3rd NOV 2024 - Evening Daily News by Radio NUG

 

၂၀၂၄ နိုဝင်ဘာလ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။စိုးမိုးထိန်းချုပ်နယ်မြေဒေသတွေမှာ သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သုံးနေတဲ့နည်းလမ်းတွေဟာ အလုပ်မဖြစ်ဘူးလို့ CNF ဒုဥက္ကဋ္ဌပြော


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨⁨⁨⁨⁨⁨ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဦးသေဆုံးကာ ဦး ဒဏ်ရာရ

🚩 ၂။ မောင်တော စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ဦးသေဆုံး 

🚩 ၃။ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက ရဟန်းတပါးနဲ့အရပ် ဦးကို သတ်ဖြတ်

🚩 ၄။⁨⁨ တရုတ်-မြန်မာနယ်စပ် ဖီမော်မြို့ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် 

🚩 ၅။ ရေတာရှည်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ဦး ပြင်းထန် ဒဏ်ရာရ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။စိုးမိုးထိန်းချုပ်နယ်မြေဒေသတွေမှာ သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


နိုဝင်ဘာ၂ရက်


စိုးမိုးထိန်းချုပ်နယ်မြေဒေသတွေမှာ သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောကြားပါတယ်။

နိုဝင်ဘာ၁ရက်ကျင်းပတဲ့ ပြည်ထောင်စုအဆင့် သယံဇာတစီမံ အုပ်ချုပ်မှုအဖွဲ့၏ (/၂၀၂၄) အစည်းအဝေးမှာ ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကပြောပါတယ်။

"သယံဇာတစီမံခန့်ခွဲခြင်းသည် အင်မတန်အရေးကြီးသည့်လုပ်ငန်းဖြစ်သည့်အတွက် သတိကြီးစွာဖြင့် ဆောင်ရွက်ကြရန်လည်း အထူးလိုအပ်ကြောင်း၊ အစိုးရတစ်ရပ်အနေနဲ့ မိမိတို့ချမှတ် ကျင့်သုံးဆောင်ရွက်နေတဲ့ မူဝါဒများရဲ့ ထိရောက်မှု၊ အားနည်းချက်တို့ကို အခါအားလျော်စွာ လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲသင့်တာတွေကို သတ္တိရှိရှိ ပြုပြင်ပြောင်းလဲ ကြရမှာဖြစ်ကြောင်း၊  တော်လှန်ရေး အစိုးရတစ်ရပ်အဖြစ် လေးနှစ်နီးပါးကာလ ကြာတယ်လို့ထင်ရပေမယ့်လည်း အချိန်နဲ့အမျှ တော်လှန်ရေးရဲ့ အရွေ့နဲ့ တိုးတက်ပြောင်းလဲမှုတွေကတော့ အင်မတန် မြန်ဆန်နေတာဖြစ်ပြီး အရှေ့မှာ ကြုံတွေ့ခဲ့ကြရတဲ့ ဖြစ်စဉ်တွေနဲ့ စိန်ခေါ်မှုတွေအပေါ် သုံးသပ်ပြီး စီမံခန့်ခွဲမှု လွဲမှားမှုတွေ ရှိခဲ့ပါက မြန်မြန်ဆန်ဆန် ပြင်ဆင်ပြောင်းလဲကြဖို့ ဖြစ်ပါကြောင်း၊  ဒါမှသာ မိမိတို့ စိုးမိုးထိန်းချုပ်နယ်မြေဒေသတွေရဲ့ အုပ်ချုပ်ရေးနဲ့ လူမှုစီးပွား တိုးတက်မှု မြန်ဆန်ပြီး သယံဇာတများ လေလွင့်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင်၊ ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်အောင် အတတ်နိုင်ဆုံး ကြိုးစားကြရမှာဖြစ်ကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။

အစည်းအဝေးသို့ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနတို့မှ ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယ ပြည်ထောင်စုဝန်ကြီးနှင့် အတွင်းဝန်များ၊ ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးမှ အတွင်းဝန်နှင့် ပြည်ထောင်စုအဆင့် သယံဇာတစီမံအုပ်ချုပ်မှုအဖွဲ့၏ အတွင်းရေးမှူးရုံးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ မြန်မာ့နိုင်ငံရေးပြဿနာဖြေရှင်းဖို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်သုံးနေတဲ့နည်းလမ်းတွေဟာ အလုပ်မဖြစ်ဘူးလို့ CNF ဒုဥက္ကဋ္ဌပြော


နိုဝင်ဘာလ ၃ရက်။

လက်ရှိကြုံနေရတဲ့ အကြပ်အတည်းတွေနဲ့ မြန်မာ့နိုင်ငံရေးပြသနာကိုဖြေရှင်းဖို့  စစ်ခေါင်းဆောင်မင်းအောင်လှိုင် လုပ်ဆောင် နေတဲ့ နည်းလမ်းတွေဟာ အလုပ်မဖြစ်ဘူးလို့ ချင်းအမျိုးသားတပ်ဦး-CNF ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါရ်းက ပြောကြားလိုက်ပါ တယ်။

ချင်းအမျိုးသားတပ်ဦး CNF ဒုဥက္ကဋ္ဌ- ဒေါက်တာရွှေခါးရ်က နိုဝင်ဘာ ရက်နေ့မှာ ပြည်သူလူထုကိုပြောကြားလိုက်တာ ဖြစ်ပြီး ဒီပန်ကြားချက်ကို Chinland Information Center က ဖော်ပြခဲ့ပါတယ်။


စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ရွေးကောက်ပွဲကျင်းပရေး၊ တော်လှန်ရေးတပ်များ လက်နက်စွန့်ခိုင်းပြီး နိုင်ငံရေးဆွေးနွေး ဖို့ စတဲ့ ဖိတ်ခေါ်ချက်တွေအပေါ် ချင်းအမျိုးသားတပ်ဦး-CNF ဒုဥက္ကဋ္ဌ ဒေါက်တာရွှေခါရ်းက ရည်ညွှန်းပြောဆိုတာလည်း ဖြစ်ပါတယ်။  

မင်းအောင်လှိုင်ဟာ အကြပ်အတည်းမျိုးစုံကို ကျော်လွှားနိုင်ဖို့ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ သန်းခေါင်စာရင်းကောက်ယူနိုင် ရေး ကြိုးပမ်းနေပေမယ့် တိကျပြည့်စုံတဲ့ သန်းခေါင်စာရင်း ကောက်ယူနိုင်မှာမဟုတ်တဲ့အတွက် မင်းအောင်လှိုင်ကျင်းပမယ့် ရွေးကောက်ပွဲကိုလည်း အသိအမှတ်ပြုမှာမဟုတ်ဘူးလို့ နိုင်ငံအချို့က အခုကတည်းက ထုတ်ဖော်ပြောဆိုနေကြပြီလို့ ဆိုပါတယ်။

ဒါကြောင့် ဒီနေ့ ကြုံတွေ့နေရတဲ့ မြန်မာ့နိုင်ငံရေးပြဿနာဟာ ရွေးကောက်ပွဲကျင်းပခြင်းနဲ့ ဖြေရှင်းနိုင်မှာမဟုတ်တဲ့အပြင် ရွေးကောက်ပွဲကြောင့် ပြဿနာတွေ ပိုမိုကြီးထွားလာစေမှာဖြစ်ပါတယ်လို့ ဒေါက်တာရွှေခါရ်းက မှတ်ချက်ပြုထားပါတယ်။

မင်းအောင်လှိုင် လက်ရှိကြုံနေရတဲ့ပြဿနာကို ဖြေရှင်းနိုင်ဖို့ အတိုက်အခံ အင်အားစုတွေ အထူးသဖြင့် လက်နက်ကိုင် အင်အားစုတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းတာဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမူဘောင်အောက်ကပဲ ဆွေးနွေးဖို့ ကမ်းလှမ်းချက်သာဖြစ်ပါတယ်လို့လည်း ဆက်လက်ပြောဆိုထားပါတယ်။

အဲဒါကြောင့် ချင်းအမျိုးသားတပ်ဦးအပါအဝင် NUG K3C နဲ့ အခြား အတိုက်အခံ အင်အားစုတွေဘက်က လက်မခံဘူး ဆိုတဲ့ ခိုင်မာတဲ့ ရပ်တည်ချက်ရှိပါတယ်လို့ ပြည်သူလူထုကို အသိပေးထားပါတယ်။  

K3C ဆိုတာ ကရင်အမျိုးသားအစည်းအရုံး-KNU ကချင်လွတ်လပ်ရေးအဖွဲ့-KIO ကရင်နီအမျိုးသားတိုးတက်ရေးပါတီ -KNPP ချင်းအမျိုးသားတပ်ဦး-CNF စတဲ့ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့အင်အားစုကို ဆိုလိုတာဖြစ်ပါ တယ်။

တော်လှန်ရေးအင်အားစုများရဲ့ ဘုံရပ်တည်ချက်ဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အကြမ်းဖက်မှု  ချုပ်ငြိမ်း စေရန်၊ ၂၀၀၈ ဖွဲ့စည်းပုံကို ပယ်ဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်ထူထောင်နိုင်ရေး ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ရေးဆွဲရန်၊ စစ်တပ်က နိုင်ငံရေးမှာ လုံး၀ ပါဝင်ပတ်သက်မှုမရှိဘဲ ပြည်သူ့အုပ်ချုပ်ရေးအောက်မှာ လုံးလုံးလျားလျားထားရှိရန်၊ အသွင် ကူးပြောင်းရေး တရားမျှတမှုကို ဖော်ဆောင်ရန်၊ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ တတိယအင်အားစုရှေ့မှောက်၌ ပြုလုပ်ရန်တို့ဖြစ်တယ်လို့ ဒေါက်တာရွှေခါရ်းက ရှင်းပြထားပါတယ်။

ဒီရည်မှန်းချက်ပန်းတိုင်ရောက်ရှိရေး ဆက်လက်တော်လှန်တိုက်ပွဲဝင်ရမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ လူအင်အား ဓနအင်အား စတဲ့ တက်နိုင်တဲ့ဘက်က ပါဝင်ကြဖို ဒေါက်တာရွှေခါရ်းက နှိုးဆော်ထားပါတယ်။

တော်လှန်ရေးအင်အားစုများရဲ့ ဘုံရပ်တည်ချက်ကို အခုနှစ် ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်ထားခဲ့ပြီး ဒါနဲ့ပတ်သက်လို့ တိုးတက်မှု၊ ဖော်ဆောင်နိုင်မှု အခြေအနေတွေကို NUG KNU KNPP CNF တို့က နိုဝင်ဘာ ရက်နေ့မှာ သတင်းစာရှင်း ပွဲလုပ်ကာ ပြည်သူလူထုကို အသိပေးဖို့ရှိတယ်လို့ သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================



🚩🚩 ၁။⁨⁨⁨⁨⁨⁨⁨⁨ နောင်ချိုမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဦးသေဆုံးကာ ဦး ဒဏ်ရာရ


နိုဝင်ဘာလ ၃ရက်။

တအာင်းပြည် တပ်မဟာ- စစ်ဒေသ နောင်ချိုမြို့နယ်၊ ဆမ္မဆယ်ကျေးရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနဲ့ ဗုံး လုံး ကြဲချတိုက်ခိုက်တာကြောင့် ဒေသခံပြည်သူ ဦးသေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာလ ရက်နေ့ မနက် နာရီ ၁၃ မိနစ်၊ နာရီ ၁၆ မိနစ်နဲ့ နာရီ ၂၄ မိနစ်တို့မှာ စစ်ကောင်စီတပ်က နောင်ချိုမြို့နယ် ဆမ္မဆယ်ကျေးရွာနဲ့ သကြားစက်ရုံတို့ကို ဂျက်ဖိုက်တာနဲ့ ဗုံး လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အခုလို စစ်ကောင်စီဘက်က အရပ်သားပြည်သူတွေကို ဦးတည်ပြီး ဗုံးကြဲချတိုက်ခိုက်တာကြောင့် ကလေးမွေးဖွားပြီး ၃ရက် သာရှိသေးတဲ့ မီးနေသည်ကလေးမိခင်တဦး၊ အသက် ၇၀ အရွယ် အဖိုးအို တဦးနဲ့ အသက် ၅၀ ဝန်းကျင် အမျိုးသားတဦး သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ရဟန်း ပါးနဲ့ ဒေသခံပြည်သူ ဦး ဒဏ်ရာရသွားသလို သကြားစက်ရုံနဲ့ အိမ်တွေလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်နေ့ကလည်း စစ်ကောင်စီဘက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် နောင်ချိုမြို့နယ် သပြေရပ်ကွက်က အသက် ၆၀ အရွယ် အမျိုးသားတဦးသေဆုံးခဲ့ရပြီး အသက် ၅၀ ဝန်းကျင် အမျိုးသမီးတဦး ဒဏ်ရာရခဲ့ ကာ နေအိမ် လုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


========================


⁨⁨🚩🚩 ၂။ မောင်တော စစ်ဘေးရှောင်ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု စစ်ရှောင် ဦးသေဆုံး 


နိုဝင်ဘာလ ၃ရက်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းက စစ်ဘေးရှောင်တွေခိုလှုံရာ ဘုန်းကြီးကျောင်းကို စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ်ရှောင် ဦးသေဆုံးကာ ဦးဒဏ်ရာရသွားတယ်လို့ ဒေသတွင်း သတင်းတွေအရ သိရပါတယ်။

မောင်တောမြို့နယ် ပြားသားကျေးရွာ ဘုန်းကြီး‌ကျောင်းကို မနေ့ နိုဝင်ဘာ ရက် နာရီ ၁၃ မိနစ်နဲ့ နာရီခွဲတို့မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းဌာနတခုဖြစ်တဲ့ အာရက္ခမင်းသမီး မီဒီယာ က အသိပေးထားပါတယ်။

တိုက်ပွဲတွေကြောင့် ဒေသခံတွေလာရောက်ခိုလှုံရာနေရာကို ရည်ရွယ်ချက်ရှိရှိနဲ့ တည့်တည့်ကြီးကို ပစ်ချသွားတာလို့ မောင်တောမြို့ခံတွေက ပြောပါတယ်။ 

စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူတွေဟာ မောင်တောမြို့ အမှတ် က ဦးနဲ့ အမှတ် ရပ်ကွက် က တဦးဖြစ်ပြီး အသက် ၅၀ ကျော်အရွယ် ဦးရွှေကျော်၊ အသက် ၆၄ နှစ်အရွယ် ဦးမောင်သန်းနဲ့ ဒေါ်မစောရီ၊ အသက် ၁၇ နှစ် အရွယ် မောင်ထွန်းထွန်းဝင်းတို့ဖြစ်ပြီး စစ်ဘေးလာရှောင်တဲ့သူတွေလို့ သိရပါတယ်။

ဒါ့အပြင် မောင်တောမြို့ မြို့မကျောင်းတိုက်က အသက် ၇၂ နှစ်အရွယ် အရှင်တေဇောဘာသနဲ့ မောင်တောမြို့အမှတ် ရပ်ကွက်က အသက် ၄၇ နှစ်အရွယ် ဦးထွန်းထွန်းနိုင်တို့ ဒဏ်ရာရခဲ့တာကြောင့် ဆေးကုသပေးနေတယ်လို့လည်း သိရပါတယ်။  

ရခိုင့်တပ်တော်အနေနဲ့ မောင်တောမြို့သိမ်းတိုက်ပွဲကို ဩဂုတ်လဆန်းပိုင်းကတည်းက စတင်နေတာဖြစ်ပြီး စစ်စခန်းပေါင်း များစွာ သိမ်းပိုက်ထားနိုင်ပြီဖြစ်ပေမယ့် စစ်ကောင်စီဘက်က မြို့မကျရေးအတွက် နယ်ခြားစောင့်ရဲဌာနချုပ် နခခ - ကနေ အပြင်းအထန်ခုခံနေဆဲလို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

စစ်ကောင်စီဟာ မြို့မကျရေး လေကြောင်းကတဆင့် လူအင်အား လက်နက်အင်အားနဲ့ ရိက္ခာများပို့ဆောင်နေပြီး မြို့ပေါ်ရပ် ကွက်တွေကို လေကြောင်းကနေ တိုက်ခိုက်တာတွေ လုပ်ဆောင်နေရာ အောက်တိုဘာ ၂၁ ရက်ကလည်း မောင်တောမြို့နယ် ဖားဝပ်ချောင်းကျေးရွာကို ပေါင် ၅၀၀ ဗုံးကြဲချခဲ့တဲ့အတွက် အရပ်သား ဦးသေဆုံးပြီး ၁၄ ဦး ဒဏ်ရာရခဲ့တယ်လို့ စစ်ရေး သတင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၃။ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုက ရဟန်းတပါးနဲ့အရပ် ဦးကို သတ်ဖြတ်


နိုဝင်ဘာလ ၃ရက်။

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅ဝ ခန့်ပါ စစ်အုပ်စုက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ် ဆောင်လာသူတွေထဲက ရဟန်းတပါးနဲ့အရပ်သားပြည်သူ ဦးကို သတ်ဖြတ်သွားတယ်လို့ ပေါက်-ပကဖ က နိုဝင်ဘာ ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။ 

ပေါက်မြို့နယ် ဒီးဒုတ်ကွင်းရွာက ပြည်သူ့စစ်နဲ့ စစ်သားတွေပါတဲ့ အင်အား ၅ဝ ခန့်ပါစစ်ကြောင်းဟာ အောက်တိုဘာ ၃၁ ရက် မနက် ၁ဝ နာရီအချိန်မှာ သူတို့ဖမ်းဆီးခေါ်ဆောင်လာတဲ့ ရဟန်းတပါးနဲ့ စစ်ရှောင်ပြည်သူတွေကို ရှေ့တန်းတင်ကာ ဒီးဒုတ်ကွင်းရွာတောင်ဘက်ထွက်လာပြီး ရဟန်းတပါးနဲ့ အရပ်သားတွေဖြစ်တဲ့ ဒေါ်သီတာထွေးနဲ့ကိုငချမ်းတို့ကို ရက်ရက်စက်စက် သတ်ဖြတ်သွားခဲ့တာလို့ ဆိုပါတယ်။ 

အသတ်ခံလိုက်ရသူတွေရဲ့အလောင်းတွေကို ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ နယ်မြေရှင်းလင်းရေးလုပ်တဲ့ အချိန်မှာတွေ့ရှိခဲ့တာလို့ သိရပါတယ်။ 

ဖမ်းဆီးခံထားရတဲ့ အရပ်သားတွေဟာလည်း ဒီးဒုတ်ကွင်းပျူရွာအတွင်းမှာ လက်ပြန်ကြိုးတုတ်ခံထားရတဲ့အနေအထားနဲ့ တနေကုန် ညှင်းပမ်းနှိပ်စက်ခံနေရတယ်လို့လည်း ပေါက်-ပကဖ က အသိပေးထားပါတယ်။

အရပ်သားပြည်သူတွေကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်သွားတဲ့ စစ်အုပ်စုအထိုင်ချရာ ဒီးဒုတ်ကွင်းရွာဘုန်း‌ကြီးကျောင်းကို ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ပေါက်ကကဖနဲ့ ပခုက္ကူခရိုင် တပ်ရင်း က ရဲဘော် ၁၄ ဦးက နိုဝင်ဘာ ရက်နေ့ ၁၂ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ လက်လုပ် ၆ဝ မမဗုံး ၆လုံး ကြဲချတိုက်ခိုက်ခဲ့ပြီး ရန်သူ့ဘက်က ထိခိုက်မှုအခြေအနေကို စုံစမ်းနေတယ်လို့ ထုတ်ပြန်ထားပါတယ်။ 

ဒါ့အပြင် နိုဝင်ဘာ ရက်နေ့ နာရီခန့်မှာလည်း သစ်ချိုကုန်းပျူရွာမှာကင်းစောင့်နေတဲ့ ပျူစောထီးတွေနဲ့ ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ရန်သူ့ဘက်ကထိခိုက်မှုအခြေအနေကို စိစစ်နေဆဲလို့လည်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၄။⁨⁨ တရုတ်-မြန်မာနယ်စပ် ဖီမော်မြို့ကို KIA ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက် 


နိုဝင်ဘာလ ၃ရက်။

မြန်မာ-တရုတ်နယ်စပ်မြို့တခုဖြစ်တဲ့ ဖီမော်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကချင်ပြည်နယ်ထဲက စစ်ကောင်စီလက်အောက်ခံ ဇခုန်တိန့်ယိမ်းထိန်းချုပ်ရာ ကချင်အထူးဒေသ ထဲက နယ်စပ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ PDF ပူးပေါင်းတပ်တွေ နိုဝင်ဘာ ရက်နေ့ ညနေပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ တာလို ဆိုပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဖီမော်မြို့ကို သွားတဲ့လမ်းမှာရှိတဲ့ နယ်ခြားစောင့်တပ် ၁၀၀၁ တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်ပြီး တဲ့နောက် မနေ့ နိုဝင်ဘာ ရက် ညနေ နာရီဝန်းကျင်မှာ နယ်စပ်မြို့ငယ်တခုဖြစ်တဲ့ ဖီမော်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဖီမော်မြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်တွေ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ လမ်းတလျောက်မှာရှိတဲ့ စစ်စခန်းတွေကိုတိုက်ခိုက်ခဲ့ရ ပြီး တရုတ်-မြန်မာနယ်စပ် မိုင်တပ်စခန်း BP 7 ကို နေ့လယ် နာရီမှာ သိမ်းပိုက်နိုင်ခဲ့ကာ ခလရ-၂၉၈ တပ်က ဒုတိယ တပ်ရင်းမှူး ဗိုလ်မှူး ရှင်းသန့်အောင်ကို အရှင်ဖမ်းမိခဲ့သလို ခလရ ၂၉၈ က ဗိုလ်ကြီး ကိုကိုအောင် ဦးစီးတဲ့ လဂွေကျေးရွာ စာသင်ကျောင်းက စစ်စခန်းကုန်းကိုလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

KIA နဲ့ PDF ပူးပေါင်းတပ်တွေအနေနဲ့ စက်တင်ဘာလကုန်ပိုင်းကစ‌ပြီး စစ်ကောင်စီ လက်အောက်ခံ ဇခုန်တိန့်ယိန်း ဦးဆောင် တဲ့ ကချင်အထူးဒေသ- နယ်မြေကို ထိုးစစ်ဆင်ခဲ့ရာ ချီဖွေ၊ ဆော့လော်၊ ပန်ဝါစတဲ့မြို့တွေကို သိမ်းပိုက်နိုင်ခဲ့တဲ့အပြင် စစ်ကောင်စီ ဗျူဟာစခန်းတပ်စခန်း၊ နယ်ခြားစောင့် BGF တပ်ရင်းဌာနချုပ် ၃ခုနဲ့ စစ်စခန်းများစွာကို တလအတွင်း သိမ်းပိုက် နိုင်ခဲ့သလို တရုတ်-မြန်မာနယ်စပ် ဖီမော်မြို့ကိုလည်း နိုဝင်ဘာ ရက်နေ့မှာ ထပ်မံသိမ်းပိုက်နိုင်ခဲ့တာကြောင့် ကချင်အထူး ဒေသ နယ်မြေထဲက ကန်ပိုက်တီမြို့ကိုသာ သိမ်းပိုက်ဖို့ ကျန်တော့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရေတာရှည်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲချတာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ဦး ပြင်းထန် ဒဏ်ရာရ 


နိုဝင်ဘာလ ၃ရက်။

ပဲခူးတိုင်း ရေတာရှည်မြို့နယ်အတွင်းမှာ တိုက်ပွဲဖြစ်တာမရှိဘဲ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် အမျိုးသမီးတဦးသေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာသွားတယ်လို့ ကီးကူစစ်ကြောင်းက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ တိုက်ပွဲဖြစ်တာမရှိဘဲ စစ်တောင်းမြစ်အရှေ့ခြမ်း ရေတာရှည်မြို့နယ် ကျွန်းကုန်းကျေးရွာကို နိုဝင်ဘာ ရက်နေ့မနက် ၁၀ နာရီခန့်အချိန်မှာ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူတွေ  ထိခိုက်ခဲ့ရတာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ စစ်တောင်းမြစ်အရှေ့ခြမ်းက ကျေးရွာတွေကို ပစ်မှတ်ထားပြီး နေ့စဥ် ဒရုန်းတွေနဲ့ ဗုံးကြဲ တိုက်ခိုက်နေတာကြောင့် ဒေသနေပြည်သူများအနေနဲ့ အိမ်တိုင်း ဗုံးခိုကျင်းတွေတူးထားကာ အချိန်တိုင်း သတိရှိစွာနေထိုင် ကြဖို့ ကီးကူစစ်ကြောင်းက မေတ္တာရပ်ခံထားပါတယ်။ 

လက်ရှိအချိန်မှာ အကြမ်းဖက်စစ်တပ်ဟာ စစ်တောင်းမြစ်အရှေ့ခြမ်းကို စစ်အင်အားတိုးချဲ့ထားတဲ့အတွက် တိုက်ပွဲတွေ အချိန်မရွေးဖြစ်လာနိုင်တာကြောင့် ဒေသပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်သွားလာကြဖို့ စစ်တောင်းမြစ်ဝှမ်း- ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့ကလည်း သတိပေးနှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌တွေကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ  ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment