။ သူ့ကို ကိုယ်ပိုင်လုပ်ပိုင်ခွင့်တွေ ပေးထားတယ်။ စစ်ကောင်စီက အဖွဲ့ဝင် ၃၀၊ ၄၀ ရှိတယ်။ အရပ်သားပုံစံ သွားလာလေ့ရှိတယ်။ ကျွန်တော်တို့ အစည်းအဝေးရှိတဲ့အချိန် တောင်ပေါ်ကနေ ဖြတ်ပစ်တယ်။ ဖြတ်ပစ်တဲ့အထဲ ခုဖမ်းမိတဲ့ လူလည်း ပါတယ်။ ကျွန်တော်တို့လည်း မြင်တယ် ဒေသခံတွေလည်း မြင်တယ်။ သူတက်လာတဲ့အချိန်ကို ဖမ်းဆီးရမိခဲ့တယ်"ဟု ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောဆိုထားပါတယ်။


========================


🚩🚩 ၆။ မိသားစုကို ပြန်လာခေါ်သည့် တပ်ကြပ်ကြီး ဦးကို PDF တပ်ဖွဲ့က အရှင်ဖမ်းမိ


စက်တင်ဘာလ ၈ရက်။

Radio NUG

စက်တင်ဘာလ ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလန်မြို့ အခြေစိုက်တပ်ရင်း၌ တာဝန်ကျနေသော အကြမ်းဖက် စစ်တပ်မှ တပ်ကြပ်ကြီး ဦးသည် ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာမှ မိသားစုကို ပြန်လာခေါ်စဥ် အင်ပင်ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များက အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း  Royal Defence Force မှ သတင်းထုတ်ပြန်ပါတယ်။


အင်းပင်ရွာမှာက စကစ ကာကင်းစခန်း ရှိတယ်။ သူက အင်ပင်စခန်းနဲ့ မနီးမဝေးလောက်ကနေ လာစောင့်ခေါ်တာ၊ သတင်းက ကြိုရလို့ စကစ ကာကင်းစခန်းရှိတဲ့ အင်ပင်ရွာနားအထိ ကပ်ပြီး စောင့်ဖမ်း ခဲ့တာ၊ သူက ရှမ်းပြည် ခိုလန်ဘက်မှာ တာဝန်ကျနေတာ။ အသေးစိတ်တော့ စစ်ဆေးနေတုန်းပဲဟု Royal Defence Force မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုထားပါတယ်။


ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး စစ်ဆေးပေါ်ပေါက်ချက်အရ ထိုက်သင့်သည့် အပြစ်ပေး အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း ကောက်နုတ်ချက်တွေကိုတော့ Radio NUGသတင်းထောက် ခါးရှဲလ်ကပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment