14th Feb 2025 - Evening Daily News by Radio NUG

 


၂၀၂၅ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေပေါ်  အရေးယူမှုဖြစ်စဥ်တွေနဲ့ပတ်သက်လို့  အမြန်ဆုံး ပြန်လည်တင်ပြပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တီမောနိုင်ငံ တရားရုံးတွေမှာလည်း အာဂျင်တီးနားတရားရုံးကဲ့သို့ အောင်မြင်တဲ့ရလဒ်များမျှော်လင့်တယ်လို့ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးပြော

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ ဆေးရုံ၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ သွားရောက်လေ့လာကာ လိုအပ်သော ထောက်ပို့ကူညီမှုများပြုလုပ်ခဲ့

📌 ၄။ ထောက်ပို့ထီကို ပြည်သူများဝိုင်းဝန်းကံစမ်းဖို့  KNDFဒုစစ်ဦးချုပ်တိုက်တွန်း

📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး

📌 ၆။ လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကာကွယ်နေထိုင်ရမယ့်အချက်တွေ NUG ကာကွယ်ရေး ဝန်‌ကြီးဌာန ထပ်မံထုတ်ပြန်


========================


၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၁၄ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။⁨⁨⁨ စစ်ကောင်စီဘက်ကချတဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး PDF ရဲဘော်တဦးကျဆုံး

🚩 ၂။⁨⁨ ကလေးမြို့တောင်ပိုင်း ကမ်းပါးနီစစ်စခန်းအနီးကရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်

🚩 ၃။ကျိုက်ထိုက ကျေးရွာ၂ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ဦးသေဆုံးပြီး များစွာ ဒဏ်ရာရ 

🚩 ၄။ကရင်နီ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်တပ်နောက်ဆုံးစခန်းကို KA သိမ်းပိုက်

🚩 ၅။ ချောက်မြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး

🚩 ၆။⁨ PDF သတင်းတွေစုံစမ်းပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ သဲကုန်းနယ်က ဓားငပြုံးကို ပစ်ခတ်ရှင်းလင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ ပတ်သက်တဲ့ တိုင်ကြားစာတွေပေါ်  အရေးယူမှုဖြစ်စဥ်တွေနဲ့ပတ်သက်လို့  အမြန်ဆုံး ပြန်လည်တင်ပြပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော


ဖေဖော်ဝါရီ၁၄ရက်


 ဖေဖော်ဝါရီ၁၃ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေးတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ပတ်သက်တဲ့ တိုင်ကြားစာတွေပေါ်  အရေးယူမှုဖြစ်စဥ်တွေနဲ့ပတ်သက်လို့  အမြန်ဆုံးပြန်လည် တင်ပြပေးဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောကြားလိုက်ပါတယ်။


 "ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေနဲ့ပတ်သက်ပြီး ဒီတစ်နှစ်အတွင်း ဘယ်ကဏ္ဍတွေမှာ ထိရောက်တဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်နိုင်ခဲ့သလဲဆိုတာကို ပြန်လည် လေ့လာ ဆန်းစစ်သုံးသပ်ဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များနဲ့ ပတ်သက်တဲ့ တိုင်းကြားစာတွေပေါ်  အရေးယူမှုဖြစ်စဥ်တွေနဲ့ ပြည်သူ့လုံခြုံရေးအဖွဲ့များနဲ့ ပတ်သက်တဲ့ အရေးယူမှုဖြစ်စဥ်တွေကို သက်ဆိုင်ရာတာဝန်ရှိ ဝန်ကြီးဌာနများမှ ကော်မတီကို အမြန်ဆုံး ပြန်လည်တင်ပြပေးဖို့ တိုက်တွန်းပြောကြားလိုပါကြောင်း၊ ပြဿနာတွေ ကိုင်တွယ်ဖြေရှင်းဖို့ကို အချိန်မဆွဲပဲ လျင်လျင်မြန်မြန် ဆောင်ရွက်ကြဖို့ လည်း မှာကြားလိုပါကြောင်း"ဝန်ကြီးချုပ်ကပြောပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းဦးဆောင်ကာ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ နှင့် ဌာနဆိုင်ရာ များမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တီမောနိုင်ငံ တရားရုံးတွေမှာလည်း အာဂျင်တီးနားတရားရုံးကဲ့သို့ အောင်မြင်တဲ့ရလဒ်များမျှော်လင့်တယ်လို့ NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီးပြော


ဖေဖော်ဝါရီ၁၄ရက်


တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တီမောနိုင်ငံ တရားရုံးတွေ မှာလည်းအာဂျင်တီးနားတရားရုံးကဲ့သို့ အောင်မြင်တဲ့ရလဒ်များမျှော်လင့်တယ်လို့  NUGလူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက  ဖေဖော်ဝါရီ၁၄ရက်တွင် ဆိုရှယ်မီဒီယာမှာ ပြောကြားထားပါတယ်။


"Universal Jurisdiction တရားစီရင်မှုစနစ်နဲ့ပတ်သက်ပြီး  သတင်းကောင်းတခု ထွက်ပေါ်လာပါပြီ။ အဲ့တာကတော့ အကြမ်းဖက်စစ်အုပ်စုခေါင်းဆောင် မင်းအောင်လှိုင်၊စိုးဝင်းနဲ့ အပေါင်းအပါတွေကို အာဂျင်တီးနားနိုင်ငံ တရားရုံးက ရိုဟင်ဂျာတွေပေါ်မှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနဲ့ ပတ်သတ်ပြီး ဖမ်းဖို့အတွက် ဖမ်းဝရမ်းထုတ်ပြန်လိုက်တဲ့ သတင်းဖြစ်ပါတယ်။ နိုင်ငံတနိုင်ငံရဲ့ တရားရုံးမှာ အပြည်ပြည်ဆိုင်ရာရာဇဝတ်မှုကျူးလွန်တဲ့ သူတွေကို အရေးယူနိုင်တဲ့ လုပ်ထုံးလုပ်နည်း Universal Jurisdiction အရ မြန်မာနိုင်ငံက စစ်ရာဇဝတ်ကောင်တွေ ကို ပထမဦးဆုံး ဖမ်းဝရမ်းထုတ်ပြီး အရေးယူဖို့အတွက် ဆုံးဖြတ်တဲ့အဆင့်  ပထမဦးဆုံးရောက်ရှိတာဖြစ်ပါတယ်။ နောက်ပိုင်းမှာဆက်ပြီးတော့ ကြိုးပမ်း ဆောင်ရွက်နေတဲ့ တူရကီနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ တီမောနိုင်ငံ တရားရုံးတွေ မှာလည်း အခုလိုမျိုးအောင်မြင်တဲ့ လုပ်ငန်းစဉ်အဆင့်ဆင့် ဆက်လက်ပေါ်ထွက် လာမယ်လို့ မျှော်လင့်ပါတယ်"လို့ ပြောပါတယ်။


မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tomás Ojea Quintana ရဲ့ တရားဝင်ကိုယ်စားလှယ် ဦးထွန်းခင်နဲ့ မြန်မာရိုဟင်ဂျာအဖွဲ့ UK - BROUK တို့က ၂၀၁၉ ခုနှစ်မှာ အမှုဖွင့်ခဲ့တာဖြစ်ပြီး တရားရုံးဘက်က စုံစမ်းစစ်ဆေးမှုတွေကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရား -IIMM က ပံ့ပိုးကူညီခဲ့တယ်လို့ သိရပါတယ်။ 

လက်ရှိအချိန်မှာ ICC တရားရုံးက မင်းအောင်လှိုင်ကို ဖမ်းဝရမ်းထုတ်ဖို့ စီရင်ချက်မချရသေးပေမယ့် အာဂျင်တီးနားတရားရုံး ရဲ့ ဆုံးဖြတ်ချက်ဟာ ICC တရားရုံးက တရားလိုရဲ့ ဖမ်းဝရမ်းထုတ်ရန်တောင်းဆိုမှုကို အားဖြည့်ပေးရာရောက်တယ်လို့လည်း သိရပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများ ပဲခူးတိုင်းအတွင်းရှိ ဆေးရုံ၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ သွားရောက်လေ့လာကာ လိုအပ်သော ထောက်ပို့ကူညီမှုများပြုလုပ်ခဲ့


ဖေဖော်ဝါရီ၁၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးတာဝန်ရှိသူများသည် ပဲခူးတိုင်းအတွင်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေသည့် ဆေးရုံ၊ ပြန်လည်ထူထောင်ရေးစခန်းများသို့ သွားရောက်ပြီး ဆေးကုသမှုခံယူနေကြသူများ၊ ပြန်လည်ထူထောင်ရေးစခန်းတွင် တက်ရောက်နေကြသူများနှင့် တွေ့ဆုံခဲ့ကြတယ်လို့သိရပါတယ်။


ခရီးစဉ်တွင် အမျိူးသားညီညွတ်ရေးအစိုးရ အလုပ်သမားရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်နီ၊ ဝန်ကြီးချုပ်ရုံးအတွင်းဝန်ဒေါ်ကြည်ပြာ၊ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန တွဲဖက်အတွင်းဝန် ဦးအာကာမျိုးထက်၊ အမှတ်()စစ်ဒေသ၊ စစ်ဒေသခွဲ() စစ်ဒေသမှုး ဦးတင်ဦး၊ အမှတ်() စစ်ဒေသ ဆေးတပ်တာဝန်ခံ Dr YKZ ရန်ကုန်တိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ခံ ဦးနောင်ရိုး တို့ပါဝင်ခဲ့ပြီး ပြည်သူလူထုအား ကျန်းမာရေးဝန်ဆောင်မှုပေးအပ်နိုင်မှု အခြေအနေများကို လိုက်လံလေ့လာကာ လိုအပ်သောထောက်ပို့ကူညီမှုများပြုလုပ်ခဲ့ကြပါတယ်။

လူနာများသယ်ယူပို့ဆောင်ရေးအတွက် အရေးတကြီးလိုအပ်လျက်ရှိသော လူနာတင်ယာဉ်များဖြည့်ဆည်းပေးနိုင်ရေး၊ လိုအပ်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ ခန့်အပ်ထားနိုင်ရေးတို့ကိုလည်း ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


========================


📌📌 ၄။ ထောက်ပို့ထီကို ပြည်သူများဝိုင်းဝန်းကံစမ်းဖို့  KNDFဒုစစ်ဦးချုပ်တိုက်တွန်း


ဖေဖော်ဝါရီ၁၄ရက်


ထောက်ပို့ထီကို ပြည်သူများဝိုင်းဝန်းကံစမ်းဖို့  KNDFဒုစစ်ဦးချုပ်မာဝီက ဖေဖော်ဝါရီ၁၄ရက်မှာ ဆိုရှယ်မီဒီယာမှ တိုက်တွန်းဆိုလိုက်ပါတယ်။

"ထောက်ပို့ထီရဲ့ ပထမဆုက သိန်း()ထောင်ကျပ်နှင့် ဆုမဲပေါင်း()ထောင်ကျော်ဖြစ်ပြီး ဆုကြေးငွေပေါင်းကျပ်သိန်း ()ထောင်ကျော်ဖြစ်လို့ ထောက်ပို့ရင်းကံစမ်း ကံစမ်းရင်း ထောက်ပို့ပေးလို့ရပါတယ်။ တကယ်ထိုးမှတကယ်ပေါက်မှာပါ။တကယ်ပေါက်တော့ ပိုပြီးထောက်လို့ရတာပေါ့။ပိုထောက်တော့ လူထုဒုက္ခအမြန်ပျောက်တာပေါ့ဗျာ"လို့ ဆိုထားပါတယ်။


========================


📌📌 ၅။ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ၁၄ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၏ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာနနှင့်မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်းအမှတ်စဉ် (/၂၀၂၅) အခမ်းအနားကို ကျင်းပခဲ့တယ်လို့ သိရပါတယ်။


အခမ်းအနားသို့ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်ဒေါ်မေနီ၊  ဒု-ညွှန်ကြားရေးမှူးချုပ်ဦးကိုမင်း၊ ညွှန်ကြားရေးမှူး Daw Yellow Rose တာဝန်ရှိ ဝန်ထမ်းများ၊ မြေပြင်ဆက်သွယ်ရေးတာဝန်ခံများနှင့် မြို့နယ်(၃၁)မြို့နယ်မှ ဥပဒေတာဝန်ခံများနှင့် စာရေးဝန်ထမ်း များလည်း တက်ရောက်ခဲ့ကြပါတယ်။


ရှေးဦးစွာ တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ဒု-ညွှန်ကြားရေးမှူးချုပ်ဦးကိုမင်းမှ အဖွင့်အမှာ စကားပြောကြားပြီး တက်ရောက်လာသော မြို့နယ်ဥပဒေတာဝန်ခံများမှ သင်တန်းရေး ရာကိစ္စ၊ ချုပ်မိန့်ရီမန်ကိစ္စ၊ ဥပဒေအကြံပေးခြင်းဆိုင်ရာကိစ္စ၊ ဘတ်ဂျက်ကိစ္စများနှင့် လစဉ်အစီရင်ခံစာ ပေးပို့ခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ သိရှိလိုသည်များ ဆောင်ရွက်လိုသည်များကို အသီးသီး ဆွေးနွေးမေးမြန်းကြရာ ညွှန်ချုပ်နှင့် တာဝန်ရှိ ဆရာ/ဆရာမများမှ ပြန်လည်ရှင်းလင်းဖြေကြားပြီး အစည်းအဝေးမှ ထွက်ပေါ်လာသော ဆုံးဖြတ်ချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်ခဲ့ကြပါတယ်။


ထို့နောက် တရားစွဲနှင့်အမှုလိုက်ဦးစီးဌာနမှ ကြီးမှူးကျင်းပဆောင်ရွက်မည့် သင်တန်းရေးရာကိစ္စနှင့် ပတ်သက်၍ ညွှန်ချုပ်၊ ဒု-ညွှန်ချုပ်နှင့် ညွှန်မှူးတို့မှ ရှင်းလင်းဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၆။ လေကြောင်းတိုက်ခိုက်ခံရပါက ထိခိုက်မှုအနည်းဆုံးဖြစ်စေရေး ကာကွယ်နေထိုင်ရမယ့်အချက်တွေ NUG ကာကွယ်ရေး ဝန်‌ကြီးဌာန ထပ်မံထုတ်ပြန်


ဖေဖော်ဝါရီ၁၄ရက်

 

လေကြောင်းတိုက်ခိုက်မှု ဘေးအန္တရာယ်ကြုံတွေ့ရချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်စေဖို့ ကာကွယ်နေထိုင်ခြင်းဆိုင်ရာ အချက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ ဖေဖော်ဝါရီ ၁၄ မှာ ထပ်မံထုတ်ပြန် ပါတယ်။

စစ်ကောင်စီက အရပ်သားပြည်သူတွေအပေါ် လေကြောင်းအသုံးပြုတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေတာကြောင့်  အရပ်သားပြည်သူတွေ လေကြောင်းတိုက်ခိုက်မှုဘေးအန္တရာယ်ကြုံတွေ့ရချိန်မှာ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဘယ်လို ပြုမူနေထိုင်ရမယ်ဆိုတာသိရှိစေဖို့ ရည်ရွယ်ထုတ်ပြန်တာလို့ အသိပေးထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုခံရချိန်မှာ စိတ်ငြိမ်ငြိမ်ထားဖို့ အနီးဆုံးအကာအကွယ်ကိုရှာဖို့ အချိန်ရမယ်ဆိုရင် ဗုံးခိုကျင်းကို ရောက်အောင်သွားဖို့ နေအိမ်အတွင်းမှာရှိနေမယ်ဆိုရင် ကြိုတင်ပြင်ဆင်ထားတဲ့အခန်းထဲ ဝင်နေကြဖို့နဲ့ ကြိုတင်ပြင်ဆင် ထားတဲ့ အခန်းမရှိရင် ခိုင်ခံ့တဲ့စားပွဲပေါ်မှာ စောင်တွေ မွေ့ယာတွေ စာအုပ်တွေတင်ထားပြီး ခုံအောက်ဝင်နေဖို့ အသိပေး ထားပါတယ်။

အကာအကွယ်မရှိတဲ့နေရာ ကွင်းပြင်မှာရှိနေမယ်ဆိုရင် မြေနိမ့်ရာနေရာရှာပြီး ဝပ်နေဖို့ ခေါင်းကို မထိခိုက်စေဖို့ လက်ဖဝါး ဒါမှမဟုတ် အင်္ကျီနဲ့အုပ်ဖို့ ပေါက်ကွဲသံနဲ့ တုန်ခါမှုတွေဟာ နားစည်ထိခိုက်နိုင်တာကြောင့် နားကိုလုံအောင်ပိတ်ဖားဖို့ လွင့်စင် လာတဲ့ အစတွေ မျက်လုံးထဲ မဝင်အောင် မျက်စိမှိတ်ထားဖို့ ပေါက်ကွဲမှုပြင်းအားနဲ့ လေဖိအားကြောင့် အဆုတ်ကို ထိခိုက်မှု နည်းအောင် ပါးစပ်ကို အနည်းငယ်ဟထားဖို့လည်း ဖော်ပြထားပါတယ်။

စစ်ကောင်စီဟာ ကချင်၊ ရခိုင်၊ ရှမ်းမြောက်၊ ကရင်၊ ချင်း အပါအဝင် နိုင်ငံတဝန်းဖြစ်နေတဲ့ တိုက်ပွဲတွေမှာ အထိနာနေပြီး သူတို့ဘက်က ဆုံးရှုံးထားတဲ့နယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာတွေ ဆက်တိုက်ပြုလုပ်နေချိန်မှာ အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူလူထု ထိခိုက်မှုနည်းအောင် ဆက်တိုက်အသိပေးထုုတ်ပြန်ပေးနေတာပဲ ဖြစ်ပါ တယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေမှာဆိုရင် စစ်ရေးပစ်မှတ်တွေထက် အများပြည်သူပိုင်အဆောက်အအုံ တွေဖြစ်တဲ့ ဆေးရုံ၊ စာသင်ကျောင်း၊ ဘာသာရေးဆိုင်ရာအဆောက်အအု့တွေနဲ့ ပြည်သူလူထုနေအိမ် စတဲ့ အရပ်သားတွေ ရှိရာနေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေတယ်လို့ သိရပါတယ်။


တော်လှန်ရေးအင်အားစုတွေကလည်း အကြမ်းဖက်စစ်အာဏာရှင်ပြုတ်ကျရေး စစ်ကောင်စီတပ်တွေကို အရှိန်မြှင့် တိုက်ခိုက်မယ်လို့ အသိပေးထားပြီးဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ စစ်ကောင်စီရဲ့ လေကြောင်းနဲ့ လက်နက်ကြီး တိုက်ခိုက်မှုအန္တရာယ်ကို ကာကွယ်နိုင်ရေး ကြိုတင်ပြင်ဆင်ထားကြဖို့ တော်လှန်ရေးတပ်ဖွဲ့တွေ သတိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် မင်းသီဟန်နှင့်ကိုခန့်တို့မှ ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။⁨⁨⁨ စစ်ကောင်စီဘက်ကချတဲ့ ဒရုန်းဗုံးသီးထိမှန်ပြီး PDF ရဲဘော်တဦးကျဆုံး


ဖေဖော်ဝါရီ၁၄ရက်


ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီတပ်ဘက်က ကြဲချတဲ့ဒရုန်းဗုံးသီးထိမှန်ပြီး ရဲဘော်တဦး ကျဆုံးခဲံရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ဖာပွန်ခရိုင် တပ်ရင်း- တပ်ရင်း-၇၀၀၁ Spring Warriors Column က ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

Spring Warriors Column က အသက် ၂၄ နှစ်အရွယ် ရဲဘော်ဂတုံးဟာ ဖေဖော်ဝါရီလ ၁၁ ရက်က ကျောက်တံခါးမြို့နယ် အတွင်း စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်နေစဉ် ရန်သူစစ်ကောင်စီတပ်ကို ခုခံတော်လှန်ရင်း သူ၏အသက်ကို တိုင်းပြည် နှင့် ပြည်သူလူထုအတွက် မြင့်မြတ်စွာပေးလှူသွားခဲ့သည်ဟု ဖော်ပြထားပါတယ်။

ရဲဘော်ဂတုံးဟာ တော်လှန်ရေးတပ်သားအဖြစ် စတင်တာဝန်ထမ်းဆောင်ချိန်ကတည်းက စည်းကမ်းလိုက်နာမှု၊ တာဝန် သိတတ်မှု၊ အနစ်နာခံပေးဆပ်မှုများနဲ့ တာဝန်ကျေပွန်တဲ့ စစ်သည်တော်တဦးဖြစ်တာကြောင့် "မော်ကွန်းဝင်အာဇာနည် သူရဲကောင်း"တဦးအဖြစ် သတ်မှတ်ထားတယ်လို့ Spring Warriors Column ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကျဆုံးသွားတဲ့ Spring Warriors Column က အသက် ၂၄ နှစ်အရွယ် ရဲဘော်ဂတုံးရဲ့ ဈာပဏအခမ်းအနားကို ဒီကနေ့ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ကျဆုံးသွားတဲ့ ရဲဘော်ဂတုံးရဲ့ စျာပနအခမ်းအနားအတွက် ကူညီဆောင်ရွက်ပေးတဲ့ စစ်ဒေသခွဲမှူး အမှတ်- စစ်ဒေသခွဲ တပ်ရင်း  တပ်ရင်းမှူးနဲ့တကွ တာဝန်ရှိသူများ၊ ရဲဘော်ရဲဘက်များနဲ့ မိဘပြည်သူများအား အထူးကျေးဇူးတင်ကြောင်း  Spring Warriors Column က အသိပေးထားပါတယ်။

ကျောက်တံခါးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်ဟာ မြေပြင်စစ်ကြောင်းထိုးတာ ကြဲသွားပြီး တိုက်ခိုက်ရေးဒရုန်းတွေ အသုံးပြုကာ တန်ပြန်တိုက်ခိုက်တာတွေ မကြာခဏ ပြုလုပ်လာတယ်လို့ မြေပြင်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။



========================


🚩🚩 ၂။⁨⁨ ကလေးမြို့တောင်ပိုင်း ကမ်းပါးနီစစ်စခန်းအနီးကရွာတွေကို စစ်တပ်က လေယာဉ်နဲ့ ဗုံးသီး အလုံး ၄၀ ကျော် ကြဲချတိုက်ခိုက်


ဖေဖော်ဝါရီ၁၄ရက်


စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ ကမ်းပါးနီ အကြမ်းဖက်စစ်တပ် စခန်းအနီးကရွာတွေကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးသီး အလုံး ၄၀  ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဆိုပါတယ်။

ကလေးလေဆိပ်ကတက်လာတဲ့ Y-12  လေယာဉ်က မနေ့ ဖေဖော်ဝါရီ ၁၃ ရက် နာရီ မိနစ်ကနေ နာရီ ၄၄ မိနစ် အတွင်း ဗုံးသီးအလုံး ၄၀ ကျော်ကြဲချ တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

ကလေးမြိုနယ်တောင်ပိုင်း ကလေး-ဂန့်ဂေါလမ်းပိုင်းမှာရှိတဲ့ ကမ်းပါးနီ စစ်ကောင်စီတပ်စခန်းကို တော်လှန်ရေးအဖွဲတွေ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကပဲ သိမ်းပိုက်လိုက်ပြီဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်း စစ်တပ်က အခုလို လေကြောင်းကနေ တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။

ကမ်းပါးနီအကြမ်းဖက် စစ်တပ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ညပိုင်းကစပြီး  တိုက်ခိုက် ခဲ့ရာ အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်နေရာတွေအပါအဝင် တိုက်ပွဲဖြစ်တာမရှိတဲ့နေရာတွေကိုပါ လေကြောင်းကနေ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ဒေသသတင်းရင်းမြစ်တွေအဆိုအရ အဲဒီစခန်းသိမ်းတိုက်ပွဲမှာ လက်နက်မျိုးစုံ ၄ဝ ကျော် ၅ဝ နီးပါး သိမ်းပိုက်ရရှိခဲ့တယ်လို့ သိရပါတယ်။

ကမ်ပါးနီစခန်းဟာ ကလေး-ဂန့်ဂေါ-ချင်းပြည်နယ်တို့နဲ့ချိတ်ထားတဲ့ လမ်းပိုင်းမှာရှိပြီး ကလေး-ဂန့်ဂေါမြိုကြား အဓိကကျ တဲ့ စစ်ကောင်စီစခန်း၂ ခုအနက် တခုဖြစ်တယ်လို့ သိရပါတယ်။

ကမ်ပါးနီစခန်းကျသွားပြီးတဲ့နောက် အဲဒီစခန်းအနီးဝန်းကျင်မှာရှိတဲ့ စစ်စခန်းတွေကို စစ်တပ်က အင်အားဖြည့်တင်းနေ တဲ့အတွက် ဒေသတွင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေဆဲလို့ ဒေသသတင်းရင်းဖြစ်တွေက ပြောပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် သောင်းနဲ့ချီတဲ့ ဒေသနေပြည်သူတွေ ဘေးလွတ်ရာထွက်ပြေး တိမ်းရှောင်နေရပါတယ်။


========================


🚩🚩 ၃။ကျိုက်ထိုက ကျေးရွာ၂ရွာကို စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တဲ့အတွက် အရပ်သား ဦးသေဆုံးပြီး များစွာ ဒဏ်ရာရ 


ဖေဖော်ဝါရီ၁၄ရက်


မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းမှာရှိတဲ့ ကျေးရွာ ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက် တာကြောင့် အရပ်သားပြည်သူ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရကာ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးတွေပျက်စီးခဲ့ရ တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ကျိုက်ထိုမြို့နယ် ပိန္နဲကုန်းကျေးရွာက ဘုန်းကြီးကျောင်းနဲ့ကျေးရွာအတွင်းကို အကြမ်းဖက်စစ်တပ်က ဖေဖော်ဝါရီ ၁၃ ရက်  မနက် ၁၀ နာရီ ၂၀ မိနစ်ခန့်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသနေပြည်သူ ၁၀ ဦးကျော် ဗုံးစထိမှန်ကာ ဦး သေဆုံးခဲ့ရပြီး ဘုန်းကြီးကျောင်းနဲ့စေတီတွေ ပျက်စီးခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနေ့ နေ့လည် ၁၂ နာရီနဲ့ ညနေ နာရီကျော်မှာလည်း ကျိုက်ထိုမြို့နယ် ကော်ကပ်ရွာကို အကြမ်းဖက်စစ်တပ်က လေယာဉနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကော်ကပ်ရွာစာသင်ကျောင်း အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာပဲ ဘီးလင်းမြို့နယ် တဂေးလောင်းချောင်းဖျားကျေးရွာ ခရစ်ယာန်ဘုရားကျောင်းဝင်းနဲ့ ရွာထဲကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံးသီး လုံး ကြဲချတိုက်ခိုက်တဲ့အတွက် ခရစ်ယာန်ဘုရားကျောင်း တခုနဲ့ ပြည်သူပိုင်အိမ် ၁၇ လုံး ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

အကြမ်းဖက်စစ်တပ်ဟာ ကျေးရွာစာသင်ကျောင်းတွေ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်းနဲ့ စေတီပုထိုးများအပါ အဝင် ပြည်သူပိုင်အိမ်တွေကို ပစ်မှတ်ထားတိုက်ခိုက်တာလို့ KNU ဗဟိုက ထုတ်ပြန်ပြောဆိုထားပါတယ်။


========================


🚩🚩 ၄။ကရင်နီ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်တပ်နောက်ဆုံးစခန်းကို KA သိမ်းပိုက်


ဖေဖော်ဝါရီ၁၄ရက်


ကရင်နီပြည်ထဲက မြန်မာ-ထိုင်းနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းကုန်း ပွိုင့် ၅၄၁၆ ကို ကရင်နီ ပြည်တပ်မတော် -KA က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရရှိခဲ့တယ်လို့ KA တပ်ရင်း က အသိပေးပါတယ်။

စစ်ကောင်စီဘက်က နှစ်ပေါင်း ၃၀ ကြာ တပ်စွဲထားတဲ့ ပွိုင့် ၅၄၁၆ စစ်ဆင်ရေးခြေကုပ်စခန်းလို့ခေါ်တဲ့ တောင်ကတုံး စခန်းကို မနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာ အလုံးစုံသိမ်းပိုက်နိုင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန်စခန်းတခုဖြစ်တဲ့ တောင်ကတုံးစခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီဆိုတဲ့အကြောင်ကို ကရင်နီ ပြည်တပ်မတော် -KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ဒေသတွင်းသတင်းဌာနအချို့ကို အတည်ပြုထားပါတယ်။

တောင်ကတုံးစခန်းမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၄၀ ခန့်ရှိပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ KA ဘက်က လက်နက်ကြီး တွေ ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့သလို စစ်ကောင်စီဘက်ကလည်း လေကြောင်းပစ်ကူပေးပြီး ခုခ့တိုက်ခိုက်ခဲ့တယ်လို့ သိရပါ တယ်။  

အဲဒီစခန်းကနေ ထွက်ပြေးသွားတဲ့ စစ်သားတွေဟာ ရှမ်းပြည်နယ်အတွင်းက လွိုင်ဆမ်မုန်းတပ်စခန်းဘက်ကို ဆုတ်ခွာ သွားတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်ကလည်း ကရင်နီပြည်နဲ့ ထိုင်းနယ် အစပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မယ်လယု မဆုတ်တမ်း ခံစစ်စခန်းကို ကရင်နီတပ်မတော် KA က သိမ်းပိုက်နိုင်ခဲ့ရာမှာ အာပီဂျီဗုံးသီး အလုံး ၆၀၊ ၈၁ မမ အလုံး ၃၀၊ ၆၀ မမ အလုံး ၂၀၀ ကျော်၊ ကျည် တသောင်းခွဲကျော်အပါအဝင် လက်ပစ်ဗုံးတေ နင်းမိုင်းတွေနဲ့ကားတွေပါ သိမ်းဆည်းရရှိခဲ့တယ်လို့ စစ်ရေး မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ၅။ ချောက်မြို့နယ်မှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး


ဖေဖော်ဝါရီ၁၄ရက်


မကွေးတိုင်း ချောက်မြို့နယ် မကျီးကုန်းရွာအနီးမှာ စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ဦး သေဆုံး သွားတယ်လို့  Chauk Revolution Army က ပြောပါတယ်။ 

စလေမြို့နယ် တောင်သာလမ်းခွဲကနေ ဖောကားတစီးနဲ့ ကားလေးတ စီးအပါအဝင် ဆိုင်ကယ် စီးနဲ့ထွက်လာတဲ့ အင်အား ၄ဝ ခန့်ပါ အကြမ်းဖက် စစ်ယာဉ်တန်းကို မနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လည် နာရီ ခွဲခန့်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မိုင်းဆွဲတဲ့နေရာ အနီးပတ်ဝန်းကျင်မှာ တိုက်မိုင်းတွေ အသင့်ထောင်ထားတာရှိပြီး စစ်ယာဉ်တန်းလာချိန်မှာ မိုင်းဆွဲတိုက်ခိုက် နိုင်ခဲ့တာကြောင့် စစ်သား ဦး သေဆုံးပြီး ဦး ဒဏ်ရာရသွားတယ်လို့ သတင်းရထားကြောင်း Chauk Revolution Army က ထုတ်ပြန်ထားပါတယ်။

ဒီတိုက်ခိုက်မှုကို Chauk Revolution Army -CRA KDF ဒေါင်းစစ်သည် ပြောက်ကျားတပ်ဖွဲ့နဲ့ မဟာမိတ်တပ်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ ရှေ့ မတိုးရဲတော့ဘဲ ပြန်လည်ဆုတ်ခွာသွားတယ်လို့ သိရပါတယ်။


========================


🚩🚩 ၆။⁨ PDF သတင်းတွေစုံစမ်းပြီး စစ်တပ်ကိုသတင်းပေးနေတဲ့ သဲကုန်းနယ်က ဓားငပြုံးကို ပစ်ခတ်ရှင်းလင်း


ဖေဖော်ဝါရီ၁၄ရက်


 ပဲခူးတိုင်း သဲကုန်းမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး PDF တပ်ဖွဲ့တွေရဲ့သတင်းကို လိုက်လံစုံစမ်းပြီး စစ်တပ်ကို သတင်းပေးနေတဲ့ မောင်ပြုံး () ဓားငပြုံးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့   PPDF ၃၆၀၁ တပ်ရင်းက ထုတ်ပြန်ပါတယ်။


သဲကုန်းမြို့နယ် ရပ်ကွက် အားကစားကွက်သစ်  စူဌမုနိလမ်းမှာ နေတဲ့ မောင်ပြုံး () ဓားငပြုံး ဓားသွေးကျောက်ရွာက သူ့ယောက္ခမအိမ်ကိုရောက်ရှိလာချိန် ဖေဖော်ဝါရီလ ရက်နေ့ ညနေ နာရီခွဲခန့်မှာ တော်လှန်ရေးရဲဘော်တွေက ပိတ်ဆို့ ဖမ်းဆီးတာမှာ ခုခံထွက်ပြေးတာကြောင့် ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ဆိုပါတယ်။

သေဆုံးသွားတဲ့ ဓားငပြုံးဟာ သဲကုန်းမြို့နယ် ရပ်ကွက် ၃၊ တို့က အင်အား ၅၀ ဦးခန့်နဲ့အတူ ပျူစောထီး အပါတ်စဉ်  သင်တန်းကို အင်းမ ခမရ- တပ်ရင်းမှာ ၁၄ ရက်ကြာ တက်ရောက်ခဲ့သူလို့ သိရပါတယ်။ 

ဓားငပြုံးဟာ မြို့ပေါ်နဲ့ တောထဲပါမကျန် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့လှုပ်ရှားမှုသတင်းတွေ ထောက်လှမ်းပြီး တပ်မ ၆၆ လက်အောက်ခံ အင်းမ ခမရ တပ်ရင်းကို သတင်းပေးပို့နေပြီး ပြည်သူလူထုကိုဖမ်းဆီးတာတွေပြုလုပ်ခဲ့တဲ့အတွက် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDF တပ်ရင်း တပ်ခွဲ က ပစ်ခတ်ရှင်းလင်းခဲ့တာလို့ အသိပေးထားပါ တယ်။

သေဆုံးသွားတဲ့ ဓားငပြုံးထံကနေ ပျူစောထီးဝတ်စုံတစုံ၊ ပျူစောထီး ဦးထုပ် တလုံးနဲ့ ကျည်ခွံတွေ သိမ်းဆည်း ရရှိခဲ့တယ် လို့ သိရပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်







#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment