13th Feb 2025 - Morning Daily News by Radio NUG

၂၀၂၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ခတ်ကွင်းပြင်ပြီး အချိန်ကုန်နေလို့ မရဘူးလို့ ယာယီသမ္မတ သတိပေး

📌 ၂။ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို

📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့်  အစုအဖွဲ့ () စုမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး

📌 ၄။ ကလေးတောင်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့  စစ်ရှောင်ပြည်သူ နှစ်ရာကျော်ကို အရေးပေါ်လူသုံးကုန်ပစ္စည်းများထောက်ပံ့နိုင်ခဲ့

📌 ၅။ ကျားဖြန့်ဂိုဏ်းမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား နှစ်ရာကျော်ကို DKBA က ထိုင်းကို လွဲပြောင်း၊ တစ်ပတ်အတွင်း မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနင်းတော့မယ်လို့ BGF ဆို


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ ကရင်နီပြည် ဖြတ်သန်းခွင့်ကတ်နှင့် ပတ်သက်ပြီး Karenni State Immigration နှင့် ပူးပေါင်းကြဖို့ KNDF ဒုစစ်ဦးစီးချုပ် တိုက်တွန်း

🚩 ၂။ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့်  ပြည်သူ () ဦး ဒဏ်ရာရ

🚩 ၃။ ကနီမြို့နယ်၊ နတ်ကြီးရွာနှင့် မုဋ္ဌောရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ () ဦး ထိခိုက်ဒဏ်ရာရ

🚩 ၄။ ရွှေတဂူ ဘုရားကုန်း တိုက်ပွဲနဲ့ မိုးဗြဲ တိုက်ပွဲတို့အတွင်း KNDF ရဲဘော် () ဦး ကျဆုံးခဲ့

🚩 ၅။ "ရေးပြောက်ကျားတပ် (YGF) မှ SOF သင်တန်းဆင်းရဲဘော်များနှင့် ထူးချွန်ဆုရ ရဲဘော်များကို ဂုဏ်ပြု

🚩 ၆။ ငဖဲမြို့နယ်၊ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့

🚩 ၇။ မင်းကွန်း ရဲစခန်းကို ပြောင်းလာတဲ့ () ပွင့် ရဲအရာရှိ တဦးကို ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံး

🚩 ၈။ စစ်မှုထမ်းသက် () နှစ်ရှိ စစ်ကောင်စီ ဒုတပ်ကြပ် တဦး လက်နက်နဲ့ အလင်းဝင်

🚩 ၉။ ပဲခူးခရိုင်၊ အမှတ် ( ) တပ်ရင်းထံသို့ စစ်ကောင်စီမှ စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့ရသည့် တပ်သားသစ် () ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ခတ်ကွင်းပြင်ပြီး အချိန်ကုန်နေလို့ မရဘူးလို့ ယာယီသမ္မတ သတိပေး


(၇၈) ကြိမ်မြောက် ပင်လုံစာချုပ်ချုပ်ဆိုခြင်းနေ့အထိမ်းအမှတ် အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက "ဘုံရန်သူကို ချေမှုန်းတဲ့နေရာမှာ ကျွန်တော်တို့ဟာ ဝေ့နေဝိုက်နေလို့ မရပါဘူး။ 'ခတ်ကွင်းပြင်' ပြီး အချိန်ကုန်နေလို့လည်း မရဘူးလို့ ပြောချင်ပါတယ်။ ခုခံတော်လှန်စစ်မှာ - စစ်ရေးကြိုတင်ပြင်ဆင်မှုတွေဟာ အရေးကြီးတာ မှန်ပေမယ့် 'သံပူတုန်း နာနာ မနှက်နိုင်ဘူး' ဆိုရင် ကျွန်တော်တို့ရဲ့ တော်လှန်ရေးသမိုင်းမှာ ရတောင့်ရခဲအခွင့်အလမ်းတွေကို ဆုံးရှုံးနိုင်တယ်ဆိုတာ သတိချပ်ကြဖို့ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။

အချင်းချင်း ဖြစ်ပေါ်လာတဲ့ကတောက်ကဆဖြစ်ရပ်တွေကို လက်နက်နဲ့ မဖြေရှင်းကြဖို့နဲ့ သေနတ်သံ မဖောက်ပဲ ဖြေရှင်းကြဖို့လည်း ယာယီသမ္မတကအလေးအနက်တိုက်တွန်း ပြောကြားပါတယ်။

ဒါ့အပြင် "ကျွန်တော်တို့မျိုးဆက်ဟာ တော်လှန်ရေးတာဝန်တွေကို ထမ်းဆောင်ပြီး၊ မျိုးဆက်သစ်တွေကတော့ တိုင်းပြည်ရဲ့ အနာဂတ်တည်ဆောက်ရေးတာဝန်တွေကို ထမ်းရွက်စေကြဖို့ ဖြစ်ပါတယ်။ ကျွန်တော်တို့ ထမ်းဆောင်နေတဲ့ တော်လှန်ရေးတာဝန်တွေကို ကျွန်တော်တို့ မျိုးဆက်မှာပဲ အပြီးသပ် တာဝန်ထမ်းဆောင်ကြဖို့ အင်မတန် အရေးကြီးပါတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ မျိုးဆက်သစ်တွေကို ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသစ် တည်ဆောက်ရေးအတွက် ဆက်လက် လက်ဆင့်ကမ်းကြဖို့ ဖြစ်တယ်"လို့လည်း ယာယီသမ္မတက ထပ်လောင်းဆိုခဲ့ပါတယ်။


========================


📌📌 ၂။ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးဖို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထပ်မံတောင်းဆို


(၆၃) ကြိမ်မြောက် ကုလသမဂ္ဂ လူမှုဖွံ့ဖြိုးတိုးတက်ရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက "မြန်မာပြည်သူများအနေဖြင့် စစ်တပ်နှင့် စစ်အာဏာရှင်စနစ်အား အပြီးတိုင် ချုပ်ငြိမ်းစေသည့် ယင်းပြဿနာဇစ်မြစ်အား အမြစ်ပြတ်အောင်ဆောင်ရွက်သွားရန် သန္နိဋ္ဌာန် ခိုင်မာစွာရှိကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတကာအသိုက်အဝန်းနှင့် ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများအနေဖြင့် စစ်တပ်ထံသို့ လက်နက်များ၊ ဂျက်လေယာဉ်ဆီနှင့် ငွေကြေးများ ဖြတ်တောက်ပေးခြင်းအားဖြင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းစေရေးအတွက် မိမိတို့ လုပ်ဆောင်နေသည့် ကြိုးပမ်းအားထုတ်မှုများအား ပံ့ပိုးကူညီပေးကြပါရန်နှင့် ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖြင့် အနာဂတ် မြန်မာနိုင်ငံတော်သစ် တည်ထောင်မှုအတွက် အားဖြည့်ကူညီပေးကြပါရန် တောင်းဆိုလိုကြောင်း" ပြောကြားခဲ့ပါတယ်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံ၌ ဆိုးရွားသော လူ့အခွင့်အရေး ချိုးဖောက်ဖိနှိပ်မှုများကို နေရာပေါင်းစုံတွင် ရင်ဆိုင်နေရပြီး လူမှုစီးပွားကဏ္ဍသည်လည်း မကြုံဖူးသည့် အခြေအနေသို့ ကျဆင်းလျက်ရှိသလို ယနေ့အထိ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်သူ သန်း (၂၀) ခန့် ရှိနေပြီး (.) သန်းကျော်မှာ နေရပ်စွန့်ခွာနေကြရကြောင်း သံအမတ်ကြီးက ထပ်လောင်းပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့်  အစုအဖွဲ့ () စုမှ တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေး


စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်နှင့် အစုအဖွဲ့ () စုမှ တာဝန်ရှိသူများဟာ ဖေဖော်ဝါရီလ (၁၂) ရက်နေ့၊ (၁၃း၀၀) နာရီအချိန်တွင် Zoom Platform မှ တဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးပွဲတွင် အစုအဖွဲ့ () စု ဖြစ်တဲ့ ၂၀၂၀ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များ၊ CDM တိုင်းရင်းသား၊ အများယုံကြည် လေးစားခံရသူများနှင့် သပိတ်အင်အားစုများ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်မှ ဥက္ကဌ၊ ဒုဥက္ကဌနှင့် ယူနစ်လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကာ ရှေ့လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များကို  ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ သိရှိရပါတယ်။

အဲ့ဒီနောက် တက်ရောက်လာသော အစုအဖွဲ့ စုမှ တာဝနိရှိသူများကလည်း စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေ (ဒုတိယမူကြမ်း) ရှေ့လုပ်ငန်းစဉ်ဆိုင်ရာ အမြင်သဘောထားများနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များများကို အပြန်အလှန် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးဖလှယ်ခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ၄။ ကလေးတောင်ပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့  စစ်ရှောင်ပြည်သူ နှစ်ရာကျော်ကို အရေးပေါ်လူသုံးကုန်ပစ္စည်းများထောက်ပံ့နိုင်ခဲ့


"ကလေးတောင်ပိုင်း  လေကြောင်းတိုက်ခိုက်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့  စစ်ရှောင်ပြည်သူများထံသို့ အရေးပေါ် လိုအပ်နေသော ဆန် မိုးကာ အဝတ်အထည် နှင့် အခြားသော လူသုံးကုန်ပစ္စည်းများကို တတိယအကြိမ်မြောက် လှူဒါန်းနိုင်ခဲ့ပြီး စုစုပေါင်း စစ်ရှောင် မိသားစု (၂၀၀) ကျော်အတွက် လှူဒါန်းနိုင်ခဲ့ပါတယ်လို့ ဖေဖော်ဝါရီ (၁၂) ရက် Lighthouse - စစ်ဘေးရှောင်ကူညီထောက်ပံ့ရေး (ကလေးမြို့) က အသိပေးဖော်ပြပါတယ်။

ကလေးဒေသဟာ စကစ ရဲ့ လေကြောင်းတိုက်ခိုက်ခံရမှု ဆက်တိုက် ကြုံတွေ့နေရပြီး အကူအညီ လိုအပ်နေတဲ့ စစ်ရှောင်မိသားစုဦးရေ အများကြီး ရှိနေသေးတယ်လို့ သိရပါတယ်။


========================


📌📌 ၅။ ကျားဖြန့်ဂိုဏ်းမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား နှစ်ရာကျော်ကို DKBA က ထိုင်းကို လွဲပြောင်း၊ တစ်ပတ်အတွင်း မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနင်းတော့မယ်လို့ BGF ဆို


ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မနက်ပိုင်းမှာ မြဝတီမြို့၊ ကျောက်ခက်မှာရှိတဲ့ ကျားဖြန့်ဂိုဏ်းတွေမှာ လူကုန်ကူးခံထားရတဲ့ နိုင်ငံခြားသား (၂၆၁) ဦးကို DKBA က ထိုင်းအစိုးရဆီကို လွဲပြောင်းပေးအပ်ခဲ့တယ်လို့ Mae Sot Media မှာ ဖော်ပြထားပါတယ်။

DKBA က ပြန်လည်လွဲပြောင်းပေးအပ်လိုက်တဲ့ နိုင်ငံခြားသား (၂၆၁) ဦးထဲမှာ ထိုင်ဝမ် () ဦး၊ ယူဂန်ဒါ () ဦး၊ သီရိ လင်္ကာ () ဦး၊ ဖိလစ်ပိုင် (၂၆) ဦး၊ ဘင်္ဂလားဒေ့ရှ် (၁၃) ဦး၊ ဘရာဇီး () ဦး၊ နီပေါ () ဦး၊ ကင်ညာ (၃၃) ဦး၊ လာအို (၁၉) ဦး၊ အီသီယိုးပီးယား (၄၆) ဦး၊ ပါကစ္စတန် (၃၁) ဦးနှင့် တန်ဇန်းနီးယား () ဦးပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါ လူကုန်ကူးမှုခံထားရတဲ့သူတွေကိုတော့ ထိုင်းနိုင်ငံရဲ့ အထူးတပ်ဖွဲ့က လက်ခံပြီးနောက် ဖုပ်ဖရာမြို့နယ် အုပ်ချုပ်ရေးရုံးကို ပို့ဆောင်လိုက်ပြီးဖြစ်တယ်လို့လည်း သိရပါတယ်။

ထို့အပြင် ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေးအထူးအဖွဲ့ကို BGF ဘက်က ဖွဲ့စည်းလိုက်ပြီးနောက် တစ်ပတ်အတွင်း မြဝတီဒေသရှိ လုပ်ငန်းများအားလုံးကို ဝင်ရောက်စီးနင်းတော့မယ်လို့ ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော်က Tachileik News Agency ကို ပြောဆိုထားပါတယ်။

ကျွန်တော်တို့က ဟန်ပြမလုပ်ဘူး။ ဒီတစ်ခါ တကယ်လုပ်ပြမှာ။ သိသိသာသာ လုပ်ပြမှာ။ ကျွန်တော်တို့က ဖောရှောမလုပ်ဘူး။ ဒီတစ်ခါတော့ ထင်သာမြင်သာ ထိထိရောက်ရောက်ကိုလုပ်မှာ။ ပြတ်ပြတ်သားသား လုပ်မယ်။ ဒီရက်ပိုင်းအတွင်းမှာ နေရာအစုံကို ဝင်စီးမယ်။ ဒီအဖွဲ့တွေ ဖွဲ့ပြီးတော့မှ။ အဓိက ဟိုဘက်က လက်ခံဖို့အဆင်သင့် မဖြစ်ဘူးဆိုရင် ကျွန်တော်တို့ဆီမှာလည်း ထားရတာ နည်းနည်းအခက်အခဲဖြစ်တယ်။လို့ ပြောဆိုထားပါတယ်။

BGF အနေဖြင့် ကျားဖြန့်နှိမ်နင်းရေးအတွက် အဖွဲ့ () ဖွဲ့နှင့် ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး အဖွဲ့တို့ကို ဖွဲ့ စည်းလိုက်ကာ ထိုင်းနိုင်ငံနှင့်လည်း ညှိနှိုင်းနေသည့်အပြင် အဓိကကျသည့် ငွေလိမ်ဂိုဏ်းများ၊ လူမှောင်ခိုလုပ်သည့်နေရာများကို ဝင်စီးမည်ဖြစ်ပြီး နယ်စပ်တလျောက်ကိုလည်း လုံခြုံတင်းကြပ်မယ်လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။



========================


========================





🚩🚩 ၁။ ကရင်နီပြည် ဖြတ်သန်းခွင့်ကတ်နှင့် ပတ်သက်ပြီး Karenni State Immigration နှင့် ပူးပေါင်းကြဖို့ KNDF ဒုစစ်ဦးစီးချုပ် တိုက်တွန်း


ကရင်နီပြည် ဖြတ်သန်းခွင့်ကတ်နဲ့ ပတ်သက်လို့ Karenni State Immigrationနဲ့ ပူးပေါင်းကြဖို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီက တိုက်တွန်းပြောကြားလိုက်ပါတယ်။

"Karenni State Immigration က သူ့အလုပ် သူလုပ်သွားလိမ့်မယ်။ ကျနော်တို့က ကျနော်တို့အလုပ် ကျနော်တို့ လုပ်နေဖို့ပဲ လိုတယ်။ နယ်စပ်တွေမှာ စစ်ဆေးရေးဂိတ်တွေ ရှောင်တခင် စစ်ဆေးတဲ့နေရာတွေမှာ လူအဝင်အထွက် စစ်ဆေး/ ကြီးကြပ်/ အတည်ပြု/ အသိအမှတ်ပြု/ ပြသနာတစ်ခုခုဖြစ်လာရင် ဖြေရှင်း၊ ဒါတွေက Immigration  က  လုပ်ရမဲ့အလုပ်ပဲ။ ကျနော်တို့က ဒီနေရာမှာ ဒီရပ်ရွာမှာ လက်ရှိနေထိုင်နေတဲ့သူဖြစ်ရင် အဲ့မှာ အမှန်တကယ်နေထိုင်နေကြောင်းနဲ့ တော်လှန်ရေးအလုပ်လုပ်နေရင် လုပ်နေကြောင်း၊ စစ်ရှောင်လာနေတယ်ဆိုလည်း စစ်ရှောင်နေကြောင်း၊ အခြားကိစ္စတစ်ခုခုနဲ့ ရောက်နေတယ်ဆိုလည်း အဲ့အကြောင်းအရာနဲ့ အဲ့ဖြစ်တည်နေမှုတွေနဲ့ Registration လုပ်ထားရမှာပဲ။ ဒါက ဒေသခံရော ဒေသမခံရော ဧည့်သည်ရော 

အိမ်ရှင်ရော ဧည့်သည်လိုလို/ အိမ်ရှင်လိုလိုတွေရော အခုမှပဲရောက်ရောက် တော်လှန်ရေး စကတည်းက ရောက်ရောက် အကုန်လုပ်ရမှာဖြစ်ပါတယ်" လို့ ပြောပါတယ်။ 

အဆိုပါ ဖြတ်သန်းခွင့်ကတ်ဟာ ကိုယ့်ကိုကိုယ်ကာကွယ်မှုဖြစ်ကာ စွပ်စွဲမှုရှိလာပါက အသိအမှတ်ပြုမှုကဒ်တွေ၊ စာရင်းသွင်းထားတာတွေကပဲ တရားဝင်ကာကွယ်မှု ရသွားမှာဖြစ်တယ်လို့ သိရပါတယ်။


========================


🚩🚩 ၂။ လယ်ဒိုမြို့နယ်အတွင်း စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့်  ပြည်သူ () ဦး ဒဏ်ရာရ


ကရင့်အမျိုးသား အစည်းအရုံး၊ ကော်သူးလေ ထိန်းချုပ်နယ်မြေ၊ လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီရဲ့ အကြမ်းဖက် လုပ်ရပ်များကြောင့် အရပ်သား ပြည်သူ () ဦး ဒဏ်ရာရခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၁၁) ရက် ညနေ (၅း၂၈) နာရီမှာ ပိန်းဇလုပ် အခြေစိုက် စစ်ကောင်စီ ခမရ - ၂၆၄ တပ်ရင်းက ကညင်ကျွန်းကျေးရွာကို ဒရုန်းဖြင့် ဗုံးသီး () လုံး ကြဲချခဲ့ရာ အသက် (၄၆) နှစ်အရွယ် ဒေါ်အေးမြင့်ခိုင်ဆိုသူ ထိခိုက်ခဲ့ရပြီး နေအိမ်နဲ့ ဆိုင်ကယ် () စီးလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ထိုနေ့ တနေ့တည်းမှာပဲ ညနေ (၄း၁၅)အချိန်မှာ ၎င်း ခမရ - ၂၆၄ တပ်ရင်းက သမင်အင်းကုန်း ကျေးရွာကို (၁၂၀) မမ လက်နက်ကြီး တလုံး ပစ်ခတ်ခဲ့သလို (၃း၄၁) အချိန်မှာလည်း ပဲနွယ်ကုန်းမြို့ရှိ စစ်ကောင်စီတပ်က ဖျံတလင်းကျေးရွာကို (၁၂၀) မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

အလားတူ ဖေဖော်ဝါရီလ () ရက်နေ့ မနက် (၄း၄၇) အချိန်မှာ ကွမ်းချောင်းရှိ စစ်ကောင်စီ တပ်များက (၁၂၀) မမ လက်နက်ကြီး () လုံး ပစ်ခတ်ခဲ့ရာ ဖျံတလင်းကျေးရွာ ဘေးကို ကျရောက်ပေါက်ကွဲခဲ့ပါတယ်။

ညနေ (၅း၁၆) အချိန်မှာလည်း ကျောက်တံခါးရှိ စစ်ကောင်စီတပ်က ဒရုန်းဖြင့် ဖျံတလင်းကျေးရွာကို ဗုံး () လုံး ကြဲချတိုက်ခိုက်ခဲ့ရာ စောမောင်စိုး၊ နော်လယ်လယ်ထွေးနှင့် နော်မူးမူးဖော်တို့ သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ကာ နေအိမ်များလည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်၊

(၈း၀၃) အချိန်မှာလည်း ၎င်းစစ်ကောင်စီတပ်ဖွဲ့က ဖျံတလင်း ကျေးရွာထဲကို ဒရုန်းဖြင့် ဗုံး () လုံး ထပ်မံ ပစ်ချခဲ့သေးတယ်လို့ သိရပါတယ်။


========================


🚩🚩 ၃။ ကနီမြို့နယ်၊ နတ်ကြီးရွာနှင့် မုဋ္ဌောရွာကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ () ဦး ထိခိုက်ဒဏ်ရာရ


ဖေဖော်ဝါရီလ (၁၂) ရက်နေ့ နံနက်ပိုင်းတွင် ကနီမြို့နယ်၊ ချင်းတွင်းမြစ်ကမ်းဘေးရှိ နတ်ကြီးရွာနှင့်  မုဋ္ဌောရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းများအရ သိရပါတယ်။

မုဋ္ဌော တောင်ရွာနဲ့ မြောက်ရွာကြားရှိ ချောင်းထဲ ကျရောက်ခဲ့တာကြောင့် အထိအခိုက်မရှိခဲ့ဘူးလို့ သိရပါတယ်။

နတ်ကြီးရွာရဲ့ တောင်ဘက်  အရပ်ခေါ် ကျောက်ကွင်းကို Rocket အပါဝင် စက်လက်နဲ့ပါ ပစ်ခတ်ခဲ့လို့ ကျောက်ကွင်းမှာ အလုပ်လုပ်နေတဲ့ နတ်ကြီးကျေးရွာမှ အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိကာ ကား () စီး ပျက်စီးခဲ့ကြောင်း သိရပါတယ်။


========================


🚩🚩 ၄။ ရွှေတဂူ ဘုရားကုန်း တိုက်ပွဲနဲ့ မိုးဗြဲ တိုက်ပွဲတို့အတွင်း KNDF ရဲဘော် () ဦး ကျဆုံးခဲ့


ဆီဆိုင်မြို့နယ်၊ ရွှေတဂူကျေးရွာအနီးက ဘုရားကုန်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ် ပူးပေါင်းအဖွဲ့ကို တိုက်ခိုက်ချေမှုန်းခဲ့တဲ့ တိုက်ပွဲနဲ့ စစ်ကောင်စီရဲ့ မိုးဗြဲ ထိုးစစ်ကို ခုခံကာကွယ်တဲ့ တိုက်ပွဲများတွင် KNDF ရဲဘော် () ဦး ကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီလ () ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရွှေတဂူ ဘုရားကုန်းတိုက်ပွဲအတွင်း KNDF တပ်ရင်း () မှ ရဲဘော် () ဦး ဖြစ်တဲ့ ရဲဘော်စည်သူအောင် နှင့် ရဲဘော်ပွန်စီယားနို တို့ မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ ဖေဖော်ဝါရီ () ရက်နေ့တွင်လည်း စစ်ကောင်စီရဲ့ မိုးဗြဲ ထိုးစစ်အတွင်း ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ရဲဘော် လှအောင် မြင့်မြတ်စွာ အသက်ပေးခဲ့ရတယ်လို့ သိရပါတယ်။

စစ်အာဏာရှင် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိရေးအတွက် အစွမ်းကုန် တိုက်ပွဲဝင်ရင်း မိမိတို့ အသက်ကို ပေးလှူသွားခဲ့တဲ့ ရဲဘော် () ဦးရဲ့ ကျန်ရစ်သူ မိသားစုများနှင့်အတူ ဝမ်းနည်း ကြေကွဲရပြီး ကျဆုံး ရဲဘော်များအား အာဇာနည် သူရဲကောင်းများအဖြစ် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်၊ တပ်ရင်း () မှ အစဉ်အမြဲ အသိမှတ်ပြု မှတ်တမ်းတင်အပ်ကြောင်း ဖော်ပြထားပါတယ်။


========================


🚩🚩 ၅။ "ရေးပြောက်ကျားတပ် (YGF) မှ SOF သင်တန်းဆင်းရဲဘော်များနှင့် ထူးချွန်ဆုရ ရဲဘော်များကို ဂုဏ်ပြု


ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ(၃၃) ဒေါနတပ်ရင်း၊ ဒေါနစစ်ကြောင်း () ရေးပြောက်ကျားတပ် (YGF) မှ SOF သင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုပေးခြင်းအခမ်းအနားကို (၂၀၂၅) ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပခဲ့ပါတယ်။

အဆိုပါအခမ်းအနားသို့ ဒေါနတပ်ရင်းတာဝန်ရှိသူများ၊ KNLA တပ်ရင်း (၂၇) တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားကို အစီအစဥ် (၁၂) ရပ်ဖြင့် ပြုလုပ်ကျင်းပခဲ့ပြီး SOF သင်တန်းတွင် ခေါင်းဆောင်မှု ထူးချွန်ဆုရသူနှင့် ရေးပြောက်ကျားတပ်မှ ထူးချွန်သူများအား ဂုဏ်ပြုဆုများ ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


🚩🚩 ၆။ ငဖဲမြို့နယ်၊ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့


မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ အနောက်ဘက်၊ ပျဉ်းဝ စစ်ဆေးရေးဂိတ်အနီးက ဘုရားတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ချင်းကာကွယ်ရေးတပ် - အရှို (CDF - Asho) က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ () ရက်နေ့ မွန်းလွဲ () နာရီခန့်မှာ ဘုရားကုန်းတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စခန်းကုန်းကို အနီးကပ် နေရာယူ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ စခန်းစွန့်ခွာ ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။

ထို့အပြင် ပျဉ်းဝ စစ်ဆေးရေးဂိတ်က စစ်ကောင်စီတပ်သားများအားလုံးလည်း ပဒါန်းမြို့အနီးက စစ်ကောင်စီစခန်းများဘက်ကို အသီးသီး ထွက်ပြေးသွားကြတယ်လို့ သိရပါတယ်။

CDF - Asho ရဲဘော်များက ဘုရားတောင် စခန်းကုန်းပေါ်က စစ်ကောင်စီတပ်သားများနေထိုင်ရာ အဆောင်များကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ပွဲအပြီး () ရက်ခန့် အကြာမှာ ဘုရားတောင် စခန်းကုန်းအနီးက ဂုတ်ဝနှင့် ရေနွယ် အရှိုချင်းကျေးရွာများက အရပ်သားပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၇။ မင်းကွန်း ရဲစခန်းကို ပြောင်းလာတဲ့ () ပွင့် ရဲအရာရှိ တဦးကို ဝင်ရောက်ဖမ်းဆီးရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံး


စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့မှာ ရာထူးတိုးနဲ့ ပြောင်းရွှေ့လာတဲ့ () ပွင့် (ဗိုလ်) အဆင့် ရဲအရာရှိ တယောက်ကို ဝင်ရောက် ဖမ်းဆီးခဲ့ရာ ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသွားတယ်လို့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ (၁၀) ရက်နေ့မှာ မင်းကွန်း ရဲစခန်းမှ နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ () ပွင့်ဗိုလ် မြင့်လွင် ဆိုသူကို လမ်းတနေရာမှာ ဟန့်တားဖမ်းဆီးရာ လက်မခံဘဲ ထွက်ပြေးဖို့ ကြိုးစားတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရရာ ပစ်ခတ်မှုအတွင်း အဆိုပါ ရဲအရာရှိမှာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဆင်ရေးကို Road To Mandalay အဖွဲ့နဲ့ Royal Falcon (Sadaung Falcon) အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

Road To Mandalay အဖွဲ့ဟာ ပြီးခဲ့တဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ () ရက်နေ့ ညနေပိုင်းကလည်း စစ်ကိုင်းပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင် ရွှေကျားနှင့်အဖွဲ့ကို မင်းကွန်း - စစ်ကိုင်း လမ်းပေါ်မှာ ပစ်ခတ်ရှင်းလင်းခဲ့ပါသေးတယ်လို့ သိရှိရပါတယ်။


========================


🚩🚩 ၈။ စစ်မှုထမ်းသက် () နှစ်ရှိ စစ်ကောင်စီ ဒုတပ်ကြပ် တဦး လက်နက်နဲ့ အလင်းဝင်


မန္တလေးတိုင်း၊ မိတ္ထီလာမြို့ ရထပ () ရှေ့တန်း အခြေချ ထောက်ပံရေးနှင့် ပို့ဆောင်ရေးတပ်ရင်းက ဒုတပ်ကြပ် တဦးသည် ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA - ၉၄၂၅) တပ်ရင်းထံ အလင်းဝင် လာတယ်လို့ ထုတ်ပြန်ထားပါတယ်။

စစ်မှုထမ်းသက် () နှစ်ရှိ ဒုတပ်ကြပ် မင်းခန့်ကျော်ဆိုသူဟာ (၂၀၂၅) ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ လက်နက်နဲ့တကွ  (KPLA - ၉၄၂၅) တပ်ရင်းထံ ဆက်သွယ် အလင်းဝင်လာတာလို့ ဆိုပါတယ်၊

၎င်းနဲ့အတူ G-3 (BA-72) () လက်၊ ကျည်အိမ် () ဘောက်နှင့် ကျည်ဆန် (၁၂၀) တောင့်တို့ကို ယူဆောင်လာခဲ့ရာ ကရင်နီပြည်လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး တပ်ဦး (KNPLF) မှ ငွေကျပ် သိန်း (၂၀) ဆုငွေချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။

၎င်း ဒုတပ်ကြပ်ဟာ (၂၀၂၄) ခုနှစ် ဖေဖော်ဝါရီလမှာ မိတ္ထီလာမြို့ ရထပ () မှ လွိုင်ကော်အခြေစိုက် ထပရ (၇၂၂) တပ်ခွဲ ကို ပို့ဆောင်ခြင်း ခံခဲ့ရကာ စစ်ကောင်စီ တပ်သားများရဲ့ အကြောင်းမဲ့ ပြည်သူများကို ရိုက်နှက်၊ ပစ်ခတ်၊ ဖမ်းဆီးခြင်းများကို အကြိမ်ကြိမ် တွေ့မြင်ရကာ မခံမရပ်နိုင် ဖြစ်တာကြောင့် အလင်းဝင်လာတာလို့ ဆိုပါတယ်။

KPLA - ၉၄၂၅ တပ်ရင်း အနေဖြင့် ဘက်ပြောင်းခိုလှုံလာတဲ့တပ်သားကို လိုအပ်တဲ့အကူအညီများ ပေးခဲ့ပြီး သက်ဆိုင်ရာကို ပို့ဆောင်ပေးခဲ့ကာ လုံခြုံတဲ့နေရာမှာ ထားရှိပြီးဖြစ်တယ်လို့ အသိပေးထားပါတယ်။


========================


🚩🚩 ၉။ ပဲခူးခရိုင်၊ အမှတ် ( ) တပ်ရင်းထံသို့ စစ်ကောင်စီမှ စစ်မှုထမ်းရန် အတင်းအဓမ္မ စုဆောင်းခြင်းခံခဲ့ရသည့် တပ်သားသစ် () ဦး လက်နက်ခဲယမ်းများဖြင့် အလင်းဝင်


ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်း - ကျောက်ကြီးလမ်းပေါ်ရှိ စစ်ကောင်စီစခန်းမှ စစ်ကောင်စီ တပ်သားသစ် () ဦးသည် MA - 3 တစ်လက်၊ ကျည်ဘောက် () ခုနှင့် 5.56 - ကျည် (၁၉၇) တောင့်တို့ကို ယူဆောင်လာခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပဲခူးခရိုင်၊ အမှတ် ( ) တပ်ရင်း၊ P2-3702 ထံသို့ ဖေဖေါ်ဝါရီလ (၁၂) ရက်နေ့တွင် အလင်းဝင်လာခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

အဆိုပါ တပ်သားသစ် () ဦးအား ဘေးကင်းသည့်နေရာသို့ ပို့ဆောင်ကာ မြန်မာကျပ်ငွေ ဆယ်သိန်းကို ကနဦး ချီးမြှင့်ငွေအဖြစ် ပြန်လည်ချီးမြှင့်ခဲ့ပြီး ပြည့်သူရင်ခွင်နှင့် ချိတ်ဆက်၍ လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်လျှက်ရှိတယ်လို့ ဖော်ပြထားပါတယ်။

စစ်ကောင်စီမှ မိမိတို့အလိုမတူပဲ အတင်းအဓမ္မ ခေါ်ဆောင်ခံခဲ့ရသူများအနေနဲ့ တော်လှန်ရေး တပ်ရင်း၊ တပ်ဖွဲ့များထံကို အမြန်ဆုံးချိတ်ဆက်ပြီး အလင်းဝင်ကြမည့်သူများကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလျက်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment