16th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌၁။ အာဏာရှင်မှန်သမျှဟာ အမျိုးသားရေး၊ ဘာသာရေးကိုလှုံ့ဆော်ပြီး အာဏာ တည်ဆောက်တတ်ကြတယ် ဆိုတာကို သတိချပ်ဖို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း

📌၂။ တော်လှန်ရေးအတွက်လုပ်စရာရှိတာလုပ်ကြဖို့နဲ့ရိုဟင်ဂျာလူထုကို စာနာဖို့လူ့အခွင့်ရေးဒုဝန်ကြီးဆို

📌၃။ နွေဦးထီစနစ်အဆင့်မြှင့်တင်ခြင်းအတွက်နာရီအနည်းငယ်ခန့် နွေဦးထီ ကံစမ်းခြင်း နှင့် ဘဏ်အကောင့် ချိတ်ဆက်ခြင်းများအား ပြုလုပ်၍ရမည် မဟုတ်

📌၄။ နွေဦးတော်လှန်ရေး ()နှစ်ပြည့်အထိမ်းအမှတ်အဖြစ်မြန်မာနိုင်ငံအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအမေရိကန်နယူးယောက်မှာကျင်းပမယ်


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး

🚩 ၂။ ကော့ကရိတ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး

🚩 ၃။ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့

🚩 ၄။ စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ဖြင့် ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်လာ 

🚩 ၅။ ကျုံပျော်မြို့က လက်နက်ကိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး ရှင်းလင်းခံရ 

🚩 ၆။ တံတားဦးမှာ စစ်မှုထမ်း တပ်သားစုဆောင်းနေတဲ့ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ 

🚩 ၇။ တော်လှန်ရေးမှာပါဝင်လိုတဲ့လူငယ်တွေကို CNDF ဖိတ်ခေါ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌၁။ အာဏာရှင်မှန်သမျှဟာ အမျိုးသားရေး၊ ဘာသာရေးကိုလှုံ့ဆော်ပြီး အာဏာ တည်ဆောက်တတ်ကြတယ် ဆိုတာကို သတိချပ်ဖို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်း


ဇန်နဝါရီ၁၆ရက်


အာဏာရှင်မှန်သမျှဟာ အမျိုးသားရေး၊ ဘာသာရေးကိုလှုံ့ဆော်ပြီး အာဏာ တည်ဆောက်တတ်ကြတယ် ဆိုတာကို သတိချပ်ဖို့ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်တိုက်တွန်းဆိုလိုက်ပါတယ်။


ဇန်နဝါရီ၁၆ရက်ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကသုံးသပ်ဆိုထားပါတယ်။


"အစိုးရရဲ့ ဝင်ငွေအများဆုံး ရှာပေးနိုင်တာ ကချင်ပြည်နယ်ကထွက်တဲ့ ကျောက်စိမ်း ကျောက်မျက်ပြပွဲတွေကပါ။ ဒါတွေက ကချင်လူထု နဲ့ ဆိုင်တဲ့ ကိစ္စရပ်တွေအပေါ်ရေးပြတဲ့ ထင်သာမြင်သာ ကိစ္စအနည်းငယ်ပါ။ တခြား ဖေါ်ပြလို့မသင့်တဲ့ Discrimination ပုံစံမျိုးစုံလဲ ရှိပါတယ်။ အမှန်တော့ ဒါတွေဟာ ဗဟိုချုပ်ကိုင်မှု စနစ်ကြောင့် ဖြစ်တယ် ဆိုပေမယ့် ကြာလာရင် ဗမာဗဟိုပြုစနစ်ဟာ ခိုင်မာလာပြီး အမှန်တရားလို့ ထင်လာတတ်ပါတယ်။ တကယ်တော့ ဗဟိုနိုင်ငံရေးစနစ်ဟာ ဗမာ အကျိုးပြုသလို ပြောနေပေမယ့် အမှန်မဟုတ်ပါဘူး။ အာဏာရှင်တွေရဲ့ လက်နက် တွေပါ။ အာဏာရှင်မှန်သမျှဟာ အမျိုးသားရေး၊ ဘာသာရေးကိုလှုံ့ဆော်ပြီး အာဏာ တည်ဆောက်တတ်ကြတယ် ဆိုတာကို သတိချပ်ဖို့ပါ။ ဒီတော်လှန်ရေးမှာ ကျွဲကူးရေပါ တော်လှန်ရမှာက အတွေးအခေါ်ကအစ ပြောင်းလဲတဲ့ ခေတ်သစ်တခုကိုတည်ဆောက်ဖို့ပါ"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ဟာ အမျိုးသား၊အမျိုးသမီးနဲ့ တိုင်းရင်းသားများအပေါ်ခွဲခြားဆက်ဆံတဲ့ဓလေ့ကိုဖော်ဆောင်ခဲ့သူများလည်းဖြစ်ပါတယ်။


========================


📌📌၂။ တော်လှန်ရေးအတွက်လုပ်စရာရှိတာလုပ်ကြဖို့နဲ့ရိုဟင်ဂျာလူထုကို စာနာဖို့လူ့အခွင့်ရေးဒုဝန်ကြီးဆို


ဇန်နဝါရီ၁၆ရက်


တော်လှန်ရေးအတွက်လုပ်စရာရှိတာလုပ်ကြဖို့နဲ့ရိုဟင်ဂျာလူထုကို စာနာဖို့လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးကဆိုပါတယ်။


ဇန်နဝါရီ၁၆ရက်ဆိုရှယ်မီဒီယာမှာ လူ့အခွင့်ရေးဒုဝန်ကြီးဦးအောင်ကျော်မိုးကဆိုထားပါတယ်။


"လုပ်စရာရှိတာနဲ့ လုပ်ဖို့ လိုအပ်တာတွေကို လုပ်နေကြပါပြီ၊ အလုပ်နဲ့သာ သက်သေပြကြပါ။ ဟန်ပြကြွားဝါတာတွေကို ရပ်ကြပါ။ ဟိုလိုဖြစ်သင့်တယ်၊ ဒီလိုလုပ်သင့်တယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်တက်ပြောတာရပ်ပါ။ဟိုလူဘာလုပ်လဲ၊ ဒီလူဘာလုပ်နေလဲ ဆိုတာထက် ငါကိုယ်တိုင်ဘာလုပ်နေလဲ ဆိုပြီး ကိုယ့်ကိုယ်မေးကြပါ။ရိုဟင်ဂျာလူထုမှာ ဆုံးရှုံးပြီးရင်း ဆုံးရှုံးနေတာကြောင့် ထပ်ပြီး ဆုံးရှုံးစရာတောင် မရှိတော့ အခြေအနေပါ"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်တပ်ရဲ့လူမျိုးတုန်းသတ်ဖြတ်မှုများကြောင့် ရိုဟင်ဂျာအများစုဟာဘဂ်လားဒေ့ရှ်နိုင်ငံနယ်စပ်ဒုက္ခသည်စခန်းတွေဆီမှာ တိမ်းရှောင်နေနေကြပါတယ်။


========================


📌📌၃။ နွေဦးထီစနစ်အဆင့်မြှင့်တင်ခြင်းအတွက်နာရီအနည်းငယ်ခန့် နွေဦးထီ ကံစမ်းခြင်း နှင့် ဘဏ်အကောင့် ချိတ်ဆက်ခြင်းများအား ပြုလုပ်၍ရမည် မဟုတ်


ဇန်နဝါရီ၁၆ရက်


နွေဦးထီစနစ်အဆင့်မြှင့်တင်ခြင်းအတွက်နာရီအနည်းငယ်ခန့် နွေဦးထီ ကံစမ်းခြင်း နှင့် ဘဏ်အကောင့် ချိတ်ဆက်ခြင်းများအား ပြုလုပ်၍ရမည် မဟုတ်ကြောင်းကြိုတင်အသိပေးကြေညာပါတယ်။


ဇန်နဝါရီလအတွင်း အောင်လံလွှင့်ချီနွေဦးထီကအသိပေးဆိုပါတယ်။


"အစဥ်မပျက် အားပေးနေကျတဲ့ နွေဦးထီ ချစ်သူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် နွေဦးထီ၏ နည်းပညာအဖွဲ့ဝင်များ မှ နေ့ညမပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။ထို့ကြောင့် ဇန်နဝါ

ရီ၁၈ရက် မြန်မာစံတော်ချိန် ၁၀ နာရီမှ ၁၉ မနက် နာရီအချိန် အတွင်း  System မွမ်းမံပြင်ဆင်မှုများ ပြုလုပ်မှာဖြစ်တယ်လို့ဆိုပါတယ်။


 သို့ဖြစ်ပါသဖြင့် အချိန်အားဖြင့် နာရီ ခွဲ ခန့် နွေဦးထီ Website တွင် နွေဦးထီအကောင့်ထဲသို့ ငွေသွင်း/ငွေထုတ်ခြင်း၊ နွေဦးထီ ကံစမ်းခြင်း နှင့် ဘဏ်အကောင့် ချိတ်ဆက်ခြင်းများအား ပြုလုပ်၍ရမည် မဟုတ်ပါကြောင်း အသိပေးအကြောင်းကြားအပ်တယ်လို့ဆိုထားပါတယ်။


========================


📌📌၄။ နွေဦးတော်လှန်ရေး ()နှစ်ပြည့်အထိမ်းအမှတ်အဖြစ်မြန်မာနိုင်ငံအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအမေရိကန်နယူးယောက်မှာကျင်းပမယ်


ဇန်နဝါရီ၁၆ရက်



နွေဦးတော်လှန်ရေး ()နှစ်ပြည့်အထိမ်းအမှတ်အဖြစ်မြန်မာနိုင်ငံအာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအမေရိကန်နယူးယောက်မှာကျင်းပမယ်လို့သိရပါတယ်။


ဇန်နဝါရီ၁၆ရက်ပွဲအစီအစဥ်နဲ့ပတ်သက်လို့ NYCBCမှအမှုဆောင်ကိုနေတင်မြင့်ကradio NUGကိုပြောပါတယ်။


"""



"""


မြန်မာနိုင်ငံအာဏာရှင်စနစ်အပေါ် ဆန့်ကျင်ရေးနှင့် ပြည်သူ့အခွင့်အရေးများအတွက် တရားမျှတစွာ တိုက်ပွဲကို သက်သေပြရန် အတူတကွ စည်းလုံးကြဖို့NYCBCကဖိတ်ခေါ်ထားပြီးဖေဖော်ဝါရီ ရက် (စနေနေ့)နေ့လည် နာရီမှ နာရီအထိManhattanမှာကျင်းပမှာဖြစ်ပါတယ်။

 

အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက်  မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ကျိုက်ထို-ဘီးလင်းလမ်းပိုင်းမှာ စစ်ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်သား ဦးသေဆုံး


ဇန်နဝါရီ ၁၆ရက်

                    

မွန်ပြည်နယ် ကျိုက်ထိုမြို့ဘက်ကနေ ရန်ကုန်-မော်လမြိုင်လမ်းအတိုင်း ဘီးလင်းဘက်ဆင်းလာတဲ့ အကြမ်းဖက်စစ်တပ် ယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာမှာ စစ်သား ဦးသေဆုံးသွားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း -၇၈၀၅ တပ်ခွဲ- တာဝန်ရှိသူတဦးက ပြောပါတယ်။

ရန်ကုန်-မော်လမြိုင်အဝေးပြေးလမ်းမကြီးအတိုင်း ကျိုက်ထိုဘက်ကနေ ဘီလင်းဘက်ဆင်းလာတဲ့ စစ်ကား စီးပါ ယာဉ် တန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဇန်နဝါရီ ၁၄ ရက်နေ့ မနက် ၁၁ နာရီခွဲ့ခန့်မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုမှာ စတုတ္တမြောက်ကားဟာ မိုင်းထိသွားတဲ့အပြင် ၄၀ မမ ဗုံးသီးနဲ့ လက်နတ်ငယ်ကျည်တွေထိမှန်ခဲ့တဲ့အတွက် အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ဦး ထိခိုက်ဒဏ်ရာသွားပြီး ကားလည်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို KNU နဲ့ PDF ၇၈၀၅ တပ်ရင်း တပ်ခွဲ- တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော် တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။ 

PDF ၇၈၀၅ တပ်ရင်း တပ်ခွဲ-၄အနေနဲ့ မြို့ပြစစ်ဆင်ရေးတွေဖော်ဆောင်နိုင်ဖို့ ကျည် ၃ထောင်ကမ်ပိန်းကိုလုပ်ဆောင်နေတာ ရှိပြီး ကမ်ပိန်းမှာ ပါဝင်အားဖြည့်ပေးဖို့လည်း ပြည်သူလူထုကို တောင်းဆိုထားပါတယ်။


========================


🚩🚩 ၂။ ကော့ကရိတ်မှာ အကြမ်းဖက်စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသားတဦး သေဆုံး


ဇန်နဝါရီ၁၆ရက်


ကရင်အမျိုးသားအစည်းအရုံး-KNU ဒူးပလာယာခရိုင် တပ်မဟာ-၆နယ်မြေ ကော့ကရိတ်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် အမျိုးသားတဦး သေဆုံးပြီး တဦး ဒဏ်ရာရသွားတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါ တယ်။

ကော့ကရိတ်မြို့နယ်မှာ တိုက်ပွဲဖြစ်တာမရှိဘဲ ဇန်နဝါရီ ၁၄ ရက်နေ့မှာ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် ၂၇နှစ် အရွယ် အမျိုးသားတဦးနဲ့ ၅၇ နှစ်အရွယ် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ဒဏ်ရာပြင်းထန်တဲ့ အသက် ၅၇ နှစ်အရွယ် အမျိုးသားမှာ ဆေးရုံကိုပို့နေချိန်မှာပဲ သေဆုံးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီအနေနဲ့ KNU အုပ်ချုပ်နယ်မြေတွေက ကျေးရွာတွေကို ဒရုန်းနဲ့ဗုံးကြဲတာ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာ လေကြောင်းကနေ တိုက်ခိုက်တာတွေ မကြာခဏပြုလုပ်နေတဲ့အတွက် အရပ်သားပြည်သူ သေဆုံးမှုနဲ့ ထိခိုက်မှုတွေ ဆက်တိုက်ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီ ၇ရက်နေကလည်း ညောင်လေးပင်ခရိုင် မုန်းမြို့နယ် ကမူလိုကျေးရွာက အသက် ၃၅ နှစ်အရွယ် အမျိုးသား တဦးကို အကြမ်းဖက်စစ်တပ်က ဖမ်းဆီးပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီ ၁၀ ရက်ကလည်း KNU နယ်မြေ သထုံခရိုင် တပ်မဟာ- နယ်မြေ ကျိုက်ထိုမြို့နယ်ထဲက ငှက်ပျောတောရွာကို စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် အမျိုးသမီးတဦး ဒဏ်ရာရပြီး နေအိမ်ပျက်စီးသွားတဲ့အပြင် အိမ်မှာရှိတဲ့ ငွေကျပ် ၆၅ သိန်းနဲ့ ရွှေ ပဲ မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့


ဇန်နဝါရီ၁၆ရက်


ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်၊ နံနက်(၁၀:၃၀)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်အမှတ်()တပ်ရင်း၊ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) တပ်ရင်း()တို့သည် ပုလောမြို့နယ်၊ ပါဒစက်တော်ရာဘုရား၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


စစ်ကောင်စီတပ်သည် ၎င်းတို့စခန်းမကျစေရေးအတွက် Mi-2 ရဟတ်ယာဉ် ()စီး၊ K-8W Jet Fighter ()စီးတို့ဖြင့် လေကြောင်းမှ (၂၃)ကြိမ် ဗုံးသီး(၇၀)ခန့် ကြဲချခဲ့ပြီး အပြင်းအထန် ခုခံခဲ့ရာတိုက်ပွဲမှာ ဇန်နဝါရီလ()ရက် (:၀၀)နာရီတွင် ငြိမ်သက်သွားခဲ့တယ်လို့ဆိုပါတယ်။


အဆိုပါ ဖြစ်စဉ်အတွင်း စစ်ကောင်စီစစ်သား ()ဦးသေဆုံးပြီး ()ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့ကာ  မြိတ်ခရိုင်အမှတ်()တပ်ရင်းမှ ရဲဘော်()ဦးနှင့် KNDO တပ်ရင်း()မှ ရဲဘော်()ဦး မစိုးရိမ်ရ ဒဏ်ရာ အသီးသီး ရရှိခဲ့ပါတယ်။


========================


🚩🚩 ၄။ စစ်မှုထမ်းတပ်သားသစ်နှစ်ဦး လက်နက်ဖြင့် ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်လာ 


ဇန်နဝါရီ ၁၆ရက်


မကွေးတိုင်း အရှေ့ခြမ်းမှာ စစ်ရေးလှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ ဗိဿနိုး PDF လက်အောက်ခံ ကြိုးကြာနီတပ်ရင်းထံ စစ်မှုထမ်းအပတ်စဥ်တွေထဲက တပ်သားသစ် ဦး လက်နက်အပြည့်အစုံနဲ့ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အလင်းယင်တပ်သားသစ်၂ဦးဟာ ကယားပြည် မိုးဗြဲမြို့အခြေစိုက် စစ်ကောင်စီလက်အောက်ခံ ခလရ-၄၂၂ တပ်ရင်းကို ပို့ဆောင်ခံရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဖြစ်ပြီး သေနတ်၂လက်နဲ့ ခဲယမ်းအချို့ ယူဆောင်လာတယ်လို့ ဆိုပါတယ်။ 

တယောက်က စလင်းနယ်ကဖြစ်ပြီး လယ်စိုက်နေချိန်မှာ ဖမ်းဆီးခေါ်ဆောင်ခ့ရကာ စစ်မှုထမ်းအပတ်စဥ် သင်တန်းဆင်း လို့ သိရပါတယ်။ 

နောက်တယောက်ကတော့ ရွှေဘိုနယ်ကဖြစ်ကာ ကျေးရွာအုပ်ချုပ်ရေးမှူးက ထည့်ပေးလိုက်တာကြောင့် စစ်မှုထမ်း အပတ်စဥ် သင်တန်းတင်းလို့ ကြိုးကြာနီတပ်ရင်းက ဆိုပါတယ်။

လက်ရှိမှာ အလင်းဝင်တပ်သားတွေရဲ့ တောင်းဆိုမှုအတိုင်း နယ်မြေတော်လှန်ရေးတပ်ဖွဲ့နဲ့ချိတ်ဆက်ပြီး တော်လှန်ရဲဘော် တဦးအဖြစ် ပါဝင်နိုင်ရန် စီစဥ်ပေးနေသလို တဦးကိုလည်း ဇာတိရပ်ရွာက မိသားစုနဲ့ဆုံဆည်းခွင့်ရအောင် စီစဥ်ပေးနေတယ် လို့ သိရပါတယ်။

ဒီတပ်သားသစ်၂ဦးဟာ ၂၀၂၅ ဒီဇင်ဘာလကကတည်းက ကြိုးကြာနီတပ်ရင်းထံဆက်သွယ်ပြီး အလင်းဝင်ရောက်လာတာ ဖြစ်ပေမယ့် လုံခြုံရေးအခြေအနေအရ အခုမှ အသိပေးတာဖြစ်ပါတယ်။

အရင်ကလည်း မိုးဗြဲအခြေစိုက် ခလရ-၄၂၂ တပ်ရင်းကို အပို့ခံလိုက်ရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေထဲက တပ်သား ၂ဦး ကြိုးကြာနီတပ်ရင်းထံ အလင်းဝင်ခဲ့တာရှိခဲ့ပြီး စစ်အာဏာရှင်အမြစ်ဖြတ်ရေး တိုက်ပွဲဝင်နေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၅။ ကျုံပျော်မြို့က လက်နက်ကိုင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦး ရှင်းလင်းခံရ 

 

ဇန်နဝါရီ ၁၆ရက်


စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားတဲ့ ဧရာ၀တီတိုင်း ကျုံပျော်မြို့နယ်က လက်နက်ကိုင် ကျေးရွာအုပ်ချုပ်ရေးမှူးတဦး ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားတယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ကျုံပျော်မြို့နယ် ညောင်ပင်ဆိပ်ကျေးရွာ အုပ်ချုပ်ရေးမှူး မြင့်သောင်း မနေ့ ဇန်နဝါရီ ၁၅ ရက် မနက်ပိုင်းက ဖိုးထောင် ကျောင်းအနီးမှာ ပစ်ခတ်ရှင်းလင်းခံရတာလို့ သိရပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီခန့် ကျေးရွာအုပ်မှူးမြင့်သောင်းဟာ သေနတ်ကိုင်ထားပြီး ခလရ- ၃၆ တပ်က စစ်သားတွေနဲ့ ပေါင်းကာ ပြည်သူလူထုနေထိုင်ရာအိမ်တွေကို နိုင်ငံရေးအကြောင်းပြချက်နဲ့ ဝင်ရောက်ဖမ်းဆီးတာတွေ လုပ်ဆောင်နေပြီး ငွေကြေးတတ်နိုင်သူတွေကို သိန်းရာဂဏန်ထိ‌တောင်းကာ ရွေးထုတ်ခိုင်းပြီး ငွေမတတ်နိုင်သူတွေကို စစ်မှုထမ်းဖို့အတွက် စစ်တပ်ထဲထည့်တာတွေလုပ်ဆောင်ပြီး ကျေးရွာအတွင်းက ဒေသနေပြည်သူတွေကို ခြိမ်းခြောက်နေတဲ့သူလို့ ပုသိမ်- သတင်းအထူးတပ်ဖွဲ့က အသိပေးထားပါတယ်။

ဒါ့အပြင် ဦးမြင့်သောင်းဟာ စစ်ကောင်စီအတွက် စစ်သားစုဆောင်းပေးတာအပြင် စိုက်ပျိုးစရိတ်ချေးငွေတောင်းတာတွေ မှာလည်း လိုက်ပါလုပ်ကိုင်နေသူလို့ ဒေသနေပြည်သူတွေက ပြောပါတယ်။

ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ တော်လှန်ရေးအင်အားစုတွေဘက် ဒီနေ့ ဇန်နဝါရီလ ၁၆ ရက် မနက်ပိုင်းအထိ သတင်းထုတ်ပြန် တာမရှိသေးပါဘူး။


========================


🚩🚩 ၆။ တံတားဦးမှာ စစ်မှုထမ်း တပ်သားစုဆောင်းနေတဲ့ ပျူစောထီးခေါင်းဆောင် ပစ်ခတ်ရှင်းလင်းခံရ 


ဇန်နဝါရီ ၁၆ရက်


မန္တလေးတိုင်း၊ တံတားဦးမြို့နယ်အတွင်း စစ်မှုထမ်းတပ်သားသစ်စုဆောင်းနေတဲ့ တောင်တစ်လုံးရွာက ပျူစောထီး ခေါင်းဆောင်ကို ပစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးသေဆုံးသွာတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက ပြောပါတယ်။

တောင်တလုံးကျေးရွာအနီးမှာရှိတဲ့ ယာခင်းကနေပြန်လာတဲ့ ပျူစောထီးခေါင်းဆောင် ချစ်ဝင်း ဆိုသူကို နဂါးနီ‌ ပြောက်ကျား တပ်ဖွဲ့က တော်လှန်ရေးရဲဘော်တွေ မနေ့ ဇန်နဝါရီ ၁၅ ရက်နေ့ နေလည် နာရီခန့်အချိန်မှာ သွားရောက်ဖမ်းဆီးရာမှာ ပစ္စတိုသေနတ်နဲ့ ပြန်လည်ခုခံဖို့ ကြိုးစားလာတာကြောင့် ပစ်ခတ်ဖမ်းဆီးရာက သေဆုံးသွားတာလို့ ဆိုပါတယ်။

အဲဒီ ပျူစောထီးခေါင်းဆောင်ချစ်၀င်းဟာ အကြမ်းဖက်စစ်တပ်နဲ့ပေါင်းပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ နေထိုင်ရာစခန်း တွေကို စစ်တပ်ထံ သတင်းပေးပို့တာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာနဲ့ ပြည်သူလူထုကို ညှင်းပမ်းနှိပ်စက်တာတွေ လုပ်ဆောင်နေတဲ့အတွက် ရှင်းလင်းလိုက်တာလို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက အသိပေးပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီးခေါင်းဆောင် ချစ်ဝင်းကနေ ပစ္စတိုသေနတ်တလက်၊ မမ ကျည် ၁၆ တောင့်၊ ဖုန်း လုံး၊ ဓားအတို အရှည် ချောင်း၊ မှတ်ပုံတင်နဲ့ ယာဉ်မောင်းလိုင်စင် စတာတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ပျူစောထီးခေါင်းဆောင် ချစ်ဝင်းကို ရှင်းလင်းခဲ့တဲ့ ဇန်နဝါရီလ ၁၅ ရက် ညနေ နာရီခန့်မှာ အကြမ်းဖက်စစ်တပ်က Mi-35 ရဟတ်ယာဉ်နဲ့ ကျေးရွာအနီးတဝိုက်ကို ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့ပါတယ်။


========================


🚩🚩 ၇။ တော်လှန်ရေးမှာပါဝင်လိုတဲ့လူငယ်တွေကို CNDF ဖိတ်ခေါ်


ဇန်နဝါရီ ၁၆ရက်


ချင်းပြည်နယ်အခြေစိုက် ချင်းအမျိုးသားကာကွယ်ရေးတပ်-CNDF က တော်လှန်မှာပါဝင်လိုတဲ့လူငယ်တွေကို အခြေခံ စစ်သင်တန်းတက်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ 

အခြေခံစစ်သင်တန်း တက်ရောက်ရန် သင်တန်းသားအသစ်ခေါ်ယူခြင်းဆိုပြီး မနေ့ ဇန်နဝါရီ ၁၅ ရက်မှာ ထုတ်ပြန်ချက် တစောင်ထုတ်ပြန်ပြီး ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။ 

ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ - CNDF အနေနဲ့ ၂၀၂၅ အတွက် အခြေခံစစ်သင်တန်းဖွင့်မှာဖြစ်တဲ့အတွက် CNDF မှာ တာဝန်ထမ်းဆောင်ဖို့ သင်တန်းသားအသစ်တွေ စတင်ခေါ်ယူနေပြီလို့ အသိပေးထားပါတယ်။

စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာပါဝင်လိုတဲ့ လူငယ် ကျားမ မရွေး သင်တန်းသားအရည်အချင်းသတ်မှတ်ချက်နဲ့ပြည့်မီရင် သင်တန်းလာတက်နိုင်တယ်လို့ ဆိုပါတယ်။

သင်တန်းကာလ ကြာမှာဖြစ်ပြီး အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အတွင်းမှာရှိတဲ့ လူငယ်တွေတက်ရောက်နိုင်မှာဖြစ်ပါ တယ်။

ကိုယ်လက်အင်္ဂါပြည့်စုံသူ၊ ကျန်းမာရေးကောင်းမွန်သူ၊ စစ်စည်းကမ်းလိုက်နာနိုင်သူတွေဖြစ်ဖို့လိုပြီး CNDF မှာ အနည်းဆုံး တနှစ် တာဝန်ထမ်းဆောင်နိုင်ရမယ့်အပြင် နေရာဒေသမရွေး တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမယ်လို့ သင်တန်းသား အရည်အချင်းသတ်မှတ်ချက်မှာ ဖော်ပြထားပါတယ်။

CNDF ဟာ ချင်းညီနောင်အဖွဲ့ဝင် ဒေသကာကွယ်ရေးတပ်ဖြစ်ပြီး လက်ရှိဖော်ဆောင်နေဲ့ ဖလမ်းမြို့သိမ်းစစ်ဆင်ရေးမှာလည်း မြို့ကိုထိန်းချုပ်ထားနိုင်ပြီး လက်ကျန်စစ်ကောင်စီ ခလရ-၂၆၈ တပ်ရင်းဌာနချုပ်ကို ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ သိရ ပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နဲ့ မင်းသီဟန်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment