3rd NOV 2024 - Morning Daily News by Radio NUG

၂၀၂၄ နိုဝင်ဘာလ ၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ပူးတွဲ သတင်းစာရှင်းလင်းပွဲRadio NUGနဲ့သတင်းဌာနများက တိုက်ရိုက်ထုတ်လွှင့်မယ်

📌 ၂။ အမေရိကန်နိုင်ငံနယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံ၊ နယူးရောက်မြို့ခံမြန်မာလူထုနှင့် တွေ့ဆုံကာ ဝန်ကြီးဌာနလုပ်ငန်းစဥ်များ ရှင်းလင်းပြောကြားခဲ့

📌 ၃။ စက်တင်ဘာလထဲတွင် ဖြစ်ပေါ်ခဲ့သော ရာဂီ မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို ဆက်လက်ထောက်ပံ့

📌 ၄။ ဒါရိုက်တာကိုပေါက်ပန်းချီကားမှ ရရှိငွေများအားလုံး ဘုတလင်က စစ်ရှောင်ပြည်သူ မိသားစု ၆၀ကျော်ကို အိမ်သုံးပစ္စည်းနဲ့ စားနပ်ရိက္ခာများထောက်ပံ့

📌 ၅။ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ စက္ကူလေယာဥ်ပုံစံပြုလုပ်ပြီး ဓာတ်ပုံလှုပ်ရှားမှုကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဖော်ဆောင်


၂၀၂၄ ခုနှစ် နိုဝင်ဘာလ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ () စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီး၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်

🚩 ၂။ ကျောက်ကြီးမြို့နယ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရ 

🚩 ၃။ ဗိုလ်မှူးအဆင့်ရှိ စစ်-ဆေး ပါရဂူ တဦးကို မိသားစုနဲ့အတူ ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီးရမိ

🚩 ၄။ ဆားတောင်မြို့ အထက်တန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စုနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်

🚩 ၅။ ချောင်းဦးတွင် ပြည်သူများကို ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဦး သေဆုံး 

🚩 ၆။ နတ်မောက်တွင် စစ်ကား စီး မိုင်းဆွဲခံရပြီး ကား စီး ပျက်စီးကာ ထိခိုက်သေဆုံးမှု ရှိနိုင်

🚩 ၇။ တောင်သာရှိ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး လက်နက် လက် သိမ်းဆည်းရမိ

🚩 ၈။ အကြမ်းဖက် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရင်း () နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF မှရဲဘော် (၄၇) ဦးကျဆုံးခဲ့

🚩 ၉။ ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်များထံ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ရိက္ခာခြောက်များ ထောက်ပံ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။


========================



📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ပူးတွဲ သတင်းစာရှင်းလင်းပွဲRadio NUGနဲ့သတင်းဌာနများက တိုက်ရိုက်ထုတ်လွှင့်မယ်


နိုဝင်ဘာလ ()

Radio NUG

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ပူးတွဲ သတင်းစာရှင်းလင်းပွဲ Radio NUGနဲ့ သတင်းဌာနများက တိုက်ရိုက်ထုတ်လွှင့်မယ်လို့ နိုဝင်ဘာ၂ရက်မှာ ကေအဲန်ယူဗဟိုက အသိပေးထုတ်ပြန်ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကရင်အမျိုးသားအစည်းအရုံး (KNU) ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့မှ စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် အတူတကွ လက်တွဲတိုက်ပွဲဝင်နေကြသောအဖွဲ့များ၏ ဘုံသဘောထားရပ်တည်ချက်အား ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပြီးသည့်နောက်ပိုင်း နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများနှင့် ဖြစ်ပေါ်တိုးတက်မှုများနှင့် ပတ်သက်၍ "ပူးတွဲသတင်းစာရှင်းလင်းပွဲ" ကို ၂၀၂၄ ခုနှစ် နိုဝင်ဘာလ () ရက်နေ့ မြန်မာစံတော်ချိန် နေ့လည် (၃း၃၀) အချိန်တွင် ကျင်းပသွားမယ်လို့ ဖော်ပြပါတယ်။


========================


📌📌 ၂။ အမေရိကန်နိုင်ငံနယူးယောက်မြို့တွင် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့်တွေ့ဆုံ၊ နယူးရောက်မြို့ခံမြန်မာလူထုနှင့် တွေ့ဆုံကာ ဝန်ကြီးဌာနလုပ်ငန်းစဥ်များ ရှင်းလင်းပြောကြားခဲ့


 နိုဝင်ဘာ

Radio NUG 

အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ရှိ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်ရုံးသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာမှ လာရောက်လည်ပတ်ပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် တွေ့ဆုံခဲ့တယ်လို့ သတင်းရရှိပါတယ်။


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာဟာ အမေရိကန်နိုင်ငံသို့ အလုပ်သဘောခရီးစဥ်အဖြစ် ရောက်ရှိနေတာဖြစ်ပါတယ်။


ဆက်လက်ပြီး အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဒေါက်တာဆာဆာနှင့် အမေရိကန်ပြည်ထောင်စု နယူးရောက် မြို့ခံမြန်မာလူထုနှင့် ဒေသစံတော်ချိန် နိုဝင်ဘာလ ၁ရက်နေ့ ညနေပိုင်းက ရင်းရင်းနှီးနှီးတွေ့ဆုံကာ ဝန်ကြီးဌာနလုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့ပါတယ်။


နယူးယောက်မြို့ ပီတိလူကြီးများစောက်ရှောက်ရေးဂေဟာတွင် ပြုလုပ်သော အဆိုပါပွဲသို့ နယူးယောက်မြို့ခံ မြန်မာအများအပြား တက်ရောက်ခဲ့ကြပြီး ဝန်ကြီးဒေါက်တာဆာဆာမှ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောက်ရွက်ရေးဝန်ကြီးဌာန၏ လုပ်ဆောင်နေမှုများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော မြန်မာလူထု၏ မေးမြန်းသောမေးခွန်းများကို ပြန်လည်ဖြေကြားခဲ့ပါတယ်။


========================


📌📌 ၃။ စက်တင်ဘာလထဲတွင် ဖြစ်ပေါ်ခဲ့သော ရာဂီ မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို ဆက်လက်ထောက်ပံ့


နိုဝင်ဘာ၂

Radio NUG

စက်တင်ဘာလထဲတွင် ဖြစ်ပေါခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို ဆက်လက်ထောက်ပံ့ခဲ့တယ်လို့  CDM Success Committeeက နိုဝင်ဘာ၂ရက်မှာ သတင်းထုတ်ပြန်ပါတယ်။


"စက်တင်ဘာလထဲတွင် ဖြစ်ပေါ်ခဲ့သော ရာဂီမုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသော CDMer မိသားစုများကို အတတ်နိုင်ဆုံး စာရင်းကောက်ယူခဲ့ပါတယ်။ ထိုသို့ ကောက်ယူပြီးနောက် CRPH Official Fundraising Program (OFP) Fundraisers များ အခြားFundraisers များ ဝန်ကြီးဋ္ဌာနအတွင်း ပြန်လည်ထောက်ပံ့ပေးခြင်းနှင့် အမျိုးသားညီညွတ်ရေး အစိုးရ လူသားချင်းစာနာထောက်ထားရေး စသည်တို့မှ ထောက်ပံ့ပေးငွေ စုစုပေါင်း 53,329,980 ကျပ် ရရှိခဲ့ပါတယ်။ အောက်တိုဘာလ ရက်အထိ ပထမအသုတ်အနေဖြင့် ဝန်ကြီးဋ္ဌာန အစုံမှ လူဦးရေ 1073 တွင် 1049 ဦး ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်"လို့ဖော်ပြပါတယ်။


ဒုတိယအကြိမ် စာရင်း ကောက်ယူပြီးနောက် CRPH Official Fundraising Program (OFP) Fundraisers များနှင့် အခြားFundraisers များ စသည်တို့မှ ထောက်ပံ့ပေးငွေ စုစု ပေါင်း 3,602,500 ကျပ် ရရှိခဲ့ပြီးအောက်တိုဘာလ ၃၁ ရက် အထိ ဒုတိယအသုတ်အနေဖြင့် ဝန်ကြီးဋ္ဌာန အစုံ မှ လူဦးရေ 48 ဦး နှင့် ပထမ အသုတ်မှ ထောက်ပံ့ရန် ကျန်သော လူဦးရေ 30 စုစုပေါင်း 78 ဦးကို နိုဝင်ဘာလ ရက်နေ့တွင် ထောက်ပံ့ ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၄။ ဒါရိုက်တာကိုပေါက်ပန်းချီကားမှ ရရှိငွေများအားလုံး ဘုတလင်က စစ်ရှောင်ပြည်သူ မိသားစု ၆၀ကျော်ကို အိမ်သုံးပစ္စည်းနဲ့ စားနပ်ရိက္ခာများထောက်ပံ့


နိုဝင်ဘာ၂ရက်

Radio NUG

ဒါရိုက်တာကိုပေါက်ပန်းချီကားမှ ရရှိငွေများအားလုံး ဘုတလင်က စစ်ရှောင်ပြည်သူ မိသားစု ၆၀ကျော်ကို အိမ်သုံးပစ္စည်းနဲ့ စားနပ်ရိက္ခာများ ထောက်ပံ့ခဲ့တယ်လို့ နိုဝင်ဘာ၂ရက်မှာ ဒါရိုက်တာကိုပေါက်က ဆိုရှယ်မီဒီယာမှာ အသိပေးဆိုထားပါတယ်။


"ကျနော့ပန်းချီကားကို ဒေါ်လာ ၁၅၀၀ နဲ့ အဆုံးသတ်တိုက်ပွဲထောက်ပို့အဖွဲ့ Amarillo, Texas, USA အဖွဲ့က အားပေးကူညီခဲ့ပါတယ်။

ဘုတလင်က စစ်ရှောင်မိဘပြည်သူ မိသားစု ၆၀ကျော်ကို ဆန် ဆီ ဆား အချိုမှုန့် ဆပ်ပြာ အိုးခွက်ပန်းကန် ရေခွက်အစရှိသည့် အရေးပေါ် အိမ်အသုံးအဆောင်များ ပို့ဆောင်လိုက်ပါပြီ။ မကြာမီ မိဘပြည်သူတွေထံ ပစ္စည်းများရောက်ရှိပါတော့မယ်"လို့ ဆိုပါတယ်။


ပန်းချီကား ဦးဆောင်ရောင်းချပေးတဲ့ ကိုဝင်းနိုင်စိုးနှင့် အဆုံးသတ်အောင်ပွဲထောက်ပို့အဖွဲ့ကို လည်း ကျေးဇူးအထူးတင်ရှိကြောင်း ဒါရိုက်တာကိုပေါက်က ဆိုထားပါတယ်။


========================


📌📌 ၅။ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ စက္ကူလေယာဥ်ပုံစံပြုလုပ်ပြီး ဓာတ်ပုံလှုပ်ရှားမှုကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဖော်ဆောင်


နိုဝင်ဘာ၂

Radio NUG

Airbus: End investment in AVIC ခေါင်းစဥ်နဲ့ စက္ကူလေယာဥ်ပုံစံပြုလုပ်ပြီး ဓာတ်ပုံလှုပ်ရှားမှုကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဖော်ဆောင်ခဲ့ပါတယ်။


နိုဝင်ဘာ၂ရက် လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက ဖော်ပြပါတယ်။


ပြည်သူတွေအပေါ်အကြမ်းဖက်ဖိနှိပ်ပြီး ရပ်ရွာလူနေအိမ်များနှင့် မြို့ပြတွေပေါ်အထိ တိုက်လေယာဥ်များဖြင့် ဗုံးကျဲတိုက်ခိုက်နေမှုကို ရပ်တန့်တားဆီးပေးရန်၊ လူ့အသက်တွေကနေ အကျိုးအမြတ်ရယူနေပြီး အာဏာသိမ်းစစ်အုပ်စုကို စစ်ပွဲသုံးတိုက်ခိုက်ရေးပစ္စည်းများ ထောက်ပံ့ကူညီနေခြင်းကို ရပ်တန့်ပေးရေး ဖိုတိုလှုပ်ရှားမှုကို နိုဝင်ဘာ ရက်နေ့မှာပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 


ပြည်သူလူထုအပေါ် စစ်ရာဇဝတ်မှုတွေကို အဆုံးသတ်ဖို့ Airbus: End investment in AVIC ခေါင်းစဥ်နဲ့ စက္ကူဖြူလေယာဥ်ပုံစံငယ်ပြုလုပ်ပြီး လှုပ်ရှားခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================



🚩🚩 ၁။ အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ () စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီး၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်


နိုဝင်ဘာ၂

Radio NUG

အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ () စီး နဲ့ ရဟတ်ယာဉ် (၁၁) စီး ကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီး၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်တယ်လို့ဆိုပါတယ်။


နိုဝင်ဘာ၂ရက်စစ်ရေးအခြေအနေများကို သုံးသပ်ဖော်ပြနေတဲ့ PDF Insightက အသိပေးဆိုပါတယ်။


"အကြမ်းဖက် စစ်တပ်ရဲ့ စစ်လေယာဉ်မျိုးစုံ () စီး နဲ့ ရဟတ်ယာဉ် (၁၁) စီးကို ပြည်သူ့ကာကွယ်ရေး တပ်မတော်နဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အသီးသီးက ထိခိုက်ပျက်စီးအောင်၊ ပျက်ကျအောင် တိုက်ခိုက်ထားပြီးဖြစ်ပါတယ်။ ပွိုင့်- စက်သေနတ်ပဲ အကြီးဆုံးလေယာဉ်ပစ် လက်နက်အဖြစ် တပ်ဆင်ထားနိုင်တဲ့ တော်လှန်ရေးအဖွဲ့တွေရဲ့ တိုက်ခိုက်မှု စာရင်းဖြစ်ပြီး လက်တလော ရှမ်းမန်းစစ်ဆင်ရေး နဲ့ ၁၀၂၇ စစ်ဆင်ရေး အပိုင်း () တွေမှာ ပွိုင့်- ထက် ပြောင်းအချင်း ပိုကြီးတဲ့ စက်သေနတ်တွေ၊ စက်အမြောက်တွေ သိမ်းပိုက်ရရှိထားတာကြောင့် နောက်ပိုင်းကာလတွေမှာ ရန်သူ့လေတပ်ကို လေထဲမှာ ချေမှုန်းရေး ယခုထက် ပိုမို လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့တွေ ဘက်ပြောင်းလာတာ၊ သိမ်းပိုက်ခံလာရတာတွေ ဖြစ်ပေါ်လာရင်လည်း ရန်သူ့လေယာဉ်တွေကို ပိုမိုချေမှုန်းနိုင်မှာ ဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။


ပစ်ချခံရပြီး ထိခိုက်ပျက်စီးသွားတဲ့ ရန်သူ့လေယာဉ် စာရင်းများထဲတွင် K8 Mi35နဲ့ Mi17တို့ပါဝင်ပါတယ်။


========================


🚩🚩 ၂။ ကျောက်ကြီးမြို့နယ်အတွင်းဖြစ်တဲ့ တိုက်ပွဲမှာ စစ်တပ်ဘက်က ၁၀ ဦးသေဆုံးပြီး ၁၅ဦး ဒဏ်ရာရ 


နိုဝင်ဘာ

Radio NUG


ပဲခူးတိုင်း ကျောက်ကြီးမြို့နယ် ရွာကြီးအင်းရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က ၁၀ ဦးသေဆုံးပြီး ၁၅ ဦး ဒဏ်ရာရသွားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF တောင်ပိုင်း စစ်ဒေသက ထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ် ရွာကြီးအင်းကျေးရွာထိပ် ကျွန်းဘုရားကိုဝင်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့က နိုဝင်ဘာ ရက်မှာ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသ အမှတ်- စစ်ဒေသခွဲ၊ P2-7803 ရိုးမ- စစ်ကြောင်း၊ အထူးကွန်မန်ဒိုတပ်ရင်း P2-9914 ရိုးမ - စစ်ကြောင်း၊ ဖြူးပြည်သူ့ကာကွယ်ရေးအဖွဲ့ နဲ့ KNLA တို့ ပူးပေါင်းလုပ်ဆောင် ခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်ဘက်က စစ်ကူတွေအဆက်မပြတ်ပို့တဲ့အပြင် လေကြောင်းကနေ ပစ်ကူပေးတိုက်ခိုက်တာတွေရှိပေမယ့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။  

အကြမ်းဖက်စစ်ကောင်စီရဲ့ ရွေ့လျားစစ်ကြောင်းဟာ အောက်တိုဘာ ၂၉ ရက်ကပဲ ကျောက်ကြီးမြို့နယ်အတွင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရွာသာယာကျေးရွာက အသက် နှစ်အရွယ် ကလေးငယ်သေဆုံးကာ နေအိမ်နဲ့ ခရစ်ယာန် ဘုရားကျောင်း ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ ဗိုလ်မှူးအဆင့်ရှိ စစ်-ဆေး ပါရဂူ တဦးကို မိသားစုနဲ့အတူ ရန်ကုန်တိုင်းစစ်ဌာန ဖမ်းဆီးရမိ


နိုဝင်ဘာ  

Radio NUG


ပဲခူးတိုင်းအတွင်းက လမ်းပိုင်း တနေရာမှာ စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိ သမားတော် တဦးနဲ့ မိသားစုကို ရန်ကုန်တိုင်း စစ်ဌာန၊ တပ်ရင်း ၅၁၀၂ က လက်ရဖမ်းဆီး ရမိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဖမ်းဆီးခံရသူဟာ စစ်ကောင်စီရဲ့ တဆရ - ၁၂/၁၀၀ (ထားဝယ်) မှ ပါရဂူ သမားတော် ဗိုလ်မှူး ထိန်တောက် ဆိုသူ ဖြစ်ပြီး တပ်ရင်းမှူး သင်တန်း တက်ရောက်ရန် သံတောင်ကြီးရှိ တပ်မတော် တိုက်ခိုက်ရေး သင်တန်းကျောင်းကို ထွက်လာချိန်မှာ ဖမ်းဆီးခံခဲ့ရတာပါ။


၎င်းကို အောက်တိုဘာ ၃၁ ရက်နေ့မှာ တပ်ရင်း (၅၁၀၂) က ဖမ်းဆီးခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူနဲ့ ကလေး ယောက် တပါတည်း ဖမ်းဆီးရမိ ခဲ့တယ်လို့ ဆိုပါတယ်။


ဖမ်းဆီးထားတဲ့ ဗိုလ်မှူးကို စစ်သုံ့ပန်း မူဝါဒနဲ့အညီ ထိန်းသိမ်းထားရှိပြီး မိသားစုဝင်များကိုလည်း လူ့အခွင့်အရေး အပြည့်အဝ ရရှိစေရန် ဆောင်ရွက်ထားတယ်လို့ ရန်ကုန်တိုင်းစစ်ဌာနက အသိပေးထားပါတယ်။


========================


🚩🚩 ၄။ ဆားတောင်မြို့ အထက်တန်းကျောင်းမှာတပ်စွဲနေတဲ့ စစ်အုပ်စုနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်


နိုဝင်ဘာ

Radio NUG

စစ်ကိုင်းတိုင်း ဆားတောင်မြို့က အထက်တန်းကျောင်းမှာ တပ်စွဲနေတဲ့ စစ်အုပ်စုနဲ့ ရဲစခန်းကို ဒရုန်းနဲ့ဗုံးသီးချတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားတွေနဲ့ ပျူစောထီးတွေ ထိခိုက်မှုရှိနိုင်တယ်လို့ တော်လှန်ရေးတပ်တွေက ဆိုပါတယ်။  

စစ်ကိုင်းမြိုနယ် ဆားတောင်ရဲစခန်းက ရဲတွေနဲ့ ညောင်ငုတ်တိုရွာက ပျူစောထီးတွေ ဆားတောင်မြို့အထက်တန်းကျောင်းမှာ အထိုင်ချတပ်စွဲပြီး ဘောလုံးကန်နေချိန်မှာ ဒရုန်းနဲ့ ဗုံးသီးတွေ ကြဲချတိုက်ခိုက်ခဲ့တာကြောင့် အကြမ်းဖက်စစ်အုပ်စုဘက်က ဦး ထက်မနည်း ဒဏ်ရာရနိုင်တယ်လို့ Royal Falcon Guerrilla Force တပ်ဖွဲ့က အသိပေးပါတယ်။

ထို့အတူ အရပ်သားပြည်သူကို ဆက်ကြေးကောက်၊ ငွေညှစ်အနိုင်ကျင့်နေတဲ့ ဆားတောင်ရဲစခန်းကို ဒရုန်းနဲ့ ဗုံးသီးတလုံး ကြဲချတိုက်ခိုက်ခဲ့ရာမှာလည်း ထိခိုက်မှုတွေရှိနိုင်တယ်လို့ တော်လှန်ရေးအဖွဲ့တွေက အသိပေးပါတယ်။

အဆိုပါတိုက်ခိုက်မှုတွေကို ယူနီကွန်းပြောက်ကျားတပ်ဖွဲ့၊ Royal Falcon Guerrilla Force Phoenix -Sagaing ကြောင်လက်သည်း-ဝက်လက်၊ စစ်ကိုင်းခရိုင် အမှတ် တပ်ရင်းတို့ ပူးပေါင်းကာ Phoenix -Sagaing ကထုတ်တဲ့ အညာအုန်းသီးဗုံးတွေနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။


========================


🚩🚩 ၅။ ချောင်းဦးတွင် ပြည်သူများကို ဆက်ကြေးကောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး ဦး သေဆုံး 


နိုဝင်ဘာ  

Radio NUG


စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ချောင်းဦးနဲ့ ငါးယှဉ်ကြားရှိ သံလွင်မြန်မာ ဆီဆိုင်ရှေ့က စစ်ကောင်စီ တပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ဦး သေဆုံးခဲ့တယ်လို့ People's Defence Force - South Monywa က သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ မနက် နာရီ ၄၂ မိနစ်မှာ ခရေဖြူ ဂိတ်စခန်းကနေ ထွက်လာပြီး သံလွင်မြန်မာ ဆီဆိုင်ရှေ့ လမ်းသွားလမ်းလာ ပြည်သူတွေကို ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စုကို အနီးကပ် ဝင်ရောက်ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ တပ်သား ဦးမှာ နေရာတွင် သေဆုံးသွားခဲ့ပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသွားတဲ့ ဦးထဲက ဦးဟာလည်း ဆေးရုံကို ပို့ဆောင်နေစဉ် ထပ်မံသေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၁၁ တပ်ရင်း People's Defence Force - South Monywa Zayar Shwe Myay People's Defence Force တောသားကြီး ပြည်သူ့ကာကွယ်ရေးတပ် နဲ့ နွေဦးလူငယ် People's Defence Force တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။


တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က သံပြားကာ ကား စီးဖြင့် ရောက်ရှိလာပြီး လက်နက်ကြီး /ငယ် များ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ချောင်းဦးမြို့နယ်က သန်းပင်ကန်ရွာထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ပြည်သူပိုင် နေအိမ် လုံး ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။ နတ်မောက်တွင် စစ်ကား စီး မိုင်းဆွဲခံရပြီး ကား စီး ပျက်စီးကာ ထိခိုက်သေဆုံးမှု ရှိနိုင်


နိုဝင်ဘာ  

Radio NUG


မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ပြည်သူများကို ပေါ်တာဆွဲ ဖမ်းဆီးနေတဲ့ စစ်ကား စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစီး ပျက်စီးခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိိခုက်သေဆုံးမှု ရှိတယ်လို့ နတ်မောက်မြို့နယ် .က. ထံက သိရပါတယ်။ 


နိုဝင်ဘာလ ရက်‌နေ့ မနက် ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် စိုင်ကောင်းဘက်မှ ရွာတော်ဘက်ကို ထွက်လာတဲ့ ၁၂ ဘီး စစ်ကား စီး၊ အင်အား ၈၀ ခန့်ကို ဥယျာဉ်ကျေးရွာနဲ့ ရွာသစ်ကျေးရွာကြား အရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကားတစီး ထိမှန်ပျက်စီးခဲ့ကာ အခြား ကားတစီးဖြင့် ဆွဲယူသွားပြီး ထိခိုက်သေဆုံးခဲ့တဲ့ စစ်သားများကိုလည်း နောက်ကား တစီးပေါ်တင်ကာ မိုးကာနဲ့အုပ်ပြီး ဆက်မောင်းသွားတယ်လို့ ဆိုပါတယ်။


ထို့အပြင် အထိနာသွားတဲ့ စစ်ကောင်စီတပ်က လမ်းတလျောက်မှာ ဆဲဆိုပြီး ရမ်းသမ်းပစ်ခတ်သွားတာကြောင့် ရွာသစ်ကျေးရွာနေ အမျိုးသမီး တဦး ပေါင်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


အဆိုပါ တိုက်ခိုက်မှုကို နတ်မောက်မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေး မဟာမိတ် တပ်ပေါင်းစုက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၇။ တောင်သာရှိ ပျူစောထီး အထိုင်စခန်းကို ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး လက်နက် လက် သိမ်းဆည်းရမိ


နိုဝင်ဘာ  

Radio NUG


မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၊ တလိုင်းရပ်(ရွာသစ်)မှာ အခြေချထားတဲ့ ပျူစောထီး အထိုင်စခန်းတခုကို ဝင်ရောက်တိုက်ခိုက် စီးနင်းသိမ်းပိုက်ခဲ့တယ်လို့ PLA အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက်စစ်ဒေသ) က သတင်းထုတ်ပြန် ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့ မနက် နာရီ ၃၀ မိနစ်တွင် တလိုင်းရပ် ပျူစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အမှတ် ၈၁၅ တပ်ဖွဲ့ (အနောက်မြောက် စစ်ဒေသ) မှ ရဲဘော်များက စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် နာရီခန့်မှာ အလုံးစုံ သိမ်းပိုက်နိုင်ခဲ့တာလို့ ဆိုပါတယ်။


တိုက်ပွဲအတွင်းမှာ ပျူစောထီးများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့ပြီး ကာဘိုင် သေနတ် လက်၊ ရှော့ဂန်း လက်၊ .၆၂ ကျည် ၁၉၅ တောင့်၊ ကာဘိုင် ကျည် ၆၅ တောင့်၊ ရှော့ဂန်း ကျည် ၃၇ တောာင့်၊ MG 1 လက်ပစ်ဗုံး လုံးနဲ့ ကျည်ကာတထည် အပါအဝင် ယူနီဖောင်းများ၊ ပိုက်ဆံ တသိန်းငါးထောင်ကျပ်တို့ကို သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၈။ အကြမ်းဖက် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရင်း () နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF မှရဲဘော် (၄၇) ဦးကျဆုံးခဲ့


နိုဝင်ဘာ၂

Radio NUG

အကြမ်းဖက် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရင်း () နှစ်ကျော်ကာလအတွင်း  ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDFမှ ရဲဘော် (၄၇) ဦးကျဆုံးခဲ့ရပါတယ်။


နိုဝင်ဘာ၂ရက်ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDFကအသိပေးဆိုပါတယ်။


အကြမ်းဖက် စစ်အာဏာရှင်အား တော်လှန်တိုက်ပွဲဝင်ရင်း () နှစ်ကျော်ကာလအတွင်း ပြည်သူ့ကာကွယ်ရေးတပ် DMO Local PDF မှရဲဘော် (၄၇) ဦးကျဆုံးခဲ့ရပါတယ်။ ယနေ့သည် ကျဆုံးရဲဘော်များ အုတ်ဂူရှိရာသို့ သွားရောက်ပြီး ၎င်းတို့၏ ဝိညာဥ်များ ထာဝရ ငြိမ်းချမ်းခြင်းရရှိရန် သွားရောက်ဆုတောင်းခြင်းများ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


ထို့အပြင် ရေဘေးသင့်ရာမှာ အသက်ပေးခဲ့ရသော ရဲဘော်ဆေးတပ်သား (၁၈) ဦးအတွက်သော်လည်းကောင်း တော်လှန်ရေးကာလအတွင်း အသက်ပေးဆပ်ခဲ့ရသော ပြည်သူ့ရဲဘော်များ အားလုံးအတွက်သော်လည်းကောင်း ရည်စူးပြီး အောက်မေ့သတိရ ဆုတောင်းခြင်းများပြုလုပ်ခဲ့တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩 ၉။ ရှေ့တန်းရောက် တော်လှန်ရေးရဲဘော်များထံ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ရိက္ခာခြောက်များ ထောက်ပံ့


နိုဝင်ဘာ

Radio NUG


ရှေ့တန်းရောက် တော်လှန်ရေး ရဲဘော်များအတွက် တနပ်စာ အသင့်စားရိက္ခာခြောက်ထုတ်များအား မော်လမြိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂက ပို့ဆောင်ထောက်ပံ့ပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။


နိုဝင်ဘာလ ရက်နေ့က အနန်းကွင်း ဗျူဟာ စခန်းသိမ်း တိုက်ပွဲမှာ တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေး ရဲဘော်များထံကို အသင့်စား ရိက္ခာခြောက် အထုတ်ရေ ,၀၀၀ ကို ပို့ဆောင်ထောက်ပံ့ပေးခဲ့တာပါ။


ဒေသခံ ပြည်သူလူထုနဲ့ ကျောင်းသားသမဂ္ဂ ရဲဘော်များ ကိုယ်တိုင် ချက်ပြုတ် ပြင်ဆင်ထားတဲ့ အမဲသားမွကြော်နဲ့ ငါးခြောက် ဘလာချောင်ကြော် အထုတ်များကို ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။


ရှေ့တန်းနယ်မြေမှာ ရိက္ခာအခက်အခဲ ရှိနေတဲ့ ရဲဘော်များအတွက် ၁၅ ရက်အတွင်း အချိန်မရွေး အသင့်စားလို့ ရအောင် ပြင်ဆင်ပြီး အိတ်ဆောင် ရိက္ခာအဖြစ် အသုံးပြုနိုင်ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ 


လက်ရှိမှာတော့ တိုက်ပွဲဖြစ်နေတဲ့ နေရာများကို နှစ်ပတ်တကြိမ် ထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်ထားပြီး အခက်အခဲ ရှိခဲ့ရင်တောင် တလတကြိမ်တော့ အနည်းဆုံး ထောက်ပံ့သွားမယ်လို့ သမဂ္ဂ တာဝန်ရှိသူ တဦးက ပြောပါတယ်။ 


တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအပြင် တိုက်ပွဲကြောင့် ဒုက္ခရောက်နေရတဲ့ စစ်ဘေးရှောင် ပြည်သူတွေကိုလည်း ထောက်ပံ့ကူညီ ပေးသွားနိုင်ဖို့ လုပ်ဆောင်နေတာတွေ ရှိတယ်လို့လည်း အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ ကိုခန့်နဲ့ မင်းစစ်သွေးတို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

 

Share:

No comments:

Post a Comment