14th Mar 2025 - Morning Daily News by Radio NUG

 

၂၀၂၅ မတ်လ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ၁။ တာဝန်ပျက်ကွက်နေသော မြန်မာ့အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို  ရုပ်သိမ်းမှု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ကြိုဆို

📌 ၂။ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ နော်စင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်

📌 ၃။ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် ၆၈ ကြိမ် ရှိခဲ့

📌 ၄။ ပရောဂျက် အာယု အထူးအစီအစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ US Congressional Gold Medal ပုံတူ သစ်ထွင်းပန်းချီအား ပြန်လည်ချီးမြှင့်မည်


========================


၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်နေ့ မနက်ပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩 ၁။ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲ ကြဖို့ ဖြစ်လိမ့်မယ် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား

🚩 ၂။ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ကယန်းပြည်သစ်တပ်မတော်က ကျူးလွန်သူများအား ဖော်ထုတ် အရေးယူပေးရန် နေပြည်တော်တိုင်းစစ်ဌာန ထုတ်ပြန်

🚩 ၃။ စစ်ကောင်စီရဲ့ ဒရုန်းတစီးကို နေပြည်တော် PDF စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့

🚩 ၄။ ဖလမ်းမြို့သိမ်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်

🚩 ၅။ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဧရာဝတီအမှတ် တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်

🚩 ၆။ PDF - Zoland ရဲ့ အပတ်စဉ် ၁၅ စစ်သင်တန်းမှာ အမျိုးသမီး ရဲဘော် ၁၀ ဦးကျော် ပါဝင်တက်ရောက်

🚩 ၇။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် GD-2 ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ် ခေါ်ယူနေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================


📌📌 ၁။ တာဝန်ပျက်ကွက်နေသော မြန်မာ့အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို  ရုပ်သိမ်းမှု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ကြိုဆို


မတ်လ ၁၃ရက်

Radio NUG

တာဝန်ပျက်ကွက်နေသော မြန်မာ့အမျိုးသားလူ့အခွင့်အရေးကော်မရှင် (MNHRC) ကို ကမ္ဘာ့အကြီးဆုံး လူ့အခွင့်အရေးဆိုင်ရာ မဟာမိတ်အဖွဲ့ ဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အမျိုးသားလူ့အခွင့်အရေးအဖွဲ့အစည်းများ မဟာမိတ် (GANHRI) ဂန်နရီအဖွဲ့ကြီးက ၂၀၂၄၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင်အဖွဲ့ဝင်အဖြစ်မှ ရုပ်သိမ်းမှုကို မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီက ကြိုဆိုလိုက်ပါတယ်။


"GANHRI ရဲ့ ဒေသတွင်းဆိုင်ရာအဖွဲ့အစည်းတွေဖြစ်တဲ့ နိုင်ငံအဆင့်လူ့အခွင့်အရေးကော်မရှင်များဆိုင်ရာ အာရှ-ပစိဖိတ်ဖိုရမ် (Asia Pacific Forum  APF) နဲ့ အရှေ့တောင်အာရှ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ ဖိုရမ် (Southeast Asia National Human Rights Institution Forum  SEANF) တို့အနေဖြင့် MNHRC ကို သူတို့ရဲ့ ကွန်ရက်တွေကနေ ဖယ်ရှားရမှာဖြစ်ပါတယ်။ ယခုလိုမျိုးလုပ်ဆောင်မှုတွေက စစ်အုပ်စုကို နိုင်ငံတကာ ယန္တရားတွေမှာ တရားဝင်မှုရရှိဖို့ ပိုမိုခက်ခဲစေမှာဖြစ်ပြီး စစ်အုပ်စုရဲ့ ကြောက်မက်ဖွယ် ကောင်းလှတဲ့ လူ့အခွင့်အရေးမှတ်တမ်းတွေကို သိက္ခာဆယ်နိုင်ဖို့အတွက်လည်း ပိုပြီး အခက်တွေ့လာမှာ ဖြစ်တယ်။ ဒါ့အပြင် စစ်တပ်အတွက် နိုင်ငံတကာ တာဝန်ယူမှု/တာဝန်ခံမှုတို့မှလည်း လွတ်မြောက်ဖို့ ပိုပိုပြီး ခက်ခဲလာမှာ ဖြစ်ပါတယ် "လို့ နိုင်ငံတကာ လူ့အခွင့်အရေးကျွမ်းကျင်သူများနှင့် ဖွဲ့စည်းထားသည့် မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) စည်းရုံးရေးနှင့် ဆက်သွယ်ရေးအရာရှိ Connor Macdonald က ထောက်ပြထားပါတယ်။


အဖွဲ့ပေါင်း ၂၀ ပါဝင်သော လွတ်လပ်သော နိုင်ငံအဆင့် လူ့အခွင့်အရေး ဌာနဆိုင်ရာ အရပ်ဘက် လူ့အဖွဲ့အစည်းများ အလုပ်အဖွဲ့ (မြန်မာ) CSO Working Group on NHRI Burma-Myanmar နှင့် အာရှဒေသ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ ကွန်ရက် ANNI တို့က အာရှ-ပစိဖိတ်ဖိုရမ် (APF) နှင့် အရှေ့တောင်အာရှနိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများဖိုရမ် (SEANF)တို့မှ MNHRC ကို ဖယ်ရှားရန်လည်း ထပ်မံ တောင်းဆိုထားပါတယ်။


========================


📌📌 ၂။ မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာ နော်စင်သီယာမောင်ကို ထိုင်းတက္ကသိုလ်က ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်


မတ် ၁၃ 

Radio NUG 


ထိုင်း-မြန်မာနယ်စပ်ရှိ ရွှေ့ပြောင်းအလုပ်သမားများနှင့် တိုင်းရင်းသားများကို ဆေးကုပေးနေသည့် မယ်တော်ဆေးခန်းတည်ထောင်သူ ဒေါက်တာနော်စင်သီယာမောင်ကို ထိုင်းနိုင်ငံမြောက်ပိုင်းရှိ Nareasuan University မှ ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ (Honorary Doctorate in ASEAN Studies) ချီးမြှင့်ခဲ့တယ်လို့ သိရှိရပါတယ်။


ဘွဲ့ချီးမြှင့်ခြင်းအခမ်းအနားကို မတ်လ (၁၁)ရက်နေ့က ပြုလုပ်ခဲ့ပြီး ထိုင်းဘုရင့်နိုင်ငံ ထိုင်းဘုရင့်တော်ဝင်မိသားစု မင်းသမီး Maha Chakri Sirindhorn ကိုယ်တိုင် လာရောက်ချီးမြှင့်သွားတယ်လို့ သိရပါတယ်။


Nareasuan University ကနေ နှစ်စဉ် Honorary Doctorate အတွက် ဆရာမကြီး ဒေါက်တာ နော်စင်သီယာမောင်ကို Faculty of Social Sciences, Nareasuan University က Nominated (အဆိုပြုတင်ပြ)ပေးခဲ့တာဖြစ်ပြီး အာဆီယံ ဒေသတွင်း လူသားအကျိုးပြုလုပ်ငန်းများကို လုပ်ဆောင်နေတဲ့အပြင် လူမှုအသိုက်အဝန်းအတွက် ကောင်းမွန်တဲ့ အကျိုးသက်ရောက်မှုများစွာ ဖြစ်ပေါ်စေတဲ့အတွက် ယခုလိုမျိုး ဘွဲ့ပေးအပ်တာ ဖြစ်တယ်လို့ တက္ကသိုလ်ဘက်က ထုတ်ပြန်ပါတယ်။ 


ဒေါက်တာ နော်စင်သီယာမောင်သည် လူမှုကူညီရေးလုပ်ငန်းများကြောင့် နိုင်ငံတကာမှ ဆုပေါင်း(၁၈)ဆုအထိ ချီးမြှင့်ခံထားရသူ ဖြစ်ပြီး အရှေ့တောင်အာရှ ရေမွန်မာဂါဆေးဆေး (Southeast Asia’s Ramon Magsaysay Award)ဆု၊ ၂၀၀၃ ခုနှစ် တိုင်းမ်မဂ္ဂဇင်း၏ အာရှသူရဲကောင်းအပြင် Jonathan Mann Award တို့ကိုလည်း ရရှိထားသူ ဖြစ်ပါတယ်။


ယခုကဲ့သို့ ဆရာမကြီးဒေါက်တာနော်စင်သီယာမောင် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့ချီးမြှင့်ခံရသည့်အတွက် လွန်စွာ ဝမ်းမြောက်ဂုဏ်ပြုယူမိပြီး ဆရာမကြီးအနေဖြင့် လူသားအကျိုးပြုလုပ်ငန်းများကို ယခုထက်မက ပိုမိုလုပ်ဆောင်နိုင်စေရန် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံးနေဖြင့် ဆန္ဒပြုဆုတောင်းပေးထားပါတယ်။


========================


📌📌 ၃။ ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းဟာ လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် ၆၈ ကြိမ် ရှိခဲ့


မတ်လ ၁၃ရက်

Radio NUG

အကြမ်းဖက်စစ်အုပ်စုရဲ့  ၂၀၂၅ ခုနှစ်၊ဖေဖော်ဝါရီလအတွင်း လူ့အခွင့်အရေးချိုးဖောက် ကျူးလွန်မှု စုစုပေါင်း (၆၀၄) မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ကောက်ယူ၊ မှတ်တမ်းတင်ထားရှိထားတယ်လို့ မတ်လ၁၃ရက် ထုတ်ပြန်ပါတယ်။


ဖေဖော်ဝါရီလအတွင်း စစ်ကိုင်းတိုင်းသည် လူ့အခွင့်အရေးချိုးဖောက်ခံရမှု အများဆုံးဖြစ်ခဲ့ပြီး ၁၂၄ မှုထိ ရှိခဲ့ကာ လေကြောင်းတိုက်ခိုက်ခံရမှု အကြိမ်အရေအတွက် ၆၈ ကြိမ်နှင့် အများဆုံးတိုက်ခိုက်ခံခဲ့ရသည့် ဒေသဖြစ်ကြောင်းလည်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။


ဖေဖော်ဝါရီလအတွင်း နိုင်ငံတဝှမ်း လေကြောင်း တိုက်ခိုက်မှုကြောင့် နေအိမ်ပေါင်း ၂၁၉ လုံး၊ ကျောင်း ၁၂ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦ ၂၇ ခု၊ ကျန်းမာရေးဆိုင်ရာ အဆောက်အဦ ၁၅ ခု ပျက်စီးဆုံးရှုံးခဲ့ရပြီး သေဆုံးသူ အရေအတွက် ၁၄၂ ယောက်နှင့် ထိခိုက်ဒဏ်ရာရရှိသူအရေအတွက် ၃၆၈ ယောက်ရှိခဲ့ကာ အစုလိုက် အပြုံလိုက်သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူ စုစုပေါင်း ၇ဝ ဦးထိ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနှင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့် တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက် စစ်အုပ်စု၏ ကျူးလွန်မှုများကိုအပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူဆောင်ရွက်သွားမယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၄။ ပရောဂျက် အာယု အထူးအစီအစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်၏ US Congressional Gold Medal ပုံတူ သစ်ထွင်းပန်းချီအား ပြန်လည်ချီးမြှင့်မည်


မတ် ၁၃ 

Radio NUG 


ပရောဂျက်အာယုရဲ့ အထူးအစီအစဉ်တစ်ခုအဖြစ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ US Congressional Gold Medal ပုံတူ သစ်ထွင်းပန်းချီအား တော်လှန်ထောက်ပို့ပြည်သူများထံသို့ ပြန်လည်ဂုဏ်ပြုချီးမြှင့်သွားမယ်လို့ သိရပါတယ်။


အဆိုပါအစီအစဉ်အတွက် ရန်ပုံငွေကံစမ်းမဲများ ရောင်းချသွားမည်ဖြစ်ပြီး တစ်စောင်လျှင် မြန်မာငွေကျပ် တစ်သောင်းဖြင့် ကံစမ်းနိုင်မှာဖြစ်ပါတယ်။


ရရှိလာတဲ့ ရန်ပုံငွေများကို ကရင်နီဒေသမှာရှိတဲ့ ဆေးရုံများ၏ ကျန်းမာရေးရန်ပုံငွေအဖြစ် အသုံးပြုသွားမှာဖြစ်ပြီး ဆေးဝါးတွေအတွက် ကုသိုလ်ယူရင်း လူထုခေါင်းဆောင်၏ ပုံတူသစ်ထွင်းပန်းချီကို ဂုဏ်ယူစွာပိုင်ဆိုင်ဖို့ ဝန်းရံကြရန် နှိုးဆော်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။


========================


========================




🚩🚩 ၁။ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲ ကြဖို့ ဖြစ်လိမ့်မယ် ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ပြောကြား


မတ် ၁၃ 

Radio NUG 


PDF ပကဖနဲ့ မဟာမိတ်တော်လှန်ရေးအဖွဲ့အားလုံး လက်တွဲပါဝင်ပြီး စစ်မျက်နှာအလိုက် ထောင်သောင်းချီအင်အားနဲ့ အထွေထွေထိုးစစ်ကြီးတရပ်ကို တနိုင်ငံလုံးအတိုင်းအတာနဲ့ ဆင်နွှဲကြကာ ဒီထိုးစစ်ကြီးက စစ်အာဏာသိမ်းမှုကို အဆုံးသတ်ပေးလိမ့်မယ်လို့ ယုံကြည်ကြောင်း တပ်မှူးသင်တန်း အပတ်စဉ်() သင်တန်းဆင်းပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်မှ ပေးပို့တဲ့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။


" ဒီနေ့ တော်လှန်ရေးအခြေအနေ အရပ်ရပ်ကို ကြည့်ရင် တော်လှန်ရေးအောင်မြင်ဖို့အတွက်ကော၊ တော်လှန်ရေးအောင်တဲ့အခါ ပြည်သူအများ မျှော်မှန်းတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု အောင်အောင်မြင်မြင် ထူထောင်နိုင်ဖို့ အတွက်ပါ PDFတပ်မတော်မှာ ကြီးလေးတဲ့ တာဝန် ရှိတယ်ဆိုတာ ရဲဘော်တို့လည်း နားလည် သဘောပေါက်ပြီး ဖြစ်လိမ့်မယ်။ တော်လှန်ရေး အစောပိုင်းကာလမှာ တဖက်က တပ်တည်ဆောက်ရင်း တဖက်က တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ရေးလှုပ်ရှားနိုင်အောင် ပထမအဆင့် ကြိုးပမ်းခဲ့ကြရတယ်။ ဒုတိယအဆင့်အနေနဲ့ အင်အားစုစည်း၊ မဟာဗျူဟာ ထိုးစစ်ဆင်ရင်း မြို့သိမ်းစခန်းသိမ်းတိုက်ပွဲတွေ ဆင်နွှဲတဲ့ အတွေ့အကြုံ ရဲဘော်တို့ ရယူနိုင်ခဲ့ပြီ ဖြစ်တယ်။" လို့ ဝန်ကြီးက ဆိုထားပါတယ်။


ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ထူထောင်ရာမှာ

() လက်နက်ကိုင် နွေဦးအင်အားစု အားလုံးကို အလံတော်တစ်ခုအောက်မှာ စုစည်းရင်း ပြည်သူ့တော်လှန်ရေး တစ်ရပ် ဆင်နွှဲရန်

() စနစ်ပြောင်းရေး ဦးတည်တဲ့ တော်လှန်ရေး ဖြစ်တဲ့ အားလျော်စွာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေးစနစ်နဲ့ လျော်ညီတဲ့ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော် တည်ထောင်တဲ့အခါ ရှေ့ပြေး အမြုတေ ဖြစ်စေရန် အမြဲတမ်း နှလုံးသွင်းထားရမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၂။ ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း အသတ်ခံရမှု ကယန်းပြည်သစ်တပ်မတော်က ကျူးလွန်သူများအား ဖော်ထုတ် အရေးယူပေးရန် နေပြည်တော်တိုင်းစစ်ဌာန ထုတ်ပြန်


မတ် ၁၃

Radio NUG

ပျဉ်းမနားစစ်ကြောင်းမှူး ရဲဘော်ကိုစိုင်း()ဝင်းလှိုင်ကို သတ်ဖြတ်ခံရမှုတွင် ကယန်းပြည်သစ်တပ်မတော်မှ ကျူးလွန်သူများအား ဖော်ထုတ်အရေးယူပေးရန် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ နေပြည်တော်တိုင်းစစ်ဌာနမှ မတ်လ ၁၃ရက်နေ့တွင် သတင်းထုတ်ပြန်ပါတယ်။


မတ်လ ရက်နေ့ နေ့လည် () နာရီတွင် နေပြည်တော်တိုင်းစစ်ဌာန ပျဉ်းမနားစစ်ကြောင်း စစ်ကြောင်းမှူး ရဲဘော်ကိုစိုင်းအား ကယန်းပြည်သစ်တပ်မတော် ဗဟိုကော်မတီဝင် ဗိုလ်မှူးကြီးသိန်းဟန်နှင့် တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ကယန်းပြည်သစ်နယ်မြေ၊ အမှတ်()မြို့နယ် ဒုတပ်မဟာမှူးဖိုးခွား လာရောက်ခေါ်ဆောင်သွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။


ကယန်းပြည်သစ်တပ်မတော်ဘက်သို့ နေပြည်တော်တိုင်းစစ်ဌာနမှ မတ်လ ရက်နေ့တွင် စာထုတ်၍ အကြောင်းကြားသော်လည်း အကြောင်းပြန်ကြားလာခြင်းမရှိခဲ့သလို ကြားကာလအချိန်များတွင်လည်း ကယန်းပြည်သစ်တပ်မတော်နယ်မြေအထိ သွားရောက်တွေ့ဆုံဆွေးနွေးရန် ကြိုးစားခဲ့သော်လည်း ဗဟိုကော်မတီများမှ တွေ့ဆုံဖြေရှင်းပေးခြင်းမရှိဘူးလို့ သိရပါတယ်။


မတ်လ ၁၃ ရက်နေ့တွင် မိမိတို့ နေပြည်တော်တိုင်းစစ်ဌာနနှင့် မဟာမိတ်ညီနောင်အဖွဲ့အစည်းများ၏ စုံစမ်းထောက်လှမ်းပေးမှုအရ ကယန်းပြည်သစ်တပ်မတော် ရုံးစိုက်ရာနယ်မြေတစ်နေရာ၌ တော်လှန်ရေးဦးဆောင်သူ ရဲဘော်တစ်ဦးဖြစ်သည့် ရဲဘော်ကိုစိုင်း ()ဝင်းလှိုင်ကို၏ ရုပ်အလောင်းကို လူသားမဆန်စွာ ပြင်းပြင်းထန်ထန် ညှင်းပန်းနှိပ်စက်ထားသော ဒဏ်ရာများစွာဖြင့် ရှာဖွေတွေ့ရှိခဲ့ရတယ်လို့ ဖော်ပြထားပါတယ်။


ထို့ကြောင့် ကယန်းပြည်သစ်တပ်မတော်သည် ယခုစာထုတ်ပြန်ပြီးအချိန်မှ ( )ရက်အတွင်း ဤဖြစ်စဉ်အား တာဝန်အပြည့်အဝယူ၍ ဖြေရှင်းပေးရန်၊ အမိန့်ပေးစေခိုင်းသူနှင့် ကျူးလွန်သူအားလုံးကို ထိရောက်ပြင်းထန်စွာအရေးယူဆောင်ရွက်ပေးရန်၊ တော်လှန်ရေးအဝန်းအဝိုင်းတခုလုံးကို ခြိမ်းခြောက်မှုဖြစ်သဖြင့် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များအနေဖြင့် ဤဖြစ်စဉ်အား သမာသမတ်ကျစေဖို့ ဝိုင်းဝန်းကြိုးပမ်းကူညီပေးပါရန် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နေပြည်တော်တိုင်းစစ်ဌာနနှင့် ဗျူဟာတပ်ရင်း တပ်ဖွဲ့များအားလုံးမှ သဘောထားထုတ်ပြန်ထားပါတယ်။


လက်ရှိ ကယန်းပြည်သစ်ပါတီ (KNLP) ဥက္ကဋ္ဌမှာ သန်းစိုးနိုင်ဖြစ်ပြီး ကယန်းပြည်သစ်တော်လှန်ရေးကောင်စီ (KNLRC)အား ဗိုလ်မှူးချုပ်အိုက်နော်ထားက တာဝန်ယူပြီး ကယန်းပြည်သစ် တပ်မတော်(KNLA) စစ်ဦးစီးချုပ်မှာ ဗိုလ်မှူးချုပ်မြားနို ဖြစ်တယ်လို့ People's Spring ဖော်ပြချက်အရ သိရပါတယ်။


========================


🚩🚩 ၃။ စစ်ကောင်စီရဲ့ ဒရုန်းတစီးကို နေပြည်တော် PDF စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့


မတ်လ ၁၃ ရက်နေ့၊ 

Radio NUG


ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်မှာ စစ်ကောင်စီ ဒရုန်းတစ်စီးကို စနိုက်ဘာဖြင့် ပစ်ချနိုင်ခဲ့တယ်လို့ Nay Pyi Taw PDF တပ်ရင်း (၈၀၁) ရဲ့ ပြောကြားချက်နဲ့ KPV News က ဖော်ပြထားပါတယ်။


မတ်လ ၁၂ ရက်နေ့မှာ ရေတာရှည် မြို့နယ်အတွင်းက ကျေးရွာတစ်ခုကို လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့ စစ်ကောင်စီ ဒရုန်း တစ်စီးကို ပြန်အဆင်းမှာ ပစ်ချခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။


ရေတာရှည်မြို့နယ် စစ်ဆင်ရေး နယ်မြေအတွင်း စစ်ကောင်စီက ကျေးရွာများကို ဒရုန်းဖြင့် မကြာခဏ လာကြဲလေ့ရှိပြီး တော်လှန်ရေး တပ်ဖွဲ့များနှင့်လည်း တိုက်ပွဲများ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။


ပြီးခဲ့တဲ့ ဇန်နဝါရီလပိုင်းက ရေတာရှည် မြို့နယ်အတွင်းက ကျေးရွာတစ်ရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါး ပျံလွန်ခဲ့ပြီး ဒေသခံတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။


========================


🚩🚩 ၄။ ဖလမ်းမြို့သိမ်း တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းမှ အကြိမ်များစွာ ဗုံးကြဲတိုက်ခိုက်


မတ်လ ၁၃ ရက် 

Radio NUG


ချင်းညီနောင်စစ်ဆင်ရေးအဖြစ် ဖော်ဆောင်နေတဲ့ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် စစ်ကောင်စီက အင်အား ထပ်ဖြည့်ထားပြီး ခလရ - ၂၆၈ တပ်ရင်းအနီးက စခန်းကုန်းများတွင် စစ်ကောင်စီနဲ့ ချင်း ပူးပေါင်းတပ်တို့ အပြန်အလှန် ထိုးစစ်ဆင် တိုက်ပွဲများ ပြင်းထန်နေတယ်လို့ သိရပါတယ်။


ဖလမ်းမြို့က စစ်ကောင်စီရဲ့ နောက်ဆုံးလက်ကျန် ခလရ - ၂၆၈ တပ် အနီးရှိ အရေးပါတဲ့ စခန်းကုန်းတွေကို ပြန်လည်ရရှိဖို့ မတ်လ ၁၂ ရက်နေ့ မနက် နာရီခန့်မှာ စစ်ကောင်စီက လေကြောင်းပစ်ကူ အများအပြားနဲ့ ထိုးစစ်ပြန်ဆင်လာတာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တာလို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ မတ်လ ဒုတိယ အပတ်ထဲမှာ အင်အား ၄၀ ခန့် ဖြည့်တင်းခဲ့ပြီးနောက် မနက်ပိုင်းကနေ ညပိုင်းအထိ ဂျက်ဖိုက်တာ, Y-12 နဲ့ Y-8 တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးများ အပါအဝင် အကြိမ် ၂၀ ထပ်မနည်း တနေကုန် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။


မတ်လ ၁၃ ရက်နေ့ကလည်း စစ်ကောင်စီက ခလရ - ၂၆၈ တပ်ရင်းထဲကို စစ်ကူချပေးဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ဘဲ လှည့်ပြန်သွားခဲ့ရတယ်လို့ ဆိုပါတယ်။


တိုက်ပွဲအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ထွက်ပြေးသွားခဲ့တာတွေ ရှိနေကြပြီး တချို့ကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိထားကာ လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရရှိထားတာတွေ ရှိတယ်လို့ သိရပါတယ်။


နိုဝင်ဘာလ ရက်နေ့က စတင်ခဲ့တဲ့ ဖလမ်းမြို့သိမ်းတိုက်ပွဲအတွင်း မြို့ပေါ်ရှိ စစ်ကောင်စီ စခန်းအားလုံးကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး ခလရ - ၂၆၈ တပ်ရင်းသာ ကျန်ရှိနေတာကြောင့် အဆိုပါ စခန်းကို သိမ်းပိုက်နိုင်ရေး ဝိုင်းဝန်းပိတ်ဆို့ ဖြတ်တောက်ကာ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။


ချင်းညီနောင် တပ်ဖွဲ့တွေရဲ့ ထုတ်ပြန်ချက်အရ မြို့သိမ်းတိုက်ပွဲအတွင်း အရာရှိအဆင့် အပါအဝင် စစ်သုံ့ပန်း ၁၀၀ ကျော်ကို ဖမ်းဆီးရမိထားကာ လက်နက်ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိထားတယ်လို့ သိရပြီး နိုင်ငံတကာ ဥပဒေများနှင့်အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားတယ်လို့ ဆိုပါတယ်။


အဆိုပါတိုက်ပွဲတွေအတွင်း CDF - မင်းတပ်နဲ့ PDF - Zoland အပါအဝင် တော်လှန်ရေး ပူးပေါင်းတပ်တွေဘက်က ထိခိုက် ကျဆုံးမှု ရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း အများအပြား ထိခိုက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩 ၅။ ရန်ကုန်-မန္တလေး လမ်းဟောင်းတွင် ဧရာဝတီအမှတ် တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်းစစ်ဆေးရေး ပြုလုပ်


မတ် ၁၃ 

Radio NUG 


မတ်လ ၁၃ ရက်နေ့တွင် ရန်ကုန်-မန္တလေး လမ်းဟောင်း၌ ဧရာဝတီအမှတ် တပ်ရင်းမှ PDF ရဲဘော်များက လမ်းပိုင်း စစ်ဆေးရေးများပြုလုပ်ခဲ့ပြီး စစ်ရေးအခြေအနေများကို ပြည်သူများထံ တင်ပြဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


ထို့ပြင် PDF ရဲဘော်များက ပြည်သူများ အနေဖြင့်လည်း အကြမ်းဖက် စစ်ကောင်စီ နှင့် ပတ်သတ် ဆက်နွယ်ခြင်း နီးနီးကပ်ကပ် နေထိုင်ခြင်းများကို ရှောင်ကျဥ်ကြပါရန် မေတ္တာရပ်ခံ တောင်းဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။


========================


🚩🚩 ၆။ PDF - Zoland ရဲ့ အပတ်စဉ် ၁၅ စစ်သင်တန်းမှာ အမျိုးသမီး ရဲဘော် ၁၀ ဦးကျော် ပါဝင်တက်ရောက်


မတ်လ ၁၃ ရက်နေ့၊ 

Radio NUG


ချင်းပြည်နယ် မြောက်ပိုင်း၊ တီးတိန်မြို့သိမ်း တိုက်ပွဲအတွက် ပြင်ဆင်နေတဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ PDF - Zoland ရဲ့ အပတ်စဉ် (၁၅) စစ်သင်တန်းမှာ အမျိုးသမီး ရဲဘော် ၁၀ ဦးကျော် ပါဝင် တက်ရောက်နေတယ်လို့ ခိုနူမ်းသုန်သတင်းက ဖော်ပြထားပါတယ်။


PDF - Zoland ရဲ့ အပတ်စဉ် (၁၅) အခြေခံ စစ်သင်တန်းမှာ သင်တန်းသား/သူ ၅၀ ကျော် တက်ရောက်ခဲ့တာဖြစ်ပြီး အမျိုသမီးရဲဘော် ၁၀ ဦးကျော် ပါဝင်ခဲ့ကာ ကလေးဒေသ အပါအဝင် ချင်းပြည်နယ် နေရပ်ဒေသအစုံက လူငယ်များပါဝင် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။


အဆိုပါ  စစ်သင်တန်း အပတ်စဉ် (၁၅) ဟာ လနီးပါး ကြာခဲ့ပြီး မတ်လ ၁၁ ရက်နေ့က သင်တန်းဆင်း အခမ်းအနား ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိမှာလည်း စစ်အခြေခံသင်တန်း အပတ်စဉ် ၁၆ အတွက် သင်တန်းသား အသစ်များ လက်ခံနေပြီး စာရင်းပေးသွင်း နိုင်ပြီဖြစ်ကြောင်း မတ်လ ရက်နေ့က ထုတ်ပြန်ထားပါတယ်။


PDF - Zoland တပ်ဖွဲ့ဟာ ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ချင်းညီနောင် တော်လှန်ရေး ပူးပေါင်းအဖွဲ့ နှင့် အတူ ခလရ - ၂၆၈ စခန်းကုန်းကို လက်တလောမှာ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ သိရပါတယ်။


========================


🚩🚩 ၇။ မွန်ပြည်လွတ်မြောက်ရေးတပ်တော် GD-2 ဒရုန်းတပ်ဖွဲ့မှ တပ်သားသစ် ခေါ်ယူနေ


မတ်လ ၁၃ 

Radio NUG


မွန်ပြည်လွတ်မြောက်ရေးတပ်တော် (Mon Liberation Army) ရဲ့ Galon Drone Team - 2 (Multi - Rotor) ဒရုန်းတပ်ဖွဲ့ မှ တပ်ဖွဲ့ဝင်သစ်များ လက်ခံခေါ်ယူနေကြောင်း ထုတ်ပြန်ထားပါတယ်။


MLA ရဲ့ Galon Drone Team - 2 (Multi - Rotor) ဒရုန်းတပ်ဖွဲ့ကို ၂၀၂၂ ခုနှစ် ဩဂုတ်လ ၃၁ ရက်က ပြည်သူလူထုကို ကာကွယ်လိုပြီး စစ်ကောင်စီကို နည်းပညာဖြင့် ဆန့်ကျင်လိုတဲ့ လူငယ်များနဲ့ စတင် ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။


၂၀၂၂ ခုနှစ် မှ ၂၀၂၄ ခုနှစ် အတွင်း ကြာအင်းဆိပ်ကြီး၊ တောင်ကြာအင်း၊ ကော့ကာ (ဘုရားငုတ်တို) ကော့ဘိန်း၊ ချောင်းနှစ်ခွ၊ ကျိုက်ဒုံ၊ ဓမ္မသ နယ်မြေများမှာ စစ်ရေး ဖော်ဆောင်မှုများ ဆောင်ရွက်ခဲ့ကာ စစ်ကောင်စီ ဘက်မှ အကြီးတန်း အရာရှိ အဆင့်များ အပါအဝင် တပ်သား ၁၅၀ မှ ၂၀၀ အထိ ထိခိုက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။


လက်ရှိမှာ မွန်လွတ်မြောက်ရေးတပ်တော် (MLA) ရဲ့ Galon Drone Team - 2 (Multi - Rotor) ဒရုန်း တပ်ဖွဲ့မှာ ပြည်သူလူထုကို ကာကွယ်လိုပြီး စစ်ကောင်စီအား ဆန့်ကျင်လိုကြတဲ့ လူငယ်များအား စီစစ် လက်ခံလျက် ရှိတယ်လို့ အသိပေး ဖိတ်ခေါ်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်၊ မင်းစစ်သွေးနဲ့ ခါးရှဲလ်တို့က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment