12th Apr 2025 - Evening Daily News by Radio NUG

 

၂၀၂၅ ဧပြီလ ၁၂ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ပြက္ခဒိန်များကို နိုင်ငံတကာက ဖြန့်ချိရေးကိုယ်စားလှယ်များထံ စတင်ပေးပို့နေ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နိုင်ငံရေးသမားမဟုတ်ပေမယ့် အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားများအပါအဝင် မြန်မာပြည်သူပြည်သားများလွတ်မြောက်ရေးဆက်လက် လှုံ့ဆော်သွားမယ်လို့ကိုထိန်လင်းပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ကြောင့် ထိခိုက်နစ်နာသော ကျန်းမာရေးCDMများကို စာရင်းကောက်ယူမှုForm ဧပြီလကုန်သည်အထိ ဖွင့်ထားမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်အတွင်းသေဆုံးသူ ပြည်သူ  ၃၆ ဦးနှင့် ဒဏ်ရာပြင်းထန်ပြည်သူ ၁၀ ဦးအား ဦးလျှင် သိန်းကျပ်ဖြင့် စုစုပေါင်း ပြည်သူ ၄၆ ဦး အားထောက်ပံ့ပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ငလျင်ဘေးကြောင့် ထိခိုက်မှုအပြင်းထန်ဆုံးဒေသတွေက လူဦးရေ ဒသမ ၁သန်းကို အကူအညီတွေပေးနိုင်ဖို့ ကန်ဒေါ်လာ ၂၇၅ သန်း လိုအပ်တယ်လို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်အတွင်းသေဆုံးသူ ပြည်သူ  ၃၆ ဦးနှင့် ဒဏ်ရာပြင်းထန်ပြည်သူ၁၀ဦးအား ထောက်ပံ့ပေးနိုင်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်) မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ Project တွေလည်း ပါဝင်သွားမှာ ဖြစ်ပြီး EODရှယ်ယာများရောင်းချပေးမည်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်ကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် () ဦး ပါဝင်


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၂ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ အကြမ်းဖက်စစ်တပ်မှ သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ရွာတွင် အကြောင်းမဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍အရပ်သားလေးဦးထိခိုက်ဒဏ်ရာရ

🚩၂။အင်းစိန်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်လိုင်းခန်း ဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့တိုက်ခိုက် 

🚩၃။ငလျင်ဒဏ်သင့်ပြည်သူတွေ ဒုက္ခတွေ့နေချိန်မှာ ဘန်ကာတွေဆောက်ပြီး ခရီးသည်ကားတွေနဲ့ပြည်သူလူထုကို ငွေညှစ်နေတဲ့ အလက္ကပ္ပရွာက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်ရာမှာ စစ်သားတွေ စခန်းစွန်ခွာထွက်ပြေး

🚩၄။ မြန်မာစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတယ်လို့IIMMအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ပြောကြား

🚩၅။ ဒေသနေပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် DPLF က စစ်လက်ကျန်ပစ္စည်းများပတ်သက်တဲ့ အသိပညာပေး

🚩၆။ မင်းလှမှာ စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း 

🚩၇။ ကလေး၊ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းအား  ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ် ချေမှုန်း ရှင်းလင်းနိုင်ခဲ့

🚩၈။ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကောက်ခံရရှိထားတဲ့ ကျပ်သိန်း ၄၀၀၀ ကျော်ကို စစ်ကိုင်း မင်းကွန်းနဲ့ ရှမ်းတောင်ဒေသကို လှူဒါန်းမယ်လို့ TNLA ပြော

🚩 ⁨⁨၉။ ကော့သောင်းမြို့နယ်မှာ မဏ္ဍပ်တွေထိုးပြီး ရေမစားကြဖို့ မြို့နယ် ပကဖ သတိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ပြက္ခဒိန်များကို နိုင်ငံတကာက ဖြန့်ချိရေးကိုယ်စားလှယ်များထံ စတင်ပေးပို့နေ


ဧပြီ၁၂ရက်


ဒေါ်အောင်ဆန်းစုကြည်၏ အသက်၈၀ပြည့်မွေးနေ့အမှတ်တရ ပြက္ခဒိန်များကို နိုင်ငံတကာက ဖြန့်ချိရေးကိုယ်စားလှယ်များထံ စတင်ပေးပို့နေပြီလို့ သတင်းရရှိပါတယ်။


 ဒီအကြောင်းနဲ့ ပတ်သက်ပြီး ယူကေက တာဝန်ခံဖြစ်သူ ကိုရဲက Radio NUGကို အခုလိုဖြေကြားထားပါတယ်။


(((((((((((((ကိုရဲ)))))))))))


လက်ရှိမှာ စင်္ကာပူကိုယ်စားလှယ်များဆီ ပြက္ခဒိန်တွေရောက်လာပြီဖြစ်လို့  ၎င်းတို့၏ ဆိုရှယ်မီဒီယာစာမျက်နှာများမှာ တင်ထားတာကို တွေ့ရှိရပါတယ်။

မတ်လ ၂၈ ရက်နေ့ကဖြစ်ပွားတဲ့ ကြီးမားပြင်းထန်တဲ့ စစ်ကိုင်းမြေငလျင်ကြောင့် ကယ်ဆယ်ရေး ကူညီရေးလုပ်ငန်းတွေကို ဒေါ်အောင်ဆန်းစုကြည်သားငယ်ဖြစ်သူ ကိုထိန်လင်း (ခေါ် )ကင်အဲရစ်က ၎င်း၏ Aid2Burma ကနေ အချိန်မဆိုင်း ထောက်ပို့မှုတွေ လုပ်နေကြတာကိုလည်း ဦးစားပေးလုပ်ဆောင်နေကြတယ်လို့ ဆိုပါတယ်။

ကင်၏မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ မြန်မာပြည်က နိုင်ငံရေးအကျဉ်သားမျာလွတ်မြောက်ရေး လှုံဆော်ခြင်းနဲ့ မြန်မာအရေး အမေရိကန်ခရီးစဉ်မှာ မြန်မာပြည်၏ အရေးပေါ်ငလျင်ဘေးသင့် ကူညီရေး ရန်ပုံငွေရှာဖွေရေးကိုလည်း တပါတည်းဆောင်ရွက်ခဲ့တာ တွေ့ရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ နိုင်ငံရေးသမားမဟုတ်ပေမယ့် အမေဖြစ်သူဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေး အကျဉ်းသားများအပါအဝင် မြန်မာပြည်သူပြည်သားများလွတ်မြောက်ရေးဆက်လက် လှုံ့ဆော်သွားမယ်လို့ကိုထိန်လင်းပြော


ဧပြီ၁၂ရက်


မြန်မာပြည်သူပြည်သားများလွတ်မြောက်ရေးဆက်လက် လှုံ့ဆော်သွားမယ်လို့ ကိုထိန်လင်းကပြောကြားလိုက်ပါတယ်။"ဆန်ဖရန်စစ္စကို bay areaကို ကျွန်တော်ရောက်စဉ်က မကြာခင်ကဖြစ်ခဲ့တဲ့ငလျင်ဒဏ်နဲ့ စစ်တပ်ရဲ့စဉ်ဆက်မပြတ် ပြည်သူတွေကို သတ်ဖြတ်ဒုက္ခပေးနေမှုတွေကြောင့် မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အရေးတကြီး လိုအပ်နေတာကို ပြောခွင့်ရခဲ့တဲ့KQED အား ကျေးဇူးတင်ရှိပါတယ်။ဆေးဝါးကုသခွင့်၊ ဆက်သွယ်ခွင့်များ ဖြတ်တောက်ပြီး သီးခြားချုပ်နှောင်ခံထားရတဲ့ ကျွန်တော့်မိခင် ဒေါ်အောင်ဆန်းစုကြည်အတွက် ကျွန်တော် အင်မတန် စိုးရိမ်ပူပန်နေကြောင်းကိုလည်း မျှဝေခွင့်ရရှိခဲ့ပါတယ်။ကျွန်တော်က နိုင်ငံရေးသမားမဟုတ်ပေမယ့် မေမေ့အတွက် နိုင်ငံရေး အကျဉ်းသားအားလုံးနှင့် မြန်မာပြည်သူ/သားများလွတ်မြောက်ရေးအတွက် ဆက်လက် လှုံ့ဆော်သွားမှာပါ"လို့ကိုထိန်လင်းကပြောပါတယ်။ဒေါ်အောင်ဆန်းစုကြည်ရဲ့သားငယ်ကိုထိန်လင်းဟာလက်ရှိမှာစစ်ရှောင်နဲ့ငလျင်ဘေးသင့် မြန်မာပြည်သူတွေအတွက် ရန်ပုံငွေများရှာဖွေပံ့ပိုးလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ကြောင့် ထိခိုက်နစ်နာသော ကျန်းမာရေးCDMများကို စာရင်းကောက်ယူမှုForm ဧပြီလကုန်သည်အထိ ဖွင့်ထားမည်


ဧပြီ၁၂ရက်


ငလျင်ကြောင့် ထိခိုက်နစ်နာသော ကျန်းမာရေးCDMများကို စာရင်းကောက်ယူမှုForm ဧပြီလကုန်သည်အထိ ဖွင့်ထားမည်ဖြစ်ကြောင်းသတင်းရရှိပါတယ်။

 ငလျင်ကြောင့် ထိခိုက်နစ်နာသော ကျန်းမာရေးCDMများကို စာရင်းကောက်ယူရန် Form တစ်ခုပြုလုပ်ပြီး ကြေငြာခေါ်ယူကာ စာရင်းဖြည့်သွင်းစေခဲ့ပါတယ်။ထို Form ကိုလည်း ဧပြီလကုန်သည်အထိ ဖွင့်ထားမည်ဖြစ်ပါသဖြင့် ကျန်ရှိနေသော ထိခိုက်နစ်နာ ကျန်းမာရေးCDMများလည်း ဆက်လက်ဖြည့်သွင်းထားကြပါရန် ကြေငြာအပ်ပါတယ်"လို့CDM Medical Networkကဆိုပါတယ်။

ငလျင်ကြီးတွင် အသက်ဆုံးရှုံးသွားခဲ့ရသော ကျန်းမာရေး CDMများအားလုံးအတွက် CDM ကျန်းမာရေးကွန်ရက်မှ အထူးဝမ်းနည်းကြောင်း သဝဏ်လွှာထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်အတွင်းသေဆုံးသူ ပြည်သူ  ၃၆ ဦးနှင့် ဒဏ်ရာပြင်းထန်ပြည်သူ ၁၀ ဦးအား ဦးလျှင် သိန်းကျပ်ဖြင့် စုစုပေါင်း ပြည်သူ ၄၆ ဦး အားထောက်ပံ့ပေးနိုင်ခဲ့


ဧပြီ၁၂ရက်


၂၀၂၅ခုနှစ် မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် ပြည်သူများထိခိုက်သေဆုံး ဒဏ်ရာရများပြားခဲ့ပါတယ်။

 ထိုကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ပြင်ဦးလွင်ခရိုင်ပကဖမှ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ မတည်၍ စဉ့်ကူးမြို့နယ်ပကဖ၏ကြိုးစားအားထုတ်မှုများပေါင်းစပ်ကာ ငလျင်ကြောင့် သေဆုံး ဒဏ်ရာရ ပြည်သူများကို ထောက်ပံ့မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။

ထိုထောက်ပံ့မှုများမှာ စဉ့်ကူးမြို့နယ်အတွင်းရှိ ငလျင်ကြောင့် သေဆုံး ဒဏ်ရာပြင်းထန်ပြည်သူများကိုထောက်ပံ့ခဲ့ခြင်းဖြစ်ပြီး စဉ့်ကူးမြို့နယ်အတွင်းတွင် သေဆုံးသူ ပြည်သူ  ၃၆ ဦးနှင့် ဒဏ်ရာပြင်းထန်ပြည်သူ ၁၀ ဦးအား ဦးလျှင် သိန်းကျပ်ဖြင့် စုစုပေါင်း ပြည်သူ ၄၆ဦးအား ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ငလျင်ဘေးကြောင့် ထိခိုက်မှုအပြင်းထန်ဆုံးဒေသတွေက လူဦးရေ ဒသမ ၁သန်းကို အကူအညီတွေပေးနိုင်ဖို့ ကန်ဒေါ်လာ ၂၇၅ သန်း လိုအပ်တယ်လို့ဆို


ဧပြီ၁၂ရက်

 

မြန်မာနိုင်ငံမှာအဖျက်အားကြီးတဲ့ ငလျင်ကြီး လှုပ်ခဲ့အပြီး  ၂၀၂၅ ခုနှစ် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များနှင့် တုံ့ပြန်ရေး အစီအစဉ်ရဲ့ နောက်ဆက်တွဲအရေးပေါ် အဆိုပြုလွှာတစ်ခုကို ရေးဆွဲခဲ့ပါတယ်။

ထိခိုက်မှုအပြင်းထန်ဆုံးဒေသတွေက လူဦးရေ ဒသမ ၁သန်းကို အကူအညီတွေ ပေးနိုင်ဖို့ ကန်ဒေါ်လာ ၂၇၅ သန်းလိုအပ်ပါတယ်လို့UN OCHA Myanmarက ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၏ ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လူသားချင်းစာနာမှု အကူအညီ ငွေကျပ် (၅၅၉.) သန်းကို အမှန်တကယ်အကူအညီ လိုအပ်နေသူများထံ ပံ့ပိုးပေးခဲ့ရာမှာသဘာဝဘေးအန္တရာယ် ထိခိုက်ခံစားရသူများအတွက်  ငွေကျပ် (၂၅.) သန်းကိုအသုံးပြုခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်အတွင်းသေဆုံးသူ ပြည်သူ  ၃၆ ဦးနှင့် ဒဏ်ရာပြင်းထန်ပြည်သူ၁၀ဦးအား ထောက်ပံ့ပေးနိုင်ခဲ့


ဧပြီ၁၂ရက်


ငလျင်ဒဏ်ကြောင့် စဉ့်ကူးမြို့နယ်အတွင်းသေဆုံးသူ ပြည်သူ  ၃၆ ဦးနှင့် ဒဏ်ရာပြင်းထန်ပြည်သူ ၁၀ ဦးအား ဦးလျှင် သိန်းကျပ်ဖြင့် စုစုပေါင်း ပြည်သူ ၄၆ဦး အားထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။

၂၀၂၅ခုနှစ် မတ်လ၂၈ရက်နေ့တွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်နှင့် စဉ့်ကူးမြို့နယ်တို့တွင် ပြည်သူများထိခိုက်သေဆုံး ဒဏ်ရာရများပြားခဲ့ပါတယ်။

 ထိုကြောင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့များဖြစ်သော ပြင်ဦးလွင်ခရိုင်ပကဖမှ ငလျင်ဘေးသင့်ပြည်သူများအတွက် အလှူငွေများ မတည်၍ စဉ့်ကူးမြို့နယ်ပကဖ၏ကြိုးစားအားထုတ်မှုများပေါင်းစပ်ကာ ငလျင်ကြောင့် သေဆုံး ဒဏ်ရာရ ပြည်သူများကို ထောက်ပံ့မှုများပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၇။နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်) မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ Project တွေလည်း ပါဝင်သွားမှာ ဖြစ်ပြီး EODရှယ်ယာများရောင်းချပေးမည်


"နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်) မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံဘဏ္ဍာဝန်ကြီးဌာန ရဲ့ Project တွေလည်း ပါဝင်သွားမှာ ဖြစ်ပြီးEODရှယ်ယာများရောင်းချပေးမယ်"လို့ သတင်းရရှိပါတယ်။

ဧပြီ၁၂ရက်မှ၁၃ရက်ကျင်းပတဲ့"နွေဦးသင်္ကြန်"(တိုကျို၊ဂျပန်)မှာ အမျိုးသားညီညွတ်ရေးအစိုးရ စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ Project တွေလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။

EOD မှ ဆက်လက် ရောင်းချပေးနေသော မြေကွက်၊ ကွန်ဒို၊ တိုက်ခန်းနှင့် ရှယ်ယာများ Spring Development Bank account ဖွင့်ခြင်းနှင့်  ငွေသွင်းခြင်းများ အောင်လံလွင့်ချီနွေဦးထီ နှင့် ပြည်သူ့ကာကွယ်ရေး ထောက်ပို့တပ်သား အဖွဲ့ ဝင်ရောက်ခြင်းများကို လက်ခံဆောင်ရွက်ပေးမယ့် Agent တွေ ကိုယ်စားလှယ်တွေလည်းရှိတယ်လို့သိရပါတယ်ယ

နေရာများကတော့ ဝင်ပေါက် ရဲ့ အနီးဆုံးမှာဖြစ်ပြီး သနပ်ခါးကော်နာ ရဲ့ ကြားမှာပဲဖြစ်ပြီး"နွေဦးသင်္ကြန်" ကို အရောက်လာခဲ့ကြဖို့ NUGSupportTeamJapanကဖိတ်ခေါ်ထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨၈။ နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်ကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် () ဦး ပါဝင်


ဧပြီ၁၂ရက်


နိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်ကြောင့် အမျိုးသမီး နှင့် အမျိုးသားစုစုပေါင်း (၁၅) ဦး သေဆုံးခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် () ဦး ပါဝင်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းမှ ကောက်ယူထားသော သတင်းအချက်အလက်များအရ ၂၀၂၅ ခုနှစ်၊ ဧပြီလ ရက်နေ့မှ ၁၁ ရက်နေ့အထိ နိုင်ငံတဝန်း၌ အကြမ်းဖက်စစ်အုပ်ကြောင့် အမျိုးသမီး () ဦးနှင့် အမျိုးသား () ဦး စုစုပေါင်း (၁၅) ဦး သေဆုံးခဲ့သည်ကို အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့ပြီး အသက် ၁၈ နှစ်အောက်ကလေးငယ် () ဦး ပါဝင်တယ်လို့သိရပါတယ်။ 

ထိုအရေအတွက်တွင် သေဆုံးရသည့်အကြောင်းအရင်းအနေဖြင့် (၁၃) ဦးမှာ စစ်အုပ်စု၏ လေကြောင်းဖြင့် တိုက်ခိုက်မှုကြောင့် အများဆုံးသေဆုံးခဲ့ရပါတယ်။

၎င်း (၁၅) ဦးအနက် ချင်းပြည်နယ်မှာ () ဦးဖြင့် သေဆုံးမှုအများဆုံးဒေသဖြစ်ကာအဆိုပါကာလအတွင်း သေဆုံးခဲ့ရသော အမည်နှင့်တကွ အတည်ပြုရန်လိုအပ်နေဆဲ အရပ်သား (၄၇) ဦး၏ စာရင်းကိုလည်း သီးခြားကောက်ယူစုဆောင်းထားရှိတယ်လို့သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနဲ့ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨⁨⁨ အကြမ်းဖက်စစ်တပ်မှ သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ရွာတွင် အကြောင်းမဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့၍အရပ်သားလေးဦးထိခိုက်ဒဏ်ရာရ


ဧပြီ၁၂ရက်


အကြမ်းဖက်စစ်တပ်မှ သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ရွာတွင် အကြောင်းမဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့၍ အရပ်သားလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။

၂၀၂၅ခုနှစ် ဧပြီလ ၁၁ရက်နေ့  ည၁၀နာရီ ၂၁မိနစ်အချိန်တွင်  အကြမ်းဖက်စစ်တပ်မှ သပိတ်ကျင်းမြို့နယ် ကြက်ရိုးပင်ရွာ တွင် အကြောင်းမဲ့ ဂျက်ဖိုက်တာဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့တယ်လို့ပြင်ဦးလွင်ခရိုင်ပကဖကအတည်ပြုထားပါတယ်။

တိုက်ခိုက်မှုကြောင့် ပြည်သူ ဦး ထိခိုက် ဒဏ်ရာရရှိပြီး Golden Hill ကေတီဗွီ အဆောက်အဦ အနည်းငယ်ပျက်စီးကာ နွား တစ်ကောင် သေဆုံးခဲ့ကြောင်းသိရပါတယ်။

ပြည်သူများအနေဖြင့် စကစနှင့် ဝေးရာတွင်နေထိုင်ကြရန်နှင့် လေကြောင်းရန်ကာကွယ်နိုင်ရန်အတွက် ပုန်းခိုကျင်းများတူးထားကြရန်နှိုးဆော်ထားပါတယ်။


========================


🚩🚩၂။အင်းစိန်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်လိုင်းခန်း ဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့တိုက်ခိုက် 


ဧပြီ၁၂ရက်


အင်းစိန်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ လေတပ်လိုင်းခန်း ဂိတ်ကင်းကို လက်ပစ်ဗုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့ Operation Flame -OF အဖွဲ့က ပြောပါတယ်။

မနေ့ ဧပြီဘ ၁၁ရက် နာရီခွဲခန့်မှာ အင်းစိန်မြို့နယ် သီရီမင်္ဂလာလမ်းမပေါ်ကစစ်ကောင်စီလေတပ် အိမ်ထောင်သည် လိုင်းခန်းကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး ငလျင်ဘေးကြုံနေတဲ့ဒေသတွေအပါအဝင် အရပ်သားပြည်သူတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အတွက် စစ်ကောင်စီရဲ့ လေတပ် အိမ်ထောင်သည်လိုင်းခန်း ကင်းဂိတ်ကို တိုက်ခိုက် ရတာလို့ အသိပေးပါတယ်။

ဒီတိုက်ခိုက်မှုပြီးချိန်မှာ လူနာတင်ကားနဲ့ စစ်ကားတွေ အိမ်ထောင်သည်လိုင်းဘက်ထွက်သွားတာကြောင့် စစ်သားတွေ ထိခိုက်ဒဏ်ရာရသွားနိုင်တယ်လို့သိရပေမယ့် အသေးစိတ်သိရအောင် ဆက်လက်စုံစမ်းနေတယ်လို့ Operation Flame -OF အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Operation Flame အဖွဲ့ဟာ ဧပြီ ရက်က မင်္ဂလာဒုံတပ်နယ်မှူးရုံး၊ မတ်လ ရက်မှာ ရွှေပြည်သာရဲစခန်း၊ ဖေဖော်ဝါရီ ၂၃ ရက်က မှော်ဘီရဲတပ်ဖွဲ့မှူးရုံးနဲ့ ဇန်နဝါရီ ၁၄ ရက်မှာ ထောက်ကြန့်ရဲစခန်းတို့ကို တိုက်ခိုက်ခဲ့တဲ့ မှတ်တမ်းရှိပါတယ်။

Operation Flame အနေနဲ့ ရန်ကုန်တော်လှန်ရေး မဟာမိတ်တွေနဲ့လက်တွဲပြီး စစ်ကောင်စီကို အရှိန်မြင့် တိုက်ခိုက်ချေမှုန်း သွားမယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဘက်က ဧပြီ ရက်ကနေ ၂၂ ရက်အထိ ယာယီအပစ်အခတ်ရပ်ထားမယ်လို့ကြေညာခဲ့ပေမယ့် လက်တွေ့မှာ အရပ်သားပြည်သူတွေနေထိုင်ရာ မြို့ရွာဒေသကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတဲ့အတွက် ထိခိုက် သေဆုံးမှုတွေရှိနေတယ်လို့ စစ်ရေးမှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩၃။ငလျင်ဒဏ်သင့်ပြည်သူတွေ ဒုက္ခတွေ့နေချိန်မှာ ဘန်ကာတွေဆောက်ပြီး ခရီးသည်ကားတွေနဲ့ပြည်သူလူထုကို ငွေညှစ်နေတဲ့ အလက္ကပ္ပရွာက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်ရာမှာ စစ်သားတွေ စခန်းစွန်ခွာထွက်ပြေး


ဧပြီ၁၂ရက်


ငလျင်ဒဏ်သင့်ပြည်သူတွေ ဒုက္ခတွေ့နေချိန်မှာ ဘန်ကာတွေဆောက်ပြီး ခရီးသည်ကားတွေနဲ့ပြည်သူလူထုကို ငွေညှစ်နေတဲ့ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် အလက္ကပ္ပရွာက စစ်တပ်အထိုင်စခန်းကို တိုက်ခိုက်ရာမှာ စစ်သားတွေ စခန်းစွန်ခွာ ထွက်ပြေးသွားတယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ - M.C.R.F က ပြောပါတယ်။

စစ်ကိုင်းခရိုင်ကွပ်ကဲရေးမှူးရဲ့ ညွှန်ကြားမှုနဲ့ မြင်းမူမြို့နယ် အလက္ကပ္ပကျေးရွာ ရွာအလယ်စျေးအနီးက ကိုးဆူဘုရားမှာ ဘန်ကာတွေဆောက်ပြီး လမ်းသွားလမ်းတွေနဲ့ ကားတွေကို တားပြီး အတင်းအဓ္ဓမဆက်ကြေးကောက်နေတဲ့ အင်အား ၂၀ ဝန်းကျင်ရှိတဲ့ စစ်တပ်ဂိတ်ကို ဒေသကာကွယ်ရေးပူးပေါင်း အဖွဲ့တွေ ဧပြီလ ရက်နေ့ နာရီဝန်းကျင်မှာ စီးနင်း တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ 

ရုတ်တရက် စီးနင်းတိုက်ခိုက်ခံလိုက်ရတဲ့အတွက် စစ်သားတွေဟာ မိနစ်ခန့်သာပြန်လည်ခုခံနိုင်ပြီး ထိခိုက်ဒဏ်ရာများစွာနဲ့ ဘန်ကာတွေကို စွန့်ခွာထွက်ပြေးသွားကြတယ်လို့ အသိပေးပါတယ်။

အလက္ကပ္ပကျေးရွာဟာ မုံရွာမြို့ နဲ့ မန္တလေးမြို့ကိုဆက်သွယ်ထားသော ကားလမ်းပေါ်မှာရှိပြီး ရွာအရှေ့ဘက်တမိုင်အကျော်နဲ့ အနောက်ဘက်တမိုင်အကျော်မှာလည်း စစ်တပ်အထိုင်စခန်းတွေရှိတာနဲ့ ညအမှောင်ထုကြောင့် ထွက်ပြေးသွားတဲ့ စစ်သား တွေကို လိုက်လံတိုက်ခိုက်တာတွေမလုပ်တော့ဘဲ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းဆည်းကာ ဘန်ကာတွေကိုတော့ မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်သားတွေဘက်က လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်ခတ်တာကြောင့် အရပ်သားပြည်သူ ဦးထိခိုက်ဒဏ်ရာရ ရှိခဲ့ပြီး အသက် နှစ်အရွယ်ကလေးငယ်တဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံနေရာအနှံ့မှာရှိတဲ့ ရဟန်းရှင်လူပြည်သူတွေ ငလျှင်ဘေးဒုက္ခကို အကြီးအကျယ်ခံစားနေရတဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ပိုလုပ်နိုင်ဖို့ ယာယီအပစ်အခတ်ရပ်စဲထားမယ်လို့ ကြေညာထား တာကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက လေကြောင်းနဲ့ မြေပြင်ကနေ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် အလက္ကပ္ပကျေးရွာမှာ ဘန်ကာတွေဆောက်ပြီး အထိုင်ချနေတဲ့စစ်စခန်းကို တိုက်ခိုက်ရတာလို့ သိရပါတယ်။

 

ဒီတိုက်ခိုက်မှုမှာ မြင်းမူမြို့ပြတော်လှန်ရေးအဖွဲ့ M.C.R.F စစ်ကိုင်းခရိုင် ပြည်သူ့လုံခြုံရေးအဖွဲ့၊ စစ်ကိုင်းခရိုင် တိုက်ခိုက် ရေးတပ်ခွဲ၊ မြင်းမူမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့၊ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Black Eagle Defense Force MMU တောချောင်းဦးတိုက်နယ် .က.ဖ၊ မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့ M.L.G.Fတို့ ပူးပေါင်းပါဝင်ခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ မြန်မာစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတယ်လို့IIMMအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ပြောကြား


ဧပြီ၁၂ရက်


မြန်မာစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတယ်လို့IIMMအကြီးအကဲနီကိုလတ်စ်ခွန်ဂျန်ကပြောကြားပါတယ်။

ဒီနှစ်ပိုင်းမှာ မြန်မာစစ်တပ်က နိုင်ငံအနှံ့ လေကြောင်းတိုက်ခိုက်မှုတွေကို စနစ်တကျနဲ့ အရှိန်မြှင့် လုပ်ဆောင်လာတာကြောင့် သေဆုံးမှုတွေ၊ ပျက်စီးမှုတွေ၊ နေရပ်စွန့်ခွာမှုတွေ ပျံ့နှံ့ဖြစ်ပွားပြီး လူမှုအသိုင်းအဝိုင်းတွေကို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့ပါတယ်လို့ လေကြောင်းတိုက်ခိုက်မှုများကို စုံစမ်းစစ်ဆေးနေသည့် မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား၏ အကြီးအကဲ  နီကိုလတ်စ်ခွန်ဂျန် က ပြောပါတယ်။

ငလျင်လှုပ်ခတ်မှုအပြီး အသက်ရှင်ကျန်ရစ်သူများကို ကယ်ဆယ်ရေးသမားများက ရှာဖွေနေစဥ်မှာပင် မြန်မာစစ်တပ်သည် မန္တလေး၊ စစ်ကိုင်းနှင့် အခြားဒေသများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်ခဲ့သောကြောင့် အရပ်သားများ ထိခိုက်သေဆုံးခဲ့တယ်လို့IIMMကထုတ်ပြန်ပါတယ်။


========================


🚩🚩၅။ ဒေသနေပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် DPLF က စစ်လက်ကျန်ပစ္စည်းများပတ်သက်တဲ့ အသိပညာပေး


ဧပြီ၁၂ရက်


ဓနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး - DPLF ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် DPLA လှုပ်ရှားနယ်မြေတွေမှာ နေထိုင် တဲ့ ဒေသနေပြည်သူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်လက်ကျန်ပစ္စည်းတွေနဲ့ပတ်သက်တဲ့ အသိပညာပေးတာ တွေ ပြုလုပ်ခဲ့တယ်လို့ ဒီနေ့ ဧပြီ ၁၂ မှာ ထုတ်ပြန်ပါတယ်။

DPLA လှုပ်ရှားနယ်မြေမှာ မပေါက်ကွဲသေးတဲ့ စစ်လက်ကျန်ပစ္စည်းတွေကို ကိုင်တွယ် ဆော့ကစားတာကြောင့် အသက် မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတဲ့ အရပ်သားပြည်သူတွေနဲ့ ကလေးငယ်တွေရှိနေပြီး တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူလူထုကို ပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အိုးအိမ်ပျက်စီးတာနဲ့ အသက်ဆုံးရှုံးတာတွေ တရက်ထက်တရက် ပို များလာတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။


ဒါကြောင့် အသက်ဆုံးရှုံးမှုတွေနဲ့ ထိခိုက်မှုတွေ လျော့ပါးစေဖို့ အသိပညာပေး ဟောပြောတာနဲ့ လက်တွေသရုပ်ပြတာတွေ လုပ်ခဲ့ပြီး poster တွေကပ်ပေးခဲ့တဲ့အပြင် အသက်အန္တရာယ် ထိခိုက်မှုကနေ ကြိုတင်ကာကွယ်နိုင်မယ့် နည်းလမ်းတွေကို DPLF/DPLA က ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။


နိုင်ငံတဝှမ်းလုံး ငလျင်သဘာဝဘေးအန္တရာယ်နဲ့ ရင်ဆိုင်နေရချိန်မှာ စစ်ကောင်စီဘက်က ပြည်သူလူထုအပေါ် လူသားမဆန် စွာ ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်တာတွေလည်း DPLF/DPLA က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချထားပါ တယ်။


========================


🚩🚩၆။ မင်းလှမှာ စစ်မှုထမ်းကြေး အတင်းအကြပ်ကောက်နေတဲ့ အုပ်ချုပ်ရေးမှူးကို ရှင်းလင်း 


ဧပြီ၁၂ရက်


ပဲခူးတိုင်းအနောက်ခြမ်း သာယာ၀တီခရိုင် မင်းလှမြို့နယ်မှာ ဒေသနေပြည်သူတွေဆီက စစ်မှုထမ်းကြေး အတင်းအကြပ် ကောက်နေတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့တယ်လို့ မင်းလှမြို့နယ် ပကဖက ထုတ်ပြန်ပါတယ်။ 

မင်းလှမြို့နယ် သင်တောကန်အုပ်စု အုပ်ချုပ်ရေးမှူး ကြည်လှိုင်ကို မနေ့ ဧပြီလ ၁၁ ရက် နေ့လည်၂ နာရီ ခန့်အချိန်မှာ သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ နဲ့ မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့က စစ်ကွင်းမြို့ အနောက်ဘက် အထွက်မှာ ရှင်းလင်းခဲ့တာလို့ဆိုပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူး ကြည်လှိုင်ဟာ ရဲဝန်ထမ်းဟောင်းတဦးဖြစ်ပြီး စစ်တပ်အမာခံ ထောက်တိုင်ဖြစ်ကာ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ သတင်းတွေကို စစ်ကောင်စီတပ်ထံပေးပို့တာ စစ်မှုထမ်းကြေးဆိုပြီး ဒေသနေပြည်သူတွေကို အတင်းအကြပ် လစဥ်ကောက်ခံတာ စစ်မှုထမ်း အမည်စာရင်းပါသူတွေဆီကနေ ငွေကြေး အဆမတန် တောင်းခံတာ၊ လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းတာတွေ လုပ်ဆောင်တဲ့အတွက် အခုလို အရေးယူရတာလို့ သိရပါ တယ်။

ဒေသနေပြည်သူတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ဒုက္ခပေးနေကြတဲ့ စစ်ကောင်စီနဲ့ စစ်တပ်ထောက်တိုင်တွေကို အရှိန်မြင့် တိုက်ခိုက်သွားမှာဖြစ်တာကြောင့် ပြည်သူလူထုအနေနဲ့ စစ်အုပ်စုအနီး သွားလာနေထိုင်တာတွေမလုပ်ကြဖို့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေးထုတ်ပြန်ထားပါတယ်။


========================


🚩🚩၇။ ကလေး၊ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းအား  ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ် ချေမှုန်း ရှင်းလင်းနိုင်ခဲ့


ဧပြီ၁၂ရက်


ကလေး၊ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းအား  ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ် ချေမှုန်း ရှင်းလင်းနိုင်ခဲ့တယ်လို့ ဧပြီ၁၂ရက်မှာ စစ်ရေးသတင်းကို မကဒတ ဗဟို/ပြန်ကြားရေးက ဖော်ပြပါတယ်။

ကျောင်းသားတပ်မတော် အမှတ် () စစ်ကြောင်း၊ တပ်ရင်း (၁၂) ရဲဘော်များသည် ဟံသာ၀တီ (ပကဖ) CDF.-SIYIN ကလေးခရိုင်ခရိုင်စစ်ဒေသထန်တလန်DRအဖွဲ့များနှင့် လက်တွဲ၍ ကလေး၊ ကြံသာရွာ စစ်တပ်အခြေစိုက်စခန်းအား ၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်နေ့တွင် အပြီးသတ် ချေမှုန်း ရှင်းလင်းခဲ့တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩၈။ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကောက်ခံရရှိထားတဲ့ ကျပ်သိန်း ၄၀၀၀ ကျော်ကို စစ်ကိုင်း မင်းကွန်းနဲ့ ရှမ်းတောင်ဒေသကို လှူဒါန်းမယ်လို့ TNLA ပြော


ဧပြီ၁၂ရက်


 ငလျင်ဘေးသင့် ပြည်သူတွေအတွက် ကောက်ခံရရှိထားတဲ့ ကျပ်သိန်း ၄၀၀၀ ကျော်ကို စစ်ကိုင်း မင်းကွန်းနဲ့ ရှမ်းတောင် ဒေသကို လှူဒါန်းမယ်လို့ တအာင်းတပ် TNLA က ပြောပါတယ်။

တအာင်းပြည်အတွင်း PSLF/TNLA အုပ်ချုပ်တဲ့ နမ့်ခမ်း၊ မန်တုံ၊ နမ့်ဆန်၊ နမ္မတူ၊ ကွတ်ခိုင်၊ မိုးကုတ်၊ ကျောက်မဲမြို့နယ်တို့မှာ ငလျင်ဒဏ်သင့် ပြည်သူတွေအတွက် ကော်မတီဖွဲ့စည်းပြီး အလှူခံဌာနဖွင့်လှစ်ခဲ့ရာ ကျပ်သိန်း ၄၀၀၀ ကျော် ကောက်ခံရရှိခဲ့ တယ်လို့ဆိုပါတယ်။

ဒီလိုကောက်ခံရာမှာ နမ့်ဆန်မြို့နယ်ကနေ ကျပ်သိန်း ၉၀၀ ကျော်၊ မန်တုံမြို့နယ်ကနေ ကျပ်သိန်း ၂၀၀ ကျော်၊ နမ့်ခမ်းမြို့နယ် က ကျပ်သိန်း ၁၀၀၀ ကျော်၊ နမ္မတူမြို့နယ်က ကျပ်သိန်း ၄၀၀ ကျော်၊ ကွတ်ခိုင်မြို့နယ်က ကျပ်သိန်း ၄၀၀ ကျော်၊ ကျောက်မဲ မြို့ နယ်ကနေ ကျပ်သိန်း ၂၀၀ ကျော်နဲ့ မိုးကုတ်မြို့နယ်ကနေ ကျပ်သိန်း ၁၀၀၀ လက်ခံရရှိခဲ့တယ်လို့ အသိပေးထားပါတယ်။

အင်အားပြင်း ငလျင်ဒဏ်ကြောင့် ပြည်သူလူထု ထိခိုက်နစ်နာဆုံးရှုံးမှုတွေအပေါ် လူသားချင်း စာနာထောက်ထားမှုနဲ့ ဝိုင်းဝန်း ကူညီပေးနိုင်ဖို့ တအာင်းအရပ်ဖက်အဖွဲ့အစည်း -TCSOs နဲ့ မြို့နယ်အလိုက် တတ်ကြွလူငယ်တွေ အလှူငွေကောက်ခံခဲ့ရာမှာ ဒေသနေ ပြည်သူတွေအပါအဝင် စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ပြည်တွင်းပြည်ပက ပြည်သူတွေပါ ပါဝင်လှူဒါန်းခဲ့ကြတယ်လို့ သိရပါတယ်။

ကောက်ခံရရှိထားတဲ့ အလှူငွေတွေထဲက ပထမဦးစားပေးအနေနဲ့ အင်းလေး၊ စစ်ကိုင်း၊ မင်းကွန်း၊ ပုလိပ်မြို့တို့ကို ကူညီပေး မှာဖြစ်ပြီး ဒုတိယဦးစားပေးအနေနဲ့ ရှမ်းပြည်တောင်ပိုင်း ကလောမြို့က တောင်နီ၊ ပိန်နဲပင်ရွာ၊ စေတီကုန်းစတဲ့ဒေသတွေက ပျက်စီးဆုံးရှုံးအပေါ်မူတည်ပြီး လှူဒါန်းပေးသွားမမှာဖြစ်တဲ့အပြင် ငလျင်ဘေးသင့်ခံရပြီး အလှူရှင်တွေအရောက်နည်းတဲ့ နေရာဒေသတွေကိုလည်း လှူဒါန်းပေးသွားမယ်လို့ PSLF/TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨၉။ ကော့သောင်းမြို့နယ်မှာ မဏ္ဍပ်တွေထိုးပြီး ရေမစားကြဖို့ မြို့နယ် ပကဖ သတိပေး


ဧပြီ၁၂ရက်


တနင်္သာရီတိုင်း ကော့သောင်းမြို့နယ်မှာ မဏ္ဍပ်တွေထိုးပြီး ရေမစားကြဖို့ မြို့နယ် ပကဖ က ဒီနေ့ ဧပြီ ၁၂ မှာ သတိပေးချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။

ကော့သောင်းမြို့နယ်အတွင်းမှာနေထိုင်ကြတဲ့ မိဘပြည်သူတွေနဲ့ လူငယ်မောင်မယ်တွေအနေနဲ့ သင်္ကြန်ကာလ အတွင်းမှာ အရက်သေစာ သောက်စားပြီး မူးယစ်ရမ်းကားတာ၊ အသံချဲ့စက်တွေဖွင့်ပြီး မဏ္ဍပ်ထိုး ကခုန်တာတွေမလုပ်ဖို့ သတိပေး တားမြစ်လိုက်တာဖြစ်ပါတယ်။ 

သတိပေးတားမြစ်ချက်ကိုဖောက်ဖျက်ပြီး ရန်ဖြစ်တာ၊ မူးယစ်ရမ်းကားတာ၊ ကခုန်ပျော်ပါးနေတာတွေတွေ့ရင် ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ကော့သောင်းမြို့နယ် ပကဖ ကရဲဘော်တွေဟာ အောင်ချမ်းသာရွာက လုပ်ငန်းရှင်တွေဆီက ဆက်ကြေးကောက်ပြီးပြန်လာတဲ့ ရဲကားတစီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ရဲအရာ ၂ဦးအပါအဝင် ရဲတပ်ဖွဲ့ဝင် ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေနဲ့ငွေကြေးအချို့ သိမ်းဆည်းရရှိခဲ့ပြီး စစ်ရေးတင်းမာနေတဲ့ အနေအထားကြောင့် အခုလို သတိပေးထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင့်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment