29th OCT 2024 - Evening Daily News by Radio NUG

 

၂၀၂၄ အောက်တိုဘာလ ၂၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်း

📌 ၂။ တော်လှန်ရေးမြန်မြန်အောင်မြင်ဖို့ စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်တယ်လို့ဆို

📌 ၃။ လေကြောင်းတိုက်ခိုက်မှုတွေလျော့ကျသွားဖို့  Airbus ကုမ္ပဏီကို ဖိအားပေးတိုက်တွန်းကြမယ့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်း စတင်

📌 ၄။ အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှိန်ဟုန်ပြင်းစွာ ဆက်လက်လုပ်ဆောင်လျက်ရှိ

📌 ၅။ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ တော်လှန်သီတင်းကျွတ်ရန်ပုံငွေရှာဖွေပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့


၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၉ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အညာဒေသကို အခြေချတဲ့အခါ  ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမယ်လို့ BPLAစစ်ရေးတာဝန်ခံပြော

🚩 ၂။ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု()ကြိမ်စကစက ပြုလုပ်ခဲ့၍ စစ်သုံ့ပန်း()ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့

🚩 ၃။ PDF Zoland မှ အတန်းမြှင့်သင်တန်းအပတ်စဥ် () သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ဖို့ သံအမတ်ကြီးဦးကျော်မိုးထွန်းတိုက်တွန်း


အောက်တိုဘာ၂၉ရက်

ကုလသမဂ္ဂ လုံခြုံရေးကောင်စီတွင် Women, Peace and Security: Women Building Peace in a Changing Environmentခေါင်းစဉ်ဖြင့် တံခါးဖွင့်အစည်းအဝေး၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုတိုက်တွန်းပြောကြားခဲ့ပါတယ်။

"နိုင်ငံတကာအသိုက်အဝန်းအနေဖြင့် စစ်အုပ်စုထံသို့ လက်နက်၊ ခဲယမ်း၊ လေယာဉ်ဆီ နှင့် ငွေကြေးအထောက်အပံ့များ စီးဆင်းနေခြင်းအား ချက်ချင်းရပ်တန့်ရန် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊မိမိတို့ဘက်မှလည်း အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့ အစည်းများနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအနေဖြင့် ပြည်တွင်း၊ ပြည်ပ၌ အမျိုးသမီးများ ဦးဆောင်လျက်ရှိသော အဖွဲ့များ၊ ပြည်သူများနှင့် အတူတကွရပ်တည်ကာ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ထွန်းလာရေးတို့ကို လက်တွဲညီညီ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း"သံအမတ်ကြီးကပြောပါတယ်။

ထို့အပြင် () နှစ်ဟူသော ကာလမှာ အလွန်ကြာမြင့်နေပြီဖြစ်၍ အချိန်သည်လည်း စောင့်ဆိုင်း၍ မနေကြောင်း၊ မြန်မာ ပြည်သူများအနေဖြင့် ၎င်းတို့၏ အသက်အိုးအိမ် များကို မလိုအပ်ပါဘဲ စွန့်လွှတ်အနစ်နာခံနေရကြောင်းသံအမတ်ကြီးကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ တော်လှန်ရေးမြန်မြန်အောင်မြင်ဖို့ စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်တယ်လို့ဆို


အောက်တိုဘာ၂၉ရက်


တော်လှန်ရေးမြန်မြန်အောင်မြင်ဖို့ စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်တယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက အောက်တိုဘာနောက်ဆုံးပတ်မှာ ဆိုရှယ်မီဒီယာမှတဆင့် ပြောပါတယ်။

"ကျနော်တို့ အညာမြေ မြို့ရွှေမန်းဟာ ပြည်သူ့နွေဦးတော်လှန်ရေး ခရီးကြမ်းကြီးမှာ မြို့သူမြို့သားတွေရဲ့ စုစည်းညီညွတ်အားနဲ့အတူ မယိုင်မလဲ ခိုင်မြဲစွာ ချီတက်နေကြပါတယ်။ ကျနော်လည်း အရေးတော်ပုံ တပ်သား တဦးအနေနဲ့ မြို့လူထုနဲ့အတူ လူထုတိုက်ပွဲတွေ ဖော်ဆောင်နေပါတယ်။ဒီနေရာမှာ ကျနော်တို့ တော်လှန်ရေးကြီး အမြန်ဆုံး အောင်ပွဲဆင်နိုင်ဖို့အရေး အထူးအရေးကြီးတာတခုကို အလေးအနက် တင်ပြပြောဆိုလိုပါတယ်။ဒီပွဲကို စောစောသိမ်းနိုင်ဖို့ဆိုရင် စစ်ရေးတိုက်ပွဲများနဲ့အတူ လူထုတိုက်ပွဲ၊ လူထုအုံကြွမှု၊ အထွေထွေ အာဏာဖီဆန်ရေးလှုပ်ရှားမှုများကို ဟန်ချက်ညီညီ ဖော်ဆောင်နိုင်ဖို့ အထူးလိုအပ်ပါတယ်"လို့ပြောပါတယ်။


နွေဦးတော်လှန်ရေးကို  စစ်ရေးနဲ့အတူ လူထုတရပ်လုံး ပါဝင်ဆင်နွှဲနိုင်တဲ့ လူထုတိုက်ပွဲ၊ လူထုအုံကြွလှုပ်ရှားမှုကြီးတွေကို အရှိန်တိုးမြှင့် ဖော်ဆောင်ကြဖို့ဒေါက်တာတေဇာဆန်းကထပ်လောင်းတိုက်တွန်းပြောပါတယ်။


========================


📌📌 ၃။ လေကြောင်းတိုက်ခိုက်မှုတွေလျော့ကျသွားဖို့  Airbus ကုမ္ပဏီကို ဖိအားပေးတိုက်တွန်းကြမယ့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်း စတင်


အောက်တိုဘာ၂၉ရက်


လေကြောင်းတိုက်ခိုက်မှုတွေလျော့ကျသွားဖို့  Airbus ကုမ္ပဏီကို ဖိအားပေးတိုက်တွန်းကြမယ့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်း စတင်နေပြီလို့ အောက်တိုဘာနောက်ဆုံးပတ်မှာ  BloodMoneyCampaignMMကအသိပေးဆိုပါတယ်။

"လေကြောင်းတိုက်ခိုက်မှုတွေလျော့ကျသွားဖို့  Airbus ကုမ္ပဏီကို ဖိအားပေးတိုက်တွန်းကြမယ့် အွန်လိုင်း ဓာတ်ပုံကမ်ပိန်း စတင်ပါပြီ။အကြမ်းဖက်စစ်အုပ်စုက လေယာဥ်တွေ ၀ယျယူနတေဲ့ တရုတ်အစိုးရပိုင် AVIC ကုမ္ပဏီမှ Airbus အနေနဲ့ ရင်းနှီးမြုပ်နှံမှုတွေရပ်တန့်ပြီး လူ့အခွင့်အရေးစံနှုန်းတွေကိုလေးစားတဲ့အနေနဲ့ လုပ်နိုင်တဲ့အရိုးရှင်းဆုံး AVIC နဲ့လမ်းခွဲဖို့ကို ဝိုင်းပြီးဖိအားပေးတိုက်တွန်းကြဖို့ online photo campaign လာပါပြီ"လို့ဆိုပါတယ်။


ကမ်ပိန်းမှာပါဝင်ရန် အဆင့်တွေကို BloodMoneyCampaignMM Pagတွင်အသေးစိတ်ရှင်းလင်းဖော်ပြထားပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှိန်ဟုန်ပြင်းစွာ ဆက်လက်လုပ်ဆောင်လျက်ရှိ


အောက်တိုဘာ၂၉ရက်


အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှိန်ဟုန်ပြင်းစွာ ဆက်လက်လုပ်ဆောင်လျက်ရှိတယ်လို့ AAPPကဖော်ပြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းနှင့် သုတေသနဌာနမှ စောင့်ကြည့်လေ့လာမှုအရ အကြမ်းဖက်စစ်အုပ်စုက လူ့အခွင့်အရေးချိုးဖောက်မှုများကို အရှိန်ဟုန်ပြင်းစွာ ဆက်လက်လုပ်ဆောင်လျက်ရှိရာ ပြီးခဲ့သည့်သီတင်းတပတ်အတွင်း တိုင်းနှင့်ပြည်နယ်တချို့၌ လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများအပြင် မြေပြင်မှ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် အရပ်သားပြည်သူထိခိုက်သေဆုံးမှုများ များပြားလာသည့်အပြင် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံပြည်သူအရေအတွက်လည်း ပိုမိုများပြားလာတယ်လို့အတည်ပြုဆိုပါတယ်။

 အလားတူပင် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့၌လည်း နှစ်ဖက်တိုက်ပွဲများကြောင့် ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရပြီး တိုက်ပွဲအတွင်း ပိတ်မိနေသူများလည်း ရှိပြီး စစ်အုပ်စုက ဒေသခံပြည်သူများကို ထွက်ခွာခွင့်ကန့်သတ်ပိတ်ပင်ထားကြောင်း သိရှိရပါတယ်။


ထို့ပြင် စစ်အုပ်စုက စစ်ရေးပစ်မှတ်မဟုတ်သည့် အဆောက်အဦများကိုလည်း ရည်ရွယ်ချက်ရှိရှိ ဦးတည်တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိပြီး အောက်တိုဘာလ ၂၅ ရက်နေ့က ကရင်ပြည်နယ်၊  ဖာပွန်မြို့နယ်၊ ဆောဘွဲဒဲကျေးရွာကို တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ခရစ်ယာန်ဘုရားကျောင်း၊ မူကြိုကျောင်းအပါအဝင် အဆောက်အဦ ခု ထိခိုက်ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၅။ ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ တော်လှန်သီတင်းကျွတ်ရန်ပုံငွေရှာဖွေပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့


အောက်တိုဘာ၂၉ရက်


ပြင်သစ်နိုင်ငံမှာကျင်းပတဲ့ တော်လှန်သီတင်းကျွတ်ရန်ပုံငွေရှာဖွေပွဲအောင်မြင်စွာကျင်းပပြီးစီးခဲ့တယ်လို့ ပြင်သစ်NUGကိုယ်စားလှယ်မနန်းဆုမွန်အောင်ကဆိုပါတယ်။

အောက်တိုဘာ၂၇ရက် တော်လှန်သီတင်းကျွတ်ရန်ပုံငွေရှာဖွေပွဲကို ပြင်သစ်ရောက်မြန်မာများအသင်းက ဦးဆောင်ကျင်းပခဲ့ပါတယ်။

"တော်လှန်သီတင်းကျွတ်ရန်ပုံငွေအတွက် ဦးဆောင်စီစဥ်သူ ပြင်သစ်ရောက်မြန်မာများအသင်းအပါအဝင် ပူးပေါင်းဆောင်ရွက်ခဲ့ကြသူ ပြင်သစ်ရောက်မြန်မာတော်လှန်ရေးမိသားစုဝင်များနဲ့ ပြင်သစ်လူမျိုးများအားလုံး အထူးသဖြင့် ရန်ပုံငွေများများရရှိဖို့ မြန်မာ့အစားအစာအမယ်မျိုးစုံချက်ပြုတ်ရောင်းပေးခဲ့သူများ၊ လူအများစိတ်ဝင်စားအောင် မိမိတတ်သည့်အနုပညာများဖြင့် အားဖြည့်ပါဝင်ခဲ့သူများ၊ အားပါးတရအားပေးပူးပေါင်းပါဝင်ခဲ့သူများ အားလုံး တစ်ယောက်ချင်းစီကိုကျေးဇူးအထူးတင် လေးစားရပါတယ်။ တော်လှန်ရေးကြာလာတာနဲ့ အမျှ ရန်ပုံငွေဆက်လက်လိုအပ်နေတာဖြစ်လို့ ရတဲ့ဘက် ရှိတဲ့ခွန်အားနဲ့ဆက်လက်ပြီး စုပေါင်းချီတက်ကြပါမယ်"လို့ ပြင်သစ်ဆိုင်ရာNUGကိုယ်စားလှယ်မနန်းဆုမွန်အောင်ကဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ အညာဒေသကို အခြေချတဲ့အခါ  ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမယ်လို့ BPLAစစ်ရေးတာဝန်ခံပြော


အောက်တိုဘာ၂၉ရက်

အညာဒေသကို အခြေချတဲ့အခါ  ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမယ်လို့ BPLAစစ်ရေးတာဝန်ခံမောင်ဆောင်းခက အောက်တိုဘာနောက်ဆုံးမှာ 

ဆိုရှယ်မီဒီယာမှတဆင့် ပြောကြားထားပါတယ်။

"ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်အထည်ဖော်သွားပါမယ်"လို့ပြောပါတယ်။

ဒါ့အပြင်ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ပြောပါတယ်။


========================


🚩🚩 ၂။ စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု()ကြိမ်စကစက ပြုလုပ်ခဲ့၍ စစ်သုံ့ပန်း()ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့


အောက်တိုဘာ (၂၉)ရက်


စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု()ကြိမ်စကစက ပြုလုပ်ခဲ့၍ စစ်သုံ့ပန်း()ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

၂၀၂၄ ခုနှစ် အောက်တိုဘာလ (၂၈)ရက်နေ့ ညနေ (၁၈:၃၀)အချိန်တွင် အကြမ်းဖက် စစ်ကောင်စီသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်အား လေကြောင်းတိုက်ခိုက်မှု()ကြိမ် ပြုလုပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ဖော်ပြပါတယ်။

 အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း()ဦး အပါအဝင် (၁၂)ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ (၆၀)ဦးဝန်းကျင် ရှိခဲ့တယ်လို့အတည်ပြုဖော်ပြပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)အနေဖြင့် စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများကို သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာထိန်းသိမ်းထားရှိခဲ့သော်လည်း အကြမ်းဖက်စစ်ကောင်စီသည် ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟောင်းများကို ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်ကို တွေ့မြင်ရတယ်လို့ဆိုပါတယ်။

လေယာဉ်ဗုံးထိမှန်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သော စစ်သုံ့ပန်းများကိုလည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)မှ ဆေးကုသမှုများ လုပ်ဆောင်ပေးလျက်ရှိတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩 ၃။ PDF Zoland မှ အတန်းမြှင့်သင်တန်းအပတ်စဥ် () သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့


အောက်တိုဘာ၂၉ရက်


PDF Zoland မှ အတန်းမြှင့်သင်တန်းအပတ်စဥ် () သင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ အောက်တိုဘာ၂၉ရက် က်မှာ ZFU/PDF - Zolandက အသိပေးဖော်ပြပါတယ်။

မြန်မာပြည် စစ်အာဏာရှင်လက်မှ လွတ်မြောက်ဖို့ အသက်ပေးတိုက်ပွဲဝင်မည့် ရဲဘော်များအား PDF Zoland မှ အတန်းမြှင့်သင်တန်းပြုလုပ်ခဲ့ပြီး အပတ်စဥ် () သင်တန်းဆင်းပွဲ အောင်မြင်ခဲ့ပြီဖြစ်ကြောင်း ကြေညာအပ်တယ်လို့ဖော်ပြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment