၂၀၂၅ ဧပြီလ ၃၀ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ ဧပြီလ ၃၀ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အမေရိကန်အောက်လွှတ်တော်အဆောက်အဦထဲကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွင် NUGယာယီသမ္မတဒူဝါလရှီးလမှ ဗီဒီယိုအမှာစကားပြောကြားခဲ့ပြီး CRPHဥက္ကဋ္ဌလူကိုယ်တိုင်တက်ရောက်ခဲ့

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေးညှိနှိုင်းမှုအပါအဝင် မဟာဗျူဟာနည်းလမ်း ခုသတ်မှတ်ပြီး အကောင်အထည်ဖော်နေ တယ်လို့ NUG ပြော

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဘေး၊စစ်ဘေးတွေကို ပြည်သူတွေက ခါးစည်းခံနေရတဲ့အချိန်မျိုးမှာတောင် လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေက မရပ်တန့်ခဲ့ဘူးလို့ဆို

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နိုင်ငံတကာအစိုးရတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ Justice for Myanmarတောင်းဆို


========================




ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အမေရိကန်အောက်လွှတ်တော်အဆောက်အဦထဲကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွင် NUGယာယီသမ္မတဒူဝါလရှီးလမှ ဗီဒီယိုအမှာစကားပြောကြားခဲ့ပြီး CRPHဥက္ကဋ္ဌလူကိုယ်တိုင်တက်ရောက်ခဲ့


 ဧပြီလ ၃၀ရက်


အမေရိကန်အောက်လွှတ်တော်အဆောက်အဦထဲကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲတွင် NUGယာယီသမ္မတဒူဝါလရှီးလကဗီဒီယိုအမှာစကားပြောကြားခဲ့ပြီး CRPHဥက္ကဋ္ဌဦးအောင်ကြည်ညွန့်က လူကိုယ်တိုင်တက်ရောက်ခဲ့တယ်လို့ ဘသတင်းရရှိပါတယ်။

မြန်မာစံတော်ချိန်အရ ဧပြီ၂၉ရက် Burma Research Institute (BRI)က ဦးဆောင်ကျင်းပတဲ့ "Burma: Humanitarian Crisis and Violation of Religious Freedom and Human Rights "ခေါင်းစဥ်နဲ့ ဆွေးနွေးပွဲကိုတက်ရောက်ခဲ့တာလို့သိရပါတယ်။

"ဆွေးနွေးပွဲကို အပိုင်း ပိုင်းခွဲပြီး ကျင်းပပါတယ်။ ပထမပိုင်းအစီအစဉ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတ ဒူးဝါးလရှီလနဲ့ အမေရိကန် အထက်လွှတ်တော်အမတ် Chris Van Hollen (D-MD) တို့က ဗီဒီယိုနဲ့ အမှာစကားပြောကြားပါတယ်။ အဲဒီနောက် အထက်လွှတ်တော်အမတ် Chuck Grassley (R-IA) နဲ့ အောက်လွှတ်တော်အမတ် Young Kim တို့ရဲ့ Statements တွေကို အခန်းအနားမှူးက ဖတ်ပြပါတယ်။ အဲဒီနောက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ ဥက္ကဋ္ဌကြီး ဦးအောင်ကြည်ညွန့်က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ရှင်းပြပါတယ်။ အဲဒီနောက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန၊ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာဋ္ဌာနရဲ့ ယာယီအကြီးအကဲဖြစ်တဲ့ Patrick Harvey အမေရိကန် နိုင်ငံတကာဘာသာရေးလွတ်လပ်ခွင့်ကော်မရှင် (USCIRF) ရဲ့ ကော်မရှင်နာတစ်ဦးဖြစ်တဲ့ Susie Gelman တို့က သူတို့ဋ္ဌာနတွေက မြန်မာစစ်အုပ်စုရဲ့ ဘာသာရေးလွတ်လပ်ခွင့်နဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်နေတာကို စုံစမ်းစစ်ဆေး မှတ်တမ်းတင်ထားချက်တွေကို ဖော်ထုတ်ရှင်းပြကြပါတယ်"လို့ဆွေးနွေးပွဲကိုတက်ရောက်ခဲ့သူဦးအောင်ဒင်ကအသိပေးဆိုထားပါတယ်။


ဆွေးနွေးချက်များထဲတွင် အမေရိကန်ကွန်ဂရက်လွှတ်တော်က ပြဋ္ဌာန်းအတည်ပြုထားတဲ့ The Burma Act ကို အတိအကျအကောင်အထည်ဖော်ဖို့၊ မြန်မာစစ်တပ်ကို လေယဉ်ဆီတွေ ရောင်းချပေးနေတဲ့  နိုင်ငံတကာကုမ္ပဏီတွေကို အရေးယူဖို့၊ The Burma Act က ပြဋ္ဌာန်းခွင့်ပြုထားတဲ့အတိုင်း မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများအတွက် Non-Lethal Assistance တွေ ထောက်ပံ့ဖို့၊ အမေရိကန်ပြည်ထောင်စုကို ရောက်ရှိနေတဲ့ မြန်မာကျောင်းသားများအတွက် TPS လို့ခေါ်တဲ့ ယာယီအကာအကွယ်ပေးမှုအဆင့်အတန်းကို သက်တမ်းတိုးပေးဖို့ စတာတွေကို တောင်းဆိုခဲ့ကြတယ်လို့သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေးညှိနှိုင်းမှုအပါအဝင် မဟာဗျူဟာနည်းလမ်း ခုသတ်မှတ်ပြီး အကောင်အထည်ဖော်နေ တယ်လို့ NUG ပြော


 ဧပြီလ ၃၀ရက်


အမျိုးသားညီညွတ်ရေးအစိုးရ - NUG အနေနဲ့ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေးညှိနှိုင်းမှုအပါအဝင် မဟာဗျူဟာနည်းလမ်း ခုသတ်မှတ်ပြီး အကောင်အထည် ဖော်ဆောင်နေတယ်လို့ NUG က ဒီနေ့ ဧပြီ ၃ဝ မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ နှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက်အစီရင်ခံစာမှာ ဖော်ပြထားတဲ့ မဟာဗျူဟာ နည်းလမ်း ခု သတ်မှတ် အကောင်အထည်ဖော်ဆောင်ရွက်နေတာကို ထပ်မံအသိပေးလာတာ ဖြစ်ပါတယ်။

ဒီအချက်တွေဟာ နိုင်ငံရေးနည်းလမ်းအရ မဟာမိတ်တွေနဲ့ နိုင်ငံရေး၊ စစ်ရေး ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ ပြည်သူလူထုရဲ့ စဉ်ဆက်မပြတ် ထောက်ခံပါဝင်မှုကို ထိန်းသိမ်းမြှင့်တင်ခြင်း၊ နိုင်ငံခြားရေးနည်းလမ်းအရ မြန်မာပြည်သူတွေဆင်နွှနေတဲ့ တော်လှန်ရေးအပေါ်  နိုင်ငံတကာက သိရှိနားလည်မှုနဲ့ အားပေးထောက်ခံမှု တိုးတက်ရရှိအောင် ဆောင်ရွက်ခြင်း၊ စစ်ရေး နည်းလမ်းအရ မိမိတပ်မတော်ကို Chain of Command & Code of Conduct ဆိုတဲ့ CoC ရပ်နဲ့ တိုက်စွမ်းရည် အားကောင်းအောင် တည်ဆောက်ကာ ဗျူဟာမြောက် တိုက်ပွဲဝင်ခြင်းတို့ ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အုပ်ချုပ်ရေးနည်းလမ်းအရ ပြည်သူ့အုပ်ချုပ်ရေးယန္တရားကို တရားဥပဒေနဲ့အညီ စီမံဆောင်ရွက်ခြင်း၊ Legality အခြေခံနဲ့ ပိုမိုစနစ်ကျအောင် ထိန်းကျောင်းကြပ်မတ်ခြင်းနဲ့ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းတွေ တိုးမြှင့်ဆောင်ရွက်ခြင်း၊ ဘဏ္ဍာရေးနည်းလမ်းအရ တော်လှန်ရေးအတွက် လိုအပ်တဲ့ ဘဏ္ဍာရန်ပုံငွေ စဉ် ဆက်မပြတ် ဖြည့်တင်းနိုင်ရန်နဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘဏ္ဍာရန်ပုံငွေရလမ်းတွေကို ဖြတ်တောက်ရန် ဆောင်ရွက်ခြင်း၊ လူထုဆက်ဆံရေးနည်းလမ်းအရ ပြည်သူ့တော်လှန်ရေးဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနဲ့ လုပ်ဆောင်ချက်တွေအပေါ် ပြည်သူ လူထုနဲ့ နိုင်ငံတကာက ပိုမိုသိရှိနားလည်အောင်ဆောင်ရွက်ခြင်း စတဲ့အချက်တွေ အကောင်အထည်ဖော်နေတယ်လို့  အသိပေးထားပါတယ်။

ဒီမဟာဗျူဟာနည်းလမ်း ခု ဟန်ချက်ညီညီ အရှိန်မြှင့်တင်ဖော်ဆောင်ပြီး ဒေသအလိုက်လွတ်မြောက်မှုကနေ ပြည်ထောင်စုတခုလုံး လွတ်မြောက်တဲ့အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ NUG က ထုတ်ပြန်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကလည်း ဧပြီ ၂၉ ရက်က နိုင်ငံတကာနဲ့ ပြည်သူ သို့ သတင်းစကားပါးတဲ့အစီအစဉ်မှာ ဒီအချက်တွေကို အလေးထားပြောကြားထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ ငလျင်ဘေး၊စစ်ဘေးတွေကို ပြည်သူတွေက ခါးစည်းခံနေရတဲ့အချိန်မျိုးမှာတောင် လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေက မရပ်တန့်ခဲ့ဘူးလို့ဆို


ဧပြီလ ၃၀ရက်


ငလျင်ဘေး၊စစ်ဘေးတွေကို ပြည်သူတွေက ခါးစည်းခံနေရတဲ့အချိန်မျိုးမှာတောင် လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေက မရပ်တန့်ခဲ့ဘူးလို့ လူ့အခွင့်ရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

"ငလျင်ဘေး စစ်ဘေးတွေကို ပြည်သူတွေက ခါးစည်းခံနေရတဲ့အချိန်မျိုးမှာတောင် လူငယ်တွေကို စစ်မှုထမ်းဖို့ အတင်းအကြပ် စုဆောင်းနေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေက မရပ်တန့်ပါဘူး။ သဘာဝဘေးတွေဆိုရင် စေတနာ့ဝန်ထမ်းကူညီလေ့ရှိတဲ့လူငယ်တွေကို စစ်မှုထမ်းကောက်မယ်ဆိုတဲ့သတင်းတွေကြောင့် ပရဟိတလုပ်ချင်ကြတဲ့လူငယ်တွေတောင် မလုပ်ရဲဘဲ စိုးရိမ်နေကြကြောင်း သတင်းတွေရရှိခဲ့ပါတယ်။ စစ်မှုထမ်းဥပဒေကို မတရားပြဌာန်းပြီး လူငယ်ထုတရပ်လုံးနဲ့ မိသားစုတွေအပေါ်မှာ အမြဲတမ်း စိုးရိမ်ကြောက်ရွံ့စိတ်တွေဖန်တီးပေးနေပြီး ဆင့်ခေါ်တာတွေ၊ အမည်စာရင်းကောက်ပြီး လာရောက်ဖမ်းဆီးတာတွေ၊အကြောင်းအမျိုးမျိုးပြဖမ်းဆီးပြီး စစ်တပ်ထဲပို့လိုက်တဲ့ လူကုန်ကူးမှုပုံစံတွေအကြောင်းတွေကို ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူငယ်တွေကို မေးမြန်းခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဧပြီ၂၉ရက် လူ့အခွင့်ရေးဝန်ကြီးဌာနကဒီအကြောင်းအရာတွေကို သုတေသနပြုလုပ်ထားတဲ့ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ နိုင်ငံတကာအစိုးရတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ Justice for Myanmarတောင်းဆို


 ဧပြီလ ၃၀ရက်


နိုင်ငံတကာအစိုးရတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပေးဖို့ Justice for Myanmarက တောင်းဆိုထားပါတယ်။

"မြန်မာနိုင်ငံမှာ ဖျက်အားပြင်းငလျင်ကြီးလှုပ်ခတ်ပြီးနောက်မှာပင် တရားမဝင်စစ်အုပ်စုက အကြမ်းဖက်မှုတွေကို ပိုမိုတိုးမြှင့် လုပ်ဆောင်နေပါတယ်။နိုင်ငံတကာအစိုးရတွေအနေနဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေတာတွေ ချက်ချင်းရပ်တန့်အောင် လုပ်ဆောင်ပါ။ အပြစ်မဲ့ပြည်သူတွေရဲ့ အသက်ကို ကယ်တင်ပေးပါ"လို့ ဖော်ပြပါတယ်။

မတ်လ၂၈ရက်ငလျင်လှုပ်ခတ်ချိန်မှစတင်ကာ ဧပြီ၂၅ရက်အထိ စကစရဲ့လေကြောင်းတိုက်ခိုက်မှု ၂၂၅ကြိမ်ရှိပြီး သေဆုံးသူ ၂၄၂ဦးရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရထုတ်ပြန်ထားပါတယ်။



အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်နှင်သာကီတို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================


🚩🚩၁။⁨⁨⁩⁨⁨ မူး၊ဆောထိနဲ့ ကျိုက်ထိုမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့အိမ်တွေပျက်စီး 


ဧပြီလ ၃၀ရက်


အကြမ်းဖက်စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် မူးမြို့နယ်၊ ဆောထိမြို့နယ်နဲ့ ကျိုက်ထိုမြို့နယ်တို့က အရပ်သားပြည်သူ ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းနဲ့ အိမ်တွေ ပျက်စီးသွားတယ်လို့ KNU ဗဟိုက ဒီနေ့ ဧပြီ ၃ဝ မှာ ထုတ်ပြန်ပါတယ်။ 

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေဖြစ်တဲ့ မူးမြိုန့ယ်နဲ့ ဆောထိမြို့နယ်တို့မှာ အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီးတို့နဲ့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ဦး သေဆုံးပြီး ဘုန်းကြီးကျောင်းတ ကျောင်းနဲ့ အိမ် လုံးပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၈ ရက် မနက် ၁၁ နာရီခန့်အချိန်က မူးမြို့နယ် နိုကလော်၊ တောင်စုအရှေ့၊ တောင်စုအနောက်၊ နိုတောတာ၊ စီပေါပေါ်၊ တမာခေါ၊ ရန်မျိုးအောင်၊ နောင်ကုန်း၊ ရင်းတိုက်ကုန်း၊ ငနွားဆိပ်၊ အညာစု၊ ရေလဲကရင်၊ ရွာကြီးအင်း စတဲ့ရွာတွေကို စစ်တပ်က လေယာဥ်နဲ့ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရွာကြီးအင်းကျေးရွာက အသက် ၂၇ နှစ်အရွယ် အမျိုးသား တဦး သေဆုံးခဲ့တယ်လို့ အသိပေးထားပါတယ်။

အဲဒီနေ့ မနက် ၁၀ နာရီခွဲခန့်အချန်တုန်းကလည်း မူးမြို့နယ် ကညင်တိုင်းကျေးရွာကို လေယာဥ်နဲ့ လာရောက်ပစ်ခတ် တာကြောင့် အမျိုးသမီး ၂ဦးနဲ့ အမျိုးသားတဦးသေဆုံးကာ အသက် နှစ် အရွယ်မိန်းကလေးတဦးနဲ့ အသက် ၃၅ နှစ်အရွယ် အမျိုးသားတဦးဒဏ်ရာရရှိကာ အိမ် လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

အလားတူ ဧပြီလ ၂၈ ရက်နေ့မှာပဲ ဆောထိမြို့နယ်ထဲက ကျုံချောင်း၊ လေးလမ်းဆုံ၊ ရှမ်းရွာ၊ ခြေတော်ရာ၊ ညောင်ခြေ ထောက်နဲ့ သရက်သမိန်ရွာကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးတွေနဲ့ အကြိမ်ကြိမ်ပစ်ခတ်ခဲ့တာ ကြောင့် သရက်သမိန်ရွာက ဘုန်းကြီးကျောင်းတကျောင်း ဗုံးထိမှန်ပျက်စီးခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

ထို့အတူ KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ ကျိုက်ထိုမြို့နယ်အတွင်းမှာလည်း စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက် တာကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ဦး ထိခိုက်ဒဏ်ရာရရှိကာ ရာဘာပင် ၁၀၀ ခန့် ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 

ဧပြီလ ၂၄ ရက်နေ့ နေလည် ၁၂ နာရီနဲ့ ညနေ နာရီအချိန်တို့မှာ စစ်ကောင်စီလက်အောက်ခံ အမှတ် ၃၁၀ အမြောက်တပ်က  တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ခရွဲရာနဲ့ ကျောက်ပုံကြီးရွာထဲကို လက်နက်ကြီးကျည် လုံးခန့်ပစ်ခတ်ခဲ့တာကြောင့် ခရွဲရွာက အရပ်သား ဦးထိခိုက်ဒဏ်ရာ ရသွားတာတာလို့ ဆိုပါတယ်။

ထို့အတူ မတ်လ ၂၇ ရက်နေ့ ၁၀ နာရီခန့် အချိန်မှာလည်း အကြမ်းဖက် စစ်ကောင်စီ လေတပ်က ပျဉ်းကတိုးကုန်းနယ် ရွှေခဲရိုးရွာအနီးမှာရှိတဲ့ ဦးဝင်းထွန်းရဲ့ ရော်ဘာခြံထဲကို ဗုံးတလုံးကြချခဲ့တာကြောင့် ရာဘာပင် ၁၀၀ ခန့် ပျက်စီးခဲ့ရတာလို့ သိရပါတယ်။


========================


🚩🚩၂။ရေစကြိုနယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၂၀ ကျော်သေဆုံး 


ဧပြီလ ၃၀ရက်

မကွေးတိုင်း ရေစကြိုမြို့နယ်ဘက် စစ်‌ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတွေကို ရက်ဆက် ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၂၀ ကျော် သေဆုံးပြီး ၃ဝ ကျော်ဒစ်ရာရသွားတယ်လို့  ရေစကြိုတပ်ပေါင်းစုက ထုတ်ပြန်ထားပါ တယ်။ 

ပခုက္ကူမြို့ကလာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ရေစကြိုဘက်ကလာတဲ့ အကြမ်းဖက်စစ်တပ် စစ်ကြောင်းတို့က အင်အား ၂၅၀ ကျော်ဟာ ရေစကြိုမြို့နယ် ကြူရွာကျေးရွာဘက်ကို ဧပြီလ ၂၀ ရက်နေ့ မနက် နာရီခန့်အချိန်မှာ စစ်ကြောင်းထိုး ဝင်လာ တယ်လို့ ဆိုပါတယ်။

အဲဒီ အကြမ်းဖက် စစ်တပ်စစ်ကြောင်းဟာ မနက် နာရီခန့်မှာ ကြူရွာကျေးရွာကနေ ဗလဘကျေးရွာဘက်ကို စစ်ကြောင်း ထိုးလာတဲ့အတွက် ရေစကြိုတပ်ပေါင်းစုက ရဲဘော်တွေနဲ့ မိနစ် ၂၀ ခန့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ သိရပါတယ်။


တိုက်ပွဲဖြစ်ပြီးနောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ ကြူရွာကျေးရွာထဲ ထွက်ပြေးသွားပြီး နေ့လည် ၁၂ နာရီခွဲခန့် မှာ ဒုတိယအကြိမ် ထပ်ထွက်လာတဲ့အတွက် တိုက်ပွဲထပ်ဖြစ်ပြီး ကြူရွာထဲ ထပ်မံထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဧပြီလ ၂၁ ရက်နေ့မှာတော့ ကြူရွာထဲရောက်နေတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ ဗလဘ ကျေးရွာဘက်ကို အင်အားအလုံးအရင်းနဲ့ ထပ်မံ ထိုးစစ်ဆင်လာတဲ့အတွက် ရေစကြိုတပ်ပေါင်းစုပါတဲ့ မဟာမိတ်ညီနောင်အဖွဲ့တွေနဲ့  နာရီ ကြာ တိုက်ပွဲဖြစ်ခဲ့တယ်လို့ အသိပေးပါတယ်။

နာရီကြာတိုက်ပွဲမှာ အကြမ်းဖက် စစ်သား ၂၀ ကျော်သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရသွားပြီး သေဆုံးသွားတဲ့ စစ်သား တွေကို ပခုက္ကူဘက် သုံးဘီးတွေနဲ့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်က အင်အားအလုံးအရင်းနဲ့ မြေပြင်နဲ့ ဝေဟင်ကပါ ထိုးစစ်ဆင်တိုက်ခိုက်လာတဲ့အတွက် တော်လှန်ရေး ရဲဘော်တွေ ဆုတ်ခွာပေးလိုက်ရတယ်လို့လည်း ရေစကြိုတပ်ပေါင်းစုက ပြောပါတယ်။ 

အဲဒီတိုက်ခိုက်မှုကို ရေစကြိုတပ်ပေါင်းစု၊ ပခုက္ကူခရိုင် တပ်ရင်း တပ်ရင်း ၃၊ တပ်ရင်း ၁၀၊ ရေစကြိုမြိုနယ် ပြည်သူ့လုံခြုံ ရေးအဖွဲ့ ပခုက္ကူမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ရေစကြိုမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ကမ္မတပ်ပေါင်းစု၊ နယ်စည်း မခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အမေ့လက်ရုံးပျောက်ကျားတပ်၊ ဒေါင်းညီနောင်နဲ့ Wolf Brothers Burma Revolution Ranger တို့ ပူးပေါင်းပါဝင်ခဲ့ပြီး ရေစကြိုတပ်ပေါင်းစုက ရဲဘော် တဦး မြင့်မြတ်စွာ ကျဆုံးခဲ့ရကာ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

အထိနာသွားတဲ့ အကြမ်းဖက် စစ်တပ် စစ်ကြောင်းဟာ ဗလဘကျေးရွာကို ရွာလုံးကျွတ်မီးရှို့ ဖျက်ဆီးခဲ့ပြီး ဧပြီလ ၂၂ ရက်နေ့မှာ ပြန်လည်ဆုတ်ခွာသွားတယ်လို့လည်း သိရပါတယ်။


========================


🚩🚩၃။ ငါ့သရောက်ရဲစခန်းကထွက်လာတဲ့ စစ်တပ်စစ်ကြောင်းကို ၂ရက်ဆက်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်က ဦးသေပြီး ဦး ဖမ်းမိ 


ဧပြီလ ၃၀ရက်


မန္တလေးတိုင်း ငါ့သရောက်မြို့နယ်ရဲစခန်းကနေ ညောင်ဦး၊ မြင်းခြံ၊‌ တောင်သာဘက် စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို တော်လှန်‌ရေးတပ်တွေက ရက်ဆက် တိုက်ခိုက်ရာမှာ ရဲတပ်ကြပ်တဦးအပါအဝင် ဦး သေဆုံးပြီး ၂ဦး အရှင်ဖမ်းမိခဲ့တယ်လို့ ဒေသတော်လှန်ရေးတပ်တွေက ပြောတယ်။

ငါ့သရောက်မြို့နယ်ရဲစခန်းကထွက်လာတဲ့ စစ်သား ရဲ နဲ့ ပျူစောထီးတွေပါတဲ့ အင်အား ၁၂၀ ခန့်ပါ စစ်ကြောင်းဟာ ဧပြီလ ၂၆ ရက်နေ့မှာ တောပြားရွာနဲ့တံတားရွာကို ဝင်ရောက်တပ်စွဲခဲ့ပြီး ဧပြီ ၂၇ ရက်နေ့ မနက်မှာ တောင်ခမောက်ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့အတွက် တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တာလို့ သိရပါတယ်။

ဧပြီ ၂၇ ရက်နေ့ မနက်မှာ Popa Guerilla Force – PGF တပ်ဖွဲ့၊  21 Bagan တပ်ဖွဲ့တို့က ရှေ့ပြေးကင်းတပ်စိပ်နဲ့ တနာရီခွဲ ခန့် ခုခံတိုက်ပွဲဖြစ်ခဲ့ပြီး ခဲယမ်းပြတ်လပ်သွားတာကြောင့် တော်လှန်ရေးတပ်တွေ နောက်ဆုတ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်မှာ ပုဂံဘီလူးနဲ့အခြားမဟာမိတ်တပ်တွေရောက်လာပြီး နာရီဝက်ခန့် ထပ်မံတိုပွဲဖြစ်ခဲ့ရာမှာ စစ်အုပ်စုဘက်က လေယာဉ်ပစ်ကူကြောင့် ထပ်မံ ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။  

တော်လှန်ရေးတပ်တွေ ဆုတ်ခွာသွားချိန်မှာ စစ်တပ်စစ်ကြောင်းဟာ တောင်ခမောက်ရွာထဲဝင်ပြီး နေအိမ်တွေကို မီးရှို့ဖျက် ဆီးသွားခဲ့တယ်လို့ အသိပေးပါတယ်။

ဧပြီလ၂၈ ရက်နေ့မှာတော့ စစ်တပ်စစ်ကြောင်းဟာ ကျောက်ပတောင်းမြို့နယ် ထောက်ရှာရွာကို ထပ်မံ စစ်ကြောင်းထိုးလာ တဲ့အတွက် Popa Guerilla Force – PGF တပ်ဖွဲ့ နဲ့ မဟာမိတ်တပ်တွေက မနက် နာရီကနေ ညနေ ၄နာရီ ဝန်းကျင်ထိ တနေကုန်နီးပါး ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က အထိနာတဲ့အတွက် လေကြောင်းကနေ နေ့လည် နာရီဝန်းကျင်မှာ ကြိမ်၊ ညနေ နာရီဝန်းကျင်မှာ ကြိမ်ပစ်ကူပေးခဲ့တယ်လို့ သိရပါတယ်။

ဒီ ရက်တာတိုက်ပွဲမှာ ရဲတပ်ကြပ်အပါအဝင် စစ်ကောင်စီတပ်ဘက်က အလောင်း လောင်းရရှိကာ  ၄၃ ဦး ဒဏ်ရာရသွား ပြီး ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ထားပါတယ်။

ဒဏ်ရာရသူ တွေထဲက အရာခံဗိုလ်တဦးဟာ ပြင်းထန်ဒဏ်ရာရသွားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းထံကနေ M 22 လက်၊ Equipment ခု၊ လက်ပစ်ဗုံး ၃လုံး၊ စ‌ကားပြောစက် လုံး၊ 7.62 ကျည် ၈၀ တောင်နဲ့ အခြားဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့ပြီး တော်လှန်ရေးရဲဘော်တဦး မစိုးရိမ်ရတဲ့ဒဏ်ရာ ရခဲ့တယ်လို့ သိရပါတယ်။


ညောင်ဦး၊ မြင်းခြံ၊‌ တောင်သာဘက် စစ်ကြောင်းထိုးဖို့ထွက်လာတဲ့ စစ်တပ် စစ်ကြောင်းကို Popa Guerilla Force - PGF တပ်ဖွဲ့ ပုဂံပြည်ဘီလူးတပ်၊ 21 Bagan မြင်းခြံခရိုင် တပ်ရင်း ၃၊ ညောင်ဦးခရိုင်တပ်ရင်း ၄၊ ဒေါင်းရင်သွေးတပ်ဖွဲ့၊ ညောင်ဦး ခရိုင် ပကဖ၊ မိုးမခပြောက်ကျားတပ်ဖွဲ့၊ ဂဠုန်ပြောက်ကျားတပ်၊ ရန်ကြီးအောင်တပ်၊ မန်းဘခိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Scorpions People Defend Force တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


========================


🚩🚩၄။ TRIဗျူဟာမှူးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတို့သည် စဥ့်ကူးမြို့နယ်ရှိ ကျွန်းထဲကျေးရွာများသို့ ဒုတိယအကြိမ် အရေးပေါ်လိုအပ်ချက်များအတွက် ငွေကျပ်သိန်း (၁၀၀) နှင့် နေ့စဉ်သုံးပစ္စည်းများကို လှူဒါန်းခဲ့


ဧပြီလ ၃၀ရက်


(TRI) ဗျူဟာမှူးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတို့သည် စဥ့်ကူးမြို့နယ်ရှိ ကျွန်းထဲကျေးရွာများသို့ ဒုတိယအကြိမ် အရေးပေါ်လိုအပ်ချက်များအတွက် ငွေကျပ်သိန်း (၁၀၀) နှင့် နေ့စဉ်သုံးပစ္စည်းများကို လှူဒါန်းခဲ့ပြီး ပျက်စီးဆုံးရှုံးမှုများကို ပြန်လည်ရှင်းလင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။

ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ပံ့ပိုးမှုများ ပေးခြင်းနဲ့ပြန်လည်ထူထောင်ရေးအတွက် လိုအပ်သော အထောက်အပံ့များ ညှိနှိုင်းဆွေးနွေးခြင်းများကိုဧပြီ၂၉ ရက်ပြုလုပ်ခဲ့ကြပါတယ်။

ယခုလှူဒါန်းမှုသည် (TRI) ဗျူဟာ၏ "ပြည်သူမှ ပြည်သူသို့" အစီအစဉ်အရ ပြည်တွင်း/ပြည်ပ စေတနာရှင်များ၊ လူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး ဤအစီစဥ်မှာစစ်ဘေး၊ သဘာဝဘေးနှင့် အရေးပေါ်အခြေအနေများကြောင့် ဒုက္ခရောက်နေရသူများအား အချိန်နှင့်တစ်ပြေးညီ ကူညီဖြန့်ဝေနိုင်ရန် ရည်ရွယ်တယ်လို့သိရပါတယ်။


========================


🚩🚩 ⁨⁨၅။ ရေစကြိုမှာရှိတဲ့ ခြေလျင်တပ်တွေက စစ်မှုထမ်းတပ်သားသစ် ဦး လက်နက်ခဲယမ်းတွေနဲ့အလင်းဝင်


ဧပြီလ ၃၀ရက်


မကွေးတိုင်း ရေစမြို့မှာရှိတဲ့ ခြေလျင်တပ်ရင်းတွေက စစ်မှုထမ်းတပ်သားသစ် ဦးဟာ လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင် လာတဲ့အတွက် ဆုငွေချီးမြင့်ပေးခဲ့တယ်လို့ Southern YSO ODF က ဒီနေ့ ဧပြီ ၃ဝမှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းစေဖို့ မတရားခေါ်ဆောင်ခံရပြီး ရေစကြိုမြို့ ခလရ ၂၅၆၊ ၂၅၇၊ ၂၅၈ တို့က စစ်သား ဦး အလင်းဝင် ခိုလှုံလာတာလို့ Southern YSO ODF က တာဝန်ခံ ကိုအောင်မောင်းက ပြောပါတယ်။

ရေစကြိုမြို့ ခလရ ၂၅၇ တပ်က တပ်သား ချစ်စမ်းကို ဟာ ဧပြီလ ၂၄ ရက်နေ့မှာ MA 1 သေနတ် တလတ်နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့သလို ဧပြီလ ၂၅ ရက်နေ့မှာ ရေစကြိုမြို့ ခလရ ၂၅၆ တပ်က တပ်သား မြင့်စိန်ဟာ သေနတ်မပါပေမယ့် 5 ပွိုင့် 56 ကျည် ၅၀၀ နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာတယ်လို့ ဆိုပါတယ်။ဧပြီလ ၂၆ရက်နေ့မှာလည်း ရေစကြိုမြို့ ခလရ ၂၅၈ တပ်ရင်းက တပ်သား စည်သူကျော်ဟာ သေနတ်မပါပေမယ့်

လက်ပစ်ဗုံး လုံး၊ ပွိုင့် ၅၅ ကျည်ဘောက် ခု၊ ပွိုင့် ၅၆ ကျည် ၁၀၂ တောင့်တို့နဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့ သိရပါတယ်။အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ် ရဲဘော် ဦးကို ဆုကြေးငွေ ကျပ် ၃၅ သိန်း၊ ၁၀ သိန်း၊ ၁၀ သိန်းစီ ပေးအပ်ခဲ့ပြီး သူတို့ နေထိုင်လိုတဲ့နေရာဒေသတွေကို ပို့ဆောင်ပေးခဲ့တယ်လို့လည်း Southern YSO ODF က ထုတ်ပြန်ထားပါတယ်။


အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သားသစ်တွေဟာ ရေစကြိုနယ် ဗလဗရွာကို ရက်ဆက် မီးရှိုးဖျက်ဆီးခဲ့တာဟာ အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်နှင်သာကီတို့မှ  ပေးပို့ထားတာဖြစ်ပါတယ်





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment