2nd Jan 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဇန်နဝါရီလ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨၁။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနိုင်ငံတကာကဖိအားပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံမှပြည်သူတွေဟာ အမေ့လျော့ခံမဖြစ်သင့်ဘူးလို့ ကုလသမဂ္ဂထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨၃။ရဲ ဦး လက်နက်ခဲယမ်းများနဲ့အတူ တောင်သာ ပကဖ ထံအလင်းဝင်

📌 ⁨⁨⁨⁨⁨⁨၄။ EODရှယ်ယာအရောင်းလက်ကျန်စာရင်းတွင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မြေနှင့်အဆောက်အအုံပါ InyaViewရှယ်ယာလက်ကျန်များပါဝင်၍ ဝယ်ယူနိုင်

📌 ⁨⁨⁨⁨⁨⁨၅။ တော်လှန်ပြည်သူ ဒို့ဝိုင်းကူကံစမ်းမဲ လက်မှတ် အစောင် ၈၆၀ ရောင်းချနိုင်ခဲ့ပြီးလွတ်လပ်ရေးနေ့မှာဖွင့်ပွဲကျင်းပမည်

📌 ⁨⁨⁨⁨⁨⁨၆။ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲကျင်းပမည်


========================



၂၀၂၅ ခုနှစ် ဇန်နဝါရီလ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ⁨⁨ သန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်

🚩၂။ဖြူးမြို့နယ် ဇေယျာ၀တီမြို့ ရမ်းနဂါးကျေးရွာမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ပြည်သူ ဦး သေဆုံး

🚩 ၃။ ဖြူးမြို့နယ်အတွင်းက ဇေယျဝတီမြို့မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က  ၂ဝ နီးပါးသေဆုံး 

🚩 ၄။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံ

🚩 ၅။ စစ်တပ်ရဲ့ ပေါ်တောဆွဲဖမ်းဆီးခြင်းခံရတဲ့ အသက် ၁၄ နှစ်အရွယ် ပျူစောထီး လက်နက်မဲ့ အလင်းဝင်း

🚩 ၆။ ဘုတလင်မြို့နယ် ကူတော်ရဲကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာထွက်ပြေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨၁။ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနိုင်ငံတကာကဖိအားပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တိုက်တွန်း


ဇန်နဝါရီ၂ရက်


သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနိုင်ငံတကာကဖိအားပေးဖို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ ဇန်နဝါရီလအတွင်း တိုက်တွန်းလိုက်ပါတယ်။နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စု၏ တရားဝင်မှုကို မည်သည့်နည်းနှင့်မျှမပေးဘဲ သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ အားလုံး အမြန်ဆုံးပြန်လည် လွှတ်ပေးရေးနှင့် အကြမ်းဖက်စစ်အုပ်စုအပေါ်  ထိရောက်စွာ ဖိအားပေးရေး၊ နိုင်ငံတကာရာဇဝတ်မှုကျူးလွန်ခြင်းများအတွက် တာဝန်ယူမှု တာဝန်ခံမှုရှိလာစေရေးကို ဝိုင်းဝန်းကြိုးပမ်း ကူညီပံ့ပိုးပေးရန် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) မှ တိုက်တွန်းလိုက်ပါတယ်လို့ဖော်ပြပါရှိပါတယ်။

လက်ရှိမှာစစ်အုပ်စုဟာ နိုင်ငံရေးအကျဉ်းသားများကို ၎င်းတို့၏ လက်အောက်ခံ ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များ၌ ချုပ်နှောင်ကာ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လိင်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှုများကို နည်းလမ်းမျိုးစုံအသုံးပြု၍ ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။

 မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၈၀၅၁) ဦးရှိပြီး ထိုအထဲမှ (၂၁၄၇၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၉၃၃) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၂။ မြန်မာနိုင်ငံမှပြည်သူတွေဟာ အမေ့လျော့ခံမဖြစ်သင့်ဘူးလို့ ကုလသမဂ္ဂထုတ်ပြန်


ဇန်နဝါရီ၂ရက်


မြန်မာနိုင်ငံမှပြည်သူတွေဟာ အမေ့လျော့ခံမဖြစ်သင့်ဘူးလို့ ဇန်နဝါရီ၂ရက်မှာ လူသားချင်းစာနာမှုအကူအညီရန်ပုံငွေရရှိမှုနဲ့ပတ်သက်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတခုတဲ့ UN OCHAက ဖော်ပြပါတယ်။

"၂၀၂၄ ခုနှစ်မှာ ရန်ပုံငွေရရှိမှု နည်းပါးလွန်းခဲ့တာကြောင့် မြန်မာနိုင်ငံက လူသန်းပေါင်းများစွာဟာ အကူအညီမဲ့ခဲ့ရပါတယ်။အကျပ်အတည်းဒဏ်ကို ခံစားနေရသူတွေရဲ့ ခံနိုင်စွမ်းဟာ ယဲ့ယဲ့ပဲရှိပါတော့တယ်။ မြန်မာနိုင်ငံကပြည်သူတွေဟာ အမေ့လျော့ခံမဖြစ်သင့်ပါဘူး၊ သူတို့ဟာ အကူအညီတွေ မဆိုင်းမတွလိုအပ်နေပါပြီ"လို့ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ်အတွင်း ရန်ပုံငွေရရှိခဲ့မှု အလွန် နည်းပါးခဲ့တာကြောင့် အကူအညီပေးဖို့ လျာထားခဲ့တဲ့ လူဦးရေ ဒသမ သန်းထဲကလူဦးရေ ဒသမ သန်းဟာ ဘာအကူအညီမှ မရရှိခဲ့ဘဲ ရရှိခဲ့တဲ့သူတွေဟာလည်းအပြည့်အစုံရရှိခဲ့ခြင်းမရှိဘူးလို့ဆိုပါတယ်။

ဒါ့အပြင်၂၀၂၅ ခုနှစ်မှာ ရန်ပုံငွေလောက်လုံစွာ မရှိခဲ့ပြန်ဘူးဆိုရင် ဘ၀ပေါင်းများစွာ အကူအညီမဲ့ကြရလိမ့်မယ်လို့ ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေးအစီအစဉ် ဖော်ပြချက်အရသိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၃။ရဲ ဦး လက်နက်ခဲယမ်းများနဲ့အတူ တောင်သာ ပကဖ ထံအလင်းဝင်


ဇန်နဝါရီ၂ရက်


မန္တလေးတိုင်း တောင်သာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲထံ ရဲတပ်သား ဦး လက်နက်ခဲယမ်းများနဲ့အတူ အလင်းဝင်လာတယ်လို့ သိရပါတယ်။

အဲဒီရဲတပ်သား ဦးဟာ ဇန်နဝါရီလ ရက်နေ့မှာ အလင်းဝင်လာခဲ့တာဖြစ်ပြီး လက်နက်ခဲယမ်းတွေပါယူဆောင်လာခဲ့ကြတဲ့ အတွက် ကျပ်သိန်း ၅ဝ စီ ချီးမြင့်ပေးခဲ့တယ်လို့ တောင်သာမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်သား ဦးဟာ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖျက်ဆီးနေတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့လုပ်ရပ်ကို စပ်ဆုပ်ရွံရှာလာတဲ့အတွက် တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ကိုဆက်သွယ်ပြီး ပြည်သူ့ရင်ခွင်ကို ခိုလှုံလာခဲ့ကြတာလို့ အသိပေးပါတယ်။

အလင်းဝင်လာတဲ့ ရဲတပ်သား၂ဦးဟာ G3 အမျိုးအစား သေနတ်တလက် ကျည် ၁၀၁ တောင့်၊ ကျည်ဘောက်အပို ၂ခု၊ အူဇီ အမျိုးအစား သေနတ်တလက် ကျည် ၁၈ တောင့် ယူဆောင်လာခဲ့ပြီး အပ်နှံတဲ့အတွက် ဂုဏ်ပြုဆုငွေ ကျပ်သိန်းငါးဆယ်စီ ချီးမြင့်ခဲ့တယ်လို့ တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၄။ EODရှယ်ယာအရောင်းလက်ကျန်စာရင်းတွင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့မြေနှင့်အဆောက်အအုံပါ InyaViewရှယ်ယာလက်ကျန်များပါဝင်၍ ဝယ်ယူနိုင်


ဇန်နဝါရီ၁ရက်


EODရှယ်ယာအရောင်းလက်ကျန်စာရင်းတွင်အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့လှိုင်မြို့နယ်၊ မိုင်ခွဲရှိ နိုင်ငံတော်ပိုင် မြေနှင့်အဆောက်အအုံပါ InyaViewရှယ်ယာလက်ကျန်များပါဝင်၍ ဝယ်ယူနိုင်တယ်လို့ ဇန်နဝါရီ၁ရက်တွင် EODမှ ရှယ်ယာအရောင်းလက်ကျန်များစာရင်းကို အသိပေးဆိုပါတယ်။

"EOD မှ ဆက်လက် ရောင်းချပေးနေသော မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းနှင့် ရှယ်ယာ လက်ကျန်များ နှင့် January လအတွက် ငွေလဲနှုံးများအား အသိပေးအပ်ပါတယ်"လို့endofdictatorshipကဆိုထားပါတယ်။

အာဏာရှင် အဆုံးသတ်နိဂုံး (The End of Dictatorship-EOD) ဒုတိယ အစီအစဉ်အဖြစ် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် မတရားသဖြင့် ရယူထားသော နိုင်ငံတော်ပိုင် ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ မိုင်ခွဲရှိ နိုင်ငံတော်ပိုင် မြေနှင့်အဆောက်အအုံ၏ ဘဏ္ဍာရေးဆိုင်ရာ ပိုင်ဆိုင်ခွင့်အား အများပြည်သူဝယ်ယူနိုင်ရန် ၂၀၂၂ ခုနှစ်၊ ဩဂုတ်လ ရက်တွင် စတင်ရောင်းချခဲ့ပါတယ်။

အဆိုပါ နိုင်ငံတော်ပိုင်မြေမှာ . ဧက ကျယ်ဝန်းပြီး ကာလပေါက်ဈေးအားဖြင့် အမေရိကန်ဒေါ်လာ သန်း ၂၀ ကျော်တန်ကြေးရှိပါတယ်။

ယခု ရောင်းချသည့်အခါ ကာလတန်ကြေး၏ ပုံ ပုံ၊ အမေရိကန်ဒေါ်လာ သန်းသာ တန်ဘိုးဖြတ်၍ အစုရှယ်ယာ သောင်းကို ရောင်းချသွားခြင်းဖြစ်ပြီးရှယ်ယာတစ်စုလျှင် အမေရိကန်ဒေါ်လာ ၁၀၀ သတ်မှတ် ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၅။ တော်လှန်ပြည်သူ ဒို့ဝိုင်းကူကံစမ်းမဲ လက်မှတ် အစောင် ၈၆၀ ရောင်းချနိုင်ခဲ့ပြီးလွတ်လပ်ရေးနေ့မှာဖွင့်ပွဲကျင်းပမည်


ဇန်နဝါရီ၂ရက်


တော်လှန်ပြည်သူ ဒို့ဝိုင်းကူကံစမ်းမဲ လက်မှတ် အစောင် ၈၆၀ ရောင်းချနိုင်ခဲ့ပြီး လွတ်လပ်ရေးနေ့မှာ ဖွင့်ပွဲကျင်းပမယ်လို့ သိရပါတယ်။

 ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့၊ ညနေ နာရီ (US CST) အချိန်တွင် တော်လှန်ပြည်သူ ဒို့ဝိုင်းကူ ကံစမ််းပွဲ လက်မှတ်များရောင်းချမှုပြီးဆုံးသွားပြီလို့သိရပါတယ်။

ကံစမ်းမဲလက်မှတ် အစောင်စုစုပေါင်း ၈၆၀ ရောင်းချနိုင်ခဲ့ကာ အော်စတင် မြို့သူမြို့သားများ နှင့် တက္ကဆက်နေ မြန်မာလူမျိုးများ၊ အမေရိကနိ နိုင်ငံတဝှမ်းလုံးမှ လက်မှတ် ဝယ်ယူအားပေးကြသူများအားလုံးကို Austin Myanmar Community မှ လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်းဆိုထားပါတယ်။

ကံစမ်းမဲ ကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ရက် မြန်မာပြည် လွတ်လပ်ရေးနေ့၊ စနေနေ့၊ ညနေ နာရီ (US CST) တွင် Austin Myanmar Community Facebook Page မှ အော်စတင်အခြေစိုက် နွေဦးမေ အကအဖွဲ့က Live ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨၆။ အမျိုးသားညီညွတ်ရေးအစိုးရလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနကသတင်းစာရှင်းလင်းပွဲကျင်းပမည်


ဇန်နဝါရီ၂ရက်


အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲကို ဇန်နဝါရီလ ၃ရက်၊မနက်၁၀နာရီ တွင်ကျင်းပမှာဖြစ်ပြီး သတင်းမီဒီယာများ၏ Facebook စာမျက်နှာများမှလည်း တိုက်ရိုက်ထုတ်လွှင့်သွားမည်ဖြစ်ကြောင်းသိရပါတယ်။

မြန်မာပြည်သူများ၏ လူ့အခွင့်အရေးချိုးဖောက်ခံနေရမှုများကို လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် စဥ်ဆက်မပြတ် မှတ်တမ်းတင်လျက် ကျူးလွန်သူများအား နိုင်ငံတကာတရားဥပဒေများ အလျောက်အရေးယူနိုင်ရေး ကြိုးစားလျက်ရှိပါတယ်။ အဆိုပါအခြေအနေများနှင့်ပတ်သက်၍ လူ့အခွင့်အရေး၊ တရားမျှတမှုနှင့်ပက်သက်၍ နိုင်ငံတကာတွင်ကြိုးပမ်းဆောင်ရွက်ချက်များနှင့် စိန်ခေါ်မှုများဆိုသည့် ခေါင်းစဉ်ဖြင့်သတင်းစာရှင်းလင်းပွဲ ကျင်းပမှာဖြစ်တယ်လို့ လူ့အခွင့်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================

========================




🚩🚩 ⁨⁨ သန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်


ဇန်နဝါရီ၂ရက်


၂ဝ၂၅ နှစ်သစ် ပထမဆုံးရက်ဖြစ်တဲ့ ဇန်နဝါရီလ ရက်နေ့ ညပိုင်းမှာ ရှမ်းပြည်နယ်မြောက်ပိုင်း သန္နီမြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုနဲ့ ဖိအားပေးမှုတွေရှိနေတဲ့ ကိုးကန့်တပ်မတော်-MNDAA နဲ့ စစ်ကောင်စီတို့ကြား ဆွေးနွေး ပွဲတွေရှိနေတဲ့ အခြေအနေမျိုးမှာ MNDAA ထိန်းချုပ်ရာနယ်မြေတွေကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာတွေ ရပ်တန့်နေရာက  ၂၀၂၅ နှစ်သစ်ကူးနေ့ ပထမဆုံးညမှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်လာတာ လို့ဆိုပါတယ်။

မနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့ည ၁၁ နာရီခွဲဝန်းကျင်မှာ အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲခဲ့တာဖြစ်ပြီး သိန္နီဟိုတယ် အနီးမှာ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ 

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူလူထုတွေ ထိခိုက်သေဆုံးမှုတော့မရှိဘူးလို့ သတင်းပေးပို့ထားတာရှိပါတယ်လို့ ရှမ်းမြောက်ဒေသ စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က ဒေသတွင်းသတင်းတွေကို ပြောထားပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုတွေ ပြန်လုပ်လာတဲ့အတွက် ရှမ်းမြောက်ဒေသမှာ တိုက်ပွဲတွေ တကျော့ပြန်ဖြစ်လာနိုင် တယ်လို့ သူက မှတ်ချက်ပြုပါတယ်။

စစ်ကောင်စီဘက်က လေကြောင်းစစ်ဆင်ရေးတွေ ပြန်လုပ်လာတဲ့အတွက် ကိုးကန့်ဘက်က ထိုးစစ်ပြန်ဆင်လာမယ်ဆိုရင်  စစ်ရေးအခြေအနေ ပိုမိုပြင်းထန်လာနိုင်ကြောင်းနဲ့ ရှမ်းမြောက်ဒေသတိုက်ပွဲအခင်းအကျင်းဟာ ကိုးကန့်တပ်တွေပေါ် မူတည်နေတယ်လို့ ဦးဇော်ဆန်က ပြောပါတယ်။

တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုတွေကြောင့် နိုင်ငံရေးအရ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ MNDAA အပါအဝင် မဟာမိတ် တပ်တွေဘက်က ထုတ်ပြန်ထားပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကွာကွယ်ရေးမူကို ကိုင်ဆွဲထားတယ်လို့ MNDAA က အသိပေး ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။


========================


🚩🚩၂။ဖြူးမြို့နယ် ဇေယျာ၀တီမြို့ ရမ်းနဂါးကျေးရွာမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ပြည်သူ ဦး သေဆုံး


ဇန်နဝါရီ၂ရက်


ပဲခူးတိုင်း ဖြူးမြို့နယ် ဇေယျာ၀တီမြို့အရှေ့ဘက် အမဲခေါင်ကျေးရွာအုပ်စု ရမ်းနဂါးကျေးရွာမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် ဟိန္ဒူဘာသာဝင် အရပ်သားပြည်သူ ဦး သေဆုံးခဲ့တယ်လို့ ပကဖ သတင်းရင်းဖြစ်တွေနဲ့ ဒေသနေသူတွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာ ၃၁ ရက်နေ့မှာ ရမ်းနဂါးကျေးရွာ ဟိန္ဒူဘုရား‌ကျောင်းကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အတွက် ဘုရားကျောင်းမှာရှိနေတဲ့ ဟိန္ဒူဘာသာဝင် ဦး ပွဲချင်းပြီးသေဆုံးသွားခဲ့သလို ဒဏ်ရာရရှိသူတွေလည်းရှိကာ ဘုရားကျောင်း ပျက်စီးသွားတယ်လို့ ဆိုပါတယ်။ 

ဖြူးမြို့နယ်ထဲမှာပါတဲ့ ဇေယျာ၀တီမြို့မှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေတာ ကြောင့် ဒေသနေပြည်သူတွေ စစ်ဘေးရှောင်နေရတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ဖြူးမြို့နယ်အတွင်းက ဇေယျဝတီမြို့မှာ တိုက်ပွဲတွေဖြစ်နေပြီး စစ်တပ်ဘက်က  ၂ဝ နီးပါးသေဆုံး 


ဇန်နဝါရီ၂ရက်


ပဲခူးတိုင်း ဖြူးမြို့နယ်အတွင်းမှာရှိတဲ့ ဇေယျဝတီမြို့မှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်တွေကြား တိုက်ပွဲတွေ ဖြစ်နေပြီး စစ်တပ်ဘက်က ၂ဝ နီးပါး သေဆုံးသွားတယ်လို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖ က ပြောပါတယ်။

အမြန်လမ်း ၁၁၅ မိုင် တိုးဂိတ်နဲ့ ၁၀ မိုင်ကျော်သာကွာဝေးတဲ့နေရာတွေမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်နေတာလို့ သိရပါတယ်။ 

စစ်ကောင်စီတပ်ဟာ ဖြူးမြို့နယ် ဇေယျဝတီမြို့အရှေ့ဘက်မှာရှိတဲ့ သရက်ကုန်း၊ မျက်နီကွင်း၊ နှောခင်၊ ကြူအင်း စတဲ့ ကျေး ရွာတွေဘက်ကို တပ်ဖွဲ့တွေခွဲပြီး စစ်ကြောင်းထိုးနေတာလို့ ဆိုပါတယ်။

ဒီဇင်ဘာ ၂၇ ရက်ကစပြီး ဒီဇင်ဘာ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲတွေဆက်တိုက်ဖြစ်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဘက်က ၁၉ ဦး သေဆုံးကာ တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က ရဲဘော်တဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ဖြူးမြို့နယ် ပကဖက အသိပေးပါတယ်။

စစ်ကောင်စီတပ်တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဗုံးသီး ၁၄ လုံးထက်မနည်း ကြဲချတိုက်ခိုက်ပြီး လက်နက်ငယ် တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒီဇင်ဘာ ၂၇ ကနေ ၃၁ ရက်အထိ တော်လှန်ရေးပူးပေါင်းတပ်တွေရဲ့ ဒရုန်းစစ်ဆင်ရေးအောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံးကာ ဒီဇင်ဘာ ၃၁ ရက် နေ့လယ်က ဟာစနာပူအတောက်ရွာနဲ့ ကုလားဂျူးကျေးရွာတို့မှာဖြစ်တဲ့ ထိတွေ့တိုက်ပွဲ မှာ စစ်ကောင်စီတပ်သား ဦး သေဆုံးသွားတယ်လို့ ဖြူးမြို့နယ် ပကဖ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီစစ်ဆင်ရေးတွေကို PDF တပ်ရင်း ၃၅၀၂၊ ရန်ကုန်-ပကဖ၊ အုတ်တွင်း-ပကဖနဲ့  ဖြူးမြို့နယ်-ပကဖ တို့ ပူးပေါင်း ဖော်ဆောင် ခဲ့တာပဲဖြစ်ပါတယ်။


========================


🚩🚩 ၄။ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းကနေ အပြင်းအထန်ခုခံ


ဇန်နဝါရီ၂ရက်

 

ကချင်လွတ်လပ်ရေးတပ်မတော်-KIA က ဖော်ဆောင်နေတဲ့ ဗန်းမော်မြို့သိမ်းတိုက်ပွဲဟာ ဇန်နဝါရီ ရက်နေ့အထိ ပြင်းထန် နေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ကာ အပြင်းအထန်ခုခံနေတယ်လို့ ဒေသစစ်ရေးသတင်း ရင်းမြစ်တွေက ပြောပါတယ်။

၂၀၂၄ နှစ်ကုန်ရက်ဖြစ်တဲ့ ဒီဇင်ဘာ ၃၁ ရက်နေက လေကြောင်းတိုက်ခိုက်မှု ၁၁ ကြိမ်ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီဟာ မနေ့ ဇန်နဝါရီ ၁ရက်မှာလည်း နာရီအတွင်း Y12 လေကြောင်းတိုက်ခိုက်မှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

တံတားဦးလေဆိပ်ကနေတက်လာတဲ့ စစ်ကောင်စီရဲ့ Y12 လေယာဉ်ဟာ မနေ့က လေကြောင်းတိုက်ခိုက်မှု ၁၃ ကြိမ် ပြုလုပ်ကာ ဗုံးသီးအလုံး ၃၀ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမော်တိုက်ပွဲအခြေအနေကို လူမှုကွန်ယက်စာမျက်နှာကနေအသိပေးနေတဲ့ ကချင်စစ်ရေးသတင်းရင်းမြစ်တဦးကလည်း ဗန်းမော်မြို့မှာ မနေ့က တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့တယ်လို့ အသိပေးထားပါတယ်။

ဇန်နဝါရီ ၁ရက်နေ့က ဗန်းမော်အခြေစိုက် ခလရ ၄၇ တပ်ရင်းဝင်ပေါက်မှာ တိုက်ပွဲဖြစ်ခဲ့ပြီး အခြားနေရာတွေမှာလည်း တိုက်ပွဲတွေရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တိုက်လေယာဉ်နဲ့  ကြိမ် ဗုံးကြဲတိုက်ခိုက်သလို KIA နဲ့မဟာမိတ်တပ်တွေဘက်ကလည်း လက်နက်ကြီး နေတဲ့ ပစ်ခတ်တာ ဒရုန်းနဲ့ တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ကိုးကန့်တပ် MNDAA တအာင်းတပ် TNLA နဲ့ ရခိုင့်တပ်တော် AA တို့က လက်နက်ကိုင် ပဋိပက္ခတွေချုပ်ငြိမ်းလိုတဲ့အတွက် နိုင်ငံရေးနည်းနဲ့ တွေ့ဆုံဆွေးနွေးဖြေရှင်းဖို့ စာထုတ်ပြန်ပြီးတဲ့နောက်ပိုင်း အကြမ်းဖက် စစ်တပ်နဲ့ KIA တို့ကြား တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတာပဲဖြစ်ပါတယ်။

အခုလိုတိုက်ပွဲတွေပြင်းထန်နေတာနဲ့ပတ်သက်လို့ KPDF အရာရှိတဦးကတော့ KIA နဲ့မဟာမိတ်တပ်တွေအနေနဲ့ ဗန်းမော်နဲ့ မန်စီဒေသကို အပြီးသတ်သိမ်းယူနိုင်ဖို့ ဆက်လက်ထိုးစစ်ဆင်နေတယ်လို့ ပြောဆိုထားပါတယ်။


========================


🚩🚩 ၅။ စစ်တပ်ရဲ့ ပေါ်တောဆွဲဖမ်းဆီးခြင်းခံရတဲ့ အသက် ၁၄ နှစ်အရွယ် ပျူစောထီး လက်နက်မဲ့ အလင်းဝင်း


ဇန်နဝါရီ၂ရက်


အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ အသက် ၁၄ နှစ်အရွယ် ပျုစောထီးတဦး လက်နက်မဲ့ အလင်းဝင် လာတယ်လို့ ပြောပါတယ်။

အလင်းဝင်းလာတဲ့သူဟာ မကွေးတိုင်း ဂန့်ဂေါမြို့တောင်ဘက် လောင်ထောင်ဂိတ်မှာ တာဝန်ကျနေတဲ့ ပျူစောထီးတဦး ဖြစ်တယ်လို့ သိရပါတယ်။ 

အကြမ်းဖက်စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးထားတဲ့ အသက် ၁၄ နှစ်အရွယ် မောင်ဖြိုးဝင်းသန့်ဟာ ဂန့်ဂေါမြို့ပေါ်က ပျူစောထီးခေါင်းဆောင် P2 ဖိုးဇော်ရဲ့ ဂိတ်စောင့်အဖြစ် လခန့် တာဝန်ပေးစေခိုင်းတာခံခဲ့ရပြီး တာဝန်ပေးစေခိုင်းခံရစဉ် အတွင်း AK သေနတ် ကိုင်ဆောင်ခဲ့ရတယ်လို့ ဆိုပါတယ်။ 

ပျူစောထီးခေါင်းဆောင် စေခိုင်းတဲ့တာဝန်တွေကို ဆောင်ရွက်လိုစိတ်မရှိတာကြောင့် သက်ဆိုင်ရာ ပအဖ၊ပကဖ တွေနဲ့ ချိတ်ဆက်ပြီး လက်နက်မဲ့ အလင်းဝင်လာတာလို့ ဂန့်ဂေါမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ - ပကဖ က အသိပေးပါတယ်။

အလင်းဝင်လာတဲ့ မောင်ဖြိုးဝင်းသန့်ကို ဂန့်ဂေါမြိုနယ် ပကဖ က ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၈ ရက်နေ့ကလည်း တီးတိန်မြို့အခြေစိုက် ခလရ-၂၆၈ က တပ်သား စစ်ပိုင်ဖြိုး () ကိုဖြိုး လက်နက် ခဲယမ်းတွေနဲ့အတူ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ - ပကဖ ထံ အလင်းဝင်လာတဲ့အတွက် ကျပ်သိန်း ၅ဝ ဂုဏ်ပြု ချီးမြင့်ခဲ့ပါသေးတယ်။


========================


🚩🚩 ၆။ ဘုတလင်မြို့နယ် ကူတော်ရဲကင်းစခန်းက စစ်ကောင်စီတပ်ဖွဲ့ စခန်းစွန့်ခွာထွက်ပြေး


ဇန်နဝါရီ၂ရက်


ဘုတလင်မြို့နဲ့ ၁၀ မိုင်ခန့်အကွာမှာရှိတဲ့ ကူတော်ရဲစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဇန်နဝါရီ ရက်မှာ စခန်းကနေ အပြီးသတ် စွန့်ခွာထွက်ပြေးသွားတယ်လို့ ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ဒေသတော်လှန်ရေးအင်းစုတွေက ပြောပါတယ်။

ကူတော်ရွာရဲစခန်းက စစ်အုပ်စုနဲ့ ပျူစောထီးတွေ ဒီဇင်ဘာ ၃၁ ရက်နေ့ကတည်းက စခန်းကို စွန့်ခွာထွက်ပြေးသွားကြ တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေ ကူတော်ရဲစခန်းကို စွန့်ခွာသွားပြီး ဘုတလင်မြို့ပေါ်မှာ သွားပေါင်းနေတာဟာ မြို့ပေါ်မှာ ခံစစ် ပြင်မယ့်အနေအထားလို့ ဘုတလင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

ဘုတလင်မြို့နယ် ကူတော်စခန်းက အကြမ်းဖက် စစ်သားတွေနဲ့ရဲတွေ ဘုတလင်မြို့တွင်းကို စစ်ကြောင်းနဲ့ အတူ လိုက်ပါပူးပေါင်းသွားပြီဖြစ်တာကြောင့် ကူတော်ရွာ အထိုင်ချစခန်းမှာ အကြမ်းဖက်စစ်သားတွေ လုံးဝမရှိတော့ဘဲ စခန်းစွန့်ခွာသွားပြီဆိုတဲ့ နှစ်ဦးသတင်းကောင်းရရှိထားတယ်လို့ ဘုတလင်မြို့နယ် ရွေ့လျားစစ်ကြောင်း - ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - BMT က ဖော်ပြထားပါတယ်။

စစ်ကြောင်းတစ်လုံးပြုတ်အောင်တိုက်ခိုက်ခံခဲ့ရသည့် စစ်ကောင်စီစစ်ကြောင်း အထိုင်ချတပ်စွဲခဲ့ရာ ကူတော်ရွာ ရဲစခန်းက  စစ်ကောင်စီတပ်ဖွဲ့တွေ စခန်းစွန့်ခွာသွားတာဖြစ်လို နမခ တိုင်းမှူးအသစ်ပြောင်းပြီး တလမပြည့်ခင်မှာပဲ စစ်အုပ်စုဟာ စခန်းစွန်ခွာသွားခဲ့တာလို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ စက်တင်ဘာ ၃၁ ရက်က ကူတော်ရဲစခန်းက အင်အား ၈၅ ဦးပါ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကြောင်းတခုလုံးပျက်စီးသွားတဲ့အပြင် စစ်သုံ့ပန်းအများအပြားကို လက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီး ရရှိခဲ့တဲ့မှတ်တမ်းရှိပါတယ်။

အဲဒီလို စစ်ကြောင်းတခုလုံးပြုတ်အောင် တိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်ကောင်စီဟာ လေကြောင်းတိုက်ခိုက်မှုတွေနဲ့  မြေပြင် စစ်ကြောင်းထိုးတာတွေပြုလုပ်ခဲ့ပြီး ကူတော်ရဲကင်းစခန်းကို အင်အားထပ်မံဖြည့်တင်းကာ အောက်တိုဘာကနေ နိုဝင်ဘာလလယ်အထိ ဘုတလင်မြို့နယ်အတွင်း လှည့်လည်စစ်ကြောင်းထိုးခဲ့ပြီး ဒေသခံ ၂၄ ဦးထက်မနည်း သတ်ဖြတ်ခဲ့ တယ်ဆိုတဲ့ မှတ်တမ်းဆိုးတွေလည်း ရှိနေပါတယ်။


========================


🚩🚩၇။ ရှိမ်းမကားရဲစခန်းအနီးတဝိုက် စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်ပြီး လက်နက်ခဲယမ်းနဲ့ရိက္ခာထုတ်တွေချ 


ဇန်နဝါရီ၂ရက်


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ရှိမ်းမကားကျေးရွာရဲစခန်းအနီးတဝိုက်ကို စစ်တပ်က လေကြောင်း တိုက်ခိုက်မှုတွေလုပ်ပြီး စခန်းဝင်းထဲမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို လက်နက်ခဲယမ်းနဲ့ရိက္ခာထုတ်တွေချပေးခဲ့တယ်လို့ ဒေသ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေရှိတယ်ဆိုပြီး စစ်ကောင်စီတပ်ဖွဲ့က လေယာဥ်နဲ့ဗုံးကြဲခိုင်းတာကြောင့် ရှိမ်းမကား ရဲစခန်းအနီးက လူမနေနဲ့တောအုပ်ကို ဇန်နဝါရီ ရက်နေ့မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်သွားတာလို့ ဆိုပါတယ်။

ရှိမ်းမကားကျေးရွာရဲစခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF တွေက ညပိုင်းတွေမှာ လက်နက်ချဖို့နဲ့ စခန်းသိမ်းမယ့် အကြောင်း မကြာခဏလာအော်နေတာကြောင့် အဲဒီစခန်းက ရဲနဲ့စစ်သားတွေဟာ လေယာဥ်ပစ်ကူခေါ်ခဲ့တာလို့ သိရပါတယ်။

ဇန်နဝါရီလ ရက်နေ့ ညနေ နာရီနဲ့ ၅နာရီခွဲဝန်းကျင်မှာ ရှိမ်းမကားရွာအနောက်ဘက်က စခန်းကုန်းနဲ့ ဖိုကုန်းရပ်ကွက်ကို  စစ်တပ်က ဂျက်လေယာဉ်နဲ့ လေကြောင်းတိုက်ခိုက်မှု ကြိမ်လုပ်သွားတာလို့ ဝက်လက် information Network ကလည်း အသိပေးထားပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူတွေ ထိခိုက်တာတွေတော့ မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီလ ရက်နေ့ နာရီကျော်နဲ့ ဇန်နဝါရီလ ရက်နေ့ မနက် နာရီခွဲကျော်မှာ Y-12 လေယာဉ်နဲ့ ရှိမ်းမကားရဲစခန်းထဲကို လက်နက်နဲ့ ရိက္ခာတွေ လာချသွားတယ်လို့ information Network ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ရှိမ်းမကားရဲစခန်းဟာ ဝက်လက်မြို့နယ်အရှေ့ခြမ်းမှာရှိပြီး ဧရာဝတီမြစ်ကြောင်းတလျှောက် စစ်ကောင်စီတပ် အထိုင်ချ ထားနိုင်တဲ့ နယ်မြေရဲစခန်းဖြစ်ပြီး တော်လှန်ရေးတပ်တွေ မကြာခဏတိုက်ခိုက်လေ့ရှိတာကြောင့် လေယာဥ်ပစ်ကူ ပေးနေရတဲ့စခန်းဖြစ်ပါတယ်။

ရှိမ်းမကားကျေးရွာဟာ သမိုင်းဝင်ဘေးမဲ့တောနဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းရှိပြီး ကျေးရွာစျေးက  မီးရှို့ဖျက်ဆီးခံထားရ သလို ဒေသခံတွေ တိမ်ရှောင်နေရတာလည်း တနှစ်ကျော်ရှိနေပြီလို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှမှ ပေးပို့ထားတာဖြစ်ပါတယ်။



#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment