၂၀၂၅ မေလ ၈ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ NUGနိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးနည်းလမ်းအရ အောင်မြင်ဆောင်ရွက်ချက်များထုတ်ပြန်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အမေရိကန်နိုင်ငံMinnesota ပြည်နယ်ရှိ  ကရင်အဖွဲ့အစည်းဖြစ်သော (Karen Organization of Minnesota)ရုံးသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ သွားရောက်လေ့လာ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာ့ငလျင်ဘေးအတွက် နိုင်ငံတကာနဲ့စုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၉၂.၇၆ သန်း စစ်အုပ်စုရဲ့လက်ထဲ ပျောက်ဆုံးနေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကထောက်ပြ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အရေးပေါ် တုံံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေးယူနစ်MERCUက မြန်မာနိုင်ငံကငလျင်ဒဏ်ခံဒေသများသို့ ကျပ်သိန်းလေးထောင့်ငါးရာကျော် မျှဝေထားပြီးဖြစ်

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်နှင့် ကရင်နီလူမျိုးအများစုဖြစ်သည့် ဒုက္ခသည် (၁၀၈,၀၀၀ )မှာ စားနပ်ရိက္ခာ နည်းပါးမှုနဲ့ရင်ဆိုင်ကြုံတွေ့နေရ

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မယ်တော်ဆေးခန်းမှ  ABသွေး အရေးပေါ် လိုအပ်နေ၍သွေးလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ကြောင်းဖိတ်ခေါ်


========================


၂၀၂၅ ခုနှစ် မေလ ၈ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨ ⁨မြိုင်မြို့နယ်ကရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေတးပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦးထက်မနည်းသေဆုံး

🚩 ⁨⁨⁨၂။ကျုံဒိုးတိုက်ပွဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၃ဝ ခန့် သေဆုံး

🚩 ⁨⁨၃။ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ SNA ဦးထက်မနည်း သေဆုံးကာ တဦးအရှင်မိ

🚩၄။ တနင်္သာရီ သိန်းခွန်ရွာတိုက်ပွဲ လကြာတဲ့အထိ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က အရာရှိအပါအဝင် ၁၅ဝ ခန့် ထိခိုက်သေဆုံး

🚩၅။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော

🚩 ⁨⁨၆။ ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံနဲ့ဘုန်းကြီးကျောင်းတွေပျက်စီးပြီး လူ ၈ထောင်ကျော် စစ်ဘေးရှောင်နေရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်။




========================




📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨ NUGနိုင်ငံခြားရေးဝန်ကြီးဌာန၏ နိုင်ငံခြားရေးနည်းလမ်းအရ အောင်မြင်ဆောင်ရွက်ချက်များထုတ်ပြန်


မေလ ၈ရက်


NUGနိုင်ငံခြားရေးဝန်ကြီးဌာန၏နိုင်ငံခြားရေးနည်းလမ်းအရအောင်မြင် ဆောင်ရွက်ချက်များကို မေလ၈ရက်မှာ လေးနှစ်ပြည့် လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာမှကောက်နုတ်ထုတ်ပြန်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရဟာ နိုင်ငံခြားရေးနည်းလမ်းအရလုပ်ငန်းတာဝန်များကို ထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက် အာဆီယံ၊ ဩစတြေးလျနိုင်ငံ၊ ချက်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ဂျပန်နိုင်ငံ၊ (တောင်)ကိုရီးယားနိုင်ငံ၊ နော်ဝေနိုင်ငံ၊ ပြင်သစ်နိုင်ငံ၊ ယူနိုက်တက်ကင်းဒမ်းစသည့် နိုင်ငံများ၌ အမျိုးသားညီညွတ်ရေးအစိုးရ၏ ကိုယ်စားလှယ်များ ခန့်အပ်ထားရှိပြီး၊ ၂၀၂၄ ခုနှစ် ဇွန်လ၌ တီမောဒီမိုကရက်တစ်သမ္မတနိုင်ငံ၊ ဒီလီမြို့တော်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် သံတမန်ဆိုင်ရာရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီး၊ ဒုတိယအကြီးအကဲတစ်ဦး ခန့်အပ်တာဝန်ပေးနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

အလားတူ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီတွင် အမျိုးသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုလည်း ဖွင့်လှစ်နိုင်ခဲ့ပါတယ်။


ကုလသမဂ္ဂမျက်နှာစာတွင်လည်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ဆက်လက်ကိုယ်စားပြုခွင့်ရရှိခဲ့ပြီး၊ မြန်မာပြည်သူလူထု၏ စစ်မှန် သောအသံကို ကိုယ်စားပြုကာ ဝန်ကြီးဌာန၏ ရည်မှန်းချက်များ အောင်မြင်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်း၊ နိုင်ငံအသီးသီးနှင့် အမြဲမပြတ်ထိတွေ့ဆောင်ရွက်လျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ အမေရိကန်နိုင်ငံMinnesota ပြည်နယ်ရှိ  ကရင်အဖွဲ့အစည်းဖြစ်သော (Karen Organization of Minnesota)ရုံးသို့ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ သွားရောက်လေ့လာ


မေလ ၈ရက်


အမေရိကန်နိုင်ငံMinnesota ပြည်နယ် ရှိ ကရင်အဖွဲ့အစည်းဖြစ်သော Karen Organization of Minnesotaရုံးသို့ တာဝန်ရှိသူများ၏ ဖိတ်ကြားချက်အရ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်စူစန်နာလှလှစိုးမှ သွားရောက်လေ့လာ၍ လုပ်ငန်းရပ်များအား ဆွေးနွေးအားပေးစကားပြောကြားခဲ့ပါတယ်။

KOM မှ ဘုတ်အဖွဲ့ ဝင်များ၊ ဦးဆောင်ဒါရိုက်တာ များဖြစ်သော စောနေထူးနှင့် စောအယ်တာခူတို့မှ KOM လုပ်ငန်းရပ်များဖြစ်သော ကျန်းမာရေး ဝန်ဆောင်မှု၊ အလုပ်အကိုင်ရှာဖွေရေး၊ ဘာသာပြန် လုပ်ငန်း၊ ပညာရေးအစီအစဉ်များအစရှိသည့်လုပ်ဆောင်နေမှုများအား ရှင်းလင်းပြောပြခဲ့ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ မြန်မာ့ငလျင်ဘေးအတွက် နိုင်ငံတကာနဲ့စုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၉၂.၇၆ သန်း စစ်အုပ်စုရဲ့လက်ထဲ ပျောက်ဆုံးနေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့ကထောက်ပြ


မေလ ၈ရက်


မြန်မာ့ငလျင်ဘေးအတွက် နိုင်ငံတကာနဲ့စုပေါင်းထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ ၁၉၂.၇၆ သန်း စစ်အုပ်စုရဲ့လက်ထဲ ပျောက်ဆုံးနေကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့က ထောက်ပြထားပါတယ်။


"ပြင်းအား . ရှိ သေကြေပျက်စီးမှုများပြားခဲ့သည့် ငလျှင်လှူပ်ခတ်ခဲ့မှုအပြီး ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် စစ်အုပ်စုသည် ရှားရှားပါးပါး နိုင်ငံတကာမှ လူသားချင်းစာနာမှုဆိုင်ရာ အကူညီများ တရားဝင်တောင်းခံခဲ့ပါတယ်။မေတ္တာရပ်ခံချက်ကြောင့် ကမ္ဘာတဝှမ်းရှိ အစိုးရများနှင့် ကော်ပိုရေးရှင်းများသည် ပျက်စီးမှုများနှင့် ဆင်းရဲဒုက္ခများ သက်သာစေရန် အလှူငွေမြောက်များစွာ ပံ့ပိုးကူညီခဲ့ပါတယ်။နိုင်ငံတကာအစိုးရများမှ ဒေါ်လာ ၁၃၆.၈၈ သန်းခန့် အကူအညီပေးခဲ့သည်ဟု သတင်းရင်းမြစ်များက ဖော်ပြထားပါတယ်။ကုမ္ပဏီများနှင့် မြန်မာခရိုနီများမှလည်း ဒေါ်လာ ၅၅.၈၈ သန်းခန့် လှူဒန်းထားသည်ကိုလည်း Justice For Myanmar မှ အစီရင်ခံစာထုတ်ထားပါတယ်လို့ သွေးစွန်းငွေဖြတ်တောက်ရေးကမ်ပိန်းအဖွဲ့က ဖော်ပြပါတယ်။

ထို့ကြောင့် စစ်အုပ်စုသည် စုစုပေါင်း ဒေါ်လာ ၁၉၂.၇၆ သန်း အကူအညီငွေ ရရှိခဲ့ပြီး ပမာဏကြီးလွန်းသော အကူအညီငွေကြောင့် ၎င်း၏ တကယ်ဖြန့်ဝေမှုနှင့် ထိရောက်မှုအပေါ် အရေးကြီးသော မေးခွန်းများထုတ်စရာ ဖြစ်လာခဲ့တယ်လို့ဆိုပါတယ်။


စစ်အုပ်စုသည် အလှူငွေများကို သူတို့၏ အာဏာပိုတည်မြဲစေရန်၊ ထိန်းချုပ်နယ်မြေများတွင် အကူအညီရရှိမှုကို ကန့်သတ်ရန်နှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို နိုင်ငံရေးအရ အထောက်အကူဖြစ်စေရန်အတွက် လုပ်ဆောင်နေတယ်လို့ အထောက်အထားများမှ ညွှန်ပြနေကြောင်းဆိုပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ အရေးပေါ် တုံံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေးယူနစ်MERCUက မြန်မာနိုင်ငံကငလျင်ဒဏ်ခံဒေသများသို့ ကျပ်သိန်းလေးထောင့်ငါးရာကျော် မျှဝေထားပြီးဖြစ်


မေလ ၈ရက်


အရေးပေါ် တုံံ့ပြန်မှု ညှိနှိုင်းဆောင်ရွက်ရေး ယူနစ် Myanmar Emergency Response Coordination Unit (MERCU) က ငလျင်ဒဏ်သင့် ဒေသများသို့ အချိန်နဲ့ တပြေးညီ အကူအညီပေးရေး လုပ်ငန်းများကို လုပ်ကိုင်နေရာ ငလျင်လှုပ်ပြီး တစ်လကျော်အကြာ မေလ ရက်နေ့အထိ ကျပ်သိန်း (လေးထောင့်ငါးရာသုံးဆယ်)ကျော်ကို မျှဝေထားပြီးဖြစ်တယ်လို့ဆိုပါတယ်။


MERCU က ငလျင်ဒဏ်ကို ထိခိုက်ခံစားခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်း ရှမ်းပြည်၊ နေပြည်တော် အစရှိသည့် နယ်မြေဒေသတွေက ဒေသခံများနှင့် ချိတ်ဆက်ပြီး အကူအညီပေးရေး လုပ်ငန်းတွေကို အတိုင်းအတာရှိသမျှ နေ့စဉ်အချိန်နဲ့တပြေးညီ လုပ်ဆောင်နေရာ မေလ ရက် အထိ ရရှိထားသော ဝင်ငွေနှင့် ပြန်လည် မျှဝေထားသော စာရင်း ဖြစ်တယ်လို့သိရပါတယ်။


MERCU က မျှဝေထားသည့် ပစ္စည်းများမှာ အရေးပေါ် ကျန်းမာဆိုင်ရာ ကူညီမှု၊ အရေးပေါ် နားခိုရာ နေရာများနှင့် အိမ်သာများ၊ အစားအစာ မဟုတ်သော ပစ္စည်းများ၊ အစားအစာနှင့် အာဟာရ ဆိုင်ရာ ပစ္စည်းများ၊ အရေးပေါ် တုံ့ပြန်မှု ဆောင်ရွက်ရေးများ၊ သန့်ရှင်းသောသောက်သုံးရေနှင့် တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် လိုအပ်သော ပစ္စည်းများကို အထောက်အပံ့ အကူအညီ များပေးနေလျက်ရှိပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၅။ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ကရင်နှင့် ကရင်နီလူမျိုးအများစုဖြစ်သည့် ဒုက္ခသည် (၁၀၈,၀၀၀ )မှာ စားနပ်ရိက္ခာ နည်းပါးမှုနဲ့ရင်ဆိုင်ကြုံတွေ့နေရ


မေလ ၈ရက်


ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းများတွင် နေထိုင်နေကြသည့် ကရင်နှင့် ကရင်နီလူမျိုး ဒုက္ခသည် ၁၀၈,၀၀၀ မှာ စားနပ်ရိက္ခာ နည်းပါးမှုနဲ့ရင်ဆိုင်ကြုံတွေ့နေရတယ်လို့ ကမ္ဘာတစ်ဝှမ်းရှိ ကရင်အဖွဲ့အစည်းများမှ ထုတ်ပြန်ကြေညာပါတယ်။ကရင်နှင့်ကရင်နီဒုက္ခသည်များနေ့စဉ်စားနပ်ရိက္ခာ US ဆင့် 10 မျှသာလျော့ချသောကြောင့်အငတ်ဘေးနှင့်ရင်ဆိုင်နေရတယ်လို့ဖော်ပြပါတယ်။အသက် နှစ်အောက် ကလေးများအတွက် ရိက္ခာကို တစ်လလျှင် ထိုင်းဘတ် ၅၃ ဘတ် (.၅၀ ဒေါ်လာခန့်)အစားအသောက်အတွက် တစ်ရက်လျှင် အမေရိကန် ဆင့်မျှသာရှိပြီး အသက် 5 နှစ်အထက်သူများသည် လစဉ် ထိုင်းငွေ 87 ဘတ် ($2.40 ခန့်) သာရရှိမည်ဖြစ်ပြီး လူတစ်ဦးလျှင် 8 US ဆင့်နှင့် ညီမျှတယ်လို့ဖော်ပြပါတယ်။ပြင်းထန်စွာ လျှော့ချခြင်းမပြုမီကပင် အစားအစာ ထောက်ပံ့မှုသည် အသက်ရှင်ရပ်တည်မှုအတွက် လိုအပ်သော အနိမ့်ဆုံးထက် လျော့နည်းနေပြီဖြစ်တယ်လို့ဆိုပါတယ်။ဒုက္ခသည်များနှင့် IDP များကြား အစုလိုက်အပြုံလိုက် ငတ်မွတ်ခေါင်းပါးမှုကို တားဆီးရန်၊ ချက်ချင်း အရေးယူဆောင်ရွက်ရန် တောင်းဆိုထားပြီးအမေရိကန်နှင့် အခြားအလှူရှင်များသည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များအတွက် ရေရှည်အကူအညီဖြတ်တောက်မှုများကို နောက်ပြန်ဆုတ်ရမှာဖြစ်တယ်လို့ဆိုထားပါတယ်။


လက်ရှိအလှူရှင်များသည် ထိုင်းနိုင်ငံရှိ ဒုက္ခသည်များနှင့် IDP များအတွက် ရန်ပုံငွေ တိုးမြှင့်ပေးရမည်ဖြစ်ပြီးထိုင်းနိုင်ငံသည် ဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပေးရမှာဖြစ်တယ်လို့ဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၆။ မယ်တော်ဆေးခန်းမှ  ABသွေး အရေးပေါ် လိုအပ်နေ၍သွေးလှူရှင်များအနေဖြင့် လာရောက်လှူဒါန်းနိုင်ကြောင်းဖိတ်ခေါ်


မေလ ၈ရက်


မေလ၊ ()ရက်နေ့အသိပေးကြေညာချက်အရ မယ်တော်ဆေးခန်းတွင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသော လူနာများစွာအတွက် အရေးပေါ်  ABသွေး လိုအပ်လျက်ရှိတယ်လို့ဆိုပါတယ်။

သွေးလှူရှင်များအနေဖြင့် တစ်ဦးချင်းလာရောက်လှူဒါန်းလိုပါက -မယ်တော်ဆေးခန်းရှိ သွေးလှူဌာန ((VCT/Blood Bank) သို့ နံနက် ၈း၀၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ လာရောက်လှူဒါန်းနိုင်တယ်လို့ ဖော်ပြပါတယ်။


မယ်တော်ဆေးခန်းအနေဖြင့် အဖွဲ့လိုက်သွေးလှူဒါန်းမှုအစီအစဥ်ကို ၁ပတ်လျှင် ()ရက်၊ တစ်လလျှင်()ကြိမ် ဆောင်ရွက်ပေးလျက်ရှိတယ်လို့ဖော်ပြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် သာကီနှင့်ကိုခန့်တို့မှ ပေးပို့ထားတာဖြစ်ပါတယ်။


========================


========================



🚩🚩၁။⁨ ⁨မြိုင်မြို့နယ်ကရွာတွေကို စစ်ကြောင်းထိုး မီးရှို့ခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ကို တော်လှန်ရေတးပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်က ဦးထက်မနည်းသေဆုံး


မေလ ၈ရက်


မကွေးတိုင်း မြိုင်မြို့နယ်အတွင်း လှည့်ပတ်စစ်ကြောင်းထိုးခဲ့တဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်ဖွဲ့ ကို တော်လှန်ရေးတပ်တွေ တိုက်ခိုက်ခဲ့ရာမှာ စစ်တပ်ဘက်က ဦးထက်မနည်း သေဆုံးသွားတယ်လို့ M.V.P Revolution Force အဖွဲ့က ပြောပါတယ်။အဲဒီစစ်ကြောင်းဟာ မေလ ရက်နေ့ကစပြီး မြိုင်မြို့နယ်အတွင်းက ရွာတွေကိုဝင်ပြီး မီးရှို့ဖျက်ဆီးတာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။

မြိုင်မြို့နယ်ထဲကရွာတွေမှာ ရက်ကြာ တပ်စွဲပြီး စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့တဲ့ အဲဒီစစ်ကြောင်းဟာ မနေ့ မေ ၇ရက် မနက်အစောပိုင်းမှာ မြိုင်နယ်အတွင်း ထွက်ခွာသွားပြီး နာရီခန့်မှာ ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ အတွင်း ပြန်လည်ဝင်ရောက်သွားပြီလို့ သိရတယ်။

အဲဒီစစ်ကြောင်းဟာ သစ်ကြီးတော၊ လေးတန်း၊ ပေါက်ပင်ကိုင်း စတဲ့ရွာတွေမှာအထိုင်ချပြီး ပတ်ဝန်းကျင် ရွာတွေကို စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေက နေ့စဥ်နီးပါး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှုများတာကြောင့် အထိနာနေတဲ့စစ်ကောင်စီတပ်ဟာ မေလ ရက်ကနေ ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။စစ်တပ်စစ်ကြောင်းဟာ သစ်ကြီးတောရွာက အိမ် ၆လုံးနဲ့ ပေါက်ပင်ကိုင်းရွာက ပြည်သူပိုင်အိမ် ၃၃ လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ အသိပေးပါတယ်။


စစ်ကောင်စီစစ်ကြောင်း ပြန်လည်ထွက်ခွာသွားချိန် ရွာတွေကိုရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာ လေးတန်းရွာ အနီးမှာ မြေမြုပ်ထားခဲ့တဲ့ စစ်သားအလောင်းတွေနဲ့ စစ်ယူနီဖောင်းတွေ တွေ့ရတယ်လို့ M.V.P Revolution Force အဖွဲ့က ထုတ်ပြန်ထားပါတယ်။


========================


🚩🚩 ⁨⁨⁨၂။ကျုံဒိုးတိုက်ပွဲမှာ စစ်တပ်ဘက်က ဒုတပ်ရင်းမှူးအပါအဝင် ၃ဝ ခန့် သေဆုံး


မေလ ၈ရက်


ကရင်ပြည်နယ် ကျုံဒိုးမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်ခဲ့ရာ ကမ်းရိုးတန်း စစ်ဌာနချုပ်လက်အောက်ခံ ခမရ ၄၃၂ တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက်အပါအဝင် စစ်သား ၃၀ ခန့် သေဆုံးသွားတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် MLA က ဒီနေ့ မေလ ရက်မှာ ထုတ်ပြန်ပါ တယ်။ဧပြီလ ၃၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲသတင်းကို အသိပေးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ဧပြီလ ၃၀ ရက်နေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲဟာ ကျုံဒိုးမြို့  နွားခြံကုန်းကျေးရွာအနီးကို အကြမ်းဖက်စစ်ကောင်စီ ဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲဖြစ်ခဲ့တာလို့ ဆိုပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ တနင်္သာရီတိုင်း ကမ်းရိုးတမ်းစစ်ဌာနချုပ်လက်အောက်ခံတပ်တွေနဲ့ တပ်မ ၂၂ အပါအဝင် တပ်မ ၄၄ လက်အောက်ခံတပ်တွေဖြစ်တဲ့ ခမရ ၂၀၈ ကျိုက်မရော၊ ခမရ ၁၀၂ မုတ္တမ၊ ခမရ ၄၃၂ ဘုတ်ပြင်း စတဲ့ တပ်ရင်းတွေက အင်အား ၅၀ ဝန်းကျင်ခန့်ပါ စစ်ကြောင်းကို မွန်ပြည်လွတ်မြောက်ရေး တပ်တော် - MLA မွန်ပြည်သစ်ပါတီ NMSP-AD ပျံလွှားစစ်ကြောင်း၊ Lion Battalion စစ်ကြောင်းစတဲ့ KNLA ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မနက် နာရီကနေ ၁၀ နာရီထိ ကြာမြင့်တဲ့ တိုက်ပွဲမှာ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာ စစ်ကြောင်းပျက်ပြီး  ဆုတ်ခွာသွားတယ်လို့ အသိပေးပါတယ်။


လက်ရှိအချိန်ထိ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေတာကြောင့် ပြည်သူလူထုအနေနဲ့ မိမိတို့နေထိုင်ရာ ဒေသအနီးဝန်းကျင်က စစ်ရေးသတင်းတွေကို နားစွင့်ထားပြီး စစ်ကောင်စီရဲ့ လက်နက်ကြီးနဲ့ လေယာဉ်ရန် ကို ကာကွယ်နိုင်တဲ့နေရာတွေမှာ နေထိုင်ကြဖို့ မွန်ပြည်လွတ်မြောက်ရေး တပ်တော် - MLA က သတိပေး တိုက်တွန်းထားပါတယ်။


========================


🚩🚩 ⁨⁨၃။ တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နေရာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို တိုက်ခိုက်ခဲ့ရာ SNA ဦးထက်မနည်း သေဆုံးကာ တဦးအရှင်မိ


မေလ ၈ရက်


စစ်ကိုင်းတိုင်းအတွင်းက တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေကို စစ်ကောင်စီနဲ့ သူတို့လက်အာက်ခံ ရှမ်းနီ အမျိုးသားများတပ်မတော်-SNA ပါတဲ့ ပူးပေါင်းအဖွဲ့ စစ်ကြောင်းထိုးလာတဲ့အတွက် ခုခံတိုက်ခိုက်ခဲ့ရာ SNA ဦးထက် မနည်းသေဆုံးကာ တဦးအရှင်ဖမ်းမိခဲ့တယ်လို့ ကသာခရိုင်အမှတ် တပ်ရင်းက ထုတ်ပြန်ပါတယ်။ကသာခရိုင်အမှတ် တပ်ရင်းအနေနဲ့တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေလို့သာ အသိပေးထားပေမယ့် ဒေသတွင်းသတင်းရင်းမြစ်တွေကတော့ ဗန်မောက်မြို့နယ်ထဲမှာ စစ်အုပ်စုနဲ့ တော်လှန်ရေးတပ်တွေကြား ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တာလို့ ဆိုပါတယ်။ 

 မေ ရက်မနက် နာရီကျော်အချိန်မှာ တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့နယ်မြေကို စစ်ကောင်စီနဲ့ ရှမ်းနီအမျိုးသား များတပ်မတော်-SNA ပါတဲ့ ပူးပေါင်းအဖွဲ့ စစ်ကြောင်းထိုး တိုက်ခိုက်လာတဲ့အတွက် နာရီဝက်ခန့် ထိတွေ့ တိုက်ပွဲဖြစ်ခဲ့တာ လို့ သိရပါတယ်။ ဒီတိုက်ပွဲမှာ စစ်အုပ်စုဘက်က SNA တပ်ဖွဲ့ဝင် ဦးထက်မနည်းသေဆုံးကာ တဦးအရှင်ဖမ်းမိသလို တော်လှန်ရေးတပ်တွေ ဘက်က ဦး ဒဏ်ရာရခဲ့သလို အုပ်ချုပ်ရေ ပကဖအဖွဲ့တဦး တိုင်းပြည်နဲ့လူမျိုးအတွက် အသက်ပေးလှူခဲ့ရတယ်လို့ ကသာခရိုင်အမှတ် တပ်ရင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 


မေလ ရက်နေ့တုန်ကလည်း စစ်ကောင်စီဘက်က ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် ကဒူးအမျိုးသားစာပေညီလာခံ ကျင်းပရာ ခန်းမနဲ့ စာသင်ကျောင်းဆောင်တွေ ပျက်စီးခဲ့တယ်လို့ သိရပါတယ်။


========================


🚩🚩၄။ တနင်္သာရီ သိန်းခွန်ရွာတိုက်ပွဲ လကြာတဲ့အထိ ဆက်ဖြစ်နေပြီး စစ်တပ်ဘက်က အရာရှိအပါအဝင် ၁၅ဝ ခန့် ထိခိုက်သေဆုံး


မေလ ၈ရက်


တနင်္သာရီမြို့နယ် သိန်ခွန်ကျေးရွာတိုက်ပွဲဟာ လခန့်ကြာမြင့်လာပြီဖြစ်ပေမယ့် လက်ရှိအချိန်အထိ တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီဘက်က အရာရှိအပါအဝင် ၁၅ဝ ခန့် ထိခိုက်သေဆုံးမှုရှိတယ်လို့ မြိတ်ခရိုင် အမှတ် တပ်ရင်းက ဒီနေ့ မေလ ရက်မှာ ထုတ်ပြန်ပါတယ်။ ဒီ လတာကာလအတွင်းမှာ အကြိမ်ရေ ၁၀၀ ကျော် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး‌ အရာရှိအပါအဝင် ရန်သူ စစ်ကောင်စီဘက်က ထိခိုက်‌သေဆုံးမှု ၁၅၀ ခန့်ရှိတယ်လို့ဆိုပါတယ်။လက်ရှိအချိန်ထိလည်း နေ့စဉ်နီးပါး ထိတွေ့တိုက်ပွဲတွေဖြစ်နေပြီး ရန်သူစစ်ကောင်စီတပ်ဘက်က ထိခိုက် သေဆုံးမှုများသလို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဘက်မှာလည်း ထိခိုက်မှု အနည်းငယ်ရှိတယ်လို့ အသိပေးပါတယ်။ထိတွေ့တိုက်ပွဲတွေမှာ ရန်သူစစ်ကောင်စီတပ်ဘက်က တပ်သား ၁၂ ဦး KNLA တပ်ရင်း ၁၁ ကို လက်နက်နဲ့ အတူ အလင်းဝင်လာတာရှိတယ်လို့ ပြောပါတယ်။အလင်းဝင်လာသူအများစုဟာ ထိုင်းဘက်က မြန်မာနိုင်ငံကို ပြန်ပို့ခံရသူတွေဖြစ်ပြီး အဓမ္မစစ်သားသစ် အဖြစ် စုဆောင်းခံခဲ့ရသူတွေလို့ သိရပါတယ်။


အကြမ်းဖက်စစ်ကောင်စီတပ်တွေကို PDF KNLA KTLA ပကဖ ပူးပေါင်းတပ်တွေက ပူးပေါင်းတိုက်ခိုက် တာဖြစ်တဲ့အတွက် တနင်္သာရီမြို့နယ်အတွင်းဖြစ်ပေါ်နေတဲ့ စစ်ရေးအခြေအနေတွေကို ဒေသနေမိဘပြည် သူများ၊ ခရီးသွားပြည်သူများအနေဖြင့် သတိရှိစွာ သွားလာနေထိုင်ပေးကြဖို့ မြိတ်ခရိုင် အမှတ် တပ်ရင်းက မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၅။ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူသေဆုံးမှုတွေရှိတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ပြော


မေလ ၈ရက်


ချင်းပြည်နယ် မင်းတပ်မြို့ကို အကြမ်းဖက်စစ်ကောင်စီက လေ‌ကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာမှာ အရပ်သားပြည်သူ သေဆုံးမှုတွေရှိသလို အစိုးရအဆောက်အအုံတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ ပျက်စီးသွား တယ်လို့ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။မနေ့ မေလ ရက်နေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ကြိမ်လုပ်ခဲ့တာကြောင့် အရပ်သား ပြည်သူတွေ အသက်ဆုံးရှုံးကာ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ရတာလို့ ဆိုပါတယ်။မင်းတပ်မြို့အနီးဝန်းကျင်ကို မနေ့ မေလ ရက် မနက် နာရီခွဲချိန်မှာ ဗုံး လုံးကြဲခဲ့ရာမှာ နေအိမ်တွေ ပျက်စီးခဲ့သလို နေ့လည် နာရီ ၄၀ ဝန်းကျင်မှာလည်း မင်းတပ်မြို့ကို ဂျက်ဖိုက်တာနဲ့ ထပ်မံဗုံးကြဲ တိုက်ခိုက် ခဲ့တာကြောင့် အစိုးရအဆောက်အအုံနဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့ကာ အရပ်သား ပြည်သူတွေ အသက်ဆုံးရှုံးရတာလို့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ ရက်နေ့မှာ CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေက မင်းတပ် မြို့ ကို စစ်ကောင်စီလက်ကနေ အပြီးသိမ်းပိုက်ခဲ့ပြီး မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မြို့အုပ်ချုပ်ရေး အကောင်အထည်ဖော်ဆောင်ရွက်နေချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းကနေ တိုက်ခိုက်နေတာပဲ ဖြစ်ပါတယ်။


ပြီးခဲ့တဲ့ ဧပြီလ ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကို စစ်ကောင်စီက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာ ကြောင့် လသားအရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ ဦး သေဆုံးခဲ့ရတယ်လို့ စစ်ရေး သတင်း မှတ်တမ်းတွေအရ သိရပါတယ်။


========================


🚩🚩 ⁨⁨၆။ ကျိုက်ထိုနဲ့ သထုံမှာ စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံနဲ့ဘုန်းကြီးကျောင်းတွေပျက်စီးပြီး လူ ၈ထောင်ကျော် စစ်ဘေးရှောင်နေရ


မေလ ၈ရက်


ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ ဒူးသထူခရိုင်ထဲက ကျိုက်ထိုနဲ့ သထုံမြို့နယ် တို့မှာ အကြမ်းဖက်စစ်ကောင်စီရဲ့ တိုက်ခိုက်မှုကြောင့် ဆေးရုံနဲ့ဘုန်းကြီးကျောင်းတွေပျက်စီးပြီး လူ ထောင် ကျော် စစ်ဘေးရှောင်နေရတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။အရပ်သားပြည်သူလူထုကို ပစ်မှတ်ထားပြီး လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာနဲ့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေကြောင့် ဆေးရုံ ရုံ၊ ဘုန်းကြီးကျောင်း ကျောင်းနဲ့ စိုက်ပျိုးခြံတွေ ထိခိုက် ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။အကြမ်းဖက်စစ်တပ်ဟာ ဧပြီလ ၂၈ ရက်နေ့ မနက် ၁၁ နာရီခန့်မှာ လေကြောင်းကနေ ပေါင် ၃ဝဝ ဗုံးသီး ကြဲချခဲ့တာကြောင့် ကျိုက်ထိုမြို့နယ် ပျဉ်းကတိုးကုန်းကျေးနယ်က ရာဘာခြံတွေ ပျက်စီးခဲ့ရတယ်လို့ အသိပေးပါတယ်။

မေလ ရက်နေ့ကလည်း မနက် နာရီကနေ ညနေ နာရီအထိ စစ်ကောင်စီလက်အောက်ခံ ခမရ-၂၀၇ နဲ့ အမတ-၃၁၀ တပ်တို့က ၆၀ မမ၊ ၈၁ မမနဲ့ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ၁၂ လုံး ပစ်ခတ်ခဲ့တာကြောင့် ခရွဲ ကျေးနယ် သုံးခွ ရေကျော် ဓမ္မဒူတဘုန်းကြီးကျောင်း အနီးတဝိုက်နဲ့ ရွာပြင်တဝိုက် ကျရောက်ပေါက်ကွဲပြီး လမ်းမီးတိုင်တွေနဲ့ ရော်ဘာပင်တွေ ပျက်စီးခဲ့သလို နေ့လည် နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာနဲ့ ပေါင် ၃၀၀ ဗုံးသီး တလုံး ပျဉ်းကတိုးကုန်းကျေးနယ်အတွင်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ KNU ဗဟို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။မေလ ရက်နေ့မှာလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ ၁၆ ကုတင်ဆံ့ ဖလံတောင်ဆေးရုံကို ဗုံးသီး လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဆေးရုံအဆောက်အအုံတွေ ပြိုကျပျက်စီးခဲ့တယ်လို့ သိရပါတယ်။ 


ထို့အတူ မေလ ရက်နေ့ မနက် နာရီကျော်အချိန်မှာလည်း အကြမ်းဖက်စစ်တပ်က ဂျက်ဖိုက်တာနဲ့ အလူးကျေးနယ်ထဲကို ဗုံး လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကြက်မောက်ခြံတခြံ ပျက်စီးခဲ့ရပြီး နာရီ ၁၈ မိနစ် မှာ ဗုံးတလုံး ထပ်မံကြဲချခဲ့တာကြောင့် ငှက်ပျောတောကျေးနယ်က တောင်ထန်းခြံတခြံပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။

အလားတူ သထုံမြို့နယ်မှာလည်း မေလ ရက်နေ့ နာရီ ၁၅ မိနစ်မှာ စစ်ကောင်စီလေတပ်က ရွှေရောင်ပြကျေးနယ်ကို ဗုံး လုံးကြဲချခဲ့တာကြောင့် ဘုန်းကြီးကျောင်းတကျောင်း ပျက်စီးခဲ့ရပြီး ရာဘာခြံက ရာဘာပင် ၅၀ ကျော်ပျက်စီးသွားတယ်လို့ သိရပါတယ်။


ညနေ နာရီကျော်အချိန်မှာလည်း ရွှေရောင်ပြကျေးနယ်ကို စစ်ကောင်စီလက်အောက်ခံ အမတ-၃၂၀ တပ် က လက်နက်ကြီး လုံး ထပ်မံပစ်ခတ်ခဲ့ရာ ရာဘာခြံနဲ့ တောရကျောင်းက ဘုန်းကြီးကျောင်းဆောင်တွေ ထိခိုက် ပျက်စီးခဲ့ရတဲ့အပြင် နာရီ ၄၅ မိနစ်မှာ ခမရ-၂၀၆ တပ်နဲ့ အမတ-၄၀၂ တပ်က လက်နက်ကြီး လုံးစီ ထပ်မံပစ်ခတ်တာကြောင့် ကော့လှိုင်းကျေးနယ်က ဒေသနေပြည်သူတွေရဲ့  လုပ်ငန်းခွင်အချို့ ထိခိုက် ပျက်စီးခဲ့ရတယ်လို့လည်း သိရပါတယ်။


အခုလို အကြမ်းဖက်စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လေကြောင်းအပါအဝင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တာတွေ အဆက်မပြတ်ပြုလုပ်နေတာကြောင့် ကျိုက်ထိုမြို့နယ်က ဒေသနေပြည်သူ ၈၀၀၈ ဦး ထွက်ပြေးတိမ်းရှောင်နေကြရပြီး အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ လိုအပ်နေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက်ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution


Share:

No comments:

Post a Comment