16th NOV 2024 - Evening Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၁၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ရန်ကုန်နဲ့ မန္တလေးအပါအဝင် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ ပံ့သကူအလှူနဲ့အတူတော်လှန်သတင်းစကားဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေပြုလုပ် 

📌၂။မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှု လေတပ်အရာရှိ ဦး အပါအဝင် ဦးကို စစ်ကောင်စီက အရေးယူ

📌 ၃။တန်ဆောင်တိုင်ညက မီးပုံးပျံပြုတ်ကျပြီး ညောင်ရွှေမြို့က Inle Princess Resort ဟိုတယ် မီးလောင်ပျက်စီး


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁩ ပခုက္ကူ အရှေ့ချောက်ကန်ရွာက စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ရာ စစ်သား ဦး သေဆုံး

🚩 ၂။ ဖြူးမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးကာ တဦး ပြင်းထန် ဒဏ်ရာရ

🚩 ၃။စစ်ကိုင်းမြို့နယ် တအိမ်တည်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်မှုမှာ ဒေသခံတဦး ထပ်မံသေဆုံး

🚩 ၄။ လောင်းလုံးမြို့နယ်မှာရှိတဲ့ စစ်တပ် အခြေချစခန်းတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ ရန်ကုန်နဲ့ မန္တလေးအပါအဝင် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာ ပံ့သကူအလှူနဲ့အတူတော်လှန်သတင်းစကားဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေပြုလုပ် 


နိုဝင်ဘာလ ၁၆ရက်။

တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တဲ့ မနေ့ နိဝင်ဘာ ၁၅ ရက်ရက်ညက ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေ ဖြန့်ဝေတဲ့လှုပ်ရှားမှုကို ရန်ကုန်နဲ့ မန္တလေးအပါအဝင် စစ်ကောင်စီထိန်းချုပ်ရာ မြို့တွေမှာ လှုပ်ရှားဖြန့်ဝေခဲ့တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစုက ထုတ်ပြန်ပါတယ်။ 

လူထုသပိတ်ခေါင်း‌ဆောင်တွေဖြစ်တဲ့ ကိုတေဇာစန်းနဲ့ ကိုနန်းလင်းတို့က ပြည်သူလူထုထံပေးပို့တဲ့ သတင်းစကားတွေကို ပံ့သကူအလှူနဲ့အတူ ပူးတွဲ‌ဖြန့်ဝေခဲ့တာလို့ ဆိုပါတယ်။

လူထုသပိတ်ခေါင်း‌ဆောင်တဦးဖြစ်တဲ့ ကိုတေဇာစန်းက တန်ဆောင်မုန်းလပြည့်နေ့အခါသမယမှာ မန္တလေး၊ ရန်ကုန်၊ မုံရွာ၊ မကွေးအပါအ၀င် မြို့အသီးသီးမှာရှိတဲ့ လူထုသပိတ်အင်အားစုတွေက ပြည်သူလူထုနဲ့ပေါင်းပြီး ပံ့သကူအလှူနဲ့အတူ တော်လှန်ရေးသတင်းစကားတွေကို ဖြန့်ဝေခဲ့ကြပါတယ်လို့ ပြောပါတယ်။

 အစစအရာရာ ခက်ခဲကြပ်တည်းနေတဲ့ ခေတ်ဆိုးစနစ်ဆိုးကြီးကို ခင်ဗျားတို့ ကျနော်တို့ လက်တွေနဲ့ပဲ အပြီးတိုင် ဖြိုဖျက်ကြ မယ်။ဘူးသပိတ် ဆင်နွှဲပြီး ဖက်ဆစ်တပ်ကို ဖြိုလှဲကြမယ်လို့ ကိုတေဇာစန်းက ဆိုပါတယ်။ 

ရန်ကုန်မြို့တော်မှာဆိုရင် စမ်းချောင်း၊အလုံကြည့်မြင်တိုင်၊ တာမွေ၊ သဃ်န်းကျွန်းမြို့နယ်တွေအပါအ၀င် မြို့နယ် ၁၀ မြို့နယ် ကျော်နဲ့ မန္တလေးမြို့တို့မှာ အရေအတွက်သောင်းနဲ့ချီပြီး တော်လှန်သတင်းစကားဖြန့်ဝေတဲ့ ပံ့သကူပစ် လှုပ်ရှားမှုတွေ လုပ်ခဲ့ တယ်လို့ သိရပါတယ်။


========================


📌📌၂။မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှု လေတပ်အရာရှိ ဦး အပါအဝင် ဦးကို စစ်ကောင်စီက အရေးယူ


နိုဝင်ဘာလ ၁၆ရက်။

မန္တလေးတိုင်း မိထ္တီလာလေတပ်စခန်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ လေတပ်အရာရှိ ဦး အပါအဝင် ဦးကို စစ်ကောင်စီ က အရေးယူထားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်ရဲ့အဆိုကို ကိုးကားပြီး Meiktila Revolution Force က ထုတ်ပြန် ပါတယ်။

၁၁၁၁ ရွှေလင်းယုန် ဒရုန်းစစ်ဆင်ရေး ပစ်မှတ်ဖြစ်တဲ့ မိတ္ထီလာ ရှမ်းတဲလေတပ်စခန်း၊ တပ်မ ၉၉ ဌာနချုပ်တို့ကို တော်လှန် ရေးအဖွဲ့တွေက နိုဝင်ဘာ ၁၁ ရက်နေ့ မနက် နာရီအချိန်မှာ တိုက်ခိုက်ခဲ့ရာမှာ အထိနာသွားတာကြောင့် လေကြောင်းရန် ကာကွယ်ရေးစနစ်ပေါ့လျော့မှုနဲ့ အရေးယူဖို့ လေကြောင်းရန်ကာကွယ်ရေး အရာရှိ ဦး၊ အခြားအဆင့် ဦးကို တိုက်ခိုက် ခံရတဲ့ညနေမှာပဲ နေပြည်တော်ကို ရဟတ်ယာဉ်နဲ့ လာခေါ်သွားတယ်လို့ ဆိုပါတယ်။

မိတ္ထီလာ ရှမ်းတဲလေတပ်စခန်းနဲ့ တပ်မ ၉၉ ဌာနချုပ်တို့ကို ဒရုန်း ၂၄ စင်းနဲ့ တိုက်ခိုက်ခဲ့ရာမှာ စစ်သုံးလေယာဉ်တွေဖြစ်တဲ့ Y12 စင်း အသေးစားပျက်စီခဲ့ပြီး လေကျင့်ရေးလေယာသ် စင်းနဲ့ တိုက်ခိုက်ရေးလေယာဉ် တစင်း ပျက်စီးသွားတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေရဲ့ အတည်ပြုချက်ရတယ်လို့ မိတ္ထီလာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပကဖ တာဝန်ခံ က သတင်းမီဒီယာအချို့ကို အသိပေးထားပါတယ်။

ဒါ့အပြင် ဒီတိုက်ခိုက်မှုမှာ ထုတ်လုပ်ရေး အဆောက်အအုံ လုံး ၊အရာရှိ ဦးနဲ့ စစ်သည် ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ သိရပါတယ်။

မိတ္ထီလာ ပကဖ နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ မကြာသောကာလမှာ မိတ္ထီလာမှာရှိတဲ့ စစ်ရေးပစ်မှတ်တွေကို ထိရောက်တဲ့တိုက်ခိုက်မှုတွေ ထပ်မံအကောင်အထည်ဖော်သွားမယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။


========================


📌📌 ၃။တန်ဆောင်တိုင်ညက မီးပုံးပျံပြုတ်ကျပြီး ညောင်ရွှေမြို့က Inle Princess Resort ဟိုတယ် မီးလောင်ပျက်စီး


နိုဝင်ဘာလ ၁၆ရက်။

တန်ဆောင်တိုင်လပြည့်ညဖြစ်တဲ့ မနေ့ညက ညောင်ရွှေမြိုနယ် အင်းလေးမှာရှိတဲ့ Inle Princess Resort ဟိုတယ် အဆောက်အအုံပေါ် မီးပုံးပျံပျက်ကျပြီး မီးလောင်မှုဖြစ်တာကြောင့် ပျက်စီးဆုံးရှုံးမှုများစွာဖြစ်ခဲ့တယ်လို့ ဒေသတွင်း သတင်းတွေကဆိုပါတယ်။

တန်ဆောင်တိုင်လပြည့်ညမှာလွှတ်တင်တဲ့ မီးပုံးပျံပြုတ်ကျတာကြောင့် အင်းလေးကန်အရှေ့ဘက်ခြမ်းမှာရှိတဲ့ Inle Princess Resort ဟိုတယ်ဟာ မနေ့ နိုဝင်ဘာ ၁၅ ရက် နာရီဝန်းကျင်မှာ မီးစတင်လောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။

မီးလောင်ကျွမ်းမှုကြောင့် ဟိုတယ်တခုလုံးနီးပါး မီးလောင်ပြာကျသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေနဲ့ ဧည့်လမ်း ညွှန်တွေက ပြောပါတယ်။ 

Inle Princess Resort Hotel ဟာ အင်းလေးကန် အရှေ့ဖက်ကမ်းမှာရှိပြီး သစ်သားတွေနဲ့ အဓိက တည်ဆောက်ထားတာ ဖြစ်တဲ့အတွက် ဟိုတယ်ပင်မဆောင်တခုလုံး မီးလောင်ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။

Inle Princess Resort ဟိုတယ်ဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရလက်ထက်က ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဖြစ်ခဲ့သူ ဦးအုန်းမောင်နဲ့ သမီးဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်တဲ့ဟိုတယ်လို့လည်း သတင်းတွေ ထွက်နေ ပါတယ်။

ဟိုတယ်ပိုင်ရှင် ဦးအုန်းမောင်ဟာ ညောင်ရွှေမြို့နယ် NLD ဥက္ကဋ္ဌဖြစ်ပြီး ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာအနိုင်ရကာ ညောင်ရွှေမြို့နယ် လွှတ်တော်အမတ်ဖြစ်ခဲ့ပြီး ၁၉၉၁ ခုနှစ်မှာ စစ်ခုံရုံးက ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ပေမယ့် ၁၉၉၂ ခုနှစ်မှာ လွတ်မြောက်လာခဲ့ပြီး ၂၀၁၂ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်လည်ဝင်ရောက်ခဲ့ကာ ၂၀၁၅ ရွေးကောက်ပွဲမှာ တော့ ပါတီအောင်နိုင်ရေးအတွက် ပံ့ပိုးခဲ့တယ်လို့ သိရပါတယ်။ 

အဲဒီနောက် ဦးအုန်းမောင်ဟာ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့မှာ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဖြစ်လာခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းယူချိန်မှာ ခေတ္တထိန်းသိမ်းခံခဲ့ရပြီး နောက်ပိုင်းမှာ စစ်ကောင်စီက ပြန်လွှတ် ပေးခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ 

ဒါကြောင့် ခရီးဝန်ကြီး ဦးအုန်းမောင်နဲ့သမီးဖြစ်သူ ဒေါ် ယာဉ်မျိုးစုပိုင်ဆိုင်တဲ့ဟိုတယ် မီးလောင်မှုဟာ သံသယဖြစ်စရာ ကောင်းတဲ့ အခြေအနေလို့ ထောက်ပြပြောဆိုနေသူတွေလည်းရှိနေပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက်ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။⁨⁨⁨⁨⁩ ပခုက္ကူ အရှေ့ချောက်ကန်ရွာက စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေတိုက်ခိုက်ရာ စစ်သား ဦး သေဆုံး


နိုဝင်ဘာလ ၁၆ရက်။

မကွေးတိုင်း ပခုက္ကူမြို့နယ် အရှေ့ချောက်ကန်ရွာမှာတပ်စွဲနေတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေး ပူးပေါင်းတပ်တွေ တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ တိုက်ပွဲမှာပါတဲ့ တော်လှန်ရေးတပ်တွေက ပြောပါ တယ်။   

အရှေ့ချောက်ကန်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် စစ်ဆေးရေးဂိတ်ကို မနေ့ နိုဝင်ဘာ ၁၅ ရက် မနက် ၁၁ နာရီခန့် အချိန်မှာ တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ 

တော်လှန်ရေးတပ်တွေက ၄၀ မမ ဗုံးပစ်လောင်ချာတွေနဲ့ စပြီး ပစ်ခတ်တိုက်ခိုက်ရာက အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး တိုက်ပွဲဟာ ၃၀ မိနစ်ခန့်ကြာသွားတယ်လို့ သိရပါတယ်။ 

တော်လှန်ရေးတပ်တွေပစ်ခတ်လိုက်တဲ့ ၄ဝ မမ ဗုံးသီးတွေ စစ်သားတွေနေထိုင်ရာအဆောက်အအုံကိုထိမှန်တာကြောင့် အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ဒဏ်ရာရသူတွေလည်းရှိတာကြောင့်နောက်ဆက်တွဲအခြေအနေသိရအောင် ဆက်လက်စုံစမ်းနေတယ်လို့ ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုကို PAKOKKU PEOPLE DEFENSE FORCE (PPDF) YOUNG FORCE- UG နဲ့ BURMA REVOLUTION RANGERS တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။


========================


🚩🚩 ၂။ ဖြူးမြို့နယ်မှာ တိုက်ပွဲမဖြစ်ဘဲ စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားတဦးသေဆုံးကာ တဦး ပြင်းထန် ဒဏ်ရာရ


နိုဝင်ဘာလ ၁၆ရက်။

ပဲခူးတိုင်း ဖြူးမြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်ကောင်စီတပ်က ဒရုန်းနဲ့ဗုံးကြဲ တိုက်ခိုက် တာကြောင့် အရပ်သားပြည်သူ တဦးသေဆုံးပြီး တဦး ပြင်းထန် ဒဏ်ရာရသွားတယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲက ပြောပါတယ်။ဖြူးမြို့နယ်က မြက်နီကွင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီက နိုဝင်ဘာ ၁၂ ရက် မနက် နာရီ ၄၅ အချိန်မှာ ဒရုန်းနဲ့ ဗုံးသီး လုံး ကြဲချတိုက်ခိုက်တာကြောင့် အပြစ်မဲ့အရပ်သားတဦး သေဆုံးခဲ့ရပြီး တဦး ပြင်းထန်စွာဒစ်ရာရသွားတာလို့ ဆိုပါတယ်။

ထို့အတူ ဖြူးမြို့နယ်ထဲက စိုက်တန်းခင်ကျေးရွာကိုလည်း နိုဝင်ဘာ ၁၁ ရက် နာရီခန့်အချိန်မှာ အကြမ်းဖက်စစ်တပ် ခလရ-၄၃၉ က တိုက်ပွဲဖြစ်တာမရှိဘဲဒရုန်းနဲ့ ကြိမ်ခန့် ဗုံးသီးချတိုက်ခိုက်တဲ့အတွက် အရပ်သားပြည်သူနေအိမ်တွေ ထိခိုက်ပျက်စီးခဲ့ရတယ်လို့ အသိပေးထားပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေးအရရှုံးနိမ့်ပြီး နယ်မြေစိုးမိုးနိုင်စွမ်းမရှိတော့တဲ့အတွက် အရပ်သားပြည်သူတွေ နေထိုင်ရာ ကျေးရွာတွေကို ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ မကြာခဏလုပ်ဆောင်လေ့ရှိတယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် စစ်ဒေသခွဲက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။စစ်ကိုင်းမြို့နယ် တအိမ်တည်းကျေးရွာကို လက်နက်ကြီးနဲ့ပစ်ခတ်မှုမှာ ဒေသခံတဦး ထပ်မံသေဆုံး


နိုဝင်ဘာလ ၁၆ရက်။

စစ်ကိုင်းမြို့မှာရှိတဲ့ အမှတ်-၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တအိမ်တည်းကျေးရွာ က အရပ်သားတဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

နိုဝင်ဘာ ၁၃ ရက် ညနေ နာရီခန့်က စစ်ကိုင်းမြို့မှာရှိတဲ့ အမှတ်-၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲက တိုက်ပွဲဖြစ်တာမရှိဘဲ တပ်ဖွဲ့ခွဲ နဲ့ မိုင်ခန့်အကွာမှာရှိတဲ့ တအိမ်တည်းကျေးရွာကို လက်နက်ကြီးနဲ့ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် ၁၄ နှစ်အရွယ် ကလေးတဦး အခင်းဖြစ်နေ့ကသေဆုံးခဲ့ပြီး ၁၈ နှစ်နဲ့ ၁၄ နှစ်အရွယ် ကလေး ဦး အသက် ၅၀ နဲ ၆၅ နှစ်အရွယ် အမျိုးသမီး ၂ဦး စုစုပေါင်း ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ထိခိုက်ဒဏ်ရာရသူတွေကတဦးဟာ နောက်တရက်မှာပဲ ထပ်မံသေဆုံးသွားတဲ့အတွက် သေဆုံးသူ ဦးရှိလာတယ်လို့ သိရပါတယ်။

စစ်ကိုင်းမြို့နယ် မုံရွာ-မန္တလေးလမ်းဘေးမှာရှိတဲ့ အမှတ် - ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို တော်လှန်ရေးအင်အားစုတွေက  နိုဝင်ဘာ ၁၂ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခံရတာရှိပါတယ်။

အခုလို တိုက်ခိုက်ခံရတာဟာ တအိမ်တည်းကျေးရွာဘက်က ပစ်ခတ်တာလို့ စစ်တပ်ထောက်ခံသူတွေက သူတို့ရဲ့ ချန်နယ် တွေကတဆင့် ရေးသားဖော်ပြခဲ့တာကြောင့် နောက်တရက်မှာပဲ အမှတ် - ၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တာလို့ သိရပါတယ်။ 

အမှတ် -၁၆ လုံခြုံရေးရဲတပ်ဖွဲ့ခွဲကို တိုက်ခိုက်တာနဲ့ပတ်သက်လို့ ဒေသတွင်းတော်လှန်ရေးအဖွဲ့တွေဘက်က နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။


========================


🚩🚩 ၄။ လောင်းလုံးမြို့နယ်မှာရှိတဲ့ စစ်တပ် အခြေချစခန်းတွေကို ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်


နိုဝင်ဘာလ ၁၆ရက်။

တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ထဲက စစ်တပ်အခြေချစခန်းတွေဖြစ်တဲ့ မိုက်ခရိုဝေ့တာဝါတိုင်နဲ့စီမံကိန်းရုံးကို ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့ နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။ 

ကျောက်နီမော်ကျေးရွာအောက်ပိုင်းမှာရှိတဲ့ အောက်ကျောက်ဝပ်၊ ညောပြင်ကျေးရွာတွေဘက်ကို အင်အား ၃၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က နိုဝင်ဘာ ရက်ကနေ ၁၁ ရက်နေ့အထိ တိုက်ခိုက်ခဲ့တာကို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

နိုဝင်ဘာ ရက်နေ့မှာ မိုက်ခရိုဝိတ်တာဝါတိုင်စခန်းကို တိုက်ခိုက်ခဲ့ပြီး  နိုဝင်ဘာ ၁၁ ရက်နေ့မှာတော့ စစ်ကြောင်းထိုးရာက ပြန်ရောက်လာပြီး အနားယူနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ စခန်းချရာ စီမံကိန်းရုံကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခဲ့တာလို့ အသိပေး ထားပါတယ်။

ဒါဟာ ကျောက်နီမော်ကျေးရွာမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီအခြေချစခန်းတွေကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ တွေက ဒရုန်းနဲ့ဗုံးသီးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီဒရုန်းစစ်ဆင်ရေးတွေမှာ ရန်သူ့ဖက်က ထိခိုက်မှုတွေရှိပေမယ့် အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

တိုက်ခိုက်မှုတွေကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပကဖ၊ ထားဝယ်ခရိုင် ဒရုန်းစစ်ဆင်ရေးအဖွဲ့၊ဖယ်ဒရယ် ဓူဝံပြောက်ကျားတပ်ဖွဲ့ YPPDF နဲ့ နွေဦးပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာပဲဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment