1 Jun 2025 - (Ethnic language program-CHO_MΓΌn) by Radio NUG

 


πŸ“Œ (ချင်း တိုင်းရင်းα€žား - MΓΌn α€™ွα€”်း α€˜ာα€žာα€…α€€ား) ထုတ်α€œွှင့်α€™ှု ထစီထစα€₯် ၂၀၂၅ ဇွα€”်α€œ ( ၁ ) α€›α€€်α€”ေ့ α€”ောα€€်ဆုံးရပြα€Š်တွင်းα€žα€α€„်းα€™ျား



πŸ“ŒπŸ“Œ ၁။ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€›ဲα€˜ော်တွေα€›ဲ့ ထမိα€”့်α€”ာခံα€™ှုα€…ွα€™်းα€›α€Š်α€€ို တော်α€œှα€”်α€›ေးထင်ထားα€…ုတွေ ချီးα€€ျူး

 

ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ် α€›ဲα€˜ော်တွေα€Ÿာ ထမိα€”့်α€”ာခံα€™ှု α€€ောင်းα€™ွα€”်ပြီး ဦးဆောင်α€”ိုင်α€…ွα€™်းα€›α€Š် α€€ောင်းα€™ွα€”်α€α€š်α€œို့ ချင်းα€Šီα€”ောင်α€…α€…်ဆင်α€›ေး α€–α€œα€™်းα€™ြို့α€žိα€™်းတို၊α€€်ပွဲα€™ှာ ပါဝင်ခဲ့တဲ့ တော်α€œှα€”်α€›ေးထင်ထားα€…ုတွေα€€ ထုတ်α€–ော် ချီးα€€ျူးပြောဆိုα€€ြပါα€α€š်။

 

မင်းတပ်α€›ဲα€˜ော်တွေα€€ ထမိα€”့်α€”ာခံα€™ှု တထားα€œα€Š်း α€€ောင်းα€α€š်၊ α€›α€”်α€žူ့α€›ှေ့α€€ို α€α€œα€€်α€™ ရရင် α€α€œα€€်α€™ တိုးα€™α€š်၊ ကတုတ်α€€ျင်းထဲα€€α€”ေ α€˜α€š်တော့α€™ှမဆုတ်α€˜ူး α€žူတို့၊ α€›α€”်α€žူα€”ဲ့ ထနီးဆုံးα€™ီတာ ၂၀ α€œောα€€်α€›ှိα€”ေရင်တောင်α€™ှ ပ၊α€…်α€™ိα€”့်မရရင် ပစ်α€œို့α€™α€›α€˜ူး။α€œို့ Kalay Revolution Front – KRF တပ်ခွဲα€™ှူးα€€ ထင်တာα€—ျူးတခုα€™ှာ ပြောα€žွားတာပါ။

 

ချင်းα€Šီα€”ောင် ထဖွဲ့ဝင်α€œα€Š်းα€–ြα€…်တဲ့ ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်α€Ÿာ α€€ျင်α€’ွေး၊ မတူပီ၊ မင်းတပ်၊ α€€α€”်ပက်α€œα€€်၊ α€–α€œα€™်းစတဲ့ α€™ြို့α€žိ၊α€™်း α€…α€…်ဆင်α€›ေးတို၊α€€်ပွဲတွေα€™ှာ ချင်းα€Šီα€”ောင်α€”ဲ့ထတူ α€–ော်ဆောင်ခဲ့ပါα€α€š်။

 

α€’ါ့ထပြင် ချင်းα€€ာα€€ွα€š်α€›ေးတပ်α€–ွဲ့ - မင်းတပ်ထနေα€”ဲ့ ချင်းပြα€Š်တခုα€œုံး α€œွတ်α€™ြောα€€်α€›ေး α€…ွα€™်းα€…ွα€™်းတမံပူးပေါင်းα€™ှာα€–ြα€…်α€α€š်α€œို့ ၂၀၂၅ ခုα€”ှα€…် ဧပြီ ၂၄ α€›α€€်α€”ေ့ α€€ျα€›ောα€€်တဲ့ တော်α€œှα€”်α€›ေး ၄ α€”ှα€…်ပြα€Š့် α€™ိα€”့်ခွα€”်းα€™ှာ α€…α€…်ဦးα€…ီးချုပ်α€€ α€‘α€Š့်α€žွင်း ပြောα€€ြားခဲ့ပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၂။ ချင်းα€Šီα€”ောင်α€”ဲ့ ချင်းα€œဲα€”်းα€€ောင်α€…ီတို့ α€šုံα€€ြα€Š်α€™ှုα€α€Š်ဆောα€€်ပြီး ကတိα€α€Š်ရင် ပေါင်းα€…α€Š်းα€™α€š်

 

ချင်းα€œα€€်α€”α€€်α€€ိုင် ၆ဖွဲ့α€–ြင့် α€–ွဲ့α€…α€Š်းထားတဲ့ ချင်းα€Šီα€”ောင်ထဖွဲ့α€€ ချင်းထမျိုးα€žားတပ်ဦး CNF/CNA ဦးဆောင်တဲ့ ချင်းα€œဲα€”်းα€€ောင်α€…ီα€”ဲ့ ပြα€”်α€œα€Š်ပေါင်းα€…α€Š်းပြီး ပူးပေါင်းဆောင်α€›ွα€€်α€›α€”်ဆန္α€’α€›ှိα€”ေα€€ြောင်း ချင်းα€Šီα€”ောင်ပြောခွင့်α€› α€†α€œိုင်းα€šောα€™ာα€”်α€€ Western News α€žα€α€„်းα€Œာα€”α€”ဲ့ ၂၀၂၅ α€™ေα€œ ၃၀ α€›α€€်α€”ေ့ ထင်တာα€—ျူးα€™ှာ α€–ြေα€€ြားထားပါα€α€š်။ 

 

ချင်းပြα€Š်တော်α€œှα€”်α€›ေးα€™ှာ ချင်းα€Šီα€”ောင်α€”ဲ့ ချင်းα€œဲα€”်းα€€ောင်α€…ီတို့ α€€ွဲα€”ေတာတဲ့ ဝေα€–α€”်ထောα€€်ပြα€™ှုα€™ျားထပေါ် ချင်းα€Šီα€”ောင်α€€α€œα€€်ခံပြီး ချင်းα€œဲα€”်းα€€ောင်α€…ီα€”ဲ့ ပူးပေါင်းα€›α€”်α€œိုα€œားα€€ြောင်း၊ ဆွေးα€”ွေးα€Šှိα€”ှိုင်းα€”ေα€™ှုတွေα€œα€Š်း ဆောင်α€›ွα€€်α€”ေα€€ြောင်း ပြောပါα€α€š်။

 

ချင်းα€Šီα€”ောင်ထဖွဲ့α€”ဲ့ ချင်းα€œဲα€”်းα€€ောင်α€…ီတို့α€€ြား ပြα€”်α€œα€Š်ပေါင်းα€…α€Š်းα€›α€”်ထတွα€€် ခက်ခဲα€™ှုα€™α€›ှိα€€ြောင်း၊ ခဏတာထတွင်း ပြα€”်α€œα€Š်ပေါင်းα€…α€Š်းα€žွားα€”ိုင်α€€ြောင်း၊ ထဓိကထားα€–ြင့် α€šုံα€€ြα€Š်α€™ှုα€α€Š်ဆောင်α€›α€™ှာα€–ြα€…်ပြီး ပြောထားတဲ့ထတိုင်း ကတိကဝတ်α€€ိုα€α€Š်α€”ိုင်ရင် ထခက်ထခဲα€™α€›ှိ ပူးပေါင်းα€”ိုင်ပြီး တော်α€œှα€”်α€›ေးα€Ÿာ α€€ုα€™္ပဏီတခု၊ α€…ီးပွားα€›ေးတခုα€€ဲ့α€žို့ ပူးပေါင်းα€œုပ်α€”ေα€€ြခြင်းα€™α€Ÿုတ်α€˜ဲ ပြα€”်α€™α€›α€”ိုင်တော့တဲ့ α€œူ့α€‘α€žα€€်ထောင်ပေါင်းα€™ျားα€…ွာα€€ို ရင်းပြီးα€œုပ်α€”ေα€›α€žောα€€ြောင့် α€šုံα€€ြα€Š်α€™ှုα€™α€›ှိရင် ပူးပေါင်းα€œို့ α€›α€™ှာα€™α€Ÿုတ်တဲ့ထကြောင်း α€†α€œိုင်းα€šောα€™α€”်α€€ ပြောဆိုပါα€α€š်။ 

 

 

========================

 

πŸ“ŒπŸ“Œ ၃။ ထန်α€α€œα€”်၊ မင်းတပ်၊ α€€α€”်ပက်α€œα€€် α€™ြို့α€”α€š်ထတွင်းα€›ှိ α€…α€…်α€˜ေးα€›ှောင်တွေα€€ိုα€…ားနပ်α€›ိα€€္ခာ α€€ူα€Šီပေးခဲ့α€α€š်α€œို့ NCCD ထုတ်ပြα€”်

 

ချင်းပြα€Š်α€”α€š် ထန်α€α€œα€”်α€™ြို့α€”α€š်၊ မင်းတပ်α€™ြို့α€”α€š်α€”ဲ့ α€€α€”်ပက်α€œα€€်α€™ြို့α€”α€š်ထတွင်းα€›ှိ α€€ျေးα€›ွာပေါင်း ၉ α€›ွာα€™ှာ α€›ောα€€်α€›ှိα€”ေတဲ့ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူတွေα€€ို α€™ေα€œ ၂၁ α€›α€€်α€”ေ့α€€α€”ေ ၂၆ α€›α€€်α€”ေ့ထထိ  α€…ားနပ်α€›ိα€€္ခာတွေα€€ို α€€ူα€Šီပေးα€”ိုင်ခဲ့α€α€š်α€œို့ Network for Chin Community Development (NCCD)  α€€ α€™ေα€œ ၂၆ α€›α€€်α€”ေ့ ထုတ်ပြα€”်ပါα€α€š်။

 

NCCD ထနေα€”ဲ့ ထခြေခံα€œူထုα€–ွံ့α€–ြိုးα€›ေးα€žα€„်တန်းα€€ိုα€œα€Š်း ပြီးခဲ့တဲ့ α€™ေα€œ ၁၃ α€›α€€်α€€α€”ေ ၁၇ α€›α€€်ထထိ တီးတိα€”်α€™ြို့α€”α€š်α€™ှာ ပြုα€œုပ်ခဲ့ပြီး α€–α€œα€™်း၊ မင်းတပ်၊ ထန်α€α€œα€”်α€™ြို့α€”α€š်ထတွင်းα€€ α€€ျေးα€›ွာ ၁၂ α€›ွာα€›ှိ α€…α€…်α€˜ေးα€›ှောင်ပြα€Š်α€žူတွေα€€ိုα€œα€Š်း α€–ေα€–ော်ဝါα€›ီα€œ ၆ α€›α€€်α€€α€”ေ ၁၇ α€›α€€်α€”ေ့ထထိ ထခြေခံα€…ားα€žောα€€်α€€ုα€”်တွေα€€ို ထောα€€်ပံ့ပေးခဲ့α€α€š်α€œို့α€œα€Š်း α€žိရပါα€α€š်။

 

Network For Chin Community Development (NCCD) α€Ÿာ ၁၉၉၅ ခုα€”ှα€…်ကစပြီး ချင်းပြα€Š်α€”α€š်ထတွင်း α€œူထုα€–ွံ့α€–ြိုးα€›ေးα€€ို ထဓိα€€ α€œုပ်ဆောင်α€”ေတဲ့ ထဖွဲ့α€‘α€…α€Š်းα€–ြα€…်α€α€š်α€œို့ α€žိရပါα€α€š်။

 

========================

 

πŸ“ŒπŸ“Œ ၄။ α€…α€…်α€€ောင်α€…ီα€…α€…်α€€ြောင်းα€€ို KNLA ပူးပေါင်းတပ်α€€ α€€ြားα€–ြ၊တ်တိုα€€်ခို၊α€€်၊ ၁၀ ဦးထက်α€™α€”α€Š်း ထရှ၊င်α€–α€™်းα€™ိ

 

ထိုင်း - α€™ြα€”်α€™ာα€”α€š်စပ် ကရင်ပြα€Š်α€”α€š်၊ α€™ြဝတီထဲα€€ α€žေ့α€˜ောα€˜ိုးစခန်းα€€ို α€…α€…်α€€ူပေးα€–ို့ α€…α€…်α€€ြောင်းထိုးα€œာတဲ့ α€…α€…်α€€ောင်α€…ီα€…α€…်α€€ြောင်းα€€ို KNLA α€”ဲ့ PDF ပူးပေါင်းတပ်α€–ွဲ့α€€ (α€™ေ α‚αˆ) α€™α€”α€€်ပိုင်း တို၊α€€်ခိုα€€်α€›ှင်းα€œ၊င်းα€”ိုင်ခဲ့ပြီး α€œ၊α€€်α€”α€€်ခဲα€šα€™်းα€”ဲ့ α€…α€…်α€€ောင်α€…ီတပ်α€–ွဲ့ဝင် ၁၀ ဦးထက်α€™α€”α€Š်းα€€ို ထရှ၊င်α€–α€™်းဆီးα€›α€™ိα€α€š်α€œို့ Karen Information Center – KIC α€€ α€–ော်ပြထားပါα€α€š်။

 

ပြီးခဲ့တဲ့ α€™ေα€œ ၂၃ α€›α€€်α€”ေ့α€€α€œα€Š်း α€€ေထဲα€”်α€šူကရင်ထမျိုးα€žားα€‘α€…α€Š်းထရုံး၊ α€€ော်α€žူးα€œေထုပ်ချုပ်α€”α€š်α€™ြေ၊ α€’ူးα€•α€œာα€šာခရိုင်၊ တပ်α€™α€Ÿာ (၆) α€€ော့α€€α€›ိတ်α€™ြို့α€”α€š် α€˜α€œα€š်α€’ိုα€€ျေးα€›ွာထနီး α€…α€…်α€€ောင်α€…ီတပ်α€…ွဲတဲ့ α€˜α€œα€š်α€’ိုစခန်းα€€ို တိုα€€်ခိုα€€်α€žိα€™်းပိုα€€်ခဲ့ပါα€α€š်။ 


#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment