2nd Mar 2025 - Evening Daily News by Radio NUG

 

၂၀၂၅ မတ်လ ၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨၁။⁨⁨⁨ CDF ကန်ပက်လက်ရဲ့ ပထမဆုံးသော အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ပွဲ ကျင်းပ

📌 ⁨⁨⁨⁨⁨၂။ စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတနေရာမှာ ယင်းမာပင်ခရိုင် ပကဖရဲ့ မြို့နယ်ရေးရာနှင့် တိုက်နယ် ပကဖ တာဝန်ခံများ အပတ်စဉ်- သင်တန်းဆင်းပွဲ ကျင်းပ

📌 ⁨⁨⁨⁨၃။ညောင်ဦးမြို့နယ်က လူငယ် ၇ဝဝ ကျော် စစ်မှုထမ်းဖို့ စစ်တပ်က စာရင်းပြုစုထားတဲ့အတွက် ခေါင်းငုံ့မခံဘဲ တော်လှန် တိုက်ခိုက်ကြဖို့ PDA တပ်ဖွဲ့ တိုက်တွန်း


========================


၂၀၂၅ ခုနှစ် မတ်လ ၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။မိုးဗြဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် တောင်ယာစိုက်နေတဲ့ အရပ်သားတဦးသေဆုံးပြီး ဦး ဒဏ်ရာရ

🚩၂။⁨⁨ ဖားကန့်က KIA ဂိတ်ကို စစ်ကောင်စီတိုက်ခိုက်တာကြောင့် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ KIA အသိပေး

🚩၃။⁨⁨ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း TNLA အုပ်ချုပ်နယ်မြေက ဒေသနေပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရ

🚩၄။⁨⁨ ပွင့်ဖြူနယ် ရေပုတ်ကြီးရွာတိုက်ပွဲမှာ ပျူစောထီး ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ

🚩၅။မြ၀တီမြို့ဘက် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းကအရာရှိတွေဟာ ရဲဘော်တွေကို အငတ်ထားပြီး အသေခံ စစ်တိုက်ခိုင်းတယ်လို့ ခလရ ၉၄ တပ်က အလင်းဝင်လာတဲ့ တပ်သား နိုင်လင်းထွန်း ပြော 


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨၁။⁨⁨⁨ CDF ကန်ပက်လက်ရဲ့ ပထမဆုံးသော အခြေခံစစ်ပညာသင်တန်းဆင်းပွဲနဲ့လက်နက်တပ်ဆင်ပွဲ ကျင်းပ


မတ်လ ၂ရက်


ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်-CDF ရဲ့ အပတ်စဉ် - အခြေခံ စစ်ပညာ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ရေးအခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ခဲ့တယ်လို့ CDF - ကန်ပက်လက်က မနေ့ မတ်လ ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။

လကျော်ကြာမြင့်တဲ့ CDF ကန်ပက်လက် အခြေခံစစ်ပညာသင်တန်း အပတ်စဉ် - သင်တန်းဆင်း ရဲဘော်၊ရဲမေတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုခြင်းနဲ့ လက်နက်တပ်ဆင်ရေးအခမ်းအနားကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ ကျင်းပနိုင်ခဲ့တာလို့ သိရပါတယ်။

ဒီအခြေခံစစ်ပညာသင်တန်း အောင်မြင်စွာ ပြီး‌မြောက်နိုင်ရေးနဲ့ လက်နက်တပ်ဆင်ရေးအစီစဉ်တွေပြုလုပ်နိုင်ဖို့ ပံ့ပိုးကူညီ ပေးခဲ့တဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်‌တော်နဲ့ ပြည်တွင်း၊ပြည်ပက Chin Defence Force - Kanpetlet ရဲ့ ထောက်ပို့ ပြည်သူတွေအားလုံးကို အထူးကျေးဇူးတင်တယ်လို့ အသိပေးထားပါတယ်။

ကျင်‌‌ဒွေးမြို့နဲ့ ကန်ပက်လက်မြို့နယ်အပါအဝင် ချင်းပြည်တောင်ပိုင်းတခုလုံး စစ်ကောင်စီလက်အောက်ကနေ လွတ်မြောက်နိုင်ခဲ့ပြီဖြစ်တာကြောင့် စစ်ဘေးရှောင်ပြည်သူတွေ ကိုယ့်မြို့၊ကိုယ့်အိမ် ပြန်လည်အခြေချတဲ့အချိန်မှာ ပြည်သူလူထုကို နွေးထွေးလုံခြုံစွာ အပြည့်အဝ အကာကွယ်ပေးနိုင်နဲ့ ပြည်သူ့အချစ်တော် တပ်နဲ့ စစ်သည်တော် ကောင်းတွေဖြစ်လာစေဖို့ရည်ရွယ်ပြီး စစ်သင်တန်း ကျင်းပခဲ့တာလို့ သိရပါတယ်။

စစ်စည်းကမ်းပြည့်ဝတဲ့ ပြည်သူ့စစ်သားကောင်းတွေ ပေါ်ပေါက်လာစေဖို့နဲ့ အိမ်နီးချင်း မိတ်ဖက်မဟာမိတ် တပ်တွေနဲ့အတူ အဖိနှိပ်ခံပြည်သူတရပ်လုံး စစ်မှန်တဲ့ လွတ်မြောက်တဲ့အထိ ဆက်လက်ပူးပေါင်းတိုက်ပွဲဝင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ စစ်ပညာသင်တန်းပေးတာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

CDF ကန်ပက်လက်ဟာ ချင်းညီနောင်အဖွဲ့ဝင်ဖြစ်ပြီး ချင်းညီနောင်နဲ့ မဟာမိတ်တွေဟာ ကန်ပက်လက်နဲ့ ကျင်ဒွေးမြို့ကို ၂၀၂၄ ခုနှစ်မှာ အပြီးသတ်သိမ်းပိုက်ထားနိုင်ပြီး CDF ကန်ပက်လက်ဖွဲ့စည်းပြီး နှစ်အတွင်း ပထမဆုံးအကြိမ် စစ်သင်တန်း ပြုလုပ် နိုင်ခဲ့တာလို့ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨၂။ စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတနေရာမှာ ယင်းမာပင်ခရိုင် ပကဖရဲ့ မြို့နယ်ရေးရာနှင့် တိုက်နယ် ပကဖ တာဝန်ခံများ အပတ်စဉ်- သင်တန်းဆင်းပွဲ ကျင်းပ


မတ်လ ၂ရက်


အမှတ်- စစ်ဒေသမှာပါတဲ့ စစ်ကိုင်းတိုင်း ယင်းမာပင်ခရိုင် ပကဖရဲ့ - /၂၀၂၄ မြို့နယ်ရေးရာနဲ့ တိုက်နယ် ပကဖ တာဝန်ခံများ အပတ်စဉ်- သင်တန်းဆင်းပွဲကို လွတ်မြောက်နယ်မြေတနေရာမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။


ယင်းမာပင်ခရိုင်ကွပ်ကဲ‌ရေးမှူးနဲ့ ယင်းမာပင်ခရိုင်ပကဖ တာဝန်ခံတို့ရဲ့ အစီစဉ်နဲ့ ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ယင်းမာပင် ခရိုင်တပ်ရင်း ၂၊ တပ်ရင်း ၆၊ မြို့နယ်ပကဖ ဒုတာဝန်ခံများ၊ မြို့နယ်ပကဖ ရေးရာတာဝန်ခံများ၊ တိုက်နယ် ပကဖ တာဝန်ခံ တွေကို အခြေခံစစ်ပညာနဲ့ စုဖွဲ့မှုသင်တန်းပေးခဲ့တာလို့ ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။

စစ်ကိုင်းတိုင်းအတွင်းက လွတ်မြောက်နယ်မြေတနေရာမှာလုပ်တဲ့ အဲဒီသင်တန်းဟာ သင်တန်းကာလ ရက်ပေါင်း ၇၀ ကြာခဲ့ ပြီး ကနီ၊ ဆားလင်းကြီး၊ ယင်းမာပင်၊ ပုလဲ စတဲ့ မြို့နယ်တွေက ပကဖ တာဝန်ခံနဲ့ဒုတာဝန်ခံတွေရဲ့ ဝိုင်းဝန်းကြိုးစားမှုနဲ့အတူ နယ်မြေခံ ပကဖ ခေါင်းဆောင်တွေ မြို့နယ် ပကဖ ဒုတာဝန်ခံတွေနဲ့ ပကဖတာဝန်ခံတွေ တိုက်နယ်တာဝန်ခံတွေ တက်ရောက် ခဲ့ကြတယ်လို့ သိရပါတယ်။ 

ယင်းမာပင်ခရိုင် တခုလုံးမှာရှိတဲ့ သက်ဆိုင်ရာနယ်မြေခံအစုဖွဲ့ တိုက်နယ်ပကဖတာဝန်ခံတွေကို စစ်ပညာနဲ့ပတ်သက်တဲ့ စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာဗျူဟာပိုင်းတွေ ရက်ပေါင်း ၇၀ ကျော် သင်တန်းပို့ချခဲ့ပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ သင်တန်း ဆင်းပွဲ ကျင်းပနိုင်ခဲ့တာပဲဖြစ်ပါတယ်။ 

သင်တန်းဆင်းပွဲမှာ ယင်းမာပင်ခရိုင်ကွပ်ကဲရေးမှူးက သင်တန်းဆင်းမိန့်ခွန်းပြောကြခဲ့ပြီး ခရိုင်ပကဖတာဝန်ခံနဲ့ မြို့နယ်ပကဖ တာဝန်ခံတွေက သင်တန်းသား စံပြဆု၊ ဇွဲဆု၊ လက်ဖြောင့်တပ်သားဆုတွေပေးအပ်ခဲ့တယ်လို့ ယင်းမာပင်ခရိုင် ပကဖက ထုတ်ပြန်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨၃။ညောင်ဦးမြို့နယ်က လူငယ် ၇ဝဝ ကျော် စစ်မှုထမ်းဖို့ စစ်တပ်က စာရင်းပြုစုထားတဲ့အတွက် ခေါင်းငုံ့မခံဘဲ တော်လှန် တိုက်ခိုက်ကြဖို့ PDA တပ်ဖွဲ့ တိုက်တွန်း


မတ်လ ၂ရက်


မန္တလေးတိုင်း ညောင်ဦးမြို့နယ်အတွင်းမှာ စစ်မှုထမ်းရမယ့် လူငယ် ၇ဝဝ ကျော်ရဲ့ အချက်အလက် အတိအကျကို စစ်တပ်က စာရင်းပြုထားပြီးဖြစ်တဲ့အတွက် လူငယ်တွေအနေနဲ့ စစ်ကောင်စီရဲ့ မတရားမှုကို ခေါင်းငုံမခံဘဲ တော်လှန်တိုက်ခိုက်ကြဖို့ People’s Democratic Army – PDA တပ်ဖွဲ့က တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်က စစ်မှုထမ်းခိုင်းဖို့ ပြုစုထားတဲ့ ညောင်ဦးနယ်က လူငယ်တွေရဲ့ စာရင်းကို People’s Democratic Army – PDA တပ်ဖွဲ့က သူတို့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာလည်း အသိပေးထားပါတယ်။ 

ညောင်ဦးမြို့နယ်အတွင်းက စစ်မှုထမ်းရမယ့် အသက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြားရှိတဲ့ လူငယ်တွေရဲ့စာရင်းကို အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးက အသေးစိတ် စာရင်းပြုစုထားတာကို ပြည်သူ့ ဒီမိုကရက်တစ် တပ်တော် PDA က စစ်ရေးလှုပ်ရှားမှုတခုမှာ ရရှိခဲ့တာလို့ သိရပါတယ်။ 

ဒါကြောင့် စစ်ကောင်စီထံကရရှိထားတဲ့ စစ်မှုထမ်းလူငယ် ၇၂၂ ဦးရဲ့ စာရင်းကို ညောင်ဦးမြို့က ပြည်သူလူထုသိရှိစေဖို့ အတွက် ထုတ်ပြန်ပေးတာလို့ PDA တပ်ဖွဲ့က အသိပေးထားပါတယ်။

ဒါကြောင့် စာရင်းမှာပါဝင်နေတဲ့လူငယ်တွေအနေနဲ့ နီးစပ်ရာတော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ အမြန်ဆုံးဆက်သွယ် ရှောင်ရှား ကြဖို့ တိုက်တွန်းထားပြီး People’s Democratic Army – PDA တပ်ဖွဲ့ဘက်ကလည်း ကူညီပေးဖို့ အဆင်သင့်ရှိနေတယ်လို့ အသိပေးထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာ ဖြစ်ပါတယ်။



========================



========================



🚩🚩၁။မိုးဗြဲမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် တောင်ယာစိုက်နေတဲ့ အရပ်သားတဦးသေဆုံးပြီး ဦး ဒဏ်ရာရ


မတ်လ ၂ရက်


ရှမ်း-ကရင်နီနယ်စပ် မိုးဗြဲအနောက်ခြမ်းမှာ တိုက်ပွဲဖြစ်တာခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးတွေနဲ့ ပစ်တာကြောင့် တောင်ယာလုပ်နေတဲ့ အရပ်သားတဦးသေဆုံးပြီး ဦး ဒဏ်ရာ ရသွားတယ်လို့ ဒေသသတင်းရင်းမြစ် တွေက ပြောပါတယ်။


မနေ့ မတ်လ ရက်နေ့မှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် အရပ်သားတဦးသေဆုံးပြီး ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ Mobye Rescue Team ကလည်း အသိပေးထုတ်ပြန်ထား ပါတယ်။  


ဖယ်ခုံမှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လုံး ပစ်ခတ်ခဲ့တာဖြစ်ပြီး တိုက်ပွဲဖြစ်တာမရှိတဲ့ မိုးဗြဲမြို့အနောက်ခြမ်း က တောင်ယာထဲကိုကျရောက် ပေါက်ကွဲခဲ့တာကြောင့် တောင်ယာလုပ်နေတဲ့ အရပ်သားတွေ ထိခိုက်ခဲ့တာလို့ သိရပါတယ်။


စစ်ကောင်စီတပ်ရဲ့ အကြောင်းမဲ့ ပစ်ခတ်မှုကြောင့် ၁၆ နှစ်အရွယ် အမျိုးသမီးတဦး သေဆုံးသွားပြီး ထိခိုက်ဒဏ်ရာရသူ ဦး ကို အချိန်မီ ဆေးကုသာတာတွေနဲ့ လမ်းညွှန်တာတွေ လုပ်ပေးနိုင်ခဲ့တယ်လို့မိုးဗြဲကယ်ဆယ်ရေးအဖွဲ့ Mobye Rescue Team က ပြောပါတယ်။


မိုးဗြဲမြို့မြောက်ဖက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်နေပေမယ့် မနေ့ မတ်လ ရက်နေ့ကဖြစ်စဉ်ဟာ တိုက်ပွဲဧရိယာမဟုတ်ဘဲ မိုးဗြဲအနောက်ခြမ်းက အရပ်သားတွေ လယ်ယာလုပ်ကိုင်တဲ့ နေရာကို ပစ်ခတ်ခဲ့တာပဲဖြစ်ပါတယ်။ 


ဒီနေ့ မတ်လ ရက် ပိုင်းမှာလည်း အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မိုးဗြဲမြို့ကို လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေဆီက သိရပါတယ်။


========================


🚩🚩၂။⁨⁨ ဖားကန့်က KIA ဂိတ်ကို စစ်ကောင်စီတိုက်ခိုက်တာကြောင့် နှစ်ဖက်စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ KIA အသိပေး


မတ်လ ၂ရက်


ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာရှိတဲ့ KIA ဂိတ်ကို စစ်ကောင်စီတိုက်ခိုက်တာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဖြစ်ခဲ့ပြီး ဒေသတွင်းမှာ နှစ်ဖက်တပ်တွေ စစ်ရေးလှုပ်ရှားမှုတွေရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက မနေ့ မတ်လ ရက်ညပိုင်းမှာ ဖော်ပြသွားပါတယ်။

ဖေဖော်ဝါရီ ၂၇ ရက်က မှော်တောင်းရပ်ကွက်မှာရှိတဲ့ KIA ဂိတ်မှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ကြား ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်ကိုကိုးကားပြီး သတင်းဖော်ပြခဲ့ပေမယ့် နှစ်ဖက် ထိခိုက်ကျဆုံးမှု အခြေအနေကို ဖော်ပြမထားပါဘူး။

အဲဒီတိုက်ပွဲမှာ ဖားကန့်မြို့ တပ်မကုန်းရပ်ကွက်မှာရှိတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ကူပေးတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဖားကန့်ဒေသမှာ KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက်စလုံးက ဇန်နဝါရီကတည်းက စစ်ရေးလှုပ်ရှားမှုတွေရှိနေ ရာ ဖေဖော်ဝါရီ ၂၇ ရက်ကစပြီး တပ်မကုန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဟာ တပ်ဖွဲ့ ၂ခုခွဲပြီး အေးမြသာယာနဲ့ ညောင်ပင်ကုန်း ဘက်ကို စစ်ကြောင်းတခု မရှိကထောင်၊ ရခိုင်ကုန်းရပ်ကွက်ဘက်ကို စစ်ကြောင်းတခုနဲ့  လှုပ်ရှားသွားလာနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနက အသိပေးပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ဖေဖော်ဝါရီ ၂၄ ရက်မှာ KIA တပ်ရင်း- နယ်မြေကို လေယာဉ် ၂စင်းနဲ့ ကြိမ် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ဆန်းကြွယ်ကျေးရွာနဲ့ညောင်ကုန်းရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို KIA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေကြား စစ်ရေးတင်းမာလာနိုင်ခြေရှိတာကြောင့် ဖားကန့်ဒေသနေ ပြည်သူတွေဟာ သူတို့လုံခြုံရေးအတွက် ဇန်နဝါရီလကစပြီး ကတုတ်ကျင်းတွေ တူးထားကြတယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီအတွင်းကလည်း ဖားကန့်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးခဲ့ရပါတယ်။

လက်ရှိမှာ ကချင်ပြည်နယ် ဗန်းမော်မြို့မှာလည်း KIA နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေဆက်ဖြစ်နေဆဲလို့ သိရပါတယ်။  

KIAနဲ့ပူးပေါင်းတပ်တွေက ဗန်းမော်မြို့ ကို သိမ်းပိုက်နိုင်ဖို့ ၂၀၂၄ ဒီဇင်ဘာလဆနးကစပြီး ထိုးစစ်ဆင်ခဲ့ရာမှာ တိုက်ပွဲကာလ ၃လကျော်အတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်တွေ အပါအဝင် စစ်ကောင်စီတပ်စွဲရာနေရာတွေကို သိမ်းပိုက်ထားနိုင်ပြီ ဖြစ်တာကြောင့် အမှတ် - ၂၁ စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်အပါအဝင် မြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေ တယ်လို့ KIA ဘက်က အသိပေးထားပါတယ်။


========================


🚩🚩၃။⁨⁨ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း TNLA အုပ်ချုပ်နယ်မြေက ဒေသနေပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ဒဏ်ရာရ


မတ်လ ၂ရက်


ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်တဲ့နယ်မြေတွေမှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဖေဖော်ဝါရီလအတွင်း ဒေသနေပြည်သူ ၁၃ ဦး သေဆုံးပြီး ၃၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ထားပါတယ်။

ဖေဖော်ဝါရီလ ရက်နေ့မှာ နောင်ချိုမြို့ သပြေတောင်ရပ်ကွက်ကို အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံးတလုံး ကြဲချ တိုက်ခိုက်တာကြောင့် အရပ်သားတဦး ဒဏ်ရာရပြီး အိမ် လုံး ပျက်စီးခဲ့ကာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က မိုးကုတ်မြို့ အနောက်ပိုင်း ဝန်းထရံရပ်ကွက်ကို လေယာဉ်နဲ့ ဗုံးအလုံး ၂၀ ကြဲချ တိုက်ခိုက် တာ ကြောင့် အရပ်သားပြည်သူ ဦး သေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့ပြီး အိမ် လုံး ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီလ ၂၀ ရက်နေ့ကလည်း ဘူတာရပ်ကွက်နဲ့ နောင်ချို ပြည်သူ့ဆေးရုံပေါ်ကို အကြမ်းဖက်စစ်တပ်က ဗုံး လုံး ကြဲချခဲ့တဲ့အတွက် အရပ်သားပြည်သူ ဦးသေဆုံးခဲ့ပြီး ဦး ဒဏ်ရာရသွားသလို မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကိုလည်း အကြမ်းဖက်စစ်တပ်က လေယာဉ်နဲ့ ဗုံး လုံး ကြဲချတဲ့အတွက် အရပ်သားပြည်သူ ဦး သေဆုံးပြီး ဦး ဒဏ်ရာရရှိကာ အိမ် လုံး ပျက်စီးခဲ့တယ်လို့ အသိပေးထားပါတယ်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာတော့ နောင်ချိုမြို့နယ် လောက်ဖန်းကျေးရွာကို အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက် မှုကြောင့် အရပ်သားပြည်သူတဦး သေဆုံးခဲ့ပြီး ကလေးငယ်အပါအဝင် ဦး ဒဏ်ရာရရှိကာ အိမ် လုံး ပျက်စီးခဲ့သလို ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာလည်း ရွှေမုဠောကျေးရွာနဲ့ တောင်ရှည်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ဗုံးသီး ၃၂ လုံးကြဲချ တိုက်ခိုက်တဲ့အတွက် အရပ်သားတဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ထို့အတူ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း တောင်ရှည်နဲ့မန်မော်ကျေးရွာကြားမှာဖြစ်တဲ့တိုက်ပွဲမှာ အကြမ်းဖက် စစ်တပ် က အဆိပ်ငွေ့ဗုံးတွေ အသုံးပြုတိုက်ခိုက်တာကြောင့် TNLA တပ်သား ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာမှာ ဦးဟာ ဒဏ်ရာ ပြင်းထန်တယ်လို့ TNLA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ ဗုံး လုံး လာရောက်ကြဲချတဲ့အတွက် သီလရှင်တပါး ဒဏ်ရာရခဲ့ပြီး အိမ် လုံးနဲ့ ဘုန်းကြီးကျောင်းတကျောင်း ထိမှန်ပျက်စီးသွားတယ်လို့ သိရပါတယ်။


========================


🚩🚩၄။⁨⁨ ပွင့်ဖြူနယ် ရေပုတ်ကြီးရွာတိုက်ပွဲမှာ ပျူစောထီး ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိ


မတ်လ ၂ရက်

 

မကွေးတိုင်း ပွင့်ဖြူမြို့နယ် ရေပုတ်ကြီးကျေးရွာကပျူစောထီးတွေ လက်နက်ချအလင်းဝင်ရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ သွားရောက်ပြောဆိုရာက တိုက်ပွဲဖြစ်ခဲ့ရာမှာ ပျူစောထီး ဦးသေဆုံးပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ် လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်တွေက ပြောပါတယ်။ 

ရေပုတ်ကြီးရွာမှာရှိတဲ့ အကြမ်းဖက်စစ်တပ် လက်အောက်ခံ ပျူစောထီးတွေ လက်နက်ချအလင်းဝင်ဖို့ တော်လှန်ရေးတပ်ဖွဲ့ တွေက ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မနက်မှာ သွားရောက်ပြောဆိုရာမှာ ပျုစောထီးတွေဘက်က စတင်ပစ်ခတ်တဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

တိုက်ပွဲဖြစ်နေချိန်မှာ အကြမ်းဖက်စစ်တပ်က MI-35 ရဟတ်ယာဉ်နဲ့ ပျူစောထီးတွေကို ကြိမ်တိုင် ပစ်ကူပေး တိုက်ခိုက်ခဲ့ တယ်လို့ သိရပါတယ်။ 

မြေပြင်တိုက်ပွဲမှာ တော်လှန်ရေးတပ်တွေဘက်က အသာစီးရနေပေမယ့် စစ်တပ်ရဲ့လေကြောင်းပစ်ကူနဲ့မြေပြင် စစ်ကူတွေ ကြောင့် တော်လှန်ရေးရဲဘော်တွေ ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ အသိပေးပါတယ်။

ဒီတိုက်ပွဲမှာ ရေပုတ်ကြီးရွာက ပျူစောထီးအဖွဲ့ဝင် ဦး သေဆုံးပြီး ဦး ပြင်းထန်ဒဏ်ရာရသွားပြီး ပျူစောထီးတွေကိုင်တဲ့ ကာဘိုင်သေနတ်တလက်၊ ကျည် ၁၄၉ တောင့်၊ ကျည်ဘောက် ခု၊ G3 ကျည် ၁၁ တောင့်၊ ကျည်ဘောက်စပရိန်တခု၊ ဓားတချောင်း၊ ဖုန်း လုံးနဲ့ Power Bank လုံးသိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

မင်းဘူးခရိုင် အမှတ်- တပ်ရင်းနဲ့ မဟာမိတ်တပ်ပေါင်းစုတွေဖြစ်တဲ့ ပေါက်၊ မြိုင်စုဖွဲ့မှု ပကဖ၊ Young Force PKU Earthquake Defence Force PKU နဲ့ Joker ပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တဲ့ အဲဒီတိုက်ပွဲမှာ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိခဲ့ဘူးလို့လည်း သိရပါတယ်။


========================


🚩🚩၅။မြ၀တီမြို့ဘက် ထိုးစစ်ဆင်နေတဲ့ အောင်ဇေယျစစ်ကြောင်းကအရာရှိတွေဟာ ရဲဘော်တွေကို အငတ်ထားပြီး အသေခံ စစ်တိုက်ခိုင်းတယ်လို့ ခလရ ၉၄ တပ်က အလင်းဝင်လာတဲ့ တပ်သား နိုင်လင်းထွန်း ပြော 


မတ်လ ၂ရက်


ကရင်ပြည်နယ် မြ၀တီမြို့နယ်ဘက် ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းက အရာရှိတွေဟာ အောက် ခြေက ရဲဘော်တွေကို ထမင်းချက်ပြုတ်စားသောက်ခွင့်မပေးဘဲ အငတ်ထားပြီး အသေခံစစ်တိုက်ခိုင်းနေတယ်လို့ ခလရ ၉၄ တပ်က အလင်းဝင်လာတဲ့ တပ်သား နိုင်လင်းထွန်းက ပြောဆိုလိုက်ပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က မနေ့ မတ်လ ရက်နေ့က ထုတ်ပြန်တဲ့ ရုပ်သံအင်တာဗျူးမှာ အောင်ဇေယျစစ်ကြောင်းကအလင်းဝင်လာသည့် တပ်မ ၅၅ လက်အောက်ခံ ရွှေညောင် ခလရ ၉၄ တပ်ရင်းက တပ်သား နိုင်လင်းထွန်းက အခုလိုပြောဆိုခဲ့တာဖြစ်ပါတယ်။

တပ်သား နိုင်လင်းထွန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တဦးက အလုပ်ပေးမယ်ဆိုပြီး စစ်သားစုဆောင်းရေးမှာ စုဆောင်းခံရပြီး စစ်သားဖြစ်လာတာလို့ ဆိုပါတယ်။ 

အလင်းဝင်လာတာက ကျွန်တော်တို့ကလည်း ငတ်ပြတ်နေပြီ ကျွန်တော်တို့ စိတ်ဆန္ဒမပါဘဲနဲ့ တိုက်ခိုင်းတယ်။ ပြီးတော့ အစားအသောက်ပေါ့ သူတို့ကတော့ စားနေသောက်နေပြီးတော့ ကျနော်တို့က ငတ်ပြတ်ပြီးတော့ ရှေ့ကနေတိုက် သူတို့ကတော့ စားသောက်ပြီး မင်းတို့ သေချင်သေပါစေ ပုံစံမျိုးနဲ့။ ရဲဘော်တွေကို ချပြီး ကျွေးတာမျိုးမရှိဘူး။ အဲဒါကြောင့် အလင်းလာဝင်လာတာလို့ KNLA ဘက်က မေးမြန်းတာတွေကို ဖြေကြားထားပါတယ်။

အောင်ဇေယျစစ်ကြောင်းကအများစုဟာ စိတ်ဓာတ်ပျက်ပြားနေပြီး စစ်တိုက်ချင်စိတ်မရှိတော့ဘဲ လက်နက်ချ အလင်းဝင်ဖို့ စိတ်ပြင်းပြနေပေမယ့် အထက်အရာရှိတွေက အလင်းဝင်ဖို့လုပ်တာ ထွက်ပြေးတာတွေလုပ်ရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားသလို လက်နက်ချအလင်းဝင်သူတွေကို တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်တာခံရမယ်လို့ ဝါဒဖြန့် တာမျိုးတွေ လုပ်ဆောင်နေတယ်လို့ အလင်းဝင်စစ်သားက ပြောပါတယ်။

အလင်းဝင်လာတဲ့ တပ်သား နိုင်လင်းထွန်းဟာ အကြမ်းဖက်စစ်ကောင်စီကို ပြန်လည်တိုက်ခိုက်သွားမှာဖြစ်ပြီး ရှေ့တန်းမှာ အသေခံတိုက်ရမယ့် စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းတာမခံဘဲ တော်လှန်ရေးတပ်တွေဆီမှာ အမြန်ဆုံး ပူးပေါင်းကြဖို့ လူငယ်တွေကို တိုက်တွန်းပြောဆိုထားပါတယ်။


အခုတင်ပြခဲ့တဲ့ စစ်ရေးသတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment