WFP အဟာရမုန့်ထုတ်တွေ ပြန်လည်ရောင်းချဖို့ မသင့်ကြောင်း WFP က ထုတ်ပြန်
ကိုမြင့်သူ (Radio NUG) ဧပြီ ၂၆၊ ၂၀၂၅
လူမှုကွန်ယက်အတွင်း WFP ကဖြန့်ဝေတဲ့ အဟာရဖြည့် ဘီစကစ်မုန့်ထုတ်ရောင်းချနေကြောင်းပိုစ်တင်ပြီး တဲ့နောက် လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖိုမသင့်ကြောင်း WFP ကထုတ်ပြန်လာပါတယ်။ ဒီသတင်းကို ကိုမြင့်သူကပေးပိုထားပါတယ်။
ပြီးခဲ့တဲ့ဧပြီလ ၂၂ ရက်နေ့က WFP က ငလျှင်ဒဏ်ခံ မိသားစုဝင်တွေကို ဖြန့်ဝေပေးနေတဲ့ အဟာရဖြည့် ဘီစကစ်ထုတ်တွေကို ပြန်လည်ရောင်းချနေကြောင်း လူမှုကွန်ယက်စာမျက်နှာကနေဖော်ပြပြီးတဲ့နောက် ၃ ရက်အကြာ ဧပြီလ ၂၅ ရက်နေ့မှာ WFP ဘက်က အခုလိုပြန်လည်တုန့်ပြန်လာတာပဲဖြစ်ပါတယ်။
“ တကယ်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို မသင့်ပါဘူး။ WFP အနေနံ ပုံမှန်လေ့လာစောင့်ကြည့်နေသလို ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူဆောင် ရွက်သွားမှာပါ” လို WFP ကထုတ်ပြန်ချက်မှာထည့်သွင်းဖော်ပြထားပါတယ်။
WFP ကဘီစကစ်ထုတ်တွေကို ပြန်ရောင်းချဖို မသင့်တော်ဘူးလို ဖြောင်းဖြထားသလို ရောင်းချလာရင် ချက်ချင်းအရေးယူဆောင်ရွက်သွားမှာဖြစ်တယ်လို ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ ပစ္စည်းတွေကိုပြန် လည်ရောင်းချတဲ့အခါ ရောင်းချသူကို အလှူပေးမယ့် စာရင်းထဲက ပယ်ဖျတ်ပြီး Black List သွင်းတာ၊ အရပ်ဖက်အဖွဲအစည်းတွေ၊ ဒေသခံအစိုးရတွေနဲ့ပူးပေါင်းပြီး တရားစွဲဆိုသွားမယ်လိုလည်း ထုတ်ပြန် ချက်မှာ ပါရှိပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့မှာ စစ်ကိုင်းငလျှင်ကြီးလှုပ်ခတ်ခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲအစည်းအသီးသီးက အကူအညီများပေးကြရာမှာ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ WFP ကလှူဒါန်းတဲ့ အာ ဟာရဖြည့်ဘီစကွတ်မုန့်တွေလည်း ပါဝင်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၂၂ ရက်နေ့တုန်းက WFP ကလှူဒါန်းတဲ့ အဟာရ ဖြည့် ဘီစကစ်မုန့်ထုတ်တွေ နေပြည်တော်မှာ တထုတ်ကျပ် ၅၀၀ နဲ့ရောင်းချနေကြောင်း WFP ကတင်ထားတဲ့ဓာတ်ပုံကို ပြန်အသုံးပြုပြီး လူမှုကွန်ယက်အသုံးပြုသူတစ်ဦးက ပိုစ်တင်ခဲ့တာဖြစ်ပါတယ်။
WFP က အဟာရဖြည့်ဘီစကစ်တွေကို ငလျှင်လှုပ်ပြီးဘေးအန္တရယ်ဖြစ်ပြီးပြီးချင်း ၄၈ နာရီအတွင်းဖြည့် ဝေခဲ့တာဖြစ်ပါတယ်။ ဘီစကစ်တွေရောင်းချတယ်လို့ ပိုစ်တင်ခဲ့တဲ့ နေပြည်တော်မှာတော့ ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်နေ့ထဲက နောက်ဆုံးဖြန့်ဝေခဲ့တာဖြစ်တယ်လို WFP ရဲ့ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
WFP ရဲ့ အဟာရဖြည့် ဘီစကစ်တွေမှာ ဂျုံမှုန့်၊ ပဲပုတ်ပဲအမှုန့်၊ သကြား၊ အဆီထုတ်ထားတဲ့ နိုမှုန့်၊ ကယ်လ ဆီယမ်၊ မဂ္ဂနီဆီယမ်၊ သံဓာတ်၊ အိုင်အိုဒင်း၊ ဖောလစ်အက်ဆစ်၊ ဗီတာမင် B1, B2, B6, B12 စတဲ့ စွမ်းအင်၊ ပရိုတင်း၊ ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါဝင်ပြီး ဘေးအန္တာရယ်ဖြစ်ပြီးပြီးချင်းချက်ပြုတ်စားသောက်ဖိုအခက် အခဲရှိလာရင် ချက်ချင်းအသုံးပြုလိုရအောင် ဖြန့်ဝေထားတာဖြစ်ပါတယ်။
No comments:
Post a Comment