26th OCT 2024 - Morning Daily News by Radio NUG

၂၀၂၄ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ဒေသတွင်းအင်အားစုများအပြင် ကျန်ရှိနေတဲ့ ယူနစ်အတွင်းရှိ အင်အားစုများပါ ပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်

📌 ၂။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများက အရပ်သားများကို အံ့အားသင့်စေသည့် ပုံစံများဖြင့်ပင် သတ်ဖြတ်လျက်တယ်လို့ ဘုတလင်ဖြစ်စဥ်ကို သံအမတ်ကြီးဦးကျော်မိုးထွန်းပြော

📌 ၃။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့မှု ဆက်လက်လုပ်ဆောင်နေ

📌 ၄။ ရေဘေးသင့်ပြည်သူများကို ကူညီရန် ဒေါ်လာ ၃သန်း အမေရိကန်ပြည်ထောင်စုက ထပ်မံပေးအပ်

📌 ၅။ ဂန့်ဂေါ ကျောလမ်းပိုင်း တစ်နေရာ ပုံညာတောင်အဆင်း ကားလမ်းမြေများ နိမ့်ကျပြိုနေ

📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၇) ဦး နှင့် အမျိုးသား (၃၅) ဦး စုစုပေါင်း (၇၂) ဦး သေဆုံးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ သံတွဲမြို့ ခမောင်းတုန်းရွာ၊ ကြံ့ခိုင်ရေးရုံးနဲ့ စစ်သားစုဆောင်းရေးကို စစ်ကောင်စီ ဗုံးကြဲ

🚩 ၂။ မြောက်ခင်ရန်းရွာ ပျူစောထီးများက တောင်ခင်ရန်းရွာကို လက်နက်ကြီးများနဲ့ ပစ်ခတ်

🚩 ၃။ လားရှိုးမြို့ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ဗုံး ၅လုံး ကြဲချ၊ ဆိုင်ကယ်စီးလာသူ သေဆုံး

🚩 ၄။ ပခုက္ကူတွင် စစ်တပ်က သံချပ်ကားများဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာ ရွာမှ ပြည်သူ ဦးခန့် သတ်ဖြတ်ခံရကာ ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံရ

🚩 ၅။ ဒလန်ဟု သတ်မှတ်ခံရပြီး လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည့် ဒေါ်ခင်နှောင်း၏ သတင်းအစအန ပျောက်ဆုံးနေ

🚩 ၆။ ကန့်ဘလူ၊ ဇီးကုန်း ရဲစခန်းမှ ရဲတပ်သား  ဦး သေနတ် လက်နက်နှင့် အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)ကို ဒေသတွင်းအင်အားစုများအပြင် ကျန်ရှိနေတဲ့ ယူနစ်အတွင်းရှိ အင်အားစုများပါ ပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မည်


အောက်တိုဘာ ၂၅ 

Radio NUG 


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အနေဖြင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလ ဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း)အား လွှတ်တော်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ မဆောင်ရွက်မှီ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဒေသအတွင်းတော်လှန်ရေး အင်အားစုများ၊ နိုင်ငံရေးအင်အားစုများအပြင်  ကျန်ရှိနေသော ယူနစ်အတွင်းရှိ အခြားအင်အားစုများကိုပါ မူကြမ်းအားပေးပို့ပြီး ပေါင်းစပ်ညှိနှိုင်း အကြံပြုချက်များရယူ၍ လိုအပ်သလို အလုပ်တာဝန်များကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြည်သူလူထု သိရှိစေရန်  ထုတ်ပြန်ကြေညာပါတယ်။


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သည် စစ်ကိုင်းဒေသအတွင်းရှိ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို ယုံကြည်သော ၂၀၂၀ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ စီဒီအမ် နိုင်ငံ့ဝန်ထမ်းများ၊ တိုင်းရင်းသားအင်အားစုများ၊ လေးစားယုံကြည်ခံရသူများနှင့် သပိတ် အင်အားစုများ၊ နိုင်ငံရေးပါတီများနှင့် ညှိနှိုင်းဆွေနွေးခဲ့ကာ (..၂၀၂၄)ရက်နေ့တွင် လွှတ်တော်အထူးအစည်းအဝေးခေါ်ယူ ကျင်းပခဲ့ပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံ အခြေခံဥပဒေ(မူကြမ်း)ရေးဆွဲရေး ကော်မရှင်ကို အောင်မြင်စွာ အတည်ပြုဖွဲ့စည်းခဲ့ကာ တာဝန်ပေးအပ်ခဲ့တယ်လို့ သိရပါတယ်။


ကော်မရှင်တွင်ပါဝင်သော အစုအဖွဲ့အသီးသီး၏ အဖွဲ့ဝင်(၅၇)ဦးက စုပေါင်းညီညွှတ်စွာ ကြိုးစားအားထုတ်နိုင်ခဲ့မှုကြောင့် စစ်ကိုင်းဖက်ဒရယ်ယူနစ်၏ ကြားကာလဖွဲ့စည်းပုံအခြေခံ ဥပဒေ(မူကြမ်း)အား ကြားကာလဖွဲ့စည်းပုံဥပဒေ ရေးဆွဲရေးကြိုတင်ပြင်ဆင်မှုဆိုင်ရာ ဥပဒေပုဒ်မ(၁၃)အရ ယနေ့တွင် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ(မူကြမ်း) ရေးဆွဲရေး ကော်မရှင်မှ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်သို့ တင်သွင်းအပ်နှံနိုင်ခဲ့ကြောင်း ဖော်ပြထားပါတယ်။


ကော်မရှင်အဖွဲ့ဝင်(၅၇)ဦး၏ ကြိုးစားအားထုတ်မှုများအပေါ်တွင် စစ်ကိုင်းဖက်ဒရယ်ယူနစ် လွှတ်တော်က စစ်ကိုင်းပြည်သူလူထုကိုယ်စား လေးစားစွာဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများက အရပ်သားများကို အံ့အားသင့်စေသည့် ပုံစံများဖြင့်ပင် သတ်ဖြတ်လျက်တယ်လို့ ဘုတလင်ဖြစ်စဥ်ကို သံအမတ်ကြီးဦးကျော်မိုးထွန်းပြော


အောက်တိုဘာ၂၅ရက်

Radio NUG

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများက အရပ်သားများကို အံ့အားသင့်စေသည့် ပုံစံများဖြင့်ပင် သတ်ဖြတ်လျက်တယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းက (၇၉) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီအစည်အဝေး၌ လူ့အခွင့်အရေး ကာကွယ်မြှင်တင်မှုနှင့်စပ်လျဉ်း၍ အထွေထွေဆွေးနွေးမှု အစီအစဉ်တွင် 


 "အချို့သောဖြစ်စဉ်များတွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားများက အရပ်သားများကို အံ့အားသင့်စေသည့် ပုံစံများဖြင့်ပင် သတ်ဖြတ်လျက်ရှိကြောင်း၊ စစ်ကိုင်းတိုင်း၊ ဘုတလင် မြို့နယ်၌ အောက်တိုဘာ၁၉ရက်နေ့ က ဖြစ်ပွားခဲ့သည့်ဖြစ်စဉ်မှာ ၎င်းတို့၏ အဆိုးရွားဆုံး လူမဆန်မှုကို ထပ်လောင်းပြသခဲ့ကြောင်း၊ သတ်ဖြတ်ခံထားရသူများအနေဖြင့် ၎င်းတို့၏ ခန္ဓာကိုယ် အစိတ်အပိုင်းများကို ခုတ်ထစ်ခံထားရပြီး ဦးခေါင်းများမှာလည်း စည်းရိုးများတွင် ချိတ်ဆွဲခံထားရကြောင်း၊ ယင်းဖြစ်စဉ်ကို ယခုကဲ့သို့ ပြောကြားရသည်ပင်လျှင် ထိတ်လန့်ဖွယ်ကောင်း လွန်းပါကြောင်း"သံအမတ်ကြီးကပြောပါတယ်။


ထို့ပြင် စစ်ကောင်စီက နိုင်ငံတစ်ဝန်းရှိ အရပ်သားပြည်သူများအပေါ်၌ လေကြောင်း တိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ မဆင်မခြင်၊ စနစ်တကျနှင့် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့ကြောင့် အိမ်ခြေ သိန်းကျော် ပျက်စီး၊ ပြာကျခဲ့ရပြီး လူအယောက် (,၈၀၀) ကျော် ရက်စက်စွာ သတ်ဖြတ်ခံခဲ့ရကြောင်း၊ အယောက် (၂၆,၀၀၀) ကျော်မှာ မတရား ဖမ်းဆီး ချုပ်နှောင် ခံထားရပြီး လူဦးရေ . သန်း ကျော်မှာ နေရပ်စွန့်ခွာနေထိုင်နေရကြောင်း၊ ၁၈. သန်း ကျော် မှာလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများကို အရေးပေါ် လိုအပ်လျက်ရှိကြောင်းသံအမတ်ကြီးကပြောပါတယ်။


========================


📌📌 ၃။ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့မှု ဆက်လက်လုပ်ဆောင်နေ


အောက်တိုဘာ၂၅ရက်

Radio NUG

ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအချို့က မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့မှု ဆက်လက်လုပ်ဆောင်နေတယ်လို့  (၇၉) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၊ ပထမကော်မတီ၏ သမားရိုးကျလက်နက်များ ခေါင်းစဉ်ဖြင့် ဘာသာရပ်ဆိုင်ရာဆွေးနွေးမှုတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း ကပြောပါတယ်။

"စစ်ကောင်စီထံသို့ လက်နက် စီးဆင်းမှုပိတ်ပင်ခဲ့သည့် နိုင်ငံများအား မြန်မာပြည်သူများအနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ ယင်းမှာ လုံလောက်မှု မရှိဘဲ၊ အချို့သောအဖွဲ့ဝင်နိုင်ငံများက မြန်မာပြည်သူများ ခံစားနေရသော ဒုက္ခကို မျက်ကွယ်ပြု၍ စစ်တပ်ထံသို့ လက်နက်တင်ပို့မှု ဆက်လက်လုပ်ဆောင်နေသည်မှာ ထင်ရှားကြောင်း၊ ထို့ပြင် စစ်ကောင်စီသည် နိုင်ငံတကာမှ စောင့်ကြည့်နေသည့်ကြားမှ တိုက်လေယာဉ်ဆီကို ကြားခံစီးပွားရေးလုပ်ငန်းများကို အသုံးပြု၍ ဝယ်ယူတင်သွင်းနိုင်နေသေးကြောင်း"သံအမတ်ကြီးကပြောပါတယ်။


မြန်မာပြည်သူများ၏ အသက်များနှင့် အနာဂတ်ကိုကယ်တင်ပေးနိုင်ရန် အလို့ငှာ စစ်ကောင်စီထံသို့ လက်နက်၊ တိုက်လေယာဉ်လောင်စာဆီ၊ စစ်ဘက်-အရပ်ဘက် နှစ်မျိုးသုံး နိုင်သည့် ပစ္စည်းများ (dual-use items) နှင့် ဆက်စပ်နည်းပညာများတင်ပို့မှုရပ်တန့်ရန် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများနှင့် နိုင်ငံတကာ အသိုက်အဝန်းကို ထပ်လောင်းမေတ္တာရပ်ခံအပ်တယ်လို့ သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောပါတယ်။


========================


📌📌 ၄။ ရေဘေးသင့်ပြည်သူများကို ကူညီရန် ဒေါ်လာ ၃သန်း အမေရိကန်ပြည်ထောင်စုက ထပ်မံပေးအပ်


အောက်တိုဘာ ၂၅ 

Radio NUG


တိုင်ဖွန်းယာဂီ၏ အကျိုးသက်ရောက်မှုခံခဲ့ရသည့် မြန်မာနိုင်ငံအတွင်းမှ ရေဘေးသင့်ပြည်သူများကို ကူညီရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ USAID က ရန်ပုံငွေ ဒေါ်လာ ၃သန်းကို ပေးအပ်သွားမှာဖြစ်ကြောင်း အမေရိကန်သံရုံးမှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ ထပ်တိုးရန်ပုံငွေသည် မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှုအကူအညီလိုအပ်မှုများကို ဖြေရှင်းရန် အမေရိကန်အစိုးရက ထပ်မံပေးအပ်ထားသည့် ရန်ပုံငွေ ဒေါ်လာ ၄၇ သန်းကျော်အပြင် ထပ်မံပေးအပ်ခြင်းဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ဒေါ်လာ ၁၇ သန်းကျော်မှာ USAID လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးဗျူရိုမှ ဖြစ်ပြီး  ဒေါ်လာ ၂၇သန်းနီးပါးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန လူဦးရေ၊ ဒုက္ခသည်နှင့်ရွှေ့ပြောင်းသွားလာမှုဗျူရိုမှ ဖြစ်ပါတယ်။


လွန်ခဲ့သည့်တစ်နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွင်းမှ ထိခိုက်လွယ်ပြည်သူများအတွက် အမေရိကန်ပြည်ထောင်စုက ပေးအပ်သည့် လူသားချင်းစာနာမှု အကူအညီပေးအပ်မှု စုစုပေါင်းပမာဏ ဒေါ်လာ ၁၄၁သန်းအထိ ရှိပြီး မြန်မာနိုင်ငံအတွင်း ပဋိပက္ခနှင့် သဘာဝကပ်ဘေးများကြောင့် အရေးပေါ်လိုအပ်ချက်များ တိုးပွားလျက်ရှိသည့် ဒေသများမှ ပြည်သူများကို အရေးပေါ်လိုအပ်သည့် အစားအစာ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ ကယ်ဆယ်ရေးပစ္စည်းများ၊ ကာကွယ်ရေးအထောက်အကူများ၊ အရေးပေါ် နားခိုစရာများ၊ သန့်ရှင်းသောရေ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းများပေးအပ်နိုင်ရန်အတွက် အထောက်အကူပြုတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ဂန့်ဂေါ ကျောလမ်းပိုင်း တစ်နေရာ ပုံညာတောင်အဆင်း ကားလမ်းမြေများ နိမ့်ကျပြိုနေ


အောက်တိုဘာ ၂၅ 

Radio NUG 


ဂန့်ဂေါ ကျောလမ်းပိုင်း တစ်နေရာ ပုံညာတောင်အဆင်း ကားလမ်းမြေများ နိမ့်ကျပြိုနေပြီး ကားကြီးများ သွားမရကြောင်း ဒေသသတင်းများအရ သိရပါတယ်။


ကားကြီးတွေသာမက ကားလေးတွေပါ ခက်ခက်ခဲခဲသွားနေရပြီး နောက်ရက်တွေ ကားလမ်း ဆက်လက်ပြိုကျနေရင် ကားလေးလည်း သွားလို့ မရနိုင်တော့ဘူးလို့ သိရပါတယ်။


ထို့ကြောင့် ဂန့်ဂေါ ပုလဲ မန္တလေးဘက်သွားကြမည့် ကားသမားများအနေနဲ့ လမ်းကြောင်းကို သေချာစုံစမ်းပြီးမှ သွားကြပါ အသိပေးထားပါတယ်။


========================


📌📌 ၆။ နိုင်ငံတဝန်း အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၇) ဦး နှင့် အမျိုးသား (၃၅) ဦး စုစုပေါင်း (၇၂) ဦး သေဆုံးခဲ့


အောက်တိုဘာ၂၅ရက်

Radio NUG

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့မှ ၂၅ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်စု၏ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် အမျိုးသမီး (၃၇) ဦးနှင့် အမျိုးသား (၃၅) ဦး စုစုပေါင်း (၇၂) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ်။


၎င်းအရေအတွက်တွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၁၄) ဦး ပါဝင်ပြီး  အဆိုပါ (၇၂) ဦးအနက် ရခိုင်ပြည်နယ်မှာ (၃၄) ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ပြီး (၁၄) ဦးဖြင့် စစ်ကိုင်းတိုင်းမှာ သေဆုံးမှု ဒုတိယအများဆုံးဒေသ ဖြစ်တယ်လို့သိရပါတယ်။


အောက်တိုဘာလ ၂၃ ရက်နေ့၊ ညနေ နာရီခန့်အချိန်တွင် စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဇရပ်ကုန်းကျေးရွာကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် အင်အားပြင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သောကြောင့် ဆယ်တန်းကျောင်းသူ မဂျူလိုင်စိုးနှင့် ၎င်း၏မိခင်ဖြစ်သူ ဒေါ်သန်းမြတို့သည် ဗုံးစထိမှန်၍ နေရာတွင်ပင် သေဆုံးခဲ့ပြီး မောင်ကျော်ထက်နောင်၊ ဒေါ်ထူး၊ ဦးမြင့်လွင်နှင့် မယဉ်ဖြိုးဝေတို့သည် ဗုံးစထိမှန်၍ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေစဉ် ထိုနေ့ ညပိုင်းအချိန်၌  ထပ်မံ သေဆုံးခဲ့ရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်နဲ့ ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။

========================

========================



🚩🚩 ၁။ သံတွဲမြို့ ခမောင်းတုန်းရွာ၊ ကြံ့ခိုင်ရေးရုံးနဲ့ စစ်သားစုဆောင်းရေးကို စစ်ကောင်စီ ဗုံးကြဲ


အောက်တိုဘာ ၂၅ 

Radio NUG 


အောက်တိုဘာ ၂၅ ရက် ညနေ နာရီခွဲအချိန် သံတွဲမြို့နယ်၊ ခမောင်းတုန်းရွာ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ တစ်စီးနဲ့ လာရောက်တိုက်ခိုက်မှုကြောင့် ကျောင်းထိုင်ဆရာတော် အသျှင် ဉာဏိက ထိခိုက်ဒဏ်ရာရသွားပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း APM သတင်းဌာနမှ ဖော်ပြထားပါတယ်။


အလားတူ မနက် နာနာရီအချိန်ကလည်း သံတွဲမြို့၊ အမှတ်( ) ရပ်ကွက် ကြံ့ခိုင်ရေး  ပါတီရုံးနဲ့ စစ်ကောင်စီတပ်၏ တပ်သားသစ်စုဆောင်းရေးရုံးကို နှစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြစ်မဲ့အရပ်သား ၁ဦး ဘယ်ခြေထောက် ဒူးဆစ်အနားမှာ ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ မြောက်ခင်ရန်းရွာ ပျူစောထီးများက တောင်ခင်ရန်းရွာကို လက်နက်ကြီးများနဲ့ ပစ်ခတ်


အောက်တိုဘာ ၂၅ 

Radio NUG 


အောက်တိုဘာ ၂၅ ရက်နေ့ညနေပိုင်းတွင် ယောဒေသ  ဂန့်ဂေါမြို့နယ်မြောက်ပိုင်း မြောက်ခင်ရန်းရွာက ပျူစောထီးများဟာ တောင်ခင်ရန်းရွာဖက်ကို လက်နက်ကြီးများနဲ့ ပစ်ခတ်ခဲ့ကြောင်း ယောအလင်းတန်းမှာ ဖော်ပြထားပါတယ်။


အဆိုပါ ပစ်ခတ်မှုကြောင့် လက်နက်ကြီးကျည်များ တောင်ခင်ရန်းရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့တယ်လို့ သိရပါတယ်။


အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ခြေထောက်တွေကို ထိမှန်တာဖြစ်ပြီး အမျိုးသားက စိုးရိမ်စရာမရှိပေမယ့် အမျိုးသမီးက ခြေတဖက် ဖြတ်တောက်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။


မြောက်ခင်ရန်းရွာက ပျူစောထီးများသည် လက်နက်ကြီးများ ပစ်ခတ်ပြီး ရွာတောင်ဖက်သို့ စစ်ကြောင်းထွက်ဟန် အယောင်ပြခဲ့ကာ ညနေပိုင်းတွင် ရွာထဲကို ပြန်လည်ဝင်ရောက်သွားကြတယ်လို့ သိရပါတယ်။


မြောက်ခင်ရန်းရွာက ပျူစောထီးစစ်ကြောင်းဟာ အချိန်မရွေး စစ်ကြောင်းထွက်လာနိုင်တာကြောင့် အနီးနားကျေးရွာများက ပြည်သူများ ကြိုတင်သတိထားပေးကြစေလိုကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၃။ လားရှိုးမြို့ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ဗုံး ၅လုံး ကြဲချ၊ ဆိုင်ကယ်စီးလာသူ သေဆုံး


အောက်တိုဘာ ၂၅ 

Radio NUG 


အောက်တိုဘာလ ၂၅ရက်နေ့ နေ့လယ် (1:17)နာရီမှ (1:45)နာရီအတွင်း အကြမ်းဖက်စစ်တပ်မှ လားရှိုးမြို့ မယ်ဟန်ကျေးရွာအုပ်စုရှိ ရွှေမြင်းနှစ်ကောင်စက်ရုံနှင့် အနီးတစ်ဝိုက်ကို ပေါက်ကွဲအားပြင်းထန်သော ဗုံး ၅လုံးကြဲချကာ ရက်စက်ယုတ်မာသော လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ MNDAAမှ သတင်းထုတ်ပြန်ပါတယ်။


ဗုံးပေါက်ကွဲမှုကြောင့် ရွှေမြင်းနှစ်ကောင်စက်ရုံ အဆောက်အအုံ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရပြီး ဆိုင်ကယ်စီးနှင်းလာသူ အပြစ်မဲ့ပြည်သူတစ်ဦး ဗုံးစထိမှန်သေဆုံးခဲ့ရတယ်လို့ သိရပါတယ်။


စစ်ကောင်စီအနေနဲ့ လားရှိုးမြို့ရှိ စစ်ရေးပစ်မှတ်မဟုတ်သော နေရာများကို အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေခဲ့တာ ဩဂုတ်လမှ အောက်တိုဘာလ ၂၅ရက်ထိ အကြိမ်ရေ (30)နီးပါးရှိခဲ့ပြီ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


ပြည်သူ‌တွေကို မငဲ့ကွက်ဘဲ အကြောင်းပြချက်မရှိ စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ် မဟုတ်သော နေရာများကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေခြင်းဟာ စစ်ရာဇဝတ်မှုကို ရက်ရက်စက်စက်ကျူးလွန်နေခြင်းသာ ဖြစ်ပါတယ်။


========================


🚩🚩 ၄။ ပခုက္ကူတွင် စစ်တပ်က သံချပ်ကားများဖြင့် စစ်ကြောင်းထိုးနေပြီး ကျေးရွာ ရွာမှ ပြည်သူ ဦးခန့် သတ်ဖြတ်ခံရကာ ပြည်သူ ၁၀၀ ကျော် ဖမ်းဆီးခံရ


အောက်တိုဘာ ၂၅ 

Radio NUG 


အောက်တိုဘာလ ၂၁ ရက်နေ့မှစ၍ ပခုက္ကူမြို့မှ  သံချပ်ကာကားများပါ အင်အား ၃၀၀ ကျော် စစ်တပ်စစ်ကြောင်းက ကွန်းရွာသို့ ဝင်ရောက် စီးနင်းပြီး ကွန်းရွာနှင့် ရွှေတန်းတစ်ရွာတို့၌ အထိုင်ချ တပ်စွဲကာ အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်နေတယ်လို့ ပခုက္ကူမြို့နယ် ပကဖထံမှ သိရပါတယ်။


အဆိုပါ စစ်တပ်စစ်ကြောင်းသည် အရှေ့မြင်းကျွန်းရွာ၊ ကွန်းရွာနှင့် ဆင်မင်းရွာတို့ကို ဝင်ရောက်စီးနင်းပြီး ပြည်သူ ဦးခန့် သတ်ဖြတ်ခဲ့ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို ခိုးယူသွားတယ်လို့ သိရပါတယ်။

ထို့ပြင် အကြမ်းဖက်စစ်တပ်က မြင်းကျွန်းရွာမှ ပြည်သူ ၇၀ ခန့်နှင့် စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ရွာပေါင်းစုံမှ ပြည်သူ ၅၀ ခန့်ကို ဖမ်းဆီးထားပြီး ရွှေတန်းတစ်ရွာတွင် လူသားဒိုင်းအဖြစ်ဖမ်းဆီးထားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ဒလန်ဟု သတ်မှတ်ခံရပြီး လက်နက်ကိုင်တပ်ဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားသည့် ဒေါ်ခင်နှောင်း၏ သတင်းအစအန ပျောက်ဆုံးနေ


အောက်တိုဘာ ၂၅ 

Radio NUG 

  

လောင်းလုံးမြို့နယ်၊ မောင်းမကန်ရွာနေ အသက် ၅၀ အရွယ် ဒေါ်ခင်နှောင်းကို လက်နက်ကိုင်တပ်ဖွဲ့တစ်ခုက အောက်တိုဘာ ၁၀ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ပြီး နှစ်ပတ်အကြာ ယနေ့အချိန်ထိ သတင်းအစအန မရဘဲ ပျောက်ဆုံးနေကြောင်း DDMSC မှ သတင်းထုတ်ပြန်ပါတယ်။

  

ဒေါ်ခင်နှောင်း၏ မိသားစုဝင်များနှင့် ဒေသခံများ၏ ပြောပြချက်အရ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်နှစ်ဦးက လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်ဟု သိရပါတယ်။


သို့သော်လည်း မောင်းမကန်ကျေးရွာတဝိုက် လှုပ်ရှားသည့် မည်သည့်လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့ကမျှ ဒေါ်ခင်နှောင်းကို ဖမ်းဆီးထားကြောင်း ထုတ်ဖော်ပြောဆိုထားတာ မရှိသေးဘူးလို့ ဖော်ပြထားပါတယ်။

  

မိသားစုဝင်များနှင့်အတူ ဒေါ်ခင်နှောင်း၏ အသက်အန္တရာယ်နှင့်ပတ်သက်၍ အထူးစိုးရိမ်လျက်ရှိတာကြောင့် ဒေါ်ခင်နှောင်းအား ဖမ်းဆီးထားသည့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် ဖမ်းဆီးရသည့် အကြောင်းအရင်း၊ ဖမ်းဆီးထားသည့်အခြေအနေတို့ကို ပြည်သူလူထုအား ပွင့်ပွင့်လင်းလင်းအသိပေးဖို့နှင့် ဒေါ်ခင်နှောင်းအနေဖြင့် ပြစ်မှုတစုံတရာကျူးလွန်ထားကြောင်း ခိုင်လုံသည့်သက်သေ အထောက်အထားမရှိဘဲ မတရားသဖြင့် ဖမ်းဆီးထားခြင်း၊ သတ်ဖြတ်ခြင်း လုံးဝမပြုလုပ်ဘဲ ချက်ချင်းပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

  

တဆက်တည်းတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များအပါအဝင် တော်လှန်ရေးအင်အားစုများ အနေဖြင့် မိမိလှုပ်ရှားရာ ဒေသများတွင်ဖြစ်ပေါ်နေသည့် ယခုလိုဖြစ်ရပ်များအတွက် အမှန်တရား ပေါ်ပေါက်အောင် စုံစမ်းဖော်ထုတ်ပေးခြင်းဖြင့် ပြည်သူလူထုကို ကူညီပေးကြဖို့ အလေးအနက် တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၆။ ကန့်ဘလူ၊ ဇီးကုန်း ရဲစခန်းမှ ရဲတပ်သား  ဦး သေနတ် လက်နက်နှင့် အလင်းဝင်


အောက်တိုဘာ ၂၅ 

Radio NUG 


အောက်တိုဘာလ ၁၃ ရက်နေ့တွင် ကန့်ဘလူမြို့နယ် ဇီးကုန်းရဲစခန်းမှ ရဲတပ်သား ဦးသည် သေနတ် လက်နှင့် အလင်းဝင်ရောက်ခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း မှ သတင်းထုတ်ပြန်ပါတယ်။


G3 သေနတ်တစ်လက် ယူဆောင်လာတဲ့အတွက် ဆုငွေချီးမြှင့်ခဲ့ပြီး နေထိုင်ရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများလည်း ဆက်လက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် ခါးရှဲလ်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment