21st OCT 2024 - Evening Daily News by Radio NUG


၂၀၂၄ အောက်တိုဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

📌 ၁။ ကရင်ပြည်နယ်အတွင်း အောင်ပွဲရ တော်လှန်ရေးအင်အားစုများကို ကရင်ပြည်သူများဂုဏ်ပြုကြိုဆို

📌 ၂။ ကိုးကန့်ခရိုင် နမ့်ဟူးနယ်ကို ညသန်းခေါင် လေကြောင်းကနေစကစလေတပ်က ဗုံးများကြဲချတိုက်ခိုက်

📌 ၃။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေဟာ  မြို့ပြကြီးတွေအတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ စစ်ဆင်ရေးများ အကောင်အထည် ဖော်နိုင်ပြီလို့ဆို


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) အပါအဝင် ဗုံး()လုံး လာရောက်ကြဲချရာအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ

🚩 ၂။ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာရှော့ဒုံး၂လုံးထိမှန်

🚩 ၃။ ရေစကြိုမြို့နယ် ခလရ၂၅၇မှမြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းအားရိက္ခာပို့လာသော အင်အား၇၀ခန့်ပါစစ်ကြောင်းအားမိုင်းဆွဲတိုက်ခိုက်၍စကစဘက်ကနှစ်ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရ

🚩 ၄။ မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာအရပ်သားများအား သတ်ဖြတ်သွားတဲ့စကစစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ရော့ကတ်များဖြင့်ပစ်ခတ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ ကရင်ပြည်နယ်အတွင်း အောင်ပွဲရ တော်လှန်ရေးအင်အားစုများကို ကရင်ပြည်သူများဂုဏ်ပြုကြိုဆို


အောက်တိုဘာ၂၁ရက်


ကရင်ပြည်နယ်အတွင်း အောင်ပွဲရ တော်လှန်ရေးအင်အားစုများကို ကရင်ပြည်သူများဂုဏ်ပြုကြိုဆိုခဲ့ကြတယ်လို့အောက်တိုဘာ၂၀ရက်မှာ ကော်ပရာစစ်ကြောင်း တပ်ခွဲ၁က အသိပေးဖော်ပြပါတယ်။


"ညီအစ်ကိုတစ်ဦးချင်းစီရဲ့ဇွဲသန်မှု သည်းခံ ကြံ့ခိုင်မှုနဲ့ဝီရိယကောင်းကောင်း ခြေသံလုံလုံ

ပြီးပြည့်စုံသွားတဲ့ စစ်ဆင်ရေးဟာဆင်းလုံးချောအောင်မြင်ခဲ့ကြပြီး-တောကြီးမြွေဟောက်တွေ (Cobra)-အဆိပ်ပြင်းသူတွေ(Venom)-တရားရေးရော်ဘဲတွေ (Justice soldier)တို့ တစ်တွေဟာတောထဲတစ်ကယ်ခိုခဲ့ကြပြီးခုလည်းမြို့ပြဆီတစ်ကယ်ပြန်တက်လာခဲ့ပါပြီ"လို့ဆိုထားပါတယ်။ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ လေးကေ့ကော်မြို့သစ်နားက စစ်ကောင်စီရဲ့ အမြောက်ကုန်းခေါ် စွယ်တော်ဗျူဟာကုန်းကို အောက်တိုဘာ ၁၇ ရက် မနက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ Cobra Column တို့ ပူးပေါင်းပြီးသိမ်းယူခဲ့ပါတယ်။


========================


📌📌 ၂။ ကိုးကန့်ခရိုင် နမ့်ဟူးနယ်ကို ညသန်းခေါင် လေကြောင်းကနေစကစလေတပ်က ဗုံးများကြဲချတိုက်ခိုက်


အောက်တိုဘာ၂၁ရက်


အောက်တိုဘာလ ၂၀ ရက်နေ့ ဒေသစံတော်ချိန် နံနက် ၀၀ နာရီ ၅၂ မိနစ်၌ ပြည်သူများ အိပ်မောကျနေချိန်တွင် မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ() ကိုးကန့်ခရိုင် ကွမ်းလုံမြို့နယ်ရှိ နမ့်ဟူးကျေးရွာအုပ်စုတွင်စစ်ရေးပစ်မှတ်မဟုတ်သည့် အရပ်သားများနေထိုင်ရာရပ်ကွက်များကို ပစ်မှတ်ထားကာ လေကြောင်းမှ ပေါက်ကွဲအားပြင်းထန်သောဗုံးများကြဲချကာ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


လေကြောင်းတိုက်ခိုက်မှုအပြီးတွင် နမ့်ဟူးမြို့နယ် အုပ်ချုပ်မှုကော်မတီသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာကို အလျင်အမြန်သွားရောက်ကာ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်ရန် တပ်ဖွဲ့ဝင်များကို စည်းရုံးခဲ့ပြီး ကွမ်းလုံ အုပ်ချုပ်မှုကော်မတီလည်း အခင်းဖြစ်ပွားရာသို့ အလျင်အမြန်သွားရောက် ကယ်ဆယ်ရေးလုပ်ဆောင်ရန် ဝန်ထမ်းများကို စီစဉ်စေလွှတ်ခဲ့တယ်လို့သိရပါတယ်။


လေကြောင်းတိုက်ခိုက်မှုတွင်  တိုက်လေယာဉ်များကပေါက်ကွဲအားအလွန်ပြင်းထန်သော ဗုံးများကို နမ့်ဟူးကျောင်းအနီးရှိ လူနေရပ်ကွက်များတွင် စုစည်းကြဲချခဲ့ခြင်းဖြစ်ပြီး လေကြောင်းမှ ကြဲချသည့် ဗုံးများအနက် ပေါင်ချိန်များသော ဗုံးတစ်လုံးသည် နှစ်ထပ်တိုက်၏ ပထမထပ်နှင့်ဒုတိယထပ်ရှိလူနေအိပ်ခန်းကို တိုက်ရိုက် ထိုးဖောက် ဝင်

ရောက်ခဲ့ပြီး ကံကောင်းထောက်မစွာဖြင့် ဗုံးကျရောက်ရာသည် အနည်းငယ်လွဲချော်ပြီး ကုတင်ကိုမထိသောကြောင့် ကုတင်ပေါ်တွင် အိပ်ပျော်နေသူသည် အသက်အန္တရာယ်မှ လွတ်မြောက်နိုင်ခဲ့တယ်လို့သိရပါတယ်။


အခြားသော ဗုံးများသည် အနီးနားရှိ အရပ်သား နေအိမ် အများအပြား အတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား တစ်ဦး ဒဏ်ရာ အနည်းငယ် ရရှိခဲ့ကာ အခြားနေအိမ်အများအပြား ပျက်စီးခဲ့ပြီး ခြံဝင်းအတွင်း ရပ်ထားသည့် ကားအများအပြားလည်း ပျက်စီးခဲ့ပါတယ်။


========================


📌📌 ၃။ ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေဟာ  မြို့ပြကြီးတွေအတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ စစ်ဆင်ရေးများ အကောင်အထည် ဖော်နိုင်ပြီလို့ဆို


ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေဟာ  မြို့ပြကြီးတွေအတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ စစ်ဆင်ရေးများ အကောင်အထည် ဖော်နိုင်ပြီလို့ အောက်တိုဘာလအတွင်းစစ်ရေးသုံးသပ်ချက်များဖော်ပြတဲ့ PDFInsightကအသိပေးရေးသားထားပါတယ်။


"ပြည်သူ့ခုခံတော်လှန်စစ် နှစ်အတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေဟာ အခက်အခဲများစွာ၊ ရင်းနှီးပေးဆပ်ရမှုများစွာ စစ်ရေးအရ သင်ခန်းစာများစွာကို လက်တွေ့  ကြုံတွေ့ ဖြတ်ကျော်လာအပြီးမှာ ဖြည်းဖြည်းမှန်မှန်နဲ့ အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ် အပြီးသတ် ပြိုကျပျက်သုဉ်းသွားစေရေး တန်ပြန်ထိုးစစ်ကြီးတွေကို မြန်မာနိုင်ငံတဝှမ်းလုံးမှာ တိုက်ကွက်ဖော် ထိုးစစ်ဆင်လာနိုင်ပြီဖြစ်ပါတယ်။ အခုဆိုရင် ပြည်သူ့ကာကွယ်ရေး တပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ စစ်ဆင်ရေးတွေဟာ စစ်ဆင်ရေးနည်းဗျူဟာ မတူညီတဲ့ မြေပြန့် တောင်ပေါ် မြစ်ကြောင်းအတွင်းတွေသာမက ရန်သူ ခုခံသူဘက်က စစ်ဆင်ရေးနည်းဗျူဟာ အသာစီးရတဲ့ မြို့ပြကြီးတွေအတွင်းမှာပါ ကျယ်ကျယ်ပြန့်ပြန့် အောင်မြင်စွာ စစ်ဆင်ရေးများ အကောင်အထည် ဖော်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဩဂုတ်လ ၁၅ ရက်နေ့က စတင်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖ နဲ့ တော်လှန်ရေး မဟာမိတ် အင်အားစုတွေရဲ့ ကသုံးလုံးစစ်ဆင်ရေးနယ်မြေအတွင်းက ပူးပေါင်း မြို့ပြစစ်ဆင်ရေး ဖြစ်တဲ့ ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲဟာ ရန်သူ့ဘက်က  တပ်ရင်း ၁၀ ခုကျော်(အင်အား ၈၀၀ နီးပါး) သုံးကာ လေကြောင်းမှ ဗုံးသီး အလုံးရေ ၅၀၀၀ ကျော်အထိ အသုံးပြုပြီး ပင်လယ်ဘူးမြို့အတွင်းကနေ အခိုင်အမာ အင်အားဖြည့် တပ်စွဲ ခုခံခဲ့ပေမယ့် တိုက်ပွဲစတင်ပြီး ၅၃ ရက်အကြာ အောက်တိုဘာလ ရက်နေ့မှာတော့ ပြည်သူ့တော်လှန်ရေး အင်အားစုတွေဘက်က ပင်လည်ဘူးမြို့ကို အောင်မြင်စွာ သိမ်းယူ နိုင်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ နောင်ချိုမြို့နှင့် နမ့်ဆန်မြို့တို့တွင်  စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀) အပါအဝင် ဗုံး()လုံး လာရောက်ကြဲချရာအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာလ ၂၁ ရက်


တအာင်းပြည်၊ တပ်မဟာ နယ်မြေ၊ နောင်ချိုမြို့နှင့်နမ့်ဆန်မြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် (၃၀၀)ဗုံး ()လုံးအပါအဝင် ဗုံး()လုံး လာရောက်ကြဲချမှုကြောင့် ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့ပြီး နေအိမ်အချို့နှင့် ဘုန်းတော်ကြီးကျောင်း ထိခိုက်ပျက်စီးသွားခဲ့တယ်လို့TNLAကအတည်ပြုပါတယ်။

ယနေ့ အောက်တိုဘာလ ၂၁ ရက်နေ့ နံနက် (၁း၁၀)အချိန် နောင်ချိုမြို့ သပြေရပ်ကွက်တွင် လေကြောင်းမှတစ်ဆင့်စကစက ပေါင် (၃၀၀)ဗုံး ()လုံးနှင့် ဗုံး()လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။

ထိုဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ဦးဂိုကာနတ်၏နေအိမ်နှင့် ပါဟတ်ရပ်ကွက်ရှိ ဆိုင်ခန်းအချို့ ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထို့အပြင် ယနေ့နံနက် (၈း၃၀)အချိန်တွင် နမ်ဆန်မြို့နယ်၊ ကျောက်ဖြူလေးကျေးရွာအား စစ်ရေးလှုပ်ရှားမှုတစ်စုံတရာမရှိဘဲ စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းအတွင်းကျရောက်ပေါက်ကွဲကာ ကျောင်းဆောင်အချို့ ထိခိုက်ပျက်စီးသွားခဲ့ပါတယ်။

အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်စောစောအချိန်တွင်လည်း စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ပြည်သူ ()ဦး သေဆုံးခဲ့ပြီး  ပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ 

သီတင်းကျွတ်လပြည့်ညလည်း စစ်ကောင်စီတပ်မှ နောင်ချိုမြို့အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


🚩🚩 ၂။ တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာရှော့ဒုံး၂လုံးထိမှန်


အောက်တိုဘာ၂၁ရက်


တောင်ငူလေတပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့များက ၁၀၇ မမ ရှော့တိုက်ဒုံး လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ရာရှော့ဒုံး၂လုံးထိမှန်ခဲ့ပါတယ်။

အောက်တိုဘာ၂၀ရက် နာရီ ၂၃ မိနစ်မှာ  Mission 24 အဖြစ်နဲ့ တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး လုံးကို အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။

ဒီစစ်ဆင်ရေးကို Brave Warriors for Myanmar (BWM)အပါအဝင် NSA31 မြို့ပြပြောက်ကျားအဖွဲ့ စစ်တောင်းမြစ်ဝှမ်း ရေတာရှည်ပူးပေါင်းစစ်ဆင်ရေးအဖွဲ့တို့ပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ တောင်ငူလေတပ်က ကရင်ပြည်နယ်၊ ကရင်နီပြည်နယ် နဲ့ ရှမ်းတောင်ဒေသတွေမှာ ရှိတဲ့ တော်လှန်ရေးအင်အားစုတွေကိုပစ်မှတ်ထားတိုင်ခိုက်တဲ့အတွက်ယခုလိုလက်တုံပြန်တာဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၃။ ရေစကြိုမြို့နယ် ခလရ၂၅၇မှမြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းအားရိက္ခာပို့လာသော အင်အား၇၀ခန့်ပါစစ်ကြောင်းအားမိုင်းဆွဲတိုက်ခိုက်၍စကစဘက်ကနှစ်ဦးအပြင်းအထန်ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ၂၁ရက်


 အောက်တိုဘာလ(၁၈)ရက်နေ့တွင် ရေစကြိုမြို့နယ် ခလရ၂၅၇မှမြိုင်မြို့နယ် လင်းကတောနယ်မြေရဲစခန်းအားရိက္ခာပို့လာသော အင်အား၇၀ခန့်ပါစစ်ကြောင်းအား ရေစကြိုမြိို့နယ် သာစည်ရေရုံးအနီး နံနက်၆နာရီအချိန်ခန့်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်များမှ အသင့်စောင့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ အောက်တိုဘာ၂၀ရက်မှာစစ်ရေးသတင်းကိုရေစကြိုပကဖကအတည်ပြုဆိုထားပါတယ်။


 အဆိုပါတိုက်ခိုက်မှုကြောင့် ခွေး၂ကောင်အပြင်းထန်ဒဏ်ရာရရှိသွားပြီး ထမ်းစဉ်များနှင့်ခေါ်ဆောင်သွားကြောင်းသိရှိရပါတယ်။


 လက်ရှိအဆိုပါစစ်ကြောင်းမှာ မြိုင်မြို့နယ်လင်းကတောနယ်မြေရဲစခန်းထဲသို့ရောက်ရှိနေကြောင်းသတင်းရရှိပါတယ်။


========================


🚩🚩 ၄။ မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာအရပ်သားများအား သတ်ဖြတ်သွားတဲ့စကစစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ရော့ကတ်များဖြင့်ပစ်ခတ်


အောက်တိုဘာ၂၁ရက်


မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာမှာအရပ်သားများအား သတ်ဖြတ်သွားတဲ့စကစစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှ ရော့ကတ်များဖြင့်ပစ်ခတ်ခဲ့ကြောင်းကို အောက်တိုဘာလအတွင်းစစ်ဆင်ရေးကို Young Force - UGက အသိပေးဖော်ပြပါတယ်။


မကွေးတိုင်း ပခုက္ကူမြို့နယ် အင်ပင်ကျေးရွာသို့ 

အောက်တိုဘာ၁၇ရက်နံနက်ပိုင်းတွင် စစ်ကြောင်းထိုး ဝင်ရောက်ပြီး အမျိုးသမီးများ အပါဝင်ပြည်သူများအား ရက်ရက်စက်စက်သတ်ဖြတ်သွားခဲ့ပါတယ်။၎င်းစစ်ကြောင်းသည် အင်ပင်ရွာသို့ ပြန်ဝင်သွားပြီး ၁၇ရက်နေ့ နာရီဝန်းကျင်ခန့်တွင် ထပ်မံစစ်ကြောင်းထိုးရန်ထွက်လာသဖြင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များမှပူးပေါင်း၍ ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ နောက်ကြောင်း ပြန်လှည့်သွားခဲ့တယ်လို့ဖော်ပြပါတယ်။


ထိုပူးပေါင်းဆောင်ရွက်မှုကို Cobra One BaNyein တပ်ဖွဲ့ The Red Revolters နှင့် Young Force - UG တို့ပါဝင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment