23rd OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြထားသော Special Rapporteur Tom Andrews နောက်ဆုံးအစီအရင်ခံစာအပေါ် မူတည်ပြီးကျင်းပမယ့် စကားဝိုင်းNUGဝန်ကြီးများနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်ဆွေးနွေးမည်

📌 ၂။ စစ်ကောင်စီ နှင့် စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်သူများ ခံစား နေရတဲ့ ဒုက္ခ အရင်းခံဇစ်မြစ် ဖြစ်တယ်လို့ဆို

📌 ၃။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ

📌 ၄။ မြန်မာဘက်ကို ကုန်ပစ္စည်းတင်ပို့တာတွေကို အကြောင်းပြချမရှိဘဲ တရုတ်ဘက်က ပိတ်ပင် 

📌 ၅။ ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို Austin Myanmar Community နဲ့ ပကဖ ကူညီထောက်ပံ့

📌 ၆။ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို နှစ်ခြိုက်သဘောတွေ့နေကြတယ်လို့ AAPPထုတ်ပြန်


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက်စစ်အုပ်စုက ဆိုးရွားသည့် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်ပေးကြဖို့ NUGအစိုးရက တောင်းဆို

🚩 ၂။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန်ပါကျေးရွာကိုစစ်အုပ်စုကျူးလွန်ခဲ့တဲ့ ဖြစ်ရပ် ၂နှစ်ပြည့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားကထုတ်ပြန်

🚩 ၃။ ပြင်ဦးလွင့်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ 

🚩 ၄။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ တစ်လအတွင်းလေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများသေဆုံးကာ နေအိမ်အပါအဝင် ပြည်သူပိုင်ပစ္စည်းများအများပြားပျက်ဆီး

🚩 ၅။ လားရှိုး မယ်ဟန်ရွာကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့် အရက်ချက်စက်ရုံ ပျက်စီး

🚩 ၆။ စစ်ကောင်စီနဲ့အတူ ARSA RSO ARA လက်နက်ကိုင်တပ်တွေ စစ်ရေးလှုပ်ရှားလာတာဟာ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုအသစ်လို့ AA ပြော


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြထားသော Special Rapporteur Tom Andrews နောက်ဆုံးအစီအရင်ခံစာအပေါ် မူတည်ပြီးကျင်းပမယ့် စကားဝိုင်းNUGဝန်ကြီးများနဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့တက်ရောက်ဆွေးနွေးမည်


အောက်တိုဘာ၂၃ရက်


လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြထားသော Special Rapporteur Tom Andrews နောက်ဆုံးအစီအရင်ခံစာအပေါ် မူတည်ပြီးကျင်းပမယ့် စကားဝိုင်းNUGဝန်ကြီးများနဲ့ သံအမတ်ကြီးဦးကျော်မိုးထွန်းတို့တက်ရောက်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။


အောက်တိုဘာလ ၃၀ ရက်တွင် အမေရိကန်နိုင်ငံ New York မြို့ ရှိ Church Center for the UN (777 United Nations Plaza)မှာ United Nations Day of Action for Myanmar/Burma ခေါင်းစဥ်ဖြင့် ဆွေးနွေးပွဲကျင်းပသွားမယ်လို့သိရပါတယ်။


လက်ရှိမြန်မာနိုင်ငံတွင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို တင်ပြထားသော Special Rapporteur Tom Andrews နောက်ဆုံးအစီအရင်ခံစာအပေါ် မူတည်ပြီး မြန်မာ့နွေဦးတော်လှန်ရေးတွင် လူ့အခွင့်အရေး လှုပ်ရှားသူများ ဖြစ်သော အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်း၊ Womens Peace Network အမှုဆောင်ဒါရိုက်တာ မဝေဝေနု နှင့် Kachin Alliance ဥက္ကဌဟောင်းဖြစ်သူ Gum San Nsang တို့က ဦးဆောင်ဆွေးနွေးသွားမယ်လို့သိရပါတယ်။


 Moderator အဖြစ် George Washington University Eliot School of International Affairs မှ ပါမောက္ခ Dr. Christina Fink မှ ဆောင်ရွက်သွားမှာဖြစ်ပြီးတော့ အထူးဧည့်သည်တော်များအဖြစ် Special Rapporteur Tom Andrews မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်းနှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့က ပါဝင်သွားမယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီ နှင့် စစ်အာဏာရှင်စနစ်ဟာ မြန်မာပြည်သူများ ခံစား နေရတဲ့ ဒုက္ခ အရင်းခံဇစ်မြစ် ဖြစ်တယ်လို့ဆို


အောက်တိုဘာ၂၃ရက်


အောက်တိုဘာ၂၁ရက်တွင်ကျင်းပသော (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်းအဝေး၌ အတင်းအကြပ် ပျောက်ကွယ်စေမှုဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌနှင့် လုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ- အစီရင်ခံစာတင်သွင်းသူနှင့် အပြန်အလှန် ဆွေးနွေးမှုအစီအစဉ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကအခုလို ပြောကြားခဲ့ပါတယ်။


"အတင်းအကြပ်ပျောက်ကွယ်စေမှုသည် တရားဥပဒေစိုးမိုးရေးနှင့် အခြေခံ လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်များအား လေးစားရန် ကတိကဝတ် ပြုထားသည့် အသိုက်အဝန်း အားလုံး၏ လေးနက်တည်ကြည်သော စံတန်ဖိုးများကို ထိခိုက်လျော့ပါးစေ၍ အဆိုပါ လုပ်ရပ်များအား ရည်ရွယ်ချက်ရှိစွာ လုပ်ဆောင်ခြင်းမှာ လူသားမျိုးနွယ်အပေါ် ကျူးလွန် သည့် ရာဇဝတ်မှု၏ သဘောသဘာဝပင်ဖြစ်သည်ဟူသော ရပ်တည်ချက်ကို မိမိတို့ အနေဖြင့် တစ်စိုက်မတ်မတ် ရပ်တည် ပါကြောင်း၊ အာဏာသိမ်းစစ်ကောင်စီအနေဖြင့် မြန်မာနိုင်ငံတွင် တရားဥပဒေစိုးမိုးရေးကို လုံးဝ ဥဿုံ ဖျက်ဆီးထားကြောင်း၊ စစ်ကောင်စီ နှင့် စစ်အာဏာရှင်စနစ်သည် မြန်မာပြည်သူများ ခံစား နေရသည့် ဒုက္ခ အရင်းခံဇစ်မြစ် ဖြစ်သည်မှာ လွန်စွာ ထင်ရှားပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ဒါ့အပြင် အာဏာသိမ်းစစ်တပ်အနေဖြင့် မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့်စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့် လုပ်ဆောင်လျက်ရှိတယ်လို့သံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၃။ မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကျင်းပ


အောက်တိုဘာ၂၃ရက်


မန္တလေးဒေသ ကြားကာလ နိုင်ငံရေးအစီအမံ ဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို (အောက်တိုဘာလ ၂၂ ရက်) မှာ Zoom Platform မှတစ်ဆင့် ကျင်းပခဲ့ကြပါတယ်။


 အစည်းအဝေးကို ကော်မတီ၏ အစုအဖွဲ့ () ဖွဲ့မှ ကော်မတီဝင်များ ပါဝင်တက်ရောက်ကြပြီး တက်ရောက်ခွင့်ရှိသူရဲ့ (၉၇%) တက်ရောက်ခဲ့ကြပြီးအစည်းအဝေးမှာ အစီအစဉ် () အနေနဲ့ ချိတ်ဆက်ညှိနှိုင်းမှုရေးရာဆပ်ကော်မတီက တင်ပြလာတဲ့ ဒေသတွင်းနဲ့ ဒေသပြင်ပ အဖွဲ့အစည်း၊ အင်အားစုများနဲ့ ချိတ်ဆက်ညှိနှိုင်းရေးကဏ္ဍအပေါ် အခြေခံပြီး လုပ်ငန်းကော်မတီဝင်များက အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြပါတယ်။


အဲ့ဒီနောက်မှာ အစီအစဉ် () အနေနဲ့  မန္တလေးဒေသ ကြားကာလနိုင်ငံရေးအစီအမံနှင့်စပ်လျဉ်း၍ ကော်မတီဝင်များရဲ့ သဘောထားများ၊ အမြင်များ၊ စိတ်ဆန္ဒများကို အပြန်အလှန် လွပ်လပ်စွာ ဆွေးနွေးဖလှယ်ခြင်း (Brainstorming) နဲ့ အမြင်များကို စုစည်းခြင်းတို့ လုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ မြန်မာဘက်ကို ကုန်ပစ္စည်းတင်ပို့တာတွေကို အကြောင်းပြချမရှိဘဲ တရုတ်ဘက်က ပိတ်ပင် 


အောက်တိုဘာ၂၃ရက်


လျှပ်စစ်ပစ္စည်းနဲ့ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေအပါအဝင် အိမ်သုံးပစ္စည်းတွေအားလုံး မြန်မာနိုင်ငံဘက်  တင်သွင်းနေတာကို တရုတ်အာဏာပိုင်တွေက အကြောင်းပြချမရှိဘဲ ပိတ်ပင်လိုက်တယ်လို့ နယ်စပ်ကုန်တွေက ပြောဆိုနေကြပါတယ်။

နယ်စပ်မှာရှိတဲ့ တရုတ်ကုန်သည်တွေနဲ့ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်တွေထံကို ယူနန်ပြည်နယ်အုပ်ချုပ်ရေးပိုင်းက မနေ့ အောက်တိုဘာ ၂၂ ရက်မှာ အသိပေးလာတယ်လို့ မူဆယ်မြို့မှာရှိတဲ့ ကုန်သည်တွေက ဆိုပါတယ်။

ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား (Xi Shuang Ban Na) မြို့နယ် DaLuo ပို့ဆောင်ဆက်သွယ်ရေးဂိတ်က သူတို့ ဖောက်သည်တွေကို အကြောင်းကြားတဲ့စာမှာ ပို့ကုန်ထိန်းချုပ်ရေးမူဝါဒ ပြုပြင်ပြောင်းလဲမှုတွေကြောင့် တရုတ်ပို့ကုန်တွေ ဖြစ်တဲ့ အိမ်သုံးကုန်ပစ္စည်းအမျိုးမျိုး၊ လျှပ်စစ်ပစ္စည်းနဲ့ဆက်စပ်ပစ္စည်းတွေဖြစ်တဲ့ ဘက္ထရီ၊ ဆိုလာဘထ္ထရီ၊ ဆိုလာပြား၊ အင်ဂျင်၊ မီးသီး၊မီးအိမ်များ၊ စားသောက်ကုန်များ၊ စောင်၊ ဘိလပ်မြေ အစရှိတဲ့ပစ္စည်းတွေ မြန်မာပြည်ဘက်တင်ပို့တာ ခေတ္တ ရပ်ဆိုင်းထားမှာဖြစ်ပြီး နိုင်ငံရေးနဲ့မူဝါဒပြုပြင်ပြောင်းလဲမှုတွေ ထပ်ပြီး အသိပေးမယ်လို့လည်း လုပ်ငန်းရှင်တွေက ပြောပါတယ်။ 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးအနေနဲ့ နယ်စပ်ကုန်သွယ်ရေးနဲ့ပတ်သက်လို့ ထုတ်ပြန်ပြောဆိုလေ့မရှိပေမယ့် ဒီသတင်းဟာ အမှန်ဖြစ်တယ်လို့ တရုတ်- မြန်မာနယ်စပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာအရာရှိ တဦးက လူထုနွေဦး သတင်းဌာနကို အတည်ပြုပြောဆိုထားပါတယ်။ 

စစ်ကောင်စီကို သိသိသာသာအားပေးလာပြီး တော်လှန်ရေးအဖွဲ့တွေကို ဖိအားမျိုးစုံပေးနေတဲ့တရုတ်အစိုးရဟာ နယ်စပ် မှတဆင့် ရှမ်းပြည်နယ်ဘက်တင်သွင်းနေတဲ့ ဆေးဝါးတွေကို ပြီးခဲ့တဲ့သြဂုတ်လမှာ စတင်ပိတ်ပင်တားဆီးခဲ့ပြီးနောက် အခု လျှပ်စစ်ပစ္စည်းများနှင့် အိမ်သုံးပစ္စည်းတွေကို ထပ်မံပိတ်ပင်လိုက်တာပဲဖြစ်ပါတယ်။

နယ်စပ်ဂိတ်တွေရှိရာမြို့အများစုကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ ထိန်းချုပ်ခွင့်ရသွားတာကြောင့် တရုတ်ဘက်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိအားပေးတဲ့အနေနဲ့ အခုလို လုပ်ဆောင်လာတာဖြစ်နိုင်တယ်လို့ နိုင်ငံရေး စစ်ရေး လေ့လာသူတွေက သုံးသပ်ပြောဆိုနေကြပါတယ်။    

နယ်စပ်ကနေ တရားမဝင်ဝင်ရောက်လာတဲ့ ကုန်စည်တွေကိုဖမ်းဆီးဖို့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဒုတိယခေါင်းဆောင် စိုးဝင်းက ညွှန်ကြားထားတယ်လို့ သတင်းတွေထွက်ပေါ်နေချိန်မှာ တရုတ်ဘက်က နယ်စပ်ဂိတ်တွေပိတ်တာ ကုန်စည် တင်သွင်းခွင့်တွပိတ်ပင်တာတွေကြောင့် နိုင်ငံရေး စစ်ရေး လေ့လာသူတွေက သုံးသပ်နေကြတာပဲဖြစ်ပါတယ်။


နန်းတော်ဂိတ်၊ပန်ဆိုင်းဂိတ်တို့ ရှိသည်။သို့သော် မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်းကို ညီနောင် ၁၀၅ မိုင်အဖွဲ့က ထိန်းချုပ်ထားသလို ကျန်ဂိတ်အများစုကိုလည်းတော်လှန်ရေးတပ်များကသိမ်းပိုက်ထိန်းချုပ်ထားသည်။ထိုကြောင့် ကန်ပိုက်တီ ဂိတ်နှင့် ကျိုင်တုံ ဂိတ်တွင်သာစစ်ကောင်စီတပ် ကျန်ရှိတော့ခြင်းဖြစ်သည်။


========================


📌📌 ၅။ ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို Austin Myanmar Community နဲ့ ပကဖ ကူညီထောက်ပံ့


အောက်တိုဘာ၂၃ရက်


ပဲခူးတိုင်း ရေဘေးသင့်ပြည်သူတွေကို Austin Myanmar Community နဲ့ ပကဖ ကူညီထောက်ပံ့ခဲ့တယ်လို့အောက်တိုဘာ၂၃ရက်မှာ ပကဖအသံကထုတ်ပြန်ဖော်ပြပါတယ်။


ရေဘေးသင့်ပြည်သူတွေအတွက် အမေရိကန်နိုင်ငံ Austin Myanmar Community ကိုယ်စား ပဲခူးတိုင်းအတွင်းက ပကဖအဖွဲ့တွေနဲ့ လူစာနာတာဝန်ခံတို့က စစ်တောင်းမြစ်ဝှမ်းစစ်ဆင်ရေးနယ်မြေများကို သွားရောက်လှူဒါန်းတဲ့ မှတ်တမ်းတွေဖြစ်ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို နှစ်ခြိုက်သဘောတွေ့နေကြတယ်လို့ AAPPထုတ်ပြန်


အကြမ်းဖက်စစ်အုပ်စုဟာ လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို နှစ်ခြိုက်သဘောတွေ့နေကြတယ်လို့ အောက်တိုဘာ၂၃ရက်မှာ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ကထုတ်ပြန်ပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက်ပိုင်းတွင် အာဏာစိုးမိုးမှုနှင့် နယ်မြေထိန်းချုပ်မှုကို ခိုင်မာအောင် မတည်ဆောက်နိုင်ခဲ့ဘဲ ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေး တောင်းဆိုမှုတို့ကို ကြမ်းတမ်းသော နည်းဗျူဟာများဖြင့် တုံ့ပြန်ခဲ့ခြင်းသည် မြန်မာနိုင်ငံအတွင်း ဆယ်စုနှစ်များစွာကြာ စစ်အုပ်စုက ကျူးလွန်ခဲ့သည့် အကြမ်းဖက်မှုနှင့် ဖိနှိပ်မှု သမိုင်းကြောင်းကို ပြန်လည်အောက်မေ့အမှတ်ရစေနိုင်ပါတယ်။ စောင့်ကြည့် လေ့လာတွေ့ရှိချက်များအရ တပ်မတော်အမည်ခံ အကြမ်းဖက်စစ်အုပ်စုသည် ပြဋ္ဌာန်းထားသည့် လူ့အခွင့်အရေးစံနှုန်းများကို လျစ်လျူရှုမျက်ကွယ်ပြုပြီး အရပ်သားလူထုကို လူမဆန်စွာ နှိမ့်ချဆက်ဆံ ခြင်းကို နှစ်ခြိုက်သဘောတွေ့နေကြတယ်လို့ဖော်ပြပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းချိန်မှ စတင်၍ စစ်အုပ်စုသည် သုံးနှစ်ကျော်ကြာ ပြည်သူများအကြားထိတ်လန့်ခြောက်ခြားမှု လွှမ်းမိုးစေသော အကြမ်းဖက်လှုပ်ရှားမှုများကို လုပ်ဆောင် ခဲ့ရာ အရပ်သားများအပေါ် ကျယ်ကျယ်ပြန့်ပြန့် စနစ်တကျကျူးလွန်သည့် လူ့အခွင့်အရေး ချိုးဖောက်မှု များစွာ ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================

🚩🚩 ၁။ အကြမ်းဖက်စစ်အုပ်စုက ဆိုးရွားသည့် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဆောင်ရွက်ပေးကြဖို့ NUGအစိုးရက တောင်းဆို


အောက်တိုဘာ၂၃ရက်


အောက်တိုဘာလ (၁၁) ရက်နေ့မှ (၂၀ ) ရက်နေ့အတွင်း အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ အင်အား (၁၀၀) ကျော် ပါဝင်သော စစ်ကြောင်း ဘုတလင်မြို့နယ်အတွင်းရှိ ကျေးရွာများ၊ ရပ်ကွက် (၁၇) ခုကို  ဝင်ရောက် စီးနင်း၊ မီးရှို့၊ သတ်ဖြတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများ အတွင်း အရပ်သားပြည်သူ (၂၄) ဦးထက်မနည်း ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရတယ်လို့အမျိုးသားညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ပါတယ်။


ထင်ရှားသည့် သတ်ဖြတ်မှု ဖြစ်စဉ်မှာ အောက်တိုဘာလ (၁၇) ရက်နေ့၊ စီပါကျေးရွာတွင် အရပ်သားပြည်သူ () ဦးကို သတ်ဖြတ်မှုဖြစ်ပြီး၊ ခန္ဓာကိုယ်များကို အစိတ်စိတ်ပိုင်းဖြတ်လျက် အစိတ်အပိုင်းများကို နေအိမ်ခြံစည်းရုံးတွင် ချိတ်ဆွဲထား ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။


နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ ပြစ်ဒဏ်ကင်းလွတ်ခွင့်ကို ဆက်လက် ခွင့်ပြုနေမည်ဆိုပါက ထိုမျှ ဆိုးရွားယုတ်မာသော စစ်ရေးဆိုင်ရာ မဟာဗျူဟာ၊ နည်းဗျူဟာနှင့် အယူဝါဒ ကိုင်ဆွဲထားသော ယန္တရားတရပ်သည် ဆက်လက်သက်ဆိုးရှည်ယုံမျှမက၊ ပိုမိုအတင့်ရဲ လာမည်သာ ဖြစ်ကြောင်းဖော်ပြပါတယ်။


 ထို့ကြောင့် အကြမ်းဖက်စစ်အုပ်စုအနေဖြင့် ၎င်း၏ ဆိုးရွားသည့် ကျူးလွန်မှုများအတွက် တရားမျှတမှု ဖော်ဆောင်နိုင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဦးတည် ကြိုးပမ်းဆောင်ရွက်ပေးကြဖို့တောင်းဆိုအပ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရကထုတ်ပြန်ပါတယ်။


========================


🚩🚩 ၂။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန်ပါကျေးရွာကိုစစ်အုပ်စုကျူးလွန်ခဲ့တဲ့ ဖြစ်ရပ် ၂နှစ်ပြည့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားကထုတ်ပြန်


အောက်တိုဘာ၂၃ရက်


ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန်ပါကျေးရွာကိုစစ်အုပ်စုကျူးလွန်ခဲ့တဲ့ ဖြစ်ရပ် ၂နှစ်ပြည့်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားက အောက်တိုဘာ၂၃ရက် မှာ ထုတ်ပြန်လိုက်ပါတယ်။


"လွန်ခဲ့သော နှစ်တွင် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ အနန်ပါကျေးရွာအနီးရှိ ဂီတပွဲတစ်ခုကို လေကြောင်းတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ယင်းဂီတပွဲသို့ လူ ၃၀၀ မှ ၅၀၀ ခန့် တက်ရောက်နေပြီး အများစုမှာ အရပ်သားများဖြစ်ကြပါတယ်။အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် လူအယောက် ၈၀ ခန့် သေဆုံးခဲ့ရပြီး လူ ၁၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ မြန်မာစစ်တပ်က ဒဏ်ရာရသူများ ကျန်းမာရေးစောင့်ရှောက်မှု မရရှိစေရန် ပိတ်ဆို့မှုများလည်း ဆောင်ရွက်ခဲ့တယ်"လို့ဖော်ပြပါတယ်။


အရပ်သားများအား တိုက်ရိုက်တိုက်ခိုက်ပြီး လူသားချင်းစာနာမှုအထောက်အပံ့ပေးရန် ငြင်းဆန်ခြင်းသည် နိုင်ငံတကာဥပဒေများကို ချိုးဖောက်ရာရောက်ပြီး၊ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုများအဖြစ် သတ်မှတ်နိုင်တယ်လို့မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သောစုံစမ်းစစ်ဆေးရေးယန္တရားကဖော်ပြပါတယ်။


========================


🚩🚩 ၃။ ပြင်ဦးလွင့်မြို့အနီးမှာ တိုက်ပွဲပြင်းထန်နေ 


အောက်တိုဘာ၂၃ရက်


စစ်တက္ကသိုလ်တွေရှိတဲ့ ပြင်ဦးလွင်မြိုနဲ့ ၁၆ မိုင်ခန့်သာကွာဝေးတဲ့ နောင်ချိုမြို့နယ်ထဲက ဂန့်ကော်ကျေးရွာမှာ စစ်ကောင်စီ တပ်နဲ့ တိုက်ပွဲတွေပြင်းထန်နေတယ်လို့ တအာင်းတပ်မတော်-TNLA က ပြောပါတယ်။

တအာင်းပြည်တပ်မဟာ- နယ်မြေ နောင်ချိုမြို့ ဂန့်ကော်ကျေးရွာက စာသင်ကျောင်းနေရာမှာ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ စစ်ကောင်စီတပ်တို့ကြား မနေ့ အောက်တိုဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေရာက စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းကို အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးသီး ၁၈ လုံး ကြဲချတိုက်ခိုက် ခဲ့တယ်လို့ TNLA က အသိပေးထားပေမယ့် ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ ထုတ်ပြန်ချက်မှာ ဖော်ပြမထားပါဘူး။

မန္တလေး - လားရှိးလမ်းမကြီးပေါ်က နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာအုပ်စု ဂန့်ကော်ကျေးရွာမှာ အောက်တိုဘာ ၁၉ ရက် ကစပြီး တိုက်ပွဲတွေ ပြင်းထန်နေတာပဲဖြစ်ပါတယ်။

အခုလို ပြင်ဦးလွင်မြို့နဲ့နီးတဲ့နေရာမှာ တိုက်ပွဲတွေဖြစ်လာတာကြောင့် မြိူ့တွင်းတိုက်ပွဲတွေဖြစ်လာနိုင်တယ်လို့ စစ်ကောင်စီ လက်ရုံးတပ်တွေက အသိပေးလာပြီး လက်ကျန်တပ်မိသားစုဝင်တွေကို ပြောင်းရွှေ့ပေးနေသလို ပြင်ဦးလွင်ဘက်ကနေ လက်နက်ကြီးပစ်ကူတွေ ဆက်တိုက်လုပ်လာတယ်လို့လည်း ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်တပ်စခန်းဖြစ်တဲ့ ခလရ ၂၃ တပ်ရင်းဌာနချုပ်ကို TNLA နဲ့ တော်လှန်ရေး ပူးပေါင်းတပ်တွေ အောက်တိုဘာ ၁၃ ရက်နေ့က သိမ်းပိုက်ခဲ့ပြီးနောက် သီပေါမြို့နယ်တခုလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကြေညာခဲ့ပြီးနောက် ပြင်ဦးလွင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်ရုံးတပ်တွေက နောက်ဆုံးလက်ကျန်မိသားစုတွေကို ပြောင်းရွှေ့ပေးနေတာဖြစ်ပြီး Non-CDM ဝန်ထမ်းအသိုင်းအ၀ိုင်းက မှီခိုသူမိသားစုတွေလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ရွှေ့ပြောင်းနေကြတယ်လို့ သိရပါတယ်။ 

ဩဂုတ်လဆန်းပိုင်းအတွင်းက ပြင်ဦးလွင်တပ်နယ်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေက တပ်မိသားစုဝင်တွေ ပြင်ဦးလွင်ကနေ အသုတ်လိုက်ထွက်ခွာခဲ့ကြပြီး နောက် လအကြာမှာ လက်ကျန် တပ်မိသားစုဝင်တွေ ထပ်မံ ထွက်ခွာနေကြတာလို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။  

ပြင်ဦးလွင်မြို့ပေါ်မှာ လက်နက်ကြီးပစ်ကူသံတွေ နေ့စဉ် ပြန်လည်ထွက်ပေါ်လာပြီး နောင်ချိုမြို့နယ် ဂန့်ကော်ကျေးရွာအနီး မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်တွေက လမ်းတလျှောက်မှာရှိတဲ့ ကျေးရွာတွေက ဒေသခံပြည်သူတွေကို အတင်းအကျပ် ပြောင်းရွှေ့ခိုင်းနေတာတွေလည်းရှိနေတယ်လို့ ဂန့်ကော်ရွာက စစ်ဘေးရှောင်တွေက ပြောပါတယ်။ 

ခုလို တိုက်ပွဲတွေပြင်းထန်လာတာဟာ ရှမ်းပြည်နယ်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကနေ နောင်ချိုမြို့နယ်အတွင်း ကို စစ်ကောင်စီဘက်ကစစ်အင်အားပြန်လည်ဖြည့်တင်းဖို့ကြိုးပမ်းလာပြီး ထိုးစစ်ဆင်လာတာကြောင့်ဖြစ်တယ်လို့ TNLA ဘက်က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၄။ စစ်ကိုင်းတိုင်းအထက်ပိုင်း ကောလင်းမြို့နယ်တွင် စစ်ကောင်စီမှ တိုက်ပွဲဖြစ်ပွားမှုမရှိပဲ တစ်လအတွင်းလေကြောင်းမှ ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူများသေဆုံးကာ နေအိမ်အပါအဝင် ပြည်သူပိုင်ပစ္စည်းများအများပြားပျက်ဆီး


အောက်တိုဘာ-၂၃ ဒေါင်းညို (ကောလင်း)


 စစ်ကိုင်းတိုင်းအထက်ပိုင်းရှိ  ကောလင်းမြို့နယ်တွင်အောက်တိုဘာ-၂၂ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ စစ်ကောင်စီ၏ လေကြောင်းမှ YAK-130အမျိုးအစား ဂျက်ဖိုက်တာ သုံးစီးဖြင့်လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ နှစ်ဦးသေဆုံးခဲ့ရပြီး ()ဦးခန့် ဒဏ်ရာရရှိခဲ့သည်။

   "အမှတ်မထင်ကြီးရောက်ချလာတာဆိုတော့ နည်းနည်းလည်းမှင်တက်သွားတယ်။လေယျာဉ်တွေတက်လာတယ်ဆိုတာကိုစက်တွေကအော်တာကြားပေမယ့် ကိုယ့်ဆီဖြစ်လိမ့်မယ်မထင်ဘူး။တိုက်ပွဲဖြစ်တာလည်းမရှိဘူးလေ။နောက်တစ်ချက်က ကျွန်းလှနယ်ထဲမှာနှစ်ပတ်သုံးပတ်ဝဲနေတော့ အဲ့ဖက်တွေတင်လို့ထင်ကျတာပေါ့"ဟုလေကြောင်းတိုက်ခိုက်ခံရသည့် ပြည်သူတစ်ဦးမှပြောပါတယ်။

      တံတားဦးတက်ဂျက်ဖိုက်တာ သုံးစီးဖြင့်(၁၀:၂၀)မိနစ်တွင်တကြိမ်၊(၁၀:၂၆)မိနစ်တွင်တကြိမ်၊(၁၁:၀၀)အချိန်တွင်တကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးသီး()လုံးကြဲချခဲ့သည်။အရပ်သားပြည်သူနှစ်ဦး သေဆုံး၍ ရှစ်ဦးခန့်ဒဏ်ရာရကာ နေအိမ်အမြောက်အများမီးလောင်ပြိုကျပျက်ဆီးခဲ့သည်။       

  "လေကြောင်းရန် ကာကွယ်ရေးအတွက် ဌါနပေါင်းစုံပူးပေါင်းပြီး ဗုံးခိုကျင်းတူးဖို့ လေကြောင်းတိုက်ခိုက်ခံရပါက အန္တရာယ်နည်း‌ေအာင်နေထိုင် ရှောင်ရှားဖို့သတိပေးစာ‌တွေ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ၊အသိပညာပေးခြင်း‌တွေဆောင်ရွက်ထားပေးပေမယ့် ပြည်သူတွေဖက်က ပူးပေါင်းပါဝင်ဆောင်ရွက်တာနည်းနေသေးတယ်ဗျာ့။နောက်ထပ်လည်းလက်ကမ်းစာစောင်တွေဖြန့်ဝေဖို့နဲ့ စည်းရုံးဟောပြောပွဲတွေလုပ်ဖို့အတွက် တော့ အမြန်ဆုံးစီစဉ်ဆောင်ရွက်နေပါတယ်"ဟုပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှပြောကြားလာပါတယ်။

ကောလင်းမြို့နယ်အတွင်းအောက်တိုဘာလ တစ်လအတွင်းအပြစ်မဲ့အရပ်သားပြည်သူနေအိမ် ၊ကျေးရွာများကို စစ်ကောင်စီလေကြောင်းမှ ()ကြိမ်တိုက်ခိုက်ခဲ့ပြီး ဝန်းသို ခမရ(၁၁၁)မှဟောင်ဝှစ်ဇာဖြင့်()ကြိမ်ပစ်ခတ်ခဲ့ရာ အရပ်သားပြည်သူ(၁၄)ဦးခန့်သေဆုံးခဲ့ရပြီး(၂၀)ကျော်ခန့်ထိခိုက်ဒဏ်ရာရကာ နေအိမ် ၊ကား၊ဆိုင်ကယ်၊ကျွဲနွားအများအပြားပျက်စီးခဲ့ကြရတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၅။ လားရှိုး မယ်ဟန်ရွာကို စစ်တပ်ကဗုံးကြဲတိုက်ခိုက်တာကြောင့် အရက်ချက်စက်ရုံ ပျက်စီး


အောက်တိုဘာ၂၃ရက်


ကိုးကန့်တပ်မတော်-MNDAA သိမ်းပိုက်ထားတဲ့ လားရှိုးမြို့အဝင်ဆိုင်ဘုတ်အနီးကို အကြမ်းဖက်စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ မယ်ဟန်ရွာက အရက်ချက်စက်ရုံ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။ 

ဒီနေ့ အောက်တိုဘာ ၂၃ ရက် မနက် နာရီခွဲဝန်းကျင်မှာ စစ်ကောင်စီက လားရှိုးမြို့အနီးမှာရှိတဲ့ မယ်ဟန်ရွာကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။ 

အခုလိုဗုံးကြဲတိုက်ခိုက်တာကြောင့် မယ်ဟန်ရွာက ရိုးရာဆန်အရက်ချက်တဲ့စက်ရုံကိုထိမှန်ပြီး မီးလောင်ပျက်စီး ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ ရွှေဖီမြေသတင်းဌာနက ဖော်ပြထားပါတယ်။ 

ဗုံးကြဲတိုက်ခိုက်သွားတဲ့ စစ်ကောင်စီလေယာဉ်ကို MNDAA တပ်ဖွဲ့က စက်သေနတ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီဟာ ဒီမနက် ၁ဝ နာရီကျော်အချိန်မှာလည်း လားရှိုးမြို့ပေါ်ကို ဗုံးကြဲတိုက်မှု ထပ်လုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့ မသိရသေးဘူးလို့ မွန်းတည့် ၁၂ နာရီခန့်မှာ အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်တပ်က လားရှိုးမြို့အဝင်ဆိုင်းဘုတ်အနီးက ရိုးရာဆန်အရက်ချက်စက်ရုံကို ဒီမနက် လေကြောင်းက  ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုဖြစ်ပြီး စက်ရုံအဆောက်အအုံတွေ မီးလောင်ကျွမ်းခဲ့တာကို အထူးဒေသ- မီးသတ်တပ်ဖွဲ့ က အချိန်မီ သွားရောက်ငြိမ်းသတ်နိုင်ခဲ့ကာ ထိခိုက်ဒဏ်ရာရသူမရှိဘူးလို့ လားရှိုးမြို့ ပြန်လည်ထူထောင်ရေးအဖွဲ့က ပြောပါတယ်။ 


အကြမ်းဖက်စစ်ကောင်စီဟာ မနေ့ အောက်တိုဘာ ၂၂ ရက် မနက်ပိုင်းကလဲ လားရှိုးမြို့ မန်ဆူဘုရားအနီးကို လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပါသေးတယ်။ 

အကြမ်းဖက်စစ်ကောင်စီဟာ လားရှိုးမြို့ကို ဩဂုတ်လကစပြီးလေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ လက်ရှိအချိန်ထိဆိုရင် အကြိမ် ၂ဝ ကျော် ရှိလာပြီလို့ သိရပါတယ်။


========================


🚩🚩 ၆။ စစ်ကောင်စီနဲ့အတူ ARSA RSO ARA လက်နက်ကိုင်တပ်တွေ စစ်ရေးလှုပ်ရှားလာတာဟာ နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုအသစ်လို့ AA ပြော


အောက်တိုဘာ၂၃ရက်


အကြမ်းဖက်စစ်ကောင်စီနဲ့အတူ ARSA RSO ARA မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့တွေ စစ်ရေးလှုပ်ရှားလာတာဟာ  နယ်စပ်ဒေသလုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးအတွက် စိန်ခေါ်မှုအသစ်ဖြစ်လာတယ်လို့ ရခိုင့်တပ်တော် AA က ပြောဆို လိုက်ပါတယ်။

ရခိုင်ဒေသ မောင်တော၊ အမ်း၊ ကျိန္တလီမြို့ပတ်ဝန်းကျင်မှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ရခိုင့်တပ်တော်တို့ကြား နေစဉ်ရက်ဆက် တိုက်ပွဲတွေဖြစ်နေတာနဲ့ပတ်သက်လို့ ရခိုင့်တပ်တော် AA က ဒီနေ့မနက်အစောပိုင်းမှာ ထုတ်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။

အလားတူ တောင်ကုတ်မြို့ပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေ ရံဖန်ရံခါဖြစ်ပွားနေတယ်လို့လည်း အသိပေးထားပါတယ်။

မောင်တောမြို့မှာ စစ်ကောင်စီလက်အောက်ခံ နခခ- စခန်းတခုသာ ကျန်တော့ပေမယ့် ရခိုင့်တပ်တော် လက်လှမ်းမမှီ သေးတဲ့ မောင်တောနဲ့ ဘူးသီးတောင်မြို့တွေက နေရာအချိုနဲ့ တောထူတဲ့တောင်တန်းတွေထဲမှာ ARSA RSO ARA စတဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ တပ်စခန်းတွေအခိုင်အမာတည်ဆောက်ပြီး ခိုအောင်းနေတယ်လို့ ဆိုပါတယ်။

ဒီ ARSA RSO ARA အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့တွေဟာ အရပ်သားပြည်သူတွေကို လာရောက်ဖမ်းဆီး ခေါ်ဆောင် တာ၊ သတ်ဖြတ်တာ ပြန်ပေးဆွဲတာနဲ့ ငွေညှစ်တာတွေ ဆက်တိုက်ကျူးလွန်နေသလို အချို့နေရာတွေမှာ အကြမ်းဖက် စစ်ကောင်စီနဲ့အတူ စစ်ရေးလှုပ်ရှားမှုတွေပူးတွဲလုပ်ဆောင်ပြီး ရခိုင့်တပ်တော် AA တပ်ဖွဲ့ကို လာရောက်တိုက်ခိုက်တာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီအစွန်းရောက်အကြမ်းဖက်လက်နက်ကိုင်တပ်တွေရဲ့ အကြမ်းဖက်အန္တရာယ်ဟာ ရခိုင်ဒေသအတွင်းတင်မဟုတ်ဘဲ ဘင်္ဂလားဒေ့ရှ်-ရခိုင်နယ်စပ်တွေမှာနေထိုင်ကြတဲ့ အရပ်သားပြည်သူတွေအတွက်ပါ စိုးရိမ်စရာကောင်းတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒီဖြစ်ရပ်တွေဟာ စိန်ခေါ်မှုအသစ်တခုဖြစ်လာခဲ့ပြီး ဒေသတွင်းငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ပြည်သူ့လုံခြုံရေးကိုပါ စိန်ခေါ် လာတာလို့ AA က ပြောပါတယ်။ 

ဒါကြောင့် ရခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေဟာ မောင်တောနဲ့ဘူးသီးတောင်မြို့ပတ်ဝန်းကျင်က ARSA RSO ARA စတဲ့ အစွန်းရောက် အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ ခိုအောင်းနေနိုင်တဲ့ နေရာတွေနဲ့ စစ်တပ်က သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ လက်နက်ကိုင်တွေကို လိုက်လံတိုက်ခိုက်ရှင်းလင်းနေတယ်လို့လည်း သိရပါတယ်။

အခုလိုရှင်းလင်းနေတဲ့အတွက် ဘူးသီးတောင်မြို့နယ် ခရုချောင်းကျေးရွာ အနောက်မြောက်ဘက်မှာရှိတဲ့ တောင်တန်းမှာ အောက်တိုဘာ ၁၉ ရက်နေ့ မွန်းလွဲ ၁၂ နာရီကျော်အချိန်က AA နဲ့ ARSA တို့ကြား တိုက်ပွဲတွေ ၅ကြိမ်ခန့်ဖြစ်ခဲ့ပြီး ARSA လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ အခိုင်အမာစခန်းချနေထိုင်ခဲ့တဲ့ နေရာ ခုနဲ့ အကြမ်းဖက်စစ်ကောင်စီက တပ်ဆင်ပေးထားတဲ့ လက်နက်ခဲယမ်းများအပြင် လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ အလောင်းအချို့ သိမ်းဆည်းရရှိခဲ့တယ်လို့ AA က ဆိုပါတယ်။ 

အောက်တိုဘာ ၂၂ ရက်မှာလည်း မောင်တောမြို့နယ် ဂြင်းတောစခန်းအရှေ့ဘက်မှာ ထွက်ပြေးနေတဲ့ ARSA လက်နက်ကိုင် တပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိမှာလည်း ထွက်ပြေးလွတ်မြောက်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီက စစ်သင်တန်းပေးပြီး လက်နက်တပ်ဆင်ပေးထားသူတွေကို လိုက်လံရှင်းလင်းတိုက်ခိုက်နေတယ်လို့ AA က ဆိုပါတယ်။ 

အခုလို တိုက်ပွဲတွေဖြစ်နေချိန်မှာ စစ်တွေမြို့မှာရှိတဲ့ တပ်စခန်းတွေကနေ တိုက်ပွဲဖြစ်နေရာတွေမဟုတ်တဲ့ မြို့၊ ရွာတွေကိုပါ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတဲ့အပြင် ပင်လယ်ပြင်မှာတပ်စွဲနေတဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ပြုလုပ်နေတာကြောင့် အရပ်သားပြည်သူ သေဆုံးမှုနဲ့ ဒဏ်ရာရတာတွေ နေ့စဉ်ရှိနေတယ်လို့ AA က ထုတ်ပြန်ပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment