24th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨၁။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်းအန္တရာယ်များမှ အရေးပေါ်ရွေ့ပြောင်းနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကလေးမြို့နယ် ကျေးရွာ()ရွာမှ ပြည်သူများကိုအသိပညာပေး

📌 ⁨⁨⁨၂။ ⁨⁨⁨⁨PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တနှစ်အတွင်း ကျေးရွာပေါင်း ၁၉၀ ရွာအထိ ကွင်းဆင်းပြီး အသိပညာ ပေးနိုင်ခဲ့

📌 ⁨⁨⁨၃။ တနင်္သာရီမြို့နယ်(ပကဖ)မှအခြေခံစစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကျင်းပ

📌 ⁨⁨⁨၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်အမှတ်()တပ်ရင်း T5 wings နှင့်သရက်ချောင်း(ပကဖ)ဒေါင်းညီနောင်စစ်ကြောင်းဒရုန်းတပ်ဖွဲ့  တို့ အပတ်စဥ်() ဒရုန်းသင်တန်းဆင်း

📌 ⁨⁨⁨၅။ ဧရာဝတီတိုင်းမှာ ဗျူဟာတခု အသင့်ဖွဲ့စည်းပြီးဖြစ်သလို စစ်တောင်းမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ပဲခူးရိုးမအထိအပြင် ရိုးမအနောက်ခြမ်းမှာပါတော်လှန်ရေး အင်အားတွေက အသင့်ရှိနေပြီလို့ဆို


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨ ⁨ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒဏ်ရာရ စစ်တပ်အရာရှိကြီးများကို ရဟတ်ယာဉ်နဲ့ကယ်ထုတ်

🚩 ၂။⁨⁨ မြောက်ဒဂုံမြို့နယ် အမှတ် ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲခဲ့ပေမယ့် မိုင်းမကွဲတာကြောင့် ပြည်သူများ ရုံးအနီး မသွားဖို့ သတိပေး 

🚩 ၃။စစ်သုံ့ပန်း ဦးကို ညှင်းပန်းသတ်ဖြတ်ခဲ့သူတွေကို ဖော်ထုတ်အရေးယူအပြစ်ပေးပြီးဖြစ်တယ်လို့ AA ပြော 

🚩 ၄။ မင်းလှမှာ တော်လှန်ရေးတပ်ဖွဲ့တွေကြောင်းစုံစမ်းပြီး စစ်တပ်ကို သတင်းပေးနေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်း 

🚩 ၅။တနင်္သာရီ-မောတောင်လမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဘက် ၅ဝ ကျော် သေဆုံးပြီး တော်လှန်ရေးရဲဘော် ဦးကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨၁။ လေကြောင်း၊ လက်နက်ကြီး၊ မိုင်းအန္တရာယ်များမှ အရေးပေါ်ရွေ့ပြောင်းနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများကလေးမြို့နယ် ကျေးရွာ()ရွာမှ ပြည်သူများကိုအသိပညာပေး


ဇန်နဝါရီ၂၄ရက်


လေကြောင်း၊ လက်နက်ကြီး၊ မိုင်းအန္တရာယ်များမှ အရေးပေါ်ရွေ့ပြောင်းနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ကလေးမြို့နယ် ကျေးရွာ()ရွာမှ ပြည်သူများကို အသိပညာပေးခဲ့တယ်လို့ ဇန်နဝါရီလအတွင်း ကလေးမြို့နယ်လူသားစာနာအဖွဲ့မှ သတင်းထုတ်ပြန်ပါတယ်။

လေကြောင်း၊ လက်နက်ကြီး၊ မိုင်းအန္တရယ်များမှ အရေးပေါ်ရွှေ့ပြောင်းနိုင်ရေး ဇာတ်တိုက်လေ့ကျင့်မှု့များဟောပြောပွဲများကို  ကလေးမြို့နယ် ကျေးရွာ()ရွာမှ ပြည်သူများကို ကလေးမြို့နယ် (..)အဖွဲ့နှင့် ကလေးမြို့နယ်လူသားစာနာအဖွဲ့မှ လေကြောင်းရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨၂။ ⁨⁨⁨⁨PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနက တနှစ်အတွင်း ကျေးရွာပေါင်း ၁၉၀ ရွာအထိ ကွင်းဆင်းပြီး အသိပညာ ပေးနိုင်ခဲ့


ဇန်နဝါရီ၂၄ရက်


ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အောက်က ဌာနတခုဖြစ်တဲ့ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်းမှာ ခရိုင် ခုမှာရှိတဲ့ ကျေးရွာပေါင်း ၁၉၀ ရွာမှာ အသိပညာပေးလုပ်ငန်းတွေ ကွင်းဆင်း ဆောင်ရွက်နိုင်ခဲ့တယ်လို့ ပြောပါတယ်။

ကွင်းဆင်းအသိပညာပေးလုပ်ငန်းတွေကို နမ့်ဆန်ခရိုင်၊ မန်အောင်ခရိုင်နဲ့ သံလွင်ခရိုင်တို့မှာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနကက ဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးဆိုင်ရာ ပြစ်မှုအများအပြားကိုလည်း တာဝန်ယူဖြေရှင်းဆောင်ရွက်နိုင်ခဲ့ရာမှာ PSLF/TNLA တရား စီရင်ရေးဌာနကိုရောက်လာတဲ့ အမှု မှု၊ တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ထံရောက်လာတဲ့ အမှု ၃၀ မှုနဲ့ ရုံးတွင်း သိမ်းဆည်ထားတဲ့ အမှု ၃၆ မှု စုစုပေါင်း ၇၄ မှုကို တာဝန်ယူဖြေရှင်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

PSLF/TNLA အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာနအနေနဲ့ တအာင်းပြည်အတွင်းမှာရှိတဲ့ ကျေးရွာတွေကို ကွင်းဆင်းပြီး အသိပညာပေးရာမှာ အမျိုးသမီးနှင့်အိမ်တွင်းအကြမ်းဖက်မှု၊ အမျိုးသမီးနှင့်ကျန်းမာရေး၊ အမျိုးသမီးနှင့် သာယာသော အိမ်ထောင်ရေး၊ အမျိုးသမီးနှင့် ပညာရေး၊ အမျိုးသမီးနှင့်မူးယစ်ဆေးဝါး၊ အရွယ်မတိုင်မီစောစီးစွာ အိမ်ထောင်ပြုခြင်း၊ အမျိုးသမီးနှင့်စီမံကိန်း၊ အမျိုးသမီးနှင့် စီးပွားရေး၊ အမျိုးသမီးအခွင့်အရေး၊ အမျိုးသမီးအမွေဆက်ခံခြင်း၊ ကျန်းမာရေးနှင့် အိမ်ထောင်ရေး၊ လိင်ပိုင်းဆိုင်ရာ အသိပညာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအသိပညာ၊ ကလေးသူငယ်အခွင့်အရေး၊ ဆယ်ကျော်သက်ပြောင်းလဲမှုနဲ့ ကင်ဆာရောဂါလုပ်ငန်းတွေ ဆောင်ရွက်ခဲ့တာလို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာန မှတ်တမ်းအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨၃။ တနင်္သာရီမြို့နယ်(ပကဖ)မှအခြေခံစစ်ပညာမွမ်းမံသင်တန်းဆင်းပွဲကျင်းပ


 ဇန်နဝါရီ(၂၄)


အမျိူးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန၊တောင်ပိုင်းတိုင်းစစ်ဒေသခွဲ၊တနင်္သာရီတိုင်းမြိတ်ခရိုင်တနင်္သာရီမြို့နယ်(ပကဖ)မှပြုလုပ်သည့်အခြေခံစစ်ပညာမွမ်းမံသင်တန်းအပတ်စဉ်(/၂၀၂၄)သင်တန်းဆင်းပွဲကိုဇန်နဝါရီလ(၁၆)ရက်နေ့တွင်စိုးမိုးထိန်းချုပ်နယ်တစ်နေရာမှာကျင်းပခဲ့ပါတယ်။

 ၎င်းသင်တန်းဆင်းပွဲအခမ်းအနားကိုတနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)တာဝန်ခံရဲဘော်လမင်း၊မြိတ်ခရိုင်(ပကဖ)စည်းရုံးရေးတာဝန်ခံရဲဘော်ကိုကိုကြီး၊မြိတ်ခရိုင်(ပကဖ)စစ်ရေးတာဝန်ခံရဲဘော်Money၊တနင်္သာရီမြို့နယ်(ပကဖ)တာဝန်ခံဗိုလ်တက်တိုး၊ဒုတာဝန်ခံရဲဘော်ဗွီနို၊မြိတ်(ပကဖ)ဒုတာဝန်ခံရဲဘော်ဒေါနနှင့်တနင်္သာရီမြို့နယ်(ပကဖ)မြိုနယ်တာဝန်ခံများ၊တိုက်နယ်ဇုန်အသီးသီးမှဇုန်တာဝန်ခံများ၊စစ်ရေးတာဝန်ခံများတက်ရောက်ခဲ့ကြပါတယ်။

ထို့နောက်သင်တန်းဆင်းမိန့်ခွန်းများပြောကြားခြင်း၊စစ်သည်တော်ကျင့်ဝတ်များလိုက်နာပြီးတိုက်ရည်ခိုက်ရည်ကောင်းမွန်သော၊

အမိန့်နာခံမှုအားကောင်းသောပြည်သူများဂုဏ်ယူရမည့်စစ်သည်တော်ကောင်းများအဖြစ်ကြိုးစားကြရန်အားပေးစကားများပြောကြားခဲ့ကြပြီး၎င်းသင်တန်းတစ်လျောက်စည်းကမ်းလိုက်နာပြီးထူးချွန်သောကြံ့ခိုင်သောသင်တန်းသားများအားဂုဏ်ပြုဆုချီးမြှင့်ပေးအပ်ခြင်းများပြုလုပ်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨၄။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်အမှတ်()တပ်ရင်း T5 wings နှင့်သရက်ချောင်း(ပကဖ)ဒေါင်းညီနောင်စစ်ကြောင်းဒရုန်းတပ်ဖွဲ့  တို့ အပတ်စဥ်() ဒရုန်းသင်တန်းဆင်း


ဇန်နဝါရီ၂၄ရက်


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်အမှတ်()တပ်ရင်း T5 wings နှင့်သရက်ချောင်း(ပကဖ)ဒေါင်းညီနောင်စစ်ကြောင်းဒရုန်းတပ်ဖွဲ့  တို့ အပတ်စဥ်() ဒရုန်းသင်တန်းဆင်းပွဲကျင်းပခဲ့တယ်လို့ ဇန်နဝါရီ၂၄ရက်မှာ ဒရုန်း သင်တန်းဆင်းပွဲနဲ့ပတ်သက်လို့ ဒေါင်းညီနောင်ဒရုန်းတပ်ဖွဲ့က အသိပေးဆိုပါတယ်။

အမျိူးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်၊ထားဝယ်ခရိုင်အမှတ်()တပ်ရင်း T5 wings နှင့်သရက်ချောင်း(ပကဖ)ဒေါင်းညီနောင်စစ်ကြောင်းဒရုန်းတပ်ဖွဲ့  တို့ အပတ်စဥ်() ဒရုန်းသင်တန်းဆင်းပွဲ အခမ်းအနား ကိုဇန်နဝါရီ၁၅ရက်နေ့ကျင်းပခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨၅။ ဧရာဝတီတိုင်းမှာ ဗျူဟာတခု အသင့်ဖွဲ့စည်းပြီးဖြစ်သလို စစ်တောင်းမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ပဲခူးရိုးမအထိအပြင် ရိုးမအနောက်ခြမ်းမှာပါတော်လှန်ရေး အင်အားတွေက အသင့်ရှိနေပြီလို့ဆို


ဇန်နဝါရီ၂၄ရက်


ဧရာဝတီတိုင်းမှာ ဗျူဟာတခု အသင့်ဖွဲ့စည်းပြီးဖြစ်သလို စစ်တောင်းမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ပဲခူးရိုးမအထိအပြင် ရိုးမအနောက်ခြမ်းမှာပါတော်လှန်ရေး အင်အားတွေက အသင့်ရှိနေပြီလို့ ဇန်နဝါရီလအတွင်းစစ်ရေးသုံးသပ်ချက်များရေးသားဖော်ပြတဲ့ PDF Insightကဖော်ပြပါတယ်။

"အခြေအနေတွေက အပြောင်းအလဲ အကြီးစားတခုအတွက် အစပျိုးနေတဲ့ အခြေအနေပါ။ ရခိုင်ပြည်နယ်အားလုံးနီးပါး အောင်ပွဲခံလာချိန်မှာ စစ်ရဲ့မျှားဦးက မကွေး၊ ပဲခူး နဲ့ ဧရာဝတီဘက်ကို လှည့်လာပြီဖြစ်ပါတယ်။ ကချင်မှာ မန်စီမြို့ကို အလုံးစုံသိမ်းပိုက်နိုင်ပြီး ဗန်းမော်ဟာ ခပ်တဲတဲပဲ ကျန်တော့တဲ့ အခြေအနေပါ။  အညာဒေသမှာ မန်း PDF  ကတပ်မဟာတခုဖွဲ့သလို BPLA ကလည်း တပ်အင်အားစုပြင်ဆင်နေတာဖြစ်တယ်။ ရွှေဘို တပ်ရင်းတွေ၊ မြင်းခြံ၊ မြိုင်တပ်ရင်းတွေအားလုံး လက်နက်တပ်ဆင်မှုတိုးတက်လာပြီး ချေမှုန်းစစ်တိုက်လာနိုင်တဲ့ အခြေအနေပါ။ မနေ့ကပဲ နမခ ထဲကို ပစ်လွှတ်လိုက်တဲ့ ရှော့ဒုံးတွေက ပစ်မှတ်တွေကို ထိရောက်စွာ ပေါက်ကွဲခဲ့တာဖြစ်တယ်။ ဧရာဝတီတိုင်းမှာ ဗျူဟာတခု အသင့်ဖွဲ့စည်းပြီးဖြစ်သလို စစ်တောင်းမြစ်အရှေ့ခြမ်းနဲ့ အနောက်ခြမ်း၊ ပဲခူးရိုးမအထိအပြင် ရိုးမအနောက်ခြမ်းမှာပါ အင်အားတွေက အသင့်ရှိနေပါပြီ"လို့ဆိုပါတယ်။

လက်ရှိမှာNUG ယာယီသမ္မတရဲ့ ပြည်တွင်းကို ပြန်ပြီး တော်လှန်ရေးလုပ်ကြဖို့ ဆော်သြချက်ရဲ့အောက်မှာ ပြည်ထဲရေးဌာန တစုံလုံး စစ်ကိုင်းမှာ ပြောင်းရွှေ့လာတော့မှာလည်းဖြစ်တယ်လို့သိရပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================



🚩🚩 ၁။⁨⁨ ⁨ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး ဒဏ်ရာရ စစ်တပ်အရာရှိကြီးများကို ရဟတ်ယာဉ်နဲ့ကယ်ထုတ်


 ဇန်နဝါရီလ(၂၄)


ကချင်ပြည်နယ်ရဲ့ ဒုတိယမြို့တော်ဖြစ်တဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဆက်လက်ပြင်းထန်နေပြီး ဒဏ်ရာရထားတဲ့ စစ်တပ် အရာရှိကြီးတွေကို ရဟတ်ယာဉ်နဲ့ကယ်ထုတ်သွားတယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေနဲ့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ကချင်လွတ်လပ်ရေးတပ်မတော်- KIA နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ကြား ဒီနေ့ ဇန်နဝါရီ ၂၄ ရက် မနက်ကစပြီး တိုက်ပွဲတွေပြင်းထန်နေတယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက အသိပေးပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာလဆန်းကတည်းက ဖော်ဆောင်ခဲ့နေရာမှာ ထိုးစစ်အရှိန်ကိုလည်း အတိုးအဆုတ်တွေလုပ်ပြီး ဖော်ဆောင်နေတာလို့ သိရပါတယ်။

ဇန်နဝါရီလဆန်းပိုင်းက ထိုးစစ်အရှိန်မြှင့်ခဲ့ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းမှာ တိုက်ပွဲတွေအနည်းငယ်ငြိမ်သက်နေရာက အခု တတိယပတ်မှာ KIA နဲ့ ပူးပေါင်းတပ်တွေက နောက်တကြိမ်ထိုးစစ်ဆင်နေတာလို့ စစ်ရေးသတင်းရင်းမြစ်က ရှင်းပြပါတယ်။

အခုလိုတိုက်ပွဲတွေ ပြင်းထန်လာတာနဲ့အမျှ စစ်တပ်ဘက်က လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်းပစ်ကူတွေ အများအပြား သုံးပြီး ခုခံနေသလို KIA ဘက်ကလည်း လက်နက်ကြီးတွေ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်ဘက်က ထိခိုက်မှု တွေရှိနေတယ်လို့ သိရပါတယ်။  

ဇန်နဝါရီ ၂၁ ရက်မှာဆိုရင် စစ်ကောင်စီဘက်က ရဟတ်ယဉ် စင်းအသုံးပြုပြီး ဗန်းမော်အခြေစိုက် အမှတ်-၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် စကခ-၂၁ က အရေးကြီးလူနာ ၁၅ ဦးနဲ့ အလောင်း ၁ဝလောင်း သယ်ထုတ်သွားတယ်လို့ တပ်တွင်း သတင်းပေးတွေဆီက သိရကြောင်း ဒေသစစ်ရေးသတင်းရင်းမြစ်တဦးက လူမှုကွန်ရက်စာမျက်နှာကနေ အသိပေးထား ပါတယ်။

ဒါဟာ ဗန်းမော်တပ်နယ်က အကြီးပိုင်းတယောက် ဒဏ်ရာရသွားတာဖြစ်နိုင်တယ်လို့ CDM ဗိုလ်ကြီး ဇင်ယော်ကလည်း သူ့ရဲ့စာမျက်နှာမှာ ရေးသားဖော်ပြထားပါတယ်။  

ဒဏ်ရာရသူများထဲမှာ အမှတ်-၂၁ စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်ဌာနချုပ် စကခမှူး ဗိုလ်မှူးချုပ် တင်မင်းလတ် ပါဝင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ 

 KIA အနေနဲ့ ဗန်းမော်မြို့တွင်းမှာရှိတဲ့ စစ်ကောင်စီတပ်စွဲရာနေရာအများစုကို တိုက်ခိုက်ရှင်းလင်းထားနိုင်ပြီး အမှတ်-၂၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်ဌာနချုပ်နဲ့ ခလရ - ၄၇ တို့ကိုသာ သိမ်းပိုက်ဖို့ ကျန်တော့တာကြောင့်  KIA နဲ့ ပူးပေါင်းတပ်တွေ ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ သိရပါတယ်။


========================


🚩🚩 ၂။⁨⁨ မြောက်ဒဂုံမြို့နယ် အမှတ် ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲခဲ့ပေမယ့် မိုင်းမကွဲတာကြောင့် ပြည်သူများ ရုံးအနီး မသွားဖို့ သတိပေး  


 ဇန်နဝါရီလ(၂၄)


ရန်ကုန်တိုင်း မြောက်ဒဂုံမြို့နယ် ၄၇ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဖောက်ခွဲတိုက်ခိုက်ချိန်မှာ မိုင်းမကွဲတာကြောင့် ဒေသနေ  ပြည်သူတွေ အဲဒီရုံးအနီးကို မသွားကြဖို့ The Light of Union မြို့ပြစစ်ဆင်ရေးအဖွဲ့က အသိပေးချက်ထုတ်ပြန်ပါတယ်။ 

The Light of Union မြို့ပြစစ်ဆင်ရေးအဖွဲ့က တော်လှန်ရေးရဲဘော်တွေ ဇန်နဝါရီ ၂၂ ရက် နာရီခန့်မှာ မြောက်ဒဂုံ မြို့နယ် အမှတ် ၄၇ ရပ်ကွက်အုပ်ချုပ်ရေးမှူးရူံးအတွင်း မိုင်းထောင်ခဲ့တယ်လို့ဆိုပါတယ်။ 

အဲဒီမိုင်းကို အကြမ်းဖက်စစ်တပ်ထောက်တိုင် အုပ်ချုပ်ရေးမှူးအပါအဝင် ရုံးအဖွဲ့သားတွေရှိနေချိန် ဇန်နဝါရီ ၂၃ ရက် နေ့လည်ပိုင်းမှာ တော်လှန်ရေးရဲဘော်တွေ ဖောက်ခွဲခဲ့ပေမယ့် နည်းစနစ်ပိုင်းချို့ယွင်းသွားတဲ့အတွက် ပေါက်ကွဲမှု မရှိခဲ့ဘူးလို့ အသိပေးပါတယ်။

ဒါကြောင့် ရပ်ကွက်နေပြည်သူများအနေနဲ့ အုပ်ချုပ်ရေးမှူးရုံးထဲဝင်ပြီး ဧည့်စာရင်းတိုင်တာ ထောက်ခံစာလုပ်တာမျိုးတွေ အခုရက်ပိုင်း မလုပ်ကြဖို့ မေတ္တာရပ်ခံထားပါတယ်။

ဒါဟာ မပေါက်ကွဲသေးတဲမိုင်းအန္တရာယ်ကို အထူးသတိပြု ရှောင်ရှားနိုင်စေဖို့ မြို့ပြစစ်ဆင်ရေးအဖွဲ့က အသိပေးထားတာပဲ ဖြစ်ပါတယ်။ 

စစ်အာဏာရှင် အုပ်ချုပ်ရေးထောက်တိုင်တွေဖြစ်တဲ့ အုပ်ချုပ်ရေးမှူးနဲ့ အပေါင်းအပါတွေဟာ စစ်ကောင်စီအလိုကျ မတရား စစ်မှုထမ်းခေါ်ဆောင်ခြင်း၊ အနိုင်ကျင့် မိုက်ကြေးခွဲ ဆက်ကြေးတောင်းခြင်း စတာတွေ ရပ်ကွက်နေပြည်သူတွေအပေါ်  ပြုလုပ်နေတဲ့အတွက် တိုက်ခိုက်တာဖြစ်ပါတယ်။ 

ရပ်ကွက်ရုံးအပါအဝင် စစ်အုပ်ချုပ်ရေးထောက်တိုင်တွေအနေနဲ့ စစ်ကောင်စီအလိုကျ ပြည်သူလူထုအပေါ်  ရက်စက် ယုတ်မာမှုတွေ ကျူးလွန်နေသမျှ မြို့ပြစစ်ဆင်ရေးအဖွဲ့တွေဘက်က ပြင်းထန်ထိရောက်တဲ့ စစ်ဆင်ရေးတွေ အရှိန်မြှင့် တင် သွားမယ်လို့  The Light of Union မြို့ပြ စစ်ဆင်ရေးအဖွဲ့က သတိပေးထားပါတယ်။


========================


🚩🚩 ၃။စစ်သုံ့ပန်း ဦးကို ညှင်းပန်းသတ်ဖြတ်ခဲ့သူတွေကို ဖော်ထုတ်အရေးယူအပြစ်ပေးပြီးဖြစ်တယ်လို့ AA ပြော 


 ဇန်နဝါရီလ(၂၄)


ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း ဦးကို ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို ဖော်ထုတ်ပြီး အရေးယူအပြစ်ပေးထား တယ်လို့ ရခိုင့်တပ်တော် AA ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားလိုက်ပါတယ်။

စစ်သုံ့ပန်း ဦးကို AA တပ်ဖွဲ့ဝင်အချို့ က ညှင်းပန်းသတ်ဖြတ်ခဲ့တဲ့ ဗီဒီယိုဖိုင် ခုရောက်ရှိလာပြီး စစ်ဆေးတဲ့အခါမှာလည်း မှန်နေတဲ့အတွက်နိုင်ငံတကာ ရာဇဝတ်ခုံရုံး - ICC အနေနဲ့ ရခိုင်ပြည်နယ်အတွင်း ရခိုင့်တပ်တော်က ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးသင့်တယ်လို့ Fortify Rights က ဇန်နဝါရီ ၂၃ ရက်နေ့က ထုတ်ပြန်တာနဲ့ပတ်သက်လို့ AA ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ပြောဆိုလိုက်တာဖြစ်ပါတယ်

ဒီဖြစ်စသ်ဟာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ရက်ကဖြစ်ခဲ့တာလို့ AA ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောပါတယ်။

ကျောက်တော်မြို့နယ်ထဲက စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်- စကခ တပ်မဌာနချုပ်ကို ထိုးဖောက်တိုက်ခိုက်စဥ်ကာလမှာ အခုလို စစ်စည်းကမ်းချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တာလို့လည်း ရှင်ပြထားပါတယ်။ 

ဒါဟာလည်း AA တပ်ဖွဲ့ဝင် မိသားစုဝင်တွေကို အကြမ်းဖက်စစ်တပ်က မတရားဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့တာနဲ့ပတ်သက် လို့ ဒေါသမထိန်းနိုင်ဘဲ အခုလို လက်စားချေတဲ့ပုံစံမျိုးနဲ့ စစ်စည်းကမ်းချိုးဖောက်တဲ့ပစ်မှု ကျူးလွန်ခဲ့တာလို့ ပြောပါတယ်။

ဒါကြောင့် ဒီဖြစ်စဥ်မှာပါဝင်ခဲ့တဲ့ တပ်မှူးငယ်အချို့နဲ့ ပါဝင်သူအားလုံးကို ဖော်ထုတ်အရေးယူ အပြစ်ပေးထားပြီးဖြစ်တယ်လို့  AA ပြောရေးဆိုခွင့်ရှိသူက ရှင်းထားပါတယ်။ 

ဒီကိစ္စတစ်ခုတည်းကိုကြည့်ပြီး ရာထောင်ချီတဲ့ စစ်သုံ့ပန်းတွေကို ဆေးဝါးကုသပေးပြီး ကောင်းမွန်စွာစောင့်ရှောက်ထားတာ ကို မမေ့ဖို့ တိုက်တွန်းထားပြီး အခုလိုဖြစ်ရပ်မျိုး နောက် ထပ်မဖြစ်အောင် အကောင်းဆုံးထိန်းကြောင်းပြီး ဆက်လက် တိုက်ပွဲဝင်သွားမယ်လို့ ရခိုင့်တပ်တော် ပြောရေးဆို့ခွင့်ရှိသူက ပြောထားပါတယ်။

တဖက်မှာလည်း စစ်ကောင်စီလက်အောက်ခံတပ်တွေဟာ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံသားတွေကို အကြမ်းဖက် သတ်ဖြတ်ခဲ့တဲ့အတွက် အရပ်သားပြည်သူ ၆၂၀၀ ကျော်သေဆုံးခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ရခိုင်ပြည်နယ်အတွင်း စစ်ရာဇဝတ်မှုပေါင်း များစွာကျူးလွန်ပြီး ရက်ရက်စက်စက် သတ်ဖြတ် မှုတွေ ကျူးလွန်ထားတဲ့ဖြစ်စဉ်တွေလည်း ရှိနေတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၄။ မင်းလှမှာ တော်လှန်ရေးတပ်ဖွဲ့တွေကြောင်းစုံစမ်းပြီး စစ်တပ်ကို သတင်းပေးနေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်း 


 ဇန်နဝါရီလ(၂၄)


ပဲခူးတိုင်းအနောက်ခြမ်း မင်းလှမြို့နယ်ထဲမှာ တော်လှန်ရေးတပ်ဖွဲ့တွေအကြောင်းစုံစမ်းပြီး စစ်တပ်ကို သတင်းပေးနေတဲ့ ပျူစောထီးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မင်းလှမြို့နယ် ဂန့်ဂေါ်ပင်ရွာက ပျူစောထီး ရှမ်းလေး () မိုးကြီးကို သူနေအိမ်မှာပဲ မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့နဲ့ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂၊ တပ်ခွဲ တပ်ခွဲ ရွှေတန်းမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်း ပြီး ဇန်နဝါရီလ ၂၂ ရက်နေ့ မနက် နာရီခန့်အချိန်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ပျူစောထီး ရှမ်းလေး () မိုးကြီး ဆိုသူဟာ အကြမ်းဖက်စစ်တပ်ကို မမှန်သတင်းပေးပြီး ပြည်သူလူထုကို ဖမ်းဆီးခိုင်းတာ တော်လှန်ရေးတပ်ဖွဲ့တွေ သွားလာလှုပ်ရှားတာကို စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်စစ်တပ်ကို သတင်း ပေးနေတာကြောင့် ပစ်ခတ်ရှင်းလင်းရတာလို့ တော်လှန်ရေးတပ်တွေက အသိပေးပါတယ်။

ရှမ်းလေး () မိုးကြီးလက်ချက်ကြောင့် ဖမ်းဆီးခံရသူတွေနဲ့ စစ်ကြောရေးရောက်နေသူတွေရှိသလို တော်လှန်ရေးတပ်ဖွဲ့တွေ လှုပ်ရှားသွားလာတာကို စောင့်ကြည့်နေပြီး စစ်တပ်ကိုသတင်းပေးနေတာတွေကြောင့် တော်လှန်ရေးရဲဘော်တွေဘက်က သတိပေးပြောဆိုတာမျိုးရှိပေမယ့် ဆက်လုပ်နေတဲ့အတွက် ရှင်းလင်းခံရတာလို့ ဒေသနေပြည်သူအချို့က ပြောပါတယ်။ 

မင်းလှမြို့နယ်က အရပ်သားပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ စစ်တပ် ထောက်တိုင်တွေကို အရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုတွေအနီး သွားလာနေထိုင် တာတွေ လုံးဝ မလုပ်ကြဖို့  သာယာဝတီခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးတိုက်တွန်းထားပါတယ်။


========================


🚩🚩 ၅။တနင်္သာရီ-မောတောင်လမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဘက် ၅ဝ ကျော် သေဆုံးပြီး တော်လှန်ရေးရဲဘော် ဦးကျဆုံး


 ဇန်နဝါရီ(၂၄)

 

တနင်္သာရီမြို့နယ်အတွင်းက တနင်္သာရီ-မောတောင်လမ်းပိုင်းမှာဖြစ်တဲ့တိုက်ပွဲတွေမှာ စစ်တပ်ဘက် ၅ဝ ကျော်သေဆုံးပြီး တော်လှန်ရေးရဲဘော် ဦးကျဆုံးခဲ့ရတယ်လို့ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်း စစ်ကြောင်း က ထုတ်ပြန်ထား ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကစပြီး ဒီနေ့ ဇန်နဝါရီ ၂၄ အထိ အကြမ်းဖက်စစ်တပ်ဘက်က အင်အားအလုံးအရင်းနဲ့ တနင်္သာရီ-မောတောင်လမ်းပိုင်းကို စစ်ကြောင်းထိုးလာတဲ့အတွက် သိန်းခွန်ရွာအနီးမှာ တိုက်ပွဲတွေပြင်းထန်နေဆဲလို့ ဆိုပါတယ်။

တိုက်ပွဲကာလ တလကျော်ချိန်မှာ အကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးပြီး ၆၀ ကျော်ထိခိုက်ဒဏ်ရာရသွားသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ဦးကျဆုံးထားပြီး ၁၂ ဦးထိခိုက်ဒဏ်ရာရရှိထားတယ်လို့ ထီးဆဲ့မဲ့ရွာမှာ အခြေစိုက်တဲ့ KTLA တပ်ရင်း ပြန်ကြားရေးအရာရှိ ဗိုလ်စိုင်းညီက အတည်ပြုထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ထိခိုက်သေဆုံးမှုတွေများနေတဲ့အတွက် ပြန်ဆုခွင့်တောင်းပေမယ့် စစ်ကောင်စီဘက်က ပြန်ဆုတ်ခွင့်မပေးဘဲ အင်အားထပ်ဖြည့်ပြီး ရှေ့ဆက်တိုးခိုင်းထားတယ်လို့ သိရပါတယ်။ 

တိုက်ပွဲများအတွက် လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တာရှိတယ်လို့ မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်း ကရော KTLA တပ်ရင်းဘက်ကပါ အသိပေးပါတယ်။

လက်ရှိမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KNU တပ်မဟာ အောာက်မှာရှိတဲ့ KNLA တပ်ရင်း ၁၁ ကော်သူးလေတပ်မတော်က ထီးဆဲ့မဲ့ရွာစစ်ကြောင်းနဲ့ မြိတ်ခရိုင်ပူးပေါင်းစစ်ကြောင်းတို့ ပူးပေါင်းတိုက်ခိုက်နေတာလို့ သိရပါတယ်။

မောတောင်နယ်စပ်မြို့ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်နဲ့ မဟာမိတ်တော်လှန်ရေးတပ်ပေါင်းစုတို့ကြား တိုက်ပွဲတွေပြင်းထန်နေတာကြောင့် မြိတ် -တနင်္သာရီ ပြည်ထောင်စုလမ်းမကြီးပေါ်သွားလာနေတဲ့ ခရီးသွာပြည်သူတွေ ထိခိုက်မှုမရှိစေဖို့ ဒီလမ်းပိုင်းကို ယာယီပိတ်ထားမယ်လို့ တောင်ပိုင်းစစ်ဒေသ တနင်္သာရီစစ်ဒေသက အသိပေးထုတ်ပြန် ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution





Share:

No comments:

Post a Comment