11th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ပြည်သူ့အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကွယ်လွန်မှုအတွက် NUGမှဝန်ကြီးနှစ်ဦးဝမ်းနည်းစကားဆို

📌 ၂။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ရွေးကောက်ခံပြည်နယ်အုပ်ချုပ်ရေးမှူး Mike Braun နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ

📌 ၃။ ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်တဲနည်းလမ်းတွေထဲမှာ စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်တာနဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ  ခုံရုံးတင် စစ်ဆေး အရေးယူခြင်းတို့လည်းပါဝင်

📌 ၄။ အာဏာရှင်စနစ်ကို တွန်းလှန်ရတာနဲ့အာဏာသိမ်းမှုကို ကြုံကြိုက်ရတာနောက်ဆုံးပိတ်ဖြစ်ရမယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြော

📌 ၅။ SDB တိုကင်များကို  ဝယ်ယူရင်းနှီးခြင်းအားဖြင့် နောင်ရေး အမြတ်အစွန်း ရရှိနိုင်သလို၊ တော်လှန်ရေးကာလ၏ သမိုင်းတွင်မည့် နွေဦး အောင်ပွဲကြီးကိုလည်း အတူအဆုံးသတ်ခွင့်ရရှိမည်

📌 ၆။ အောက်တိုဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူနှစ်သောင်းကျော်ကအမေရိကန်ဒေါ်လာခုနစ်သိန်းကျော်ခန့်ထောက်ပံပေးနိုင်ခဲ့


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။တော်လှန်ရေးတပ်ဖွဲ့များကိုလေကြောင်းတိုက်ခိုက်နေတဲ့ မိတ္တီလာရှမ်းတဲလေတပ်စခန်းအပါအဝင် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉) အား ယနေ့မနက်ရှော့ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်

🚩 ၂။စစ်ကိုင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့" မှ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုအား လူမဆန်စွာ မတရား သတ်ဖြတ်ခံရသည့် ကြေကွဲဖွယ်ဖြစ်စဥ် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် လစဥ်၄ရက်နေ့တိုင်းကိုယာယီကျောင်းပိတ်ရက် သတ်မှတ်"

🚩 ၃။ ရေစကြိုမြို့နယ် အမှတ်()၅၀၀ပြည့်ရပ်ကွက်တွင် သန်းခေါင်စားရင်းကောက်ယူရန်ပြုလုပ်နေသောစကစတပ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အနီးကပ်သွားရောက်ချုံခိုတိုက်ခိုက်ခဲ့

🚩 ၄။ SOF တပ်ဖွဲ့မှထောက်ပို့ထီ စတင်ရောင်းချနေ၍မည်သူမဆိုဝယ်ယူအားပေးနိုင်

🚩 ၅။ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများဝမ်းပျက် ဝမ်းလျောရောဂါများဖြစ်ပွားနေပြီး စစ်ကြောင်းဖြင့်ရောဂါဖြစ်ပွားသူများကို ရေလမ်းခရီးကတဆင့်ခေါ်ယူ



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================



📌📌 ၁။ပြည်သူ့အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ကွယ်လွန်မှုအတွက် NUGမှဝန်ကြီးနှစ်ဦးဝမ်းနည်းစကားဆို


နိုဝင်ဘာ၁၁ရက်


ပြည်သူ့အစိုးရလက်ထက်တွင် တာဝန်ထမ်းဆောင်ခဲ့သော လျှပ်စစ်ဝန်ကြီးဦးဝင်းခိုင်ကွယ်လွန်မှုအတွက် NUGဝန်ကြီးနှစ်ဦးမှဝမ်းနည်းစကားဆိုလိုက်ပါတယ်။

အကြမ်းဖက်စစ်တပ်က လွတ်ငြိမ်းသက်သာခွင့်ပြုတဲ့ ပြည်သူ့အစိုးရလက်ထက်လျှပ်စစ်ဝန်ကြီး ဦးဝင်းခိုင်ဟာ နိုဝင်ဘာလအတွင်းကွယ်လွန်ခဲ့ရပါတယ်။

"NLD အစိုးရလက်ထက်မှာ မီတာဘောက်(စ်)တင်ဒါကို Open တင်ဒါစနစ်ကိုပြောင်းတော့ စစ်တပ်က ထုတ်တဲ့မီတာဘောက်(စ်)တွေ တင်ဒါမအောင်တော့  

လျှပ်စစ်ဝန်ကြီးဌာနကို လွှတ်တော်ထဲ ခေါ် မေးခွန်းမေး အဆိုတွေ တင်ပြီး ပြဿနာရှာတာ  မှတ်မိတယ်။ လွှတ်တော်ထဲ လာဖြေတဲ့ လျှပ်စစ်ဝန်ကြီး ဒုဝန်ကြီးများက တကယ်အလုပ်လုပ်ကြတာရော  

အိမ်စာကြေတာရောကြောင့် သူတို့ဖြစ်စေချင်သလို ဒုက္ခရောက်စေချင်သလို မရောက်တဲ့အပြင် ဆက်စပ်မေးခွန်းတွေထဲမှာ ခြိမ်းခြောက်တဲ့ ပုံစံတွေပါလာတော့ - ဝန်ကြီး ဦးဝင်းခိုင်က သူ့ဝန်ကြီးတာဝန်နဲ့ ရင်းပြီး  ပြန်Challengeလုပ်ကာ accountable ရှိရှိ ပြန်ဖြေခဲဲ့တာသတိရမိပါတယ်။ လျှပ်စစ်ကဏ္ဍဟာ နေ့စဉ်လူမှုဘဝအတွက်သာမက ဖွံ့ဖြိုးရေးနဲ့ ရင်းနှီးမြုပ်နှံမှု့ကဏ္ဍာတွေအတွက် critical ဖြစ်တဲ့ကဏ္ဍပါ။ 

မှန်မှန်ကန်ကန်နဲ့ ပြုပြင်ပြောင်းလဲလိုစိတ်ရှိတဲ့ သတ္တိရှိတဲ့ ဝန်ကြီးတယောက် တိုင်းပြည်က ဆုံးရှုံးလိုက်ရတာပါပဲ။တရားမျှတရာအရပ်မှာ ငြိမ်းချမ်းစွာ အနားရပါစေ"လို့ ဝန်ကြီးဒေါ်ဇင်မာအောင်ကဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ပြည်သူ့အစိုးရလက်ထက်အစိုးရအဖွဲ့ဝင်များကို အကျဥ်းထောင်တွင်း မတရားဖမ်းဆီးအကျဥ်းချထားကာ လုံလောက်တဲ့ဆေးဝါးကုသမှုပေးမထားဘူးလို့သိရှိရပါတယ်။

"အပြောင်းအလဲကိုဖေါ်ဆောင်ဖို့ အခက်အခဲအဟန့်အတားတွေကြား အတူကြိုးစားခဲ့ကြတယ်။အားလုံးအတွက် တရားမျှတမှု မရခင်ကြား အရင်းအနှီးတွေက ဈေးကြီးနေဆဲဘဲ၊ပြည်သူတွေအတွက် တာဝန်ကျေဖို့ ကြိုးစားခဲ့တဲ့  ဦးဝင်းခိုင် အေးငြိမ်းရာမှာ ချမ်းမြေ့ရှင်သန်နိုင်ပါစေ"လို့ ဝန်ကြီးဒေါက်တာဝင်းမြတ်အေးကလည်း ဆိုထားပါတယ်။


========================


📌📌 ၂။ အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ရွေးကောက်ခံပြည်နယ်အုပ်ချုပ်ရေးမှူး Mike Braun နှင့် ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာတွေ့ဆုံ


နိုဝင်ဘာ၁၁ရက်


အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်၏ ရွေးကောက်ခံပြည်နယ်အုပ်ချုပ်ရေးမှူး Mike Braun နှင့် အပြည်ပြည်ဆိုင်ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာတို့ တွေ့ဆုံခဲ့တယ်လို့ နိုဝင်ဘာ၁၁ရက်မှာ ဝန်ကြီးဒေါက်တာဆာဆာက အသိပေးဆိုထားပါတယ်။

"အင်ဒီယားနားပြည်နယ်၏ ရွေးကောက်ခံပြည်နယ်အုပ်ချုပ်ရေးမှူး Mike Braun နှင့် တွေ့ဆုံခွင့်ရသည်မှာ အမှန်ပင်ဖြစ်ပါတယ်။ အင်ဒီယားနားသည် ပြည်နယ်၏ ကြွယ်ဝသော ယဉ်ကျေးမှုနှင့် စီးပွားရေး အထည်အလိပ်များ ထွန်းကားလာစေရန် ပံ့ပိုးပေးနေသော ထောင်နှင့်ချီသော မြန်မာလူမျိုး ရွှေ့ပြောင်းနေထိုင်သူများအတွက် မြတ်နိုးဖွယ်အိမ်ဖြစ်လာပါတယ်။ အင်ဒီယားနား၏ နွေးထွေးသော ထွေးပွေ့မှုနှင့် ကျွန်ုပ်တို့၏အသိုက်အဝန်းကို ကြီးပွားတိုးတက်အောင်မြင်စေရန် ပံ့ပိုးပေးသည့် အခွင့်အလမ်းများကို ကျွန်ုပ်တို့ အထူးပင်ကျေးဇူးတင်ရှိပါတယ်"လို့ဆိုထားပါတယ်။

ဒါ့အပြင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာနဲ့ ဘော်စတွန်မြို့နေမြန်မာအင်အားစုများတွေ့ဆုံမယ်လို့လည်းသိရပါတယ်။ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဆာဆာသည် ဘော်စတွန်မြို့သို့ နိုဝင်ဘာ ၃၀ ရက်နေ့လာရောက်မယ်လို့သိရပါတယ်။ဘော်စတွန်မြို့အနီးမှ တိုင်းရင်းသားညီကိုမောင်နှမများအားလုံး ဒေါက်တာဆာဆာနဲ့ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မြန်မာ့နွေဦးတော်လှန်ရေး နှင့်ပတ်သက်ပြီးမေးခွန်းများမေးနိုင်ရန်စီစဉ်ထားတယ်လို့လည်းသိရှိရပါတယ်။ဒေါက်တာဆာဆာ ဆွေးနွေးပွဲ အပြီးသရုပ်ဆောင်မင်းမော်ကွန်း ပထမဆုံး သရုပ်ဆောင်တဲ့တော်လှန်ရေးရုပ်ရှင်ဖြစ်တဲ့ ဖြတ်တော်လှန်ရေးရုပ်ရှင်ကားပြသသွားမှာဖြစ်တယ်လို့သိရှိရပါတယ်။


========================


📌📌 ၃။ ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်တဲနည်းလမ်းတွေထဲမှာ စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်တာနဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ  ခုံရုံးတင် စစ်ဆေး အရေးယူခြင်းတို့လည်းပါဝင်


နိုဝင်ဘာ၁၁ရက်


ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်တဲနည်းလမ်းတွေထဲမှာ စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်တာနဲ့ ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ  ခုံရုံးတင် စစ်ဆေး အရေးယူခြင်းတို့လည်းပါဝင်နိုင်တယ်လို့ နိုဝင်ဘာ၁၀ရက်တွင် ဆိုရှယ်မီဒီယာမှာ လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းကဆိုပါတယ်။

"အဓမ္မစစ်မှုထမ်းခိုင်းခြင်းအပါအဝင် အလုပ်သမားအခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုကို အရေးယူမယ့် အတည်ပြုချက် တခုကို ILO အုပ်ချုပ်မှုကော်မတီက ချမှတ်လိုက်ပါတယ်။  ၂၀၂၅ခုနှစ် ဇွန်လမှာကျင်းပမယ့် ILO ညီလာခံမှာ စစ်အုပ်စုရဲ့ အဓမ္မအလုပ်သမားအခွင့်အရေးကျူးလွန်မှု အဓမ္မလုပ်အားပေးစေခိုင်းမှု ဆိုတဲ့ကိစ္စတွေပေါ်မှာ အစဉ်တစိုက်ချိုးဖောက်နေခြင်းကို ပြုပြင်ပြောင်းလဲမှု မရှိတဲ့အတွက်ကြောင့် ILO ရဲ့ အခြေခံဥပဒေပုဒ်မ ၃၃ (Article 33) အရ အရေးယူဖို့ ဆုံးဖြတ် ခဲ့တာဖြစ်ပါတယ်။ILO ပုဒ်မ ၃၃ အရ စစ်ကောင်စီကို အရေးယူနိုင်တဲနည်းလမ်းတွေထဲမှာ

- ကုလသမဂ္ဂ အေဂျင်စီများကနေ ထောက်ပံ့တဲ့ နည်းပညာ၊ လူသားချင်းစာနာထောက်ထားမှု အကူအညီ၊ သံတမန်ရေးစတာတွေကို ရပ်တန့်ပြီး စစ်ကောင်စီကို အကြမ်းဖက်စစ်တပ်အဖြစ် သတ်မှတ်တာ၊  ကျူးလွန်သူတွေကို နိုင်ငံတကာတရားရုံးတွေမှာ  ခုံရုံးတင် စစ်ဆေး အရေးယူခြင်းတို့ ဖြစ်တယ်"လို့ဆိုပါတယ်။

ILO ပုဒ်မ (၃၃)အရ အကြမ်းဖက်စစ်တပ်ကို အရေးယူဆောင်ရွက်ချက်ဆိုင်ရာ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ILO Governing Body ဆုံးဖြတ်ချက်တရပ်ကို ၂၀၂၄ခုနှစ် နိုဝင်ဘာလ ()ရက်နေ့တွင် အတည်ပြုခဲ့ပါတယ်။


========================


📌📌 ၄။ အာဏာရှင်စနစ်ကို တွန်းလှန်ရတာနဲ့အာဏာသိမ်းမှုကို ကြုံကြိုက်ရတာနောက်ဆုံးပိတ်ဖြစ်ရမယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းပြော


နိုဝင်ဘာ၁၁ရက်


အာဏာရှင်စနစ်ကို တွန်းလှန်ရတာနဲ့အာဏာသိမ်းမှုကို ကြုံကြိုက်ရတာနောက်ဆုံးပိတ်ဖြစ်ရမယ်လို့ မန္တလေးလူထုသပိတ်ခေါင်းဆောင်ဒေါက်တာတေဇာဆန်းက နိုဝင်ဘာ၁၀ရက်တွင် ဆိုရှယ်မီဒီယာမှာ တဆင့်ပြောဆိုထားပါတယ်။

"တော်လှန်ရေးခရီးဆိုတာ ခံနိုင်ရည်ချင်း၊ သက်လုံချင်း ယှဉ်ပြိုင်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။ဒီခရီးက တာတိုပြိုင်ပွဲ မဟုတ်ဘူးလို့လည်း ကျနော်တို့တွေအားလုံး ခံယူနားလည်ကြပြီးဖြစ်ပါတယ်။ စိတ်ပိုင်း၊ ရုပ်ပိုင်း သက်လုံအပြည့် ရှိနေကြမယ်ဗျာ။ဒီနိုင်ငံမှာ အာဏာရှင်စနစ်ကို တွန်းလှန်ရတာ၊ အာဏာသိမ်းမှုကို ကြုံကြိုက်ရတာ ကျနော်တို့တွေက နောက်ဆုံးပိတ် ဖြစ်ကို ဖြစ်ရမယ်။ ဒီအတွက် အတူ ဆက်ရုန်းကြမယ်"လို့ပြောပါတယ်။

၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ၁ရက်နေ့စစ်တပ်ကနိုင်ငံတော်အာဏာကိုလုယူပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၅။ SDB တိုကင်များကို  ဝယ်ယူရင်းနှီးခြင်းအားဖြင့် နောင်ရေး အမြတ်အစွန်း ရရှိနိုင်သလို၊ တော်လှန်ရေးကာလ၏ သမိုင်းတွင်မည့် နွေဦး အောင်ပွဲကြီးကိုလည်း အတူအဆုံးသတ်ခွင့်ရရှိမည်


နိုဝင်ဘာ၁၁ရက်


SDB တိုကင်များကို  ဝယ်ယူရင်းနှီးခြင်းအားဖြင့် နောင်ရေး အမြတ်အစွန်း ရရှိနိုင်သလို၊ တော်လှန်ရေးကာလ၏ သမိုင်းတွင်မည့် နွေဦး အောင်ပွဲကြီးကိုလည်း အတူအဆုံးသတ်ခွင့်ရရှိမယ်လို့

နိုဝင်ဘာ၁၁ရက်မှာ နွေဦးဖွံဖြိုးရေးSDBဘဏ်က အသိပေးကြေညာထားပါတယ်။

"ဘဏ်ရှယ်ယာရှင်တဦး ထက် ပိုတဲ့ ရသတွေ ပိုင်ဆိုင်ဖို့ ရက်အလို ယနေ့ official launch တဲ့ နွေဦးပျားတို့နှင့်အတူ ပျံသန်း အိမ်ပြန်ရောက်မယ့် နွေဦးဘဏ်ရဲ့ ICO 2 အခွင့်အရေးဟာ နိုဝင်ဘာ ၁၅ မှ ဒီဇင်ဘာ အထိ ရောက်ရှိလာတော့မှာပါ။ SDB တိုကင်များကို  ဝယ်ယူရင်းနှီးခြင်းအားဖြင့် နောင်ရေး အမြတ်အစွန်း ရရှိနိုင်သလို၊ တော်လှန်ရေးကာလ၏ သမိုင်းတွင်မည့် နွေဦး အောင်ပွဲကြီးကိုလည်း အတူအဆုံးသတ်ခွင့်ရမှာ ဖြစ်ပါတယ်။ဘုံအနာဂတ် အိမ်မက် အပြည့်အဝ စွမ်းဆောင်နိုင်ဖို့ ICO 2 တွင် အနည်းဆုံး $10 ရင်းနှီးမြှုပ်နှံပါ"လို့ဆိုထားပါတယ်။

SDBဘဏ်အကောင့်ဖွင့်လှစ်ရန်လွယ်ကူစွာစီစဥ်ထားပြီးSDB ရှယ်ယာရှင်များ စုဝေးရာတယ်လီဂရန်ကိုလည်းဖွင့်လှစ်ပေးထားပါတယ်။


========================


📌📌 ၆။ အောက်တိုဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူနှစ်သောင်းကျော်ကအမေရိကန်ဒေါ်လာခုနစ်သိန်းကျော်ခန့်ထောက်ပံပေးနိုင်ခဲ့


နိုဝင်ဘာ၁၁ရက်


အောက်တိုဘာလအတွင်း ထောက်ပို့တာဝန်ထမ်းဆောင်သူနှစ်သောင်းကျော်က အမေရိကန်ဒေါ်လာခုနစ်သိန်းကျော်ခန့်ထောက်ပံပေးနိုင်ခဲ့တယ်လို့ PRFထောက်ပို့မိသားစုက တရားဝင်အသိပေးဆိုပါတယ်။

"ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် PRF အနေနဲ့ အောက်တိုဘာလအတွင်းမှာ တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ထောက်ပို့တပ်သားဦးရေထောက်ပို့ငွေပမာဏ တို့ကို အများပြည်သူလူထုအားလုံး ပွင့်လင်းစွာ သိရှိစေဖို့ တင်ပြလိုက်ပါတယ်"လို့ဆိုထားပါတယ်။အောက်တိုဘာလအတွင်းထောက်ပို့တပ်သားဦးရေ ၂၆၆၈၂ဦးမှ ၇၃၈၄၂၇ ခန့်မှန်းအမေရိကန်ဒေါ်လာကိုထောက်ပို့ခဲ့ကြပါတယ်။

အောက်တိုဘာလအတွင်း တာဝန်ထမ်းဆောင်မှုကို  PDF တပ်ရင်း/စစ်ကြောင်းများရဲ့ တပ်ရင်းရိက္ခာနဲ့ အထွေထွေအသုံးစရိတ်အတွက် ပို့ဆောင်ရာမှာ အသုံးပြုသွားမှာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်သားများဆီ လက်ဝယ်ရောက်ရှိတဲ့အခါမှာလည်း PRF စာမျက်နာများမှတဆင့် ပြန်လည်တင်ပြသွားမယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။တော်လှန်ရေးတပ်ဖွဲ့များကိုလေကြောင်းတိုက်ခိုက်နေတဲ့ မိတ္တီလာရှမ်းတဲလေတပ်စခန်းအပါအဝင် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉) အား ယနေ့မနက်ရှော့ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်


နိုဝင်ဘာ၁၁ရက်


တော်လှန်ရေးတပ်ဖွဲ့များကိုလေကြောင်းတိုက်ခိုက်နေတဲ့ မိတ္တီလာရှမ်းတဲလေတပ်စခန်းအပါအဝင် ခြေမြန်တပ်မဌာနချုပ် အမှတ်(၉၉) အားယနေ့မနက် ရှော့ဒုံးများနဲ့ပစ်ခတ်တိုက်ခိုက်ခံရတယ်လို့သိရပါတယ်။

နိုဝင်ဘာ၁၁ရက်မနက်အစောပိုင်းအချိန်မှာ စကစရဲ့တည်နေရာများကိုကျရောက်ပေါက်ကွဲခဲ့ပြီးတမြို့လုံးတွင်တုန်ခါမှုများခံစားရကြောင်းဒေသခံများကလူမှုကွန်ရက်တွင်ဆိုထားကြပါတယ်။

အဆိုပါရှော့တိုက်ဒုံးများကျရောက်ပေါက်ကွဲရာနေရာဟာစကစတပ်ရဲ့ကင်းစခန်းများတည်ရှိရာနေရာဖြစ်နိုင်တယ်လို့လည်းဆိုထားပါတယ်။လက်ရှိမှာ မိတ္ထီလာမြို့နယ်အတွင်းစကစကလုံခြုံရေးများတင်းကြပ်ထားပြီး ထိခိုက်ပျက်စီးမှုအခြေအနေအမှန်စုံစမ်းနေဆဲ ဖြစ်ပါတယ်။၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂၀ ရက် ၁၁း၅၆ အချိန်တွင် ပဲခူးတိုင်း၊ တောင်ငူလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ကို 

တော်လှန်ရေးတပ်များပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်၊ မနက် နာရီ မိနစ် အချိန်ကလည်း နေပြည်တော် အေလာလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး လုံး ကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ရှော့တိုက်ဒုံး လုံး အောင်မြင်စွာ ပစ်ခတ်နိုင်ခဲ့ပါတယ်။ယင်းတိုက်ခိုက်မှုအတွင်း အေလာလေတပ်စခန်းအတွင်း အဆောက်အဦး လုံးပြိုကျပျက်စီးပြီး လက်နက် ခဲယမ်းတိုက် လုံးမီးလောင် ပေါက်ကွဲခဲ့သလို၊ လေယာဥ်ပြုပြင်ရေးအပိုပစ္စည်း ဂိုဒေါင်ရုံ မီးလောင် ပျက်စီးခဲ့ပါတယ်။


========================


🚩🚩 ၂။စစ်ကိုင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့" မှ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုအား လူမဆန်စွာ မတရား သတ်ဖြတ်ခံရသည့် ကြေကွဲဖွယ်ဖြစ်စဥ် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် လစဥ်၄ရက်နေ့တိုင်းကိုယာယီကျောင်းပိတ်ရက် သတ်မှတ်"


နိုဝင်ဘာ၁၁ရက်


"စစ်ကိုင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့" မှ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုအား လူမဆန်စွာ မတရား သတ်ဖြတ်ခံရသည့် ကြေကွဲဖွယ်ဖြစ်စဥ် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် လစဥ်၄ရက်နေ့တိုင်းကိုယာယီကျောင်းပိတ်ရက်အဖြစ်သတ်မှတ်"လိုက်ကြောင်း နိုဝင်ဘာလအတွင်း "စစ်ကိုင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့" မှတရားဝင်အသိပေးကြေညာပါတယ်။

"စစ်ကိုင်းမြို့နယ် ပညာရေးဘုတ်အဖွဲ့" မှ ကနီမြို့နယ် ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဦးဝင်းဌေးနှင့် မိသားစုအား လူမဆန်စွာ မတရား သတ်ဖြတ်ခံရသည့် ကြေကွဲဖွယ်ဖြစ်စဥ် အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေဖြင့် ယာယီကျောင်းပိတ်ရက်အဖြစ် သတ်မှတ်လိုက်တယ်"လို့ဖော်ပြပါတယ်။နိုဝင်ဘာလ()ရက်နေ့ည တပုန်းကျေးရွာတွင် ကနီမြို့နယ် ပညာရေး ဘုတ်အဖွဲ့တာဝန်ခံ ဦးဝင်းဌေးနှင့်ဇနီးအပါအဝင်သုံးလအရွယ်ကလေးငယ်ပါ မိသားစုလိုက် မတရား ရက်စက်စွာ သတ်ဖြတ် ခံခဲ့ရပါတယ်။

လတ်တလောမှာ ကနီမြို့နယ်အတွင်း နေထိုင်ကြသော မိဘပြည်သူများနှင့် ခရီးသွားလာသော  ပြည်သူများအားလုံး (၁၀ နာရီ)မှ နံနက်()နာရီ အတွင်း မိမိနေထိုင်ရာ နေအိမ်မှ  အပြင်လုံးဝမထွက်ဖို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ကနီမြို့နယ်ကအမိန့်ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ရေစကြိုမြို့နယ် အမှတ်()၅၀၀ပြည့်ရပ်ကွက်တွင် သန်းခေါင်စားရင်းကောက်ယူရန်ပြုလုပ်နေသောစကစတပ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အနီးကပ်သွားရောက်ချုံခိုတိုက်ခိုက်ခဲ့


နိုဝင်ဘာ၁၁ရက်


ရေစကြိုမြို့နယ် အမှတ်()၅၀၀ပြည့်ရပ်ကွက်တွင် သန်းခေါင်စားရင်းကောက်ယူရန်ပြုလုပ်နေသောစကစတပ်များကို ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အနီးကပ်သွားရောက်ချုံခိုတိုက်ခိုက်ခဲ့တယ်လို့

နိုဝင်ဘာ၁၁ရက်မှာ ရေစကြိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကအသိပေးဆိုပါတယ်။"၂၀၂၄ခုနှစ်နိုဝင်ဘာလ(၁၀)ရက် နေ့လည်၁၁နာရီအချိန်ခန့်တွင် ရေစကြိုမြို့နယ် အမှတ်()၅၀၀ပြည့်ရပ်ကွက်တွင် သန်းခေါင်စားရင်းကောက်ယူရန်ပြုလုပ်နေသော အင်အား၅၀ခန့် စကစများအား ပြည်သူ့ကာကွယ်ရေးရဲဘော်များမှ အနီးကပ်သွားရောက်ချုံခိုတိုက်ခိုက်ခဲ့ပါတယ်။ ၁၅မိနှစ်ခန့် နှစ်ဖက်အပြန်လှန်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။တိုက်ခိုက်မှုအတွင်းစကစဘက်မှ ၁ဦးမှာဗိုက်ပွင့်ထွက်ဒဏ်ရာဖြင့်သေဆုံးပြီး ၅ဦးမှာထိမှန်ဒဏ်ရာရရှိသွားကြောင်းသိရှိရပါတယ်။

စကစဘက်က လက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးရဲဘော်များအနေဖြင့် အထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


🚩🚩 ၄။ SOF တပ်ဖွဲ့မှထောက်ပို့ထီ စတင်ရောင်းချနေ၍မည်သူမဆိုဝယ်ယူအားပေးနိုင်


နိုဝင်ဘာ၁၁ရက်


SOF တပ်ဖွဲ့မှထောက်ပို့ထီ စတင်ရောင်းချနေ၍ မည်သူမဆိုဝယ်ယူအားပေးနိုင်တယ်လို့ နိုဝင်ဘာ၁၁ရက်မှာ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.Fတပ်ဖွဲ့က အသိပေးဆိုထားပါတယ်။

"SOF မှာ ထောက်ပို့ထီ အားပေးနိုင်ပါပြီ။SOF တပ်ဖွဲ့မှ ဒီလ (၁၁) ကြိမ်မြောက်ကနေစပြီး ထောက်ပို့ထီ စတင်ရောင်းချနေပါပြီ။လက်မှတ် တစောင်ကို မြန်မာကျပ်ငွေ (၂၀၀၀) ပဲရှိပါတယ်။တော်လှန် မိဘပြည်သူများ ထီကံစမ်းရင်း ထောက်ပို့ကူညီနိုင်ပါပြီ။ထောက်ပို့ထီ ရငွေများကို တပ်ဖွဲ့စရိတ်နဲ့ ရဲဘော်တွေစရိတ်အတွက်ပဲ အကျိုးရှိရှိ အသုံးပြုသွားမှာပါ"လို့ဆိုပါတယ်။အသေးစိတ်သိလိုပါက SOF - Page messenger တွေကတစ်ဆင့် ဆက်သွယ်စုံစမ်းနိုင်ပြီး SOFကတရားဝင်ဖော်ပြထားသည့်page linkတွေကနေတဆင့်လက်မှတ်တွေလည်း တပါတည်းအားပေးသွားလို့ရတယ်လို့ဆိုပါတယ်။


========================


🚩🚩 ၅။ ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများဝမ်းပျက် ဝမ်းလျောရောဂါများဖြစ်ပွားနေပြီး စစ်ကြောင်းဖြင့်ရောဂါဖြစ်ပွားသူများကို ရေလမ်းခရီးကတဆင့်ခေါ်ယူ


နိုဝင်ဘာ၁၁ရက်


စစ်ကိုင်းတိုင်း၊မြောင်နယ် ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများဝမ်းပျက် ဝမ်းလျောရောဂါများဖြစ်ပွားနေပြီး စစ်ကြောင်းဖြင့်ရောဂါဖြစ်ပွားသူများကို ရေလမ်းခရီးကတဆင့်ခေါ်ယူနေတယ်လို့သိရပါတယ်။

နိုဝင်ဘာလအတွင်းစကစတပ်ရဲ့လှုပ်ရှားမှုကို ကိုနွေဦးမြောင်၊ မြောင်PDFကအသိပေးဆိုထားပါတယ်။"မြောင်နယ် ကျောက်ရစ် ရဲစခန်းမှ ဝမ်းပျက် ဝမ်းလျောရောဂါကြောင့် ဗိုလ်မှုးတစ်ဦးသေဆုံးကာ ရောဂါရသူများ ရေစကြိုဘက်သို့ ပို့ပေးလိုက်ကြောင်းသိရပါတယ်။မြောင်နယ် ကျောက်ရစ်စခန်းမှ စစ်ကောင်စီတပ်သားများဟာ ချင်းတွင်းမြစ်ကမ်းနဘေးသို့ စစ်ကြောင်းဖြင့် ဝမ်းပျက် ဝမ်းလျောရောဂါရှိသူများအား ခေါ်ဆောင်ကာ ရေစကြိုဘက်မှ မြစ်ကြောင်းအတိုင်းစက်လှေဖြင့်လာခေါ်သော စစ်ကောင်စီများနှင့် အင်အားတိုးလူချိန်းကာ ပို့ဆောင်လိုက်ကြောင်းသိရပါတယ်"လို့ဆိုပါတယ်။

လက်ရှိမှာအကြမ်းဖက်စစ်တပ်ရဲ့တပ်ဖွဲ့ဝင်များဟာ စစ်တိုက်လိုစိတ်မရှိတော့ဘဲ နေရာဒေသအသီးသီးမှာလက်နက်ချအညံ့လျက်ရှိကြပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် မင်းသီဟန်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment