20th Dec 2024 - Morning Daily News by Radio NUG

 


၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီနှင့် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ သပိတ်အင်အားစု Bright Future အဖွဲ့တွေ့ဆုံမှု တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သပိတ်ဘက်က တိုက်တွန်းခဲ့

📌၂။ မိုးကုတ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ (၃၀၀) ဦးကို PSLF/TNLA က ဖမ်းဆီးထိန်းသိမ်းခဲ့

📌၃။ မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ၊ ငွေညှစ်ခံရပြီးနောက် သတ်ဖြတ်ခံရကာ အလောင်းစွန့်ပစ်ခံရ

📌၄။ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူလူထုကို သရက်ခရိုင် အမှတ် () တပ်ရင်းက ထောက်ပံ့ကူညီ

📌၅။ နယူးဇီလန်  တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေသော တရုတ်အစိုးရကို ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြနေစဉ် တရုတ်သံရုံး လုံခြုံရေးများနှင့် မြန်မာ့အရေး ဆန္ဒပြသူများ အချင်းများ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ KNDF တပ်ရင်း (၁၇) မှ ကျဆုံးခဲ့တဲ့ သူရဲကောင်း ဦး အတွက် အောက်မေ့ဘွယ်ရာ ဆုတောင်းပွဲ ပြုလုပ်

🚩 ၂။  မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ သရက်ကန် ပျူရွာက ထွက်လာတဲ့ပျူစောထီး ဦးကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်

🚩 ၃။ လဝါးကျေးရွာက KIA ဂိတ်စခန်းကို ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်မှုကြောင့် KIA တပ်သား ဦး သေဆုံး

🚩 ၄။ မောင်တောမှာ စစ်ကောင်စီ ရေတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေး ဦး ဒဏ်ရာရ

🚩 ၅။ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှုကြောင့် သံဃာတော် ပါး ထိခိုက်ဒဏ်ရာရ

🚩 ၆။ မကွေးလေတပ်က Y-12 ()စီးနဲ့ ကနီမြို့နယ်၊ ကျောက်လှေကားရွာအနီး ()ကြိမ် လေကြောင်းတိုက်ခိုက်

🚩 ၇။ စလင်း-ဆင်ဖြူကျွန်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းအား ယာယီ အသုံးပြုခွင့်ပိတ်

🚩 ၈။ ကယား(ကရင်နီ)စစ်ဒေသခွဲ၊အမှတ် (၁၁၀၉) တပ်ရင်း၊ အပတ်စဉ် ()အခြေခံ စစ်သင်တန်းအတွက် သင်တန်းသား ခေါ်ယူ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။



========================




📌📌၁။ ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီနှင့် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ သပိတ်အင်အားစု Bright Future အဖွဲ့တွေ့ဆုံမှု တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သပိတ်ဘက်က တိုက်တွန်းခဲ့


ဒီဇင်ဘာ ၁၉ရက်

Radio NUG

ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီနှင့် နွေဦးတော်လှန်ရေး တက်ကြွလှုပ်ရှားသူ သပိတ်အင်အားစု Bright Future အဖွဲ့တွေ့ဆုံမှု

တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ရန် သပိတ်ဘက်က တိုက်တွန်းခဲ့တယ်လို့ ထိုင်းလွှတ်တော် သတင်းစဥ်က သတင်းထုတ်ပြန် ဖော်ပြပါတယ်။


 ဒီဇင်ဘာလ ၁၉ ရက်နေ့ နေ့လယ် နာရီတွင် ထိုင်းလွှတ်တော်အလုပ်သမားရေးကော်မတီ ဒုဥက္ကဋ္ဌ Sia Jampathong နှင့် ကော်မတီတာ၀န်ရှိသူများနှင့် Suraj Giri ဦးဆောင်သော Bright Future အဖွဲ့တို့ တွေ့ဆုံ၍ ယခုထိုင်းအစိုးရမှ ဖွင့်လှစ်ပေးမည့် ဘတ်နှင့်ပတ်သက်၍ ကြားနာပွဲတစ်ခုကို ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


ယင်းသို့ တွေ့ဆုံဆွေးနွေးရာတွင် ထိုင်းနိုင်ငံသို့ တရားမ၀င် ရောက်ရှိနေသည် မြန်မာပြည်သားများအား တရား၀င် နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့်အတွက် ထိုင်းနိုင်ငံအစိုးရမှ ဒီဇင်ဘာ ၁၆ ရက်နေ့တွင် စတင်ခွင့်ပြုပေးလိုက်သည့် တရား၀င်နေထိုင်ခွင့် အလုပ်လုပ်ကိုင်ခွင့် ဘတ် အသစ်ဖွင့်လှစ်ပေးလိုက်ခြင်းအပေါ် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။


ထိုလူသစ်ဘတ်များ ခွင့်ပြုပေးရာတွင် ယခင်နှစ်များကကဲ့သို့ စစ်ကောင်စီ၏ လူ၀န်မှုကြီးကြပ်ရေး ဌာန (လ၀က) မှ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံအထောက်အထား (CI) ထပ်မံကိုင်ဆောင် လျောက်ထားစရာမလိုပဲ ထိုင်းနိုင်ငံမှ ရွေ့ပြောင်းလုပ်သားများအတွက် သီးသန့် ထုတ်ပေးသော ID (Pink Card) တမျိုးတည်းဖြင့် နေထိုင်ခွင့် သွားလာခွင့်အတွက် အလုပ်လုပ်ကိုင်ခွင့် ပြုပေးပါရန်အတွက် ထိုင်းလွှတ်တော်အလုပ်သမားရေးရာ ကော်မတီမှ တာ၀န်ရှိသူများအား အကြံပြုခဲ့ကြပါတယ်။


ထို့ပြင် ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားများ အရေးအပြင် မြန်မာစစ်အာဏာသိမ်းမှုအပီး နိုင်ငံရေးအရ ရွေ့ပြောင်းလာသူများ အရေးကိစ္စများနှင့် စပ်လျှင်း၍ အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မည် ဆိုပါက ပြသနာများအား လက်တွေ့ကျကျ ထိရောက်စွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်ဟု Bright Future အဖွဲ့မှ တာ၀န်ရှိသူ ခေါင်းဆောင်တစ်ဦးမှ ယနေ့ လွှတ်တော်တွေ့ဆုံကြားနာပွဲနှင့် ပတ်သက်၍ ဖြေကြားခဲ့ပါတယ်။


ယနေ့တွေ့ဆုံပွဲသို့ Bright Future မှတာ၀န်ရှိသူများ ထိုင်းလွှတ်တော် အလုပ်သမားရေးရာကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါတယ်။


========================


📌📌၂။ မိုးကုတ်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ (၃၀၀) ဦးကို PSLF/TNLA က ဖမ်းဆီးထိန်းသိမ်းခဲ့


ဒီဇင်ဘာ ၁၉ ရက်၊ 

Radio NUG


မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်၊ TNLA တပ်မဟာ () ထိန်းချုပ်နယ်မြေမှာ PSLF/TNLA တရားဥပဒေ စိုးမိုးရေး တပ်ဖွဲ့ (မိုးကုတ်) က မူးယစ်ဆေးဝါး ရောင်းဝယ်/သုံးစွဲသူ ၃၀၀ ဦးကို ဖမ်းဆီးထိန်းသိမ်း နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။


၂၀၂၄၊ ဇူလိုင်လမှ ဒီဇင်ဘာလ ၁၉ ရက်နေ့ အတွင်း မိုးကုတ် မြို့နယ်မှာ မူးယစ်ဆေးဝါး တားဆီးတိုက်ဖျက်‌ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရောင်းဝယ်သုံးစွဲသူ အများအပြား ဖမ်းဆီးရမိခဲ့တယ်လို့ ဆိုပါတယ်။


ထိုအထဲမှာ ယခင် စစ်ကောင်စီ ထိန်းချုပ်တဲ့အချိန်က ညီနောင်မဟာမိတ်များရဲ့ သတင်းအချက်အလက်များ ရယူ ပေးပို့ရန် မူးယစ်ဆေးဝါးများပေးပြီး ရောင်းဝယ်သုံးစွဲခွင့် ပြုထားသူများလည်း ပါဝင်တယ်လို့ သိရပါတယ်။


ဖမ်းဆီးရမိထားတဲ့ မူးယစ်ဆေးဝါး သုံးစွဲသူများအား အကျင့်စာရိတ္တ ပြုပြင်ရေး ကျောင်းကို ပို့ဆောင်ကာ တိတိ အကျင့်စာရိတ္တ ပြုပြင်ပေးသွားမှာဖြစ်တယ်လို့ ဆိုပါတယ်။


ရောင်းဝယ်သူများကိုတော့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌၃။ မန္တလေးမှာ လူငယ်ဆရာဝန်တစ်ဦး ပြန်ပေးဆွဲ၊ ငွေညှစ်ခံရပြီးနောက် သတ်ဖြတ်ခံရကာ အလောင်းစွန့်ပစ်ခံရ


ဒီဇင်ဘာ ၁၉ 

Radio NUG 


ဒီဇင်ဘာလ ၁၇ရက်နေ့ မနက်ပိုင်းတွင် မန္တလေးမြို့မှာ နေထိုင်တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် လူငယ်ဆရာဝန်တစ်ဦး နေအိမ်ကနေ ဆေးရုံကို အသွားတွင် မီနီအိုးဝေနဲ့ ပြန်ပေးဆွဲ ဖမ်းခေါ်ခံရပြီး ငွေကျပ်သိန်း ၃၀၀၀ တောင်းလို့ ငွေလွှဲပေးခဲ့ပေမယ့် ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၄နာရီခန့်တွင် (မန္တလေး - ကန်တော်ကြီး) ကန်ပတ်လမ်းဘက်မှာ စွန့်ပစ်ထားတဲ့ ဆရာဝန်ရဲ့ အလောင်းကို ပြန်တွေ့ရတယ်လို့ သိရပါတယ်။


သေဆုံးသူ လူငယ် ဆရာဝန်ဟာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်ထဲက နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ လုပ်ကိုင်နေတဲ့ OG (သားဖွား) ဆရာဝန်တစ်ဦး ဖြစ်တယ်လို့ သိရပါတယ်။


စစ်အာဏာသိမ်းပြီးနောက် မန္တလေးမှာ စစ်အုပ်စုနဲ့ ပျူစောထီးတွေ ကြီးစိုး သောင်းကျန်းနေပြီး လူငယ်လူရွယ်တွေကို ပြန်ပေးဆွဲ ငွေညှစ်တာ၊ ပေါ်တာဆွဲ စစ်သားသစ် စုဆောင်းတာတွေ လုပ်နေသလို ပြီးခဲ့တဲ့လတွေအတွင်း စစ်အုပ်စု လက်အောက်ခံ သွေးသောက်အဖွဲ့တွေက စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကို ဖမ်းဆီးပြန်ပေးဆွဲ သတ်ဖြတ်တာတွေ ကျူးလွန်ခဲ့ပါတယ်။


========================


📌📌၄။ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ပြည်သူလူထုကို သရက်ခရိုင် အမှတ် () တပ်ရင်းက ထောက်ပံ့ကူညီ


ဒီဇင်ဘာ ၁၉ ရက်၊ 

Radio NUG


နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ မကွေးတိုင်း၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်၊ ရွာသစ်ကျေးရွာက ဒေသခံ ပြည်သူ လူထုထံကို လတ်တလော လိုအပ်နေတဲ့ စားနပ်ရိက္ခာနဲ့ လိုအပ်တာ သုံးနိုင်ဖို့ သရက်ခရိုင် အမှတ် () တပ်ရင်းက ထောက်ပံ့ကူညီခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ရက်နေ့မှာ စစ်ကောင်စီတပ်က မင်းတုန်းမြို့နယ် ရွာသစ်ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့တာကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံ ပြည်သူတွေကိုပြည်သူမှ ပြည်သူ့ထံသို့ ဆိုတဲ့ အတိုင်း သွားရောက်ထောက်ပံ့ခဲ့တာလို့ ဆိုပါတယ်။


သရက်ခရိုင် အမှတ် () တပ်ရင်းထံကို ပြည်သူများက ထောက်ပံ့ထားတဲ့ ငွေများထဲမှ ကျပ်သိန်းတစ်ရာ့နှစ်ဆယ်ကို စားနပ်ရိက္ခာနဲ့ လတ်တလော လိုအပ်သည်များ သုံးစွဲနိုင်ရန် သွားရောက်ကူညီ ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။


ကျန်ရှိနေသေးတဲ့ နေရပ်စွန့်ခွာ စစ်ဘေးရှောင် ပြည်သူလူထုများအတွက် လိုအပ်တဲ့ အကူအညီများ ဆက်လက် ပံ့ပိုးနိုင်ဖို့ တော်လှန်ပြည်သူ တရပ်လုံးက ပူးပေါင်းပါဝင်ကူညီပေးကြဖို့ကို သရက်ခရိုင် အမှတ် () တပ်ရင်းက မေတ္တာရပ်ခံ ထားပါတယ်။


========================


📌📌၅။ နယူးဇီလန်  တရုတ်သံရုံးရှေ့တွင် မြန်မာ့အရေး ဝင်ရောက်စွက်ဖက်နေသော တရုတ်အစိုးရကို ပြည်ပရောက် မြန်မာများက ကန့်ကွက်ဆန္ဒပြနေစဉ် တရုတ်သံရုံး လုံခြုံရေးများနှင့် မြန်မာ့အရေး ဆန္ဒပြသူများ အချင်းများ


ဒီဇင်ဘာ ၁၉ 

Radio NUG 


ဒီဇင်ဘာလ ၁၉ရက်နေ့ ဒေသစံတော်ချိန် မွန်းလွဲ နာရီတွင် နယူးဇီလန်ရောက် မြန်မာ့အရေးလှုပ်ရှားသူများက အောက်ကလန်မြို့၊ တရုတ်ကောင်စစ်ဝန်ရုံးရှေ့တွင် ပိတ်ဆို့ကန့်ကွက်ဆန္ဒပြကြရာတွင် နယူးဇီလန်ရဲတပ်ဖွဲ့ထံ ကြိုတင်အကြောင်းကြားခြင်း မပြုဘဲ ဆန္ဒပြကြခြင်းကြောင့် မြန်မာ့အရေး လှုပ်ရှားသော ဆန္ဒပြသူများနှင့် တရုတ်ကောင်စစ်ဝန်ရုံး လုံခြုံရေးအစောင့်များအကြား အချင်းများ ပြဿနာတက်ခဲ့တယ်လို့ သိရပါတယ်။


နယူးဇီလန် သံတမန်လုံခြုံရေးတပ်ဖွဲ့(  Diplomatic Squad) မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး ညှိနှိုင်းပေးကြသဖြင့် တရုတ် သံရုံးအပေါက်ရှေ့မှ စွန့်ခွာပြီး ဆန္ဒပြခြင်း၊ ကြွေးကြော်ခြင်းများ ပြုလုပ်ခဲ့ကာ ဆန္ဒပြပွဲကို ဒေသစံတော်ချိန် မွန်းလွဲ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။


တရုတ်သံရုံးအတွင်းမှ ဆန္ဒပြသူများကို ဓာတ်ပုံရိုက်ယူခြင်း၊ ဗီဒီယိုမှတ်တမ်းတင်ခြင်းများ ပြုလုပ်ခဲ့ပြီး ဆန္ဒပြပွဲသို့ ABSDF တပ်ဖွဲ့ဝင်ဟောင်းအချို့၊ နယူးဇီလန်တွင် ပညာသင်ကြားနေသော GZ လူငယ်များနှင့် မြန်မာ့အရေးလှုပ်ရှားသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================

========================




🚩🚩 ၁။ KNDF တပ်ရင်း (၁၇) မှ ကျဆုံးခဲ့တဲ့ သူရဲကောင်း ဦး အတွက် အောက်မေ့ဘွယ်ရာ ဆုတောင်းပွဲ ပြုလုပ်


ဒီဇင်ဘာ ၁၉ ရက်၊ 

Radio NUG


ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း အမှတ် (၁၇) က ၂၀၂၂ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကျဆုံးခဲ့ရတဲ့ သူရဲကောင်း ဦးအတွက် အောက်မေ့ဘွယ်ရာ ဆုတောင်းခြင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ သတင်းထုတ်ပြန် ထားပါတယ်။


ကရင်နီပြည်၊ ရှားတော မြို့နယ်၊ တနေရာမှာ အာဏာသိမ်း စစ်ကောင်စီတပ်ကို တော်လှန် တိုက်ခိုက်ရင်း ၂၀၂၂၊ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ကရင်နီအမျိုသားများ ကာကွယ်ရေးတပ် (KNDF) တပ်ရင်း အမှတ် (၁၇) မှ ရဲဘော် ဦး ကျဆုံးခဲ့ပါတယ်။


အဆိုပါ ရဲဘော် ဦးကို သတိရ လွမ်းဆွတ်တဲ့ အနေနဲ့ ကျဆုံးခြင်း () နှစ်ပြည့် အခမ်းအနားကို ရှားတောမြို့နယ် တနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး တပ်ရင်း အမှတ် (၁၇) မှ တပ်ဗိုလ် တပ်မှူးများ၊ သက်ဆိုင်ရာ လူကြီးမင်းများနဲ့ မိဘပြည်သူများ တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။


ကျဆုံးခဲ့ရသော တပ်ဖွဲ့ဝင် ဦးကို လေးနက်စွာ အလေးနီပြုပြီး ကရင်နီ အမျိုးသား အာဇာနည် သူရဲကောင်းများ အဖြစ် KNDF အမှတ် (၁၇) တပ်ရင်း မှ အစဥ်အမြဲ သမိုင်းမှတ်တမ်းတင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။


========================


🚩🚩 ၂။  မြိုင်မြို့နယ်မှာ အကြမ်းဖက်စစ်တပ် လက်ပါးစေ သရက်ကန် ပျူရွာက ထွက်လာတဲ့ပျူစောထီး ဦးကို တော်လှန်ရေး ပူးပေါင်းအဖွဲ့က ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်


ဒီဇင်ဘာ ၁၉ 

Radio NUG 


ဒီဇင်ဘာ ၁၈ ရက်၊ မနက် နာရီအချိန်မှာ ရွာအတွင်းကနေ ရွာအပြင် ပေ ၂၀၀ ခန့်အထိ ထွက်လာတဲ့ မြိုင်မြို့နယ်၊ နှစ်ဆီကန်ကျေးရွာအုပ်စု၊ အကြမ်းဖက်စစ်တပ် လက်ပါးစေ သရက်ကန်ပျူရွာက သေနတ်ကိုယ်စီနဲ့ ထွက်လာတဲ့ ပျူစောထီး ဦးကို တော်လှန်ရေး ပူးပေါင်း တပ်က ဝိုင်းဝန်းပစ်ခတ်ခဲ့တယ်လို့ အညာမြေတပ်ပေါင်းစုမှ သတင်းထုတ်ပြန်ထားပါတယ်။


ပခုက္ကူမြို့ နယ်နဲ့ မြိုင်မြို့မှာ အကြမ်းဖက်စစ်ကြောင်းက ထိုးစစ်ဆင်နေပြီး ဝါးကျွန်းတွင်းကျေးရွာ၊ ရွာသာအေးကျေးရွာတွေကို မီးတင်ရှို့ခဲ့ဝာကြောင့် အိမ် ၁၀၀ ကျော်ခန့် မီးလောင်ပျက်စီးခဲ့ကာ မြေပဲဆုံများ၊ မြေပဲများ နဲ့ အဖိုးတန်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး ရွာသား ဦး သတ်ဖြတ်ခံလိုက်ရတယ်လို့ သိရပါတယ်။


ပစ်ခတ်မှုဖြစ်စဥ် နာရီကြာခဲ့ပြီး၊ အကြမ်းဖက်စစ်တပ် လက်ပါးစေ ပျူစောထီး ဦးထဲက ဦးမှာ ကျည်ထိသွားခဲ့ကာ၊ ကျည်ထိတဲ့ လူနာကို သယ်ကာ ရွာထဲသို့ ပြန်ဝင်သွားတယ်လို့ သိရပါတယ်။


အဆိုပါတိုက်ခိုက်မှုကို အညာမြေတပ်ပေါင်းစု၊ မုန်တိုင်း ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့၊ မြိုင်တပ်ခွဲ () စင်္ကြာ၊ မြိုင်တပ်ခွဲ () ဂဠုန်၊ နွေဦးညီနောင်တပ်ဖွဲ့၊ ဒေါင်းမာန်တပ်ဖွဲ့၊ ဒေါင်းညီနောင်တပ်ဖွဲ့၊ မြိုင် ရာဇာတပ်ဖွဲ့၊ Union Brother တပ်ဖွဲ့   God Of Myaing တပ်ဖွဲ့တို့က ပူးပေါင်းခဲ့ကြတာလို့ ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ၃။ လဝါးကျေးရွာက KIA ဂိတ်စခန်းကို ပြည်သူ့စစ်အဖွဲ့တိုက်ခိုက်မှုကြောင့် KIA တပ်သား ဦး သေဆုံး


ဒီဇင်ဘာ ၁၉ 

Radio NUG 


ဒီဇင်ဘာလ ၁၇ ရက်နေ့ မနက်ပိုင်း နာရီဝန်းကျင်တွင် ကချင်ပြည်နယ် တနိုင်း-လီဒို လမ်းမပေါ်ရှိ  လဝါးကျေးရွာမှာ အထိုင်ချထားတဲ့ KIA ဂိတ်စခန်းတစ်ခုကို ရှဒူးဇွပ်ကျေးရွာဘက်ကနေ ကား စီးနဲ့ ဆင်းလာတဲ့ မင်းဇေသန့် ဦးဆောင် ပြည်သူ့စစ်အဖွဲ့တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် KIA ဘက်က ဦး  သေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့  KNGမှာ ဖော်ပြထားပါတယ်။


ကား စီးထဲမှာ စစ်အင်အား ၁၀ ဦးခန့်နဲ့ လာရောက်ပစ်ခတ်သွားတယ်လို့ သိရပါတယ်။


လဝါးကျေးရွာက KIA ဂိတ်စခန်းတိုက်ခိုက်ခံရတဲ့ သတင်းက မှန်ကန်ပေမယ့် ပစ်ခတ်ခံရမှု အသေးစိတ်မသိရသေးဘူးလို့ KIO သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောဆိုထားပါတယ်။


၂၀၂၃ ခုနှစ် ဇူလိုင်လ ရက်နေ့မှာ ပြည်သူ့စစ်ခေါင်းဆောင် မင်းဇေသန့် နေထိုင်တဲ့ ရှဒူးဇွပ်ကျေးရွာက နေအိမ်ကိုလည်း KIA တပ်တွေ သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် KIA ဘက်က ဦးထက်မနည်း အသက်သေဆုံးမှု ရှိခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ မောင်တောမှာ စစ်ကောင်စီ ရေတပ်က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေး ဦး ဒဏ်ရာရ


ဒီဇင်ဘာ ၁၉ ရက်၊ 

Radio NUG


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မှာ စစ်ကောင်စီရေတပ် (NAVY) က ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် ကလေး ဦး ထိခိုက်ဒဏ်ရာရ ခဲ့တယ်လို့ ရခိုင်အခြေစိုက် APM သတင်းဌာနက ဖော်ပြထားပါတယ်။


ဒီဇင်ဘာလ ၁၈ ရက်နေ့ ညနေ နာရီခွဲ အချိန်တွင် ကျောက်ပန္ဒူ နားမှာ ရှိတဲ့ စစ်ကောင်စီ စစ်သင်္ဘော တစီးက အနီးနား ရွာတွေကို လက်နက်ကြီး တရစပ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။


ထိုသို့ ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲမှုကြောင့် မောင်တောမြို့နယ်၊ ဥဒေါင်းရွာက အသက် ၁၃ နှစ် အရွယ် မောင်ဇော်လင်းဟိန်းနဲ့ အသက် ၁၄ နှစ်အရွယ် အောင်အောင်လင်းဟိန်းတို့နှစ်ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။


လက်နက်ကြီး ထိမှန်ခဲ့တာကြောင့် ကလေးငယ် နှစ်ဦးရဲ့ ခန္ခာကိုယ်အနှံ့မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့ကလည်း ၎င်းစစ်ကောင်စီ စစ်သင်္ဘောက ပစ်ခတ်ခဲ့တဲ့ လက်နက်ကြီးကျည်ကြောင့် မောင်တောမြို့နယ် ရွှီဇားရွာက နေအိမ်တချို့ မီးလောင်ပျက်စီး ခဲ့ရပါသေးတယ်။


========================


🚩🚩 ၅။ ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်မှုကြောင့် သံဃာတော် ပါး ထိခိုက်ဒဏ်ရာရ


ဒီဇင်ဘာ ၁၉ 

Radio NUG 


ပုသိမ်ကြီးမြို့နယ်၊ မြကံသာရွာနှင့် ထန်းပင်ကုန်းရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး၊ လေယာဉ်တို့ဖြင့် တိုက်ခိုက်ခြင်းကြောင့် သံဃာတော် ပါး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Voice Of Mandalay အဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် နာရီ ခန့်တွင် မြကံ‌သာကျေးရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီး လုံးဖြင့် ပစ်ခတ်ခဲ့ရာ သံဃာတော် ပါး လက်နက်ကြီး ကျည်စ ထိမှန်ကာ ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်း အဆောက်အဦးနှင့် ကား စီးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရပါတယ်။


အလားတူ နံနက် နာရီခန့်တွင် ထန်းပင်ကုန်းကျေးရွာကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ပြည်သူများ ထိခိုက်မှု အခြေအနေနှင့် ရွာထဲ ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးဘူးလို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ မကွေးလေတပ်က Y-12 ()စီးနဲ့ ကနီမြို့နယ်၊ ကျောက်လှေကားရွာအနီး ()ကြိမ် လေကြောင်းတိုက်ခိုက်


ဒီဇင်ဘာ၁၉ရက်

Radio NUG

ဒီဇင်ဘာ ၁၈ရက် မကွေးလေတပ် တက် Y-12 ()စီးနှင့် ကနီမြို့နယ်၊ ကျောက်လှေကားရွာအနီး (မင်းကင်းမြို့နယ်အစပ်)တွင် ()ကြိမ် ဗုံးသီးအလုံးရေ (၇၀)ခန့် လေကြောင်းတိုက်ခိုက်ခဲ့တယ်"လို့ ကနီ ပကဖ မှ သတင်းထုတ်ပြန်ပါတယ်။


အဆိုပါ တိုက်ခိုက်မှုကြောင့် နေအိမ် (၁၃)လုံး နှင့် နွား () ကောင် သေဆုံးခဲ့ရပြီး မလိုအပ်ဘဲ လူစုလူဝေး ပွဲလမ်းသဘင်ကျင်းပခြင်းများ ဆင်ခြင်ကြရန် တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၇။ စလင်း-ဆင်ဖြူကျွန်း-တညောင်-ဆိပ်ဖြူ လမ်းပိုင်းအား ယာယီ အသုံးပြုခွင့်ပိတ်


ဒီဇင်ဘာ ၁၉ ရက်၊ 

Radio NUG


မကွေးတိုင်း၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်က စလင်း - ဆင်ဖြူကျွန်း - တညောင် - ဆိပ်ဖြူ ကတ္တရာလမ်းပိုင်းအား ယာယီ အသုံးပြုခွင့် ပိတ်ထားတယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (စလင်း) က အသိပေး ထုတ်ပြန်ထားပါတယ်။


ဒီဇင်ဘာ ၁၁ ရက်နေ့ စတင်ပြီး စစ်ကောင်စီရဲ့ ကပစ ၂၁၊ ချောက်၊ ဆိပ်ဖြူ၊ ပခုက္ကူ တပ်မ ၁၀၁ စတဲ့ တပ်တွေက အင်အား ၂၀၀ ဝန်းကျင် စုဖွဲ့ပြီး တညောင်တိုက်နယ်ထဲက ကျေးရွာများကို စစ်ကြောင်းထိုးလာရာ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။


စစ်ကောင်စီတပ်က ဆင်ဖြူကျွန်း-တညောင် လမ်းပိုင်းကြား ကျေးရွာများကို လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်နေတာ တပတ်ခန့် ရှိနေပြီး အရပ်သား ပြည်သူ ဦး ထိခိုက်သေဆုံးခဲ့ကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။


ဒီဇင်လာ ၁၉ ရက်နေ့ မနက်မှာလဲ ဆင်ဖြူကျွန်း - တညောင် လမ်းပိုင်းကြားက ကျေးရွာများကို စစ်ကောင်စီက ဝင်ရောက်ရှာဖွေ ပစ္စည်းများ သိမ်းယူနေရာ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များနှင့် အချိန်မရွေး ထိတွေ့ တိုက်ပွဲများ ဖြစ်ပွာနိုင်တာကြောင့် အဆိုပါ လမ်းပိုင်းကို ယာယီအသုံးမပြုကြဖို့ကို မေတ္တာရပ်ခံ တိုက်တွန်းထားပါတယ်။


လမ်းပိုင်း ပြန်လည် အသုံးပြုရမယ့် အချိန်ကို အချိန်နှင့်တပြေးညီ ပြန်လည်ထုတ်ပြန် သွားမှာဖြစ်ပြီး အရေးပေါ် ဖြတ်သန်းသွားလာဖို့ လိုအပ်ပါက (09952666557) ကို ဆက်သွယ်မေးမြန်း နိုင်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၈။ ကယား(ကရင်နီ)စစ်ဒေသခွဲ၊အမှတ် (၁၁၀၉) တပ်ရင်း၊ အပတ်စဉ် ()အခြေခံ စစ်သင်တန်းအတွက် သင်တန်းသား ခေါ်ယူ


ဒီဇင်ဘာ၁၉ရက်

Radio NUG

အလယ်ပိုင်းတိုင်း စစ်ဒေသ၊ ကယား(ကရင်နီ)စစ်ဒေသခွဲ၊ အမှတ် (၁၁၀၉)တပ်ရင်း၊အပတ်စဉ် () အခြေခံ စစ်သင်တန်းအတွက် သင်တန်းသားခေါ်ယူနေကြောင်း Phoenix Battalionက အသိပေးဖော်ပြပါတယ်။


"ကျွန်တော်တို့ တန်ဖိုးရှိလှတဲ့ လူငယ်အရည်အချင်းတွေကို စစ်ကျွန်စနစ်အောက်မှာ ဆုံးရှုံးခံရင်း စစ်ကောင်စီရဲ့ အတင်းအဓမ္မ စစ်မှုထမ်းစုဆောင်းခြင်းကြောင့် ဘဝနဲ့ အသက်ပေးဆပ်ရပြီး အနိုင်ကျင့်ဖိနှိပ်ခံမည့်အစား လူငယ်ပီပီ မကောင်းမှု နဲ့ မမျှတမှုတွေကို ရဲရဲဝံ့ဝံ့တာ်လှန်ဖို့အတွက် အသစ်သော ဖီးနစ်စစ်သည် သူရဲကောင်းများကို ကျွန်တော်တို့ P3-1109 Phoenix Battalion မှ ထပ်မံခေါ်ယူနေပြီဖြစ်ပါတယ်"လို့ ဆိုပါတယ်။


အသေးစိတ်သိရှိရန်နှင့် ဖောင်ဖြည့်တင်းလိုပါက တပ်ရင်းPageများဖြစ်သော P3-1109 Phoenix Battalion နှင့် Phoenix Fundraising P3-1109   တို့တွင် တိုက်ရိုက်ဆက်သွယ်နိုင်တယ်လို့သိရပါတယ်။


လျှောက်လွှာများကို ဒီဇင်ဘာ၂၀ရက်မှ၃၁ရက်နေ့အထိ နောက်ဆုံးထားပြီး ဖြည့်သွင်းနိုင်ပါတယ်လို့ဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment