၂၀၂၅ မေလ ၁၁ ရက်နေ့ ညနေခင်း သတင်းလွှာ

 

၂၀၂၅ မေလ ၁၁ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အနာဂတ်နိုင်ငံတော်သစ်မှာ အဓမ္မတရားများကင်းစင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကား ပြန့်ပွား တည်တံ့စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ CRPH တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်မှုတွေကို တန်ဖိုးထားလိုက်နာကြဖို့ ကုလအတွင်းမှူးချုပ် တိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ကြဖို့ KNLA ထပ်မံတိုက်တွန်း

📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ လက်ရှိအချိန်ဟာ ဗုံးခိုကျင်းတူးနည်းတွေ လိုက်ဖတ်ရမယ့်အချိန်မဟုတ်တော့ဘဲ ပေါက်ပြားကိုင်ပြီး ဗုံးခိုကျင်းတွေ တူးရမယ့်အချိန်လို့ အရာတော် ပကဖ သတိပေး


၂၀၂၅ ခုနှစ် မေလ ၁၁ ရက် ညပိုင်းမှာတင်ပြပေးမယ့် Radio NUG စစ်ရေးသတင်းကောက်နုတ်ချက်များ


🚩၁။⁨⁨⁨ စစ်ဘေးရှောင်တွေခိုလှုံရာ ဗန်းမော်မြို့က ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲ 

🚩၂။ လှည်းကူးမြို့နယ်မှာရှိတဲ့ ခမရ ၂၁၁ တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

🚩၃။ မြင်းခြံ ကားကြီးကွင်းအနီးမှာ ပြည်သူလူထုကို အနိုင်ကျင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်

🚩၄။ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်တာကြောင့် အိမ် ၁၅ လုံးခန့် ပျက်စီး

🚩၅။ ဝက်လက်နယ်က ရွာတော်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတာကြောင့် ဦးထက်မနည်းသေဆုံး 




========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨အနာဂတ်နိုင်ငံတော်သစ်မှာ အဓမ္မတရားများကင်းစင်ပြီး ဖက်ဒရယ်ဒီမိုကရေစီစနစ် ထွန်းကား ပြန့်ပွား တည်တံ့စေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြဖို့ CRPH တိုက်တွန်း


အနာဂတ်နိုင်ငံတော်သစ်မှာ အဓမ္မတရားများကင်းစင်ပြီး ဖက်ဒရယ် ဒီမိုကရေစီစနစ် ထွန်းကား ပြန့်ပွား တည်တံ့စေရေး အတူတကွ ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH က 

တိုက်တွန်း ပြောကြားလိုက်ပါတယ်။ 


ဒီနေ့ကျရောက်တဲ့ သာသနာတော်နှစ် ၂၅၆၉ ခုနှစ် ကဆုန်လပြည့် ဗုဒ္ဓနေ့အထိမ်းအမှတ် သဝဏ်လွှာပေးပို့ရာမှာ အခုလို တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။ 


ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြန်မာနိုင်ငံတဝှမ်းလုံးနဲ့ ကမ္ဘာ့နိုင်ငံအသီးသီးကို ရောက်ရှိနေကြတဲ့ ဗုဒ္ဓဘာသာဝင်တွေနဲ့ အခြား ဘာသာဝင် တိုင်းရင်းသားတွေအားလုံး ဘေးကင်းကျန်းမာစွာနဲ့ ကုသိုလ်ကောင်းမှုထုံလွှမ်းပြီး ကောင်းကျိုးအဖြာဖြာ ရရှိ ခံစားနိုင်ကြပါစေလို့လည်း မေတ္တာပို့သ ဆုမွန်ကောင်းတောင်းပေးထားပါတယ်။


ဂေါတမဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ဘဝမှာ ဗျာဒိတ်တော်ခံယူတော်မူခြင်း၊ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတ ဥာဏ်တော် ရရှိတော်မူခြင်း၊ ပရိနိဗ္ဗာန်စံဝင်တော်မူခြင်း ဆိုတဲ့ မြတ်ဗုဒ္ဓရဲ့ ဖြစ်စဉ်တွေဟာ ကဆုန်လပြည့်နေ့မှာ တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့တာကြောင့် အားလုံးသော ဗုဒ္ဓဘာသာဝင်တွေအနေနဲ့  အခုလိုနေ့ထူးနေ့မြတ်ကို အထွဋ်အမြတ်ထားပြီး ကုသိုလ် ကောင်းမှုတွေ အလေးထားလုပ်ဆောင်လေ့ရှိကြတယလို့ သိရပါတယ်။

 

မြတ်စွာဘုရားရှင်ဟာ သစ္စာလေးပါးတရားတော်မြတ်ကို ကိုယ်တိုင်ကျင့်ကြံ ကြိုးစားအားထုတ်ပွားများပြီး သိရှိလာတဲ့ မှန်ကန်သောအကျင့်၊ နှလုံးသွင်းဆင်ခြင်ကြရမယ့် မြတ်ဓမ္မတရားတွေကိုလည်း အယုတ်၊ အလတ်၊ အမြတ် မခွဲခြားဘဲ သတ္တဝါတိုင်းကို မေတ္တာ၊ ကရုဏာတော်ကြီးမားစွာနဲ့ ဟောပြောညွှန်ပြပေးခဲ့ပြီး ကိုယ်တိုင်လည်း ဦးတည်ရည်မှန်းတဲ့ နိဗ္ဗာန်တိုင်အောင် မလျှော့သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နဲ့ အောင်မြင်စွာ အရောက်လှမ်းနိုင်ခဲ့တယ်လို့ သဝဏ်လွှာမှာ ဖော်ပြထားပါတယ်။ 


 ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ဗုဒ္ဓနေ့ ဒီနေ့ မေလ ၁၁ မှာ ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ကုလသမဂ္ဂအတွင်းမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်မှုတွေကို တန်ဖိုးထားလိုက်နာကြဖို့ တိုက်တွန်းပြောဆိုထားပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၂။ ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်မှုတွေကို တန်ဖိုးထားလိုက်နာကြဖို့ ကုလအတွင်းမှူးချုပ် တိုက်တွန်း


ဗုဒ္ဓဘုရားရှင်ရဲ့ ဆုံးမလမ်းညွှန်မှုတွေကို တန်ဖိုးထားလိုက်နာကြဖို့ ကုလသမဂ္ဂအတွင်းမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။ 

ဗုဒ္ဓဘာသာဝင်တို့အထွတ်အမြတ်ထားရာ ဗုဒ္ဓနေ့ ဒီနေ့ မေလ ၁၁ မှာ ကျရောက်တဲ့ ကဆုန်လပြည့်နေ့မှာ ကုလသမဂ္ဂအတွင်းမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်း ပြောကြားလိုက်တာဖြစ်ပါတယ်။ 

ဗုဒ္ဓမြတ်စွာ ဖွားမြင်တော်မူခြင်း၊ သဗ္ဗညုတဉာဏ်တော်ရပြီး ဘုရာဖြစ်တော်မူခြင်းနဲ့ပရိနိဗ္ဗာန်စံတော်မူခြင်းတို့ ဖြစ်ခဲ့တဲ့ ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ ကမ္ဘာတဝန်းမှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေအားလုံး မင်္ဂလာရှိတဲ့နေ့ဖြစ်ပါစေလို့ ကုလသမဂ္ဂအတွင်းမှူးချုပ်က ဆုတောင်းစကား ဆိုထားပါတယ်။ 

ဗုဒ္ဓဘုရားရှင်ရဲ့ အဆုံးအမတွေဖြစ်တဲ့ ကရုဏာ၊ ခန္ဓီပါရမီရှိခြင်းနဲ့ ကိုယ်ကျိုးမပါတဲ့ လုပ်ဆောင်မှုတွေဟာ ကုလသမဂ္ဂရဲ့တန်ဖိုးတွေနဲ့ အလွန်ကိုက်ညီတယ်လို့လည်း အသိပေးထားပါတယ်။

ကမ္ဘာတဝန်းမှာ ကြီးမားတဲ့စိန်ခေါ်မှုတွေရှိနေပေမယ့် ရှေ့ဆက်ရမယ့်ခရီးအတွက် မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေနဲ့ လမ်းညွှန်မှုကို ခံယူရမယ်လို့လည်း ဆိုပါတယ်။

အခုလို မြင့်မြတ်တဲ့ နေ့ထူးနေ့မြတ်မှာ မတူကွဲပြားမှုတွေ ပေါင်းစည်းပြီး ပိုမိုစည်းလုံးညီညွတ်မှုရှိခြင်းနဲ့ ငြိမ်းချမ်းသာယာပြီး ရေရှည်တည်တံ့တဲ့ ငြိမ်းချမ်းသောကမ္ဘာကြီးဖြစ်အောင် အတူတကွ ပူးပေါင်းလုပ်ဆောင်ကြ ဖို့ ကုလသမဂ္ဂအတွင်းမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တိုက်တွန်းထားပါတယ်။ 

ကုလသမဂ္ဂအတွင်းမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ကဆုန်လပြည့် ဗုဒ္ဓနေ့မှာ မြတ်ဗုဒ္ဓရဲ့ ဆုံးမှုတွေကို လိုက်နာဖို့ တိုက်တွန်းလိုက်ပေမယ့် အကြမ်းဖက်စစ်ခေါင်ဆောင် မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ဒီနေ့မှာလည်း အရပ်သားပြည်သူတွေကို လေကြောင်းကနေ ဗုံးကြဲသတ်ဖြတ်နေတယ်လို့ ဒေသတွင်းနဲ့ စစ်ရေးသတင်းတွေအရ သိရပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၃။ စစ်ဗိုလ်ချုပ်တွေရဲ့ အကျိုးစီးပွားကိုကာကွယ်နေရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ကြဖို့ KNLA ထပ်မံတိုက်တွန်း


စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ လက်တဆုပ်စာသာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်နေရတာ ဖြစ်တဲ့ အတွက် စစ်ကောင်စီတပ်ကိုစွန့်ခွာပြီး အလင်းဝင်ကြဖို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် - KNLA က ထပ်မံ တိုက်တွန်းလိုက်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်ကြဖို့ KNU/KNLA က မကြာခဏ အသိပေးလေ့ရှိရာမှာ မနေ့ မေလ ၁၀ ရက်မှာ ထပ်ပြီး တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။ 

အခုလို တိုက်တွန်းပြောဆိုရာမှာ အောင်ဇေယျစစ်ဆင်ရေးအတွက် ပို့ဆောင်ခံရပြီး KNLA ထံ အလင်းဝင်လာတဲ့ ရဲဘော် တွေရဲ့ မှတ်တမ်းဓာတ်ပုံတွေကိုလည်း ဖော်ပြခဲ့ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ အလင်းဝင်ရာမှာ ကျည်ဖြုတ်ထားတဲ့သေနတ်ခေါင်းကို အောက်စိုက်ချထားတဲ့ အနေအထားနဲ့ နောက်ကျောမှာလွယ်ပြီး ရောက်တဲ့နေရာကနေ ရှေ့တန်းမှာရှိတဲ့ KNLA တပ်ဖွဲ့တွေဆီမှာ တဦးချင်းဖြစ်စေ အစုအဖွဲ့လိုက်ဖြစ်စေ အရောက်လာကြဖို့ တိုက်တွန်းထားပါတယ်။ 

စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အသက်ကိုစတေးနေရတဲ့ အောင်ဇေယျစစ်ဆင်ရေးက စစ်ကောင်စီ ဖွဲ့ဝင်တွေနဲ့ နယ်မြေခံတပ်ဖွဲ့ယင်တွေအနေနဲ့ နိုင်ငံတကာ ဥပဒေစံနှုန်းနဲ့အညီ အသက်ရှင်ခွင့်ရလိုတယ်ဆိုရင် KNLA ထံမှာ အလင်းဝင်နိုင်တယ်လို့ အသိပေးထားပြီး ဆက်သွယ်ရမယ့် ဖုန်းနံပါတ်ကိုပါ ဖော်ပြပေးထားပါတယ်။  

အာရှလမ်းမ စစ်ဆင်ရေးအတွက် အတင်းအဓမ္မ ခိုင်းစေခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လက်နက်ချအလင်းဝင်လိုတယ် ဆိုရင် ဖုန်းနံပါတ် ၀၉ ၄၄၉၁၃၂၆၇၉ ကို ဆက်သွယ်နိုင်တယ်လို့ အသိပေးထားပါတယ်။

KNU/KNLA နဲ့ PDF တို့ပါတဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ မြန်မာ-ထိုင်းနယ်စပ်တလျောက်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းတွေအပါအဝင် KNU တပ်မဟာ တပ်မဟာ တပ်မဟာ နဲ့ တပ်မဟာ နယ်မြေက စစ်ကောင်စီစခန်း တွေကို တခုပြီးတခု တိုက်ခိုက်သိမ်းပိုက်နေချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အလင်းဝင်နိုင်အောင် တိုက်တွန်းလိုက်တာ လည်း ဖြစ်ပါတယ်။


========================


📌📌 ⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨⁨၄။ လက်ရှိအချိန်ဟာ ဗုံးခိုကျင်းတူးနည်းတွေ လိုက်ဖတ်ရမယ့်အချိန်မဟုတ်တော့ဘဲ ပေါက်ပြားကိုင်ပြီး ဗုံးခိုကျင်းတွေ တူးရမယ့်အချိန်လို့ အရာတော် ပကဖ သတိပေး

 

လက်ရှိအချိန်ဟာ ဗုံးခိုကျင်းတူးနည်းတွေ လိုက်ဖတ်ရမယ့်အချိန်မဟုတ်တော့ဘဲ မိမိနဲ့ မိမိ မိသားစု အသက်အန္တရာယ် လုံခြုံရေးအတွက် ပေါက်ပြားကိုင်ပြီး ဗုံးခိုကျင်းတွေ တူးရမယ့်အချိန်ဖြစ်လို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ဒီနေ့ မေလ ၁၁ ရက်နေ့မှာ သတိပေးပြောဆိုလိုက်ပါတယ်။

 

အကြမ်းဖက်စစ်ကောင်စီဘက်က အရပ်သာပြည်သူတွေကို ဦးတည်ပြီး လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်နေတဲ့ အတွက် အရာတော်မြို့နယ်က မိဘပြည်သူအပေါင်းကို အခုလို သတိပေး ပြောဆိုလိုက်တာဖြစ်ပါတယ်။

 

အိမ်တိုင်းမှာ ဗုံးခိုကျင်းတွေ မဖြစ်မနေတူးကြဖို့ အရာတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းနှိုးဆော်ထား ပါတယ်။


အချို့သောပြည်သူတွေက ဗုံးခိုကျင်းတူးသူတွေ၊ လေယာဉ်သံကြားလို့ ဗုံးခိုကျင်းထဲ အပြေးအလွှားဝင်သွားသူတွေကို ကြောက်တတ်ရန်ကောလို့ လှောင်ပြောင်နေတာမျိုးရှိနေဆဲလို့ ဆိုပါတယ်။ 


လေယာဉ်သံနဲ့ ပစ်ခတ်သံတွေကြားတာနဲ့ အသက်အန္တရယ် လုံခြုံရေးအတွက် မြေပြင်မှာဝပ်နေပြီးသားဖြစ်နေရမယ်လို့ ထပ်ပြီး သတိပေးထားပါတယ်။


မိဘပြည်သူများအနေနဲ့ မိမိကိုယ်ကို မိမိ အတတ်နိုင်ဆုံး ဘေးကင်းလုံခြုံအောင်နေထိုင်ခြင်းဟာ တော်လှန်စစ်ကို အထောက်အကူ ဖြစ်စေတယ်လို့ အရာတော် ပကဖ က ဆိုပါတယ်။


ဒါကြောင့် ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး လေကြောင်းအန္တရာယ် ကြိုတင်သတိပေးမှု စနစ်‌တွေ တည်ဆောက်ရာမှာ ပြည်သူလူထုအနေနဲ့ ပူးပေါင်းပါဝင်ပေးကြဖို့လည်း အရာတော်မြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့က တိုက်တွန်းထားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းအတွေကို Radio NUG သတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩


========================


========================



🚩🚩၁။⁨⁨⁨ စစ်ဘေးရှောင်တွေခိုလှုံရာ ဗန်းမော်မြို့က ဘုန်းကြီးကျောင်းကို စစ်တပ်က ဗုံးကြဲ 

  

 ဗန်းမော်မြို့ ညောင်ပင်ရပ်ကွက်က စစ်ဘေးရှောင်တွေခိုလှုံရာ တောင်လေးလုံးဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ တိုက်ခိုက်တာကြောင့် ထိခိုက်သေဆုံးမှုတွေရှိတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။

စစ်ကောင်စီက မေလ ရက်မှာ ဗန်းမော်မြို့ ကမ်းနားလမ်းမှာရှိတဲ့ ကမ်းနားရိပ်သာဘုန်းကြီးကျောင်းနဲ့  ညောင်ပင်ရပ်ကွက် မှာရှိတဲ့ တောင်လေးလုံးဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာနဲ့ပတ်သက်လို့ အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

ကမ်းနားရိပ်သာဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်မှုမှာဆိုရင် စစ်ရှောင်ပြည်သူ ၁၅ ဦးခန့် သေဆုံးကာ ၃ဝ ကျော် ဒဏ်ရာရသွားတယ်လို့ သိရပါတယ်။ 

ကျန်တဲ့ စစ်ဘေးရှောင် ၃၈ဝ ဦးကျော်ကိုတော့ တော်လှန်ရေးတပ်တွေ ကယ်ထုတ်ပေးနိုင်ခဲ့တယ်လို့ ဒေသတွင်းသတင်းတွေ ကို အသိပေးနေတဲ့ Bamaw Scout Team က ဖော်ပြပါတယ်။

တောင်လေးလုံးဘုန်းကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာတော့ စစ်ဘေးရှောင်တွေ ထိခိုက်သေဆုံးမှုအခြေ အနေကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဗန်မော်မှာရှိတဲ့ KPDF နဲ့ တပ်ပေါင်းစုက တောင်လေးလုံးဘုန်းကြီးကျောင်းက စစ်ဘေးရှောင်တွေကို ကယ်ထုတ်နေချိန်မှာပဲ စစ်ကောင်စီက ကျောင်းဝင်းထဲကို ပေါင် ၁၂ဝဝ ရှိတဲ့ ဗုံးသီးတွေ လေယာဉ်ပေါ်ကနေ ကြဲချခဲ့တာလို့ သိရပါတယ်။ 

စစ်ဘေးရှောင်တွေခိုလှုံရာ တောင်လေးလုံးဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တဲ့ ရုပ်သံမှတ်တမ်း တခု  လှုမှုကွန်ယက်မှာ ပျံနှံ့နေတာရှိပြီး မိနစ်ခွဲခန့်ရှိတဲ့ အဲဒီရုပ်သံမှတ်တမ်းမှာ ရာနဲ့ချီတဲ့ စစ်ဘေးရှောင်တွေကို KPDF တပ်ဖွဲ့ဝင်တွေ ပြောင်းရွေ့ပေးဖို့ ပြင်ဆင်နေချိန်မှာ ဗုံးကြဲခံရတာပဲဖြစ်ပါတယ်။  

KIA ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေ ဗန်းမော်မြို့သိမ်းတိုက်ပွဲဖော်ဆောင်နေတာ လကျော်ပြီဖြစ်ရာ ဒီ ၅လအတွင်း အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးတွေနဲ့ပစ်ခတ်မှုတွေကြောင့် ပြည်သူလူထုပိုင် အိုးအိမ်တွေ အများအပြား ပျက်စီးခဲ့ရပြီလို့ သိရပါတယ်။


========================


🚩🚩၂။ လှည်းကူးမြို့နယ်မှာရှိတဲ့ ခမရ ၂၁၁ တပ်ရင်း ဂိတ်ကင်းကို ပြောက်ကျားအဖွဲ့ တိုက်ခိုက်

 

ရန်ကုန်တိုင်း လှည်းကူးမြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ အမှတ် ၂၁၁ ခြေမြန်တပ်ရင်း ဂိတ်ကင်းစခန်းကို လက်ပစ်ဗုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army - YA အဖွဲ့က ပြောပါတယ်။

ခမရ - ၂၁၁ တပ်ရင်းဂိတ်ကင်းစခန်းကို မနေ့ မေလ ၁၀ ရက် ညနေ နာရီခွဲခန့်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ထိခိုက်မှုရှိနိုင်တယ်လို့ ဆိုပါတယ်။

Yangon Army - YA အဖွဲ့ကတော်လှန်ရေး ရဲဘော်တွေ ပစ်လိုက်တဲ့ လက်ပစ်ဗုံးဟာ ဂိတ်ကင်းစခန်းထဲမှာ ပေါက်ကွဲသွားတာကြောင့် အခုလို ပြောဆိုလိုက်တာဖြစ်ပါတယ်။

 Yangon Army ဖွဲ့ဟာ အခုလ ရက်နေ့ကလည်း အနောက်ပိုင်းခရိုင်ပကဖပူးပေါင်းပြီး တိုက်ကြီးမြို့မရဲစခန်းကို ပြင်းအားမြင့် အဝေးထိန်းမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါသေးတယ်။

အကြမ်းဖက် စစ်အာဏာရှင်မပြုတ်မခြင်း ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမယ်လို့လည်းYANGON ARMY အဖွဲ့က ပြည်သူလူထုကို အသိပေးထားပါတယ်။


========================


🚩🚩၃။ မြင်းခြံ ကားကြီးကွင်းအနီးမှာ ပြည်သူလူထုကို အနိုင်ကျင်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်


မန္တလေးတိုင်း မြင်းခြံမြို့မှာရှိတဲ့ ကားကြီးကွင်းမြောက်ဘက်မှာ ပြည်သူလူထုအပေါ် အနိုင်ကျင့်စစ်ဆေးနေတဲ့  စစ်ကောင်စီ တပ်ဖွဲ့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Myingyan Black Tiger – MBT တပ်ဖွဲ့က ပြောပါတယ်။

မနေ့ မေလ ၁၀ ရက် မနက် ၁၀ နာရီ ၄၅ မိနစ်ခန့်အချိန်မှာ Myingyan Black Tiger – MBT တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး စစ်သားတဦး ပြင်းထန်ဒဏ်ရာရပြီး မြင်းခြံပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ဆိုပါတယ်။


ဒါဟာ ကနဦးသိရတဲ့အချက်ဖြစ်တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှု နောက်ဆက်တွဲအခြေအနေကို ဆက်လက်စုံစမ်းနေဆဲလို့ အသိပေးပါတယ်။


 MBTတပ်ဖွဲ့အနေနဲ့ မြင်းခြံမြို့အတွင်း စစ်ရေးမစ်ရှင် ခုကို တပြိုင်တည်း လုပ်ဆောင်ဖို့ ပြင်ဆင်ခဲ့ပေမယ့် စစ်ရေးမစ်ရှင် ၂ခုကို ဖျက်သိမ်းခဲ့ရတယ်လို့လည်း ပြောပါတယ်။ 

ဒေသနေပြည်သူအချို့ဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အချိန်ကြာမြင့်စွာ စကားပြောဆိုနေတာကြောင့် စစ်ရေးမစ်ရှင်တွေ ပြန်လည်ရုတ်သိမ်းခဲ့ရတာလို့ ထပ်ပြီး အသိပေးပါတယ်။


ဒါကြောင့် နောင်မှာ စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ အနီးကပ်သွားလာတာ အချိန်ကြာမြင့်စွာ စကားပြောဆိုတာတွေ မလုပ်ကြဖို့ Myingyan Black Tiger – MBT တပ်ဖွဲ့က မေတ္တာရပ်ခံထားပါတယ်။


========================


🚩🚩၄။ မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်တာကြောင့် အိမ် ၁၅ လုံးခန့် ပျက်စီး 


ချင်းပြည်နယ် မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် အစိုးရအဆောက်အအုံတွေနဲ့  ပြည်သူပိုင်အိမ် စုစုပေါင်း ၁၅ လုံးခန့် ထိခိုက်ပျက်စီးခဲ့တယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါ တယ်။


မေလ ရက်နေ့ ၁၀ နာရီခွဲလောက်က လေကြောင်းကနေ ကြိမ်ပြုလုပ်ခဲ့တာဖြစ်ပြီး ထိခိုက်ဒဏ်ရာရသူ အနည်းအကျဉ်းသာရှိပေမယ့် အစိုးရအဆောက်အအုံတွေနဲ့ ပြည်သူပိုင်အိမ်တွေ ပျက်စီးခဲ့ရတယ်လို့ ဆိုပါတယ်။


ပြီးခဲ့တဲ့ မေလ ရက်နေ့ကလည်း မင်းတပ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် အစိုးရအဆောက်အအုံတွေနဲ့ ဝန်ထမ်းအိမ်ရာတွေ ထိခိုက်ပျက်စီးခဲ့ရပါသေးတယ်။

 

မင်းတပ်မြို့ကို စစ်ကောင်စီက အခုရက်ပိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတာကြောင့် ဒေသနေ ပြည်သူတွေအနေနဲ့ လေကြောင်းသတင်းတွေ နားစွင့်ထားကြဖို့ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက နှိုးဆော်ထားပါ တယ်။


CDF – Mindat ပါဝင်တဲ့ ချင်းညီနောင်နဲ့ မဟာမိတ်အဖွဲ့တွေဟာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့မှာ မင်းတပ်မြို့ကို စစ်ကောင်စီလက်ထဲကနေ အပြီးအပိုင်သိမ်းပိုက်ခဲ့ပြီး မြို့အုပ်ချုပ်ရေးကို မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဆက်လက်အကောင်အထည်ဖော်ဆောင်နေချိန်မှာ စစ်ကောင်စီဘက်က လေ‌ကြောင်းကနေ တိုက်ခိုက်ဖျက်ဆီးနေတာပဲ ဖြစ်ပါတယ်။


========================


🚩🚩၅။ ဝက်လက်နယ်က ရွာတော်ကုန်းရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲတာကြောင့် ဦးထက်မနည်းသေဆုံး 


စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ထဲက ရွာတော်ကုန်းရွာကို အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်တာမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် အရပ်သားပြည်သူ ဦးထက်မနည်းသေဆုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။ 

မနေ့ မေလ ၁၀ ရက်နေ့ ညနေ နာရီခွဲခန့်မှာ ဝက်လက်မြို့နယ်အနောက်ခြမ်းက ရွာတော်ကုန်းရွာကို အကြမ်းဖက် စစ်တပ်ရဲ့ မိတ္ထီလာလေတပ်ကတက်လာတဲ့ ဂျက်ဖိုက်တာက ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

အကြမ်းဖက်စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့သူတွေထဲမှာ ကျောင်းဆရာမ ၂ဦး ပါဝင်ပြီး ဒဏ်ရာရတွေထဲမှာ ပြင်းထန်ဒဏ်ရာရသူတွေ ပါဝင်ကာ အိမ် လုံး မီးလောင်းပြာကျခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မေလ ၁၁ ရက်နေ့ မနက် နာရီခွဲခန့်မှာလည်း တံတားဦးကတက်လာတဲ့ ဂျက်ဖိုက်တာတစင်းက ဝက်လက်မြို့နယ်၊ ရွှေပန်းကုံးစာသင်ကျောင်းကို လေကြောင်းတိုက်ခိုက်မှု ကြိမ် ထပ်လုပ်သွားတယ်လို့ ဒေသတွင်းသတင်းတွေအရ သိရပါ တယ်။ 

ဒါ့အပြင် စဉ့်ကူးမြို့နယ်တနေရာနဲ့ မတ္တရာ အရှေ့ခြမ်း တနေရာကိုလည်း တံတားဦးတက် တစင်းက ဒီနေ့ မနက်ပိုင်းမှာပဲ လေကြောင်းတိုက်ခိုက်မှု ၂ကြိမ် ပြုခဲ့တယ်လို့ Wetlet Information Network က အသိပေးထားပါတယ်။


အခုတင်ပြခဲ့တဲ့ သတင်း‌ကိုတော့ Radio NUGသတင်းထောက် ကိုခန့်မှ ပေးပို့ထားတာဖြစ်ပါတယ်။⁩⁩⁩⁩⁩⁩





#RadioNUGLocalNews

#SpringRevolution



Share:

No comments:

Post a Comment