23rd OCT 2024 - Morning Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စု ကဘုတလင်မြို့နယ်၊စီပါရွာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနစ်တကျတင်ပြမယ်လို့ဆို

📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတစ်နိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြံရွယ် လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား

📌 ၃။ တော်လှန်ရေးအရှိန် အားကောင်းလာပါက မင်းအောင်လှိုင်တပ်များ မတားနိုင်ဘဲ ဖြစ်မယ်လို့သတိပေး

📌 ၄။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ်ဒီပလိုမာသင်တန်းအတွက် စေတနာ့ဝန်ထမ်း နည်းပြဆရာ၊ ဆရာမ လျှောက်လွှာခေါ်ယူ

📌 ၅။ SDBဘဏ်ရဲ့ Airdrop gameကိုစတင်မိတ်ဆက်

📌 ၆။ အောက်တိုဘာလ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၂) ဦး စုစုပေါင်း (၂၆) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိ

🚩 ၂။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) မှ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်တိုက်ခိုက်နေ

🚩 ၃။ ဝေါမြို့နယ်၊ ရှမ်းကိုင်း ရေတံခါးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်

🚩 ၄။ သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး

🚩 ၅။ ရွှေဘိုတွင် စစ်ကောင်စီ တပ်သား တဦးနှင့် ပျူစောထီး တဦးကို ပစ်ခတ်ရှင်းလင်းခဲ့

🚩 ၆။ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ဦး ထိခိုက်ဒဏ်ရာရ

🚩 ၇။ လောင်းလုံတွင် စစ်ကောင်စီ စစ်ကြောင်းက ဒေသခံ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးကို သတ်ဖြတ်ခဲ့

🚩 ၈။ အင်အားတစ်ရာရှိတဲ့ စကစစစ်ကြောင်းဘုတလင်ဒေသကို စစ်ကြောင်းထိုးရာမှာ အရပ်သားနှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီး ငါးဆယ်ခန့်ကို ဓားစာခံဖမ်းဆီးထား

🚩 ၉။ ကျားသစ်နက်တပ်မတော် တပ် တည်ထောင်ခြင်း () နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ် ဆောက်လုပ်လှူဒါန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စု ကဘုတလင်မြို့နယ်၊စီပါရွာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနစ်တကျတင်ပြမယ်လို့ဆို


အောက်တိုဘာ၂၂ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုက ဘုတလင်မြို့နယ်၊ စီပါရွာမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနစ်တကျတင်ပြမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။


စကစရဲ့စစ်ရာဇဝတ်မှုနဲ့ ပတ်သက်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက သတင်းဌာနတခုသို့ပြောကြားရာမှာ ထည့်သွင်းဆိုပါတယ်။


"ဘယ်လိုမှ ဖျောက်ဖျက်ဖို့မသင့်တဲ့ ရာဇဝတ်မှုတွေပါ။ ဒီရာဇဝတ်မှုတွေကို အမြန်ဆုံးအရေးယူဆောင်ရွက်ရမှာဖြစ်ပါတယ်။ နယူးယောက်မြို့ ကုလသမဂ္ဂအထွေထွေညီလာခံအတွင်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ရအောင်လုပ်ဆောင်နေတဲ့ကာလအတွင်း လည်းဖြစ်တယ်။ စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ပေးဖို့ လိုအပ်နေတယ်ဆိုတာကို လှုံ့ဆော်နေတဲ့ကာလဖြစ်လို့  ဒါတွေကို ကုလသမဂ္ဂအထွေထွေညီလာခံမှာ စနစ်တကျတင်ပြနိုင်ဖို့ မှတ်တမ်းကောက်ယူမှုတွေ စတင်လုပ်ဆောင်နေပါပြီ"လို့ဆိုပါတယ်။


အောက်တိုဘာလ ၁၇ ရက်နေ့ (သီတင်းကျွတ်လပြည့်နေ့) တွင် စီပါရွာ၌ အမျိုးသား () ဦး၊ အမျိုးသမီး () ဦး ကို စကစတပ်များက သတ်ဖြတ်၍ ခေါင်းဖြတ်ခြင်း၊ ခြေလက်များဖြတ်ခြင်း၊ အရေခွံစုတ်ခြင်း၊ အမျိုးသားလိင်အင်္ဂါကိုဖြတ်၍ အမျိုးသမီးရုပ်အလောင်း၏ ပါးစပ်တွင်းထည့်ထားခြင်းများ ပြုလုပ်ပြီး အဆိုပါရုပ်အလောင်းများကို ထန်းလက်ကာ ခြံစည်းရိုးတွင် စိုက်ထူထားခြင်းများ ပြုလုပ်ခဲ့ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတစ်နိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြံရွယ် လျက်ရှိတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပြောကြား


အောက်တိုဘာ၂၂ရက်

Radio NUG

အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတစ်နိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြံရွယ် လျက်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


(၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ (လက်နက်ဖျက်သိမ်းရေးနှင့် နိုင်ငံတကာလုံခြုံရေးကော်မတီ) ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုအစီအစဉ်မှ နျူကလီးယားလက်နက်များ ခေါင်းစဉ်အောက်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောပါတယ်။


"မြန်မာစစ်တပ်သည် ယခင်ကတည်းက နျူကလီးယားလက်နက်အစီအစဉ်ကို ပြုလုပ်ရန် ရှိသည်ဟု သံသယရှိခဲ့သည့်အတိုင်း နျူကလီးယားလက်နက်ပိုင်ဆိုင်သည့်နိုင်ငံ တစ်နိုင်ငံ၏ အကူအညီဖြင့် အသေးစား နျူးကလီးယားဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် ကြံရွယ်လျက်ရှိကြောင်း၊ ယင်းစစ်အုပ်စုသည် အဆိုပါစက်ရုံမျိုးအား အန္တရာယ်ကင်းစွာ စီမံခန့်ခွဲမှု ပြုနိုင်ရေးအတွက် လုပ်နိုင်သည့် အရည်အချင်းမရှိသကဲ့သို့ လုပ်လိုသည့် နိုင်ငံရေး ဆန္ဒလည်း မရှိကြောင်း၊ ယင်းအစီအစဉ်အား ဆောင်ရွက်သည်ဆိုပါက မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ ပြည်သူများအတွက် လွန်စွာအန္တရာယ်ကြီးမားကြောင်း"ပြောကြားခဲ့ပါတယ်။


မြန်မာပြည်သူများခံစားနေရတဲ့ စစ်တပ်၏ လူမဆန်သော ဖိနှိပ်မှုများ ရပ်တန့်စေရန်နှင့် ပြည်သူများ၏ အသက်ကိုကယ်တင်ပေးနိုင်ရန် စစ်ကောင်စီထံသို့ တိုက်လေယာဉ်လောင်စာဆီ၊ လက်နက်နှင့် ဆက်စပ်ပစ္စည်းများ လွှဲပြောင်းပေးအပ်မှုများအား ရပ်တန်းက ရပ်ရန် ထပ်လောင်းမေတ္တာရပ်ခံ တောင်းဆိုအပ်တယ်လို့ သံအမတ်ကြီးကပြောပါတယ်။


========================


📌📌 ၃။ တော်လှန်ရေးအရှိန် အားကောင်းလာပါက မင်းအောင်လှိုင်တပ်များ မတားနိုင်ဘဲ ဖြစ်မယ်လို့သတိပေး


အောက်တိုဘာ၂၂ရက်

Radio NUG

တော်လှန်ရေးအရှိန် အားကောင်းလာပါက မင်းအောင်လှိုင်တပ်များ မတားနိုင်ဘဲ ဖြစ်မယ်လို့ ဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က နွေဦးမှန်ကူကွက်များ အစီအစဥ်၃၁မှာ ပြောကြားပါတယ်။


"အရှိန်နဲ့စီးလာတဲ့မြစ်ကို လှမ်းတားရင် တားတဲ့ဟာပဲ ကျိုးဖို့ရှိတယ်။ ကိုယ်အား သူ့အားစဉ်းစားပေါ့ဗျာ၊ ကိုယ်ကအားကောင်းတယ်လို့ စဉ်းစားရင်တော့လည်း တားကြည့်ပေါ့ဗျာ။ တကယ်တမ်း တော်လှန်ရေးအရှိန် အားကောင်းလာပြီဆိုရင်တော့ ကိုယ်တားတဲ့စည်းကပဲ ကျိုးဖို့ရှိမယ်။ ကျွန်တော်တို့ကတော့ တစ်လှမ်းချင်းလှမ်းပြီး ကိုယ့်အလုပ်ကိုယ်လုပ်နေတယ်၊ လှမ်းပြီးတဲ့ ခြေလှမ်းတွေကိုလည်း ခိုင်ခိုင်မာမာရပ်နိုင်ဖို့ ကြိုးစားတာလည်းလုပ်တယ်။ တစ်လှမ်းခိုင်မာရင် နောက်တစ်လမ်းတိုးတိုးပြီးတော့ အောင်မြင်မှုပန်းတိုင်ဆီ မရောက်ရောက်အောင်သွားမှာဖြစ်တယ်။" လို့ပြောပါတယ်။


လက်ရှိမှာ PDFအင်အား၇၀၀၀၀ ကျော်နဲ့ ပကဖအဖွဲ့အင်အား သိန်းနဲ့ချီရှိကာ မြို့သိမ်းတိုက်ပွဲများပါဝင်ဆင်နွှဲရှိပါတယ်။


========================


📌📌 ၄။ ချင်းအမျိုးသားတက္ကသိုလ်၏ အကြိုကောလိပ်ဒီပလိုမာသင်တန်းအတွက် စေတနာ့ဝန်ထမ်း နည်းပြဆရာ၊ ဆရာမ လျှောက်လွှာခေါ်ယူ


အောက်တိုဘာ ၂၂ 

Radio NUG


ချင်းအမျိုးသားတက္ကသိုလ် (The Chin National University-CNU) အကြိုကောလိပ်ဒီပလိုမာ သင်တန်းကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ဒုတိယပတ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ရာ အင်္ဂလိပ်စာ ကျွမ်းကျင်မှု ဘာသာရပ်နှင့် ကွန်ပျူတာကျွမ်းကျင်မှု ဘာသာရပ်တို့အတွက် စေတနာ့ဝန်ထမ်း နည်းပြဆရာ၊ ဆရာမများ လိုအပ်လျက်ရှိရာ လျှောက်ထားနိုင်ကြောင်း ချင်းပြည်အစိုးရ ပညာရေးဝန်ကြီးဌာနမှ သတင်းထုတ်ပြန်ပါတယ်။


အင်္ဂလိပ်စာကျွမ်းကျင်မှု ဘာသာရပ်အတွက်

၁။ စစ်ကောင်စီကျောင်း/တက္ကသိုလ်/ကောလိပ်/သိပ္ပံနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အင်္ဂလိပ်စာဖြင့် မဟာဘွဲ့၊ ပါရဂူဘွဲ့ရ တက္ကသိုလ် CDM ဆရာ၊ ဆရာမများ 

၂။  စစ်ကောင်စီကျောင်း/တက္ကသိုလ်/ကောလိပ်/သိပ္ပံနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် အင်္ဂလိပ်စာဖြင့် မဟာဘွဲ့၊ ပါရဂူဘွဲ့ရသူများ


ကွန်ပျူတာကျွမ်းကျင်မှုဘာသာရပ်အတွက်

၁။ စစ်ကောင်စီကျောင်း/တက္ကသိုလ်/ကောလိပ်/သိပ္ပံနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် ကွန်ပျူတာ ဘာသာရပ်ဖြင့် မဟာဘွဲ့၊ ပါရဂူဘွဲ့ရ တက္ကသိုလ် CDM ဆရာ၊ ဆရာမများ

၂။ စစ်ကောင်စီကျောင်း/တက္ကသိုလ်/ကောလိပ်/သိပ္ပံနှင့် ပတ်သက်ဆက်နွယ်မှုမရှိသည့် ကွန်ပျူတာ ဘာသာရပ်ဖြင့် မဟာဘွဲ့၊ ပါရဂူဘွဲ့ရသူများ

လျှောက်ထားနိုင်ကြောင်း ဖော်ပြထားပါတယ်။


ဝင်ခွင့်လျှောက်လွှာများကို (၃၀.၁၁.၂၀၂၄) ရက်နေ့ နောက်ဆုံးထားပြီး လိုအပ်သော ပညာအရည်အချင်း လက်မှတ်အထောက်အထား မိတ္တူများ၊ CV သက်ဆိုင်ရာ မြို့နယ်/ဒေသ ပြည့်သူ့အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံစာများနှင့် အတူ moe.goc@chinlandcouncil.org သို့ ပူးတွဲတင်သွင်းရမည် ဖြစ်ပြီး ပဏာမရွေးချယ်ခံရသူများကိုသာ လူတွေ့စစ်ဆေးမည့် အချိန်ကို ပြန်လည် အကြောင်းကြားပေးမည် ဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၅။ SDBဘဏ်ရဲ့ Airdrop gameကိုစတင်မိတ်ဆက်


အောက်တိုဘာ၂၂ရက်

Radio NUG

SDBဘဏ်ရဲ့ Airdrop gameကို အောက်တိုဘာ၂၂ရက်မှာ နွေဦးဖွံဖြိုးရေးဘဏ်SDBက မိတ်ဆက်ကြေညာပါတယ်။


" အားလုံးစောင့်မျှော်နေတဲ့ SDB ရဲ့ Airdrop game လေးဟာ စိန်ခေါ်မှုတွေ မြတ်နိုးတဲ့ နွေဦးဘဏ် ချစ်သူတို့ထံ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာပါပြီ။ SpringBees နွေဦးပျားလေးတွေဆိုတာ အာဏာရူးဝက်ဝံတွေရဲ့ ဗိုလ်ကျမတရားမှုကို ငုံ့မခံပဲ ရရာနည်းလမ်းများနဲ့ တုံ့ပြန်ပြီး မဆုတ်မနစ် ကြိုးစားကာ ဘဏ္ဍာငွေ စုဆောင်း ရှာဖွေ ထောက်ပို့ ပါဝင်သူတိုင်းကို ကိုယ်စားပြုပါတယ်။ SDB Airdrop ဆော့ဖို့  နွေဦးဘဏ် အကောင့် UID Telegram အကောင့် ရှိရပါမယ်"လို့ဆိုပါတယ်။


SDB Airdrop ကိုနေ့စဉ် telegram mini app ဝင်ကစားရုံနဲ့ လက်ငင်းရရှိနိုင်တဲ့ လက်ဆောင်များကို ပိုင်ဆိုင်နိုင်တဲ့အပြင် နွေဦးဘဏ်ရှယ်ယာရှင်ဖြစ်ခွင့်ကလည်း စောင့်ကြိုနေမှာဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ အောက်တိုဘာလ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကိုင်းတိုင်းမှာ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၂) ဦး စုစုပေါင်း (၂၆) ဦး သေဆုံးခဲ့


အောက်တိုဘာ၂၂ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့မှ ၂၂ ရက်နေ့အထိ စစ်ကိုင်းတိုင်း၌ အကြမ်းဖက်စစ်အုပ်စုကြောင့် အမျိုးသမီး (၁၄) ဦးနှင့် အမျိုးသား (၁၂) ဦး စုစုပေါင်း (၂၆) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး ထိုအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် () ဦး ပါဝင်တယ်လို့ဖော်ပြပါတယ်။


အဆိုပါ (၂၆) ဦးအနက် (၁၁) ဦးမှာ စစ်အုပ်စုမှ ဖမ်းဆီးထိန်းသိမ်းပြီးနောက် နည်းလမ်းမျိုးစုံဖြင့် သတ်ဖြတ်မှုကြောင့် အများဆုံး သေဆုံးခဲ့ရပါတယ်။


အောက်တိုဘာလ ၁၇ ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာအတွင်းသို့ အင်အား ၁၀၀ ခန့် ပါဝင်သော အကြမ်းဖက်စစ်အုပ်စု၏ တပ်မ ၃၃ တပ်ရင်းမှ ဝင်ရောက်စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အပြင် ဒေသခံတချို့ကို ဖမ်းဆီးသတ်ဖြတ်ခဲ့ပါတယ်။


အောက်တိုဘာလ ၁၉ ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏တပ်များ ပြန်လည်ထွက်ခွာသွားချိန်၌ ဒေသခံ ဦးတို့၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ပြီး သေဆုံးသူ ဦးအနက်မှ ဦးကို ဦးခေါင်းအားဖြတ်၍ ခြံစည်းရိုးပေါ်၌ ချိတ်ဆွဲထားခဲ့သည့်အပြင် ခန္ဓာကိုယ် အပိုင်းပိုင်းဖြတ်တောက်ခဲ့ပြီး အခြား ဦးကို သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================


🚩🚩 ၁။ နောင်ချိုမြို့နယ်တွင် တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိ


အောက်တိုဘာ ၂၂ 

Radio NUG

အောက်တိုဘာလ ၂၂ရက်နေ့ နေ့လယ် ၁၂:၃၀ မိနစ်တွင် နောင်ချိုမြို့ ဂန့်ကော်ကျေးရွာရှိ စာသင်ကျောင်းနေရာတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်း TNLA မှ သတင်းထုတ်ပြန်ပါတယ်။


တိုက်ပွဲဖြစ်ပွားလျက်ရှိသော စာသင်ကျောင်းနှင့် ဘုန်းတော်ကြီးကျောင်းနေရာကို စစ်ကောင်စီတပ်မှ ဒရုန်းဖြင့် ()ကြိမ် ဗုံး(၁၈)လုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။


ရပ်စောက်မြို့နယ် ကျောက်ဂူမှ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အား ပြန်လည်ဖြည့်တင်းရန် ကြိုးပမ်းနေသည့် စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်လာ၍ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) မှ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်တိုက်ခိုက်နေ


အောက်တိုဘာ၂၂ရက်

Radio NUG

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မိုးကုတ်မြို့နယ် ပြည်သူကာကွယ်ရေးအဖွဲ့ ( ပကဖ) မှ မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းကာ ရှေ့တန်းစစ်မြေပြင်တွင် ပါဝင်တိုက်ခိုက်နေတယ်လို့ အောက်တိုဘာ၂၂ရက်မှာ ပကဖအသံကအသိပေးဖော်ပြပါတယ်။


ယခုလက်ရှိတွင် မဟာမိတ်တပ်တွေနဲ့ မိုးကုတ်ပကဖအဖွဲ့ဝင်တွေဟာ စစ်ကောင်စီကို အမြစ်ခြေမှုန်းတိုက်ခိုက်ရန်  ရှေ့တန်းတစ်နေရာတွင် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိတယ်လို့ မိုးကုတ်ပကဖထံက သိရပါတယ်။


========================


🚩🚩 ၃။ ဝေါမြို့နယ်၊ ရှမ်းကိုင်း ရေတံခါးဂိတ်ကို KNLA နဲ့ PDF ပူးပေါင်းအဖွဲ့မှ တိုက်ခိုက် သိမ်းပိုက်


အောက်တိုဘာ ၂၂ 

Radio NUG


ပဲခူးတိုင်း၊ ဝေါမြို့နယ်၊ ရှမ်းကိုင်းကျေးရွာက စစ်ကောင်စီနဲ့ ပျူစောထီးများ အထိုင်ချတပ်စွဲထားတဲ့ ရေတံခါးဂိတ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာ ၂၂ ရက်နေ့ မနက် နာရီ ၁၅ မိနစ်မှာ အဆိုပါ ဂိတ်စခန်းကို KNLA ရဲ့ ဦးဆောင်မှုဖြင့် ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက သွားရောက်တိုက်ခိုက် စခန်းသိမ်းပိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


အဆိုပါ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ဦး ပျူစောထီး ဦး သေဆုံးကာ ပျူစောထီး ဦး ဒဏ်ရာရခဲ့ပြီး ဂိတ်စခန်း ဦးစီးအရာရှိမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သိရပါတယ်။


ထို့အပြင် ပစ်စတို တလက်၊ G-3 သေနတ် လက်၊ အူဇီသေနတ် တလက် နဲ့ အခြားပစ္စည်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။ သန်းခေါင်စာရင်း ကောက်ယူရန် လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံး


အောက်တိုဘာ ၂၂ 

Radio NUG


မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့၊ သဖန်းကိုင်းကျေးရွာအနီးတွင် သန်းခေါင်စာရင်း ကောက်ယူရန် နယ်မြေ ရှင်းလင်း လုံခြုံရေး ယူပေးနေတဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ဦးသေဆုံးခဲ့တယ်လို့ သရက်ခရိုင် အမှတ် - တပ်ရင်းက သတင်းထုတ်ပြန် ထားပါတယ်။


အောက်တိုဘာလ ၂၁ ရက်၊ ညနေ နာရီ ၁၅ မိနစ်မှာ အင်အား ၂၅ ဦးခန့်ပါတဲ့ အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို အမှတ် စစ်ဒေသ သရက်ခရိုင် တပ်ရင်း က အသင့်စောင့်ကြိုပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်ဖွဲ့ဝင် ဦး သေဆုံးခဲ့ကာ ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး သေဆုံး ဒဏ်ရာရ သူများကို သရက် အခြေစိုက် ကပစ (၁၂) တပ်ရင်းကို သယ်ယူသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရွှေဘိုတွင် စစ်ကောင်စီ တပ်သား တဦးနှင့် ပျူစောထီး တဦးကို ပစ်ခတ်ရှင်းလင်းခဲ့


အောက်တိုဘာ ၂၂ 

Radio NUG 


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်း (ပျူ) ရွာနဲ့ တည်သီးတော (ပျူ) ရွာကြား လမ်းခုလတ် တနေရာတွင် စစ်ကောင်စီ တပ်သား တဦးနှင့် ပျူစောထီးတဦးကို ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၂၂ ရက် မနက် နာရီ ၃၃ မိနစ်တွင် ညောင်ကိုင်းမှ တည်သီးတော ရွာဘက်ကို ဆိုင်ကယ်ဖြင့် ထွက်လာတဲ့ စစ်ကောင်စီတပ်သား ပေသီးနဲ့ ပျူစောထီး မောင်ကြီးတို့ကို လမ်းခုလတ် တနေရာမှာ အသင့်‌စောင့် ကြိုပြီး ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ပစ်ခတ်မှုကြောင့် ၎င်းတို့ နှစ်ဦးစလုံး နေရာမှာပဲ သေဆုံးခဲ့ပြီး MA1 တလက်၊ ကျည်ဘောက် ခုနဲ့ အီနာဂါဗုံးသီး လုံး တို့ကို  သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို တိုက်နယ် () ပကဖ ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရွှေဘိုမြို့နယ် ပကဖ PDO တိုက်ခိုက်ရေးအဖွဲ့၊ တိုက်နယ် () ပကဖ တိုက်ခိုက်ရေးအဖွဲ့ (ကြီးလေးကြီး ပကဖ၊ ဓားညီနောင် ပကဖ) အဖွဲ့များ တိုက်နယ် () ပကဖ ငါးမည်ရ ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


ရန်သူ့နယ်မြေ အတွင်းထဲ ကင်းပုန်းဝတ် အသင့်စောင့်ဆိုင်းကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ လားရှိုးမြို့ကို ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ဦး ထိခိုက်ဒဏ်ရာရ


အောက်တိုဘာ ၂၂ 

Radio NUG


အောက်တိုဘာ ၂၂ ရက် နံနက် ၀၀ နာရီ ၁၈ မိနစ်တွင် လားရှိုးမြို့ မန်ဆူဘုရားအနီးရှိ ရပ်ကွက် ၁၂ လူနေရပ်ကွက်ကို မင်းအောင်လှိုင်၏ အာဏာသိမ်းတပ် တိုက်လေယာဉ်သည် ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း MNDAA မှ သတင်းထုတ်ပြန်ပါတယ်။ 


လေကြောင်းဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးမြို့ရှိ သက်ဆိုင်ရာဌာနများသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာနှင့် အနီးနားရှိ လူနေအဆောက်အအုံများသို့ အမြန်သွားရောက်ကာ အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြပြီး  အရပ်သားသုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှာဖွေကယ်ဆယ်ရေး ဝန်ထမ်းများက တွေ့ရှိပြီးနောက် ၎င်းတို့အား ဆေးရုံသို့ ကုသရန် ချက်ချင်းပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။



ထို့အပြင် ပေါက်ကွဲမှု ဖြစ်ပွားရာနေရာနှင့် အနီးတစ်ဝိုက်ရှိ လူနေအိမ် အများအပြားလည်း ပြင်းထန်စွာ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


အကြမ်းဖက် အာဏာသိမ်းစစ်တပ်သည် လောက်ကိုင်မြို့ သိန္နီခရိုင်နှင့် လားရှိုးမြို့များကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်သည့် လကျော်ကာလအတွင်း အရပ်သား ထိခိုက်ဒဏ်ရာရရှိသူနှင့် သေဆုံးသူ အရေအတွက် တစ်ရာကျော် ရှိလာပြီ ဖြစ်ပါတယ်။


========================


🚩🚩 ၇။ လောင်းလုံတွင် စစ်ကောင်စီ စစ်ကြောင်းက ဒေသခံ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးကို သတ်ဖြတ်ခဲ့


အောက်တိုဘာ ၂၂ 

Radio NUG


တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ အောက်ရေဖြူ ကျေးရွာအုပ်စုကို အောက်တိုဘာ ၁၂ ကနေ ၁၉ ရက်နေ့အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က ဒေသခံ အမျိုးသား ဦးနှင့် အမျိုးသမီး ဦးကို သတ်ဖြတ်ခဲ့တယ်လို့ Democracy Movement Strike Committee-Dawei က ထုတ်ပြန်ထားပါတယ်။


အောက်တိုဘာလ ၁၆ ရက်၊ နေ့လည်မှာ ကဒက်ငယ်ထိန် ရွာမှ ဘေးလွတ်ရာကို ဆိုင်ကယ်ဖြင့် ထွက်ပြေးလာတဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးကို စစ်ကောင်စီတပ်ဖွဲ့က အောက်ရေဖြူနဲ့ ကဒက်ငယ်ထိန် ရွာကြားမှာ ပစ်သတ်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုနေ့ ညနေပိုင်းမှာ ကျန်းမာရေး မကောင်းတာကြောင့် အိပ်ယာထဲ လဲနေတဲ့ ကဒက်ငယ်ထိန် ရွာခံ အသက် ၇၃ နှစ် အရွယ်ရှိ အဖွားအို တဦးလည်း စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့တဲ့ ကျည်ထိမှန်ပြီး သေဆုံးခဲ့ရပါသေးတယ်။


အလားတူ အောက်ရေဖြူကျေးရွာမှ အသက် ၅၀ အရွယ် နှလုံးရောဂါသည် အမျိုးသမီး တဦးလည်း ထိုနေ့မှာပဲ စစ်ကောင်စီ တပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်သံများကို ကြောက်ရွံ့ထိတ်လန့်ကာ နှလုံးဖောက် သေဆုံးခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ထို့ပြင် အောက်တိုဘာ ၁၆ ရက်နေ့တွင် အောက်ရေဖြူ ရွာက နေအိမ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ အသက် ၂၅ နှစ် အရွယ် ကိုမင်းကိုကိုနဲ့ အမည်မသိရသေးတဲ့ လူငယ်အမျိုးသား တဦးတို့ကိုလည်း စစ်ကောင်စီတပ်က ရက်ရက်စက်စက် လည်ပင်းလှီး သတ်ဖြတ်ခဲ့ပါသေးတယ်။


၎င်းတို့ရဲ့ ရုပ်အလောင်းကို အောက်တိုဘာလ ၂၁ ရက်နေ့တွင် ညင်းမော်ကျေးရွာမှာ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။


========================


🚩🚩 ၈။ အင်အားတစ်ရာရှိတဲ့ စကစစစ်ကြောင်းဘုတလင်ဒေသကို စစ်ကြောင်းထိုးရာမှာ အရပ်သားနှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီး ငါးဆယ်ခန့်ကို ဓားစာခံဖမ်းဆီးထား


အောက်တိုဘာ၂၂ရက်

Radio NUG

အင်အားတစ်ရာရှိတဲ့ စကစစစ်ကြောင်းဘုတလင်ဒေသကို စစ်ကြောင်းထိုးရာမှာ အရပ်သားနှစ်ဆယ်ကျော်ကို သတ်ဖြတ်ခဲ့ပြီး ငါးဆယ်ခန့်ကို ဓားစာခံဖမ်းဆီးထားတယ်လို့ သတင်းရရှိပါတယ်။


အောက်တိုဘာ၂၁ရက်မှာ ကျောင်းသားလက်ရုံးတပ်တော်က စကစရဲ့ကျူးလွန်မှုများကိုအသိပေးထုတ်ပြန်ပါတယ်။


စက်တင်ဘာလကုန်တွင် ဘုတလင်မြို့နယ် ကူတော်ရွာရှိ စစ်ကောင်စီရဲစခန်းမှ ဘုတလင်မြို့သို့ ပြန်လာသော ရန်သူ့စစ်ကြောင်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်ချေမှုန်းခဲ့အပြီးတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) မှ ရန်သူ့စစ်ကြောင်းတကြောင်း ထပ်မံထွက်ရှိလာကာ ဘုတလင်နယ်မြေအတွင်း စစ်ကြောင်းထိုးတိုက်ခိုက်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ ဆက်တိုက်ပြုလုပ်လျက်ရှိပါတယ်။ ခန့်မှန်းအင်အား (၁၀၀) ခန့် ရှိသော ရန်သူ့စစ်ကြောင်းသည် နီးစပ်ရာ ရွာများမှ ပြည်သူများအား ဓားစာခံအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားခြင်း၊ ပေါ်တာဆွဲခြင်း၊ ရွာကိုမီးရှို့ခြင်းများ ပြုလုပ်လျက်ရှိတယ်လို့ဖော်ပြပါတယ်။


အောက်တိုဘာလ ၁၂ ရက်နေ့တွင် ဘုတလင်မြို့တွင်းရှိ ဈေးဆိုင်အိမ်တအိမ်တွင် နှစ်အရွယ်ကလေးငယ်တဦးအပါအဝင် ပြည်သူ () ဦးကို သတ်ဖြတ်ခဲ့ကာ ထိုနေ့တွင်ပင် ငပယင်းရွာအား လေကြောင်းတိုက်ခိုက်မှု () ကြိမ်ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။


စီပါရွာမှ ပြည်သူ (၁၀) ဦးကို ဓားစာခံအဖြစ် ထပ်မံဖမ်းဆီးခေါ်ဆောင်သွားပြီး စီပါရွာကို မီးရှို့ဖျက်စီးခဲ့ကာ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ညောင်ကန်ရွာအား လေကြောင်းမှ () ကြိမ်၊ ဟော်ဝေဇာဖြင့် () ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့တွင် သခွတ္တနယ်ရွာနှင့် ဂွေးပင်ကျင်းရွာအား လေကြောင်းတိုက်ခိုက်မှု () ကြိမ် ပြုလုပ်ခဲ့ကာအောက်တိုဘာလ ၂၁ ရက်နေ့ တွင် စိုင်ပြင်လေးရွာကို မီးရှို့ဖျက်စီးခဲ့ပါတယ်။


လက်ရှိစကစစစ်ကြောင်းတွင် ဓားစာခံအဖြစ် ပြည်သူ (၅၀) ဦးခန့် ဖမ်းဆီးထားပြီး အပြစ်မဲ့ပြည်သူ (၂၂) ဦးခန့် ကို သတ်ဖြတ်ခဲ့ပြီးဖြစ်ကာ လက်ရှိရန်သူ့စစ်ကြောင်းကြောင့် ဘုတလင်မြို့နယ်တွင် ယာယီစစ်ရှောင် (၁၀,၀၀၀) ခန့် ရှိနေပြီဖြစ်တယ်လို့ဆိုပါတယ်။


========================


🚩🚩 ၉။ ကျားသစ်နက်တပ်မတော် တပ် တည်ထောင်ခြင်း () နှစ်ပြည့် အဖြစ် နွေဦးရွက်ကြွေဇရပ် ဆောက်လုပ်လှူဒါန်း


အောက်တိုဘာ ၂၂ 

Radio NUG


မြိုင်မြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ကျားသစ်နက်တပ်မတော်ရဲ့ တပ်တည်ထောင်ခြင်း () နှစ်ပြည့်အဖြစ် နွေဦးရွက်ကြွေ ဇရပ်ဆောက်လုပ်လှူဒါန်းခဲ့ကြောင်း ကျားသစ်နက်တပ်မတော် မြိုင်တပ်ခွဲမှ သတင်းထုတ်ပြန်ပါတယ်။


တပ်တည်ထောင်မှု () နှစ်ပြည့် အထိမ်းအမှတ်အဖြစ်  မြိုင်မြို့နယ် တစ်နေရာမှာဇရပ်ဆောက်လုပ်ပေးခဲ့တာဖြစ်ပြီး အောက်တိုဘာ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာ သံဃာ ၅ပါး ပင့်ဆောင်ကာ ရေစက်ချ အမျှဝေခဲ့တယ်လို့ သိရပါတယ်။


အောက်တိုဘာ ၂၃ ရက်မှာ ကျရောက်မယ့် တပ်တည်ထောင်ခြင်း နှစ်ပတ်လည်ကို မြေပြင် အခြေအနေအရ တစ်ရက်ကြိုလုပ်ခဲ့တယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment