26th Jan 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဇန်နဝါရီလ ၂၆ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။⁨⁨⁨လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲနေသူ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့လုပ်ရပ်တွေ ရပ်တန်းကရပ်ကြဖို့ NUG ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း 

📌 ⁨⁨⁨⁨⁩၂။လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ၊ ဆုံးရှုံးနေသည့် ကျန်းမာရေးဝန်ဆောင်မှုများ

📌 ⁨⁨⁨⁨၃။ရန်ကုန်မြို့တော်က မြို့နယ်အချို့မှာ စစ်မှုထမ်းရမယ့် အမျိုးသမီးတွေစာရင်း စကောက် 

📌 ⁨⁨⁨⁨၄။ ကိုယ်ပိုင်ရော့ခ်သီချင်းတွေနဲ့ ပရိတ်သတ်ကြိုက်နှစ်ကြတဲ့ အဆိုတော် မာရဇ္ဇဟာ၏သူ့ဈာပနအခမ်းနားကို ရေဝေးသုသန်မှာ ကျင်းပခဲ့ 


========================


၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၂၆ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ဗန်းမော်အခြေစိုက် ၇၀၀၆ သံချပ်ကာတပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သံချက်ကာယာဉ် စီးရရှိ

🚩 ၂။⁨⁨ ဝမ်ပေါင်ကနေထွက်လာတဲ့ ကြေးနီသယ်ယာဉ်တန်းကို မြင်းမူမှာ မိုင်းဆွဲတိုက်ခိုက် 

🚩 ၃။⁨⁨ ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ဦး KNDF ထံခိုလှုံ 

🚩 ၄။ရေတာရှည် အိုးမြေဒူးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။⁨⁨⁨ လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲနေသူ ထောက်ခံအားပေးနေသူတွေအနေနဲ့ မိမိတို့လုပ်ရပ်တွေ ရပ်တန်းကရပ်ကြဖို့ NUG ကျန်းမာရေးဝန်ကြီးဌာန တိုက်တွန်း 


ဇန်နဝါရီလ ၂၆ရက် 


လူစိတ်ပျောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီနဲ့ လက်တွဲဆောင်ရွက်နေသူတွေနဲ့ ထောက်ခံအားပေးနေသူများအနေနဲ့ မိမိတို့လုပ်ရပ်တွေကို ရပ်တန်းကရပ်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကျန်းမာရေးဝန်ကြီးဌာနက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ဇန်နဝါရီ ၂၆ မှာ ထုတ်ပြန်ကြေညာချက်အမှတ် /၂၀၂၅ နဲ့ တိုက်တွန်း ပြောဆိုလိုက်တာဖြစ်ပါတယ်

အကြမ်းဖက်စစ်ကောင်စီဟာ တိုက်ပွဲဖြစ်တာမရှိဘဲ ကျောက်မဲပြည်သူ့ဆေးရုံကို ဇန်နဝါရီ ၂၅ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ ဇန်နဝါရီ ၂၂ ရက်နေ့က ဖားအံမြို့နယ် ဟတလက်ကျေးနယ်အုပ်စု၊ ဖလံတောင်ဆေးရုံကို ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေနဲ့ပတ်သက်လို့ အခုလို တိုက်တွန်းပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ကျောက်မဲပြည်သူ့ဆေးရုံကို တိုက်ခိုက်ခံရတဲ့ဖြစ်စဉ်မှာ CDM သူနာပြု ဆရာမကြီးတဦး၊ CDM ရုံးဝန်ထမ်းတဦးနဲ့အရပ်သား  တဦး ကျဆုံးခဲ့ပြီး ဆေးရုံဝန်ထမ်းများ၊ CDM ကျန်းမာရေးဝန်ထမ်းများ၊ လူနာများအပါအဝင် အရပ်သား ၂၀ ဦးကျော်ထိခိုက် ဒဏ်ရာရရှိခဲ့သလို ကျောက်မဲပြည်သူ့ဆေးရုံတခုလုံး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဖားအံမြို့နယ် ဟတလက် ကျေးနယ်အုပ်စု ဖလံတောင်ဆေးရုံကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်မှာတော့ ဆေးရုံထိခိုက်ပျက်စီးခဲ့ပြီး ကျန်းမာရေးဝန်ထမ်းတွေနဲ့လူနာတွေ အချိန်မီရှောင်တိမ်းနိုင်ခဲ့တဲ့အတွက် အသက်ဘေးက ကင်းလွတ်ခဲ့ရတယ်လို့ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ လူ့ဘီလူးဝါဒကိုင်စွဲထားတဲ့ စစ်အာဏာရှင်ပီပီ နှစ်တာကာလအတွင်း ဆေးရုံဆေးခန်းတွေနဲ့ ကျန်းမာရေးကဏ္ဍအပေါ်  ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ ဂျီနီဗာကွန်ဗန်းရှင်း၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသာချင်းစာနာထောက်ထားရေးနဲ့ လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်း တင်း ချိုးဖောက်နေတာလို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ကျဆုံးသွားတဲ့ CDM ကျန်းမာရေးဝန်ထမ်းများ၊ပြည်သူများရဲ့  မိသားစုတွေနဲ့ထပ်တူ အထူးကြေကွဲဝမ်းနည်းရပြီး မိမိတို့အသက်ကို ပဓာနမထားဘဲ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေကို သက်စွန့်ကြိုးပမ်းဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနဲ့အတူ ခိုင်မာစွာ လက်တွဲ ရပ်တည်ပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ပြင်းပြင်းထန်းထန် ရှုတ်ချထားပါတယ်။ 

ဒါအပြင် ဝန်ကြီးဌာနအနေနဲ့ သေဆုံးထိခိုက်ခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် တရားမျှတမှုရအောင် ဆောင်ကျဉ်းသွားမှာဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနဲ့ လက်ပါးစေကြံရာပါတွေကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကျန်းမာရေးကဏ္ဍနဲ့ အပြစ်မဲ့ပြည်သူတွေအပေါ်  အကြမ်းဖက်စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်တာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို နိုင်ငံတကာအနေနဲ့ လစ်လျူရှုမထားဘဲ ဖြစ်နိုင် သမျှနည်းလမ်းတွေနဲ့ မြန်ဆန်ထိရောက်စွာ တားဆီးအရေးယူပြီး ထိခိုက်ခံစားနေရတဲ့ မြန်မာပြည်သူတွေဘက်က စာနာ ရပ်တည်ပေးဖို့တိုက်တွန်းထားပါတယ်

အမျိုးသားညီညွတ်ရေးအစိုးရ ကျန်းမာရေးဝန်ကြီးဌာနမှာ အခက်အခဲတွေ စိန်ခေါ်မှုတွေရှိနေပေမယ့် သူရဲကောင်း ကျန်းမာရေးဝန်ထမ်းများ၊ တိုင်းရင်းသားအဖွဲ့အစည်းများ၊ ဒေသခံအဖွဲ့အစည်းများ၊ ပြည်သူများနဲ့လက်တွဲပြီး ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အစွမ်းကုန် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်သလို မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ပေါ်ထွန်းလာတဲ့အထိ တိုင်းရင်းသား ပြည်သူတရပ်လုံး နဲ့အတူ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့လည်း ကတိသစ္စာပြုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁩၂။လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရ၊ ဆုံးရှုံးနေသည့် ကျန်းမာရေးဝန်ဆောင်မှုများ


ဇန်နဝါရီလ ၂၆ရက် 


အာဏာရှင်စနစ်ကို တော်လှန်နေကြတဲ့ ပြည်သူလူထုကို ဖိနှိပ်ညှင်းဆဲဖို့ အကြမ်းဖက်စစ်အုပ်စုဟာ ကျန်းမာရေးနဲ့ ဆိုင်တဲ့ အဆောက်အအုံတွေ ပစ်မှတ်ထားတိုက်ခိုက်နေတာကြောင့် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ ပြန်လည်စတင်နိုင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သွေးစွန်ငွေအဖွဲ့က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် ဆုံးရှုံးနေသည့် ကျန်းမာရေးဝန်ဆောင်မှုများ ဆိုတဲ့ အစီရင်ခံစာကနေ အသိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။ 

မြန်မာပြည်အပေါ် လေယာဉ်ဆီတင်ပို့ရောင်းချတတွေပိတ်ဆို့အရေးယူဖို့ ပျက်ကွက်တာတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုး နဲ့ဆိုင်တဲ့ သုသေတနစာတမ်း အစီရင်ခံစာအတွက် မြေပြင်က ပြည်သူတွေကိုမေးမြန်းခဲ့ရာ လေကြောင်းတိုက်ခိုက်မှုတွေ ကြောင့် သူတို့နေထိုင်ရာဒေသအသီးသီးက ကျန်းမာရေးနဲ့ပတ်သက်တဲ့ အဆောက်အအုံတွေ အနည်းဆုံး တခုကနေ ၁၀ ခုထိ  ပျက်စီဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ 

ဒီလိုအဲပဲ ပဋိပက္ခဖြစ်ရာဒေသတွေမှာဆိုရင်လည်း ဆေးဝါးတွေ ဆေးဝါးဆိုင်တဲ့ ကိရိယာတန်ဆာပလာတွေ သယ်ယူခွင့် တားမြစ်ပိတ်ဆို့ခံထားရတယ်လို့ ပြောပါတယ်။ 

ချင်းနဲ့ ကရင်နီပြည်က ဖြေဆိုသူတွေရဲ့ မှတ်ချက်တွေအရဆိုရင် တိုက်ပွဲတွေနဲ့ သယ်ယူပို့ဆောင်ရေးစိန်ခေါ်မှုတွေကြောင့် အရေးကြီး ဆေးဝါးတွေ ဆေးဝါးနဲ့ပတ်သက်တဲ့ ကိရိယာတန်ဆာပလာတွေဝယ်ယူနိုင်ဖို့ အလွန်ခက်ခဲတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။

အခုလို မရှိမဖြစ်လိုအပ်တဲ့ ဆေးဝါးအထောက်အပံ့တွေကို လေကြောင်းတိုက်ခိုက်မှုတွေက ဖျက်ဆီးနေတာကြောင့် ကျွမ်းကျင်အဆင့် ကျန်းမာရေးလုပ်သားတွေ အတတ်ပညာရှင်တွေဟာ စိုးရိမ်ပူပန်မှုများမြင့်တက်လာနေကြလို့လည်း သွေးစွန်းငွေအစီရင်ခံစာက ဆိုပါတယ်။

ဒီလို ကျန်းမာရေးနဲ့သက်ဆိုင်တဲ့ အဆောက်အအုံတွေ ဖျက်ဆီးခံရမှုတွေဟာ အရပ်သားပြည်သူတွေအနေနဲ့ ကျန်းမာရေး ဝန်ဆောင်မှုရရှိဖို့ ကန့်သတ်ချက်တွေ စိန်ခေါ်မှုတွေ ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။ 

ဖျက်ဆီးခံရတဲ့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တည်ဆောက်တာ လိုအပ်တဲ့ဆေးဝါးတွေ ဆေးဝါးနဲ့ပတ်သက်တဲ့ ကိရိယာတန်ဆာပလာတွေ ပြန်လည်ဝယ်ယူဖို့ အနည်းဆုံး အချိန် တပတ်ကနေ လခန့်ထိ ကြာ တယ်လို့ သိရပါတယ်။

ဒါ့အပြင် ငွေကြေးအခက်အခဲတွေကြောင့် အချိန်တိုအတွင်း ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့လုပ်ငန်းစဉ်တွေ ပြန်လည် လည် ပတ်ဖို့ အလွန်ခက်ခဲသလို လေကြောင်းတိုက်ခိုက်မှုဆိုတဲ့ ခြိမ်းခြောက်မှုအောက်မှာ နေထိုင်နေရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ကြောက်လန့်နေရမှုတွေကြောင့် ကျန်းမာရေးလုပ်သားတွေနဲ့ အတတ်ပညာရှင်တွေဟာ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် နေရတယ်လို့ သိရပါတယ်။ 

 အကြမ်းစစ်အုပ်စုအနေနဲ့ စစ်ဘက်၊ အရပ်ဘက် ခွဲခြားခြင်းမရှိပဲ အရပ်သားပြည်သူတွေကိုပစ်မှတ်ထားတဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့်ဖြစ်ပြီး ကျန်းမာရေးလုပ်သားတွေသာမက လူနာတွေကို လုံခြုံစိတ်ချစွာ ကုသပေးနိုင်ဖို့နဲ့ ကုသမှု ခံယူနိုင်ဖို့ ကြီးမားတဲ့ ခြိမ်းခြောက်ကန့်သတ်မှုတွေလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

ကျန်းမာရေးလုပ်သားတွေအနေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ကြိုးစားရှောင်တိမ်းပြီး ရွှေ့ပြောင်းနေထိုင်ရာ နေရာတွေ မှာ ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေပေမယ့် ကျန်းမာရေးစောင့်ရှောက်မှုခံယူမယ့် အရပ်သားပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့နေရာကိုသွားဖို့ စိန်ခေါ်မှုတရပ်ဖြစ်လာပြန်တာကြောင့်  ကျန်းမာရေးဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေ ရပ်ဆိုင်းလိုက်ရတာမျိုးတွေလည်း ရှိနေပါတယ်။ 

အမျိုးသားညီညွတ်ရေးအစိုးရ- NUG မှတ်တမ်းတွေအရ စစ်အုပ်စုဟာ ဆေးရုံနဲ့ဆေးခန်း စုစုပေါင်း ၃၄၃ ခု ဖျက်ဆီးခဲ့ပြီး ကျန်းမာရေးလုပ်သား ၁၀၄ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ရန်ကုန်မြို့တော်က မြို့နယ်အချို့မှာ စစ်မှုထမ်းရမယ့် အမျိုးသမီးတွေစာရင်း စကောက် 


ဇန်နဝါရီလ ၂၆ရက် 


အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းနည်းဥပဒေကို ထုတ်ပြန်ကြေညာလိုက်ပြီး ရက်ပိုင်းမှာပဲ ရန်ကုန်မြို့တော်က မြို့နယ်အချို့မှာ စစ်မှုထမ်းရမယ့် အမျိုးသမီးတွေစာရင်း စကောက်နေ‌ပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

အခုရက်ပိုင်းအတွင်း ဒဂုံဆိပ်ကမ်းမြိုနယ်နဲ့ တာမွေမြိုနယ်တို့မှာ စစ်မှုထမ်းရမယ့် အမျိုးသမီးတွေစာရင်း လိုက်ကောက်နေ သလို သာကေတမြိုနယ် အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ အမျိုးသမီးစစ်မှုထမ်းစာရင်း ကပ်ထားတယ်လို့ Rangoon Scout Network က ဆိုပါတယ်

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ် အမှတ် ၉၄ ရပ်ကွက်မှာဆိုရင်  အုပ်ချုပ်ရေးမှူး ခင်မောင်ဇင်က စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ အမျိုးသမီးတွေစာရင်း လိုက်လံကောက်ယူနေပြီး စာရင်းသွင်းလိုက်ပြီဆိုတာနဲ့ အိမ်မှာရှိနေရယ်လို့ ပြောဆိုသွားတယ်လို့ သိရပါတယ်။ 

ထို့အတူ တာမွေမြို့နယ်ထဲက လူဦးရေထူထပ်တဲ့ ကျောက်မြောင်းအပါအဝင် အချို့သောရပ်ကွက်တွေမှာလည်း စစ်မှုထမ်းဖို့ အကျုံးဝင်နေတဲ့ အမျိုးသမီးတွေစာရင်း စတင်ကောက်ယူနေတာရှိတယ်လို့ တာမွေမြို့မှာနေထိုင်သူတဦးက ပြောပါတယ်။

အခုလို စာရင်းလာကောက်သွားပေမယ့် ဘယ်အချိန်မှာ စစ်မှုစထမ်းရမယ်ဆိုတာကိုတော့ စာရင်းလာကောက်တဲ့ အုပ်ချုပ် ရေးအဖွဲ့က ပြောဆိုတာမျိုးမရှိဘူးလို့ ဆိုပါတယ်။ 

အာဏာသိမ်း အကြမ်းစစ်ကောင်စီက ဇန်နဝါရီလ ၂၃ ရက်က ပြဌာန်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ အသက် ၁၈ နှစ် ပြည့်ပြီး ၂၇ နှစ်မပြည့်သေးတဲ့ အမျိုးသမီးတွေပါ စစ်မှုထမ်းရမယ်လို့ပါဝင်နေသလို ဆရာဝန်နဲ့ အင်ဂျင်နီယတို့လို့ ကျွမ်းကျင်အမျိုးသမီးတွေဆိုရင် အသက် ၁၈ နှစ်ပြည့်ပြီး အသက် ၃၅ နှစ်မပြည့်သေးတဲ့ အမျိုးသမီးတွေ စစ်မှုထမ်းရမယ် လို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨၄။ ကိုယ်ပိုင်ရော့ခ်သီချင်းတွေနဲ့ ပရိတ်သတ်ကြိုက်နှစ်ကြတဲ့ အဆိုတော် မာရဇ္ဇဟာ၏သူ့ဈာပနအခမ်းနားကို ရေဝေးသုသန်မှာ ကျင်းပခဲ့ 


ဇန်နဝါရီလ ၂၆ရက်


ကိုယ်ပိုင်ရော့ခ်သီချင်းတွေနဲ့ ပရိတ်သတ်ကြိုက်နှစ်ကြတဲ့ အဆိုတော် မာရဇ္ဇဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ညပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီး မနေ့က ဇန်နဝါရီလ ၂၅ရက်နေ့မှာ သူ့ဈာပနအခမ်းနားကို ရေဝေး သုသန်မှာ ပြုလုပ်ခဲ့ပါတယ်။ 

စိုက်ပျိုးနိုင်သလောက်ရိတ်သိမ်းရခြင်းတို့မမေ့နဲ့ကွာ၊ အရာရာဟာ အချိန်အခါပါလို့ သူရေးသားခဲ့တဲ့ စာစုနဲ့အတူ သူ့ဓာတ်ပုံက ဈာပန ခန်းမရှေ့မှာ နောက်ဆုံးခရီးပို့ဆောင်သူများကို ကြိုနှင့်နေပါတယ်။ သီး ခြားမီးသဂြိုဟ်စက်ပါဝင်တဲ့ ရေဝေးသုသန်ခန်းမဆောင်အသစ်မှာကျင်းပတဲ့ မာရဇ္ဇရဲ့ ဈာပန အခမ်းနား မှာ ရုပ်ကလပ်ထားရှိရာ မှန်ခန်းထဲကို မိသားစုနဲ့ ရင်းနှီးသူတွေပဲဝင်ခွင့်ရလို့ မှန်ခန်းအပြင်က ရိုက်ကူးရတဲ့ သူ့ပုံရိပ် တွေက ဝေဝါးနေပေမယ့် ကြည်လင်နေတဲ့ သူ့ရဲ့ နောက်ဆုံး ရုပ်ကလပ်ကိုသိသာစေပါတယ်။ အိပ် ပျော် နေတဲ့အတိုင်းပဲလို့ လာရောက်ကြည့်ရှုကြသူပရိတ်သတ်က မှတ်ချက်ပေးကြတဲ့ မာရဇ္ဇဟာ သူနှစ် သက်ရာ ရော့ခ်ဂီတနဲ့ ကိုယ်ပိုင်သံစဥ်အပေါာမှာ ရပ်တည်ချက်ခိုင်မာသူ၊ ဖန်တီးမှုတွေအပေါ်မှာ ပြတ် သား ကြည်လင်တဲ့ မာနရှိသူ အဖြစ် ဂီတ အသိုင်းအဝန်းကမှတ်ချက်ပြုကြပါတယ်။

ပြီးခဲ့တဲ့ ၁၉၉၀ကာလတွေမှာ အဆိုတော်ဖြစ်ဖို့မရည်ရွယ်ခဲ့ပေမယ့်လည်း ရေးထားတဲ့တေးသီချင်းတွေကို ကိုယ်တိုင်သီဆိုဖို့ဖြစ်လာခဲ့ပြီး ၁၉၉၃ခုနှစ်မှာ ပုံရိပ်မဲ့ဂရပ်ဖစ်တေးသီချင်းခွေ စတင်ထွက်ရှိလာခဲ့ပါတယ်။ ပထမဆုံးအခွေမှာပဲ ဆွဲအား၊ ဆင်မြီးလက်စွပ်လေး၊ သည်းခြေပျက်အချစ်ရူး စတဲ့ အားကောင်းတဲ့ ပေါက် သီချင်းတွေနဲ့ စတင်အောင်မြင်ခဲ့ပြီး ကဥ္ဇနကလည်းကျော်ကြားတဲ့တေးသီချင်းတစ်ပုဒ်ဖြစ်ခဲ့ပါတယ်။ တေးစီးရီးခွေပေါင်း ၁၄ ခွေထွက်ရှိခဲ့ပြီး မဖြန့်ချီရသေးတဲ့ တေးသီချင်းတွေလည်း ကျန်ရစ်ခဲ့ပါတယ်။ ကိုယ် ပိုင်တေးသီချင်း၊ ကိုယ်ပိုင်သီဆိုဟန်တွေနဲ့ အနုပညာဆိုတာ ယှဥ်ပြိုင်စရာမဟုတ်ဘူးလို့ ယုံကြည်ချက်နဲ့ ရုပ်သံအင်တာဗျူးတစ်ခုမှာဖြေကြားခဲ့တဲ့ အဆိုတော်မာရဇ္ဇဟာ ကျောက်ကပ်ရောဂါခံစားခဲ့ရပြီး ကွယ် လွန်ချိန်မှာ အသက် ၅၈ နှစ်ရှိပြီဖြစ်ပါတယ်။


 အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နဲ့မကြေးမှံတို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ ဗန်းမော်အခြေစိုက် ၇၀၀၆ သံချပ်ကာတပ်ရင်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီး သံချက်ကာယာဉ် စီးရရှိ


ဇန်နဝါရီလ ၂၆ရက်  


ကချင်ပြည်နယ် ဗန်းမော်မြို့မှာရှိတဲ့ အမှတ် ၇၀၀၆ သံချပ်ကာတပ်ရင်းကို ကချင်လွတ်လပ်ရေးတပ်မတော်-KIA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ရာမှာ သံချပ်ကာယာဥ် စီး သိမ်းဆည်းရရှိခဲ့တယ်လို့ ဒေသစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇန်နဝါရီ ၂၅ရက် မွန်းလွဲ နာရီ ၄၅ မိနစ်မှာ သိမ်းပိုက်နိုင်ခဲ့တာလို့ ရှေ့တန်းတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KIA သတင်းပြန်ကြားရေးဌာနကလည်း ညပိုင်းမှာ ကချင်ဘာသာနဲ့ ထုတ်ပြန်ခဲ့ပြီး သံချပ်ကာယာဉ် စီး သိမ်းဆည်းရရှိခဲ့တာ ကို အတည်ပြုထားပါတယ်။

ဒါ့အပြင် စကခ ၂၁ နဲ့ ခလရ - ၄၇ အပါအဝင် ဗန်းမော်မြို့က လက်ကျန်စစ်ကောင်စီတပ်စခန်းတွေကို ဆက်လက် တိုက်ခိုက် သိမ်းပိုက်မယ်လို့ အသိပေးထားပါတယ်။

တဆက်တည်းမှာပဲ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ အဆက်မ ပြတ် ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

 မုံရွာအခြေစိုက် အမှတ် - ၇၂ သံချပ်ကာ စစ်ဆင်ရေးဌာနချုပ်လက်အောက်ခံ အမှတ်-၇၀၀၆ သံချပ်ကာတပ်ရင်း ဗန်းမော် ကို KIA ပူးပေါင်းတပ်က ဇန်နဝါရီ ၂၄ ရက်ကတည်းက ဝင်ရောက်စီးနင်းနိုင်ခဲ့ပြီး သံချပ်ကာယာဉ် စီး သိမ်းပိုက်ရနိုင်ခဲ့ကာ မနေ့ ဇန်နဝါရီ ၂၅ ရက်နေ့ ညနေ နာရီခန့်မှာတော့ KIA နဲ့ ပူးပေါင်းတပ်တွေက သံချပ်ကာတပ်ရင်းကို အပြီးသတ် သိမ်းနိုင် ခဲ့ပြီး သံချပ်ကာယာဉ် စုစုပေါင်း စီး ရရှိခဲ့တာလို့ ဒေသသတင်းရင်းမြစ်က ရှင်းပြပါတယ်။

KIA နဲ့ပူးပေါင်းတပ်တွေဟာ ၂၀၂၄ ဒီဇင်ဘာလဆန်းကတည်းက ဗန်းမော်မြို့သိမ်းတိုက်ပွဲဆင်နွှဲခဲ့တာဖြစ်ပြီး ရက်ပေါင်း ၅၀ ကျော်ကြာတဲ့အထိ တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပါတယ်။


========================


🚩🚩 ၂။⁨⁨ ဝမ်ပေါင်ကနေထွက်လာတဲ့ ကြေးနီသယ်ယာဉ်တန်းကို မြင်းမူမှာ မိုင်းဆွဲတိုက်ခိုက် 


ဇန်နဝါရီလ ၂၆ရက် 


စစ်ကိုင်းတိုင်း မုံရွာမြို့ ဝမ်ပေါင်ကုမ္မဏီက ထွက်လာတဲ့ ကြေးနီသယ်ယာဉ်တန်းကို မြင်းမူမြို့နဲ့ ဝမ်းပြည့်ရွာကြားမှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့ရာစစ်သား ဦး သေဆုံးသွားတယ်လို့ Dog Killers People's Defence Force Myinmu- DK-PDF MMU တပ်ဖွဲ့က ပြောပါတယ်။

ကြေးနီသယ်ကားတွေနဲ့အကြမ်းဖက်စစ်သားတွေပါတဲ့ယာဉ်တန်းကို မြင်းမူမြို့နယ် မုံရွာ -မန္တလေးလမ်းပိုင်းမှာ မနေ့ ဇန်နဝါရီ  ၂၅ ရက် နေ့လည် ၁၂ နာရီခွဲခန့်မှာ  ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။  

မုံရွာဘက်ကနေ စစ်ကိုင်းဘက်သွားတဲ့ ကြေးနီတင်ကား စစ်သားတွေပါတဲ့ကား‌နဲ့ Jammer ကားတွေကို တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ကြေးနီတင်ကားတွေ မိုင်း လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ကားကိုထိသွားတဲ့အတွက် ဒဏ်ရာရ သွားတဲ့သူတွေရှိတယ်လို့ သိရပါတယ်။

အဲဒီနောက်Jammer ကားကို ဒုတိယအကြိမ် မိုင်းဆွဲရာမှာလည်း ထပ်ထိသွားခဲ့ပြီး စစ်သားတွေပါတဲ့ကားကို နောက်တကြိမ် ထပ်ဆွဲရာမှာ ထိထိမိမိဆွဲလိုက်နိုင်တာကြောင့် သေဆုံးဒဏ်ရာရတာတွေဖြစ်သွားတာလို့ DK-PDF MMU တပ်ဖွဲ့က အသိပေးပါတယ်။

စစ်သားတွေပါတဲ့ကား မိုင်းဆွဲပြီးချိန်မှာ အကြမ်းဖက်စစ်သားတွေဘက် လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး သေဆုံး သူတွေနဲ့ လူနာတွေကို မြင်းမူမြို့ထဲကနေ ကား စီးနဲ့ လာသယ်သွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို Dog Killers People's Defence Force Myinmu-DK-PDF MMU တပ်ဖွဲ့က ရဲဘော်တွေ လုပ်ဆောင်ခဲ့ တာဖြစ်ပြီး အကြမ်းဖက်စစ်သားတွေဘက်က လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဝင်တွေ အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

ဝမ်ပေါင်ကုမ္ပဏီကထွက်လာတဲ့ ကြေးနီတွဲကား ၄၆ စီးနဲ့ စစ်ကောင်စီ စစ်ကား စီးပါတဲ့ ကားတန်းဟာ အဲဒီနေ့မနက် ၁၁ နာရီဝန်းကျင်းမှာ မုံရွာ-ချောင်းဦးလမ်းပိုင်းမှာ မုံရွာမြို့နယ် .က. ဖောက်ခွဲရေးအဖွဲ့ Area 71 PDF Monywa နယ်စည်းမခြား လက်နက်ကြီးတပ်ဖွဲ့၊ ကမျဉ်းနီ - KMN အဖွဲ့တို့ရဲ့ မိုင်းဆွဲတိုက်ခိုက်တာကိုလည်း ခံခဲ့ရပါသေးတယ်။

အခုလို အကြမ်းဖက်စစ်သားတွေနဲ့ ကြေးနီတင်ကားတွေ မိုင်းဆွဲတိုက်ခိုက်ခံထားရတာကြောင့် ပြည်သူလူထုအနေနဲ့ မုံရွာ-မန္တလေးလမ်းပိုင်းကို အသုံးပြုသွားလာမယ်ဆိုရင် သတိပြုသွားလာကြဖို့နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအနီး သွားလာတာမျိုး မလုပ်ကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေက အသိပေး ပြောဆိုထားပါတယ်။


========================


🚩🚩 ၃။⁨⁨ ပြည်သူ့စစ်မှုထမ်းအဖြစ် စုဆောင်ခံရတဲ့ စစ်ကောင်စီတပ်သား ဦး KNDF ထံခိုလှုံ 


ဇန်နဝါရီလ ၂၆ရက် 


အကြမ်းဖက်စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရပြီး ကရင်နီပြည်တွင်းက ရှေ့တန်းစစ်ဆင်ရေးနေရာတွေ ပို့ဆောင်ခြင်းခံရတဲ့ စစ်ကောင်စီတပ်သား ဦး KNDF တပ်ရင်းအသီးသီးကို ထွက်ပြေးခိုလှုံလာခဲ့တယ်လို့ KNDF ဗဟိုက ဒီနေ့ ဇန်နဝါရီ ၂၆ မှာ ထုတ်ပြန်ပါတယ်။

လွိုင်ကော်မြို့ပြင်မှာရှိတဲ့ ကင်းစခန်းတခုမှ လက်နက်မဲ့ထွက်ပြေးလာတဲ့ ခမရ-၄၃၀ တပ်ရင်းမှ တပ်သား ဦးဟာ ဇန်နဝါရီ  ၁၉ ရက်နေ့မှာ KNDF ထံ ရောက်ရှိခိုလှုံလာခဲ့တဲ့အတွက် ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။

လွိုင်လင်လေးမြို့ပြင် ထီးစဲခါးကင်းစခန်းတခုက ထွက်ပြေးလာတဲ့ ခလရ-၂၄၇ တပ်က တပ်သား ဦးကတော့ MA-3 လက် MA-1 တလက်တို့နဲ့အတူ ဇန်နဝါရီ ၂၃ ရက်နေ့မှာ KNDF တပ်ရင်းအသီးသီးကို ရောက်ရှိခိုလှုံလာခဲ့တာလို့ အသိပေး ပါတယ်။ 

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ထံ ထွက်ပြေးခိုလှုံလာတဲ့ ဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စစ်မှုထမ်းဖို့ ဆန္ဒမရှိဘဲ စစ်ကောင်စီရဲ့ ပေါ်တာဆွဲခံရတာ အတင်းအဓ္ဓမ စုဆောင်းခြင်းခံရသူတွေဖြစ်ကြပြီး ရှေ့တန်းစစ်ဆင်ရေးအတွင်း ထွက်ပြေးခိုလှုံလာခဲ့တာလို့ KNDF ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီတပ်သားတွေအဖြစ် ကျန်ရှိနေတဲ့ တပ်ဖွဲ့ဝင်များအနေနဲ့ စစ်အာဏာရှင်လူတစုရဲ့ အကျိုးစီးပွားအတွက် ရပ်တည် နေမယ့်အစား စစ်ကောင်စီတပ်သားဘဝကနေ အချိန်မီစွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံပြီး ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြဖို့ KNDF ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနက တိုက်တွန်းထားပါတယ်။


========================


🚩🚩 ၄။ရေတာရှည် အိုးမြေဒူးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ဦး သေဆုံး


ဇန်နဝါရီလ ၂၆ရက်


ပဲခူးတိုင်း ရေတာရှည်မြို့နယ် အိုးမြေဒူးကျေးရွာမှာတပ်စွဲထားတဲ့ စစ်တပ်ကို တော်လှန်ရေးတပ်တွေ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်သား ဦးသေဆုံးသွားတယ်လို့ ကီးကူစစ်ကြောင်းက ပြောပါတယ်။

ရေတာရှည်မြို့ နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းမှာရှိတဲ့ အိုးမြေဒူးကျေးရွာမှာ အင်အား ၅၀ ခန့်နဲ့တပ်စွဲထားတဲ့ အကြမ်း ဖက်စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဇန်နဝါရီ ၂၃ ရက် မနက် ၁၁ နာရီခန့်အချိန်မှာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ မိနစ် ၃၀ ခန့်အကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။

 အဲဒီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဟာ ဇန်နဝါရီ ၁၉ ရက်နေ့ကလည်း တိုက်ခိုက်ခဲ့သေး ပြီး တိုက်ခိုက်မှု ကြိမ်မှာ အကြမ်းဖက်စစ်သား ဦးသေဆုံးကာ ဦး ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို စစ်တောင်းမြစ်ဝှမ်း - ရေတာရှည် ပူးပေါင်းစစ်ဆင်ရေးအဖွဲ့နဲ့အတူ ကီးကူစစ်ကြောင်းက ရဲဘော် တွေ ပါဝင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်က ထိခိုက်မှုမရှိဘူးလို့လည်း သိရပါတယ်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ခြမ်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တွေ အချိန်မရွေး ဝင်ရောက်တိုက်ခိုက်သွားမှာဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ လုံခြုံရေးအသိ၊ သတိနဲ့ နေထိုင် ပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်







#RadioNUGLocalNews

#SpringRevolution




Share:

No comments:

Post a Comment