(ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ နိုဝင်ဘာလ ( ၃ ) ရက်နေ့ နောက်ဆုံး

 📌 (ချင်း တိုင်းရင်းသား - Mün မွန်း ဘာသာစကား) ထုတ်လွှင့်မှု အစီအစဥ် ၂၀၂၄ နိုဝင်ဘာလ ( ) ရက်နေ့ နောက်ဆုံးရပြည်တွင်းသတင်းများ


📌📌 ၁။ ဆောမြို့နယ် ကံချောင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်၊ အရပ်သားများကို ဦးတည်တိုက်ခိုက်ခြင်း ဟုဆို

 

အောက်တိုဘာ ၃၁ ရက် သန်းခေါင်ယံ ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီက ဆောမြို့နယ် ကံချောင်းကျေးရွာကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ သတင်းပေးပို့ချက်အရ သိရှိရပါတယ်။ 

 

လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ် () လုံးထက်မနည်း ပျက်စီးဆုံးရှုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် () ဦးထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ 

 

ကံချောင်းကျေးရွာမှာဖြစ်တဲ့ ပထမဆုံးလေကြောင်းတိုက်ခိုက်မှု ဖြစ်ပြီး၊ အရပ်သားတွေကို ဦးတည်တိုက်ခိုက်တာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ဒီဘက်မှာ ပထမဆုံးလေကြောင်းနဲ့ ပစ်တာလို့ ပြောလို့ရတယ်၊ နောက်ထပ် လာပစ်နိုင်သေးတယ်၊ ဒီကောင်တွေက တွေ့ကရာပစ်တာဆိုတော့။လို့ ဒေသခံတစ်ဦးက ပြောဆိုကြောင်း The Mindat Post က ဖော်ပြပါတယ်။ 

 

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဩဂုတ်လကစပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ် တိုးမြှင့်လုပ်ဆောင်လာနေတာဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှုလည်း ဒါဇင်နဲ့ ချီရှိနေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေ အရသိရပါတယ်။ 

 

========================

 

📌📌 ၂။ ချင်းပြည်နယ်မှာ လေကြောင်းတိုက်ခိုက်မှု ငါးရာကျော်ရှိခဲ့ပြီး အရပ်သား တရာကျော်သေဆုံး။


ချင်းပြည်နယ်မှာ အာဏာသိမ်း သုံးနှစ်ကျော်အတွင်း  စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှု ၅၁၅ ကြိမ် ပြုလုပ်ခဲ့ပြီး အရပ်သား ၁၀၈ ဦးသေဆုံးခဲ့တယ်လို့ ချင်းလူ့အခွင့်ရေးအဖွဲ့ (CHRO) က အောက်တိုဘာ ၂၉ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

 

သေဆုံးသူတွေထဲမှာ ကလေးငယ် ၂၉ဦး ပါ၀င်ပြီး ကလေး ၂၁ ဦး အပါအ၀င် ၂၃၁ ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။ 

 

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီကနေ ၂၀၂၄ စက်တင်ဘာလအထိစစ်ကောင်စီက ချင်းပြည်နယ်ကို လေကြောင်းကနေ  ဗုံး ၁၂၃၉ လုံး အနည်းဆုံး ကြဲချခဲ့တယ်လို့ CHRO က ထုတ်ပြန်ပါတယ်။ 

 

လေကြောင်းတိုက်ခိုက်မှုကြောင့် အဆောက်အအုံ ၄၇၀ ပျက်စီးခဲ့ပြီး စာသင်ကျောင်း ၂၂ ကျောင်း၊ ခရစ်ယာန် ဘုရားကျောင်း ၂၁ ခု၊ ဘုန်းကြီးကျောင်း ငါးကျောင်းနဲ့ ကျန်းမာရေး အဆောက်အအုံ ခြောက်ခု ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ 

 

အောက်တိုဘာ ၂၉ ရက်နေ့ ည‌ပိုင်းမှာ စစ်ကောင်စီတပ်က မတူပီမြို့က တပ်ရင်း ၁၄၀ အနီးကို လေကြောင်းကနေ ဗုံးကြဲချခဲ့ပြီး ထိခိုက်မှု မသေးစိတ်ကိုတော့ မသိရှိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။ 

 

အောက်တိုဘာလ ရက်နေ့မှာ ဖလမ်းမြို့နယ်၊ လိမ်ဆိန် (Relsing) ရွာက စာသင်ကျောင်းနဲ့ ဘောလုံးကွင်းအနီးကို စစ်ကောင်စီတပ်က ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ကလေး သုံးဦး ဒဏ်ရာရခဲ့ပါတယ်။ 

 

========================

 

📌📌 ၃။ ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့များစုပေါင်းပြီး ပျက်စီးနေတဲ့လမ်းများကို ပြန်လည်ပြုပြင်။

 

ချင်းပြည်နယ်၊ကန်ပက်လက်မြို့နယ်နဲ့ မကွေးတိုင်း၊ဆောမြို့နယ်ကြားရှိ ပျက်စီးသွားတဲ့ ကတ္တရာလမ်းတွေကို ကန်ပက်လက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ၊ ကန်ပက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့က စုပေါင်းပြီး ပြန်လည်ပြုပြင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

 

အဆိုပါ ဆော-ကန်ပက်လက်ကြားကတ္တရာလမ်းဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမိုးသည်း ထန်စွာရွာသွန်းမှုကြောင့် နေရာ ခုအထိပျက် စီးသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။

 

အောက်တိုဘာလအတွင်း မုန်တိုင်းအရှိန်ကြောင့် နေရာအနှံ့မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ချင်းပြည်အားလုံးက ကားလမ်းများ ပျက်စီးခဲ့ပါတယ်။ 

 

ထို့အတူ ကန်ပက်လက်မြို့နယ်မှာလည်း ကားလမ်းများပျက်စီးခဲ့ပြီး ကားများသွားလာရေးခက်ခဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

 

ကန်ပက်လက်မြို့နယ်မှာ ဒေသတချို့က ကားလမ်းများပြင်ဆင်နေပြီး ဒိုင်ရ်ဒေသပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဒိုင်ရ်ဒေသရှိကားလမ်းများကိုလည်း စတင်ပြင်ဆင်နေပြီလို့ ဒိုင်ရ်ဒေသပြည်သူအုပ်ချုပ်ရေးအဖွဲ့က ဆိုပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment