21st Dec 2024 - Evening Daily News by Radio NUG

 

၂၀၂၄ ဒီဇင်ဘာလ ၂၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။⁨⁨ KIO သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့မှာ မြို့တော်ဝန်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေ

📌 ⁨⁨⁨⁨၂။ တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၂ဦးနဲ့ ရဲနှစ်ဦး CDF ထံ အလင်းဝင် 

📌 ⁨⁨⁨⁨⁨၃။ အုတ်ဖိုမြို့နယ် ခမရ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်

📌 ⁨⁨⁨⁨⁨၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီအမှတ် တပ်ရင်းက တပ်သားသစ်ခေါ်ယူ


၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨⁨⁨ ဂွမြို့ရဲ့ သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ရရှိထားပြီလို့ ရခိုင့်တပ်တော် ဆို   

🚩၂။ တိုက်ပွဲပြင်းထန်နေချိန် လေကြောင်းကနေ စစ်ကူအင်အားဖြည့်တင်းခဲ့ပေမယ့် နပခ ဌာနချုပ်ကို သိမ်းနိုင်ခဲ့ဟု AA ပြော

🚩၃။ မတ္တရာနယ် ထန်းပင်ကုန်းရွာကို  တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်းနဲ့ လက်နက်တွေ ရရှိခဲ့တယ်လို့ မန္တလေး PDF ပြော

🚩 ၄။ပေါင်းတည်ကနေ နတ်တလင်းဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံး

🚩၅။ တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း တိုက်ပွဲ ၃ဝ ကျော်ဖြစ်ခဲ့ပြီး စစ်သား ၃ဝ နီးပါးသေဆုံကာ လက်နက်မျိုးစုံနဲခဲယမ်း များ သိမ်းဆည်းရရှိ 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။⁨⁨ KIO သိမ်းပိုက်ထားတဲ့ ပန်ဝါမြို့မှာ မြို့တော်ဝန်ထားရှိပြီး အုပ်ချုပ်ရေးယန္တရားလည်ပတ်နေ


ဒီဇင်ဘာလ ၂၁ရက်။


ကချင်ပြည်နယ် ချီဖွေမြို့နယ် ပန်ဝါမြို့ကို ကချင်လွတ်လပ်ရေးအဖွဲ့-KIO က သိမ်းပိုင်းထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တရား လည်ပတ်နေ‌ပြီလို့ KIO/KIA သတင်းပြန်ကြားရေးဌာနက မနေ့ ဒီဇင်ဘာ ၁၉ ရက်မှာ ဖော်ပြသွားပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေ အောက်တိုဘာ ၁၈ ရက်မှာ ပန်ဝါမြို့ကို သိမ်းပိုက်ခဲ့ပြီး နိုဝင်ဘာလဆန်းကစတင်ကာ KIO အစိုးရ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာဖြစ်တယ်လို့ ဆိုပါတယ်။

KIO အစိုးရ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာ အချိန် တလကျော်ကြာပြီဖြစ်ပေမယ့် ဒေသခံတွေဘက်က လိုက်နာ ကျင့်သုံးမှု အားနည်းနေသေးတဲ့အတွက် အခက်အခဲတွေရှိနေသေးတယ်လို့ ပန်ဝါမြို့တော်ဝန်တာဝန်ယူထားတဲ့ ဆလန်ကဘာ မဒိန်ဘောင်းချမ် ရဲ့ ပြောကြားချက်ကို KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

ပန်ဝါမြို့ကို အရင်က စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့် BGF နဲ့ ပြည်သူ့စစ်အဖွဲ့က အုပ်ချုပ်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေး ယန္တရားလည်ပတ်ရာမှာ ကျစ်လစ်ထိရောက်မှုမရှိခဲ့တာကြောင့် လက်ရှိအချိန်မှာ အခက်အခဲတွေနဲ့ ကြုံနေရတာလို့ အသိပေးပါတယ်။

လက်ရှိမှာ မြို့တွင်း အုပ်ချုပ်ရေး ကော်မတီအဖွဲ့၊ အမျိုးသမီးရေးရာအဖွဲ့၊ လူငယ်အဖွဲ့များဖွဲ့စည်းထားပြီးဖြစ်တယ်လို သိရပါတယ်။

ပန်ဝါမြို့မှာ KIO အစိုးရ၏ အုပ်ချုပ်ရေးယန္တရား လည်ပတ်လာတဲ့အမျှ ရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဌာန စည်ပင်ဌာန၊ ကျန်းမာရေးဌာန တွေဖွဲ့စည်းထားပြီး စည်ပင်ဌာနက မြို့တွင်း သာယာလှပရေးလုပ်ဆောင်နေသလို ကျန်းမာရေးဌာနက ပြည်သူ့ကျန်းမာရေးဆေးခန်းတွေဖွင့်လှစ်ထားပြီး ဆေးကုသပေးနေပြီလို့ သိရပါတယ်။

ပန်ဝါအပါအဝင်စစ်ကောင်စီ လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း ဦးဆောင်တဲ့ ကချင်အထူးဒေသ တခုလုံးကို KIA နဲ့ ပူးပေါင်းတပ်တွေတိုက်ခိုက်သိမ်းပိုက်ပြီးနောက် နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကချင်အထူးဒေသ- ဆိုတဲ့သတ်မှတ်ချက်ကို ပယ်ဖျက်ကြောင်း KIO/KIA ကြေညာခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨၂။ တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား၂ဦးနဲ့ ရဲနှစ်ဦး CDF ထံ အလင်းဝင် 


ဒီဇင်ဘာလ ၂၁ရက်။

 

ချင်းပြည်နယ် တီးတိန်မြို့မှာ စစ်ကောင်စီလက်အောက်ခံ စစ်သား ဦးနဲ့ ရဲ၂ဦး အလင်းဝင်လာတယ်လို့ CDF CDM SIYIN က ဒီနေ့ ဒီဇင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

တီးတိန်မြို့မှာတာဝန်ကျနေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၂ဦးနဲ့စစ်သား ၂ဦးဟာ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ သေနတ်တ လက်နဲ့ ခဲယမ်းအချို့ယူဆောင်ပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။

အလင်းဝင်လာသူတွေဟာ ဖလမ်းမြို့အခြေစိုက် ခလရ-၂၆၈ တပ်ရင်းက ၂၃ နှစ်အရွယ် စစ်ပိုင်ဖြိုးနဲ့ ၂၇ နှစ်အရွယ် ရာဇာထက်တို့ဖြစ်ပြီး တီးတိန်မြို့မရဲစခန်းက ၂၅ နှစ်အရွယ် အောင်ပြည့်ဖြိုးနဲ့ အသက် ၃၀ အရွယ် ဒါလ်းဒုံးလျန်တို့ဖြစ်တယ် လို့ အသိပေးထားပါတယ်။

လက်ရှိမှာ မိမိတို့နယ်ပြန်ချင်တဲ့သူတွေကို ပြန်ခွင့်ပြုထားသလို အချို့ကိုတော့ နောက်တန်းစခန်းမှာထားတယ်လို့ CDF CDM SIYIN စစ်ဦးစီးချုပ်က ဆိုပါတယ်။

စစ်ကောင်စီလက်အောက်က ရုန်းထွက်လိုသူတိုင်းကို CDF CDM SIYIN အနေနဲ့ လက်ခံကြိုဆိုမှာဖြစ်လို့လည်း အသိပေး ထားပါတယ်။

လက်ရှိအချိန်မှာ ချင်းပြည်နယ်အတွင်းက မင်းတပ်နဲ့ ဖလမ်းမြို့တွေမှာ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက သိမ်းတိုက်ပွဲ ဆင်နွှဲနေပြီး စစ်ကောင်စီလက်အောက်ခံတွေ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ လက်နက်ချအညံ့ခံထားတာရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၃။ အုတ်ဖိုမြို့နယ် ခမရ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်


ဒီဇင်ဘာလ ၂၁ရက်။


ပဲခူးတိုင်း အုတ်ဖိုမြို့နယ် တိမ်မြုပ်ရွာမှာရှိတဲ့ ခမရ တပ်ရင်းက စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားတယ်လို့ ဒေသတော်လှန်ရေးတပ်တွေနဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ 

တိမ်မြုပ်ရွာအခြေစိုက် ခမရ တပ်ရင်းက စစ်မှုထမ်း တပ်သားသစ် ဦးဟာ လက်နက်တွေနဲ့အတူ ဒီဇင်ဘာ ၁၇ ရက်နေ့ ညပိုင်းက ထွက်ပြေးသွားတာလို့ ဆိုပါတယ်။

ထွက်ပြေးသွားတဲ့ တပ်သားသစ် ဦးကို ဖမ်းဆီးဖို့ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က တောနင်းရှာဖွေနေပေမယ့် လက်ရှိ အချိန်အထိ ပြန်မတွေ့သေးသလို သာယာဝတီခရိုင်အတွင်းမှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီလည်း ရောက်မလာသေးဘူး လို့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ရဲဘော်ဒူးယားက ဒေသတွင်းသတင်းဌာနတွေကို အသိပေးထားပါတယ်။

အခုလို စစ်မှုထမ်းတပ်သားသစ်တွေ လက်နက်တွေနဲ့အတူ ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် ခမရ တပ်ကအရာရှိ အချို့ စစ်ဆေးအရေးယူခံရတာတွေရှိနေတယ်လို့ တပ်တွင်းသတင်းရင်းမြစ်တွေကို ကိုးကားပြီး ဒေသတွင်းသတင်းဌာန အချို့မှာ ဖော်ပြထားပါတယ်။ 

ထွက်ပြေးသွားတဲ့ တပ်သားသစ်တွေဟာ လူငယ်တွေကို အတင်းအကြပ်ပေါ်တာဆွဲတာမျိုး မလုပ်ချင်တာကြောင့် ထွက်ပြေးသွားတာဖြစ်နိုင်တယ်လို့ ဒေသတော်လှန်ရေးတပ်တွေနဲ့ သတင်းရင်းမြစ်တွေက ခန့်မှန်းပြောဆိုနေကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဧရာဝတီအမှတ် တပ်ရင်းက တပ်သားသစ်ခေါ်ယူ


ဒီဇင်ဘာလ ၂၁ရက်။


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဧရာဝတီတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ် ရေးတပ်မတော် ဧရာဝတီ အမှတ် တပ်ရင်းက တပ်သားအသစ်တွေခေါ်ယူနေတယ်လို့ အသိပေးထုတ်ပြန်လာပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေဖြစ်တဲ့ မတရားစစ်မှုထမ်း ဥပ‌ဒေထုတ်ပြီး လူဖမ်းပွဲတွေလုပ်တာတွေနဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် အသက်ဆက်နေရတဲ့ အကြမ်းဖက်စစ်ကောင်စီကို အပြုတ်တိုက်ဖို့ အသင့် ဖြစ်နေပြီလို့ ဆိုပါတယ်။

ဒါကြောင့် ဧရာဝတီရဲ့ အိမ်ပြန်ခရီးမှာ ပါဝင်အားဖြည့် တိုက်ပွဲဝင်လိုတဲ့ ရဲဘော်အသစ်တွေအတွက် အမှတ် တပ်ရင်းက တပ်ဖွဲ့ဝင် ရဲဘော်အသစ်တွေ ခေါ်ယူနေတာပဲဖြစ်ပါတယ်။

သင်တန်းသားတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တည်ဆောက်ရေးအတွက် သန္ဓိဌာန်ချထားသူဖြစ်ရမှာဖြစ်ပြီး ကာကွယ်‌ရေးဝန်ကြီးဌာန ကချမှတ်ထားတဲ့ အမိန့်၊ညွှန်ကြားချက်များ၊စည်းမျဉ်းစည်းကမ်း ဥပ‌ဒေတွေ လေးစားလိုက်နာရမယ်လို့ ဧရာဝတီ အမှတ် တပ်ရင်းက အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨⁨⁨ ဂွမြို့ရဲ့ သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ရရှိထားပြီလို့ ရခိုင့်တပ်တော် ဆို   


ဒီဇင်ဘာလ ၂၁ရက်။


ရခိုင်ပြည် ဂွမြို့မှာရှိတဲ့ ဒေသခံတပ်တွေအပြင် စစ်ကောင်စီဘက်က စစ်ကူအင်အားဖြည့်တင်းနေတာတွေရှိပေမယ့် လက်ရှိမှာ ဂွမြို့ရဲ့ သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ရရှိထားပြီလို့ ရခိုင့်တပ်တော် AA က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

အမ်းမြို့မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီး ဖမ်းဆီးရမိတဲ့ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနဲ့ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ရဲ့ ရုပ်ပုံများကို အသိပေးထုတ်ပြန်ရာမှာ အခုလို ဖော်ပြလိုက်တာဖြစ် ပါတယ်။ 

လေကြောင်းနဲ့ လက်နက်ကြီးပစ်ကူတွေအပြင် လေကြောင်းကနေ အင်အား ၄၅၀ ခန့် စစ်ကူလာချပေးနေခဲ့ကြားက နပခဌာနချုပ် (အမ်း) ကို ဒီဇင်ဘာ ၂၀ ရက် မွန်းတည့် နာရီ ၄၀ မိနစ်မှာ ရခိုင့်တပ်တော်က အပြီးသတ်သိမ်းပိုက် နိုင်ခဲ့ တာဖြစ်ပါတယ်။

လက်ရှိမှာ ဂွမြို့နယ်အတွင်းမှာရှိတဲ့ ရန်သူစစ်ကောင်စီတပ်တွေကို ရခိုင့်တပ်တော်က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက် နေ ပြီး ဂွမြို့မှာရှိတဲ့ ဒေသခံတပ်ရင်းများအပြင် စစ်ကူလာတဲ့ ရန်သူစစ်ကောင်စီရဲ့ တပ်မ-၁၁ လက်အောက်ခံ တပ်ရင်းများနဲ့ အခြားတပ်ရင်းပေါင်းများစွာတို့ကြောင့် တိုက်ပွဲတွေပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

ဒေသတွင်းသတင်းတွေအရ ရခိုင့်တပ်တော်ဟာ သံတွဲ- ဂွ ကားလမ်းပေါ်မှာရှိတဲ့ ခမရ-၅၆၃ တပ်အပါအဝင် ဂွမြို့ပေါ်မှာ ရှိတဲ့ ထွေအုပ်ရုံး၊ မီးသတ်၊ ရဲစခန်း၊ လဝကစတဲ့ ဌာနဆိုင်ရာရုံးအားလုံးကို ထိန်းချုပ်ထားနိုင်ပြီး တပ်ရင်းအတွင်းက ခုခံနေတဲ့ စစ်သုံ့ပန်း ၄၀ ကျော်ကိုလည်း လက်ရဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။

ခမရ-၅၆၃ တပ်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ စစ်ကောင်စီတပ်တွေဟာ မနီးမဝေးမှာရှိတဲ့ ခမရ ၅၆၂ တပ်ရင်းမှာ သွားရောက်ပူးပေါင်းပြီး ရခိုင့်တပ်တော်ရဲ့ ထိုးစစ်ကို ခုခံနေတယ်လို့လည်း သိရပါတယ်။

ရခိုင့်တပ်တော်အနေနဲ့ ပလက်ဝမြို့၊ ပေါက်တောမြို့၊ မင်းပြားမြို့၊ မြောက်ဦးမြို့၊ ကျောက်တော်မြို့၊ မြေပုံမြို့၊ ပုဏ္ဏားကျွန်း မြို့၊ ရမ်းဗြဲမြို့၊ ရသေ့တောင်မြို့၊ ဘူးသီးတောင်မြို့၊ သံတွဲမြို့၊ တောင်ကုတ်မြို့၊ မောင်တောမြို့နဲ့အမ်းမြို့တို့ကို သိမ်းပိုက်ထား   ပြီး ဂွမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မယ်ဆိုရင် စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် စတဲ့ မြို့ မြို့ကိုသာ သိမ်းပိုက်ဖို့ ကျန်ရှိမှာဖြစ်ပါတယ်။   

အခုရရှိထားတဲ့ အောင်မြင်မှုတွေဟာ ရခိုင်ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှုတင်မဟုတ်ဘဲ ဖက်ဆစ်အကြမ်းဖက် စစ်ကောင်စီကို တော်လှန်နေကြတဲ့ တော်လှန်ရေးအဖွဲ့အစည်းများနဲ့ တော်လှန်ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှုအဖြစ် ရခိုင့်တပ်တော်က မျှဝေဂုဏ်ပြုထားပါတယ်။


========================


🚩🚩၂။ တိုက်ပွဲပြင်းထန်နေချိန် လေကြောင်းကနေ စစ်ကူအင်အားဖြည့်တင်းခဲ့ပေမယ့် နပခ ဌာနချုပ်ကို သိမ်းနိုင်ခဲ့ဟု AA ပြော


ဒီဇင်ဘာလ ၂၁ရက်။


စစ်ကောင်စီဘက်က လေကြောင်းကနေ မရပ်မနားပစ်ခတ်နေသလို လက်နက်ကြီးပစ်ကူတွေအပြင် ရဟတ်ယာဉ်တွေနဲ့ လေကြောင်းကနေ အင်အား ၁၅၀ ခန့်စီ ၃ကြိမ်တိုင် စစ်ကူလာချပေးနေတဲ့ကြားက နပခဌာနချုပ်ကို ဒီဇင်ဘာ ၂၀ ရက် မွန်းခွဲ နာရီ ၄၀ မိနစ်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ရခိုင့်တပ်တော် AA ထုတ်ပြန်ပါတယ်။

အမ်းမြို့နယ်မှာရှိတဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က တခုတည်းသာကျန်ရှိတော့တဲ့ နပခ ဌာနချုပ် တိုင်းစစ်ရုံးအတွင်းက လက်ကျန်နေရာအားလုံးကို ပတ်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီစခန်းသိမ်းတိုက်ပွဲမှာ ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းနဲ့ စကခ ၁၅ တပ်မမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း တို့လို စစ်ခေါင်းဆောင်တွေကို လက်ရဖမ်းဆီးရရှိမှုဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ အောင်မြင်မှုလို့ ရခိုင့်တပ်တော်က အသိပေးထားပါတယ်။

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်တာကြောင့် အမ်းမြို့နယ်တခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ခဲ့ပြီလို့ လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒါကြောင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရက အပြည့်အဝ အလုံးစုံထိန်းချုပ်ထားနိုင်မြို့ ၁၄ မြို့ရှိလာခဲ့ပြီဖြစ်ပါတယ်။

အခုလို အောင်မြင်မှုအသီးအပွင့်တွေရရှိတာဟာ ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်ရဲ့ ကြိုးပမ်းမှုတခုတည်း ကြောင့် မဟုတ်ဘဲ အာရက္ခပြည်သူတရပ်လုံးရဲ့ ဝန်းရံပံ့ပိုးမှု၊ မဟာမိတ်အဖွဲအစည်းများရဲ့ ပူးပေါင်းပါဝင်မှု၊ အမည်ဖော်ပြလို့ မရသေးတဲ့ မိတ်ဆွေအချို့ရဲ့ ဝန်းရံပံ့ပိုးမှုတွေကြောင့်ဖြစ်တယ်ဆိုတာ နှလုံးသွင်းမှတ်ယူထားပြီး သက်ဆိုင်တဲ့ အဖွဲအစည်း တိုင်းနဲ့ လူပုဂ္ဂိုလ်တိုင်းကို အလေးအနက် အထူးကျေးဇူးတင်တယ်လို့ AA က ကြေညာထားပါတယ်။ 

စစ်မြေပြင်မှာအောင်မြင်မှုရခဲ့တာရဲ့ အခြားတဖက်မှာ ရဲဘော်ရဲဘက်တွေရဲ့ အသက်၊ ကိုယ်လက်ခန္ဓာနဲ့ ဘဝတွေ ပေးဆပ် စွန့်လွှတ် အနစ်နာခံခဲ့တာ အာရက္ခဒေသအတွင်းနေထိုင်ကြတဲ့ ဒေသနေပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခမျိုးစုံကို နှစ်ရှည်လများ အတူရင်ဆိုင်ပြီး ခါးစည်းခံရပ်တည်ခဲ့တာဟာလည်း အောင်မြင့်ရဖို့ အထောက်အကူပြုခဲ့တာကြောင့် အောင်မြင်မှုအသီးအပွင့်နဲ့ ဆက်စပ်ပတ်သက်နေသူအားလုံးကို ရက္ခိုင်အမျိုးသားအဖွဲချုပ်/အာရက္ခတပ်တော်မှ အထူး အလေးနက်ထား မှတ်တမ်းတင် ဂုဏ်ပြုထားပါတယ်။


========================


🚩🚩၃။ မတ္တရာနယ် ထန်းပင်ကုန်းရွာကို  တိုက်ခိုက်သိမ်းပိုက်ရာမှာ စစ်သုံ့ပန်းနဲ့ လက်နက်တွေ ရရှိခဲ့တယ်လို့ မန္တလေး PDF ပြော


ဒီဇင်ဘာလ ၂၁ရက်။


မန္တလေးတိုင်း မတ္တရာမြို့နယ် ထန်းပင်ကုန်းရွာက စစ်အုပ်စုကို ဒီဇင်ဘာလ ၁၉ရက်မှာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင် ခဲ့ပြီး တိုက်ပွဲအတွင်း စစ်သုံ့ပန်းအချို့ ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ ပြည်သူ့ ကာကွယ် ရေးတပ်မတော်-မန္တလေး PDF က ဒီနေ့ ဒီဇင်ဘာ ၂၁ မှာ ထုတ်ပြန်ပါတယ်။

ဒီဇင်ဘာလ ၁၉ ရက် မနက် နာရီခန့်မှာ မတ္တရာမြို့နယ်က ထန်းပင်ကုန်းကျေးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး အခြားသောနေရာတွေကိုလည်း ဆက်လက် ထိုးစစ်ဆင်လျက်ရှိတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲများအတွင်း ရန်သူစစ်ကောင်စီထံက လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပြီး စစ်သုံ့ပန်းတွေလည်း ဖမ်းဆီးရမိခဲ့တယ်လို့ MDY-PDF က ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီဇင်ဘာလ ၁၉ရက်ကစပြီး မတ္တရာနယ်ထဲမှာ စစ်အုပ်စုနဲ့ MDY-PDF တို့ တိုက်ပွဲတွေပြင်းထန်နေသလို သပိတ်ကျင်းမြို့နယ်နဲ့ နောင်ချိုမြို့နယ်မှာလည်း တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ အသိပေးထားပါတယ်။

ဒီဇင်ဘာ ရက်ကလည်း တော်လှန်ရေးအဖွဲတွေ ယာယီလက်လွှတ်ခဲ့ရတဲ့ မတ္တရာအနောက်ခြမ်းကို မန္တလေး PDF က ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ရွာသစ်၊ ဝန်စုရွာနဲ့ထိန်ပင်စောက်ကျေးရွာတို့မှာရှိတဲ့ စစ်ကောင်စီစခန်းတွေကို အပြီးသတ် ပြန်လည်သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။ 

ထန်းပင်ကုန်းကျေးရွာဟာ မတ္တရာမြို့နယ်နဲ့ ပုသိမ်ကြီးမြို့နယ်အစပ်မှာရှိပြီး မန္တလေးမြို့နဲ့ ၁၀ မိုင်ကျော်သာကွာဝေးတဲ့ရွာလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

ထန်းပင်ကုန်းရွာတိုက်ပွဲမှာ အထိနာသွားတဲ့စစ်အုပ်စုဟာ ဒီဇင်ဘာ ၁၉ နဲ့ ၂၀ ရက်တို့ ၂ရက်ဆက် လက်နက်ကြီးနဲ့ ပစ်တာ၊ လေကြောင်းကနေ ဗုံးကြဲတာတွေ ပြုလုပ်ခဲ့တဲ့အတွက် အနီးဝန်းကျင်ကျေးရွာတွေက ဒေသနေပြည်သူတွေ ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၄။ပေါင်းတည်ကနေ နတ်တလင်းဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သားတဦးသေဆုံး


ဒီဇင်ဘာလ ၂၁ရက်။


ပဲခူးတိုင်း ပေါင်းတည်မြို့ကနေ နတ်တလင်းနယ်ဘက် ထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ  စစ်သားတဦးသေဆုံးသွားတယ်လို့ ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PPDF ၃၆၀၁ တပ်ရင်းက ဒီနေ့ ဒီဇင်ဘာ ၂၁ မှာ ထုတ်ပြန်ပါတယ်။

ပေါင်းတည်မြို့ နယ် သိမ်ကုန်းတာဝါတိုင် စစ်တပ်အထိုင်စခန်းကနေ နတ္တလင်းမြို့နယ်ဘက် ဦးတည်ထွက်လာတဲ့ အင်အား ၄၀ ဦးပါ စစ်ကြောင်းကို လှေကထောင်တဲတိုက်အနီးမှာ ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် တိုက်ပွဲဟာ မိနစ် ၃၀ ခန့်ကြာမြင့်ခဲ့ပြီး ပစ်ခတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ် ဘက်က စစ်သားတဦးသေဆုံးကာ တဦး ပြင်းထန်ဒဏ်ရာရသွားတယ်လို့ အသိပေးပါတယ်။ 

အထိနာသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဟာ လှေကထောင်တဲတိုက်နဲ့ သိမ်ကုန်းတဲတိုက်က အရပ်သားပြည်သူတွေနဲ့ လှည်းတွေကိုခေါ်ပြီး သေဆုံးသွားတဲ့စစ်သားနဲ့ဒဏ်ရာရသူကိုသယ်ယူကာ နတ်တလင်းနယ်က ကွင်းကြယ်ရွာအထိုင်စခန်း ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က လက်နက်မျိုးစုံနဲ့ ပြန်လည်ပစ်ခတ်တိုက်ခိုက်လာတဲ့အတွက် လက်နက်ခဲယမ်းချင်း အင်အားမမျှတဲ့ ပြည်သူ့တော်လှန်ရေးရဲဘော်တွေ ထိခိုက်မှုမရှိစေဖို့ ဆုတ်ခွာလာခဲ့တယ်လို့ PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ထားပါတယ်။



🚩🚩၅။ တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်း တိုက်ပွဲ ၃ဝ ကျော်ဖြစ်ခဲ့ပြီး စစ်သား ၃ဝ နီးပါးသေဆုံကာ လက်နက်မျိုးစုံနဲခဲယမ်း များ သိမ်းဆည်းရရှိ 


ဒီဇင်ဘာလ ၂၁ရက်။


တောင်ပိုင်းစစ်ဒေသနယ်မြေမှာ တပတ်အတွင်း တိုက်ပွဲပေါင်း ၃ဝ ကျော်ဖြစ်ခဲ့ပြီး စစ်သား ၃ဝ နီးပါးသေဆုံကာ လက်နက် မျိုးစုံနဲခဲယမ်းများ သိမ်းဆည်းရရှိခဲ့တယ်လို့ ဒီနေ့ ဒီဇင်ဘာ ၂၁ မနက်မှာ ထုတ်ပြန်လာပါတယ်။ 

ပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်ပိုင်းစစ်ဒေသမှာ တပတ်အတွင်းဖြစ်ပွားခဲ့တဲ့ စစ်ရေးသတင်းအကျဉ်းချုပ်ကို ပြည်သူလူထုသိရှိစေဖို့ အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁၄ ကနေ ဒီဇင်ဘာ ၂၀ ရက်ထိ ရက်တာကာလအတွင်း ရန်သူစစ်ကောင်စီတပ်တွေကို တောင်ပိုင်းစစ်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်တာ ၂၁ ကြိမ်ရှိပြီး နှစ်ဖက် အပြန်အလှန်ထိတွေ့ပစ်ခတ်မှု ၈ကြိမ်နဲ့ စခန်းသိမ်းတိုက်ပွဲ ကြိမ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီတိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၉ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီတပ်ဖွဲ့အသုံးပြုတဲ့ MA အမျိုးအစား လက်၊ G3 လက်၊ ၆၀ မမ ပြောင်းတိုတလက်၊ ကျည်ဘောက်မျိုးစုံ ၁၆ ခုနဲ့ ခဲယမ်းစုစုပေါင်း ၁ထောင့်၂ရာ ၇၀ တောင့် သိမ်းဆည်းရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။ 

တိုက်ပွဲဖစ်စဉ်တွေမှာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုတွေရှိသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များဘက်က ရဲဘော် ဦး မြင့်မြတ်စွာကျဆုံးခဲ့ပြီး ၁၁ ဦးထိခိုက်ဒဏ်ရာရရှိကာ ဒရုန်းတစင်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် -PDF တောင်ပိုင်းစစ်ဒေသ ပြန်ကြားရေးဌာန မှတ်တမ်းတွေအရ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment