15th Apr 2025 - Evening Daily News by Radio NUG

၂၀၂၅ ဧပြီလ ၁၅ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အီတလီ-မြန်မာနှစ်နိုင်ငံ တစိတ်တဝမ်းတည်းအတူရှိနေကြောင်းမျှော်လင့်ညီညာ နွေဦးအတာ ခေါင်းစဥ်ဖြင့်  နှစ်ကူးဆုတောင်းပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လန်ဒန်မြို့ နဲ့ မန်ချက်စတာမြို့ မှာကျင်းပတဲ့ တော်လှန်သင်္ကြန် ရန်ပုံငွေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်ခဲ့ပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မန္တလေးတိုင်း၊ မြို့နယ်တစ်ခုအတွင်း ငလျင်ဒဏ်သင့် ပြည်သူများကို NUGက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဂျာမနီမှာကျင်းပတဲ့ မြန်မာပြည်အင်အားပြင်းငလျင် ကူညီကယ်ဆယ် ထောက်ပို့ ရန်ပုံငွေစုစုပေါင်း( 6,013)ယူရို ရရှိ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ သုံးရေသိုလှောင်ကန်များနှင့် အရေးပေါ်ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့


========================


၂၀၂၅ ခုနှစ် ဧပြီလ ၁၅ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။ (၅၇) နှစ်မြောက် ကယောအမျိုးသားနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့

🚩၂။ တိုင်းနှင့်ပြည်နယ်၁၂ခုမှာ စကစရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း( ၆၈)ခုရှိခဲ့ပြီး ပြည်သူ(၆၃)ဦးသေဆုံးခဲ့ရကာ(၈၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့

🚩၃။ စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိ

🚩၄။ ခလရ၂၅၈ မှထွက်လာသောစစ်ကြောင်းအား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စကစဘက်ကလေးဦးအပြင်းအထန်ဒဏ်ရာရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၁။ အီတလီ-မြန်မာနှစ်နိုင်ငံ တစိတ်တဝမ်းတည်းအတူရှိနေကြောင်းမျှော်လင့်ညီညာ နွေဦးအတာ ခေါင်းစဥ်ဖြင့်  နှစ်ကူးဆုတောင်းပွဲ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတို့ တက်ရောက်


ဧပြီ၁၅ရက်


ဒီမိုကရေစီလွတ်လပ်ခွင့်၊ ဖက်ဆစ်စနစ်ဆန့်ကျင်ရေး အီတလီတော်လှန်ရေးသမိုင်းဝင်နေရာ Casa Cervi တွင် အီတလီ-မြန်မာ နှစ်နိုင်ငံ တစိတ်တဝမ်းတည်းအတူရှိနေကြောင်းမျှော်လင့်ညီညာ နွေဦးအတာ

ခေါင်းစဥ်ဖြင့်  နှစ်ကူးဆုတောင်းပွဲကို  Istituto Alcide Cervi, Museo Cervi Associazione per l'Amicizia Italia Birmania, Myanmar Community in Italy တို့က ဧပြီလ ၁၃ ရက်နေ့ တနင်္ဂနွေနေ့တွင် ကျင်းပခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ပညာရေးနှင့်ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ Cervi Institute ဥက္ကဌ Albertina Soliani တို့မှ မိန့်ခွန်းပြောကြားခဲ့ကြပြီး  မြန်မာနိုင်ငံအတွက် နှစ်သစ်ကူး ဆုတောင်းမေတ္တာပို့သခြင်းအစီစဥ်ကို ဆက်လက်ပြုလုပ်ခဲ့ကြပါတယ်။

ထို့နောက် ရန်ပုံငွေပွဲအဖြစ် အီတလီ-မြန်မာ အစားအစာများ၊ အမှတ်တရ ပစ္စည်းများရောင်းချခြင်း၊ ယဥ်ကျေးမှုမိတ်ဆက် သနပ်ခါးအစီစဥ်၊ ရိုးရာ အဆိုအက အစီစဥ်များကို ဆက်လက်ပြုလုပ်ခဲ့ကြရာ အီတလီအရပ်ရပ်မှ ကျောင်းသူကျောင်းသားများ၊ မြန်မာပြည်ဖွားတိုင်းရင်းသားပြည်သူများ၊ အီတလီမိတ်ဆွေပေါင်းများစွာ စုစည်းလုံးစွာဖြင့် ပါဝင်ကူညီခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများ စိတ်ပိုင်းဆိုင်ရာ ကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေး ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးတက်ရောက်


ဧပြီလ ၁၅ရက်


ဧပြီလအတွင်းကျင်းပခဲ့တဲ့ မြန်မာပြည် ငလျင်ဘေးသင့်ပြည်သူများအတွက်၊ ထိခိုက်ခံစားရသော အမျိုးသမီးများနှင့်ကလေးငယ်များ စိတ်ပိုင်းဆိုင်ရာကုစားရေးအတွက် ပြင်ဆင်မှုအစည်းအဝေးသို့ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုး တက်ရောက်ခဲ့ပါတယ်။

ထို့နောက် အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၏  မြို့နယ်တာဝန်ခံများ၊ ဒေသအခြေစိုက် လူမှုရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များမှ ပြင်ဆင်ဆောင်ရွက်နေမှုကို ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ တက်ရောက်အမှာ စကားပြောကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ လန်ဒန်မြို့ နဲ့ မန်ချက်စတာမြို့ မှာကျင်းပတဲ့ တော်လှန်သင်္ကြန် ရန်ပုံငွေပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးတက်ရောက်ခဲ့ပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့


ဧပြီလ ၁၅ရက်


ယူကေနိုင်ငံလန်ဒန်မြို့ နဲ့ မန်ချက်စတာမြို့ မှာကျင်းပတဲ့ တော်လှန်သင်္ကြန် ရန်ပုံငွေပွဲသို့ ပြည်ထောင်စုဝန်ကြီးဒေါ်ခင်မမမျိုးတက်ရောက်ခဲ့ပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော် ရရှိခဲ့တယ်လို့သိရပါတယ်။ရန်ပုံငွေပွဲအတွင်း သင်္ကြန်သီချင်းများ အကများထည့်သွင်းခြင်းမပြုခဲ့ဘူးလို့ သိရပါတယ်။ထို့နောက် တက်ရောက်လာသူများက ငလျင်ဘေးနဲ့ တော်လှန်ရေး အဆက်ဆက်မှာ အသက်ပေးသွားသူများအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲနဲ့ တမိနစ်ငြိမ်သက်အလေးပြုခြင်းတို့ လုပ်ဆောင်ခဲ့ပါတယ်။

ရန်ပုံငွေပွဲမှာမြန်မာ နိုင်ငံလုံးဆိုင်ရာဝမ်းနည်းကြေကွဲမှုနှင့် နှစ်သိမ့်အားပေးမှု ရက်သတ္တပတ် ဖြစ်တဲ့အတွက်တက်ရောက်လာသူများက အနက်ရောင်ဝတ်ဆင်တာနဲ့ အနက်ရောင်ဖဲပြား ရင်ထိုးများထိုးကာ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ မန္တလေးတိုင်း၊ မြို့နယ်တစ်ခုအတွင်း ငလျင်ဒဏ်သင့် ပြည်သူများကို NUGက ကျန်းမာရေးစောင့်ရှောက်မှုများ ပေးခဲ့


ဧပြီလ ၁၅ရက်


မန္တလေးတိုင်း၊ မြို့နယ်တစ်ခုအတွင်း ငလျင်ဒဏ်သင့် ပြည်သူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနမှCDM ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးစောင့်ရှောက်မှု ပေးအပ်ခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်။မတ်လ၂၈ရက်မွန်းလွဲပိုင်းလှုပ်ခတ်ခဲ့သော စစ်ကိုင်းမြို့ဗဟိုပြုစစ်ကိုင်းငလျင်ကြောင့် လူဦးရေထောင်နဲ့ချီသေဆုံးရခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးလျင်ပြီးချင်းအမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့်အရေးပေါ်တုံ့ပြန်ရေးနဲ့ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ အမေရိကန်ဒေါ်လာ တစ်မီလီယံကိုလျာထားခဲ့ပြီးလျာထားတဲ့အထဲမှာမှာ ပြည်သူများအတွက်ယူအက်စ်ဒီ တသိန်းလေးသောင်းသုံးထောင်ကျော်ကို အသုံးပြုပြီးဖြစ်တယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ဂျာမနီမှာကျင်းပတဲ့ မြန်မာပြည်အင်အားပြင်းငလျင် ကူညီကယ်ဆယ် ထောက်ပို့ ရန်ပုံငွေစုစုပေါင်း( 6,013)ယူရို ရရှိ


ဧပြီလ ၁၅ရက်


ဂျာမနီမှာကျင်းပတဲ့ မြန်မာပြည်အင်အားပြင်းငလျင် ကူညီကယ်ဆယ် ထောက်ပို့ ရန်ပုံငွေစုစုပေါင်း (6013)ယူရို ရရှိခဲ့တယ်လို့ Federal Myanmar Berlin Groupက ဖော်ပြပါတယ်။ရရှိငွေအားလုံးကို ငလျင်ဘေးသင့်ဒဏ် ခံရသူများဆီသို့ အမြန်ဆုံးရောက်အောင် ဆက်လက်လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

ဂျာမနီ ဘာလင်မြို့မှာကျင်းပခဲ့တဲ့၊ မြန်မာအင်အားပြင်းငလျင်ကူညီထောက်ပံ့ရေး ရန်ပုံငွေပွဲလေးမှာ၊ ပွဲစီစဉ်ကြသူ အဖွဲ့ရဲ့တောင်းဆိုမှုဆန္ဒကိုဖြည့်ဆည်းပြီး ဘေးပေါင်းစုံရင်ဆိုင်နေရတဲ့ မြန်မာပြည်သူပြည်သားတွေအတွက် ရင်ထဲထိရှတဲ့အားပေးစကားတွေပြောကြားပေးခဲ့တဲ့ ဆရာမ မသီတာ(စမ်းချောင်း)ကို For Federal Myanmar Berlin Groupမှ ကျေးဇူးတင် မှတ်တမ်းတင်ရှိကြောင်း ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ သုံးရေသိုလှောင်ကန်များနှင့် အရေးပေါ်ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့


ဧပြီ၁၅ရက်


မြန်မာနိုင်ငံအလယ်ပိုင်း၌ လှုပ်ခတ်ခဲ့သောငလျင်ကြောင့် ထိခိုက်ဆုံးရှုံးမှုများခံစားခဲ့ရ ပြီး နေရပ်စွန့်ခွာကာ မန္တလေးတိုင်းဒေသကြီးအတွင်း ဘုန်းတော်ကြီးသင်စာသင်ကျောင်းများရှိ ကယ်ဆယ်ရေးစခန်းများတွင် မတတ်သာ၍ပြောင်းရွှေ့နေထိုင်နေကြရသော မြန်မာပြည်သူ ပြည်သားများအတွက် သုံးရေသိုလှောင်ကန်များနှင့် ရေးပေါ်ကယ်ဆယ်ရေးရွက်ဖျင်တဲများ ပါဝင်သည့် အရေးပေါ်ကူညီကယ်ဆယ်ရေးပစ္စည်းများကို ဂျပန်အစိုးရ၏ အသေးစားစီမံကိန်းများထောက်ပံ့ရေးအစီအစဉ်၊ လူ့ပတ်ဝန်းကျင်ဘေးကင်းလုံခြုံရေးဆိုင်ရာပူးပေါင်းကူညီရေး စီမံကိန်းအရ ထောက်ပံ့ပေးအပ်ရန် ဂျပန်နိုင်ငံအစိုးရက ဆုံးဖြတ်ခဲ့တယ်လို့ ဂျပန်သံရုံး ရန်ကုန်ကဖော်ပြပါတယ်။

ယခုရရှိမည့်အထောက်အပံ့များဖြင့် ၎င်းဘုန်းတော်ကြီးသင်စာသင်ကျောင်းများတွင် ခိုလှုံနေကြရသော ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ကလေးငယ်များ ဘေးကင်းလုံခြုံပြီး ကျန်းမာသန့်ရှင်းစွာ နေထိုင်နိုင်ကြမည်ဟု ယုံကြည်မျှော်လင့်လျက်ရှိတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။ (၅၇) နှစ်မြောက် ကယောအမျိုးသားနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့


ဧပြီ၁၅ရက်


ဧပြီလ၁၅ရက်တွင် (၅၇) နှစ်မြောက် ကယောအမျိုးသားနေ့သို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။


ယနေ့ကျရောက်သော (၅၇) နှစ်မြောက် ကယောအမျိုးသားနေ့ နေ့ထူးနေ့မြတ်ကို မိမိတို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ကယောတိုင်းရင်းသားများနှင့်အတူ လှိုက်လှဲစွာဂုဏ်ပြုကြိုဆိုအပ်တယ်လို့ဖော်ပြပါတယ်။ကယောတိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံး ဘေးကင်းပျော်ရွှင်သော အမျိုးသားနေ့ကို ဆင်နွှဲနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်တယ်လို့ဆိုပါတယ်။

ကယောတိုင်းရင်းသားများ၏ ခိုင်မာသည့် စိတ်ဓာတ်၊ ပြတ်သားသည့် ရည်မှန်းချက်တို့ဖြင့် စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးအတွက် မဆုတ်မနစ် တိုက်ပွဲဝင်နေကြပုံမှာ အတုယူ လေးစားဖွယ်ကောင်းလှပြီး ခေတ်အဆက်ဆက် ဒီမိုကရေစီ ခရီးလမ်းတွင် စစ်အာဏာရှင်များကို တွန်းလှန်ရင်း အသက်၊ သွေး၊ ချွေးများ ပေးဆပ်ခဲ့ကြရသော ကယောတိုင်းရင်းသားခေါင်းဆောင်ကြီးများနှင့်တကွ အာဇာနည် သူရဲကောင်းရဲဘော်အပေါင်းတို့ အား ဤသဝဏ်လွှာမှတစ်ဆင့် ဦးညွှတ်အလေးပြုအပ်တယ်လို့ ဖော်ပြပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် တိုင်းရင်းသားလူမျိုးပေါင်းစုံ တို့၏ မတူကွဲပြားမှုကို အားသာချက်အဖြစ်ပြောင်းလဲပြီး လွတ်လပ်မှု၊ တရားမျှတမှုနှင့် တန်းတူ ညီမျှမှုတို့ အပြည့်အဝပေးနိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဘုံရည်မှန်း ချက်ပန်းတိုင်ကို အားလုံးနှင့်အတူ ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ကတိပြုအပ်ပြီး ကယောတိုင်းရင်းသားများ၏ ဘိုးဘွား ဘီဘင်များ ထိန်းသိမ်း စောင့်ရှောက်ခဲ့သော တန်ဖိုးမဖြတ်နိုင်သည့် တိုင်းရင်းသားစည်းလုံးညီညွတ်မှုဖြင့် ငြိမ်းချမ်း၍ စစ်မက်ကင်းစင်သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အတူတကွ တည်ဆောက်နိုင်ကြ ပါစေကြောင်း ဆန္ဒပြုလျက် ဤသဝဏ်လွှာအားထုတ်ပြန်အပ်တယ်လို့ဖော်ပြပါတယ်။


========================


🚩🚩၂။ တိုင်းနှင့်ပြည်နယ်၁၂ခုမှာ စကစရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း( ၆၈)ခုရှိခဲ့ပြီး ပြည်သူ(၆၃)ဦးသေဆုံးခဲ့ရကာ(၈၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့


ဧပြီ၁၅ရက်


တိုင်းနှင့်ပြည်နယ်၁၂ခုမှာ စကစရဲ့လေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း( ၆၈)ခုရှိခဲ့ပြီး ပြည်သူ(၆၃)ဦးသေဆုံးခဲ့ရကာ(၈၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကပြောပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ ပြည်သူလူထုနှင့်နိုင်ငံတကာသို့သတင်းစကားပြောကြားခြင်း(Press Briefing)အစီအစဉ် မှာဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

"အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ၂ရက်မှာ အပစ်ခတ်ရပ်စဲကြောင်းကိုဟန်ပြကြေညာခဲ့ပြီးတော့ အဲဒီနောက်ပိုင်းမှာ ဂျက်ဖိုက်တာ ပါရာမိုတာနဲ့ဒရုန်းတွေကိုအသုံးပြုပြီး လေကြောင်းတိုက်ခိုက်မှုတွေကို စဥ်ဆက်မပြတ်ပြုလုပ်ခဲ့သလို လက်နက်ကြီးပစ်ခတ်မှုတွေကိုလည်း နေ့စဥ်ရက်ဆက်ပြုလုပ်ခဲ့ပါတယ်။အချက်အလက်တွေအရဧပြီလ၃ရက်နေ့ကနေဧပြီလ၁၃ရက်နေ့ အကြ်န်အကြိုနေ့အထိ တိုင်းနဲ့ပြည်နယ်၁၂ခု မှာလေကြောင်းတိုက်ခိုက်မှုဖြစ်စဥ်ပေါင်း( ၆၈)ခုရှိခဲ့ပြီး ပြည်သူ(၆၃)ဦးသေဆုံးခဲ့ရကာ(၈၃)ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါစကစရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးရသူတွေထဲတွင် သံဃာတော်နဲ့အမျိုးသမီးများအပါအဝင် ကလေးငယ်များလည်း ပါဝင်ခဲ့တယ်လို့သိရပါတယ်။


========================


🚩🚩၃။ စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိ


ဧပြီ၁၅ရက်


စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၁၈မိုင်ကုန်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဧပြီ၁ရက် ပခုက္ကူခရိုင် အမှတ် ( )တပ်ရင်းပါ မြိုင်မြို့နယ်တွင်း တပ်ရင်းများပူးပေါင်းပါဝင်သော စစ်ကြောင်းသည်  စလင်း-စေတုတ္တရာ လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ၁၈ မိုင်ကုန်းစခန်းကို အောင်မြင်စွာ သိမ်းပိုက်ရရှိခဲ့တယ်လို့အတည်ပြုထားပါတယ်။စခန်းသိမ်းတိုက်ပွဲတွင် စစ်သုံ့ပန်း  ဦးကို ဖမ်းဆီးရမိခဲ့ပြီး၊ လက်နက်ငယ် လက်(Ma1 လက်၊ Ma3 လက်၊ M79 လက်) နှင့်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲကို ပခုက္ကူခရိုင်အမှတ်( )တပ်ရင်းမှ စစ်ကြောင်းမှူး  ဦးဆောင်၍၊ ပခုက္ကူခရိုင် အမှတ် () () (၁၄) (၁၅)(၁၇)တပ်ရင်းများ၊ မြိုင်ပကဖ နှင့်မင်းဘူးခရိုင်အမှတ် () တပ်ရင်းတို့ မှပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


🚩🚩၄။ ခလရ၂၅၈ မှထွက်လာသောစစ်ကြောင်းအား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စကစဘက်ကလေးဦးအပြင်းအထန်ဒဏ်ရာရ


ဧပြီ၁၅ရက်


ရေစကြိုမြို့နယ် ခလရ၂၅၈ မှထွက်လာသော အင်အား၁၅၀ပါစစ်ကြောင်းအား တော်လှန်ရေးတပ်များတိုက်ခိုက်ရာ စကစဘက်မှ လေးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ပါတယ်။

ဧပြီလ၁၃ရက်နေ့ ရေစကြိုမြို့နယ် ခလရ၂၅၈ မှထွက်လာသော အင်အား၁၅၀ပါစစ်ကြောင်းအား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ - ရေစကြိုမြို့နယ်(.က.)နှင့်ပခုက္ကူခရိုင်တပ်ရင်းအမှတ်()တို့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ ရေစကြိုပကဖက အတည်ပြုဆိုထားပါတယ်။

တိုက်ခိုက်မှုကြောင့် စကစဘက်က လေးဦးမှာအပြင်းအထန်ဒဏ်ရာရပြီး စကစရဲ့လက်နက်များကောက်ယူရန် တော်လှန်ရေးရဲဘော်များကြိုးစားသော်လည်း အင်အားများပြားလွန်း၍နောက်ပြန်ဆုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် သာကီမှ ပေးပို့ထားတာဖြစ်ပါတယ်






#RadioNUGLocalNews

#SpringRevolution


 

Share:

No comments:

Post a Comment